← Chapters

အခန်း (၁၂၂၅)

Vol. 88 Ch. 1225

အခန်း (၁၂၂၅)

Vol. 88 Ch. 1225

ဟယ်ရန်စွန်း၏စကားကို ကြားရသောအခါတွင် ပန်းပဲပညာရှင်များ၏ မျက်နှာထားက ပြေလျော့သွားသည်။

“ကောင်းပြီ။ အဲဒါဆိုရင် ငါတို့က သခင်လေးဟယ်ကို အခက်တွေ့အောင် မလုပ်တော့ဘူး။ အမြန်ဆုံး စာရင်းသွင်းလိုက်ပါ”

ခေါင်းဆောင်အကြီးအကဲ၏ လေသံက ညင်သာနေသည်။

သူတို့က ပြဿနာရှာရန် ရောက်လာသည်ဟု မထင်ရပေ။

ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးသည် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများကို အမှန်တကယ်ပင် ထိန်းချုပ်ထားသည်။

ရုပ်သေးရုပ်၊ ချပ်ဝတ်နှင့် ပတ်သတ်သော စီးပွားရေးအများစုသည် ပန်းပဲပညာအစည်းအရုံးနှင့် သက်ဆိုင်သည်။

ဈေးနှုန်းနှင့် စည်းကမ်းများကိုလည်း အစည်းအရုံးက ချမှတ်ထားသည်။

“ဒါနဲ့ မင်းတို့ဆိုင်မှာရှိတဲ့ ဆရာဟန်က စာရင်းသွင်းထားတဲ့ ပနး်ပဲပညာရှင်လား။ သူက ဘယ်အဆင့်မှာလဲ။ ဘုရားမြို့ရဲ့ ပန်းပဲပညာအစည်းအရုံးကိုရော ဝင်ရောက်ပြီးပြီလား”

ခေါင်းဆောင်အကြီးအကဲက ဟယ်ရန်စွန်းကို စာလိပ်ပြန်ပေးလိုက်ပြီး မေးသည်။

‘ဘယ်အဆင့်လဲ’

ဟယ်ရန်စွန်းက ဟန်မူယဲ့၏အဆင့်ကို မသိပေ။

သို့သော် ဆရာဟန်က ဘုရားမြို့၏ ပန်းပဲပညာအစည်းအရုံးကိုတော့ မဝင်ရောက်ရသေးပေ။

“ငါက ပန်းပဲပညာရှင်အဖြစ် စာရင်းမသွင်းရသေးဘူး။ ဘုရားမြို့ရဲ့ ပန်းပဲပညာအစည်းအရုံးကိုလည်း မဝင်ရောက်ရသေးဘူး”

အပေါ်ထပ်မှ ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က လှေကားထစ်မှ ဖြည်းဖြည်းချင်း ဆင်းလာပြီး ရှေ့တွင်ရှိသောလူများကို ကြည့်၍ လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။

“စာရင်းသွင်းဖို့က မဖြစ်မနေ လိုအပ်တာလား”

ပန်းပဲပညာအစည်းအရုံး၏ လူအိုကြီးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဟန်မူယဲ့ကို ပြန်လည်နှုတ်ဆက်သည်။

ဟန်မူယဲ့က ဘုရားမြို့တွင် နာမည်သိပ်မရှိသော်လည်း ပန်းပဲပညာအစည်းအရုံးက သူ့နာမည်ကို သိထားသည်။

အထူးသဖြင့် ဟယ်ရန်စွန်းအတွက် သူလုပ်ပေးထားသော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည် အလွန်အဆင့်မြင့်သည်။

“မဖြစ်မနေလိုအပ်တာတော့ မဟုတ်ပါဘူး”

ခေါင်းဆောင်အကြီးအကဲက လက်ကို ဝှေ့ယမ်းလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဒါပေမဲ့ စာရင်းသွင်းမထားဘူးဆိုရင် စီးပွားရေးအတွက် လျော့ဈေးရမှာမဟုတ်ဘူး”

ထို့နောက် သူက လှည့်ထွက်သွားသည်။ တခြားလူများကလည်း လိုက်သွားကြသည်။

‘လျော့ဈေးလား’

‘အကျိုးအမြတ်လား’

ဟန်မူယဲ့က ဟယ်ရန်စွန်းကို ကြည့်လိုက်သည်။

“ပန်းပဲပညာအစည်းအရုံးကို ဝင်ရောက်ပြီး စာရင်းသွင်းထားတဲ့လူတွေက ကုန်ပစ္စည်းဝယ်ယူတဲ့နေရာမှာ လျော့ဈေးရမယ်လို့ ပြောကြတယ်”

