လုံလောက်တဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ဆိုရင် ဘာမဆို ဖြစ်နိုင်တယ်
Vol. 67 Ch. 991
" ဒါဆိုရင် အစ်ကိုရီ အရင်တုန်းက Ace of spade နဲ့ သူများကို ရိုက်ခဲ့ဖူးတယ်ပေါ့နော်..."စွန်းရှန် မေးမြန်းလိုက်သည်။
" တစ်ယောက်ကို ရိုက်ဖူးတယ်.... ခံစားချက်က တကယ်မဆိုးဘူး.... မင်းလည်း အနာဂတ်ကျ အခွင့်အရေးရှိရင် စမ်းကြည့်ကြည့်....."
" တော်ပါဗျာ.... ကျွန်တော့် အဖေက မုန့်ဖိုးကို အတိုင်းအတာနဲ့ပေးတာ... ဒီလိုမျိုး ဈေးကြီးတဲ့ ပစ္စည်းတွေကို ဖြုန်းတီးဖို့လောက်တဲ့အထိ မဝံ့ရဲသေးဘူး....."
လီမိသားစုနှင့် စွန်းမိသားစုက မုန့်ဖိုး မည်မျှပေးလဲ မည်သူကမျှတော့ မသိသော်လည်း အပေါ်ယံတွင်တော့ သူတို့နှစ်ဦးမှာ တော်တော်လေး ဆင်းရဲသည့်ပုံပေါက်နေလေသည်။ အကယ်၍ ချိန်ရန်ကသာ ယခုလို နေရာမျိုးသို့ မခေါ်လာပေးပါက ၎င်းတို့၏ ကိုယ်ပိုင် ပိုက်ဆံလေးဖြင့် ယခုလို နေရာမျိုး လာရောက်ရန် တော်တော်လေး ရုန်းကန်ရမည်ဖြစ်၏။
"ငါယိုး လီချိန်ရှင်းကြီးဟ....."
လင်းရီ ပုလင်းမော့နေစဉ် ဘားထဲရှိ ရုတ်တရက် ဆူဆူညံညံ အသံများအား ကြားလိုက်ရ၏။ အသံက အနည်းငယ် နားစူးဖွယ်ရာပင်။
" ဖယ်ပေးကြပါ ဖယ်ပေးကြပါ...."
သက်တောင်စောင့် ဆယ်ယောက်ကျော်မှ လီချိန်ရှင်းနား ၀န်းရံ၍ ဒုတိယထပ် လှေကားသို့ လမ်းရှင်းပေးလိုက်၏။
အခြားတစ်ဖက်တွင်တော့ မြေညီထပ်ရှိ မဒီလေးများမှာ လီချိန်ရှင်း၏ အမည်နာမကို ရူးရူးမူးမူး ဟစ်ကြွေးရင်း ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်နေကြသည်။ သူမတို့ အားလုံး စိတ်လွတ်သွားသည့် အခြေအနေသို့ ကျရောက်သွားခဲ့ကြတော့၏။
ချိန်ရန်နှင့် ကူနန်ကျစ်းတို့ပင် လီချိန်ရှင်း ရောက်လာခဲ့သည့်အတွက် စိတ်လှုပ်ရှားနေခဲ့ကြလေသည်။ လက်များ ဝှေ့ယမ်းပြ၊ လီချိန်ရှင်း နာမည်ကို ကြွေးကြော်ရင်း ဓာတ်ပုံများလည်း ရိုက်ယူနေကြ၏။
မိန်းကလေးထဲ၌ လီချူးဟန် တစ်ဦးတည်းကသာလျှင် တည်တည်ငြိမ်ငြိမ်ရှိနေလေသည်။ အကယ်၍ ဆူညံနေသည့် အသံဗလံတို့ကြောင့်သာ မဟုတ်ပါက သူမ စာတမ်းပင် ကောက်ဖတ်ချင်နေလိုက်သေးသည်။
" ရန်သူတွေက ရေစက်ပါတယ်ဆိုတာ တယ်မှန်ပါလား.... ဘာလို့ ဒီသောက်ရူးတွေက ဒီနေ့ကျမှ တစ်ကောင်ပြီးတစ်ကောင် ရောက်လာနေတာ...."
