← Chapters

တိုက်ပွဲဂုဏ်သရေ

Vol. 67 Ch. 999

တိုက်ပွဲဂုဏ်သရေ

Vol. 67 Ch. 999

ဟန်ရန်ပင်း၏ မြေပြင်ပေါ် ပြုတ်ကျသည့် အသံက လူတိုင်း၏ ရင်ဘက်ကို ကျောက်တုံးကြီးနှင့် ချေမွပစ်လိုက်သကဲ့သို့ မယုံကြည်နိုင်စရာ ကောင်းလှသည်။

ဟန်ရန်ပင်းကိုယ်၌ကပင် သူ့ကိုယ်သူ အိပ်မက်ဆိုး မက်နေသလားဟုတောင် ထင်နေမိ၏။ သူ့လို ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်မည့်သူက ပိတ်ကန်ခံရပြီး လွင့်ထွက်သွားရသည်လော။

"အစ်ကိုပင်း...."

ဂူချန်းချွမ်နှင့် ကျန်သူများ ပြိုင်တူအော်ဟစ်၍ ဟန်ရန်ပင်းကို လာပြီး ဖေးမကြ၏။ ထိတ်ပျာနေပြီး အံ့အားသင့်နေသည့် သူတို့၏ အမူအရာက မျက်နှာထက် တစ်လှည့်စီ ဖြစ်ပေါ်နေကာ လူကို ပြောင်ပြနေသကဲ့သို့ ထင်မှတ်ရ‌လေသည်။

" ငါ-ိုးပဲ..."ဟန်ရန်ပင်း ဒေါနမောကြီးစွာ အော်ဟစ်လိုက်ပြီး " မင်းတို့ငါ့ကို မတားကြနဲ့....."

လင်းရီ ဆွံ့အသွား၏။

' ဘယ်သူကကော မင်းကို တားနေလို့တုန်း....'

ဟန်ရန်ပင်း အားယူပြန်ထပြီး လင်းရီထံ ကျားရိုင်းကောင်ကြီးကဲ့သို့ တိုး၀င်လာပြန်သည်။

ထို့ပြင် ဤတစ်ကြိမ်၌ သူ၏ စွမ်းအားက ယခင်တစ်ခေါက်ကထက်ပင် ပေါက်ကွဲမှု ပြင်းထန်နေပြီး သူ့ ကိုယ်တွင်းရှိ အားအင် အကုန်လုံးကို ညစ်ထုတ်၍ သေစေနိုင်စွမ်းကို နောက်တစ်ဆင့် တက်လှမ်းသွားစေခဲ့၏။

ယခု ဟန်ရန်ပင်းမှာ တန်းထျန်အတွင်းအားကို အသုံးပြုနိုင်သူ တစ်ယောက်ဖြစ်ကြောင်း လင်းရီ ပိုလို့ သေချာသွားခဲ့တော့သည်။ သို့သော် သိပ်ပြီး ကျွမ်းကျင်နေပုံတော့ ရှိဟန်မတူချေ။ သူကဲ့သို့ လူမျိုးများက ပုံမှန်အားဖြင့် ကျုံးဝေ့တပ်ဖွဲ့၏ အစမ်း လေ့ကျင့်ရေး စမ်းသပ်မှု ကမ်းလှမ်းချက်ကို ရရှိပြီး အပြင်၌ အလေလိုက်နေရန် မဖြစ်နိုင်ချေ။ မည်သို့ဆိုစေ လင်းရီတွင် ထိုအကြောင်း စဉ်းစားရန် အချိန်မရှိ။ တစ်ခု ရှိသည်က သူ့အား ရိုက်ထုတ် ပုတ်ထုတ်ပစ်ရန်ပင်။

မျက်တောင် တစ်ခတ်စာအတွင်း ဟန်ရန်ပင်း လင်းရီရှေ့ အဟုန်နှင့် ရောက်ရှိလာသည်။

လင်းရီ ကိုယ်ကို နှိမ့်၍ ဟန်ရန်ပင်း၏ ခြေထောက်များကို ဆတ်ကနဲ ကန်ကျောက်လိုက်၏။ သကောင့်သားမှာ ချက်ချင်း ခွေကျသွားပြီး ခြေထောက်ကို တင်းကြပ်စွာကိုင်၍ နာကျင်စွာလှိမ့်၍ အော်ဟစ်နေတော့သည်။

" ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."

