← Chapters

အခန်း (၁၂၂၄)

Vol. 88 Ch. 1224

အခန်း (၁၂၂၄)

Vol. 88 Ch. 1224

ကျောက်ယုချင်က အံကြိတ်ထားပြီး အစွမ်းကုန်ခုခံနေရသည်။

နောက်တွင် ရှိနေသော ထန်ကျစ်၏ ရုပ်သေးရုပ်ကတော့ ဟယ်ရန်စွန်းကို အနှောင့်အယှက် မပေးနိုင်ပေ။

“ဘုန်း”

ဓားမော့နှစ်လက်က ပြင်းထန်စွာ ကျဆင်းလာသည်။ ကျောက်ယုချင်၏ဓားရှည်က တုန်ခါသွားပြီး ဓားသွားတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ကျောက်ယုချင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး ထိတ်လန့်စွာ နောက်ဆုတ်သည်။

ထိုအချိန်တွင် ဟယ်ရန်စွန်းက နောက်သို့ ရုတ်တရက်လှည့်ပြီး ထန်ကျစ်၏ ရုပ်သေးရုပ်ကို ဓားမော့ဖြင့် ခုတ်ချသည်။

ရုပ်သေးရုပ်၏ မန္တန်ကြောင့် ဖြစ်ပေါ်လာသော သစ်ပင်ကြီးသည် ဓားမော့ကို တားဆီးရန် ကြိုးစားသည်။

ဓားမော့က သစ်ကိုင်းများနှင့် ရင်ဆိုင်နေသည်။ တစ်ဖက်တွင်ရှိသော သူ၏ ရုပ်သေးရုပ်က သစ်ပင်ပုံရိပ်ကို ကျော်ဖြတ်ပြီး ထန်ကျစ်ဆီသို့ ပြေးဝင်သွားသည်။

ဟယ်ရန်စွန်းက သာမန်လူတစ်ယောက် မဟုတ်ပေ။

သူက ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို တစ်ပြိုင်နက် လေ့ကျင့်ထားသည်။

ထန်ကျစ်၏ မျက်နှာထားက မည်းမှောင်သွားသည်။ သူ၏ လက်ဟန်များက ဆက်တိုက် ပြောင်းလဲသွားပြီး ဟိန်းဟောက်သည်။

ကိုးပေအရပ်မြင့်‌သော အနက်‌‌ရောင်ရုပ်သေးရုပ်သည် သူ့ဘေးတွင် ပေါ်လာသည်။

ထိုရုပ်သေးရုပ်၏ ပုံစံက မှုန်မှိုင်းနေသည်။

သို့သော် လက်ထဲတွင် ဒိုင်းကာတစ်ခု ရှိနေပြီး ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ထန်ကျစ်ကို အပြည့်အဝ ကာကွယ်ပေးလိုက်သည်။

“ငါက ရုပ်သေးသခင်ဖြစ်နေတာကြောင့် ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဘူးလို့ ထင်နေတာလား”

“ရုပ်သေးသခင်တစ်ယောက်မှာ ရှိနေတဲ့ ရုပ်သေးရုပ်အရေအတွက်ကို တခြားလူတွေက မသိနိုင်ဘူးလေ”

ထန်ကျစ်က ‌လှောင်ပြောင်လိုက်သည်။ ရုပ်သေးရုပ်က သူ့ကို ကာကွယ်ထားသည်။

“ဒီရုပ်သေးရုပ်က အဆင့်နှစ်မှာပဲရှိတယ်။ မင်းရဲ့ ရုပ်သေးရုပ်ကို ခုခံနိုင်မှာမဟုတ်ဘူး”

“ဒါပေမဲ့ လုံလောက်တယ်”

အမှန်ပင်ဖြစ်သည်။

တစ်ဖက်တွင် ကျောက်ယုချင်က ပြေးဝင်လာခဲ့သည်။

ရုပ်သေးရုပ်နှင့် တစ်ကွဲတစ်ပြားစီဖြစ်နေသော ဟယ်ရန်စွန်းက ကျောက်ယုချင်နှင့် မယှဉ်နိုင်လောက်ပေ။

“အချိန်မကျန်တော့ဘူး။ ဒီကလေးမှာ အများဆုံး သုံးကြိမ်ပဲ တိုက်ခိုက်ဖို့ အခွင့်အရေးရှိတယ်”

ခေးအော့က စိတ်ဝင်စားနေသောအသံဖြင့် တိုက်ပွဲအား ပြသထားသော အလင်းလွှာကို ကြည့်နေသည်။

ဟယ်ရန်စွန်းက နေရာတွင် ရပ်နေပြီး သူ၏ ရုပ်သေးရုပ်ကို ကြည့်လိုက်သည်။

သူက လက်မြှောက်ပြီး လက်သီးဆုပ်၍ ရေရွတ်သည်။

“မင်းတို့က ငါ့ရဲ့ ရဲဘော်ရဲဘက်တွေပဲ။ ဒီနေ့မှာ မင်းတို့ကို မှီခိုလိုက်မယ် ....”

