ခြေထောက်ဆေးရေ
Vol. 67 Ch. 992
" ဒါပေမယ့် သူ့ကြည့်ရတာ ခပ်ချောချော ကောင်လေးကို ပစ်မှတ်ထားနေတဲ့ ပုံပဲနော်.....ကြည့်ရတာ အဲ့ကောင်လေးနဲ့ ရန်ငြိုးရန်စ ရှိထားတယ်နဲ့တူတယ်...." စကတ်အတိုနှင့် ကောင်မလေးမှ ပြောလိုက်၏။
" ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေ အကုန်လုံးက အသိုင်းအဝိုင်း ကိုယ်စီနဲ့လေ.... တချို့ကျတော့လည်း ရင်းရင်းနှီးနှီးရှိကြသလို တချို့ကြတော့လည်း ကမ္ဘာမကြေ ရန်ဘက်တွေလိုပဲ..... ရန်သူချင်းတွေ့ဆုံရင် မနာလိုမိစ္ဆာက သူ့အလိုလို မြင့်တက်မှာ မဆန်းပါဘူး..... "
ချုန်တုန်းနန်နှင့် ကျန်သူများ ရောက်လာနေသည်ကို မြင်တော့ ငမ်းနေကြသည့် မိန်းကလေးများမှ အလျင်စလို လမ်းဖယ်ပေးလိုက်ကြသည်။
လင်းရီနှင့် လီချူးဟန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
" ငါထင်တဲ့အတိုင်း ဒီကောင် တကယ်ကြီး ဒီရောက်လာတာပဲ....."
" ဘယ်လိုတောင် စိတ်ရှုပ်ဖို့ ကောင်းထားလဲ....."လီချူးဟန် ဆတ်ခနဲ ပြောလိုက်၏။
ယခင်တုန်းကတော့ သူမ ချိန်ရွှမ်းအပေါ် မည်သည့် ခံစားချက်တို့မျှ မရှိသော်လည်း ယခုတစ်ကြိမ် မြင်တွေ့လိုက်သည်တွင် စိတ်ထဲ တော်တော်လေး သောက်မြင်ကပ်လာလေသည်။ ထိုကောင့်မျက်နှာကို ကြည့်ရင်းဖြင့် အနည်းငယ် အော်ဂလီဆန်လာသလိုတောင် ခံစားနေရ၏။
" မပူနဲ့.... သူတို့ ဘာလာလုပ်လဲ တစ်ချက် စောင့်ကြည့်ရအောင်...."စွန်းရှန် ပြောလိုက်ပြီး " တကယ်လို့ သူ့ကို မကိုင်တွယ်နိုင်ဘူးဆိုရင် ကျွန်တော့်အဖေဆီ ဖုန်းလှမ်းဆက်လိုက်မယ်...."
“ နင့်အဖေက ယာဉ်လမ်းကြောင်း တာဝန်ရှိသူ…. ငါ့အဖေက ဆေးဝါးကွပ်ကဲရေး အတွက် တာဝန်ရှိတဲ့သူ… သူတို့ကြား တိုက်ရိုက် အဆက်အသွယ်လည်း မရှိပဲနဲ့...."
" တကယ်လို့ အန်ကယ်ချိန် ကိုင်တွယ်မယ်ဆိုရင် သူ ဒီကောင်တွေကို သတ်ပစ်လောက်တယ် ဟုတ်တယ်မလား….”
“ အဲ့တာကတော့ သူတို့ ဘယ်လောက်ထိ လွန်ကြူးထားလဲဆိုတဲ့ အပေါ် မူတည်တယ်လေ….”
