← Chapters

အခန်း (၁၂၁၉)

Vol. 88 Ch. 1219

အခန်း (၁၂၁၉)

Vol. 88 Ch. 1219

ဟန်မူယဲ့က ချပ်ဝတ်၏ မှတ်ဉာဏ်မှတစ်ဆင့် ကမ္ဘာဦးရုပ်သေးရုပ်တစ်ရုပ်ကို မြင်ခဲ့ရသည်။

ယုထောင်မြို့ပျက်တွင် လက်တစ်ဖက်ဆုံးရှုံးခဲ့သော ထိုရုပ်သေးရုပ်သည် မိုင်သောင်းချီအကွာတွင်ရှိသော မင်ဝူမြို့မှ ရောက်လာခဲ့သည်။

သို့သော် ထိုရုပ်သေးရုပ်ကို လူတစ်ယောက်တည်းက ထိန်းချုပ်ထားခြင်းမဟုတ်ပေ။ အဆင့်ကိုးကို ကျော်လွန်နေသော မင်ဝူမြို့သခင်နှင့် တခြားရုပ်သေးသခင်များက ပူးပေါင်းထိန်းချုပ်ထားသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက လျော့နည်းနေပြီး သဘာဝစွမ်းအားက ကျဆင်းလာသောကြောင့် အားကောင်းသည့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ထိုနည်းလမ်းအတိုင်း ထိန်းချုပ်ကြသည်။

စွန်းပင်းက ယခင်တစ်ခေါက် ယုထောင်မြို့ပျက်အား ရှာဖွေရာတွင် ထိုချပ်ဝတ်ကို ရလာခဲ့သည်။

ထိုချပ်ဝတ်ကြောင့် သူက မင်ဝူမြို့၏ ကျွမ်းကျင်သူများနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။

ချပ်ဝတ်၏ မှတ်ဉာဏ်များအရ ဟန်မူယဲ့က တိုက်ခိုက်နေသော အဆင့်ခုနစ်နှင့် အဆင့်ရှစ် ကျွမ်းကျင်သူများကို မြင်ခဲ့ရသည်။

အပျက်အစီးနယ်မြေအား ရှာဖွေသောအချိန်တိုင်းတွင် အကျိုးအမြတ်နှင့် အန္တရာယ်သည် ဒွန်တွဲနေခဲ့သည်။

ဟန်မူယဲ့၏စကားကြောင့် စွန်းပင်း၏မျက်နှာထားက လေးနက်လာသည်။

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“ဆရာဟန်က တကယ်ထူးခြားတာပဲ”

“ဒီချပ်ဝတ်ကို ပြုပြင်ဖို့ နည်းလမ်းရှိမလား”

သူ့စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

‘မဖြစ်နိုင်ဘူးလား’

စွန်းပင်းက စိတ်ပျက်သွားသည်။

သူက ထိုရလဒ်ကို လက်မခံချင်ပေ။

သူက ချပ်ဝတ်ကို ရရှိခဲ့သောအချိန်တွင် တခြားပန်းပဲရှင်များဆီသို့ သွားခဲ့သည်။ သို့သော် အားလုံးက ပြုပြင်မရနိုင်ဟု ပြောခဲ့သည်။

“ချပ်ဝတ်ရဲ့ အရေးအကြီးဆုံးအပိုင်းက ပျက်စီးသွားပြီ။ ပြုပြင်ဖို့ တန်ဖိုးမရှိတော့ဘူး”

“ဒါပေမဲ့ အကြီးအကဲစွန်းက ကျွန်တော့်အပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုရင် ဒီချပ်ဝတ်ရဲ့ အသုံးဝင်တဲ့အစိတ်အပိုင်းတွေကို ဖြုတ်ယူပြီး တခြားချပ်ဝတ်ကို အဆင့်မြှင့်ဖို့ သုံးပေးလို့ရတယ်”