လက်နက်ပစ္စည်းမဟုတ်ပဲ ရဲဘော်ရဲဘက် ဖြစ်သည်။

အယုံကြည်နိုင်ဆုံးလူများ ဖြစ်သည်။

ဟယ်ရန်စွန်းက တစ်ဖက်သို့လှည့်ပြီး ခုန်ထွက်သည်။

သူ့လက်ထဲတွင်ရှိသော ဓားမော့နှစ်လက်က ကျောက်ယုချင်၏ဓားရှည်နှင့် ထိတွေ့သွားသည်။

ဓားရှည်က ဆတ်ခနဲ ကျိုးသွားသည်။ ဓားမော့က ကျောက်ယုချင်၏ ပခုံးကို ခုတ်ချလိုက်ပြီး မီးပွားများ ထွက်လာစေသည်။

ကျောက်ယုချင်က ဟန်ချက်ပျက်ပြီး လဲကျသွားသည်။

သူက ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ဟယ်ရန်စွန်းကို လှမ်းကြည့်သည်။

ဟယ်ရန်စွန်းက ထိုသို့ မသန်မာသင့်ပေ။

သူ၏ ကျင့်ကြံဆင့်က အားနည်းသည်။

ကျောက်ယုချင်က မနေနိုင်တော့ဘဲ အဝေးတစ်နေရာတွင်ရှိသော ထန်ကျစ်ကို လှမ်းကြည့်သည်။

ထိုအချိန်တွင် ထန်ကျစ်၏ရုပ်သေးရုပ်က ဓားမော့အလင်းကြောင့် နှစ်ပိုင်းကွဲသွားသည်။

ထို့နောက် ဟယ်ရန်စွန်း၏ ရုပ်သေးရုပ်က ထန်ကျစ်ကို ဆက်လက်တိုက်ခိုက်သည်။

“ဘန်း”

ထန်ကျစ်က ပေါက်ကွဲထွက်သွားသည်။

ထန်ကျစ် သေဆုံးသွားသောကြောင့် ဟယ်ရန်စွန်း၏နောက်တွင် သစ်ပင်ပုံရိပ်ကို အသုံးပြုနေသော ရုပ်သေးရုပ်က တုန်ခါပြီး သံမဏိပြားအဖြစ် ပြန်ပြောင်းသွားသည်။

အဆင့်လေးရုပ်သေးသခင်သည် အသတ်ခံလိုက်ရသည်။

ဟယ်ရန်စွန်း၏ ရုပ်သေးရုပ်က တားဆီးခံထားရသော်လည်း သခင်ဖြစ်သူ၏အမိန့်ကို မလိုအပ်ဘဲ ကိုယ်တိုင်လှုပ်ရှား၍ အဆင့်လေးရုပ်သေးသခင်ကို သတ်ဖြတ်ခဲ့သည်။

ထိုရုပ်သေးရုပ်၏အဆင့်က မနိမ့်ကျပေ။

ကိုယ်ပိုင်အသိစိတ်တချို့ကို ပိုင်ဆိုင်ထားသည်။

ကျောက်ယုချင်က မျက်လုံးပြူးသွားပြီး သွေးစွန်းနေသောဓားမော့နှင့်အတူ ပြန်လှည့်လာသော ရုပ်သေးရုပ်ကို မြင်ရသည်။ ရုပ်သေးရုပ်က သွေးဆာနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။

သူက သတ်ဖြတ်လိုစိတ်ကို ခံစားရသည်။

ထိုရုပ်သေးရုပ်သည် သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်ထားသည်။

ကျောက်ယုချင်က တစ်ကိုယ်လုံး တုန်ခါနေပြီး ထွက်ပြေးသွားသည်။

အကယ်၍ ယခုအချိန်တွင် ထွက်မသွားနိုင်လျှင် ထန်ကျစ်နှင့်အတူ လိုက်သွားရလိမ့်မည်။

ဟယ်ရန်စွန်းက လိုက်မဖမ်းဘဲ တည်ငြိမ်စွာပြောသည်။

“ကျောက်ယုချင်၊ မင်းက မပြေးနိုင်ပါဘူး”