ထိုအခိုက်အတန့်တွင် ချိန်ရွှမ်း နှင့် ချုန်တုန်းနန်တို့ လင်းရီ ရှေ့ ရောက်ရှိလာပြီး “ ညီကို…. ငါတို့ ဒီနေရာမှာ ထိုင်လို့ရတယ်မလား….” ချုန်တုန်းနန် ပြောပြီးနောက် လင်းရီ ခွန်းတုံ့ပြန်သည်ကိုပင် မစောင့်ပဲ ထိုင်ချလိုက်ပြီး ဝိုင်ခွက်ကို ကောက်ကိုင်၍ လက်ထဲ မွေ့ရမ်းနေလိုက်သည်။
လင်းရီ သူ့ကို ကြည့်လိုက်ပြီး “ မင်း ပိုက်ဆံ မတတ်နိုင်ဘူးဆိုရင် လာမထိုင်နဲ့…. ဖရီးဂုန်းဆင်းတဲ့ကောင်တွေကို မြင်ရတာ သောက်ကျက်သရေတုံးတယ်….”
ဖူး….
အနီးနား ဝန်းကျင်ရှိလူတိုင်း ရယ်မောလိုက်ကြ၏။ နှစ်ဖက်စီမှ ယမ်းနံ့များတော့ သိပ်သည်းပြင်းထန်လို့ လာနေလေပြီ။
ချုန်တုန်းနန်၏ အမူအရာ ပြောင်းလဲသွားပြီး
“ မင်းကိုယ်မင်း ရှန်းလုံ အစုံမှာနိုင်တိုင်းနဲ့ ကိုယ့်ကိုယ်ကို သောက်ရမ်း အံ့ဩဖို့ကောင်းတယ်လို့ ထင်နေတာလား…. မင်းကြောင့်မို့ ငါ့ဘော်ဒါရဲ့ McLaren ထိခိုက်သွားတယ်… ပြုပြင်စရိတ်က ယွမ်တစ်သန်းပဲ…. အဲ့ဒီအတွက် မင်းငါ့ကို ဖြေရှင်းချက် ပေးသင့်တယ် မထင်ဘူးလား….”
“ မင်းတို့က ဆင်းရဲတဲ့ သောက်ရူးတွေလား…. ယွမ်ဆယ်သန်းကျော် တန်တဲ့ McLaren ကြီးမောင်းပြီး ငါ့ရဲ့ ယွမ်သုံးသိန်းတန် ကားကိုတောင် မယှဉ်နိုင်ဘူး…. ခု တစ်ခုခု ဖြစ်ပျက်ပြီးတော့ ငါ့နား လျော်ကြေးပိုက်ဆံ လာတောင်းနေတယ်…. မင်းတို့ ဘယ်လောက်တောင် မွဲတေနေတာ….” လင်းရီ ပြောလိုက်ပြီး “ ချင်းဟန် သူ့ကား ယွမ် သန်း ၃၀ တန်တဲ့ ဖာရာရီတောင် ထိခိုက်သွားတော့ ဒီတိုင်း လွင့်ပစ်လိုက်တယ်… ဒါပေမယ့် မင်းတို့ကောင်တွေကျ ငါ့နား ပိုက်ဆံ လာတောင်းနေတယ်လား….”