ဟန်မူယဲ့က စွန်းပင်းကိုကြည့်သည်။

အဆင့်ခုနစ်ချပ်ဝတ်သည် ပြုပြင်ရန် မထိုက်တန်တော့ပေ။

အရေးအကြီးဆုံးအပိုင်းဖြစ်သော ရင်ဘတ်သံမဏိပြားသည် ပျက်စီးသွားခဲ့သည်။ ထိုအပိုင်းကို ပြုပြင်ခြင်းထက် အသစ်တစ်ခု သန့်စင်လိုက်လျှင် ပိုကောင်းလိမ့်မည်။

ထို့ကြောင့် အသုံးဝင်သော အစိတ်အပိုင်းများကို ဖြုတ်ယူလိုက်လျှင် ပိုအဆင်ပြေသည်။

စွန်းပင်းက တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။

“အဲဒါဆိုရင် ကျေးဇူးပြုပြီး ဆရာဟန်က အစိတ်အပိုင်းတွေကို ဖြုတ်ပေးပါအုံး”

သူက ပြုပြင်ရန်အတွက် ကိုယ်ပိုင်ချပ်ဝတ်ကို လွယ်ကူစွာ လက်လွှဲပေးမည်မဟုတ်ပေ။ ဟန်မူယဲ့၏ ကျွမ်းကျင်မှုကို ကြည့်ရမည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်သုံးချောင်းထောင်ပြသည်။

“မူလဒင်္ဂါးသုံးသောင်း ကျသင့်လိမ့်မယ်”

“ကောင်းပါပြီ”

စွန်းပင်းက တည်ငြိမ်စွာပြောသည်။

မူလဒင်္ဂါးများသည် သူ့အတွက် တန်ဖိုးမရှိပေ။

ပန်းပဲဆရာတစ်ယောက် ဖြစ်နေသော ဟန်မူယဲ့ကလည်း ထိုဒင်္ဂါးများကို ဂရုမစိုက်လောက်ပေ။

သူက ‌သဘောတူလိုက်သောအခါ ဟန်မူယဲ့က ရွှေရောင်မီးတောက်ကို ထုတ်ယူသည်။

မီးတောက်က အလွန်တောက်ပနေပြီး ချပ်ဝတ်ကိုလွှမ်းခြုံ၍ တစ်ခုချင်းစီ ဖြုတ်လိုက်သည်။

နဂါးအရိုးဖြင့် ပြုလုပ်ထားသော ချပ်ဝတ်ကြေးခွံများ၊ သံမဏိကြိုးဖြင့်သွယ်ဆက်ထားသော အစိတ်အပိုင်းများ၊ သံမဏိပြားများ စသည်တို့သည် တစ်ခုပြီးတစ်ခု ကွာကျသွားသည်။

အကောင်းအတိုင်းရှိနေသော အစိတ်အပိုင်းများကို ဘေးတွင် ချထားလိုက်ပြီး ပျက်စီးနေသော အစိတ်အပိုင်းများကို တစ်ဖက်တွင် ပုံထားသည်။ အပြည့်အဝ ပျက်စီးနေသော အပိုင်းများကို သက်သက် ခွဲထားသည်။

ချက်ချင်းဆိုသလိုပင် ချပ်ဝတ်က သောင်းချီသော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားသည်။

ဟန်မူယဲ့က အကောင်းအတိုင်းရှိနေသော အစိတ်အပိုင်းများကို ညွှန်ပြလိုက်ပြီး ပြောသည်။

“စုစုပေါင်း ၃၅၂၀က အကောင်းအတိုင်း ရှိနေသေးတယ်”

“အဲဒီထဲမှာ အစိတ်အပိုင်း ၂၆၃၁ခုက အဆင့်ခုနစ်ကို ရောက်နေပြီ”

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ အစိတ်အပိုင်းများသည် သူ့ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။

“ဒါတွေကို သန့်စင်ပေးရမလား”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ စွန်းပင်းကို ကြည့်သည်။ စွန်းပင်းက ခေါင်းညိတ်လိုက်သည်။

“ဈေးမကြီးပါဘူး။ မူလဒင်္ဂါး တစ်သောင်းပဲ ကုန်ကျလိမ့်မယ်”

