← Chapters

အခန်း (၁၂၃၁)

Vol. 88 Ch. 1231

အခန်း (၁၂၃၁)

Vol. 88 Ch. 1231

သူတို့က ဝင်္ကပါအလင်းလွှာတွင် ဟန်မူယဲ့၏ ချပ်ဝတ်သန့်စင်သော လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်ကြည့်လိုက်ကြသည်။

ဟန်မူယဲ့၏ လှုပ်ရှားမှုအားလုံးသည် ပြန်ပေါ်လာခဲ့သည်။

နှစ်နာရီကြာသွားသည်။

ဟန်မူယဲ့၏ မျက်လုံးများက တောကပ်လာသည်။

သူ၏ နည်းစနစ်သည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

သူအသုံးပြုခဲ့သော နည်းစနစ်ကို တခြားလူများက ခိုးယူ၍ အသုံးပြုနိုင်သည်။

ထိုအရာသည် အစည်းအရုံးသို့ ဝင်ရောက်ရန် ပေးဆောင်ရသော တန်ဖိုး ဖြစ်လိမ့်မည်။

အစည်းအရုံးက ထိုနည်းလမ်းဖြင့် လူသစ်များကို ဆွဲဆောင်ပြီး နည်းစနစ်အသစ်ကို ဖန်တီးသည်။

ထို့ကြောင့် သင့်တော်သော အကျိုးအမြတ်ကိုလည်း ပြန်ပေးသည်။

စာရင်းသွင်းထားသော ပန်းပဲပညာရှင်တိုင်းသည် သက်ဆိုင်ရာအဆင့်အတိုင်း အကျိုးအမြတ်ကို ပြန်ရသည်။

ထို့ကြောင့် ပန်းပဲပညာရှင်များက အစည်းအရုံးသို့ ဝင်ရောက်ရန် ဆန္ဒရှိကြသည်။

“မြို့ကြီးတွေရဲ့ ခွဲခြားပြီးသန့်စင်တဲ့ နည်းလမ်းလား”

ဆံပင်ဖြူနေသော အကြီးအကဲတစ်ယောက်က ညင်သာစွာပြောသည်။

“သူတို့ရဲ့ နည်းလမ်းမှာလည်း ကိုယ်ပိုင်အားသာချက်တွေ ရှိနေတယ်။ ခွဲထုတ်လိုက်တဲ့ အစိတ်အပိုင်းတွေက ထူးခြားတဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားတယ်”

တခြားအကြီးအကဲတစ်ယောက်က ပြောသည်။

“ဟမ့်၊ အဲဒီမြို့ကြီးတွေရဲ့ ခွဲခြားသန့်စင်တဲ့ နည်းစနစ်က ပိုပြီး အဆင့်မြင့်လာပြီ။ ပန်းပဲပညာရှင်တွေက သာမန်အလုပ်သမားတွေအဖြစ် ပြောင်းသွားတော့မယ်”

ဆံပင်ချထားသော လူအိုကြီးတစ်ယောက်က မကျေမနပ် ပြောသည်။

စင်မြင့်ပေါ်တွင်ရှိသော သူတော်စင်အဆင့် ပန်းပဲပညာရှင်များက ခေါင်းညိတ်လိုက်ကြသည်။

မြို့ကြီးများတွင်ရှိသော ပန်းပဲပညာရှင်များသည် အမွေအနှစ်ကို ဂရုမစိုက်ကြပေ။ သူတို့က နည်းစနစ်၏ ထိရောက်မှုကိုသာ ဂရုစိုက်ကြသည်။

ထို့ကြောင့် သူတို့၏ နည်းလမ်းများက ထူးခြားသော်လည်း အခြေခံအုတ်မြစ်က အလွန်ဆိုးဝါးသည်။

အမွေအနှစ်ကို တန်ဖိုးထားသော အစည်းအရုံးမှ ပန်းပဲပညာရှင်များ၏အမြင်တွင် ထိုလူများက ပန်းပဲပညာရှင် မဟုတ်ပေ။

