← Chapters

ကောင်းကင်နတ်သိုင်းများမှတစ်ဆင့် လမ်းစဉ် ထူထောင်ခြင်း

Vol. 80 Ch. 1044

ကောင်းကင်နတ်သိုင်းများမှတစ်ဆင့် လမ်းစဉ် ထူထောင်ခြင်း

Vol. 80 Ch. 1044

ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများသည် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို လေပေါ် ပင့်မြှောက်ပြီးနောက် ကောင်းကင်ဘုံအနား၌ ဟိုသွားသည်သွား လည်ပတ်နေကြ၏။ လည်ပတ်၍ ဝသည့်အခါ အထုတ်ကိုယ်စီ သယ်လျက် လူသွားမျိုးနွယ်များအား လမ်းစဉ်တို့ သင်ပြပေးရန် ထွက်သွားကြသည်။

ချင်မူက တခဏ စဉ်းစားနေပြီးနောက် ယန်အာကို မီးအိမ်ကိုင်စေလျက် အခြားသူများနှင့်အတူ လိုက်ပါသွားသည်။

“ယွင်၊ ရှင့်ကြည့်ရတာ ထူးဆန်းနေသလိုပဲ”

ကောင်းနတ်အရှင်ယွဲ့က သူ့ကို ကြည့်ရင်း ခေါင်းယမ်းနေသည်။ “နေ့ခင်းကြောင်တောင်ကြီးကို မီးအိမ်ကြီး သယ်နေသေးတယ်”

ကောင်းကင်နတ်အရှင်လင်က သာမန်လူများကို စိတ်မ၀င်စားချေ။ သူမ၏လေ့လာမှုကို အာရုံရှိပြီး ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၌သာ အိမ်တွင်းပုန်းကျန်ခဲ့သည်။ ဤခရီးတွင် ကောင်းကင်နတ်အရှင်ယွဲ့ ၊ တာအိုဘိုးဘေးကြီးနှင့် လူသားမျိုးနွယ်မှ နတ်ဘုရားတချို့သာ ပါချေသည်။

လမ်းစဉ် သင်ပြပေးရန် သူတို့ တည်ဆောက်ထားသည့်နေရာမှာ ရိုးရှင်းနုံချာပြီး မျိုးနွယ်စု၏ အလယ်ဗဟိုတွင် တည်ရှိ၏။ ချင်မူ၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူများ ရောက်လာသည့်အချိန်က တာအိုဘိုးဘေးကြီး လမ်းစဉ်ကို သင်ပြပို့ချပေးနေသော အချိန်ဖြစ်သည်။

“အသက်ရှင်ဖို့တောင် မနည်း ရုန်းကန်နေရတာ ဒီသင်္ချာလို အမှိုက်သရိုက်တွေက ဘာများအရေးပါလို့လဲ”

လူကြီးတစ်ယောက်က သူ့ကလေးများကို ခေါ်ကာ ပွစိပွစိ ပြောနေ၏။ “စားလို့ရတာလည်း မဟုတ်ဘူး”

ဤမျိုးနွယ်ဝင်များမှာ အ၀တ်အစားများ စုတ်ပြဲဟောင်းနွမ်းသည့်အပြင် ဆာလောင်၍ အာဟာရပြတ်လပ်နေကြဟန်တူသည်။ တာအိုဘိုးဘေးကြီး သင်ကြားပေးနေသည့်နေရာမှာ တဲအိုတစ်လုံးသာ ဖြစ်ပြီး အထဲတွင် လူငယ်ဆယ်ယောက်နီးပါး ထိုင်နေကြကာ တာအိုဘိုးဘေး၏ သင်္ချာသင်ခန်းစာအား စိတ်၀င်တစားနားထောင်နေကြသည်။

ချင်မူ ပတ်၀န်းကျင် အကဲခတ်လိုက်သည့်အခါ မျိုးနွယ်စုတွင် လူဦးရေ များများစားစားမရှိဘဲ တစ်ထောင်ခန့်သာ ရှိကြောင်း တွေ့ရသည်။ သူတို့သည် သီးနှံများစိုက်ရင်း၊ အမဲလိုက်ရင်းဖြင့် အသက်မွေးကြ၏။ လယ်ထဲတွင်သာ တစ်ချိန်လုံး ရုန်းကန်နေကြသော အလုပ်သမားများလည်း ဖြစ်ကြသည်။ ဤရွာသည် ရုပ်တုများကိုလည်း ကိုးကွယ်သော်လည်း မည်သည့်နတ်ဘုရားတစ်ပိုင်းများဖြစ်မှန်းတော့ ချင်မူ သေချာမသိချေ။

ဤနေရာသည် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံနှင့် မဝေးလှ။ ခေါင်းမော့ကြည့်လိုက်ပါက ကောင်းကင်ထက်ရှိ ကောင်းကင်ဟန်ကောင်းကင်နန်းတော်အား မြင်ရနိုင်သည်။ သို့သော် ကိုးကွယ်ခံရသည့် နတ်ဘုရားအားလုံးမှာ နတ်ဘုရားတစ်ပိုင်းများသာ ဖြစ်ကြရာ ‌လူသားမျိုးနွယ်၏ နတ်ဘုရားများမှာ ဂုဏ်အရှိန်အဝါ သိပ်မရှိကြောင်း သိသာပေသည်။

တာအိုဘိုးဘေးကြီးက သင်္ချာအသုံးပြု၍ ကောင်းကင်စက်၀န်းများကို တွက်ချက်ခြင်း၊ ခန္ဓာကိုယ်၏ ဓာတ်ကြီးငါးပါးကြယ်တာရာများဖြင့် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ ဖွင့်လှစ်ခြင်းတို့အကြောင်း အတော်ကြာသည်အထိ သင်ကြားရှင်းပြနေသည်။ သို့သော် ထိုအချိန်တွင် မိဘအတော်များများက လယ်အလုပ်လုပ်ရန် ကလေးများအား လာခေါ်သွားကြသဖြင့် အတန်းထဲ၌ လူအနည်းငယ်သာ ကျန်ရစ်ခဲ့လေသည်။