လင်းရီ ပုလင်းကို တစ်ကျိုက် မော့ရင်း ပြောလိုက်သည်။
" ဟမ်..."ချိန်ရန် သူ့ဘက်လှည့်ကြည့်လာပြီး " အစ်ကိုရီက လီချိန်ရှင်းနဲ့ သိနေတယ်ပေါ့......"
" အင်း........ ငါ အဲ့ကောင်ကို တစ်ခါ ရိုက်ခဲ့ဖူးတယ်....."
ချိန်ရန် "......"
ကူနန်ကျစ်း "......"
" ဒီညတော့ စိတ်၀င်စားဖို့ ကောင်းလာနေပြီ.... တကယ်လို့ ဒီကောင်တွေသာ အတူရောက်လာလို့ကတော့ OT ဘားတော့ ပရမ်းပတာ ဖြစ်ပြီ....."
" ငါတော့ မထင်ဘူး.... ဒီကောင် ငါ့အကြောင်း သိတယ်.... သူ လှုပ်ရှားဝံ့မှာ မဟုတ်ဘူး.... ဒါပေမယ့် ချိန်ရွှမ်းဆိုတဲ့ကောင်ပါ ရောက်လာခဲ့ရင်တော့ အခြေအနေတွေက တစ်မျိုးပြောင်းချင် ပြောင်းသွားမှာပေါ့...."
" ဘယ်သူ့ ဂရုစိုက်နေရမှာ...."ချိန်ရန် ထူးမခြားနာစွာ ပြောလိုက်ပြီး " တကယ်လို့ တစ်ယောက်လာရင် အဲ့တစ်ယောက်ကို ရိုက်မယ်.... နှစ်ယောက်လာရင် အဲ့နှစ်ယောက်ကို ရိုက်ပစ်မယ်.... အစ်မမီ တစ်ယောက်လုံး နောက်ခံနဲ့ ဘယ်သူ့မှ ကြောက်နေစရာမလိုဘူး....... "
" မင်းပြောလိုက်မှပဲ ငါ့ပုံစံက သကြားပေပီရုပ် ပေါက်သွားတော့တယ်....."လင်းရီ ရယ်မောလိုက်၏။
" လူတိုင်းက အစ်မမီရဲ့ သကြားပေပီလေး ဖြစ်နိုင်တာ မဟုတ်ဘူးလေ..... "ချိန်ရန် ပြုံးလိုက်ပြီး " ကျောက်မိုဆို အစ်မမီကို အတင်းလိုက်ပြီး ပိုးပန်းနေတာ.... ဒါပေမယ့် အစ်မကတော့ သူ့အပေါ် ဘာခံစားချက်မှမရှိပဲ ဘေးမဲ့ ပေးထားတယ်......"
" ကျောက်မိုရဲ့ စရိုက်နဲ့ မင်းအစ်မ စိတ်၀င်စားတယ်ဆိုမှပဲ ထူးဆန်းနေလိမ့်မယ်....."
" အမှန်ပဲ...."ချိန်ရန် သူ့အနား တိုးကပ်လာပြီး လေသံတိုးတိုးလေးဖြင့် " အစ်ကိုရီကို လျှို့ဝှက်ချက် သေးသေးလေး ပြောပြမယ်.... အစ်မမီက ၀မ်းဗိုက်ကြွက်သားတွေရှိတဲ့ ကောင်လေးတွေကို အရမ်း နှစ်သက်တာ... အစ်ကိုရီသာ မသိမသာတစ်မျိုး သူမကို လှန်ပြလိုက်ရင် အစ်မမီ သေချာပေါက် ကြွေဆင်းသွားမယ်ဆိုတာ ညီမ ပြောရဲတယ်....."
" ဒါကြောင့်မို့ကိုး..... ငါတို့ အရင်တစ်ခေါက် ကားထဲမှာ ရှိတုန်းက ဘာလို့ ငါ့ဗိုက်ကိုပဲ ပွတ်သပ်နေတာပါလိမ့်ဆိုပြီး ထူးဆန်းနေတာ.. လက်စသတ်တော့ ဒါကြောင့်ကိုး......"