စက်မှုပညာရှင်အဖြစ်သာ ယူဆနိုင်သည်။

“အားလုံးပဲ ငါတို့ မပြောင်းလဲနိုင်တဲ့အရာတွေ ရှိနေတယ်”

အရပ်ရှည်သော လူအိုကြီးတစ်ယောက်က တခြားလူများကို ကြည့်လိုက်ပြီး ဟန်မူယဲ့နှင့် ချပ်ဝတ်ကိုဆက်ကြည့်သည်။

“ဒီနေ့စမ်းသပ်မှုက အောင်မြင်တာလား၊ ကျရှုံးတာလား”

တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အကဲဖြတ်ပေးကြသည်။

ဤတစ်ကြိမ်တွင် ဒိုင် ၂၁ယောက်လုံးက အကဲဖြတ်ပေးရမည်။

အဆင့်မြင့်၊ အလယ်အလတ်များအပြင် အဆင့်နိမ့်ပေးသော ဒိုင်ခုနစ်ယောက်လည်း ရှိနေသည်။

“သုံးပုံနှစ်ပုံက အဆင့်မြင့်နဲ့ အလယ်အလတ်အဖြစ် သတ်မှတ်ပေးတဲ့အတွက် စမ်းသပ်မှု အောင်မြင်တယ်”

“နယ်မြေခံမြို့တွေမှာ အများဆုံး အဆင့်ကိုးအထိပဲ စမ်းသပ်မှုခံယူနိုင်တယ်”

“သူတော်စင်အဆင့်ကို စိန်ခေါ်ချင်တဲ့ အဆင့်ကိုးပန်းပဲပညာရှင်တွေက နယ်မြေခံမြို့မှာ နှစ်ပေါင်းတစ်ရာ နေရမယ်။ အဲဒါမှ အစည်းအရုံးရဲ့ ဌာနချုပ်ကိုလာပြီး အထောက်အထားနဲ့အတူ သူတော်စင်အဆင့်ကို ဖြေဆိုနိုင်မယ်”

“အဆင့်ကိုးပန်းပဲပညာရှင်တွေက သက်ဆိုင်ရာမြို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးအလိုက် ခံစားခွင့်တွေ ရှိတယ်”

“မိုင်တစ်သိန်းပတ်ဝန်းကျင်က မြို့တွေအားလုံးမှာ တူညီတဲ့ခံစားခွင့်ကို ရရှိမယ်” ‘

“ဒီနေ့ စစ်ဆေးမှုအရ ဖြေဆိုသူ ဟန်မူယဲ့က ဘုရားမြို့နဲ့ မိုင်တစ်သန်းပတ်ဝန်းကျင်မှာရှိတဲ့ မြို့ပေါင်း ၈၅၂မြို့မှာ ငါးယောက်မြောက် အဆင့်ကိုးပန်းပဲပညာရှင် ဖြစ်လာတယ်”

“မိုင်တစ်သန်းအတွင်းမှာ အခြေချနေထိုင်တဲ့ သူတော်စင်အဆင့် ပန်းပဲပညာရှင်နှစ်ယောက် ရှိတယ်။ ဟန်မူယဲ့ကို ဒီနေ့မှာ အဆင့်ကိုးပန်းပဲပညာရှင်အဖြစ် သတ်မှတ်လိုက်တယ်”

အမျိုးမျိုးသော ခံစားခွင့်နှင့် တာဝန်ဝတ္တရားများ ရှိနေသည်။

ထိုအချက်များကို ဖတ်ပြရန်အတွက် သူတော်စင်အဆင့် ပန်းပဲပညာရှင်များက တစ်နာရီ အချိန်ယူခဲ့ရသည်။