သင်ခန်းစာပြီးဆုံးသွားသည့်အခါ တာအိုဘိုးဘေးကြီးမှာ သက်ပြင်းတစ်ချက်ချရင်း တိတ်ဆိတ်စွာ ထရပ်၍ ပစ္စည်းများ သိမ်းနေချေသည်။

ချင်မူ၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများက အပြင်တွင် စောင့်နေကြသည်။ တာအိုဘိုးဘေးကြီးက အပြင်ထွက်လာပြီး သူတို့ကို ဦးညွှတ်နှုတ်ဆက်၏။ “ပညာမတတ်တဲ့သူတွေကို စာသင်ပြပေးရတာ အခက်ဆုံးပဲ.. အခုလောလောဆယ်တော့ ဒီလောက်ပဲ လုပ်နိုင်သေးတယ်... ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနဲ့ ‌ဓာတ်ကြီးငါးပါးကောင်းကင်ရတနာဖွင့်နည်း သင်ပေးပြီး သူတို့ထဲက တချို့တော့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖြစ်လာစေဖို့ မျှော်လင့်ရမှာပဲ... ကလေးတစ်ယောက် ကောင်းကင်နတ်သိုင်းကို သင်ယူနိုင်တာနဲ့ လူသားမျိုးနွယ်ဟာ နတ်ဘုရားတွေကို ကြောက်စရာမလိုဘဲ ကြီးမြတ်တဲ့စွမ်းအားတွေ ပိုင်ဆိုင်နိုင်တယ်ဆိုတာ ရွာသားတွေ သိလာကြလိမ့်မယ်”

‘ဒါက သူတို့ ရင်ဘတ်ထဲက နတ်ဘုရားတွေကို တစ်ချက်တည်းနဲ့ ဖျက်ဆီးလိုက်တာပဲ’ ချင်မူလည်း အလားတူခံစားရလေသည်။ ဤအဆင့်ကား အခက်ခဲဆုံးဖြစ်၏။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သန်းကတည်းက လူသားမျိုးနွယ်မှ ဖြောင့်မတ်မှန်ကန်၍ ရည်မှန်းချက်ကြီးမားသော ပုဂ္ဂိုလ်များသည် နှလုံးသားထဲမှ နတ်ဘုရားတို့အား ဖျက်ဆီးခဲ့ကြ၏။ သို့သော် ယခု နှစ်ပေါင်းတစ်သန်း ကြာခဲ့သည့်တိုင် ‌ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရှိ လူများမှာ သူတို့ရင်ဘတ်ထဲရှိ နတ်ဘုရားများကြောင့် ဒုက္ခရောက်နေကြဆဲပင်။

ကောင်းကင်နတ်အရှင်ယွဲ့က သူ့အား နှစ်သိမ့်ပေးသည်။ “အားမလျှော့လိုက်ပါနဲ့ ရသေ့ကြီး... မကြာခင် လူ‌သားတွေ နတ်ဘုရားတွေကို ကြောက်ရွံ့တော့မှာ မဟုတ်သလို ကိုးကွယ်တော့မှာလည်း မဟုတ်ပါဘူး”

တာအိုဘိုးဘေးကြီးမှာ အင်တင်တင်ဖြစ်နေသော်လည်း သူ့ရင်ထဲရှိ စကားများကို ထုတ်ပြောတော့သည်။ “ကျုပ်တို့မှာ နတ်ဘုရားအဆင့် မရှိသင့်ဘူးလို့ ကျုပ် ယုံတယ် ကောင်းကင်နတ်အရှင်ယွဲ့... အဆင့်တွေကို သတ်မှတ်တာ ကျုပ်တို့ပဲ... ဘာလို့ ကောင်းကင်နန်းဆောင်အဆင့်ကို နတ်ဘုရားအဆင့်လို့ ‌ခေါ်ရမှာလဲ... အဲ့လိုခေါ်တာက ကျုပ်တို့ရဲ့မျိုးဆက်‌တွေကို သူတို့ရဲ့ မူလဝိညာဉ်တွေ တောင်ကောင်းကင်မုခ်၀ဆီ ရောက်တာနဲ့ နတ်ဘုရားတွေဖြစ်သွားပြီလို့ အထင်မှားသွားစေတာပဲ”

“အဲ့ဒါက....” ကောင်းကင်နတ်အရှင်ယွဲ့မှာ ထိုပြဿနာကို ယခင်က မစဉ်းစားမိချေ။ သူမသည် ချင်မူ့ဘက်သို့ လှည့်ကြည့်၏။

ချင်မူက‌ ပြောသည်။ “ရသေ့ကြီးက ဒီအကြောင်းကို မသိလောက်ပေမယ့် နတ်ဘုရားအဆင့်လို့ ဘာကြောင့် ခေါ်တာလဲဆိုရင် ကိုယ့်ရင်ဘတ်ထဲက နတ်ဘုရားတွေကို ဖျက်စီးနိုင်လိုက်လို့ပဲ... အဲဒီနတ်ဘုရားတွေဆိုတာ ရှေးဟောင်းနတ်ဘုရားတွေကို ဆိုလိုတယ်... ရှေးဟောင်းနတ်ဘုရားတွေက ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကနေ မွေးဖွားလာကြတာ မဟုတ်လား....သေမျိုးတွေရဲ့အမြင်မှာ သူတို့က မယုံနိုင်စရာစွမ်းအားကို ပိုင်ဆိုင်ထားကြတယ် ဆိုရမယ်....မသေမျိုးတွေလည်း ဖြစ်ကြတဲ့အတွက် ကောင်းကင်နဲ့မြေကြီးနဲ့ တစ်သားတည်း ဖြစ်နေကြတယ်... လူသားတွေလည်း သိုင်းကျင့်တာကနေတစ်ဆင့် အံ့ဖွယ်စွမ်းအားတွေ ပိုင်ဆိုင်နိုင်ပါတယ်.... မသေမျိုးတွေလည်း ဖြစ်နိုင်တယ် .... ကောင်းကင်နဲ့မြေကြီးနဲ့လည်း တစ်သားတည်းဖြစ်လာနိုင်တယ်.... ဒီလိုနည်းနဲ့ ရှေးဟောင်းနတ်ဘုရားတွေအပေါ် လူတွေရဲ့ ကြောက်စိတ်ကို ချိုးဖျက်ပစ်လို့ရတယ်”