ယခင်တုန်းက ချင်းဟန်၏ ကားမတော်တဆမှုကလည်း ဟွာရှတွင် ဟိုးလေးတကြော်ကြော် ဖြစ်ပျက်သွားခဲ့သေးလေသည်။ လူတော်တော်များများကလည်း ထိုအကြောင်း သိရှိကြ၏။
“ ဆင်ခြေတွေ ပေးနေတာ ရပ်လိုက်…” ချိန်ရွှမ်း ကြမ်းတမ်းစွာ ဆိုလိုက်ပြီး “ မင်းနဲ့ ရန်မဖြစ်ဘူးဆိုရင် ငါလည်း ကားတိုက်မိမှာမဟုတ်ဘူး…”
လင်းရီ ပြုံးပြီး အရက် တစ်ကျိုက် မော့လိုက်၏။
“ ငါ ထင်တာမမှားဘူးဆိုရင် မင်းရဲ့ McLaren က တော်တော်လေးကို သစ်ရမယ်…. အဲ့လိုကားမျိုး ဝယ်စီးနိုင်ဖို့ မင်း ပိုက်ဆံ တော်တော်လေး စုခဲ့ရရောပေါ့… တိုက်မိသွားတော့ သေချာပေါက် ဝမ်းနည်းစရာပဲလေ… ပြင်ဖို့ ကုန်ကျစရိတ်က ယွမ်တစ်သန်းတည်းမလား.. ဒီဝိုင်းက အရက်ဖိုးလောက်တောင် မရှိဘူး…”
ပြောပြီးသည်နှင့် လင်းရီ ချက်လက်မှတ် စာအုပ် ထုတ်လိုက်ပြီး တစ်မီလီယမ်တန် ချက်လက်မှတ်တစ်စောင် ရေးပေးပြီး ချိန်ရွှမ်းထံ ကမ်းပေးလိုက်သည်။
“ ဒီ ပိုက်ဆံတွေ ယူပြီး မင်းကားကို သွားပြန်ပြင်လိုက်…. ပြင်ပြီးသွားရင်လည်း ထုတ်မမောင်းနဲ့တော့…. တကယ်လို့ ခြစ်မိပြုမိရင် မင်းရင်ကွဲပက်လက် ဖြစ်မှာကို ငါ အရမ်း သနားမိလို့….”
သူ့လက်ထဲရှိ ချက်လက်မှတ်ကိုကြည့်ရင်း ချိန်ရွှမ်းနှင့် ချုန်တုန်းနန်တို့ မှင်တက် တွေဝေနေကြ၏။
တစ်ဖက်သူမှ သူတို့အား လျော်ကြေးပေးလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
သို့သော်လည်း သူတို့ အနီးနားရှိ လူများကတော့ ရယ်ချင်စိတ်ကို ကြိတ်ပြီး မျိုသိပ်ထားရလေသည်။
ဒီကောင်တွေက ဟော့ဒီ အချောလေးနဲ့ယှဉ်ရင် ဘာမဟုတ်တဲ့ ကောင်တွေပါလား…
“ ဝိတ်တာ… ဒီဝိုင်းကို နောက်ထပ် ရှန်းလုံ အစုံ ၃ စုံ ထပ်ချပေးကွာ….”
“ ဟုတ် ဆရာ…. ခဏလေးစောင့်ပေးပါဦးဗျ…..”
ဟစ်…….
အနီးနားဝန်းကျင်ရှိ အမျိုးသား အမျိုးသမီးတို့မှာ လေအေးကြီးများ ရှူသွင်းမိလိုက်ကြ၏။
နောက်ထပ် သုံးစုံ… ယွမ်တစ်သန်းကျော်…. ဒီအချောလေးက ရုပ်ရှိရေလျှံလေးပဲ….
“ အစ်ကိုရီ….အဲ့လောက် အများကြီးမှာပြီး ဘာလဲလုပ်မလို့….”
“ ခြေထောက်ဆေးဖို့….” လင်းရီ ပြုံးလိုက်ပြီး “ တွေးကြည့်မှ ငါ ဒါမျိုး တစ်ခါမှ မစမ်းကြည့်ဖူးသေးဘူးပဲ….”
“ ကျွတ် ကျွတ်… အဲ့တာက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းမှာ သေချာတယ်….”
မကြာမီ ဝိတ်တာမှ တလက်လက် တောက်ပနေသည့် သေတ္တာငယ်လေး သုံးလုံး လာချပေးပြီး ဤသည်ကတော့ ရှန်းလုံ အစုံ သုံးစုံပင်။
“ လာလာ ငါ့ကောင်တို့ ထကြ…. မင်းတို့ တစ်ယောက်ကို တစ်စုံစီယူ….” လင်းရီ စွန်းရှန်နှင့် လီဟော်စုန့်တို့ကို အချက်ပေးလိုက်ပြီး စတင် ဆောင်ရွက်ရန် ဟန်ပြင်လိုက်ကြသည်။
လင်းရီကတော့ လီချူးဟန်အတွက် တာဝန်ယူပြီး စွန်းရှန်ကတော့ ချိန်ရန်နှင့် လီဟော်ဟုန့်ကတော့ ကူနန်ကျစ်းကို ခြေထောက်ဆေးပေးရန် အသီးသီး တာဝန်ယူလေသည်။
“ ဟီးဟီး.. ဒါက စိတ်လှုပ်ရှားစရာပဲ….”
