← Chapters

လီချိန်ရှင်း၏ ကလဲ့စား

Vol. 67 Ch. 993

လီချိန်ရှင်း၏ ကလဲ့စား

Vol. 67 Ch. 993

"အာ့....."

ဝိုင်နှင့် ဖန်ကွဲစတို့မှ နေရာအနှံ့ ပျံ့ကျဲသွားပြီး အများစုကတော့ ဘေးမှ ကြည့်ရှုနေကြသူများထံ လွင့်စင်သွားခဲ့သည်။

ဆူညံနေသည့် မြူးဇစ်နှင့် နီယွန်မီးတို့သည်လည်း ထိုအခိုက်အတန့်၌ မှိန်ပြသွားပြီး ဝိုင်နှင့် သွေးစက်တို့ ရောနှော၍ ချုန်တုန်းနန်၏ ဦးခေါင်းထက်မှ စီးကျလာသည်။

သူကိုယ်တိုင်ပင် ထိုအခြေအနေထိ ဖြစ်သွားလိမ့်မည်လို့ မျှော်လင့်မထားချေ။ ချုန်တုန်းနန် ကြောင်အမ်းသွားခဲ့၏။ သူ ခေါင်းကို အဆက်မပြတ် ခါရမ်းရင်း ဖြစ်ပျက်သွားသည်များကို လိုက်မှီအောင် စဉ်းစားနေသည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်က တဒင်္ဂခန့် ကြောင်တောင်တောင် ဖြစ်သွားသောကြောင့်ဖြစ်၏။

" မင်းငါ့ကို ရိုက်ရဲတယ်.... ယီးပဲ... ဒါ မပြီးသေးဘူးကွ..."ချုန်တုန်းနန် လင်းရီကို စူးရဲစွာကြည့်လျက် ပြောလိုက်သည်။ သို့သော်လည်း သူ၏ သနားစရာ သွင်ပြင်ကြောင့် ပြောလိုက်သည့် စကားလုံးတို့က ကြီးစိုးမှုတို့ ပျောက်ရှနေသည်။

" မပြီးတော့ ငါယီးကို လုပ်ပေးရမှာလား....."လင်းရီ ချုန်တုန်းနန်ကို ပိတ်ကန်လိုက်ပြီး ထိန်းထားပေးသည့် ချိန်ရွှမ်းကိုပါ ကြမ်းပြင်သို့ လဲကျသွားစေခဲ့သည်။

" သေချာ နားထောင်.... မင်းကိုယ်မင်း နောက်ခံတောင့်တယ်ဆိုတိုင်း ဆရာကြီး လာမလုပ်နဲ့ကွ.... ငါ့မျက်လုံးထဲမှာ မင်းက ဘာကောင်မှကို မဟုတ်တာ.... ထွက်သွားစမ်း ..."

ချိန်ရွှမ်းနှင့် ကျန်သူများမှ ချုန်တုန်းနန်ကို ဖေးမ၍ လင်းရီတို့ရှေ့မှ ခပ်သွက်သွက် ထွက်ခွာသွားခဲ့ကြသည်။

ဘားရှိလူများမှ လင်းရီကို တစ်ဖန် ပြန်အကဲခတ်လိုက်ကြ၏။

သူ့လေသံ နားထောင်ကြည့်ရသလောက်တော့ ကျိုးဟိုင်လေသံပါ...ရှေးတုန်းကတည်းကရင် ရန်ကျင်းနဲ့ ကျိုးဟိုင်က တွေ့တာနဲ့ ထိုးလားကြိတ်လား ဖြစ်နေတာကို ဒီကောင်က ဂုဏ်ဆာပြီးတောင် ပေါ်တင်ကြီး ပြဿနာ ရှာနေတယ်....

တယ်လည်း မောက်မာတဲ့လူပါလား.....

