← Chapters

ရန်ကျောက်ကဲ၏ အတိတ်ဘဝနှင့်လက်ရှိဘဝ

Vol. 90 Ch. 1257

ရန်ကျောက်ကဲ၏ အတိတ်ဘဝနှင့်လက်ရှိဘဝ

Vol. 90 Ch. 1257

အခန်း (၁၂၅၇) ရန်ကျောက်ကဲ၏ အတိတ်ဘဝနှင့်လက်ရှိဘဝ

ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို တောင်ဘက်ရှိ ယာဇ်ပလ္လင်ထက်တွင် နေရာချထားလိုက်သည်။ ယာဇ်ပလ္လင်ထက်တွင် အလင်းနှင့်အရိပ်များလွင့်မျောနေပြီး ရှေးဟောင်းစာလုံးများ ထွက်ပေါ်လာပြန်သည်။

တိမ်လွှာခွင်းဧကရာဇ်က ဘေးနားတွင်ရပ်ပြီး စာလုံးများကို တိုးလျစွာ ဖတ်လိုက်၏။

“အမှောင်ထဲမှာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ငါက အသစ်မွေးဖွားလာတဲ့ ကလေးတစ်ယောက်လိုပါပဲ ၊ သိသာထင်ရှားတဲ့ ကိစ္စရပ်တွေကတစ်ဆင့် အရာအတော်များများကို နားလည်လာခဲ့တယ် ၊ အတိတ်ကမှတ်ဉာဏ်တွေနဲ့ အချိန်ရေစီးကြောင်းအတိုင်း ဖြစ်ပျက်ခဲ့တဲ့အရာအားလုံး ငါ့စိတ်အစဉ်မှာ ပြန်ပေါ်လာတယ် ၊ အဲဒါက ခေတ်တစ်ခေတ် ဖြတ်သန်းသွားသလိုပါပဲ ၊ ကောင်းကင်ဘုံနန်းတော်ပျက်ဆီးသွားပြီးတဲ့နောက် နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားတယ် ၊ အတိတ်က အတိတ်ဖြစ်ပြီး ယခုအချိန်က ပစ္စုပ္ပန်ပဲ ၊ ဒီနေ့စပြီး ငါ့နာမည်က ‘ထျန်းစူး’ ဖြစ်လိမ့်မယ် ၊ ဒါက ‘ထျန်းစူး’ ခန်းမရဲ့ နာမည် မဟုတ်ပါဘူး ၊ ငါကိုယ်တိုင်ပေးအပ်ထားတဲ့နာမည်ပါ”

ဟယ်မြန်က...

“ထင်ထားတဲ့အတိုင်းပဲ... ဒါက နဂိုကတည်းကရှိနေတဲ့ ခန်းမဝိညာဉ်ပဲ ၊ ထျန်းစူးခန်းမရဲ့ ခန်းမဝိညာဉ်က တကယ်အသိဉာဏ်ပွင့်သွားတာ ဖြစ်ပုံရတယ်”

အဂ္ဂိရတ်ခန်းမဆိုသည်က ဤခန်းမ၏ ဘုံအမည် ဖြစ်သည်။ ကောင်းကင်ဘုံနန်းတော်တွင် တရားဝင်ခေါ်ဆိုသောအမည်က ‘ထျန်းစူးခန်းမ’ ဟူ၍ ဖြစ်၏။

ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုယူပြီး ခန်းမရှေ့မြောက်ဘက်ရှိ ယာဇ်ပလ္လင်ထက်သို့ တင်လိုက်သည်။

ယာဇ်ပလ္လင်ထက်တွင် အလင်းနှင့်အရိပ်များဖြာထွက်လာပြီး ရှေးဟောင်းစာလုံးများပေါင်းစည်းကာ စာပိုဒ်တစ်ခု ထွက်ပေါ်လာပြန်သည်။

ထိုစာပိုဒ်ကို ဖတ်ပြီးသည့်နောက် ရန်ကျောက်ကဲ စိတ်အာရုံပျံ့လွင့်သွားဟန် တိတ်ဆိတ်ငြိမ်သက်သွားသည်။