“ဆရာဟန်က ဘုရားမြို့မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တဲ့အတွက် အဆင့်ကိုးဝိညာဉ်သတ္တု၊ ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို ရောင်းဝယ်နိုင်တယ်”

“ဆရာဟန်ရဲ့ နာမည်ကို မိုင်တစ်သန်းပတ်ဝန်းကျင်မှာရှိတဲ့ ဌာနခွဲအားလုံးဆီ သတင်းပို့ပေးရမယ်”

“ဆရာဟန်ရဲ့ နာမည်တံဆိပ်ပြားကို ဌာနချုပ်က သုံးလအတွင်း ပို့ပေးလိမ့်မယ်”

အဆင့်သတ်မှတ်ချက်နှင့် အထောက်အထားများသည် အတားအဆီး ဖြစ်သည်။

ဟန်မူယဲ့က အဆင့်ကိုးသို့မရောက်ခင် တခြားလူများက သူ့ကို အေးစက်စွာ ကြည့်လိမ့်မည်။

သူက အဆင့်ကိုး ဖြစ်သွားသောအခါ ထိုလူများ၏အကြည့်က အရေးမပါတော့ပေ။

အဆင့်ကိုးဒိုင်လူကြီးများက ဟန်မူယဲ့နှင့် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

သူတော်စင်အဆင့် ဒိုင်လူကြီးများကလည်း ဟန်မူယဲ့ကို အလည်လာရန် ဖိတ်ခေါ်ကြသည်။

သူတို့အားလုံးက နာမည်အမှတ်အသားကို ချန်ထားခဲ့ကြသည်။

“ဒီနေရာမှာ အဆင့်ခုနစ်တံဆိပ်ပြားကိုပဲ ရနိုင်တယ်။ ဆရာဟန်က ကျေးဇူးပြုပြီး သည်းခံပေးပါအုံး”

အရပ်ရှည်သော အကြီးအကဲက လက်မြှောက်သည်။ ရွှေအလင်းများသည် စင်မြင့်ပေါ်တွင် စုစည်းလာပြီး တံဆိပ်ပြားတစ်ခုအဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့ဆီသို့ ကျဆင်းလာသည်။

ချောင်ကျသော ဘုရားမြို့လေးသည် အဆင့်ကိုးတံဆိပ်ပြားကို ထုတ်မပေးနိုင်ပေ။

အဆင့်ကိုးတံဆိပ်ပြားကို ဌာနချုပ်က ပို့ပေးလိမ့်မည်။ သို့သော် အဆင့်ခုနစ် တံဆိပ်ပြားသည် ဟန်မူယဲ့အတွက် ပြဿနာမရှိပေ။

သူက ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးကို အဆင့်ခုနစ်တံဆိပ်ပြားဖြင့် ချုပ်ကိုင်ထားနိုင်သည်။

ပွင့်လင်းစွာ ပြောရလျှင် သူက လျော့ဈေးလိုချင်ရုံသာ ဖြစ်သည်။

စင်မြင့်ပေါ်တွင်ရှိသော အလင်းလွှာများအားလုံးက ပျောက်ကွယ်သွားပြီး ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော တံဆိပ်ပြားကိုသာ ချန်ရစ်ခဲ့သည်။ သူက ဖြည်းဖြည်းချင်း စင်မြင့်ပေါ်မှ ဆင်းသွားသည်။

ခန်းဆောင်တံခါးဝသို့ ရောက်‌သောအခါ သူက တံခါးကို တွန်းဖွင့်လိုက်သည်။

မာနဉ်ယွမ်၊ ယုချန်တောက်နှင့် ဝူဟွားတို့က အပြင်ဘက်တွင် စောင့်နေကြသည်။

တခြားပန်းပဲပညာရှင်များကလည်း ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ယခင်က စမ်းသပ်မှုခံယူခဲ့သော လူငယ်များနှင့် ဟန်မူယဲ့ကို လမ်းပြပေးခဲ့သော ကျန်းကျီအန်းတို့က အဝေးတစ်နေရာတွင် ရှိနေပြီး ခေါင်းမော့ကြည့်လိုက်ကြသည်။