ဟန်မူယဲ့က ပြောလိုက်ပြီး လက်မြှောက်၍ ရွှေရောင်မီးတောက်များကို ဖိနှိပ်သည်။

မီးတောက်များက အစိတ်အပိုင်းများကို လွှမ်းခြုံသွားပြီး သန့်စင်လိုက်သည်။

ထိုမီးတောက်များသည် အလွန်သွက်လက်ပြီး အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအင်ကို သယ်ဆောင်ထားသည်။

စွန်းပင်က ထိုမီးတောက်များ၏ရှေ့တွင် အသက်ရှူကြိမ်တစ်ရာပင် ခုခံနိုင်မည်မဟုတ်ဟု ခံစားရသည်။

ထိုမီးတောက်များက သူထင်ထားသည်ထက် ပိုမိုအားကောင်းလိမ့်မည်။

“ဝီ”

ကြယ်အလင်းသည် မီးတောက်များကြားတွင် ကခုန်နေသည်။ အစိတ်အပိုင်းများက ပြန်လည်မွေးဖွားလာပုံရပြီး တောက်ပနေသည်။

မှိန်ဖျော့နေသော အင်းကွက်များသည် ပြန်လည်အသက်ဝင်လာသည်။

ခဏအကြာတွင် အစိတ်အပိုင်းနှစ်ထောင်ကျော်က အဆင့်ခုနစ်ချပ်ဝတ်၏ အစိတ်အပိုင်းများတွင် ရှိသင့်သော ပုံစံအတိုင်း တောက်ပနေကြသည်။

ဟန်မူယဲ့က မီးတောက်များကို သိမ်းလိုက်ပြီး ပြုံးသည်။

“အကြီးအကဲစွန်း၊ အစိတ်အပိုင်းတွေကို အစားထိုးပေးရမလား”

စွန်းပင်းက စဉ်းစားလိုက်ပြီး ခေါင်းညိတ်သည်။ သူက လက်မြှောက်ပြီး အစိမ်းပုပ်ရောင်ချပ်ဝတ်တစ်ခုကို ထုတ်ယူသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်နှစ်ချောင်းထောင်ပြသည်။

“မူလဒင်္ဂါးနှစ်သိန်းပဲ”

စွန်းပင်းက ဟန်မူယဲ့၏အခန်းမှ ထွက်လာသောအခါ ခြောက်နာရီကြာသွားခဲ့သည်။

သူ့မျက်နှာတွင် နာကျင်မှုနှင့် မျှော်လင့်စောင့်စားမှုကို မြင်ရသည်။

ဟန်မူယဲ့က သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး ညင်သာစွာပြောသည်။

“ညီအစ်ကိုစွန်း၊ စိတ်မပူပါနဲ့။ ယုထောင်မြို့ပျက်ကို နောက်တစ်ကြိမ်သွားရင် ခင်ဗျားနဲ့အတူ သေချာပေါက် လိုက်မှာပါ”

“ခင်ဗျားအကြွေးတင်နေတဲ့ မူလဒင်္ဂါး ၁.၈သန်းကိုတော့ ဖြစ်နိုင်သမျှ မြန်မြန်ပို့ပေးလိုက်ပါ”

စွန်းပင်းက သူ့ကို လှည့်ကြည့်လိုက်သောကြောင့် ဟန်မူယဲ့က ‌ခေါင်းညိတ်သည်။

“ခင်ဗျားချပ်ဝတ်က ဘယ်လိုဖြစ်သွားပြီလဲဆိုတာကို ကျွန်တော်တို့နှစ်ယောက်လုံး သိကြာတာပဲမဟုတ်လား”

စွန်းပင်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်ပြီး တည်းခိုဆောင်မှ စိတ်ကျေနပ်စွာ ထွက်သွားသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး အခန်းဆီသို့ ပြန်လာသည်။

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ ဓာတ်စင်ငါးပါးမီးပြင်းဖိုမှ အသွင်ပြောင်းထားသော အရပ်ပုသည့် လူအိုကြီးသည် သူ့ရှေ့တွင် ပေါ်လာသည်။