" မဖြစ်နိုင်တာ..... အရင်တစ်ခေါက်က မီးရှူးပန်းတွေ ဖောက်နေတဲ့ အချိန်လေ... အစ်ကိုရီတို့ နှစ်ယောက်က ကားထဲမှာ ပွဲကြမ်းနေကြတယ်ပေါ့......."
" ဟင်း.... ပွဲကြမ်းလု နီးပါးပေါ့........ "
" ဟီးဟီး.... အဲ့တာ အစ်ကိုရီ လုံလုံလောက်လောက် သိုင်းမကျွမ်းလို့ ဖြစ်တာ......"
" အစ်ကိုရီ ... အစ်မရန်.... တိုးတိုးတွတ်တွတ် လုပ်နေတာတွေ တော်လိုက်တော့.... ကျွန်တော့်အထင် အခြေအနေ မကောင်းတော့ဘူး...."စွန်းရှန် ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ....."ချိန်ရန် လှည့်ပြီး မေးမြန်းလိုက်သည်။
" ယောက်ျားလေး တော်တော်များများ ကျွန်တော်တို့ဘက် ကြည့်ရင်း အချင်းချင်း ဆွေးနွေးနေကြတဲ့ပုံပဲ.....သူတို့ကြည့်ရတာ အစ်ကိုရီကို မှတ်မိသွားတယ်နဲ့တူတယ်....."
" လွှတ်ထားလိုက်.... သူတို့အကုန်လုံးက ငကြောက်တစ်သိုက်တွေ...."ချိန်ရန် သူမ၏ ကော့တေးကို တစ်ကျိုက်စုပ်လိုက်ပြီး " တကယ်လို့ အစ်ကိုရီသာဆိုရင် တစ်ခါတည်း လှုပ်ရှားပြီးနေပြီ... လေကုန်ခံပြီး စကားပြောနေမှာတောင် မဟုတ်ဘူး..... "
တစ်ချိန်တည်းတွင် ဘား၏ အခြားတစ်ဖက်၌ ချိန်ရွှမ်းနှင့် ကောင်လေးတစ်ချို့မှ အစားအသောက်များ မှာပြီး စိတ်ကြိုက် သောက်နေကြ၏။
" ချိန်ရွှမ်း... မင်းဒီည ဘာလဲဖြစ်နေတာ.... မင်း ဒီရောက်တာ နာရီ၀က်ရှိပြီ.... ခုထိလည်း သောက်နေတုန်းပဲ.... ကောင်မလေးတွေ လာတာတောင် မင်း အကုန်ငြင်းပစ်လိုက်တယ်.... မင်း ဒီနေ့ စိတ်မပါဘူးလား......"
ပြောလိုက်သူ၏ အမည်မှာ ချုန်တုန်းနန်ဖြစ်၏။ သူက ခန်ဇို ရှပ် လက်ပြတ် အင်္ကျီ၀တ်ထားပြီး ဆွဲကြိုး အကြီးကြီးနှင့် စနိကာ အကောင်းစား တစ်ရံကို စီးနင်းထားသည်။ ကိုယ်ပေါ်ရှိ အခြား အ၀တ်အစားများတန်ဖိုးကို ပယ်ထားလျှင်တောင် ဖိနပ်တန်ဖိုး သပ်သပ်နှင့် ယွမ်ငါးသောင်း တန်ကြေးရှိနေပြီဖြစ်၏။
သူသည်လည်း နိုင်ငံရေး နောက်ခံမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ သူတို့ မိသားစုမှာ ချိန်ရွှမ်း၏ မိသားစုလောက် မချမ်းသာသော်လည်း လက်ထဲရှိသည့် အာဏာက ချိန်ရွှမ်းတို့ နှိုင်းယှဉ်နိုင်သည့် အရာ မဟုတ်ခဲ့ချေ။
ထို့ကြောင့် သူတို့ အပေါင်းအသင်းများထဲတွင်တော့ ချုန်တုန်းနန်သည် ဘော့စ် ဖြစ်ပြီး ချိန်ရွှမ်းကတော့ ဒုတိယဖြစ်၏။
"ပြီးတော့ မင်းလက်ကလည်း ပတ်တီးနဲ့... မင်းဘယ်ကောင်နဲ့ ရန်ဖြစ်ခဲ့တာ....."
