← Chapters

အခန်း (၁၂၂၉)

Vol. 88 Ch. 1229

အခန်း (၁၂၂၉)

Vol. 88 Ch. 1229

“ဝီ”

တုန်ခါသံသည် စင်မြင့်တွင် ပေါ်ထွက်လာသည်။

ထိုင်ခုံကိုးခုသည် ဆယ့်သုံးခုအဖြစ် ပြောင်းလဲသွားသည်။

လူအိုကြီးတစ်ယောက် ထွက်သွားသောကြောင့် ကျန်ရှိနေသော လူလေးယောက်အပြင် နောက်ထပ်လူကိုးယောက် ရောက်လာခဲ့သည်။

ထိုလူများသည် ပုံရိပ်ယောင်သာ ဖြစ်သော်လည်း သူတို့၏ အငွေ့အသက်က ထူးခြားသည်။

လူတိုင်းက ရွှေရောင်တံဆိပ်ပြားကို ရင်ဘတ်တွင် တပ်ဆင်ထားသည်။

ထိုတံဆိပ်ပြားကြောင့် မာနဉ်ယွမ်နှင့် တခြားနှစ်ယောက်က မျက်လုံးပြူးသွားသည်။

“အဆင့်ကိုး”

ကျန်ရှိနေသော လူလေးယောက်မှလွဲ၍ ကျန်လူများအားလုံးက အဆင့်ကိုး ဖြစ်သည်။

“အဆင့်ခြောက်စမ်းသပ်မှုအတွက် အဆင့်ကိုးတွေ အများကြီးရောက်လာတာ ပျင်းစရာပဲ”

ပုံရိပ်တစ်ခုက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။

ထိုပုံရိပ်က ဆံပင်ဖြူနေသော လူအိုကြီးတစ်ယောက် ဖြစ်သည်။ မီးခိုးနှင့် မီးတောက်များသည် သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး လက်ထဲတွင် တူတစ်လက်ကိုင်ထားသည်။

တခြားလူများက တည်ငြိမ်နေပြီး သက်ဆိုင်ရာနေရာတွင် ထိုင်လိုက်ကြသည်။ သူတို့က ဟန်မူယဲ့ကိုကြည့်သည်။ ထို့နောက် လက်ဝါးအရွယ်အစားရှိသော ဗဟိုချက်ကို ဆက်ကြည့်သည်။

“ရုပ်သေးရုပ်ကို ဆင့်ခေါ်ပြီး ဗဟိုချက်နဲ့ အသက်သွင်းပါ။ စမ်းသပ်ပွဲရလဒ်ကို ကြည့်ရအောင်”

အနက်ရောင်ဝတ်စုံနှင့် ဒိုင်တစ်ယောက်က ညင်သာစွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ သူက အောက်တွင်ရှိသော ယုချန်တောက်ကို လှမ်းကြည့်သည်။

ယုချန်တောက်က စင်မြင့်ပေါ်သို့ တက်လာပြီး ရုပ်သေးရုပ်ကို ဆင့်ခေါ်သည်။

ရွှေရောင်ချပ်ဝတ်နှင့် သွက်လက်ပုံရသော အဆင့်ငါးရုပ်သေးရုပ် ပေါ်လာသည်။

သူက လက်မြှောက်ပြီး ရုပ်သေးရုပ်၏ပခုံးကို ပုတ်သည်။ ရုပ်သေးရုပ်က တုန်ခါသွားပြီး နောက်‌ကျောတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ထို့နောက် ပေဝက်ခန့်ရှိသော လေးထောင့်သေတ္တာလေးတစ်ခုကို ထုတ်ယူသည်။

ဟန်မူယဲ့ပြုလုပ်ထားသော ဗဟိုချက်နှင့် ယှဉ်ကြည့်လိုက်လျှင် ထိုဗဟိုချက်က အကြမ်းထည်ဆန်သည်။

ယုချန်တောက်က စားပွဲပေါ်တွင် ဟန်မူယဲ့တင်ထားသော ဗဟိုချက်ကို လှမ်းယူသည်။ သူက လက်နှစ်ဖက်ကို ပွတ်သပ်ပြီး လက်ချောင်းအရွယ်အစားရှိသော အစိမ်းရောင်သလင်းကျောက်တစ်ခုကို ဗဟိုချက်၏ ချိုင့်ခွက်ထဲတွင် ထည့်လိုက်သည်။

ထိုသလင်းကျောက်က အလယ်အလတ်အဆင့် မူလကျောက်တုံးဖြစ်ပြီး အဆင့်ခုနစ် ရုပ်သေးရုပ်အထိ အသုံးပြုနိုင်သည်။