"လာ လာ ဆက်သောက်ကြမယ်.... အဲ့သောက်ရူးတွေကို လျစ်လျူရှုထားလိုက်...."လင်းရီ၏ အပြုံးနှင့် ကမ်းပေ့လုပ်မှုအောက်တွင် ထူးဆန်းနေသည့် လေထုမှာ ပျောက်ကွယ်သွားပြီး ယခင်အတိုင်း ပြန်လည် အသက်၀င်လာခဲ့သည်။

ဖန်ကွဲစတို့ကသာ ဖြစ်ပျက်ခဲ့သည်များကို သက်သေထူပေးနိုင်မည်။

DJ သမားကလည်း အင်မတန် စကေးကြွယ်သည်။ မိနစ်အနည်းငယ် ကြာသည်နှင့် ပထမထပ်ရှိ လူတိုင်း ရူးသွပ်စွာ ခုန်ပေါက်နေကြတော့၏။

တိုင်ပတ်အက ကနေသည့် အမျိုးသမီးလေးကလည်း မျက်စိပဒါသဖြစ်စရာပင်။

ဒုတိယထပ်တွင်တော့ လီချိန်ရှင်း ဖြစ်ပျက်ခဲ့သမျှကို အစ အဆုံး မြင်တွေ့လိုက်ရ၏။

" ငါ ဒီသောက်ပြဿနာအိုးနဲ့ ယီးမို့လို့ နေရာတိုင်း လာကြုံနေရလားကွာ...."လီချိန်ရှင်း ညင်သာစွာ ကျိန်ဆဲလိုက်သည်။

ကျွန်းပေါ် ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို တစ်ဖန်ပြန်မြင်ယောင်လာမိတော့ လီချိန်ရှင်း လက်သီးတင်းတင်း ဆုပ်မိသွားသည်။ ထိုသူကြောင့်သာ မဟုတ်ပါက သူ၏ နာမည်တစ်လုံးကို ကိုယ်တိုင် ရေးထွင်းနိုင်ပြီးဖြစ်၏။

အဆုံးတွင်တော့ လင်းရီမှ အရာအားလုံးကို ဖျက်ဆီးသွားခဲ့လေသည်။

" ဘယ်တတ်နိုင်မှာ...."တိုနီပြောလိုက်ပြီး " သူ့အတွက် ဒီလိုပွဲကြီးကို အလွတ်မခံမှာ သဘာ၀ပါပဲလေ....."

" အနိုင်ရတဲ့ ဒေါ်လာ ငါးသန်းကို ဒီလိုမျိုး သုံးဖြုန်းနေတယ်ဆိုတော့.... ဒီလိုလူစားမျိုးက သိပ်ကြာရှည်မခံပါဘူး....."လီချိန်ရှင်း ပြောလိုက်ပြီး " တိုနီ.... ဘားပိုင်ရှင်ကို သွားပြောလိုက်... တကယ်လို့ သူ ငါ့ကို သီဆိုဖျော်ဖြေစေချင်ရင် လင်းရီကို မောင်းထုတ်ပေးမှပဲ ရမယ်.... မဟုတ်ရင် ငါတော့ လုံး၀နိုးပဲ....."

တိုနီ အမူအရာ ပြောင်းလဲသွားခဲ့ပြီး " မင်းသားလေး... နင် အဲ့လိုစကားမျိုး ပြောလို့ ဘယ်ရမှာ... ဘားပိုင်ရှင်က ဘယ်သူလဲ နင်မသိဘူးလား... ဒါ ရန်ကျင်းရဲ့ ၀မ်မိသားစုက ပိုင်တာ.... တို့တွေ သူ့ကို အပြစ်ပြုမိလို့ မရဘူး... သူနဲ့ ဈေးဆစ်ဖို့ မကြိုးစားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်..... "

" အဲ့ဒါဆို ငါတို့ဘာသွားလုပ်ကြမှာ... ငါတော့ အဲ့ကောင်ကို လုံး၀ ကြည့်လို့မရဘူး...."

" သူက အရမ်း အရည်အချင်းရှိတယ်ဆိုတော့ တိုက်ခိုက်တာကလည်း ရွေးချယ်မှုကောင်း မဟုတ်သေးဘူး...."တိုနီ ခေတ္တကြာအောင် အတွေးနက်နေပြီးနောက် " ဒါပေမယ့် မပူနဲ့... ငါကြည့်ကြပ် လုပ်ပေးပါ့မယ်.... "

" ငါတော့ မင်းမှာ အကြံကောင်းရှိမယ်လို့ မထင်ဘူး....."

" အဲ့တာက အခု စိတ်ပူနေရမယ့် အရာ မဟုတ်သေးဘူး.... သွားပြီး ပြင်ဆင်ထားတော့... ဖျော်ဖြေဖို့ အချိန်တောင် ရောက်တော့မယ်....."