“သူက အဆင့်ခုနစ်ဖြစ်သွားပြီလို့ ငါ့ကိုမပြောနဲ့နော်”

ကျန်းကျီအန်း၏ဘေးတွင်ရှိသော လူငယ်က ပြောလိုက်သည်။

အဓိကခန်းဆောင်ထဲတွင်ရှိသော လူခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ကသာ အဆင့်ခုနစ်ဖြစ်တော့မည့် ပန်းပဲပညာရှင်တစ်ယောက် ရှိနေကြောင်း သိကြသည်။ သူတို့အားလုံးက ဟန်မူယဲ့ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

‘ငါတို့က ဒီနေ့မှာ အဆင့်ခုနစ် ပန်းပဲပညာရှင်တစ်ယောက် မွေးဖွားလာတာကို မြင်ရတော့မှာလား’

“ဆရာဟန်၊ စမ်းသပ်မှုက ဘယ်လိုဖြစ်သွားပြီလဲ”

ယုချန်တောက်က အသက်ရှူသွင်းလိုက်ပြီး ညင်သာစွာမေးသည်။

သူ့စကားကို ကြားရသောအခါတွင် လူတိုင်းက အသက်ရှူအောင့်ထားလိုက်သည်။

ဟန်မူယဲ့က လက်မြှောက်သည်။ ရွှေရောင်တံဆိပ်ပြားသည် သူ့လက်ထဲတွင် ပေါ်လာသည်။

အဆင့်ခုနစ် ဖြစ်သည်။

ဘုရားမြို့၏ နံပတ်တစ် ပန်းပဲပညာရှင် ....

ယုချန်တောက်၏ဘေးတွင်ရှိသော ဝူဟွားက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး လေးစားစွာ ဦးညွတ်သည်။

“အစည်းအရုံး‌ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”

တခြားလူများကလည်း သတိဝင်လာပြီး ဦးညွတ်လိုက်ကြသည်။

“အစည်းအရုံး‌ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“အားလုံးက ကြင်နာလွန်းနေပါပြီ။ နောက်ကျရင် ပန်းပဲပညာရပ်အကြောင်း ဆွေးနွေးကြတာပေါ့”

ထို့နောက် သူက မဟာအကြီးအကဲသုံးယောက်ကို ကြည့်လိုက်ပြီး ပြောသည်။

“မဟာအကြီးအကဲတို့ အစည်းအရုံးရဲ့ ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး ဆွေးနွေးကြမလား”

သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လျင်မြန်စွာ ပြောသည်။

“ကျွန်တော်တို့ကို အကြီးအကဲလို့ပဲခေါ်ပါ”

“ခေါင်းဆောင် ကျေးဇူးပြုပြီး ကျွန်တော်တို့နောက်ကို လိုက်ခဲ့ပေးပါ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ယုချန်တောက်တို့နှင့်အတူ ဘေးတွင်ရှိသော ခန်းဆောင်ထဲသို့ ဝင်သွားသည်။

ဟန်မူယဲ့တို့ ပျောက်ကွယ်သွားသောအခါ ကျန်ရှိနေသောလူများက ဆူညံစွာ ဆွေးနွေးလိုက်ကြသည်။

“ခေါင်းဆောင်၊ ဟားဟား။ ငါတို့ ဘုရားမြို့မှာ အဆင့်ခုနစ်ခေါင်းဆောင်တစ်ယောက် ရှိလာပြီ”

“မဟာအကြီးအကဲသုံးယောက်ရဲ့ခေတ်က ကုန်ဆုံးသွားပြီ။ ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးကို အဆင့်ခုနစ်‌ခေါင်းဆောင်က ဦးဆောင်တော့မယ်”