" ညီကိုနန်.. မင်း ဒီအကြောင်း မမေးရင် ကောင်းမယ်ကွာ.... ငါထုတ်ပြောရမှာ ရှက်တယ်.. ဒီတိုင်းပဲ ဆက်သောက်ကြစို့......"
" ငါယိုးပဲ ညီကိုရွှမ်း....ငါ ဘယ်သူ့ကို တွေ့ခဲ့လဲ မင်း မှန်းကြည့်ကြည့်....."
ပြောလိုက်သူကတော့ ရှဲ့ကျစ်းယွမ် ဖြစ်၏။ သူ၏ အမူအရာက အလျင်လိုနေပြီး ယခုလေးတင် အပြင်မှ ရောက်ရှိလာခဲ့သူပင်။
" ဘာလဲဖြစ်တာ.... မင်း ခွေးဆွဲခံရလို့လား......"
" ငါ ကားပါကင်မှာ ဟို အော်ဒီ အစုတ်ကြီးကို တွေ့ခဲ့တယ်ကွ ဟေ့ကောင်ရ..... "
" ဘာ.....အဲ့ကောင် တကယ်ကြီး ဒီရောက်လာတယ်လား......"
" သေချာပေါက်ပဲပေါ့....."ရှဲ့ကျစ်းယွမ် ပြောလိုက်ပြီး " ဒီနေ့ ပွဲကြီးရှိတာ ဘယ်သူမဆို ရောက်လာမှာပဲလေ..... အဲ့ကောင် ရောက်လာတာ ဆန်းတော့ မဆန်းပါဘူး..... "
" ငိုးမ.... ကမ္ဘာကြီးက တယ်ကျဉ်းလှပါလား....."ချိန်ရွှမ်း ကျိန်ဆဲလိုက်၏။
" နေဦး နေဦး....."ချုန်တုန်းနန် ပြောလိုက်ပြီး " မင်းတို့ကောင်တွေ ဘာအကြောင်း ပြောနေကြတာ... ဘာလဲ ဖြစ်ခဲ့ကြတာ......"
" အစ်ကိုနန် .... ဒီလိုလေ....."
ရှဲ့ကျစ်းယွမ်မှ ချုန်တုန်းနန်နှင့် ကျန်သူများကို ဟောပြောပွဲပြီးနောက် ဖြစ်ပျက်ခဲ့သည့်များအား ပြန်လည်ပြောပြလိုက်၏။
" မင်းအဘွား.....အဲ့လိုကိစ္စမျိုးတွေ ဖြစ်ခဲ့သေးတာလားဟ....."ချုန်တုန်းနန်ပြောလိုက်ပြီး "လူမြင်ကွင်းမှာ မင်း ပိုးပန်းချင်နေတဲ့ မိန်းကလေးကို ခေါ်သွားတာက တစ်ကဏ္ဍ... ဒါပေမယ့် အဲ့ကောင်က မင်းတို့ ယာဉ်တိုက်မှုဖြစ်အောင် လှည့်စားခဲ့သေးတယ်....."
" အဲ့ကိစ္စပြီးတော့ 4S ဆိုင်မှာ ကားသွားပြင်လိုက်ရတယ်လေ.... ပြင်စရိတ်က ယွမ် တစ်သန်းနီးနီးပဲ.... အဲ့တာကြောင့်မို့သာ မဟုတ်ရင် အစောကြီးကတည်းက ဒီရောက်နေပြီးသား....."
"ကျစ်းယွမ်.... အဲ့ကောင် ဘယ်နားမှာလဲ မင်း တစ်ချက် ရှာကြည့်စမ်းကွာ......"
" ကောင်းပြီ...."
ရှဲ့ကျစ်ယွမ် ထွက်ခွာသွားပြီးနောက် ချုန်တုန်းနန် ချိန်ရွှမ်း၏ ပခုံးကို ပုတ်လိုက်ပြီး " ကဲပါ... မပျော်မရွှင် ဖြစ်မနေနဲ့တော့..... ငါဒီနေ့ မင်းကိုယ်စား ဆုံးဖြတ်လိုက်ပြီ.... ငါ အဲ့ကောင်ကို သေချာပေါက် သင်ခန်းစာ ပေးပေးမယ်..... မင်း တစ်ပြားတစ်ချပ်မှ မရှုံးစေရဘူး....."