“နားလည်ပြီ” တာအိုဘိုးဘေးကြီးမှာ ရုတ်တရက် နားလည်သဘောပေါက်သွား၏။

ချင်မူက ဆက်ပြောသည်။ “အရင်တုန်းက ကောင်းကင်နတ်အရှင်ယွီက နတ်ဘုရားအဆင့်လို့ မခေါ်ချင်ခဲ့ဘူး.... ကောင်းကင်နန်းဆောင်ရဲ့ အဆင့်ခုနစ်ဆင့်က ဒီအတိုင်း အဆင့်တွေသက်သက်ပဲ... ‌ကောင်းကင်ရတနာအဆင့် ခုနစ်ဆင့်နဲ့ မထူးခြားနားမျိုးပေါ့... သူနဲ့ ကျွန်တော့်အမြင်အရ ကောင်းကင်နန်းဆောင်က ကောင်းကင်ရတနာအကြီးစားတစ်ခု ဖြစ်တဲ့အတွက် ရှစ်ခုမြောက် ကောင်းကင်ရတနာ ဖြစ်လာသင့်တာ.... နတ်ဘုရားဖြစ်လာတဲ့ သေမျိုးတွေဆိုတာ ကောင်းကင်နတ်သိုင်းပညာရှင်တွေပဲလေ... ဒါပေမဲ့ လူတွေရဲ့နှလုံးသားထဲက နတ်ဘုရားတွေအပေါ် ယုံကြည်မှုကို ချိုးဖျက်ဖို့အတွက် နတ်ဘုရားအဆင့်ဆိုပြီး အမည်မှည့်လိုက်တာပဲ”

ကောင်းကင်နတ်အရှင်ယွဲ့မှာ အံ့အားသင့်သွားသည်။ “တာအိုရောင်ရင်းယွင်၊ ရှင် ဒီအကြောင်းပြောတာ တစ်ခါမှ မကြားဖူးပါဘူး”

ချင်မူမှာ ချီတုံချတုံ ဖြစ်နေပြီးနောက် ပြောလေသည်။ “ဒါပေမဲ့ ကျွန်တော် စိတ်ပူတာတစ်ခု ရှိတယ်...အနာဂတ်မှာ ကောင်းကင်နန်းဆောင်အဆင့် ရောက်သွားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေဟာ ရှေးဟောင်းနတ်ဘုရားတွေလို ဖြစ်လာမှာကိုပဲ... ဒါကြောင့် ကောင်းကင်နန်းဆောင်အဆင့်ကို နတ်ဘုရားအဆင့်လို့ ခေါ်တာနဲ့ပတ်သက်ပြီး အမြဲ တထင့်ထင့် ဖြစ်နေခဲ့မိတယ်”

ကောင်းကင်နတ်အရှင်ယွဲ့ အ‌တွေးနက်သွားသည်။

တာအိုဘိုးဘေးကြီး ခပ်တိုးတိုး ရေရွတ်လေသည်။ “ဒီလိုကိစ္စမျိုးက သေချာစဉ်းစား‌ဆွေးနွေးဖို့ လိုတယ်... ဆက်စဉ်းစားကြပါဦး ကျုပ်ကတော့ နောက်မျိုးနွယ်စုတစ်ခုဆီ စာသင်ဖို့ သွားဦးမယ်” ထိုသို့ပြောပြီးနောက် ထွက်ခွာသွားသည်။

ချင်မူလည်း ငေးကြောင်နေသည်။

နတ်ဘုရားအဆင့်ကို တည်ထောင်ခဲ့သူများမှာ ကောင်းကင်နတ်အရှင်ယွီ၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် သူကိုယ်တိုင်တို့ ဖြစ်ကြသည်။ သို့သော် ကောင်းကင်နန်းဆောင် အဆင့်ခုနစ်ဆင့်၏ သဘာဝသည် ဧရာမကောင်းကင်နန်းတော်ရတနာကြီးတစ်ခုကဲ့သို့ ဖြစ်ချေသည်။ နတ်ဘုရားဟု ခေါ်ဆိုသူများမှာလည်း မသေနိုင်ကြသော ကောင်းကင်နတ်သိုင်းပညာရှင်များသာ ဖြစ်ကြပြီး ရှေးရိုးစဉ်လာ ရှေးဟောင်းနတ်ဘုရားများ မဟုတ်ကြပေ။

ရှေးဟောင်းနတ်ဘုရားများအပေါ် ကိုးကွယ်မှုကို ချိုးဖျက်ချင်၍သာ ကြိုတင်ဆွေးနွေးမှုမရှိဘဲ နတ်ဘုရးအဆင့်ဟု ခေါ်ဆိုရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

သို့သော် ဤမျိုးနွယ်စုထဲရှိ နတ်ဘုရားတစ်ပိုင်း ရုပ်တုများကို ‌ချင်မူ တွေ့ရသောအခါ ငေးကြောင်သွားမိသည်။။ နဂါးဟန်ခေတ်မှ လူများသည် ရှေးဟောင်းနတ်ဘုရားတို့အပေါ် ကိုးကွယ်သည့် အစဉ်အလာကို မပယ်ရှားခဲ့သလို၊ သူတို့ထက် ပို၍ အင်အားကြီးမားသော နတ်ဘုရားတစ်ပိုင်းများကိုလည်း ကိုးကွယ်နေကြ၏။

‌

‌ကောင်းကင်နတ်အရှင်ယွဲ့ စာသင်ရန် တဲထဲ ဝင်တော့မည့်အချိန် မျိုးနွယ်ဝင်များမှာ အော်ဟစ်ငိုယိုလျက် သွေးရူးသွေးတန်း ပြေးနေကြသည်။ “ဝိညာဉ်တောင်ဘုရင်ကြီး ရောက်လာပြီ”

