ငါ ယွမ် ၆ မီလီယမ် ပေးမယ်
Vol. 67 Ch. 994
လီချိန်ရှင်း၏ ဖိနပ်က လင်းရီရှေ့ စားပွဲကို ထိမှန်သွားခဲ့ပြီး အသီးပန်းကန်လည်း ကွဲကြေသွားကာ အသီးများလည်း စားသုံးလို့ မရတော့ချေ။
ထို့ပြင် အသီးစိတ်များက လီချူးဟန်၏ ကိုယ်ပေါ်သို့ပင် ဖိတ်ကျသွားခဲ့လေသည်။ လင်းရီ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
သူနှင့် ဘေးအနီးနား ရပ်နေသည့် တိုနီကတော့ မနေနိုင်ပဲ ခေါင်းခါရမ်းမိလိုက်သည်။
" ကောင်လေးက တော်တော်လေး ဉာဏ်ကောင်းသားပဲ...."
အကယ်၍ လင်းရီနှင့် လက်သီးချင်းယှဉ်မည်ဆိုပါက ခက်ခဲမည် ဖြစ်ကြောင်း တိုနီလည်း နားလည်သည်။ သို့သော်လည်း သွယ်ဝိုက်၍ ချဉ်းကပ်သည်ကတော့ အခြား ကိစ္စတစ်ခုဖြစ်သွားပြီဖြစ်၏။
လီချိန်ရှင်း ယခုလို ပြုလုပ်ရသည်က ပွဲတက်ကြွစေရန်ပင်။ ထို့ကြောင့် မည်သူကမျှ သူ့အား အမှားရှာနိုင်လိမ့်မည် မဟုတ်ချေ။
ကံဆိုးစွာဖြင့် သူ၏ အပြုအမူက ဘားထဲရှိ မြင့်တက်နေသည့် လေထုကိုပဲ ငြိမ်ဆိတ်သွားစေခဲ့တော့၏။ လူတိုင်း၏ မျက်လုံးများက လင်းရီထံ ကျရောက်လို့နေသည်။
ဤ ဒုတိယမျိုးဆက်ခံသူက သွားရှုပ်လို့ ကောင်းသူမဟုတ်ချေ။ လီချိန်ရှင်း၏ အပြုအမူက နည်းနည်းလေး လွန်ကဲနေချေသည်။
အခြအနေမလှသည်ကို မြင်တော့ တာ၀န်ကျ ပွဲကြေညာသူမှ ထွက်လာ၍ နှစ်ဖက်ကို ရင်ကြားစေ့ပေးရတော့၏။
" လီချိန်ရှင်းရဲ့ Sneaker တွေ ပိုင်ဆိုင်သွားတဲ့အတွက် ဟော့ဒီက လူကြီးမင်းကို ဂုဏ်ပြုပါတယ်...."
ပြီးလျှင် အလိုက်ကန်းဆိုး နားလည်စွာဖြင့် ဝိတ်တာကို ချက်ချင်း လှမ်းခေါ်လိုက်ပြီး " သီးသန့်ဝိုင်း ၆ က ဧည့်သည်တော်တွေကို အသီးပန်းကန် နှစ်ချပ် ထပ်ချပေးလိုက်ဦး... ငါ့ စာရင်းထဲ ထည့်ထားလိုက်.... "
ထို့နောက် ပွဲကြေညာသူမှ လီချိန်ရှင်းကို ဆွဲခေါ်ပြီး တီးတိုးလေသံဖြင့် " မင်း ဘာတွေ လုပ်နေတာတုန်းကွ... အဲ့တာ စူပါ့ စူပါ သောက်ရမ်းချမ်းသာတဲ့ ဒုတိယမျိုးဆက်နော်.... မင်းဘာလို့ သွားပြီး အပြစ်ပြုချင်နေရတာ...."
လီချိန်ရှင်း အမှုမထား။ မိုက်ကိုကိုင်၍ သာမန်အေးဆေး လေသံဖြင့် " ဘာ ချမ်းသာတဲ့ ဒုတိယ မျိုးဆက်လဲ.... သူက ဒီတိုင်း အောက်ဒေါစထွင်မာလေးပဲ.....မင်းတို့ အားလုံး သူအရူးလုပ်တာကိုခံနေရတာ...."