လီချိန်ရှင်း ခေါင်းညိမ့်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ အောက်ဆင်းသွားခဲ့သည်။

တစ်ချိန်တည်းတွင် တာ၀န်ကျ ဒီဂျေသမားမှ ကျယ်လောင်စွာဖြင့် " အိုကေ... နောက်ထပ် သီချင်းဆိုပေးဖို့ ဖိတ်ခေါ်ထားတဲ့သူကတော့ ဆယ်လီ အနုပညာရှင် ... လီချိန်ရှင်း..... "

" လီချိန်ရှင်း .... "

" လီချိန်ရှင်း .... "

" လီချိန်ရှင်း .... "

" လီချိန်ရှင်း ....အများကြီး ချစ်တယ်... "

လီချိန်ရှင်း စင်ပေါ် တက်လာသည်ကို မြင်တော့ စင်အောက်ရှိ အမျိုးသမီးတို့မှ ရူးခါသွားခဲ့ကြသည်။ သူမတို့ ဤနေရာရောက်လာသည်က သူလေးအား ကြည့်ရှုရန်နှင့် ဓာတ်ပုံရိုက်ရန်မှတပါး အခြား မရှိချေ။

" ငနဲက နာမည်တော့ အတော်ကြီးသားပဲ...."လင်းရီ ပြုံးလိုက်သည်။

"သူလည်း ဟွာရှရဲ့ ထိပ်တန်း အနုပညာရှင် တစ်ယောက်ပဲလေ... မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီနေရာ လာဖို့ ဖိတ်ကြားခံရမှာ...."ချိန်ရန် ပြောလိုက်ပြီး " ဒါပေမယ့် ညီမအဖေဆီက ကြားမိတာတော့ အစိုးရက ရေဒီယို၊ ဖလင် နဲ့ ရုပ်သံတွေအပေါ် တင်းကြပ်တဲ့ မူဝါဒ အသစ်တွေ ပြဌာန်းတော့မယ်တဲ့...."

" အနုပညာ နယ်ပယ်က အခု တော်တော်လေးကို ပရမ်းပတာ ဆန်နေတာ.... နည်းနည်းလောက် တင်းကြပ်ပေးလိုက်လို့လည်း ပြဿနာ ရှိမသွားပါဘူး....."

" ကျွန်တော်လည်း အစ်ကိုရီ ပြောတာ မှန်တယ်လို့ ထင်တယ်...." စွန်းရှန် ပြောလိုက်ပြီး " လက်ရှိ ရှိုးစီးပွားရေးရဲ့ ရေပန်းစားနေမှုက တခြား အလုပ်အကိုင်တွေအပေါ်ပါ ထိခိုက်လာသလိုပဲ...."

" တကယ်တမ်းကျတော့ ဒီကောင်တွေက ဘာမှမဟုတ်တဲ့ကောင်တွေပါကွာ.... အကုန်လုံးက တစ်ခါသုံး ၊ ခဏသုံးတွေ... သူ့လိုလူမျိုး နာမည်ကြီးရင် အလွန်ဆုံး တစ်နှစ် နှစ်နှစ်ပေါ့... ပြီးရင် သူတို့ နေရာကို တခြား တစ်ယောက်နဲ့ အစားထိုးခံရလိမ့်မယ်..... ပွင့်ပွင့်လင်းလင်း ပြောကြေးဆို သူတို့က ဒီတိုင်း စီးပွားရေး သမားတွေလက်ထဲက အသုံးချခံလေးတွေ...."လီဟော်စုန့် ပြောလိုက်ပြီး " သူတို့ ကျော်ကြားမှုရှိတဲ့ အချိန်ကျရင် စီးပွားရေးသမားတွေက အရည်ညစ်မယ်... ပိုက်ဆံ မရှာပေးနိုင်တော့တဲ့ အချိန်ကျရင်တော့ ပစ်ထားခံရမှာပဲ.... အပေါ်ယံကြည့်တော့တာ ခမ်းနားကြီးကျယ်သလိုနဲ့ လက်တွေ့ကျတော့ ရန်ကျင်းလိုနေရာမျိုးမှာတောင် အိမ်တစ်လုံး မ၀ယ်နိုင်တဲ့ကောင်တွေက ဒုနဲ့ဒေး..... ဒါပေမယ့်လည်း လူတစ်ချို့ကတော့ ပျော်ပျော်ကြီးပေးဆပ်ချင်ကြတာပါပဲ..... "

လင်းရီပြုံးလိုက်ပြီး

" ငါတို့ရှေ့က ကောင်မလေးတွေဆိုတာ ပါးပါးလှီးလို့ကောင်းတဲ့ ကြက်သွန်မြိတ်လေးတွေ...."