“မင်းရဲ့ ကျောက်မိသားစုကလည်း မပြေးနိုင်ဘူး”

သူ့အသံက ပဲ့တင်ထပ်နေသည်။ သို့သော် ကျောက်ယုချင်က အမြန်နှုန်းတိုးလိုက်သည်။

ကျောက်ယုချင်နှင့် ထန်ကျစ်၏နောက်သို့ လိုက်လာသော လူများကလည်း ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။

အဆင့်လေးရုပ်သေးသခင်က သေဆုံးပြီး အဆင့်လေးချပ်ဝတ်သခင်က ထွက်ပြေးသွားသည်။ သူတို့က ဘာလုပ်နိုင်မည်နည်း။

“အဲဒီကလေးက တကယ်ရက်စက်တာပဲ။ သူ့မှာ တိုက်ခိုက်ဖို့ ခွန်အားမကျန်တော့ဘူး”

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ရေရွတ်သည်။

“သူက သေသွားမှာမဟုတ်ဘူးဆိုတာ သိနေတယ်။ အဲဒါကြောင့် အစွမ်းကုန်ထုတ်သုံးလိုက်တာပဲ”

ခေးအော့က အလင်းလွှာကို ရုတ်သိမ်းလိုက်ပြီး ပြောသည်။

ဟန်မူယဲ့က ဟယ်ရန်စွန်းကို အချိန်အ‌တော်ကြာအောင် ပျိုးထောင်ပြီး ဘုရားမြို့တွင် ဟယ်မိသားစု၏အကူအညီဖြင့် နေထိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဟန်မူယဲ့က ဟယ်ရန်စွန်းကို အသေခံမည်မဟုတ်ပေ။

ဝိုင်းရံထားသောလူများ ပျောက်ကွယ်သွားသောအခါ ဟယ်ရန်စွန်းက လဲကျသွားခဲ့သည်။

“သခင်လေး”

ဟယ်မိသားစု၏ တပည့်များက သူ့ကို ကူညီပေးရန် ပြေးလာကြသည်။

သို့သော် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူတို့ကို ထွက်သွားစေသည်။ ထို့နောက် ရုပ်သေးရုပ်ကို အမှီပြုပြီး ဟန်မူယဲ့၏ လှည်းဆီသို့ ဒယိမ်းဒယိုင် လျှောက်လာသည်။

သူက လှည်း၏တံခါးရှေ့တွင် ဒူးထောက်လိုက်သည်။

“ဆရာဟန်၊ ကျွန်တော့်အတွက် လက်စားချေပေးဖို့ တောင်းဆိုပါတယ်”

သူက ဦးညွတ်ပြီး လက်သီးဆုပ်ထားသည်။ ထို့နောက် လေးနက်စွာပြောသည်။

“ကျွန်တော်နဲ့ ဟယ်မိသားစုက ဆရာဟန်အတွက် အရာအားလုံး လုပ်ပေးဖို့ ဆန္ဒရှိပါတယ်”

အကြောင်းပြချက်မရှိဘဲ မည်သူမှ ကူညီမည်မဟုတ်ပေ။

တစ်စုံတစ်ယောက်၏အကူအညီကို တောင်းခံမည်ဆိုလျှင် အရင်ဆုံး တန်ဖိုးထုတ်ပြရမည်။

ဆရာဟန်က ဟယ်မိသားစုသို့ ရောက်လာသော အကြောင်းအရင်းကို ဟယ်ရန်စွန်းက မသိပေ။

သို့သော် သူကတိပေးနိုင်သော အရာသည် သူ၏ အသက်နှင့် သူ့မိသားစုသာ ရှိသည်။

လက်စားချေနိုင်သ၍ အဆင်ပြေသည်။

လှည်းထဲတွင် ရွှေရောင်ငှက်က ဟန်မူယဲ့၏ ပခုံးပေါ်သို့ ရောက်လာသည်။

“အမုန်းတရားက လူတွေကို ရူးသွပ်သွားစေနိုင်တယ်။ ဒါပေမဲ့ ဒီကလေးက အသုံးဝင်နေတုန်းပဲ”