ချိန်ရန် သူမ၏ ဘွတ်ဖိနပ်များအား အရင်ချွတ်လိုက်ပြီး ဒုတိယ လိုက်ပါလာသည်ကတော့ ကူနန်ကျစ်းပင်။
လီချူးဟန်ကတော့ သူမ၏ ဘွတ်ဖိနပ် သေးသေးလေးများအား ချွတ်ရင်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်လို့နေပြီး သေတ္တာလေးထဲသို့ ခြေထောက်စိမ်လိုက်၏။
ထိုအခိုက်အတန့်တွင် လင်းရီမှာ လူတိုင်း၏ အာရုံစူးစိုက်ရာ ဖြစ်လာလေသည်။
တန်ဖိုးကြီးသည့် ရှန်းလုံအစုံနှင့် တစ်စုံတစ်ယောက်၏ ခြေထောက်အား ဆေးရန် အသုံးပြုသည်ထက် ဟိတ်ဟန်များသည့် အရာ ရှိနိုင်ပါ၏လော။
“ တောက်…. ပိုက်ဆံပေါတဲ့ သူတွေကတော့ ဘယ်လိုအပျော်ရရှာမလဲ တကယ်သိတာပဲ…. ခြေထောက်ဆေးဖို့ ရှန်းလုံအစုံကို တကယ်ကြီး အသုံးပြုနေတယ်….”
“ ခဏလေးပဲရှိသေးတယ်… ယွမ်တစ်သန်း ကုန်….”
“ ငါ့ရင်တွေနာတယ်…. ငါ့ရင်တွေနာတယ် ဟကောင်ရ “
“ အဲ့အချောလေး ယွမ်တစ်သန်း မလျော်ပေးချင်ဘူးဆိုတာက သူတို့ကို ကြောက်လို့မဟုတ်ဘူး…. ဘာလို့ဆို အဲ့လောက် ပိုက်ဆံ ပမာဏလောက်လေးကို သူလုံးဝ ဂရုမစိုက်လို့ပဲ… သူ့မျက်လုံးထဲမှာ ယွမ်တစ်သန်းဆိုတာ သူတို့ခြေထောက် ဆေးရုံလောက်ပဲ ရှိတယ်လို့ သဘောထားတာကွ….”
“ လူတိုင်းက ချမ်းသာတယ်ဆိုပေမယ့် ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေကြားထဲမှာလည်း ကွာဟချက်က တော်တော်လေးကို ကြီးတယ်… ယွမ် ဆယ်သန်းကျော်လောက်ပဲ ပေးရတဲ့ McLaren ကိုတော့ သူ စိတ်ဝင်စားမှာမဟုတ်လောက်ဘူး… သူ ဘယ်လိုကားမျိုး မောင်းလဲဆိုတာ ငါတကယ်ကြီး သိချင်လိုက်တာ….”
“ နင်တို့တွေ ရမ်းသန်းပြီး ခန့်မှန်းနေစရာ မလိုဘူး…..ငါ့အစ်ကိုက ယွမ် သန်း ၁၂၀ တန်ကြေးရှိတဲ့ Bugatti La Voaiture မောင်းတာ..”
ချိန်ရန် အသံကျယ်လောင်စွာဖြင့် ပြောလိုက်ပြီး လင်းရီကိုယ်စား ဖြေပေးလိုက်၏။
“ ဟ သောက်ကျိုးနည်း… တကယ်ကြီး La Voiture Noire …. ယွမ် ဆယ်သန်းကျော်တန်တဲ့ McLaren ကို ဘာမဟုတ်တဲ့ကားလိုမျိုး ပြောနေတာ အံ့ဩစရာ မရှိတော့ပါဘူး…. သူက တကယ့်ကို တိုင်ကွန်းကြီးပဲ…..”