ဟန်ရန်ပင်း၏ လယ်ဗယ်ကို ကောင်းစွာသိထားသည့် ဂူချန်းချွမ်မှာ မျက်၀န်းပြူးကျယ်၍ ခေါင်းမှာလည်း မူးနောက်နောက် ဖြစ်လာသည်။

သူ့လို လူစားမျိုးက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အရိုက်ခံနေရတာ.... ဒါ လူကြီးက ကလေးကို အနိုင်ကျင့်သလိုမျိုးတောင် ဖြစ်နေပြီ....

တန်းထျန်အတွင်းမှ ခွန်အား ထုတ်သည့် နည်းလမ်းကို ပေါက်မြောက်အောင်မြင်ပြီးနောက် လေ့ကျင့်သူများကို ယေဘုယျအားဖြင့် မတူညီသည့် အဆင့်ခြောက်ဆင့် ခွဲခြားထား၏။ လင်းရီမှာ လက်ရှိ ဒုတိယအဆင့် တိုက်ပွဲခွန်အားကို ပိုင်ဆိုင်ထားပြီး ဟန်ရန်ပင်းကတော့ လေ့ကျင့်စ ပထမအဆင့်၏ မျက်နှာကျက်နှင့် ထိတွေ့နိုင်ရုံ အဆင့်မျှသာ ရှိသေးသည်။ထို့ပြင် လင်းရီ၏ ခန္ဓာ ၊ အရိုးနှင့် အခြားသော အစိတ်အပိုင်းတို့ကလည်း ဆေးရည်ဖြင့်လည်း မွမ်းမံပြုပြင်ထားသေးသည်။သူနှင့် လင်းရီကြား ကွာဟချက်က နေ့နှင့်ညကဲ့သို့ ဖြစ်ကာ မည်သို့မျှ မနှိုင်းယှဉ်နိုင်ချေ။

လင်းရီ သူ့ကို သေအောင် မကန်လိုက်သည်ပင် အင်မတန် ကြင်နာထားပြီး ဖြစ်၏။

ဟန်ရန်ပင်း လဲလျောင်းနေပြီး အေးစက်စက်လေတစ်ချက်က လူတိုင်း၏ မျက်နှာပေါ် တိုက်ခတ်သွားသည်။

လမ်းပေါ် ပွဲကြည့်နေကြသည့် လူတိုင်းကလည်း တစ်ယောက်တစ်ပေါက်နှင့် ပရမ်းပတာ ဖြစ်နေချေပြီ။ လူတော်တော်များက ပြဿနာရှာနေကြသူများမှာ ရန်ကျင်း၏ ဆွေကြီးမျိုးကြီး ဆက်ခံသူများဖြစ်ကြောင်း သိထားကြ၏။ သို့သော် ယခုတော့ ဤ အလွန်မာနကြီး မောက်မာလွန်းသူများက အမှန်တကယ်ပင် ရှုံးနိမ့်သွားခဲ့ချေပြီ။

" ဒီ.... ဒီရဲ့ ရန်ကျင်းက ဆက်ခံသူတွေ တကယ်ကြီး ရှုံးနိမ့်သွားတယ်...."

သူတို့ ဤကိစ္စကို ယုံရန် ခက်လှ ဖြစ်နေတော့သည်။

သူတို့၏ အမြင်တွင်တော့ ဤရန်ပွဲက သာမန် ရန်ပွဲမဟုတ်။ ရန်ကျင်းနှင့် ကျိုးဟိုင်ကြား ဂုဏ်ကျက်သရေကို ကိုယ်စားပြုသည်။ ယခုလို ရှုံးနိမ့်သွားမှုက နိုင်ငံရေး နောက်ခံ အသိုင်းအဝိုင်းမှဟု ဂုဏ်ဆာနေသူများကို မျက်နှာဖြတ်ရိုက်လိုက်ခြင်းပင်။ ယင်းအား လက်ခံ၍ပင် မရနိုင်ချေ။