“မြန်မြန်... ပူဇော်ပစ္စည်းတွေ ဆက်သကြ”

လူများသည် သူတို့၏နွားများ၊ သိုးများ၊ ၀က်များနှင့် ခွေးများကို မျိုးနွယ်စုအလယ်ရှိ သစ်သားယဇ်ပလ္လင်ထက်သို့ တင်လိုက်ကြသည်။ အပြစ်မဲ့သော ထိုတိရစ္ဆာန်များမှာ ယဇ်ပလ္လင်ထက်တွင် ကြောက်လန့်တုန်ရီနေကြလေသည်။

မျိုးနွယ်ဝင်တစ်ယောက်မကျန် နတ်ဘုရားတစ်ပိုင်းရုပ်တု၏ အရှေ့တွင် ၀မ်းလျားမှောက်၍ တတွတ်တွတ် ရေရွတ်ရင်း မြေကြီးကို ပုဆိန်ဖြင့် ပေါက်နေသကဲ့သို့ ဦးခိုက်ရှိခိုးနေကြသည်။

ရုတ်တရက် ကောင်းကင်သည် မည်းမှောင်လာပြီး နတ်ဘုရားတစ်ပိုင်း တစ်ယောက်က လျှပ်စီးလေဟုန်စီးလျက် ဆင်းသက်လာသည်။ ဧရာမ ငှက်လက်သည်းစွယ်ကြီးနှစ်ခုက ယဇ်ပလ္လင်အ၌ ဆင်းသက်လာပြီး ထိုနတ်ဘုရားတစ်ပိုင်း တောင်ပံရုတ်လိုက်သည့်အခါ ကောင်းကင်နန်းဆောင်တစ်ခု ဖွဲ့တည်လာပြီး မျိုးနွယ်ဝင်၏ တစ်ဝက်အား ဖုံးအုပ်သွားတော့သည်။

ဝိညာဉ်တောင်ဘုရင်ကြီးက ယဇ်ပလ္လင်အား ငုံ့ကြည့်လိုက်ပြီး နွားများ၊ သိုးများကို မြင်လျှင် မှုန်ကုပ်သွားသည်။ သူ၏အသံက စူးရှစွာဖြင့် လူတိုင်းနားအတွင်း ၀င်ရောက်လာသည်။ “ဒီနေ့ ဘုရင်ကြီးက အပြောင်းအလဲအနေနဲ့ တိရစ္ဆာန်တွေ မစားချင်ဘူး..... စားစရာ ကောင်လေး၊ ကောင်မလေးတွေ ‌ခေါ်ခဲ့စမ်း”

မျိုးနွယ်စု‌ခေါင်းဆောင်အဘိုးအိုက ကတုန်ကယင် ပြောသည်။ “တိရစ္ဆာန်တွေက အရှင့်အတွက်ပါ ဘုရင်ကြီးခင်ဗျာ.... သူတို့တွေနဲ့ မလုံလောက်ရင် ကျွန်တော်တို့ နောက်ထပ် နည်းနည်းရှာပေးပါ့မယ်...”

ဝုန်း...

ဝိညာဉ်တောင်ဘုရင်ကြီး၏ ပတ်ပတ်လည်တွင် လျှပ်စီး တဝင်းဝင်း လက်၍ မိုးကြိုး တဂျိန်းးဂျိန်း ခြိမ်းလာကာ မြေငလျင်များ လှုပ်ခတ်လာသည်။ “ပါးစပ်ပိတ်ထားစမ်း.... ‌သိုးတွေ၊ နွားတွေဆိုတာ တိရစ္ဆာန်တွေမှန်တယ်... ဒါပေမဲ့ မင်းတို့ကရော... မင်းတို့က ငါ ပျိုးထောင်ထားတဲ့ တိရိစ္ဆာန်တွေပဲ... အသိဉာဏ်ရှိနေတာလေးပဲ ကွာတာ... ငါ့ကို ကိုးကွယ်တဲ့အတွက် မင်းတို့တွေ သီးနှံစပါးတွေ ‌ကောင်းကောင်းရိတ်သိမ်းနိုင်အောင် ရာသီဥတုသာယာပေးထားတယ်လေ... မင်းတို့တွေ တောင်ပေါ်တက်ပြီး အမဲလိုက်၊ ဆေးပင်တွေ ရှာတဲ့အချိန် ကျားတွေ၊ မြွေတွေလည်း တွေ့ရလို့လား... မင်းတို့လို တိရစ္ဆာန်ကောင်တွေအတွက် အဲဒါနဲ့တင် မလုံလောက်ဘူးလား.. ကလေးနည်းနည်းလောက် စားချင်ရင်ကို ‌‌စောဒကတက်လာကြပြီ”

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ သူ လက်ချောင်းကို ဆန့်တန်းလိုက်ရာ ဓားအလင်းတန်းတစ်တန်း ပျံထွက်သွားသည်။ ဝိညာဉ်တောင်ဘုရင်ကြီးက ချက်ချင်း လှည့်လာကာ မဲ့ပြုံးပြုံးသည်။ “မင်းတို့တိရစ္ဆာန်ကောင်တွေက လူသားမျိုးနွယ်ရဲ့ နတ်ဘုရားတွေကို ခေါ်ထားတယ်ပေါ့လေ”

ရုတ်တရုတ် သူ့ခေါင်းသည် ရုတ်တရက် မြေပေါ် လိမ့်ကျသွား၏။ မူလဝိညာဉ်နှင့်တကွ ရုပ်ခန္ဓာပါ ဓားသွားတစ်ချက်တည်းဖြင့် အသက်နုတ်ခံလိုက်ရချေပြီ။

တဲထဲမှ ထွက်လာသည့် ကောင်းကင်နတ်အရှင်ယွဲ့မှာ ထိုမြင်ကွင်းကို မြင်လျှင် မျက်ခုံးများ တွ့န်ချိုးသွားသည်။