“ ရှန်းလုံအစုံကို ခြေထောက်ရေဆေးဖို့ သုံးတဲ့လူဆိုတဲ့အတိုင်းပါပဲ… သောက်ရမ်း အံ့ဩဖို့ ကောင်းလိုက်ပါ ဘိသနဲ့….”
မိနစ်အနည်းငယ်ကြာပြီးနောက် Ace of spades ခြောက်လုံးစလုံး ကြမ်းပြင်ပေါ် လဲကျနေကြသည်။ အထူးအဆန်း မဟုတ်သော်လည်း ရှိုးပြရန်အတွက်တော့ အတော်လေးကောင်းမွန်၏။
ချိန်ရန်နှင့် ကူနန်ကျစ်းကတော့ မျက်စိမှိတ်ရင်း အေးဆေး ဇိမ်ခံနေကြသည်။ လီချူးဟန်ကတော့ သာမန်အတိုင်းသာ ခံစားနေရသော်လည်း လင်းရီနှင့် အတူ ပူးပေါင်းပေးဖို့ ဆန္ဒရှိလေသည်။
သူဘာပဲလုပ်လုပ် သူမ အားကြိုးမာန်တက် ပံ့ပိုးပေးမည်ဖြစ်၏။
“ မင်းတို့ကောင်တွေက ဒီမှာ ဘာဆက်လုပ်နေကြသေးတာ…” လင်းရီ ချိန်ရွှမ်းနှင့် ချုန်တုန်းနန်ကို ကြည့်လိုက်ပြီး “ မင်းတို့က ငါ့ကောင်မလေးရဲ့ ခြေဆေးရေကို သောက်ဖို့ စောင့်နေကြတာလား…. မင်းတို့ သောက်ချင်တယ်ဆို သုံးသေတ္တာကြီးများတောင် ရှိတယ်နော်…. Ace of spade မသောက်ဖူးရင် ယူသွားကြ…”
လူတိုင်း၏ မျက်လုံးက ချိန်ရွှမ်းနှင့် ကျန်သူများအပေါ်သို့ ကျရောက်သွားခဲ့ကြသည်။တစ်ဖက်သူ မျက်စိပျက် မျက်နှာပျက် ဖြစ်နေသည်ကို ဘေးမှနေ၍ အရသာခံ ကြည့်ရှုနေကြခြင်းပင်။
သူတို့အားလုံး ဤချမ်းသာသည့် လူငယ်သခင်လေးဝိုင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု ခံစားနေရ၏။ လက်တစ်ချောင်းပင် လှုပ်ရှားရန် မလိုပဲ ငွေတစ်ခုတည်းသပ်သပ်နှင့် တစ်ဖက်သူအား အပြတ်သတ် ချေမှုန်းပစ်လိုက်သည်။
ချိန်ရွှမ်း၏ အမူအရာမှာတော့ တော်တော်လေးကို ရုပ်ဆိုး အကျည်းတန်နေသည်။ လင်းရီ၏ ကြွယ်ဝမှုက သူ မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေခဲ့၏။
“ ဟျောင့်… ဒါက ကိစ္စကြီးကွ…. မင်း ပိုက်ဆံပေးလိုက်ရုံနဲ့ ဖြေရှင်းပြီးသွားပြီလို့ ထင်နေတာလား….” ချုန်တုန်းနန် ပြောလိုက်သည်။
“ ဒါဆိုလည်း ငါ ဒီ ခြေဆေးရည် သုံးကန်နဲ့ လျော်ပေးလိုက်မယ်… သုံးပြီးသားဆိုပေမယ့် ယွမ်တစ်သန်းတန်တယ်လေ….. နှစ်ဆ လျော်ပေးလိုက်သလိုတောင် ဖြစ်သေး…..”