ဘေး၌ ရပ်ကြည့်နေသည့် ချိန်ရန်ကတော့ သူမသွေးတို့ ပွက်ပွက် ဆူလာသယောင် ခံစားနေရတော့၏။ အဆုံးတွင်တော့ စွမ်းအားအကြီးဆုံးသူက သူမ၏ အစ်ကိုကြီးလင်းပင် ဖြစ်လေသည်။တည်ငြိမ်ပြီး မတုန်မလှုပ် မျက်နှာထားနှင့် အေးဆေးစွာရပ်‌နေသည်က မိန်းမပျိုလေးတို့၏ အသည်းနှလုံးအား အလိုအလျောက် ဖမ်းစားနေတော့၏။

လင်းရီ အိတ်ကပ်ထဲ အေးဆေး လက်နှိုက်၍ ဟန်ရန်ပင်းထံ လျှောက်လာပြီး အထင်သေးစွာ ကြည့်၍ " မင်း သူတို့ဘက်က ရပ်တည်ပေးမယ် မဟုတ်ဘူးလား... ဘာလို့ မြေကြီးပေါ် လဲနေတာ....."

" မင်း စောင့်နေ.... ငါ မင်းကို အလွှတ်မပေးဘူး...."

လင်းရီ နားကို စိတ်မရှည်စွာ ကလော်ရင်း " မင်းပြောတော့ ဒီနေ့ပြီးရင် ပြီးပြီဆို... မင်းအခု ရှုံးသွားပြီ... အရှုံးကိုလည်း လက်မခံနိုင်ဘူး... ကောင်လေး ... မင်းက ဘယ်စည်းမျဉ်းတွေကို လိုက်နာနေတာ....." " သောက်ရေးမပါတဲ့......"

ဝှစ်.....

လင်းရီ စကားပြောရန်ပင် အခွင့်မပေးပဲ အထိရောက်ဆုံး နည်းလမ်းဖြင့် နှုတ်ပိတ်ပစ်လိုက်၏။

သကောင့်သားမှာ အနောက် မီတာ အနည်းငယ်လောက်အထိ လွင့်စင်သွားခဲ့လေသည်။ သူ့နောက်ရှိ လူတိုင်း အရေးတကြီး လမ်းဖယ်ပေးလိုက်ကြ၏။ မည်သူကမျှ သူလွင့်စင်သည့် လမ်းကြောင်း၌ ၀င်မရှုပ်ဝံ့ကြချေ။

" မကျေနပ်သေးဘူးလား..."လင်းရီ အသံမှာ တိုးညင်းပြီး ရာသီဥတုကဲ့သို့ အေးစက်နေသည်။

လောကကြီးကို အမှုမထားခြင်း

အရိုးဖောက်မတတ် အေးစိမ့်နေခြင်း

" ငါယီးမှ မကျေနပ်ဘူး... မင်း သောက်ရမ်း အံ့ဩဖို့ကောင်းနေတယ်ဆိုရင် ဒီကနေ့ ငါ့ကို သတ်လိုက်... မဟုတ်ရင် မနက်ဖြန် သေမယ့်သူက မင်းပဲ...."

ထိုအခိုက်အတန့်တွင်တော့ ဟန်ရန်ပင်းမှာ လုံးလုံးလျားလျား စိတ်လွတ်လက်လွတ် ဖြစ်နေတော့သည်။ အတိုင်းအဆမဲ့သည့် ဒေါသက သူ၏ ဆင်ခြင်တုံတရားကို တိုက်စားသွားပြီး ထိန်းချုပ်မရ ဖြစ်နေတော့၏။

" အထင်ကြီးစရာပါပဲ... ငါ မင်းလိုမျိုး သွေးဆာကြမ်းကြုတ်တဲ့ကောင်တွေမျိုးကို ကြိုက်တာ....."

ပြောပြီးနောက် လင်းရီ ‌ခြေထောက်ဖြင့် မျက်နှာကို နင်းခြေပစ်လိုက်သည်။

"ရပ်စမ်း...."

လင်းရီ၏ ခြေဖဝါး ကျဆင်းတော့မည့် အချိန်တွင် အံ့အားတကြီး အော်ဟစ်လိုက်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

လူအုပ်ကြီးလည်း လမ်းဖယ်ပေးလိုက်ပြီး ယူနီဖောင်းနှင့် လူတစ်စု ပြေး၀င်ရောက်ရှိလာသည်။

" မလှုပ်နဲ့... ဘေးမှာရပ်နေ...."