" ဟားဟား... အစ်ကိုရီ ပြောတာ ဟုတ်တယ်...."

တခဲနက် အားပေးသံများ‌အောက်တွင် လီချိန်ရှင်း မိုက်ကိုင်၍ စင်ပေါ်တက်လာသည်။ထို့နောက် လည်ချောင်းရှင်းလိုက်ပြီး အပြုံးလေးဖြင့်" ဒီနေ့လိုမျိုး OT ဘားဆီ ဖိတ်ခေါ်ခြင်း ခံရတဲ့အတွက် အထူးပင် ၀မ်းသာမိပါတယ်... အားလုံးကိုလဲ ချစ်ပါတယ်.... ဒီနေ့ ကျွန်တော့်ရဲ့ နောက်ဆုံးသော စင်ဂယ်၊ တစ်ကိုယ်တော် ပျံသန်းခြင်းဆီ ခေါ်ဆောင်သွားပေးပါ့မယ်.... "

" ဝူးဟူး... လုပ်ထား... တို့ မင်းကို သိပ်ချစ်တယ်နော်...."

" နင်နဲ့ ကလေးတွေ မွေးချင်လို့....."

" ကောင်းကောင်းဆိုထား... ပြီးရင် အရက်အလကားတိုက်မယ်....."

" ဖလိုင်းကစ်....."

နားစူးမတတ် ညံသည့် တီးလုံးသံ ထွက်ပေါ်လာပြီး လီချိန်ရှင်းလည်း မိုက်ကိုင်၍ စတင်သီဆို ဖျော်ဖြေတော့၏။သို့သော်လည်း Auto tune နှင့် မွမ်းမံထားခြင်းပင်။

အကောင်း အဆိုး ဝေဖန်ရ ခက်ခဲသော်လည်း မြင်နေရသည်မှာတော့ သူ၏ သီချင်းဆိုသံကြောင့် ပရိတ်သတ်များက ရူးရူးမူးမူး အားပေးနေကြ၏။

လူကိုရူးသွပ်နေသည်လော သို့မဟုတ် သီချင်းကို ခံစားနေသည်လော မည်သူမျှ မပြောတတ်။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် နားရွက်ကုတ်လိုက်သည်။

" ဘာလားကွာ... ငါတော့ ငါသီချင်းဆိုတာတောင် သူ့ထက်ကောင်းဦးမယ် ထင်တာပဲ...."လင်းရီ စောဒက တက်လိုက်၏။

" ဆယ်လီဆိုတာ ဒါပဲလေ....ဒါပေမယ့် တခြားသူတွေနဲ့ ယှဉ်ရင် သူ့ရဲ့ အမြင်က မဆိုးဘူးပြောရမယ်... Autotune ကြောင့်သာ မဟုတ်ဘူးဆိုရင် တိုင်းစကွဲမှာ ဖျော်ဖြေနိုင်ရုံလောက် အဆင့်ပဲ.... "

" အစ်ကိုရီရဲ့ ရုပ်ရည်နဲ့ဆို ဒီရဲ့ တက်သစ်စ ဆယ်လီလေးတွေထက် ပိုသာလောက်တယ်.... သီချင်းမဆိုပဲ စင်ပေါ် ရပ်နေရင်တောင် မိန်းကလေးတွေက ဝိုင်းချစ်ပေးကြမှာ ဟိဟိ...."ချိန်ရန် ပြောလိုက်၏။

" ငါ့ကို ရှားပါးတိရစ္ဆာန်လို ဝိုင်းကြည့်ခိုင်းထားချင်နေလို့လား....."လင်းရီ ရယ်မောလိုက်‌လေသည်။

ထိုအခိုက်အတန့်တွင် လီချိန်ရှင်း စင်ပေါ်တွင် သီဆိုရင်းဖြင့် မျက်လုံးဖွင့်လာသည်။

ထို့နောက် ကုတ်ကို ချွတ်၍ စင်အောက်သို့ ကျဲချလိုက်၏။

လေထုမှာ အင်မတန် ဟော့နေပြီး လီချိန်ရှင်း ယခုလို ပြုမူလိုက်တော့ ဘား၏ ခေါင်မိုးပင် ပွင့်ထွက်လုမတတ် ညံသွားခဲ့‌တော့သည်။