ပျက်စီးနေသော အဆင့်ခုနစ်ရုပ်သေးရုပ်ကလည်း စားပွဲပေါ်တွင် ရှိနေသည်။

ထို့နောက် သူက အဆင့်ခုနစ်ချပ်ဝတ်၏ အပိုင်းအစများကို စုစည်းလိုက်သည်။

“ဒီအစိတ်အပိုင်းတွေနဲ့ဆိုရင် ဒီရုပ်သေးရုပ်ကို ပြုပြင်လို့ရတယ်မဟုတ်လား”

ဟန်မူယဲ့က လူအိုကြီးကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ရတယ်။ လက်မောင်းကလွဲပြီး ကျန်တဲ့အပိုင်းတွေကို ပြုပြင်နိုင်လိမ့်မယ်”

“အခုအချိန်မှာ အဆင့်ခုနစ်ကို မရောက်နိုင်သေးပေမဲ့ အဆင့်ခြောက် အထွတ်အထိပ်ကိုတော့ ရောက်သွားလိမ့်မယ်”

ဓာတ်စင်ငါးပါးမီးပြင်းဖို၏ လူအိုကြီးက အစိတ်အပိုင်းများကို ကြည့်လိုက်ပြီး ရုပ်သေးရုပ်ဆီသို့ ပျံသန်းသွားသည်။ သူက နောင်တရနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“မင်းက ချပ်ဝတ်အစိတ်အပိုင်းတွေကို ပိုယူထားရင် ဒီရုပ်သေးရုပ်က အဆင့်ခုနစ်ကို ရောက်သွားလိမ့်မယ်”

ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားပြီး အခန်းထဲမှ ထွက်သွားသည်။

လူအိုကြီးက ရုပ်သေးရုပ်နှင့် အစိတ်အပိုင်းများကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။ သူက ခုန်အုပ်လိုက်သည်။

“ကြယ်စင်စုစကြဝဠာရဲ့ အသန်မာဆုံးပန်းပဲပညာရှင်က ငါပဲ ....”

သုံးရက်အကြာတွင် ကျန်းမိသားစုခေါင်းဆောင် ကျန်းချန်ထျန်းနှင့် တခြားလူများက ဟယ်မိသားစု၏ကုန်သည်အဖွဲ့ကို မြို့အပြင်ဘက်အထိ လိုက်ပို့ခဲ့သည်။

ကျန်းမိသားစု၏ သခင်မလေး ကျန်းယွီရန်လည်း ပါလာသည်။

ဟယ်မိသားစု၏ ကုန်သည်အဖွဲ့ ထွက်သွားသောအခါတွင် ကျန်းချန်ခုံးက တစ်ဖက်သို့ လှည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ယွီရန်၊ သူနဲ့ မခွဲနိုင်ဘူးလား”

ထိုစကားကြောင့် ကျန်းယွီရန်၏မျက်နှာက နီရဲသွားသည်။

“မစိုးရိမ်ပါနဲ့။ အဲဒီကောင်စုတ်လေး ဟယ်ရန်စွန်းက ဘုရားမြို့ကိုရောက်ရင် လက်ထပ်ပွဲကမ်းလှမ်းဖို့အတွက် လူလွှတ်လိုက်မယ်လို့ ပြောတယ်”

ဤတစ်ကြိမ်တွင် ကျန်းမိသားစုက မိုင်းတွင်းသာမက ကောင်းမွန်သော မဟာမိတ်များကိုလည်း ရခဲ့သည်။

အဓိကအချက်သည် ဆရာဟန်သန့်စင်ထားသော အလင်းဖြူကျားချပ်ဝတ်ကို ရောင်းချလိုက်ပြီး ကျန်းမိသားစုက မေပယ်တောအုပ်မြို့တွင် ဂုဏ်သတင်းကြီးမားလာသည်။

ကျွမ်းကျင်သူများက ဆရာဟန်နှင့် တွေ့ချင်သောကြောင့် ကျန်းမိသားစုကို ချဉ်းကပ်လာသည်။

ကျန်းချန်ထျန်းနှင့် တခြားလူများ၏အမြင်တွင် ဤတစ်ကြိမ်၏ အကြီးမားဆုံး အကျိုးအမြတ်သည် ဟယ်မိသားစုနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။ ဟယ်ရန်စွန်း၏ အလားအလာက အကန့်အသတ်မဲ့သည်။