ဟယ်ရန်စွန်းက တီးတိုးပြောသည်။

‘ကုန်ပစ္စည်းဝယ်ရင် လျော့ဈေးရမှာလား’

‘ဘာဖြစ်လို့ စောစောက မပြောရတာလဲ’

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး တံခါးဝဆီသို့ ဦးတည်သည်။

“ငါက စာရင်းသွင်းပြီး တံဆိပ်ပြားယူလိုက်အုံးမယ်”

သူက ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို အများအပြားထုတ်လုပ်ရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ကုန်ကြမ်းပစ္စည်းကို အများအပြား လိုအပ်လိမ့်မည်။

သူက တတ်နိုင်သမျှ ချွေတာရမည်။

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး နောက်တွင်ရှိသော ဟယ်မိသားစု၏တပည့်ကို ကြည့်သည်။

“ငါက စာရင်းသွင်းဖို့ သွားလိုက်အုံးမယ်”

....

“ဟယ်ရန်စွန်းက ချပ်ဝတ်သခင်အဖြစ် စာရင်းသွင်းတော့မှာတဲ့”

ခြံဝိုင်းတစ်ခုတွင် လူတစ်ယောက်က စိုးရိမ်စွာ ပြေးလာပြီး သတင်းပေးလိုက်သည်။

‘ချပ်ဝတ်သခင်အဖြစ် စာရင်းသွင်းမှာလား’

‘သူက စာရင်းသွင်းသင့်တာ ကြာနေပြီ’

“သူက ဘယ်အဆင့်အထိ ‌ရောက်နိုင်မလဲ ကြည့်ရအောင်။ တကယ်လို့ ဖြစ်နိုင်ရင် အဆင့်တူအချင်းချင်း လောင်းကြေးတိုက်ပွဲ ထပ်လုပ်ရမယ်”

ခန်းဆောင်ထဲတွင်ရှိသော လူတစ်ယောက်က နှာမှုတ်လိုက်ပြီး ပြောသည်။

ဟယ်ရန်စွန်းက လောင်းကြေးပြိုင်ပွဲမှတစ်ဆင့် မိသားစု၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးသွားပြီး လောင်းကြေးတိုက်ပွဲမှတစ်ဆင့် ပြန်လည်ချမ်းသာလာသည်။

အစောပိုင်းတွင် ဟယ်ရန်စွန်းက စာရင်းသွင်းမထားသောကြောင့် ဘုရားမြို့တွင်ရှိသော လူများက သူနှင့် မတိုက်ချင်ကြပေ။

သို့သော် သူက တရားဝင် အဆင့်သတ်မှတ်ခံရလျှင် အခြေအနေက ပြောင်းလဲသွားလိမ့်မည်။

အဆင့်တူတွင် သူ့ကို စိန်ခေါ်နိုင်သောလူများ ရှိနေသည်။

ချက်ချင်းဆိုသလိုပင် ဟယ်ရန်စွန်းကို စောင့်ကြည့်နေသော မိသားစုများက စမ်းသပ်ရေးခန်းဆောင်သို့ လူလွှတ်လိုက်ကြသည်။

သူတို့က ဟယ်ရန်စွန်းကို အာရုံစိုက်နေသောကြောင့် ဘုရားမြို့၏ ပန်းပဲပညာအစည်းအရုံးသို့ ရောက်လာသော ဟန်မူယဲ့ကို သတိမထားမိကြပေ။

“ပန်းပဲဆရာအဖြစ် စာရင်းသွင်းမှာလား”

ဟန်မူယဲ့ကို ကြိုဆိုလိုက်သော သက်လတ်ပိုင်းအရွယ် ပန်းပဲပညာရှင်က ပြုံးသည်။

“ဘုရားမြို့ရဲ့ အစည်းအရုံးမှာ စာရင်းသွင်းရင် အနာဂတ်မှာ ကုန်ကြမ်းပစ္စည်း ဝယ်ယူမှုတိုင်းအတွက် ၂% လျော့ဈေးရလိမ့်မယ်”

“အဆင့်နှစ်ပန်းပဲပညာရှင် ဖြစ်လာရင် ၄% လျော့ဈေးရမယ်။ ချပ်ဝတ်နဲ့ ရုပ်သေးရုပ် ရောင်းချမှုအတွက်လည်း အခွန်တစ်ဝက် လျော့ကျသွားမယ်”

“အဆင့်သုံးဆိုရင် ၆% လျော့ဈေးရမယ်”