“တကယ်တော့ ငါတစ်ယောက်တည်း မဟုတ်ခဲ့ဘူး ၊ အရင်တုန်းက ငါက အသိဉာဏ်မရှိခဲ့ဘူး ၊ မရေမတွက်နိုင်တဲ့ကိစ္စရပ်တွေနဲ့ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ပေမယ့် ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး ၊ အခု ငါ့မှာ အသိဉာဏ်အပြည့်အဝ ထွက်ပေါ်လာတဲ့အခါ ငါ့စိတ်ထဲမှာ အတိတ်ကမှတ်ဉာဏ်တွေ ပြန်ဝင်လာပြီး ဒီလိုမျိုး အသိစိတ်ဝင်လာတဲ့ ခန်းမဝိညာဉ်ထဲမှာ ငါက ပထမဆုံး မဟုတ်ဘူးဆိုတာ သိခဲ့ရတယ် ၊ ကောင်းကင်ဘုံနန်းတော်မပျက်ဆီးခင် အချိန်က ဟ’ယွမ်ဟန်ခန်းမ’ ရဲ့ ခန်းမဝိညာဉ်မှာလည်း ကိုယ်ပိုင်အသိဉာဏ် ရှိနေခဲ့တယ် ၊ အရုပ်တွေလိုဖြစ်နေတဲ့ ငါနဲ့ ငါ့ရွယ်တူတွေထက်ဆာရင် သူက အများကြီးပိုပြီး သာလွန်တယ် ၊ စိတ်မကောင်းစရာက သူက ကောင်းကင်ဘုံနန်းတော်နဲ့အတူ ဖျက်ဆီးခံလိုက်ရတယ် ၊ သူ သေသွားခဲ့တယ် ၊ သေတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ”

ထိုစာပိုဒ်ကိုဖတ်ရှုရင်း တိမ်လွှာဧကရာဇ် အံ့အားသင့်သွားရသည်။

“ထျန်းစူးခန်းမရဲ့ ခန်းမဝိညာဉ်ပြောတဲ့စကားအရဆိုရင် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်က ‘ယွမ်ဟန်ခန်းမ’ ဆိုတဲ့ အ‌ဆောက်အဦမှာ မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ကိုယ်ပိုင်အသိဉာဏ်ရရှိထားတဲ့ ခန်းမဝိညာဉ်တစ်ခု ရှိနေတာပေါ့”

ဟယ်မြန်က...

“ဆရာ ‘ယွမ်ဟန်ခန်းမ’ ဆိုတာ ဘာကိုပြောတာလဲ”

တိမ်လွှာဧကရာဇ် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သူ၏အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ရှေးဟောင်းစာပေတွေက သိပ်မပြည့်စုံတော့တဲ့အတွက် အသေအချာတော့ ပြောလို့ရမရဘူး ၊ ဒါပေမဲ့ ငါထင်တာ မမှားဘူးဆိုရင် ယွမ်ဟန်ခန်းမဆိုတာ ကောင်းကင်ဘုံနန်းတော်က ဒဏ္ဍာရီလာ သိုင်းကျမ်းစာကြည့်တိုက် ဖြစ်ဖို့များတယ်”

ဟယ်မြန်၏မျက်နှာ တည်ကြည်လေးနက်သွားပြီး...

“သိုင်းကျမ်းစာကြည့်တိုက် ဟုတ်လား”

သူက ဆက်ပြီးရေရွတ်လိုက်သည်။

“မိုးကောင်းကင်ခုံရုံးက သိုင်းကျမ်းစာကြည့်တိုက်မှာ စန်းချင်း(၃)ပါးအဆက်အနွယ်သာမကဘဲ မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒ ပညာရပ်တွေကို (၉၀)ရာနှုန်းအထိ မှတ်တမ်းတင်ထားတယ်လို့ပြောကြတယ် ၊ အဲဒီ သိုင်းကျမ်းစာကြည့်တိုက်ကို ပြောတာလား”

တိမ်လွှာဧကရာဇ်က...