ဟယ်ရန်စွန်းက ပါရမီရှိသည်။

သူက အသိဉာဏ်ကြွယ်ဝပြီး ဆုံးဖြတ်ချက်ပြတ်သားသည်။

ထို့အပြင် ယခုတိုက်ပွဲတွင် ရူးသွပ်မှုကို ထုတ်ပြခဲ့သည်။

“မင်းပြောတဲ့စကားကို မှတ်ထားလိုက်ပါ”

ဟန်မူယဲ့က ပြောသည်။

ဟယ်ရန်စွန်းက ပျော်ရွှင်သွားသည်။ သူက လက်သီးဆုပ်ပြီး အံကြိတ်၍ နှင်းလွှာနှင့်ထိ‌အောင် ဦးညွတ်လိုက်သည်။

ဟယ်မိသားစု၏ တခြားတပည့်များကလည်း အကြည့်ချင်းဖလှယ်လိုက်ပြီး ဟန်မူယဲ့၏လှည်းကို ဦးညွတ်ကြသည်။

သူတို့က ဟယ်မိသားစုခေါင်းဆောင် ပျောက်ကွယ်သွားသောအကြောင်းကိုလည်း ကြားခဲ့ရသည်။

ဟယ်မိသားစု၏ ကျဆင်းမှုက ဘုရားမြို့၏ မိသားစုကြီးများနှင့် သက်ဆိုင်နေသည်။

ဟယ်မိသားစုကို ထိန်းသိမ်းထားပြီး လက်စားချေနိုင်ရန်အတွက် သူတို့က ဆရာဟန်၏ အကူအညီကို လိုအပ်သည်။

ယနေ့တွင် သခင်လေးက ဟယ်မိသားစုကို အသုံးချပြီး လက်စားချေရန် ကြိုးစားခဲ့သည်။

သခင်လေး၏ ဆုံးဖြတ်ချက်ကို သူတို့က လိုက်နာရမည်။

ဟယ်မိသားစု၏ ကုန်သည်အဖွဲ့သည် ဘုရားမြို့သို့ ပြန်ရောက်လာသည်။

ထိုဖြစ်ရပ်ကြောင့် မိသားစုကြီးများက ထိတ်လန့်သွားကြသည်။

တချို့လူများက ဟယ်ရန်စွန်းတို့ တိုက်ခိုက်ခံရသည့်အကြောင်းကို သိထားသည်။ တချို့ကတော့ မသိကြပေ။

ကျောက်ယုချင်က ဘုရားမြို့သို့ ပြန်ရောက်လာပြီး ထန်ကျစ်သေဆုံးသွားသည့် သတင်းကို ပြောပြခဲ့သည်။

ခြုံခိုတိုက်ခိုက်မှုတွင် ပါဝင်သော မိသားစုများကသာ ထိုဖြစ်ရပ်ကို သိထားကြသည်။

ချက်ချင်းဆိုသလိုပင် ဘုရားမြို့က ဆူပွက်သွားသည်။

သို့သော် ဟယ်ရန်စွန်းက ပြန်ရောက်လာပြီး လက်စားချေရန် မလှုပ်ရှားခဲ့ပေ။

သူက ဟယ်ယွီလင်း၏အလောင်းကို ဟယ်မိသားစုအိမ်တော်သို့ ပို့ပေးလိုက်ပြီး စီးပွားရေးဆက်လုပ်နေသည်။

ထိုသို့ဖြင့် လဝက်ကုန်ဆုံးသွားသည်။

ထိုဖြစ်ရပ်ကြောင့် ကျောက်မိသားစု၊ ထန်မိသားစုနှင့် တခြားမိသားစုများက နားမလည်နိုင် ဖြစ်နေသည်။

သူတို့က ဟယ်ရန်စွန်းကို တိုက်ခိုက်နိုင်ရန် တံခါးလာခေါက်မည့်အချိန်ကို စောင့်နေခဲ့ကြသည်။

“သူက မလှုပ်ရှားဘူးဆိုမှတော့ လှုပ်ရှားလာအောင် တွန်းအားပေးလိုက်မယ်”

ကျယ်ဝန်းသော အိမ်တော်တွင် လူတစ်ယောက်က တီးတိုးပြောသည်။

နေ့ဝက်အကြာတွင် ဝတ်ရုံရှည်နှင့် လူအိုကြီးများက ဟယ်မိသားစု၏ဈေးဆိုင်သို့ ရောက်လာသည်။

“ကျွန်‌တော်တို့ ဟယ်မိသားစုရဲ့ ကျူကျင်းကုန်သွယ်ရေဂအဖွဲ့က ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို အစားထိုးပြုပြင်တဲ့နေရာမှာ အလုပ်လုပ်ပါတယ်။ လူကြီးမင်းတို့က ....”