“အဆင့်လေးဆိုရင် ၈% လျော့ဈေးရမယ်”

“အဆင့်ငါးဆိုရင် ၁၀% လျော့ဈေးရမယ်”

“ဘုရားမြို့ရဲ့ ပန်းပဲပညာအစည်းအရုံးမှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရင် သယ်ယူပို့‌ဆောင်ရေး စရိတ်တွေအားလုံးအတွက် ကင်းလွတ်ခွင့်ရမယ်”

ဟန်မူယဲ့ကို ရှင်းပြနေသော သက်လတ်ပိုင်းအရွယ်လူက ရင်ဘတ်တွင် အဆင့်နှစ်တံဆိပ်ပြားကို တပ်ဆင်ထားသည်။ သူက ခပ်ဟဟရယ်လိုက်သည်။

“တာအိုရောင်းရင်း၊ စာရင်းသွင်းချင်တယ်ဆိုရင် ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပါ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူ့နောက်မှ လိုက်သွားသည်။ သူက မေးလိုက်သည်။

“အဆင့်ခြောက်နဲ့ အဆင့်ခုနစ်ဆိုရင် တခြားအကျိုးအမြတ်တွေ ရှိသေးလား”

လျော့ဈေး ၁၀%သည် ကောင်းမွန်သော်လည်း အများအပြား မဟုတ်ပေ။

လျော့ဈေးပိုရလျှင် လူတိုင်းက ကျေနပ်နေလိမ့်မည်။

သက်လတ်ပိုင်းအရွယ်ပန်းပဲပညာရှင်က ဟန်မူယဲ့ကို လှည့်ကြည့်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“တကယ်လို့ အဆင့်ခြောက်ပန်းပဲပညာရှင် ဖြစ်လာရင် ဘုရားမြို့က ပန်းပဲပညာအစည်းအရုံးရဲ့ လေးယောက်မြောက် မဟာအကြီးအကဲ ဖြစ်လိမ့်မယ်”

“အားလုံးကို ညှိနှိုင်းလို့ရတယ်”

“အဆင့်ခုနစ်ဆိုရင်တော့ ဘုရားမြို့က ပန်းပဲပညာအစည်းအရုံးရဲ့ ခေါင်းဆောင် ဖြစ်သွားလိမ့်မယ်”

“အစည်းအရုံးရဲ့ ကိစ္စရပ်တွေအားလုံးကို ဆုံးဖြတ်လို့ရတယ်”

ထို့နောက် သူက နောင်တရနေသော မျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး ပြောသည်။

“အရင်တုန်းက အဆင့်ခုနစ် ‌ခေါင်းဆောင်တစ်ယောက် ရှိခဲ့တယ်။ ဒါပေမဲ့ ဆယ်နှစ်အတွင်းမှာပဲ ဘုရားမြို့ကနေ ထွက်သွားတယ်။ အဲဒီလို ကျွမ်းကျင်သူက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး အကြာကြီးနေနိုင်မှာလဲ”

ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“တာအိုရောင်းရင်း၊ ဘယ်အဆင့်ကို ဖြေဆိုမှာလဲ။ ကုန်ကြမ်းပစ္စည်းတွေ ပြင်ထားလိုက်ပါမယ်”

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ပြောသည်။

“အဆင့်ခုနစ်ကို အရင်ဆုံး စမ်းကြည့်ရအောင်”

သက်လတ်ပိုင်းအရွယ် ပန်းပဲပညာရှင်၏မျက်နှာက တောင့်တင်းသွားသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။

“တာအိုရောင်းရင်းက စိုးရိမ်မနေဘူးပဲ။ ဒီလိုအချိန်မျိုးမှာတောင် စနောက်နေနိုင်တယ်”

သူက ရှေ့တွင်ရှိသော ကျောက်တုံးစင်မြင့်ကို ညွှန်ပြလိုက်သည်။

“များသောအားဖြင့် ဒီနေရာကိုရောက်လာတဲ့ လူတိုင်းက တုန်ခါနေလိမ့်မယ်”

ရှေ့တွင်ရှိသော ကျောက်တုံးစင်မြင့်သည် သုံးပေမြင့်ပြီး ဆယ်ပေကျယ်သည်။

ထိုနေရာတွင် ကုလားထိုင်ကိုးခုဖြင့် ဝိုင်းရံထားသော သစ်သားစားပွဲရှည်တစ်လုံး ရှိနေသည်။