မျိုးနွယ်ဝင်များမှာလည်း ကြက်သေသေနေကြသည်။ ရုတ်တရက် အကြီးအကဲတစ်ယောက်က ချင်မူကို လက်ညှိုးငေါက်ငေါက် ထိုး၍ ဒေါသတကြီး အော်ဟစ်သည်။ “မင်း ငါတို့ကို ဒုက္ခရောက်စေခဲ့ပြီ‌”

အဘွားအိုနောက်တစ်ယောက်ကလည်း ထရပ်၍ ချင်မူ့အား တံတွေးဖြင့် ထွေးလိုက်သည်။ “ဝိညာဉ်တောင်ဘုရင်ကြီးက နတ်ဧကရာဇ်လက်အောက်က နတ်ဘုရားတစ်ပါးပဲ... အခု နင်က သူ့ကို သတ်ပစ်လိုက်ပြီ... နတ်ဧကရာဇ်က ငါတို့ရော ငါတို့မိသားစုတွေကိုပါ သုတ်သင်တော့မယ်”

“မသွားနဲ့.... အပြစ်ကြွေးကို နင့်အသက်နဲ့ ပေးဆပ်ရအောင် ငါတို့ နင့်ကို နတ်ဧကရာဇ်ဆီ ခေါ်သွားရမယ်”

ပတ်ဝန်းကျင်ရှိ လူများက တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကြပြီး ချင်မူ့ကို ဆွဲထားကာ အော်ဟစ်နေကြသည်။ “သူ့ကို လွှတ်မပေးနဲ့.... ဖြစ်ခဲ့တာအတွက် သူ့အသက်နဲ့ ပေးဆပ်ရမယ်... ငါတို့နဲ့ ဘာမှမဆိုင်ဘူး”

“သူ့ကို ဖမ်းကြ”

နဂါးချီလင်က ချင်မူ့‌အရှေ့၌ ဝင်ပ်လိုက်ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေသည်အထိ ဟိန်းဟောက်လိုက်ရာ သူတို့အနီးရှိ အိမ်များပင် ပြိုကျသွားလေသည်။

နဂါးချီလင်သည် ခန္ဓာကိုယ်ကို လှုပ်ရမ်းလျက် ဧရာမသတ္တဝါတစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်ကာ အားလုံး၏အရှေ့မှ ကာဆီးကာလိုက်ည်။ သူ၏ခေါင်းမှာ ယင်းစိတ်ဝိညာဉ်တောင်တန်းဘုရင်ကြီးထက်ပင် များစွာကြီးမားနေ၏။

လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောင်မြောက်ပြေးလွှားနေကြသည်။ တချို့မှာ ထိုသတ္တဝါကြီးကို မြင်လျှင် ကြောက်အားလန့်အားဖြင့် မြေပေါ်လဲကျသွားကြသည်။ တချို့ဆိုလျှင် မေ့ပင်လဲသွားကြသည်။

ချင်မူ မျက်မှောက်ကြုတ်သွားသည်။ “လုံပိ... ဒီလောက်အထိ လုပ်စရာမလိုဘူး”

နဂါးချီလင်မှာ တဖြည်းဖြည်း သေးငယ်သွားကာ မူလပုံစံ ပြန်ဖြစ်သွားသည်။

ချင်မူက ပတ်ဝန်းကျင်ရှိ အပြိုအပျက်များဆီ ကြည့်၍ လက်တစ်ဖက်မြှောက်ကာ နေရာကို ရှင်းလင်းလိုက်၏။ အချိန်မှာ နောက်ပြန်စီးဆင်းသွားသည့်အလား ‌ပြိုကျသွားသည့် အိမ်များမှာ အကောင်းပကတိအဖြစ်သို့ ပြန်ရောက်သွားကြလေသည်။

ချင်မူ လက်ပြန်ရုတ်လိုက်စဉ် သူ့ကို ပထမဆုံးမြင်တွေ့ဖူးသည့်အလား တအံ့တဩ ကြည့်နေသော ကောင်းကင်နတ်အရှင်ယွဲ့အား မြင်သွားသည်။

ချင်မူက နဂါးချီလင်အရှေ့သို့ လျှောက်သွားပြီး တွေဝေရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ရုန်းရင်းဆန်ခတ် ပြေးလွှားနေသူများအား ကြည့်နေသည်။။

ကောင်းကင်နတ်အရှင်ယွဲ့သည် ရှေ့သို့ လျှောက်လာကာ ပြောလေသည်။ “ဝိညာဉ်တောင်ဘုရင်ကြီးက နတ်ဧကရာဇ်လန်ရွှမ်ရဲ့ လက်အောက်ခံပဲ... နတ်ဧကရာဇ်လန်ရွှမ်က ကမ္ဘာဦးဘုံက နယ်မြေတစ်၀က်ကို သိမ်းပိုက်ထားတာမလို့ သူ့အင်အားကို မှန်းကြည့်လို့တောင်မရဘူး... ဒီတစ်ကြိမ်‌မှာတော့ ရှင် နည်းနည်း ဆင်ခြင်ဉာဏ်မဲ့သွားတယ်”

“နတ်ဧကရာဇ်လန်ရွှမ်ကို သွားတွေ့မယ်”

ချင်မူ ရှေ့သို့ ဆက်လျှောက်သွားရင်း ပြောလိုက်သည်။ “နတ်ဘုရားတစ်ပိုင်းတွေနဲ့ နတ်ဧကရာဇ်လန်ရွှမ်က လူသားမျိုးနွယ်စုအများကြီးအပေါ် အုပ်ချုပ်ကောင်း အုပ်ချုပ်လိမ့်မယ်.... အခု လူသားကောင်းကင်နတ်ဘုံကို တည်ထောင်ပြီးသွားပြီဆိုတော့ လူသားမျိုးနွယ်ဟာ သူ့နတ်ဘုရားတစ်ပိုင်းတွေရဲ့ တိရိစ္ဆာန်လို ဆက်ဆံတာကို မခံသင့်တော့ဘူး”

ကောင်းကင်နတ်အရှင်ယွဲ့မှာ တခဏကြာ တွေဝေနေသည်။ “နတ်ဧကရာဇ်လန်ရွှမ်က လောကရဲ့ ပထမဆုံး နတ်ဘုရားတစ်ပိုင်း... သူ့စွမ်းအားက တိုင်းတာလို့တောင် မရဘူး... ကောင်းကင်နတ်ဧကရာဇ်တောင် ကောင်းကင်နတ်ဘုံအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားရတဲ့ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ယောက်ပဲ... ငါတို့က သူ့ပြိုင်ဘက်မဟုတ်ဘူးနော်...”