“ကောလဟလတွေအရဆိုရင် သိပ်တော့မပြည့်စုံပေမယ့် စန်းချင်း(၃)ပါး အဆက်အနွယ်တွေရဲ့ ကျင့်စဉ်တွေကို သိုင်းကျမ်းစာကြည့်တိုက်မှာ မှတ်တမ်းတင်ထားတာတော့ အမှန်ပဲ”

သူက ဆက်ပြောသည်။

“ပြီးတော့ တခြားအဆက်အနွယ်တွေက တာအိုကျင့်စဉ်တွေကိုလည်း တည်ထောင်သူဘိုးဘေးတွေကိုယ်တိုင် ကောင်းကင်ဘုံနန်းတော်ကို လာရောက်အပ်နှံထားကြတယ်ဆိုတော့ သိုင်းကျမ်းစာကြည့်တိုက်မှာ တာအိုဝါဒရဲ့ ပညာရပ် (၉၀)ရာနှုန်းကို မှတ်တမ်းတင်ထားတယ်ဆိုတာ ချဲ့ကားပြောရာတော့ မရောက်ဘူး”

“မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းပညာ အရမ်းထွန်းကားခဲ့တယ် ၊ စန်းချင်း(၃)ပါးအဆက်အနွယ်က ခွဲထွက်သွားပေမယ့် အရမ်းထူးခြားကောင်းမွန်တဲ့ သိုင်းပညာရပ်တွေလည်း အများကြီးရှိခဲ့တယ် ၊ တကယ်တော့ ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ် ဘိုးဘေးတွေကလည်း သိုင်းပညာရပ်အားလုံးရဲ့ ကြီးမြတ်မှုတွေကို ချုပ်ကိုင်ထားတာမှ မဟုတ်တာလေ”

ထိုစကားများက ဟယ်မြန်၏စိတ်ကို အလွန်တရာ စွဲ‌ဆောင်နိုင်စွမ်း ရှိလေသည်။

“ကံမကောင်းတာက အဲဒီသိုင်းပညာရပ်တွေအားလုံး မဟာကပ်ဘေးကြီးကြောင့် ပျက်ဆီးသွားခဲ့တယ် ၊ မဟုတ်လို့ကတော့ သိုင်းကျမ်းစာကြည့်တိုက်ဆိုတာ ငါတို့အားလုံးအတွက် ရတနာပုံကြီး ဖြစ်နေမှာပေါ့”

ဟယ်မြန် သတိပြန်ဝင်လာပြီး ထပ်ပြောလိုက်သည်။

“မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်က ယွမ်ဟန်ခန်းမက ခန်းမဝိညာဉ်က အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်ထက်အရင် ကိုယ်ပိုင်အသိဉာဏ်ရထားမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး ၊ ဒါပေမဲ့ အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်ပြောတဲ့အတိုင်းဆိုရင် အဲဒီခန်းမဝိညာဉ်က ကံဆိုးစွာနဲ့  မဟာကပ်ဘေးကြီးထဲမှာ ကောင်းကင်ဘုံနန်းတော်နဲ့အတူ ပျက်ဆီးသွားပြီး လူသားတွေလိုပဲ အသက်ဆုံးသွားရတယ်တဲ့”

ရန်ကျောက်ကဲသည်လည်း မင်သက်နေရာမှ ပြန်လည်သတိဝင်လာသည်။

သူက ခေါင်းညိတ်ရင်း...

“အမှန်ပဲ...”

ထို့နောက် သူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုယူပြီး အနောက်ဘက်ရှိ ယာဇ်ပလ္လင်ထက်သို့ တင်လိုက်သည်။

ယခုတစ်ခေါက် ရှေးဟောင်းစာများထဲမှအကြောင်းအရာကိုဖတ်ရှုပြီးနောက် ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်မိသည်။

“အသက်ရှင်နေပေမယ့် ငါက မွေးကတည်းက လှောင်အိမ်တစ်ခုထဲမှာ ပိတ်မိနေသလိုပဲ ၊ ဒီခန်းမထဲကနေ မထွက်ခွာနိုင်သရွေ့ ပိုပြီးစွမ်းအားကြီးမားလာမှာ မဟုတ်ဘူး ၊ ကောင်းကင်ဘုံနန်းတော် ပျက်ဆီးသွားတုန်းက ရထားတဲ့ ဒဏ်ရာတွေတောင် မပျောက်သေးဘူး ၊ ဒါပေမဲ့ ငါ နားလို့မဖြစ်ဘူး ၊ ယွမ်ဟန်ခန်းမဝိညာဉ်က လူသားတွေကိုအတုယူပြီး လူသားရုပ်ခန္ဓာတစ်ခု ပြုလုပ်နိုင်ခဲ့တယ် ၊ ဒီတော့ ငါလည်း လုပ်နိုင်ရမယ် ၊ ငါ ဒီအချုပ်အနှောင်က လွတ်မြောက်ရမယ်”