ဆိုင်တွင်တာဝန်ကျနေသော လူငယ်က စကားပြောမပြီးခင် လူအိုကြီးများက လက်မြှောက်ပြီး ရွှေရောင်တံဆိပ်ပြားကို ရင်ဘတ်တွင် တပ်လိုက်ကြသည်။

“ဘုရားမြို့က ပန်းပဲပညာအစည်းအရုံးရဲ့ စည်းကမ်းတွေအရ ရုပ်သေးရုပ်၊ ချပ်ဝတ်နဲ့ ပတ်သတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက စာရင်းသွင်းထားရမယ်”

“ဆိုင်ရှင်ကို ခေါ်လိုက်ပါ”

စကားပြောလိုက်သော လူအိုကြီးက အရပ်ရှည်ပြီး လက်တွင် အသားမာတက်နေသည်။

လူငယ်က ကြောင်အနေပြီး ဆိုင်နောက်သို့ တင်သွားသည်။

နောက်တွင် လေ့ကျင့်နေသော ဟယ်ရန်စွန်းက မျက်မှောင်ကြုတ်လိုက်ပြီး ဆိုင်ထဲသို့ ဝင်လာသည်။

ရိုးရိုးသားသားပြောရလျှင် ဟန်မူယဲ့နာမည်ပေးထားသော ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ဘုရားမြို့တွင် စီးပွားရေးသိပ်မကောင်းပေ။

ဟန်မူယဲ့က နာမည်ကြီးသော်လည်း မြို့ထဲတွင်ရှိသော မိသားစုကြီးများက မလာကြပေ။ ထို့အပြင် သူတို့ ရောက်လာလျှင်ပင် မည်မျှ သုံးစွဲနိုင်မည်နည်း။

“သူတို့က တမင်သက်သက် လုပ်နေတဲ့ပုံပဲ”

ဟယ်ရန်စွန်းက အဝတ်အစားကို ဆွဲဆန့်လိုက်ပြီး ချဉ်းကပ်လာသည်။

“အကြီးအကဲတို့က ပန်းပဲပညာအစည်းအရုံးကလား”

“ကျွန်တော်တို့ ကျူကျင်းကုန်သွယ်ရေးအဖွဲ့က စာရင်းသွင်းထားပြီးသားပါ။ စာရွက်စာတမ်းတွေက ဒီမှာပါ”

သူက စာလိပ်တစ်ခုကို ပေးလိုက်သည်။

သူ့စကားကို ကြားရသောအခါ လူအိုကြီးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စာလိပ်ကို ဆက်ကြည့်သည်။

“မင်းက ဆိုင်ရှင်လား”

အနက်ရောင်ဝတ်စုံနှင့် ပန်းပဲပညာရှင်တစ်ယောက်က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။

“လုပ်ငန်းပိုင်ရှင်တွေက စာရင်းသွင်းထားတဲ့ ချပ်ဝတ်သခင်မဟုတ်ရင် ရုပ်သေးသခင် ဖြစ်ရမယ်။ မင်းရဲ့ တံဆိပ်ပြားက ဘယ်မှာလဲ”

‘တံဆိပ်ပြားလား’

ဟယ်ရန်စွန်းက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

သူက စာရင်းမသွင်းရသေးပေ။

‘တံဆိပ်ပြားမရှိရင် ဆိုင်ဖွင့်လို့မရဘူးလား’

“အဟမ်း၊ ငါက သခင်လေးဟယ်ရဲ့ခွန်အားကို သိပါတယ်။ သူက အလုပ်ရှုပ်နေလို့ စာရင်းမသွင်းရသေးတာပါ”

အဆင့်လေးပန်းပဲပညာရှင် တံဆိပ်ပြားနှင့် သက်လတ်ပိုင်းအရွယ်လူက ချောင်းဟန့်လိုက်ပြီး စကားပြောသည်။

သူက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး အချက်ပြသည်။

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်တော်က အခုပဲ စာရင်းသွင်းဖို့ လုပ်လိုက်ပါမယ်”

All Chapters