" သောက်ပဲ....."ချိန်ရွှမ်း ကျိန်ဆဲလိုက်ပြီး " ငါတော့ သူလွတ်သွားပြီထင်နေတာ ဒီလိုနေရာမျိုးမှာ ပြန်တွေ့ရလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာ.... တကယ်လို့ ဒီည တွေ့ခဲ့ရင်တော့ အဲ့ကောင် မလွယ်ဘူးမှတ်......."
" ငါ့အထင် မင်းကြိုးစားနေတဲ့ ကောင်မလေးလည်း ဒီရောက်နေလောက်တယ်.... မင်းဒီည သူမကို ဖြိုဖို့ အကူအညီလိုသေးလား......"
" မင်းမှာ နည်းလမ်းရှိလို့လား......"
" နည်းလမ်းရှိလား မမေးနဲ့.... လုပ်ချင်ရင် အကုန်ဖြစ်တယ်ဆိုတာ မင်းနားလည်ထားဖို့ပဲ လိုတယ်....."
ချိန်ရွှမ်း မေးစေ့ ပွတ်သပ်လိုက်ပြီး " အဲ့တာဆို လုပ်ကြတာပေါ့...."
နှစ်ယောက်သား စကားပြောဆိုနေစဉ် ရှဲ့ကျစ်းယွမ် လူအုပ်ထဲမှ ပြန်ရောက်လာသည်။
" ညီကိုရွှမ်း... ငါတွေ့ခဲ့ပြီ... သူတို့ စင်နားက ဝိုင်းမှာ......"
"ညီကိုတို့... သွားပြီး တစ်ချက်ကြည့်ကြည့်ရအောင်......"
ချုန်တုန်းနန်၏ လှုံ့ဆော်မှုအောက်တွင် ငါးယောက်သား လင်းရီ ဝိုင်းသို့ ရောက်ရှိလာသည်။
" အားလုံးဖယ်စမ်း.... မဆိုင်သူတွေ အသာနေ......"
မနီးမဝေးရှိ ဆူညံသံတို့က လင်းရီ ၊ ချိန်ရန်နှင့် ကျန်သူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ကြည့်ရသည်မှာတော့ အခြားအုပ်စု တစ်ခု ရောက်ရှိလာသည့်ပုံပင်။
" အဲ့တာ ချုန်တုန်းနန် မဟုတ်ဘူးလား......"ဆံပင်ရှည်နှင့် အမျိုးသမီးမှ ပြောလိုက်၏။
" နင်သူနဲ့ သိနေတယ်ပေါ့..သူ့ကြည့်ရတာ သာမန်တော့ မပေါ်ဘူးနော်.... တော်တော်လေး ချမ်းသာမယ့်ပုံပဲ....."စကတ်အတို ၀တ်ဆင်ထားသည့် ကောင်းမလေးမှပြောလိုက်၏။
" သူ့မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ တော့ ငါလည်း မသိဘူး.... ဒါပေမယ့် နောက်ခံတော့ တော်တော်လေးကောင်းတဲ့ပုံပဲဟ.... ငါသူနဲ့ ရှေ့တစ်ပတ်တုန်းက အတူအိပ်ပြီးတော့ သူဖုန်းထဲမှာ တစ်ခုခု ဆွေးနွေးနေတဲ့အသံ ကြားခဲ့တယ်.... သူက အရမ်း အာဏာကြီးတာကတော့ သေချာတယ်..."
" အိုးမို.... နင်အဲ့လောက် အင်အားကြီးတဲ့သူနဲ့ အတူအိပ်ခဲ့တယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး.... နင်က လုံး၀ အမေးဇင်းပဲ.... တို့တွေ ညီအစ်မ လုပ်ကြရအောင်နော်....."
" ဘာများထူးဆန်းတာကျလို့.....လုံလောက်အောင် စိတ်ဓာတ်ကြံ့ခိုင်ရင် ဘာမဆို အကုန်ဖြစ်နိုင်တာကိုပဲ.... “