လင်းရီ တစ်ဖက်သို့လှည့်၍ သူ့နောက်ရှိ လူအား ကြည့်လိုက်ရင်း " မင်းငါ့ကို ဘယ်လိုလုပ်ရမလဲ လာသင်ပေးနေတာလား....."

"ဟုတ်တယ်... ငါမင်းကို ပြောနေတာ... ဘေးမှာ သွားရပ်နေ.....မဟုတ်ရင် ငါတို့ တိုက်ခိုက်ရလိမ့်မယ်......"

" နင်တို့ လုပ်ဝံ့လား...."

ချိန်ရန် အော်ဟစ်၍ လင်းရီဘက်မှ ချက်ချင်း ရပ်တည်လိုက်ပြီး " ငါ့အဖေက ချိန်ရွှင့်ကျယ်... နင်သူ့ကို ထိဝံ့ရင် ထိကြည့်စမ်း...." " ကျုပ် အဖေက စွန်းလျန်ဂန်း ...."စွန်းရှန်လည်း ပါ၀င်လာခဲ့၏။

" ချိန်ရွှင့်ကျယ် ... စွန်းလျန်ဂန်း......"

ဦးဆောင်လာသည့် ကပ္ပတိန်မှ ရေရွတ်ပြီးနောက် သူ ချက်ချင်း အံ့အားသင့်သွားခဲ့သည်။ သူတော့ သံစူး နင်းမိချေပြီ။

ချိန်ရွှင့်ကျယ်၏ နာမည်ကို သူ ရင်းနှီးနေသယောင် ရှိသော်လည်း မည်သူလဲ ဆိုတာတော့ သူ စဉ်းစား၍ မထွက်ချေ။ သို့သော်လည်း စွန်းလျန်ဂန်းဆိုသည့် နာမည်နှင့်တော့ သူတို့ အများကြီး ရင်းနှီးထား၏။

ယာဉ်လမ်းကြော ဌာန၏ ခေါင်းဆောင်။

ရန်ကျင်း တစ်မြို့လုံးတွင် ဤ ယူနီဖောင်း ၀တ်ဆင်သူ‌တိုင်း စွန်းလျန်ဂန်း မည်သူဆိုတာကို မသိသမရှိချေ။

ဒီ ‌မအေဘေးတွေကတော့...

ဒါဘယ်လို နောက်ခံတွေနဲ့လဲ... အဲ့တာကို တကယ်ကြီး လမ်းပေါ်တက် ရန်ထဖြစ်နေကြတယ်.....

ချိန်ရန်နှင့် လင်းရီ၏ ရင်းနှီးမှုအရ ဤအချိန်တွင် သူမ ပါ၀င်လာသည်ကို နားလည်ပေး၍ရသည်။

သို့သော်လည်း စွန်းရှန်နှင့် လင်းရီ တွေ့ဆုံသည်က နှစ်ဆယ့်လေးနာရီပင် မပြည့်သေးချေ။ ထို့ကြောင့် သူတို့ကြား ရင်းနှီးမှုကလည်း မနက်ရှိုင်းသေးချေ။ သို့ဆိုလျှင် သူနှင့် ချိန်ရန်ကြား ရင်းနှီးမှုကြောင့်လောဟု ဆိုလာလျှင်တော့ ထိုသို့ မဟုတ်။

အဓိက အကြောင်းပြချက်ကတော့ သူသည် ငယ်ရွယ်ပြီး ယခုလို မြင်ကွင်းမျိုးနှင့် တွေ့ဆုံချိန်၌ အင်မတန် သွေးဆူပွက်လာခဲ့ရသည်။

" မင်းတော့ ကံဆိုးတာပဲ ဟန်ရန်ပင်း... ဒီနေ့ ဘယ်သူမှ မင်းကို မကူညီကြဘူး...."လင်းရီပြုံး၍ ဟန်ရန်ပင်း၏ မျက်နှာပေါ် နင်း‌ခြေပြီး ပြောလိုက်သည်။ သူ ခြေတစ်ချက်ဆောင့်လိုက်သည်နှင့် အောက်ရှိလူမှာ မြေပြင်ထဲ ကျွံ့၀င်သွားမည့် သယောင်ရှိနေသည်။

"အစ်ကိုပင်း......."