အဆင့်မြင့်ရုပ်သေးရုပ်များအတွက် အဆင့်မြင့်မူလကျောက်တုံးကို လိုအပ်သည်။

ယုချန်တောက်က လက်ဝါးအရွယ်အစားရှိသော ဗဟိုချက်ကို ရုပ်သေးရုပ်၏နောက်ကျောတွင် ထည့်လိုက်သည်။ ဗဟိုချက်က မြူခိုးထုအဖြစ် ပြောင်းလဲပြီး ရုပ်သေးရုပ်၏ နောက်ကျောတွင်ရှိသော ဟာကွက်ကို ဖြည့်လိုက်သည်။

လှုပ်ရှားမှုကင်းမဲ့နေသော ရုပ်သေးရုပ်က တုန်ခါသွားပြီး ‌ခေါင်းမော့သည်။

ထို့အပြင် ရုပ်သေးရုပ်၏ မျက်လုံးများကလည်း တောက်ပလာသည်။

ယုချန်တောက်က ထူးဆန်းသောမျက်နှာထားဖြင့် လက်မြှောက်ပြီး ဝှေ့ယမ်းသည်။ သူ့ရှေ့တွင်ရှိသော ရုပ်သေးရုပ်ကလည်း လှုပ်ရှားလိုက်သည်။

ဒိုင်လူကြီးဆယ့်သုံးယောက်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။

အလင်းလွှာတစ်ခုသည် စင်မြင့်ထက်တွင် ပေါ်လာသည်။

ရုပ်သေးရုပ်က ဓားမော့ကိုင်ထားပြီး ဖျတ်ခနဲ ခုတ်ချလိုက်သည်။

“ဘုန်း”

ဓားမော့ခုတ်ချက်သည် အလင်းလွှာကို ပြင်းထန်စွာ ထိတွေ့သွားသည်။

အောက်တွင်ရှိသော ဝူဟွားက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

“အဲဒီဓားချက်က အားကောင်းတယ်။ အဆင့်ခြောက်အထွတ်အထိပ်ကို ရောက်နေပြီ”

ဗဟိုချက်ကို လဲလှယ်ထားသော အဆင့်ငါးရုပ်သေးရုပ်က အဆင့်ခြောက်စွမ်းအားကို ပိုင်ဆိုင်ခဲ့သည်။

ထို့ကြောင့် ဟန်မူယဲ့ပြုလုပ်ထားသော ဗဟိုချက်သည် အဆင့်ခြောက်ဖြစ်သည်။

သူက အဆင့်ခြောက်ပန်းပဲပညာရှင်အဖြစ် အရည်အချင်းပြည့်မီသည်။

စင်မြင့်ပေါ်တွင်ရှိသော ဒိုင်လူကြီးများက လေးနက်သောမျက်နှာထားဖြင့် ချဉ်းကပ်လာကြသည်။

“ဒီရုပ်သေးရုပ်က အနည်းဆုံး အဆငါးဆယ်လောက် ခွန်အားတိုးသွားတယ်”

“ဗဟိုချက်က ရုပ်သေးရုပ်ကို အားဖြည့်ပေးလိုက်တယ်။ ဒါပေမဲ့ ရုပ်သေးရုပ်ကို မထိခိုက်စေဘူး”

“သူက ဘယ်လိုလုပ်လိုက်တာလဲ။ မူလကျောက်တုံးရဲ့ စွမ်းအင်အသုံးချမှုကို မြှင့်တင်ဖို့ ပန်းပဲပညာရှင်တိုင်းက အခက်တွေ့နေတာလေ”

အဆင့်ကိုးပန်းပဲပညာရှင်များက မျက်လုံးပြူးပြီး ရုပ်သေးရုပ်ကို ကြည့်နေကြသည်။

သူတို့က ပုံရိပ်ယောင်များသာ ဖြစ်သောကြောင့် ရုပ်သေးရုပ်နှင့် အမှန်တကယ် မထိတွေ့နိုင်ပေ။

ယုချန်တောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် ဗဟိုချက်ကို ပြန်ပေးသည်။

“ဝီ”

မြူခိုးသဖွယ်ဖြစ်နေသော ဗဟိုချက်က လက်ဝါးအရွယ်အစား သံမဏိပြားအဖြစ် ပြန်ပြောင်းသွားသည်။

“ပုံရိပ်ယောင်ကနေ အစစ်အမှန်ကို ပြောင်းလဲတာလား”

“အနိမ့်ဆုံးစွမ်းအင်ပြောင်းလဲမှု ဖြစ်စဉ်လား’