ထိုစာကိုဖတ်မိသည့်အခါ တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့ တုန်လှုပ်သွားကြသည်။

“လူသားခန္ဓာကို တုပပြုလုပ်မယ်တဲ့လား...”

သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ယွမ်ဟန်ခန်းမဝိညာဉ်ဆိုသည်မှာ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ရှိ သိုင်းကျမ်းစာကြည့်တိုက်မှ ခန်းမဝိညာဉ်ကို ခေါ်ဆိုခြင်းသာပင်။

တိမ်လွှာဧကရာဇ်က...

“ဒီစာပိုဒ်အရဆိုရင် မဟာကပ်ဘေးကြီးမတိုင်ခင်က ယွမ်ဟန်ခန်းမဝိညာဉ်က ကိုယ်ပိုင်အသိဉာဏ်ရရှိခဲ့ရုံသာမက လူသားရုပ်ခန္ဓာတစ်ခုကိုတောင် ပြုလုပ်ထားတယ်လို့ ဆိုလိုတာလား”

ထို့ပြင် အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်စကားများအရဆိုလျှင် သိုင်းကျမ်းစာကြည့်တိုက်မှ ခန်းမဝိညာဉ်က အောင်မြင်သွားပုံရသည်။

ဤဖြစ်ရပ်က တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့ နားလည်နိုင်စွမ်းကို ကျော်လွန်သွားသည်ဟု ခံစားလိုက်ရသည်။ ယနေ့ သူတို့ မြင်ရသမျှ ကြားရသမျှအားလုံးက လုံးဝ ထင်မှတ်မထားသည့် ကိစ္စရပ်များ ဖြစ်နေပေသည်။

တိမ်လွှာဧကရာဇ်က...

“နေဦး... ဒါဆိုရင် အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်က လူသားရုပ်ခန္ဓာတစ်ခုဖန်တီးပြုလုပ်ဖို့ အဂ္ဂိရတ်ခန်းမရဲ့ ဗဟိုချက်ဖြစ်တဲ့ ခရမ်းရောင်ဝိညာဉ်ခန်းမကနေ ထွက်ခွာသွားခဲ့တာလား”

ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...

“ပျောက်ဆုံးနေတဲ့ တာအိုဆရာ (၆)ယောက်ရဲ့ အလောင်းတွေကို ကျွန်တော် သေချာစစ်ဆေးကြည့်ပြီးပြီ ၊ ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ ခန္ဓာကိုယ်အတွင်းပိုင်းက အရာအားလုံး ပျက်ဆီးသွားတယ် ၊ အရမ်းအသေးစိတ်ပြီး သိမ်မွေ့တဲ့ပုံစံနဲ့ ဖျက်ဆီးခံထားရတယ်”

“အရင်တုန်းကတော့ ဘာလို့ဒီလိုဖြစ်တာလဲဆိုတာ နားမလည်ဘူး ၊ အခုတော့ ကျွန်တော်စဉ်းစားမိတာက... စိုးရိမ်တာက...”

သူက စကားပြောရင်း ခေါင်းခါယမ်းလိုက်၏။

တိမ်လွှာဧကရာဇ်နှင့် ဟယ်မြန်တို့နှစ်ယောက်လုံး မျက်နှာအမူအရာများ လေးနက်သွားားကြသည်။

တိမ်လွှာဧကရာဇ်က...

“သူက လူသားရုပ်ခန္ဓာတစ်ခု ပြုလုပ်ဖို့အတွက် လူသားတွေရဲ့ ရုပ်ခန္ဓာဖွဲ့စည်းပုံကိုလေ့လာနေတာပဲ...”

ဟယ်မြန်က...