" အောက်.... အောက်ဒေါ စထွင်မာလား...."
လင်းရီ၏ အထောက်အထားကို သိလိုက်ရတော့ လူတိုင်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။
ယနေ့ခေတ် စထွင်မာများက ၀င်ငွေ ကောင်းနေသော်လည်း ချမ်းသာသည်ဟူသည့် အနေအထားနှင့်တော့ အဝေးကြီးရှိနေသေး၏။
ထို့ပြင် သူက ယခုနေရာ၌ ယွမ် သန်းဂဏန်းထိအောင် သုံးဖြုန်းထားချေသည်မဟုတ်ပါလား။ သာမန် စထွင်မာဆိုပါက ထိုမျှ များပြားသည့် ၀င်ငွေ ရှိနိုင်၏လော။
" အဟုတ်ပဲ... ကျွန်တော့်ရဲ့ အမည်နာမ ဂုဏ်သတင်းကို တိုင်တည်ပြီးတော့တောင် အာမခံရဲတယ်... သူက ဒီတိုင်း စထွင်မာလေးတစ်ယောက်ပဲ.... သုံးဖြုန်းနိုင်နေတယ်ဆိုတာကလည်း အစီအစဉ် တစ်ခုမှာ winner ဖြစ်ပြီးတော့ ဒေါ်လာ လေးငါးသန်း အနိုင်ရသွားခဲ့လို့လေ... ဒါကြောင့်မို့ ဒီနေရာလာပြီး သူဌေးစတိုင် လာဖမ်းနေတာ....မင်းတို့အားလုံး အရူးလုပ်ခံလိုက်ရပြီ.... "
" ဖက်ခ်... ဒါဆို ဒီကောင် ချုန်တုန်းနန်ကို ခုလေးတင် ခေါင်းခွဲလိုက်တာကကော.... တစ်ဖက်သူ ပြန်ကောင်းလာတဲ့အချိန်ကျရင် သေချာပေါက် လက်စားလာချေမှာပဲ...."
" ငါတော့ ဘာမဟုတ်တာလေးကို စိတ်လှုပ်ရှားနေမိခဲ့တာပဲကွာ.... သူက သောက်ရမ်းချမ်းသာတဲ့ ဒုတိယမျိုးဆက်ထင်ပြီး ဂုန်းဆင်းမလို့ စိုင်းပြင်းနေတာကို....."
" ငါ့အထင် ဟိုကောင်မလေးလည်း ကြံရာပါနဲ့တူတယ်ကွ.... သူက La Voiture Norie မောင်းတယ်ဆိုပြီးတောင် ပြောလိုက်သေး...."
" ငါ နိုက်ကလပ်မှာ ကျင်လည်နေတာ နှစ်ပေါင်းမနည်းတော့ဘူး.... ဒါပေမယ့် လူကဲခတ်မှားတာတော့ ဒီတစ်ခေါက် ပထမဆုံး အကြိမ်ပဲ.... သူကလည်း တယ်ပိရိသကိုး...."
လူတိုင်း တစ်ယောက်တစ်ပေါက် လင်းရီကို ဝေဖန်နေသည့် အသံကြားတော့ လီချိန်ရှင်း ပြုံးလိုက်ပြီး အတွေးထဲ၌ ' ဟမ့်... အောက်ဒေါ စထွင်မာကများ ငါနဲ့ ပခုံးချင်း လာယှဉ်နေတယ်.... မင်းကို ဘယ်သူက အခွင့်အရေး ပေးလို့.....'
နောက် လီချိန်ရှင်း မိုက်ကိုင်၍ အခြားသီချင်းတစ်ပုဒ်ကို ဆက်လက်သီဆို ဖျော်ဖြေလေသည်။
လေထုအခြေအနေမှာတော့ သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသေးဆဲဖြစ်၏။
" အစ်ကိုရီ... သူ နင့်ကို စော်ကားနေပြီနော်...."ချိန်ရန် ပြောလာသည်။
လင်းရီ တစ်သျှူးစဖြင့် လီချူးဟန်ကိုယ်ပေါ်ရှိ အစွန်းအထင်းများအား သုတ်ပေးရင်း " မပူနဲ့... သူ ဒီည ပြေးလို့ မလွတ်စေရဘူး...."