“ငါတို့ အစည်းအရုံးကို တခြားမြို့တွေက နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ထားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ငါတို့က ခေါင်းမော့နိုင်ပြီ”

အဆင့်လေးနှင့် အဆင့်ငါး ပန်းပဲပညာရှင်များက အနာဂတ်ကို မျှော်လင့်နေကြသည်။ ခေါင်းဆောင်ဟန်က အနည်းငယ် ညွှန်ပြပေးလျှင် သူတို့၏ ပန်းပဲပညာစွမ်းရည်က တိုးတက်လာလိမ့်မည်။

တခြားလူများကလည်း စိတ်လှုပ်ရှားနေကြသည်။

အဆင့်ခုနစ်ပန်းပဲပညာရှင်တစ်ယောက် ရှိနေသောကြောင့် ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးက အပြည့်အဝ ပြောင်းလဲသွားလိမ့်မည်။

သူတို့က တခြားမြို့၏ ပန်းပဲပညာရှင်များရှေ့တွင် ခေါင်းငုံ့ထားရန် မလိုတော့ပေ။

“ခေါင်းဆောင်က ဘုရားမြို့မှာ ဘယ်လောက်ကြာအောင် နေမှာလဲ”

စိတ်လှုပ်ရှားမှုများ အပြီးတွင် လူတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

ကျန်းကျီအန်းကတော့ မည်သည့်အရာကိုမှ မကြားနိုင်တော့ပေ။ သူ၏ ဦးခေါင်းတစ်ခုလုံးက တဝီဝီမြည်နေသည်။

သူကြိုဆိုပေးခဲ့သော လူတစ်ယောက်က ခေါင်းဆောင်ဖြစ်လာသည်။

ထို့ကြောင့် ဆုလာဘ်ချီးမြှင့်ခံရမည့်အပြင် အစည်းအရုံး၏ ပန်းပဲပညာရှင်များရှေ့တွင် ယုံကြည်ချက်ရှိစွာ လျှောက်သွားနိုင်လိမ့်မည်။

“ညီအစ်ကိုကျန်းကျီအန်း၊ အနာဂတ်မှာ ငါတို့ကို ကူညီပေးအုံးနော်”

သူ့ဘေးတွင်ရှိသော သက်လတ်ပိုင်းအရွယ် ပန်းပဲပညာရှင်က အားကျနေပြီး ညင်သာစွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ အကူအညီလိုရင် ပြောလိုက်ပါ”

ကျန်းကျီအန်းက မနေနိုင်တော့ဘဲ ပြုံးသည်။

....

ဘုရားမြို့၏ ချပ်ဝတ်သခင်ခန်းဆောင် ....

ထိုနေရာတွင် လူများနှင့် ပြည့်နှက်နေသည်။

တချို့က ချပ်ဝတ်သခင်အဖြစ် စာရင်းသွင်းရန် ရောက်လာသော လူငယ်များ ဖြစ်ကြသည်။ တချို့ကတော့ မိသားစုကြီးများ စေလွှတ်ထားသော သတင်းပေးများ ဖြစ်သည်။

သူတို့အားလုံးက စင်မြင့်ပေါ်တွင် အစွမ်းပြနေသော ပုံရိပ်ကို ကြည့်လိုက်သည်။

“အဲဒီဟယ်ရန်စွန်းက အတော်လေး ရဲတင်းတာပဲ။ အဆင့်နှစ်ချပ်ဝတ်သခင်အဖြစ် တိုက်ရိုက်စိန်ခေါ်ရဲတယ်”

အောက်တွင်ရှိသော လူတစ်ယောက်က ရေရွတ်လိုက်သည်။

“ဟားဟား၊ သူအောင်မြင်သွားရင် မကောင်းဘူးလား”