ကျောက်မို၊ ဂူချန်းချွမ်နှင့် ကျန်သူများအားလုံး စိုးထိတ်စွာ မြည်တမ်းလိုက်ကြ၏။ သူတို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အံတကြိတ်ကြိတ်နှင့် လင်းရီကို အရေဆုတ်ချင်သော မျက်၀န်းတို့ဖြင့် ကြည့်နေကြလေသည်။

လင်းရီ ကျောက်မိုနှင့် ကျန်သူတို့ဘက် လှည့်၍ " မင်းတို့ အသိုင်းအဝိုင်းကကောင်တွေက ကိုယ့်ကိုယ်ကို အများထက် တမူထူးနေတဲ့ကောင်တွေလို့ ထင်နေတဲ့စိတ်က အရိုးထိစွဲနေကြပြီ... ငါမင်းတို့ကို ပြောမယ်... ခေတ်တွေက ပြောင်းလဲနေတာ.... မင်းတို့ အဖေတွေ အဘိုးတွေက အထင်ကြီးစရာ ကောင်းချင်ကောင်းလိမ့်မယ်... ဒါပေမယ့် မင်းတို့ကတော့ ဘာမှ မဟုတ်တဲ့ကောင်တွေပဲ.... "

" ယီးပဲ.... မင်း အစ်ကိုပင်းကို လွှတ်လိုက်စမ်း...."

ဂူချန်းချွမ် သည်းမခံနိုင်တော့ပဲ အနီးရှိ လူတိုင်းကို ခေါ်၍ လင်းရီထံ ပြေးလာတော့သည်။

ဝှစ်.....

လူသုံးဆယ်ကျော်မှ လင်းရီထံ ပြေး၀င်လာရင်း သူတို့ အသုံးပြုနိုင်သည့် အရာမှန်သမျှကိုလည်း ကောက်ဆွဲလာကြ၏။

ထိုအခိုက်တွင်တော့ လင်းရီ၏ အစွမ်းအစ မည်သို့ရှိသည်ကို သူတို့ မစိုးရိမ်နိုင်တော့ချေ။

သူတို့အဖို့ ဤသည်က ဂုဏ်သိက္ခာ အဆုံးအဖြတ်ပေးသည့် ပွဲဖြစ်၏။

အကယ်၍ သူတို့ ယနေ့ ရှုံးနိမ့်သွားမည်ဆိုပါက ရန်ကျင်း၏ နိုင်ငံရေး နောက်ခံ အသိုင်းအဝိုင်း ဆင်းသက်လာသူအားလုံး ဘယ်သောအခါမှ ဦးမော့နိုင်တော့မည် မဟုတ်ချေ။

ကမ္ဘာမြေတုန်ဟီးမတတ် ညာသံပေးသည့်အသံတို့က ဘေးမှ ရပ်ကြည့်နေသူတိုင်းကို စိတ်ဝိဉာဏ်သို့တိုင် တုန်လှုပ်သွားစေခဲ့သည်။ ပဲလှော်ကြား ဆားညှပ်မည်စိုး၍ ‌ပွဲကြည့်လာသူတိုင်း ကမန်းကတမ်း နောက်သို့ ဆုတ်ကြရ၏။ ထိုအချိန်တွင်တော့ ကျောက်မိုနှင့် ကျန်သူများအားလုံး စိတ်လွတ်ကုန်ကြသည်။

စိတ်ထဲ ကြီးစိုးနေသည့် တစ်ခုတည်းသော အတွေးက လင်းရီအား သတ်ဖြတ်ရန်ပင်....

သူတို့အချင်းချင်းကြား ရန်ငြိုးအားလုံးကို ယနေ့ သွေးဖြင့် ဆေးကြောပစ်ရမည်။

" ငိုးပဲ.... သတ်.... ဘာမှ မစိုးရိမ်နဲ့... အဲ့ကောင်ကို သေအောင်သာသတ်.... ဒီနေ့ တစ်ခုခုဖြစ်ရင် ငါ ကျောက်မို အကုန်တာ၀န်ယူမယ်...."

" ဒီမအေဘေးတွေကတော့...."လင်းရီ လက်ဆစ်များချိုးရင်း သူ့မျက်နှာကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းနက်သွားခဲ့သည်။

' ဘယ်လိုတောင် အသိဉာဏ်မဲ့တဲ့ သောက်ရူးတစ်သိုက်ပါလိမ့်.....’

All Chapters