ထို့အပြင် ဆရာဟန်လည်း ရှိနေသောကြောင့် ဟယ်ရန်စွန်း၏ အနာဂတ်ကို ခန့်မှန်းနိုင်မည်မဟုတ်ပေ။

ကျန်းချန်ခုံးနှင့် ကျန်းချန်ထျန်းက ထွက်သွားသည်။ ကျန်းယွီရန်က ပျောက်ကွယ်သွားသော ကုန်သည်အဖွဲ့ကို လှမ်းကြည့်လိုက်သည်။ သူမက လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားကို တင်းကျပ်စွာ ကိုင်ထားပြီး မိသားစဝင်များနှင့်အတူ မြို့ထဲသို့ ပြန်ဝင်လာခဲ့သည်။

မြို့အပြင်ဘက်တွင် ကုန်သည်အဖွဲ့က လွင်ပြင်သို့ ရောက်လာသည်။ ဟယ်ရန်စွန်းက တိတ်ဆိတ်စွာ နောက်လှည့်ကြည့်လိုက်သည်။

“မင်းက ဘာကြည့်နေတာလဲ။ လက်ထပ်ဖို့ မစောင့်နိုင်တော့ဘူးလား”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

ဟယ်ရန်စွန်းက ခေါင်းခါလိုက်ပြီး လှည်းအားဆွဲနေသော သွေးကျားသစ်ကို ကြည့်သည်။

သွေးကျားသစ်၏ဘေးတွင် ချစ်စရာကောင်းသော ခြင်္သေ့လေးတစ်ကောင်သည် ပြေးလွှားနေခဲ့သည်။

ထိုခြင်္သေ့လေးကြောင့် ချိုနှစ်ချောင်းမြင်းများက ထိတ်လန့်နေပြီး အသက်ပင် မရှူရဲကြပေ။

“ဒီခြင်္သေ့လေးက ဘာလဲ ....”

ဟယ်ရန်စွန်း၏ဘေးတွင်ရှိသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ညင်သာစွာ ရေရွတ်လိုက်သည်။

သူက ကုန်သည်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ဟယ်ရန်စွန်း၏ လူယုံတစ်ယောက် ဖြစ်သည်။

ဆရာဟန်မရှိလျှင် သူတို့၏ သခင်လေးဟယ်သည် ယနေ့ကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။

သို့သော် ပတ်ဝန်းကျင်တွင် ပြေးလွှားနေသော ခြင်္သေ့လေးကြောင့် ချိုနှစ်ချောင်းမြင်းများက ကောင်းမွန်စွာ မသွားနိုင်တော့ပေ။

‘ဒါက ဘယ်လိုသားရဲမျိုးလဲ’

ဟယ်ရန်စွန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂရုစိုက်နေရန် မလိုအပ်ကြောင်း ပြောလိုက်သည်။

ဆရာဟန် ပျော်ရွှင်နေလျှင် အဆင်ပြေသည်။ သူတို့က ထူးဆန်းသော ခြင်္သေ့လေးကို စောင့်ကြည့်ပေးနိုင်သည်။

ခြင်္သေ့လေးကြောင့် ကုန်သည်အဖွဲ့က သိသိသာသာ နှေးကွေးသွားသည်။

မိုင်ငါးရာအထိ ရောက်လာရန် တစ်ရက် အချိန်ယူခဲ့ရသည်။ နေဝင်ချိန်တွင် ကုန်သည်အဖွဲ့က ကျုံးတစ်ခု၏ရှေ့တွင် ရပ်လိုက်သည်။

“ဟယ်ရန်စွန်း”

အနက်ရောင်ဝတ်စုံနှင့် ရှုရွှမ်းက မုန်းတီးနေသောမျက်နှာဖြင့် ကုန်သည်အဖွဲ့၏ရှေ့တွင် ပေါ်လာသည်။

အရပ်ရှည်သော လူငယ်တစ်ယောက်သည် သူ့ဘေးတွင် ရှိနေသည်။

ထို့အပြင် ချီမင်ရှန်းလည်း ပေါ်လာသည်။

အကြီးအကဲနှစ်ယောက်သည် သူ့နောက်တွင် မတ်တပ်ရပ်နေသည်။

“အစ်ကိုသုံး၊ သူက ဟယ်ရန်စွန်းပဲ”