ချုန်တုန်းနန် လင်းရီကို စူးစိုက်ကြည့်လိုက်သည်။
“ မင်း ငါ့ညီကိုဆီ တောင်းပန်ရမယ်…”
“ တောင်းပန်ဖို့လား..” လင်းရီ ချုန်တုန်းနန်ကို ကြည့်လိုက်ပြီး “ မင်း တအား စိတ်ကူးယဉ်လွန်းနေပြီ..”
ဘန်း…
အား…..
ချုန်တုန်းနန် ကူနန်ကျစ်း၏ ခြေဆေးရေကန်ကို ကန်ထုတ်ပစ်လိုက်ပြီး သူမအား ကြောက်ရွံ့သွားစေသည်။
ထိုအခိုက်အတန့်တွင်တော့ ဘားတစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့၏။
“ ဟော… သူ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ….”
“ ငါတော့ မထင်ပါဘူး… ဒီကောင်ကလည်း ချမ်းသာတဲ့ ဒုတိယမျိုးဆက်ဆိုပေမယ့် တစ်ဖက်သူက သူ့ထက် ပိုချမ်းသာတယ်…. ဒီကောင် ဒုက္ခလှလှနဲ့ တွေ့မှာကို မစိုးရိမ်ဘူးလားတဲ့….”
“ ဒါပေမယ့် ငါတို့ပြောနေတဲ့ကောင်က ချုန်တုန်းနန်နော်…. သူ့မိသားစုက အဆက်အသွယ်ကြီးတယ်…. ပိုက်ဆံ သိပ်ရှိတာ မဟုတ်ဘူးဆိုပေမယ့် ဖုန်းတစ်ချက်ဆက်ပြီး အကူအညီတောင်းဖို့က ပြဿနာ သိပ်ရှိတာမဟုတ်ဘူး….”
“ နင် ဒါ ဘာအချိုးချိုးတာ.. ငါ့စီနီယာ အစ်မကို အနိုင်ကျင့်ချင်နေတာလား…” ချိန်ရန် ဒေါသထွက်သွားခဲ့သည်။ ကူနန်ကျစ်းက သူမ၏ စီနီယာဖြစ်ပြီး သူမတို့နှစ်ဦးကလည်း ကောင်းမွန်သည့် ပတ်သက်မှုတို့ ရှိထားလေသည်။
ယခု သူမက အနိုင်ကျင့်ခံနေရပြီဆိုတော့ သဘာဝအလျောက် မားမားမတ်မတ် ရပ်တည်ပေးရမည်ဖြစ်၏။
လင်းရီလည်း မတ်တပ်ရပ်လိုက်ပြီး ချိန်ရန်၏ ပခုံးကို အသာဖိထားလိုက်၏။ ထို့နောက် Ace of spade ပုလင်းစိမ်းကို ကောက်ယူလိုက်ပြီး “ ဘာလို့ အဲ့လောက်ထိ စိတ်တွေ တိုနေတာ…” လင်းရီ ပြုံးလိုက်ကာ “ မင်း ငါတို့ဝိုင်းထိုင်ပြီး သောက်ချင်တယ်လို့ စောနက ပြောတယ်မလား….”
“ အမှန်ပဲ….” ချုန်တုန်းနန် မောက်မာစွာ ပြောလိုက်ပြီး “ ဒီတော့ မင်း အခု တောင်းပန်ပြီး တစ်ပုလင်းလုံး ကုန်အောင် သောက်ပြရင် ဒီကိစ္စ ကြေပြီ….. “
လင်းရီ ပုလင်းကို သူ့လက်ထဲ အကြိမ်အနည်းငယ်လောက် ကစားပြီးနောက် ချုန်တုန်းနန်၏ ထိပ်တည့်တည့် ပစ်ပေါက်လိုက်သည်။
“ ရော့ ယူလိုက်… ငိုးမသား….”