ချိန်ရန်၏ အမူအရာကတော့ တည်တည်ငြိမ်ငြိမ်ရှိနေသည်။ သူကဲ့သို့ သရုပ်ဆောင် တစ်ယောက်အား ကိုင်တွယ်ရန် နည်းလမ်းတစ်သောင်းခန့် သူမထံတွင်ရှိနေပြီး ဖြည်းဖြည်းချင်း ဆော့ကစားသွားမည် ဖြစ်၏။
လင်းရီ ကိစ္စကို ဆက်လက် အကျယ်မချဲ့တော့သည်ကို မြင်တော့ ပွဲကြေညာသူလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ လင်းရီ၏ အထောက်အထား မှန်မမှန် သူ မသိသော်လည်း အကယ်၍ လင်းရီကသာ အရေးတယူပြုနေပါက နှစ်ဦးနှစ်ဖက် ကျိန်းသေပေါက် ပဋိပက္ခများ ဖြစ်လာပြီး ပွဲလည်း အနှောင့်အယှက် ဖြစ်သွားပေမည်။
လီချိန်ရှင်းလည်း နောက် နှစ်ပုဒ်ခန့် ဆက်လက်သီဆိုနေပြီး ခရိုခ၀ ကျွန်းပေါ်၌ ခံခဲ့ရသည်များကို လက်စားပြန်ချေလိုက်နိုင်လိုက်သကဲ့သို့ မုဒ်မှာတော့ အင်မတန် ကောင်းနေတော့၏။
" ၀မ်းစမိုး( နောက်တစ်ပုဒ်)... "
"၀မ်းစမိုး.... "
" ၀မ်းစမိုး....."
ဘားထဲရှိ လူများမှ မီးလင်းချောင်းများ ဝှေ့ယမ်းရင်း ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သီချင်း သုံးလေးပုဒ်နှင့်တော့ သူတို့အား စိတ်ကျေနပ်ရန် မစွမ်းဆောင်ပေးနိုင်ချေ။
ပွဲကြေညာသူမှ မိုက်ကိုယူ၍ စင်အောက်ရှိ လူများအား ကြည့်ပြီး " လူတိုင်းပဲ... မလောကြပါနဲ့... ငါတို့ ဒီနေ့ စိတ်၀င်စားဖို့ကောင်းတဲ့ လေလံ သေးသေးလေးတစ်ခု စီစဉ်ထားပါသေးတယ်.... ဘာအတွက်လဲဆိုတော့ လီချိန်ရှင်းရဲ့ ဖျော်ဖြေမှုကို တစ်ကိုယ်တော် ခံစားနိုင်မယ့် အခွင့်အရေးပါပဲ... ဒီဆုလဒ်ကို ရနိုင်မရကတော့ မင်းတို့ပေါ် မူတည်နေတယ်နော..... "
" ငါ ၁၀၀,၀၀၀ ပေးမယ်...."