ရှုရွှမ်းက ညွှန်ပြလိုက်သည်။

အစ်ကိုသုံးဟုခေါ်သော လူငယ်က ခေါင်းညိတ်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

“ငါက ဘုရားမြို့အကြောင်းကို သိတယ်။ အဲဒီမှာ ကျွမ်းကျင်သူတွေ မရှိဘူး”

လူငယ်က မောက်မာသောမျက်နှာထားဖြင့် ပြောသည်။

“နှစ်တစ်ရာအတွင်းမှာ ဘုရားမြို့လိုမျိုး မြို့ငယ်လေးတွေကို ငါက လွှမ်းမိုးနိုင်လိမ့်မယ်လို့ ဆရာက ပြောခဲ့တယ်”

လူငယ်က အဝတ်အစားကို ဆွဲဆန့်လိုက်သည်။ ငွေရောင်တံဆိပ်ပြားတစ်ခုသည် သူ့ရင်ဘတ်တွင် ရှိနေသည်။ သူက ဆက်ပြောသည်။

“ငါက မေပယ်တောအုပ်မြို့ရဲ့ ထိပ်တန်းအဆင့်လူငယ်ကျွမ်းကျင်သူ၊ အဆင့်ခုနစ်ချပ်ဝတ်သခင်ရဲ့တပည့် ရှုထျန်းယွမ်ပဲ”

သူ့စကားကြောင့် ဟယ်မိသားစုဝင်များ၏ မျက်နှာထားက ပြောင်းလဲသွားသည်။

အဆင့်ခုနစ် ချပ်ဝတ်သခင်၏ တပည့် ....

ပတ်ဝန်းကျင်တွင် ရှိနေသော လူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူတို့က မေပယ်တောအုပ်မြို့နှင့် မိုင်ငါးရာသာ ကွာဝေးသောကြောင့် စွန်းပင်၏နာမည်ကို သိကြသည်။

စွန်းပင်း၏ တပည့်သည် ပတ်ဝန်းကျင်တွင် လွှမ်းမိုးနိုင်သော လူတစ်ယောက် ဖြစ်လာလိမ့်မည်။

“အဲဒီတော့ မင်းက စွန်းပင်းရဲ့တပည့် ဖြစ်တဲ့အကြောင်း ပြောချင်လို့ လမ်းပိတ်ထားတာလား”

ဟယ်ရန်စွန်းက ကျယ်လောင်စွာ ပြောသည်။

ရှုထျန်းယွမ်၏ မျက်နှာထားက ပြောင်းလဲသွားပြီး အေးစက်စွာ နှာမှုတ်သည်။

“ဟယ်ရန်စွန်း၊ မင်းတို့ ဟယ်မိသားစုက ကျန်းမိသားစုနဲ့ လက်ထပ်ဖို့ အဆင့်မမီဘူး။ နောက်ကျရင် အရောင်းအဝယ်လုပ်ဖို့ မေပယ်တောအုပ်မြို့ကို မလာနဲ့တော့”

“မဟုတ်ရင် မင်းကို ဒီမှာပဲ ထိန်းသိမ်းထားလိုက်မယ်”

ဟယ်ရန်စွန်းက အလွန်သန်မာသည်။ သို့သော် ထိုအကြောင်းကို လူအနည်းငယ်ကသာ သိကြသည်။

ရှုရွှမ်း၏ နောက်ခံဖြစ်သော အကြီးအကဲရှုစီလင်းက ဟယ်ရန်စွန်းကြောင့် အရေးနိမ့်သွားခဲ့သည်။ ထိုကိစ္စကို ဖုံးကွယ်ထားသည်။

ထိုနေ့တွင် ရှိနေသော လူများကသာ ဟယ်ရန်စွန်း၏ခွန်အားကို နားလည်ကြသည်။

သို့သော် သူတို့က တခြားလူများကို ပြောပြမည်မဟုတ်ပေ။

All Chapters