ချင်မူက အေးအေးလူလူ ပြောသည်။ “ကျွန်တော်က ကောင်းကငနတ်အရှင်ယွင် မဟုတ်ဘူး...ကောင်းကင်နတ်သိုင်းတွေကနေတဆင့် လမ်းစဉ်တွေ ဖန်တီးခဲ့တဲ့ ကောင်းကင်နတ်အရှင်မူပါ.... ကောင်းကင်နတ်အရှင်ယွဲ့ရော၊ ကောင်းကင်နတ်အရှင်ယွင်ရော မလုပ်နိုင်တာတွေကို ကျွန်တော် လုပ်နိုင်တယ်”

သူ ထွက်သွားတော့မည့်အချိန် အဘွားအို‌တစ်ဦးက မြေကြီးပေါ် လဲကျသွားပြီး သူ့ခြေထောက်ကို ဆွဲကာ ‌ငိုယိုနေသည်။ “နင် ထွက်သွားလို့မရဘူး.... ဝိညာဉ်တောင်ဘုရင်ကြီးကို သတ်ခဲ့တဲ့အပြစ်အတွက် နင့်အသက်နဲ့ ပေးဆပ်ရမယ်”

ကောင်းကင်နတ်အရှင်ယွဲ့က ရှေ့တိုးလာပြီး ထိုအဘွားအိုအား ဆွဲထူလိုက်သည်။ “ကျွန်မတို့ နတ်ဧကရာဇ်လန်ရွှမ်ကို သွားတွေ့မှာပါ.... မစိုးရိမ်ပါနဲ့...”

“သူ သွားလို့ရတယ်.... နင် မသွားနဲ့”

ထိုအဘွားအိုက သူမလက်မောင်းကို ဆုပ်ကိုင်ထားရင်း ပြောသည်။ “ဒီမိန်းကလေးကို ထားခဲ့.... ဝိညာဉ်တောင်ဘုရင်ကြီးကို သတ်တဲ့အတွက် သူ့အသက်နဲ့ ပေးဆပ်ရမယ်”

ကောင်းကင်နတ်အရှင်ယွဲ့မှာ ရုန်းလိုက်ချင်သော်လည်း အဘွားအိုထိခိုက်သွားမည်ကို စိုးရိမ်နေ၏။ သို့သော် ကျန်သည့်ရွာသားများက သူမကို အဖက်ဖက်မှ ဝိုင်းဆွဲထားကြရင်း အော်ဟစ်နေကြသည်။ “မင်း သွားလို့မရဘူး”

ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်ရှုပ်လာသဖြင့် ချီစွမ်းအင်ကို အသက်သွင်းလျက် ထိုလူများအား ခပ်သာသာ တွန်းထုတ်လိုက်သည်။ အဘွားအိုမှာ အလွန်အမင်း‌ ဒေါသထွက်ပြီး ထိတ်လန့်နေသောကြောင့် မျက်ဖြူဆိုက်ကာ သတိလစ်သွားလေသည်။

“လူတွေကို ပညာသင်ပေးတယ်ဆိုတာ သူတို့ရဲ့ ကိုယ်ကျင့်တရားကို မြှင့်တင်ဖို့ပဲ... အသိပညာမြင့်တက်လာရင် အင်အားတွေလည်း တိုးပွားလာလိမ့်မယ်”

ချင်မူက ရှေ့ဆက်လျှောက်နေပြီး သူ့အသံတွင် ချုပ်တည်းရခက်နေသော ဒေါသတို့ ကိန်းဝ်ပနေသည်။ “နှစ်ပေါင်းတစ်သန်းကြာပြီးရင်တောင်မှ ကိုယ်ကျင့်တရားတွေ၊ အသိပညာတွေ၊ အင်အားတွေ ဘာမှတိုးတက်မလာဘဲ ဒီလို စောက်သုံးမကျတဲ့ အခြေအနေမျိုးပဲ ဖြစ်နေမှာ စိုးရိမ်မိတယ်”

ကောင်းကင်နတ်အရှင်ယွဲ့က သူ့နောက်မှ ခပ်သွက်သွက် လိုက်လာသည်။ “ငါတို့ မျိုးဆက်တစ်ဆက်တည်းနဲ့ ပြောင်းလဲလို့မရရင် မျိုးဆက်နှစ်ဆက်နဲ့ ပြောင်းလဲမယ်... နှစ်ဆက်နဲ့မရရင် သုံးဆက်၊ လေးဆက်ပေါ့.... ငါတို့ အဲ့ဒါကို ပြောင်းလဲနိုင်တဲ့နေ့တစ်နေ့ ရောက်လာမှာပါ”

ချင်မူ မရေမရာ ပြုံးလိုက်မိသည်။ “နှစ်တစ်သန်းကြာပြီးတာတောင်မှ ဒီအတိုင်းပဲဆိုရင် ဒီနေ့လို တိုက်ခိုက်ချင်စိတ် ရှိနေဦးမှာလား”

ကောင်းကင်နတ်အရှင်ယွဲ့မှာ အနည်းငယ် ကြောင်အလျက် ငြိမ်ကျသွားသည်။

ချင်မူက စိတ်ပြတ်သားစွာ ပြောသည်။ “ယွဲ့၊ ... နတ်ဧကရာဇ်လန်ရွှမ်က ဘယ်မှာနေတာလဲ...ကျွန်တော် သူ့ကို သွားရှာမယ်”