ပွဲကြေညာသူ စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်မှ လှမ်းအော်ဟစ်လိုက်၏။
" ၁၃၀,၀၀၀ "
"၁၄၀,၀၀၀ "
"၁၆၀,၀၀၀ "
လေလံကြေးပေးသံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး အများစုကတော့ အမျိုးသမီးများဖြစ်၏။
ကျန်သည်ကတော့ အဆီပိတ်နေသည့် ဦးနှောက်နှင့် သက်လတ်ပိုင်း လူကြီးတို့ကသာ များလေသည်။ ထိုသူတို့က သူတို့ဘေးရှိ အမျိုးသမီးလေးများအား ပြုံးလျက်ကြည့်ရင်း ဈေးနှုန်း အော်ဟစ်နေကြ၏။
သုံးမိနစ်အတွင်း လေလံဈေးက ယွမ် ခြောက်သိန်းအထိ မြင့်တက်လာခဲ့သည်။
လီချိန်ရှင်းကဲ့သို့ ဆယ်လီအနုပညာရှင် တစ်ဦးအတွက် ယွမ်ခြောက်သိန်းက တစ်ညငှားရန် အဆင်ပြေလေသည်။ ထို့ပြင် ပမာဏကလည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်၏။
" ၁ မီလီယမ်..... " လင်းရီ ဈေးပေးလိုက်သည်။
လင်းရီ ဈေးပေးလိုက်သည့်အသံကြားတော့ ရှိနေကြသည့် မိန်းကလေးတို့မှ လင်းရီကို ကြည့်လိုက်ကြပြီး လေထုမှာလည်း ထူးဆန်းစွာဖြင့် ပြောင်းလဲသွားလေသည်။
လီချိန်ရှင်းသည်လည်း ထိုနည်းလည်းကောင်းပင်။ လင်းရီ ထိုမျှ မြင့်မားစွာ လေလံခေါ်လိမ့်မည်လို့ ထင်မှတ်မထားချေ။
သူ ယနေ့ညပွဲကြီးမှ ယွမ် ငါးမီလီယမ် ရရန်ရှိပြီး အခွန်ဘာညာ ဆောင်ပြီးနောက် သုံးမီလီယမ်ခန့်လောက်သာ အိတ်ကပ်ထဲ ထည့်သွားနိုင်မည်။
" စားပွဲ ၆ က ဧည့်သည်တော်က ၁ မီလီယမ် ပေးထားပါတယ်... နောက်ထပ် ဘယ်သူကများ ပိုပေးချင်ပါသလဲ...."
တစ်မီလီယမ်ကပင် မိုးတမျှ မြင့်သည့် ပမာဏကြီး ဖြစ်၏။ ထို့ကြောင့် လေလံခေါ်သူတိုင်းက တုံ့ဆိုင်းသွားရလေသည်။
လီချိန်ရှင်း မျက်နှာ မလှတော့ချေ။ သူတို့နှစ်ဦးကြားရှိ အငြိုးအတေးကို ထည့်တွက်လိုက်ပါက အခွင့်အရေး ရသည်နှင့် လင်းရီ သူ့အပေါ် လက်စားချေမည်မှာ ဗေဒင်မေးနေစရာ မလိုပေ။
" အဟမ်း အဟမ်း...."
လီချိန်ရှင်း ချောင်းဟန့်လိုက်ပြီး " ဒီနေ့ လေထုကလည်း အရမ်း အသက်၀င်မေတယ်ဆိုတော့ ပွဲကို ပံ့ပိုးပေးသလိုလည်း ဖြစ်အောင် ဒီအခွင့်အရေး ပိုင်ဆိုင်တဲ့သူနဲ့ ညစာအတူစားဖို့ ဆုံးဖြတ်ထားပါတယ်...."
ထိုစကားကြားတော့ ရောက်လာကြသည့် အမျိုးသမီး အများစုမှ ကံစမ်းကြည့်ရန် စိတ်အားထက်သန်လာကြသည်။
" ငါ ၁.၃ မီလီယမ် ပေးတယ်....."
လင်းရီ ဘေးသို့ လှည့်ကြည့်လိုက်တော့ အသံထွက်လာသည်က စားပွဲ နံပါတ် ၃ တွင် ထိုင်နေသူပင်။ သူမ မျက်နှာ တစ်ပြင်လုံး မိတ်ကပ်များ ထူပိန်းနေအောင် လိမ်းခြယ်ထားပြီး အနည်းဆုံး အသက်လေးဆယ်အရွယ်လောက်တော့ ရှိနေပြီဖြစ်၏။
" ဒီရဲ့ အိုကြီးအိုမတွေကတော့ မြက်နုလေးတွေ လာစားနေပြန်ပြီ...."ချိန်ရန် ပြောလိုက်သည်။
" ငါပြောနိုင်တာတော့ သူမက အစ်ကိုရီကို ဆန့်ကျင်ဖို့ ပြင်ဆင်ထားတယ်ဆိုတာပဲ...."စွန်းရှန် ပြောလိုက်ပြီး " လီချိန်ရှင်းရဲ့ ရုပ်ရည်က နုဖက်ပြီး မိန်းမချောချောတာ.... သူမလို အသက်အရွယ်နဲ့ ဒီလိုမျိုး ဆယ်လီအနုပညာရှင်နဲ့ အတူအိပ်နိုင်တယ်ဆိုရင် တန်တယ်လို့ ဆိုရမယ်... ဘာပဲဆိုဆို သုံးထားတဲ့ ပိုက်ဆံကလည်း မနည်းပဲကိုး......"