ယခုအချိန်တွင် ကုလားထိုင်များက ဗလာဖြစ်နေသည်။

လူငယ်များသည် ကျောက်တုံးစင်မြင့်၏ဘေးတွင် ရပ်နေကြသည်။ သူတို့က စိတ်လှုပ်ရှားနေပြီး တချို့၏မျက်နှာက နီရဲနေသည်။ တချို့ကတော့ ဖြူဖျော့နေခဲ့သည်။

နှစ်ယောက်က လက်သီးဆုပ်ထားပြီး ခြေထောက်များပင် တုန်ခါနေသည်။

“ပန်းပဲပညာရှင်စမ်းသပ်ပွဲ စတင်ပြီ”

ကြေညာသံနှင့်အတူ ပုံရိပ်သုံးခုသည် ကုလားထိုင်များပေါ်သို့ ရောက်လာသည်။

ထိုပုံရိပ်များက ဝင်္ကပါမှတစ်ဆင့် ဖြစ်ပေါ်လာသော အကဲဖြတ်ပေးမည့် ကျွမ်းကျင်သူများ၏ပုံရိပ် ဖြစ်သည်။

“ပန်းပဲပညာရှင်စမ်းသပ်ပွဲကို ဘုရားမြို့က ကျင်းပပေးတာမဟုတ်ဘူး။ ပတ်ဝန်းကျင်မြို့တွေမှာရှိတဲ့ ပန်းပဲပညာအစည်းအရုံးရဲ့ အကြီးအကဲတွေကို ဆင့်ခေါ်ပြီး ကျင်းပလိုက်တာပဲ”

“စမ်းသပ်ပွဲမှာ ဒိုင်လူကြီးတွေကို ကျပန်းရွေးချယ်တာဖြစ်တဲ့အတွက် လှည့်စားဖို့ အရမ်းခက်တယ်”

ဟန်မူယဲ့၏ဘေးတွင်ရှိသော သက်လတ်ပိုင်းအရွယ်လူက ညင်သာစွာ ပြောလိုက်သည်။

ပန်းပဲပညာရှင်အစည်းအရုံးက သူထင်ထားသည်ထက် ပိုမိုသန်မာပုံရသည်။

အနည်းဆုံး ထိုဝင်္ကပါသည် သာမန်မဟုတ်ပေ။

“ကျောက်ယုဖျင်၊ အဆင့်တစ်ပန်းပဲပညာရှင်အဖြစ် စမ်းသပ်ပွဲစမယ်”

စင်မြင့်၏ရှေ့တွင် ဖြေဆိုမည့်လူများကို ကြီးကြပ်ပေးသောလူက အော်ဟစ်လိုက်သည်။

မီးခိုးရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က တင်းမာသောမျက်နှာထားဖြင့် စင်မြင့်ပေါ်သို့ လျှောက်လာသည်။ သူက စားပွဲပေါ်တွင်တင်ထားသော ဝိညာဉ်သတ္တုများကို ကြည့်လိုက်သည်။

“သူက ကျောက်မိသားစုရဲ့ မျိုးဆက်သစ်ပဲ။ အခုမှ စမ်းသပ်မှုလုပ်တာ ဖြစ်နိုင်တယ်”

ဟန်မူယဲ့၏ဘေးတွင်ရှိသော သက်လတ်ပိုင်းအရွယ်ပန်းပဲပညာရှင်က အထင်သေးနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ဘုရားမြို့ရဲ့ မိသားစုကြီးတွေက ပန်းပဲပညာအစည်းအရုံးကို သူတို့အပိုင်လိုမျိုး သတ်မှတ်ထားကြတာပဲ”

“စမ်းသပ်မှုအတွက် ဘာမှမပေးကြဘူး”

အဆင့်တစ်စမ်းသပ်ပွဲအတွက် လိုအပ်သောဝိညာဉ်သတ္တုများကို အကုန်အကျခံရန် မလိုအပ်ပေ။ သို့သော် ဖြေဆိုခအဖြစ် မူလဒင်္ဂါးတစ်ရာ ပေးရသည်။

ထိုဒင်္ဂါးများကို ပန်းပဲပညာအစည်းအရုံးက မရပေ။ ဒိုင်သုံးယောက်နှင့် ဝင်္ကပါအတွက် အသုံးပြုရသည်။

အမှန်အတိုင်းပြောရလျှင် ဘုရားမြို့၏ ပန်းပဲပညာအစည်းအရုံးက စမ်းသပ်မှုတိုင်းအတွက် ပိုက်ဆံကုန်နေသည်။

ကံကောင်းစွာဖြင့် သူတို့က အရောင်းအဝယ်မှတစ်ဆင့် ပြန်လည်ဖာထေးနိုင်သည်။

“ဝီ”