“အလယ်ဗဟိုက ယာဇ်ပလ္လင်ပေါ်က စာပိုဒ်အရတော့ သူ ပြင်ဆင်မှုတွေလုပ်နေတာ မပြီးပြတ်သေးဘူးလို့ ပြောတယ် ၊ ဆိုလိုတာက လူသားတွေရဲ့ ရုပ်ခန္ဓာကို လေ့လာနေတဲ့အကြောင်း သွယ်ဝိုက်ပြီး ပြောချင်တာလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော်လည်း အဲဒါကို စိုးရိမ်နေတာ...”

သူက ဆက်ပြောသည်။

“ကျွန်တော်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ယူလိုက်တဲ့အတွက် သူ့အကြံအစည်တွေ ပျက်ဆီးသွားတယ်လို့ ပြောတယ် ၊ သူ့ရည်ရွယ်ချက်က လူသားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဆက်လက်စစ်ဆေးဖို့ နောက်ထပ် လူပေါင်းများစွာကို ထောင်ချောက်ဆင်ဖမ်းဆီးဖို့ ရည်ရွယ်ထားတဲ့ပုံပဲ”

တိမ်လွှာဧကရာဇ်က...

“ဒီ အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်က ကိုယ်ပိုင်အသိဉာဏ်ရရှိပြီးတဲ့နောက် အတော်လေးအန္တရယ်များတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာတာပဲ”

တစ်ကိုယ်ကောင်းဆန်သည် ၊ အေးစက်သည် ၊ စိတ်ဓာတ်ခိုင်မာသည် ၊ ဆုံးဖြတ်ချက်ပြတ်သားသည်။

ဟယ်မြန်က စတင်သုံးသပ်လိုက်သည်။

“သူ ပြောတာတွေအရ သူက လူသားတွေရဲ့ရုပ်အလောင်းတွေထဲကိုတော့ ဝင်ရောက်နိုင်စွမ်း မရှိဘူး ၊ လူတစ်ယောက်သေသွားရင် သူ့အနေနဲ့ အဲဒီခန္ဓာကိုယ်ထဲကို ဝင်လို့မရဘူး”

သူက ဆက်ပြောသည်။

“လူသားခန္ဓာကိုယ်တစ်ခု မရယူနိုင်ဘူးဆိုရင် သူက အဂ္ဂိရတ်ခန်းမက ထွက်ခွာနိုင်မှာမဟုတ်သလို သူရရှိထားတဲ့ ဒဏ်ရာတွေကိုလည်း ကုသနိုင်မှာ မဟုတ်ဘူး”

“လူသားခန္ဓာကိုယ်တစ်ခု ရယူနိုင်ရင်တော့ သူက လုံးဝ လွတ်လပ်သွားလိမ့်မယ် ၊ ကျွန်တော်တို့လိုကျင့်ကြံနိုင်ပြီး သူ့ရဲ့ တန်ခိုးစွမ်းအားတွေလည်း ကြီးမားလာလိမ့်မယ်”

ဟယ်မြန်က အနည်းငယ်မျက်မှောင်ကျုံ့ရင်း...

“ဒါပေမဲ့ သူ လူသားခန္ဓာကိုယ်ရရှိပြီးရင် ဒီ အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်နိုင်တဲ့စွမ်းအား ဘယ်လောက်ကျန်မလဲဆိုတာတော့ မသိနိုင်ဘူး”

တိမ်လွှာဧကရာဇ်က...

“ပြောရခက်တယ် ၊ ဒါပေမဲ့ ငါတို့အနေနဲ့ကတော့ သူ အဂ္ဂိရတ်ခန်းမကို အရင်အတိုင်း ထိန်းချုပ်နိုင်စွမ်းရှိနေသေးတယ်လို့ပဲ တွက်ဆထားတာ အန္တရယ်ကင်းတယ်”

ထို့နောက် သူက ယာဇ်ပလ္လင်ထက်မှစာပိုဒ်ကို ကြည့်ရင်း ခဏမျှ စဉ်းစားပြီးနောက်...