ကောင်းကင်နတ်အရှင်ယွဲ့မှာ ဇဝေဇဝါဖြစ်သွား၏။ “‌နတ်ဧကရာဇ်လန်ရွှမ်က သူ့ရဲ့လန်ရွှမ်နတ်နန်းတော်မှာ နေမှာပေါ့....အဲ့ဒါက လုံး၀ခမ်းနားကြီးကျယ်တဲ့ နန်းတော်လေ... ငါတို့လူသားကောင်းကင်နတ်ဘုံကို တည်ထောင်ဖို့ ပြင်ဆင်နေကြတုန်းက ရှင်တောင် သွားလည်သေးတယ်လေ”

“မေ့သွားပြီ” ချင်မူက ပေါ့ပျက်ပျက် ဖြေသည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ တဖြည်းဖြည်း စိတ်ရှုပ်ထွေးလာသည်။ သူမက ရှေ့မှဦးဆောင်သွားပြီး နဂါးချီလင်နှင့် ယန်အာက သူမအနောက်မှ လိုက်ပါလာသည်။ ယန်အာသည် မီးအိမ်ကို ကိုင်ထားဆဲဖြစ်ပြီး လော့ရှောင်က ချင်မူ့အနောက်မှ လိုက်နေ၏။ သူ့မှာ စိုးရိမ်မကင်း ဖြစ်နေချေသည်။ ‘ဒီလူက တော်တော်တဇွတ်ထိုးဆန်တာပဲ... ရန်သူတွေအများကြီးရှိတာ အံ့ဩစရာမရှိဘုး... အခု နတ်ဧကရာဇ်လန်ရွှမ်ကို တိုက်ခိုက်ဖို့ ကြံနေပြန်ပြီ... ငါ သူနဲ့ လိုက်ရမှာလား... ‌ငါ့ဘိုးဘေးတွေရဲ့ မှတ်ဉာဏ်တွေအရ နတ်ဧကရာဇ်လန်ရွှမ်က ပေါ့‌သေးသေး ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူး... သူက သွေးသံချေးဇုန်တိုက်ပွဲမှာ ၀င်တိုက်ခိုက်ခဲ့တဲ့သူတစ်ယောက်ပဲ”

လန်ရွှမ်နတ်နန်းတော်သည် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံထက် အဆပေါင်းများစွာ ကြီးမား၏။ တင့်တယ်ခမ်းနားသော အရှိန်အဝါကိုလည်း ထုတ်လွှတ်နေသဖြင့် အဝေးမှကြည့်လျှင် အစစ်အမှန်ကောင်းကင်နတ်ဘုံနှင့် တူပြီး လူသားမျိုးနွယ်၏ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံမှာတော့ မထင်မရှားမြို့လေးတစ်မြို့နှင့်သာ တူနေချေ၏။

ဤနတ်နန်းတော်မှာ အခြားကောင်းကင်နန်းတော်များနှင့် ကွဲပြားသည်။ လေထဲတွင် တည်ဆောက်ထားသော်လည်း ကြောက်မက်ဖွယ် ဧရာမနတ်ဘုရားတစ်ပိုင်းများက မြေပြင်တွင် ရပ်လျက် နန်းတော်ခန်းမများအား သယ်ထမ်းထားကြလေသည်။

ထိုမြင်ကွင်းမှာ မြင်ရသူတိုင်းကို ပါးစပ်အဟောင်းသားဖြင့် နတ်ဘုရားတစ်ပိုင်းများ၏ စွမ်းအားကို ချီးကျူးစေနိုင်သော ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခု ဖြစ်ချေသည်။

“ငါတို့ လန်ရွှမ်နတ်နန်းတော်ဆီ ရောက်ရင် ဒေါသလေးထိန်းပြီး နတ်ဧကရာဇ်လန်ရွှမ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနော်”

ကောင်းကင်နတ်အရှင်ယွဲ့က သတိပေးသည်။ “သူက ရှင့်ကို အတော်လေး လေးစားတယ်... အရင်တခါ ရှင် သွားလည်ခဲ့တုန်းက သူကိုယ်တိုင် ကြိုဆိုပြီး ဝိုင်တွေပေးခဲ့အပြင် တာအိုရောင်းရင်းလို့ပါ ခေါ်ခဲ့သေးတာ... အဲ့ဒါက ရှင့်အပေါ် သူ တန်ဖိုးထားကြောင်း ပြခဲ့တာပဲ...”

“လန်ရွှမ်...”

ရုတ်တရက် ချင်မူ ပါးစပ်ဟလိုက်ရာ သူ၏အသံသည် ဟိန်းထွက်လာ၏။ မိုးခြိမ်းသံများ တဂျိန်းဂျိန်း မြည်ဟီးလာပြီး အနက်ရောင်တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ အနက်ရောင်တိမ်တိုက်များသည် မိုင်ထောင်ပေါင်းများစွာမှ အရှိန်အဟုန်ပြင်းစွာ လိမ့်ဆင်းလျက် လန်ရွှမ်နတ်နန်းတော်အထက်သို့ ရောက်ရှိသွား၏။

အနက်ရောင်တိမ်တိုက်များမှာ ‌မိုင်များစွာ ထူထည်းပြီး အင်မတန် လေးလံသည်။ မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများက တိမ်တိုက်များအတွင်း ဟိုဟိုသည်သည် ပြေးလွှားနေကြသည်။ ရုတ်တရက် တိမ်တိုက်များက မျက်နှာကြီးတစ်ခုအဖြစ် ဖွဲ့တည်သွားကာ ပါးစပ်ဟ၍ လန်ရွှမ်နတ်နန်းတော်၏ မရေမတွက်နိုင်သော နန်းဆောင်များနှင့် ပလ္လင်ခန်းမများဆီသို့ အော်ဟစ်လိုက်သည်။ “ထွက်လာခဲ့စမ်း”