“အကြံကောင်းပဲ”

လူတိုင်း၏ မျက်လုံးများက တောက်ပသွားသည်။

တူကိုင်ထားသော လူအိုကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး ဟန်မူယဲ့၏မျက်နှာကို စိုက်ကြည့်သည်။

“ကောင်လေး၊ အဟမ်း မဟုတ်ဘူး .... ညီလေး။ အဲဒီဗဟိုချက်ကို ဘယ်လိုလုပ်ရတာလဲ သင်ပေးနိုင်မလား”

‘သင်ပေးရမှာလား’

‘အဆင့်ကိုးပန်းပဲပညာရှင်က အဆင့်ခြောက်ပဲရှိသေးတဲ့ ပန်းပဲပညာရှင်ကို သင်ပေးဖို့ တောင်းဆိုနေတာလား’

ထိုမြင်ကွင်းကြောင့် ဘုရားမြို့မှ ပန်းပဲပညာရှင်အစည်းအရုံး၏ မဟာအကြီးအကဲသုံးယောက်က ကြောင်အသွားသည်။

“တာအိုရောင်းရင်း၊ ဒါက စည်းကမ်းနဲ့ ဆန့်ကျင်နေတယ်”

အစိမ်းရောင်ဝတ်စုံနှင့် ပန်းပဲပညာရှင်က ဗဟိုချက်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

အမှန်တကယ်ပင် စည်းကမ်းနှင့် ဆန့်ကျင်နေသည်။

ပန်းပဲပညာရှင်တိုင်းသည် ကိုယ်ပိုင်ဉာဏ်အလင်းကို ပိုင်ဆိုင်ကြသည်။

ဟန်မူယဲ့၏ ဗဟိုချက်သည်လည်း ကိုယ်ပိုင်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသည်။

“ပန်းပဲပညာရလဒ်တွေကို တစ်ဖက်လူရဲ့ သဘောဆန္ဒမရှိဘဲ အတင်းအကျပ် တောင်းဆိုနေမယ်ဆိုရင် အစည်းအရုံးကနေ ထုတ်ပယ်ခံရမယ်”

တင်းမာသောမျက်နှာထားဖြင့် လူအိုကြီးတစ်ယောက်က တူကိုင်ထားသော လူအိုကြီးကို ကြည့်လိုက်သည်။

လူအိုကြီး၏မျက်နှာက တောင့်တင်းသွားပြီး ဗဟိုချက်နှင့် ပတ်ဝန်းကျင်တွင်ရှိသော လူများကို ကြည့်သည်။

ခဏအကြာတွင် သူက တူကို သိမ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းကို ဘယ်မြို့မှာ လာရှာရမလဲ။ ငါက မင်းဆီကို လာခဲ့မယ်”

“ငါက မင်းရဲ့တပည့် ဖြစ်ချင်တယ်”

တပည့် ....

အဆင့်ကိုးပန်းပဲပညာရှင်သည် အဆင့်ခြောက်ပန်းပဲပညာရှင်၏တပည့် ဖြစ်ချင်နေသည်။

တခြားဒိုင်လူကြီးများ၏ မျက်နှာထားက ထူးဆန်းသွားသည်။ မာနဉ်ယွမ်တို့ သုံးယောက်ကလည်း ဆွံ့အနေသည်။

‘ဒါက လူတိုင်းရဲ့အထက်မှာရှိတဲ့ အဆင့်ကိုးပန်းပဲပညာရှင် မဟုတ်ဘူးလား’

ဟန်မူယဲ့က စိတ်အားထက်သန်နေသော လူအိုကြီးကိုကြည့်လိုက်ပြီး ပြုံးသည်။

“စမ်းသပ်မှုကို အရင်ပြီးအောင် လုပ်လိုက်ပါအုံးမယ်”

လူအိုကြီးက အနည်းငယ် စိတ်ပျက်သွားသည်။

“အဆင့်မြင့်”

အနက်ရောင်ဝတ်စုံနှင့် ဒိုင်လူကြီးတစ်ယောက်က အကဲဖြတ်ပေးလိုက်သည်။

တခြားလူများအားလုံးကလည်း အဆင့်မြင့်အဖြစ် သတ်မှတ်ပေးသည်။

ဟန်မူယဲ့က ဘုရားမြို့၏ လေးယောက်မြောက် အဆင့်ခြောက်ပန်းပဲပညာရှင် ဖြစ်လာသည်။

“တာအိုရောင်းရင်း၊ မင်းရဲ့ ဗဟိုချက်နည်းစနစ်က အရမ်းတန်ဖိုးရှိတယ်”