မိန်းကလေးတစ်ချို့ဆိုလျှင် သူကျဲလိုက်သည့် ဂျက်ကတ်ကိုရရန် အတင်း၀င်လုံးကြ၏။ အလွန်အမင်း ရူးသွပ်သည့် အခြေအနေပင်။

ထိုမျှနှင့် မပြီးသေး။ လီချိန်ရှင်း သူ ၀တ်နေကျဖြစ်သည့် ဆွဲကြိုးကိုပါ ချွတ်၍ ကျဲချလိုက်သေးသည်။ လေထုမှာတော့ နားပင်းလုမတတ် ဆူညံနေပြီး အကယ်၍ နားစို့ထားလျှင်ပင် အချည်းနှီးမျှသာ ဖြစ်၏။

သံပြိုင် အပိုဒ်နားလောက်ရောက်တော့ လီချိန်ရှင်း လစ်ဟာနေသည့် အချိန်ခဏကို အခွင့်ကောင်းယူကာ " ကျွန်တော်အခု စီးထားတဲ့ ဖိနပ်ကလည်း Limited edition AJ1 ပဲ... လုံး၀ အသစ်... စီးထားတာ သုံးနာရီတောင် မပြည့်သေးဘူး.... လိုချင်ကြလား....."

" ယူမယ်.... ငါလိုချင်တယ်...."

" ဒီကို ဒီကို .... "

" ကော.... အများကြီး ချစ်တယ်နော် ... ခု ဒီဘက်ပစ်ပေးလို့ရပြီ...."

ဤတစ်ကြိမ်တွင်တော့ အမျိုးသမီးများသာမက အမျိုးသားများပင် ပါ၀င်လာကြသည်။ မည်သို့ပင်ဆိုစေ ဖိနပ်ဆိုတော့ သူတို့လည်း စိတ်၀င်စားကြသည် မဟုတ်လား။

လီချိန်ရှင်း ကုန်းကွထိုင်၍ ဖိနပ်ကြိုး ဖြည်လိုက်သည်။ ထို့နောက် သူ လင်းရီနှင့် ကျန်သူများ ရှိရာဘက်သို့ ကြည့်လိုက်၏။

သူ ဖိနပ် နှစ်ဖက်လုံးကို လင်းရီတို့ဝိုင်းထံ ပစ်ကျဲလိုက်ပြီး စားပွဲပေါ် ပြုတ်ကျအောင် ပြုလုပ်လိုက်သည်။

ဘားအတွင်း အမြင့်ဆုံး ရောက်နေသည့် လေထုမှာ သိသိသာသာပင် ငြိမ်ကျသွားခဲ့တော့သည်။

ပစ္စည်းများအတွက် ဘီလူးသရဲစီးနေသည့် မိန်းကလေးတစ်ချို့ပင် အနည်းငယ် သဘာ၀မကျ ဖြစ်လာခဲ့ကြသည်။

သူမတို့က သာမန်လူများ ဖြစ်ကြပြီး ဆယ်လီအိုင်ဒေါများ အနောက်လိုက်ကာ ၎င်းတို့ ၀တ်ဆင်သည့် အသုံးအဆောင် ပစ္စည်းများအား စုဆောင်းထိန်းသိမ်းရန် ဝါသနာထုံကြသည်။

သို့သော်ငြား အဆိုပါဝိုင်းရှိလူက သာမန်လူမဟုတ်ပါပဲနှင့် ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူ တစ်ဦး ဖြစ်နေသည်။

ကော..... န‌င်က ဒီတိုင်း ဆယ်လီလေးပဲလေ... ဒီလိုမျိုး ကစားဖို့ မသင့်တော်ဘူးမလား....

သို့သော်လည်း လီချိန်ရှင်းကတော့ အမှုမထား။ ထိုအစား မိုက်ကိုကိုင်၍ ရယ်မောလိုက်ပြီး " ကျွန်တော့်ရဲ့ sneaker တွေကို ရရှိထားတဲ့ ဟော့ဒီက လူကြီးမင်းကို ဂုဏ်ပြုပါတယ်....ကောင်းကောင်းသိမ်းထား.... နောင်ကျ တန်ဖိုးတက်လာလိမ့်မယ်.....”

All Chapters