“ဒီစာပိုဒ်မှာ သူက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ရဲ့ သိုင်းကျမ်းစာကြည့်တိုက်က ခန်းမဝိညာဉ်ကို ရည်ရွယ်ပြီးပြောထားတာပဲ ၊ ဒါက အတော်လေး ထူးဆန်းတယ်လို့ မထင်ဘူးလား”

ရန်ကျောက်ကဲက ထိုစာပိုဒ်မှ စကားလုံးတိုင်းကို အာရုံစိုက်ဖတ်ရှုနေရင်း ရုတ်တရက် ဝင်ပြောလိုက်သည်။

“မဟာကပ်ဘေးကြီးမတိုင်ခင် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှာ တန်ခိုးစွမ်းအားရှင်တွေ အများကြီးရှိတယ် ၊ သိုင်းကျမ်းစာကြည့်တိုက်ရဲ့ခန်းမဝိညာဉ် ကိုယ်ပိုင်အသိဉာဏ်ရရှိလာတယ်ဆိုရင်... ဒီအကြောင်းကို ကောင်းကင်ဘုံနန်းတော်ကိုအုပ်ချုပ်တဲ့ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေက မသိကြဘူးလား”

သူက ဆက်ပြောလိုက်သည်။

“အထူးသဖြင့် အဲဒီခန်းမဝိညာဉ်က လူသားရုပ်ခန္ဓာတစ်ခု ပြုလုပ်တာကို ဘယ်သူမှ မသိကြဘူးလား”

တိမ်လွှာဧကရာဇ်က လက်ခုပ်တစ်ချက်တီးရင်း ဖြည့်စွက်ပြောလိုက်သည်။

“အမှန်ပဲ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်ဘုရား ၊ ဒါက တစ်ခုခုလွဲနေတယ်လို့ ငါလည်း ခံစားရတယ်”

အဘိုးအိုက စာကြောင်းကို ကြည့်ပြီး သက်ပြင်းချရင်း...

“စိတ်မကောင်းစရာပဲ ၊ ကမ္ဘာပေါ်က သိုင်းကျမ်းပေါင်းများစွာကို စုစည်းထားတဲ့ ကောင်းကင်ဘုံနန်းတော်ရဲ့ သိုင်းကျမ်းစာကြည့်တိုက်က ဒီ အဂ္ဂိရတ်ခန်းမလို မဟာကပ်ဘေးကြီးကနေ မလွတ်မြောက်နိုင်ခဲ့ဘူး ၊ လျှို့ ဝှက်ဆန်းကျယ်တဲ့ ပညာရပ်တွေအားလုံး သမိုင်းထဲမှာ အကုန်ကျန်ရစ်ခဲ့ရတယ်”

ရန်ကျောက်ကဲက မျက်လုံးများ ကျဉ်းမြောင်းလိုက်ရင်း...

“အမှန်ပဲ... ကျွန်တော်လည်း ဒီထူးဆန်းတဲ့ဖြစ်ရပ်ရဲ့အဖြေကို သိချင်နေတာ”

သူ့စိတ်ထဲတွင် အမြဲတမ်း မေးခွန်းများ ရှိနေခဲ့သည်ပင်။

ဥပမာ ထိုအချိန်က မဟာကပ်ဘေးကြီး အဘယ့်ကြောင့် ဖြစ်ပွားခဲ့ပါသနည်းဆိုသော မေးခွန်းမျိုး ဖြစ်သည်။

“ဥပမာ ပြောရရင်...”

ရန်ကျောက်ကဲ စိတ်ထဲမှ နက်နက်ရှိုင်းရှိုင်းတွေးလိုက်သည်။

“ငါ ဒီလောကကို ပထမဆုံးရောက်လာတဲ့ဘဝက လူသားတစ်ယောက်အဖြစ်နဲ့ မဟုတ်ခဲ့ဘူး ၊ ခန်းမဝိညာဉ်တစ်ခုအနေနဲ့ ရောက်လာခဲ့တာ ၊ ဒါပေမဲ့ ငါ့မှာ အသိစိတ်ရှိနေတယ် ၊ ဒါဆို ငါက ဘာလို့ သိုင်းကျမ်းစာကြည့်တိုက်ရဲ့ ခန်းမဝိညာဉ် ဖြစ်လာခဲ့ရတာလဲ”

All Chapters