လူတစ်ယောက်က အသာအယာ ပြုံးလိုက်ပြီး ပြောသည်။

“ပညာသင်အဆင့်မှာ သူက ပြိုင်ဘက်ကင်းတယ်။ အခု အဆင့်တစ်ချပ်ဝတ်သခင်ပဲ ဖြစ်လာမယ်ဆိုရင် ဆက်ပြီး ပြိုင်ဘက်ကင်းနေလိမ့်မယ်”

“အဆင့်နှစ်ဆိုရင်တော့ ဘုရားမြို့မှာ သူနဲ့ယှဉ်နိုင်တဲ့လူတွေ အများကြီးရှိတယ်”

ပတ်ဝန်းကျင်တွင်ရှိသော ချပ်ဝတ်သခင်များက ခေါင်းညိတ်လိုက်ကြသည်။

လူအများအပြားသည် ဟယ်ရန်စွန်းကို စိန်ခေါ်ရန် စိတ်အားထက်သန်နေကြသည်။

သူက အဆင့်နှစ်ချပ်ဝတ်သခင် ဖြစ်သွားလျှင် သူတို့က သူ့ကို တိုက်ရိုက် စိန်ခေါ်လိမ့်မည်။

ဟယ်ရန်စွန်းက လောင်းကြေးတိုက်ပွဲမှတစ်ဆင့် ကြွယ်ဝမှုများကို စုစည်းထားသည်။ သူတို့က ပြန်ယူပေးရမည်။

“ဘုန်း”

စင်မြင့်ပေါ်တွင် ချပ်ဝတ်ကို ထိန်းချုပ်ထားသော ဟယ်ရန်စွန်းက အဆင့်နှစ်ချပ်ဝတ်သခင်၏ လိုအပ်ချက်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့သည်။

ခွန်အား၊ အမြန်နှုန်းနှင့် လှုပ်ရှားမှုကို စမ်းသပ်သည်။

ထို့နောက် အဆင့်နှစ်ချပ်ဝတ်သခင်တစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာပြီး ဟယ်ရန်စွန်းနှင့် လက်ရည်စမ်းကြည့်သည်။

သူက ချောမွေ့စွာ တိုက်ခိုက်နိုင်ခဲ့သည်။

သူတို့နှစ်ယောက်လုံးက သက်ဆိုင်ရာနေရာသို့ ပြန်သွားသောအခါ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေသော အဆင့်လေးချပ်ဝတ်သခင် သုံးယောက်က ‌ခေါင်းညိတ်လိုက်ကြသည်။

“ဟယ်ရန်စွန်းက စမ်းသပ်မှုကို အောင်မြင်ပြီး အဆင့်နှစ်ချပ်ဝတ်သခင် ဖြစ်သွားပြီ”

အလယ်တွင်ထိုင်နေသော ဒိုင်လူကြီးက ကြောညာလိုက်ပြီး စင်မြင့်၏အောက်သို့ တစ်ချက်ကြည့်လိုက်သည်။ သိုင်းဝတ်စုံနှင့် လူငယ်တစ်ယောက်က ခေါင်းညိတ်လိုက်ပြီး စင်မြင့်ပေါ်သို့ တက်လာသည်။

“အဆင့်နှစ်ချပ်ဝတ်သခင် ကျောက်မင်ကျန်းက ဟယ်ရန်စွန်းကို စိန်ခေါ် ....”

လူငယ်က စကားမဆုံးခင် ဟယ်ရန်စွန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။

‘စိန်ခေါ်မှုကို ငြင်းပယ်တာလား’

‘အဆင့်နှစ်ချပ်ဝတ်သခင်က အဆင့်တူချပ်ဝတ်သခင်ရဲ့ စိန်ခေါ်မှုကို ငြင်းလိုက်တာလား’

သူက အဆင့်နှစ်ဖြစ်လာပြီး အောင်မြင်မှုကို ရရှိနေသောအချိန်တွင် စိန်ခေါ်မှုကို ငြင်းပယ်လိုက်ခြင်းသည် သိပ်မကောင်းပေ။

All Chapters