ကျောက်ယုဖျင်ဟုခေါ်သော လူငယ်က လက်မြှောက်ပြီး မီးတောက်ကို အသက်သွင်းသည်။ ထို့နောက် ဝိညာဉ်သတ္တုများကို မီးတောက်ထဲသို့ စနစ်တကျ ထည့်သွင်းနေသည်။

ထိုမြင်ကွင်းကြောင့် စင်မြင့်၏အောက်တွင်ရှိသော လူငယ်များက အားကျနေကြသည်။

“သူက မိသားစုကြီးရဲ့မျိုးဆက် ဖြစ်သင့်ပါတယ်။ ဝိညာဉ်မီးတောက်ကို ပိုင်ဆိုင်ထားတယ်”

“သူ့ရဲ့ နည်းစနစ်ကလည်း လေးနက်တယ်။ သေချာလေ့ကျင့်ထားလိမ့်မယ်”

သာမန်ပန်းပဲပညာရှင်များသည် ဝိညာဉ်မီးတောက်ကို မပိုင်ဆိုင်ကြပေ။ သူတို့က ဝိညာဉ်သတ္တုများကို သန့်စင်ပြီးလေ့ကျင့်ရန် အခွင့်အရေးမရှိပေ။

သို့သော် မိသားစုကြီးများကတော့ တတ်နိုင်သည်။

ဘုရားမြို့၏ အရင်းအမြစ်ကို များသောအားဖြင့် ထိုမိသားစုကြီးများက ချုပ်ကိုင်ထားသည်။

လူတစ်ယောက်က တိုးတက်လာချင်လျှင် မိသားစုကြီးတစ်ခုသို့ ဝင်ရောက်ရမည်။ တစ်ကိုယ်တော်ကျင့်ကြံသူ လုပ်နေလျှင် တိုးတက်ရန် ခက်ခဲလိမ့်မည်။

ကျင့်ကြံခြင်းလောကတိုင်းသည် အတူတူသာ ဖြစ်သည်။

မူလစကြဝဠာတွင် မိသားစုကြီးများ သိပ်မရှိပေ။ သို့သော် မရေမတွက်နိုင်သော အရင်းအမြစ်များကို ထိန်းချုပ်ထားသည့် ဂိုဏ်းနှင့် တိုင်းပြည်များ ရှိကြသည်။

ထို့ကြောင့် သန်မာသောအဖွဲ့အစည်းက ပိုမိုသန်မာလာလိမ့်မည်။

ဟန်မူယဲ့က စင်မြင့်ပေါ်တွင်ရှိသော ဝိညာဉ်မီးတောက်ကို ကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။

သူက ကျင့်ကြံခြင်းလောကသို့ ကူးပြောင်းလာသောအချိန်တွင် ပထမဆုံးခြေလှမ်းအဖြစ် အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်သို့ဝင်ရောက်ပြီး ဓားထိန်းတစ်ယောက်ဖြစ်လာရန် ကြိုးစားခဲ့သည်။

ယခု ပြန်တွေးကြည့်လိုက်သောအခါ သူ၏ ရွေးချယ်မှုက မှန်ကန်ခဲ့သည်။

“ခလွပ် ....”

စင်မြင့်ပေါ်တွင် မတူညီသော အပိုင်းအစနှစ်ဆယ်ကျော်က အနက်ရောင်သံမဏိပြားအဖြစ် ပြောင်းလဲသွားသည်။

ထိုသံမဏိပြားက တုန်ခါနေပြီး ပုဆိန်တစ်လက် ဖြစ်လာသည်။

အဆင့်တစ် ပန်းပဲပညာရှင်တစ်ယောက်အတွက် ချပ်ဝတ်နှင့်ရုပ်သေးရုပ်ကို သန့်စင်ရန် ခက်ခဲသည်။

ထို့ကြောင့် ဤစမ်းသပ်မှုတွင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို မသန့်စင်ခိုင်းပေ။

ကျောက်ယုဖျင်ဟုခေါ်သော လူငယ်က ပုဆိန်ကိုကောက်ယူပြီး အကြိမ်ရေအနည်းငယ်ခန့် ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် စားပွဲပေါ်တွင် တင်ထားသည်။

ဒိုင်သုံးယောက်က လက်မြှောက်ပြီး ချီစွမ်းအင်အလင်းကို ထုတ်လွှတ်သည်။

သူတို့က အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်ဟူ၍ ခွဲခြားပေးလိမ့်မည်။

All Chapters