အစိမ်းပုပ်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လက်ဝါးဖွင့်ပြသည်။ ထူးခြားသော အမှတ်အသားတစ်ခုသည် သူ့လက်ထဲတွင် ရှိနေသည်။

“မင်းက ရောင်းဖို့ စိတ်ဝင်စားရင် ငါ့ကို လာရှာနိုင်တယ်”

ထိုအမှတ်အသားသည် ပန်းပဲပညာရှင်ကို ကိုယ်စားပြုသည်။ တခြားပန်းပဲပညာရှင်တစ်ယောက်က ထိုအမှတ်အသားကို လွယ်ကူစွာ ချေဖျက်ပြီး အထဲတွင်ရှိသော အချက်အလက်ကို ရှာဖွေနိုင်သည်။

ထို့နောက် ထိုလူအိုကြီးက ပျောက်ကွယ်သွားသည်။

တခြားလူများကလည်း ကိုယ်ပိုင်အမှတ်အသားကို ထုတ်ယူပြီး ဟန်မူယဲ့ကို ပြလိုက်ကြသည်။

တူကိုင်ထားခဲ့သော လူအိုကြီးသည် နောက်ဆုံးမှ ထွက်သွားခဲ့သည်။ သူက ကိုယ်ပိုင်အမှတ်အသားကို ပြသရုံသာမက သူ့ကို လာရှာရန် ထပ်ကာတလဲလဲ ပြောသွားသည်။

အဆင့်ကိုးများအားလုံး ထွက်သွားသောအခါ ကျန်ရှိနေသော ဒိုင်လေးယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပျောက်ကွယ်သွားကြသည်။

ဟန်မူယဲ့က စမ်းသပ်မှုကို ဆက်လုပ်မည်ဆိုလျှင်ပင် သူတို့က ဆက်ရှိနေရန် မလိုအပ်တော့ပေ။

သူတို့က အဆင့်ခုနစ်ပန်းပဲပညာရှင် ဖြစ်သောကြောင့် အဆင့်ခြောက်အထိသာ အကဲဖြတ်ပေးနိုင်သည်။

ယုချန်တောက်၊ ဝူဟွားနှင့် မာနဉ်ယွမ်တို့က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဟန်မူယဲ့ကို နှုတ်ဆက်လိုက်ကြသည်။

“တာအိုရောင်းရင်းဟန်က အခုအချိန်ကစပြီး ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ လေးယောက်မြောက်မဟာအကြီးအကဲ ဖြစ်လာတော့မယ်”

“အစည်းအရုံးရဲ့ ကိစ္စရပ်တိုင်းမှာ ပါဝင်ဆင်နွှဲနိုင်ပါတယ်”

သူတို့သုံးယောက်က ပြုံးလိုက်ကြသည်။

ဟန်မူယဲ့က တခြားလူများနှင့် မတူပေ။ သူက အလွန်ထူးချွန်သောကြောင့် အဆင့်ကိုး ပန်းပဲပညာရှင်များကိုပင် အံ့အားသင့်သွားစေသည်။

ထိုလူမျိုးကို တားဆီးရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် သေချာလေး မြှောက်ပင့်ထားရမည်။

ထို့အပြင် ထိုလူမျိုးသည် ဘုရားမြို့တွင် အချိန်ကြာမြင့်စွာ နေထိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့ ထွက်သွားသောအခါ ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးသည် သူတို့သုံးယောက်၏ လက်ထဲတွင်သာ ရှိနေလိမ့်မည်။

သူတို့သုံးယောက်၏စကားကို ကြားရ‌သောအခါတွင် ဟန်မူယဲ့က ပြန်လည်နှုတ်ဆက်လိုက်သည်။ ပြောသည်။

“စစ်ဆေးမှုကို ဆက်လုပ်လို့ရ‌သေးလား သိချင်မိတယ်”

‘ဆက်လုပ်မှာလား’

မာနဉ်ယွမ်တို့က တုန်ခါသွားကြသည်။

ယုချန်တောက်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပြုံးသည်။

“ရတာပေါ့”

“အဆင့်ခုနစ် ပန်းပဲပညာရှင် ဖြစ်သွားရင် ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်။ ဒါက ဘုရားမြို့အတွက် ဂုဏ်ယူစရာပါပဲ”

သူက စကားပြောလိုက်ပြီး ဝိညာဉ်သတ္တုများကို ထုတ်ပေးသည်။

“ဘုရားမြို့ရဲ့ အစည်းအရုံးမှာ အဆင့်ခုနစ်အတွက် လိုအပ်တဲ့ဝိညာည်သတ္တုတွေ မရှိဘူး။ မင်းတို့နှစ်ယောက်လည်း စုဆောင်းထားတာတွေထုတ်ပြီး ဆရာဟန်ကို စမ်းသပ်မှုလုပ်နိုင်အောင် ကူညီပေးသင့်တယ်”