လေပြင်းလေဟုန်များက လန်ရွှမ်ကောင်းကင်နန်းတော်ကို ခြုံငုံလျက် တဝှီးဝှီး တိုက်ခတ်နေချေသည်။ ပလ္လင်ခန်းမများ၏ အမိုးများဆိုလျှင် လွင့်ထွက်ကုန်ကြ၏။ ဤနေရာတွင် နဂါးသွဲ့ရေကန်အဖြစ် စုဝေးနေသော ကောင်းကင်နတ်မြစ်တစ်စင်းလည်း ရှိချေသည်။ သို့သော် ယခုတွင် ထိုရေကန်ထဲရှိ ရေများမှာ ပြန့်ကြဲလျက် အရပ်လေးမျက်နှာသို့ လွင့်စင်နေတော့သည်။

နန်းတော်အတွင်းထဲရှိ မရေမတွက်နိုင်သော နတ်ဘုရားများမှာ ကြောက်လန့်တကြားဖြင့် ထိုမြင်ကွင်းအား မော့ကြည့်နေကြသည်။

ရုတ်တရက် နန်းတော်အတွင်းရှိ နတ်ကောင်းကင်ခန်းမမှ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်များ တဖြည်းဖြည်း ကွန့်မြူးမြင့်တက်လာပြီး ကောင်းကင်အထက်ရှိ အနက်ရောင်တိမ်တိုက်များကို အငွေ့ပျံသွားစေတော့သည်။ နတ်ရောင်နတ်ဝါတို့က လှိုင်းဂယက်များ ဖြန့်ကျက်လျက် မြေပြင်ထက်၌ တောက်ပနေသည်။

နတ်ဧကရာဇ်လန်ရွှမ်၏ အမျက်တစ်ချောင်းချောင်း ထွက်နေသော အသံက ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်မူပါလား... ဟေ့ကောင် ငမိုက်သား၊ မင်း ဘာလို့အော်ဟစ်နေတာလဲ... ငါက နတ်ဘုရားတစ်ပိုင်းတွေရဲ့ ဘိုးဘေးကြီးကွ.. မင်းကို မတိုက်ခိုက်ရဲဘူးများ ထင်နေတာလား”

သူ့ခန္ဓာ‌ကိုယ်နောက်တွင် ကောင်းကင်နန်းဆောင်တစ်ဆောင် ခုန်ထွက်လာသည်။ သူ၏မူလဝိညာဉ်သည် ထိုနန်းဆောင်၏ နဂါးသွဲ့အဆောင်ထဲ၌ မားမားမတ်မတ်‌ ရပ်နေ၏။

သိုင်းအဆင့်အရ သူသည် နဂါးသွဲ့ရေကန်အဆင့် ‌ကောင်းကင်နတ်ဘုရား ဖြစ်သော်လည်း သူ၏နတ်ဘုရားတစ်ပိုင်းသွေးဆက်မှာ အင်မတန် သန်မာအားကောင်းပေသည်။ အရွယ်ရောက်သည့်အချိန်တွင် သူ၏အတိုက်အခိုက်စွမ်းရည်သည် မည်သည့်သိုင်းအခြေခံမှ ရှေးဟောင်းနတ်ဘုရားများနှင့်ပင် ယှဉ်နိုင်၏။

နတ်‌ဧကရာဇ်လန်ရွှမ်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် ဖန်ဆင်းရှင်မျိုးနွယ် နတ်ဘုရင်တစ်ပါးဖြစ်သော နတ်ဘုရင်ကုန်းယွင်တို့၏ သားတော်ဖြစ်သည်။ သူ့သွေးဆက်မှာ အင်မတန် စွမ်းအားကြီးသည့်အပြင် သူကိုယ်တိုင်ကလည်း အရွယ်ရောက်နေချေပြီ။

ချင်မူနှင့် ရှေးခေတ်မှ ကောင်းကင်နတ်အရှင်ခုနစ်ပါးတို့ ကောင်းကင်ရတနာအဆင့်နှင့် နတ်ဘုရားအဆင့်များ တည်ထောင်ခဲ့တုန်းက သိုင်းအဆင့်သည် အတိုက်အခိုက်စွမ်းရည်ကို စံသတ်မှတ်ချက် မဟုတ်ခဲ့ချေ။

‌နတ်ဘုရင်လန်ရွှမ်ကမူ နတ်ဘုရားတစ်ပိုင်းတို့၏ ဘိုးဘေးဖြစ်သည့်အလျောက် ကြောက်မက်ဖွယ် အတိုက်အခိုက်စွမ်းရည်အား ပိုင်ဆိုင်ထားချေသည်။

ချင်မူက ချီစွမ်းအင်ကို ထုတ်ဖော်ရင်း ပြိုင်ဘက်မရှိအောင် ချွန်မြလှသည့် ဓားသွားတစ်လက်အလား လန်ရွှမ်ကောင်းကင်နန်းတော်၏ တောင်ကောင်းကင်မုခ်၀ဆီသို့ ပြေးဝင်လာသည်။

မုခ်၀၏အလယ်ဗဟိုတွင် အက်ကွဲရာတစ်ခု ပေါ်လာပြီး သူ၏တိုက်ခိုက်မှုကြောင့် နှစ်ခြမ်းကွဲသွားလေသည်။

ကောင်းကင်လမ်းမအထက်၌ ဇောက်နက်လှသော ဓားရာတစ်ချက် ဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုများနှင့်အတူ ဓားရာကား ပို၍ရှည်လျားလာရင်း အလျင်အမြန် အက်ကွဲလာ၏။ ဓားရာအက်ကြောင်း ဆန့်ထွက်သွားသည့် နေရာတစ်လျှောက်တွင် ခန်းမဆောင်များ ပြိုကျကုန်သည်။ ကျောက်စိမ်းမြို့တော်၏ ပင်မမုခ်၀ပင်လျှင် မထင်မှတ်ဖွယ်ကောင်းစွာဖြင့် ပိုင်းဖြတ်ခံလိုက်ရကာ မြို့တစ်မြို့လုံးမှာ ထက်ပိုင်းပြတ်ထွက်သွားသည်။

ဓားချီက ကောင်းကင်အလိုတော်မုခ်၀အထိ တောက်လျှောက် ဖြတ်တောက်လာရင်း နတ်ကောင်းကင်ခန်းမရှေ့သို့ ရောက်ရှိသွားချေပြီ။

All Chapters