" နှစ်မီလီယမ်....."လင်းရီ ပြုံးလျက် ဈေးထပ်တိုးပေးလိုက်၏။
ထပ်တူညီစွာဖြင့် စားပွဲဝိုင်း ၃ ရှိ အမျိုးသမီးကလည်း လင်းရီကို ကြည့်ပြီး " ၂.၁ မီလီယမ်...."
"၃ မီလီယမ်....."
လင်းရီ တစ်မီလီယမ် ထပ်တိုးပေးလိုက်သည့် အသံကြားတော့ လူတိုင်း ကြက်သေသေသွားခဲ့တော့သည်။
အကယ်၍ သူက ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူ မဟုတ်လျှင်ပင် ထိုမျှ သုံးဖြုန်းနေနိုင်သည်ကတော့ လူတိုင်း၏ အာရုံကို ဆွဲဆောင်ဖို့ရန် လုံလောက်လေသည်။
" လူငယ်လေး.... နင်က ငါနဲ့ ပြိုင်ဖို့ ကြိုးစားနေတာလား...."စားပွဲဝိုင်း ၃ ရှိ အမျိုးသမီးမှ ပြောလာသည်။
လင်းရီ ပခုံးတွန့်လိုက်ပြီး " မြင်တဲ့အတိုင်းပဲ...."
" ဒါပေမယ့် နင့်မှာက ယွမ်သန်းနည်းနည်းလောက်ပဲရှိတာ... ငါ့မှာက ဘီလီယမ်ချီတယ်... နင်က ငါ့ပြိုင်ဘက် မဟုတ်သေးဘူး... အရှုံးပေးလိုက်တော့...."ပြောပြီးနောက် အမျိုးသမီးမှ လီချိန်ရှင်းကို လက်ညိုးထိုးလိုက်ပြီး " ငါခုနောက်ပိုင်း သူ့ကို စွဲလမ်းနေတာ တော်တော်ကြာပြီ.... ရအောင်ယူဖို့ ဆုံးဖြတ်ပြီးသား... နင် ငါနဲ့ မယှဉ်ရင် ပိုကောင်းလိမ့်မယ်....."
" ခင်များလက်ထဲ ပိုက်ဆံ ဘယ်လောက်ရှိလဲ လာမပြောနဲ့... သူနဲ့ အိပ်ဖို့ ပိုက်ဆံ ဘယ်လောက် သုံးဖို့ စီစဉ်ထားလဲပဲပြော.... "
အမျိုးသမီးမှ လက်းငါးချောင်း ထောင်ပြလာပြီး " ငါ ၅ မီလီယမ် သုံးဖို့ စဉ်းစားထားတယ်... ဒါက လုံလောက်တယ်လို့ နင်မထင်ဘူးလား....."
ငါးမီလီယမ်ဟူသော ပမာဏကိုကြားတော့ လူတိုင်း မူးမှိက်မှိက် ဖြစ်သွားခဲ့ကြသည်။
သူမက အဲ့လောက် ပိုက်ဆံ အများကြီး သုံးမယ်ဆိုတော့ သေချာပေါက် ထမင်းတစ်နပ် စားရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး....
လီချိန်ရှင်းနဲ့ အိပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တောင် လိုတာထက်ကို ပိုပေးပြီးနေပြီ။
ပိုက်ဆံရှိရတာလည်း အတော်တော့ ကောင်းသား... ကြိုက်တဲ့သူကို ပိုက်ဆံစိတ်ကြိုက်ပေးပြီး ခေါ်အိပ်လို့ရတယ်....
ဒါပေမယ့် ချမ်းသာတဲ့ အမျိုးသမီးရဲ့ သွင်ပြင်နဲ့ လီချိန်ရှင်းလို နုနုရွရွလေးက စိတ်ကျေနပ်မှု ပေးနိုင်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာပဲ...
" ငါးမီလီယမ်က တော်တော်လေး များတယ် ပြောရမယ်.... ဒီတော့ ငါ့ဘက်က ၆ မီလီယမ် ပေးမယ်.... ခင်များ ဆက်လိုက်ချင်သေးလား....."