ဘုရားမြို့တွင် အဆင့်ခြောက်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များ မရှိပေ။ ထို့ကြောင့် ပန်းပဲပညာရှင် အစည်းအရုံးတွင်လည်း အဆင့်မြင့်သတ္တုများ မရှိပေ။

ထို့အပြင် အဆင့်ခုနစ်ပန်းပဲပညာရှင် တစ်ယောက်မှမရှိသောကြောင့် မြို့ထဲတွင် အဆင့်ခုနစ် ဝိညာဉ်သတ္တုများကို မရှာနိုင်ပေ။

မာနဉ်ယွမ်နှင့် ဝူဟွားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စု‌ဆောင်းထားသော ဝိညာဉ်သတ္တုများကို လျင်မြန်စွာ ထုတ်ပေးသည်။

ချက်ချင်းဆိုသလိုပင် စမ်းသပ်မှုအတွက် လုံလောက်သွားသည်။

ထိုသုံးယောက်က သူ့ကို မျက်နှာချိုသွေးရန် ကြိုးစားနေကြောင်း ဟန်မူယဲ့က နားလည်သည်။ ထိုဝိညာဉ်သတ္တုများသည် အနည်းဆုံး မူလဒင်္ဂါးသုံးသိန်း ကုန်ကျလိမ့်မည်။

“ဝီ”

အလင်းလွှာတစ်ခုသည် စင်မြင့်တွင် ပေါ်ထွက်လာပြီး ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။

အထဲတွင်ရှိသော မြင်ကွင်းကို မည်သူမှ မမြင်နိုင်တော့ပေ။

“အပြင်ဘက်မှာ စောင့်နေကြရအောင်”

ယုချန်တောက်က ခံစားချက်တချို့နှင့်အတူ ပြောသည်။

သူတို့က အဆင့်ခုနစ် စစ်ဆေးမှုကို စောင့်ကြည့်ရန် အဆင့်မမီပေ။

မာနဉ်ယွမ်နှင့် ဝူဟွားက ‌ခေါင်းညိတ်လိုက်ပြီး ခန်းဆောင်ထဲမှ ထွက်သွားကြသည်။

အပြင်ဘက်တွင် အဆင့်လေးနှင့် အဆင့်ငါး ပန်းပဲပညာရှင်များက သူတို့ဆီသို့ ချဉ်းကပ်လာသည်။

“ဆရာမာ၊ ဆရာဟန်ရဲ့ စမ်းသပ်မှုက ဘယ်လိုဖြစ်သွားပြီလဲ”

“ဆရာဝူ၊ စိတ်ချပါ။ ဘုရားမြို့က မဟာအကြီးအကဲသုံးယောက်အတွက်ပါပဲ။ ဒီအခြေအနေကို ဘယ်သူမှ မပြောင်းလဲနိုင်ပါဘူး”

အဆင့်ငါးပန်းပဲပညာရှင်နှစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။

တခြားလူများကလည်း ထောက်ခံနေကြသည်။

“ဟုတ်တယ်။ ဆရာဟန်က ဟယ်မိသားစုဈေးဆိုင်မှာနေတယ်လို့ ကြားမိတယ်။ သူ့မှာ နောက်ခံမရှိပါဘူး”

“ဟမ့်၊ ဒီလိုလူမျိုးက ဘုရားမြို့မှာ မဟာအကြီးအကဲတစ်ယောက် ဖြစ်လာချင်နေတယ်။ သူ့မှာ လုံလောက်တဲ့အရင်းအမြစ်တွေ ရှိလို့လား”

သူတို့က စကားပြောလိုက်ပြီး မဟာအကြီးအကဲသုံးယောက်၏ မျက်နှာထားကို လေ့လာနေကြသည်။

ဘုရားမြို့သည် အဆင့်ခြောက်ပန်းပဲပညာရှင်များကို မွေးထုတ်ပေးခဲ့သည်။

သို့သော် သူတို့အားလုံးက ထွက်သွားပြီး လူသုံးယောက်သာ ကျန်ရစ်ခဲ့သည်။

လမ်းမှားကို ရွေးချယ်မိသော ပန်းပဲပညာရှင်များက အခက်အခဲနှင့် ရင်ဆိုင်ရသည်။ ထို့ကြောင့် ယခုအချိန်တွင် သူတို့အားလုံးက ပါးနပ်နေကြသည်။

All Chapters