← Chapters

အကြီးကြီးတွေ ဖြစ်ကုန်ပြီ

Vol. 67 Ch. 1000

အကြီးကြီးတွေ ဖြစ်ကုန်ပြီ

Vol. 67 Ch. 1000

လင်းရီ မြေပြင်တွင် မြဲမြံစွာ ရပ်နေရင်း သူ့ထံ ပြေး၀င်လာသည့် ပထမတစ်ယောက်ကို ဆောင့်ကန်ပစ်လိုက်သည်။

ဟန်ရန်ပင်းနှင့် ယှဉ်ပါက သူ့ထံ ဘုမသိ ဘမသိ ပြေး၀င်လာနေကြသူများက အဆတစ်သိန်း အားနည်းနေသည်။

လင်းရီ၏ ခြေကန်ချက်ကို ခံယူပြီးနောက် တစ်ဖက်သူမှာ အရိုးတို့ ကျိုးအက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ့နောက်ရှိ လူအချို့ပင် လွင့်ထွက်လာသည့် အဟုန်ဖြင့် မှောက်လျက် လဲကျကုန်တော့သည်။

တစ်ယောက်ကို ပိတ်ကန်ပြီးနောက် လင်းရီ အေးဆေး ရပ်မနေချေ။

လူအုပ်ထဲ ပြေးလာနေသည့် ဂူချန်းချွမ်ကို လင်းရီ မြင်တွေ့သွားခဲ့၏။ ပျံသန်းလာသည့် ခြေကန်ချက်က သကောင့်သား၏ မျက်နှာပေါ် ထောင့်ကျကျ ဆင်းသက်လာကာ လူအုပ်ကြားတွင် ပြိုင်ဘက်ကင်းဟု သမုတ်ရသည့် ဂူချန်းချွမ်ပင် လင်းရီရှေ့မှောက်၌ သာမန်လူနှင့် ထူးမခြားနားတော့ပေ။

လင်းရီလည်း သူ၏ ကန်ချက်နှင့် စပ်လျဉ်း၍ ညှာတာနေခြင်း မရှိချေ။ ဂူချန်းချွမ်၏ မေးရိုးကြီးမှာ ကျိုးအက်သွားပြီး လူအုပ်ထံ လွင့်စင်သွားကာ နောက်ဘာဆက်ဖြစ်လဲ လင်းရီ မသိရှိတော့။

ထို့နောက် သူ ကျောက်မိုကို ရှာတွေ့သွားပြီး အလင်းအလျင်ဖြင့် သူ၏ ရင်ဘက်ကို ပြေးကန်လိုက်သည်။

ကျောက်မို၏ အော်သံမှာ လမ်းတစ်လျောက် ညံသွားပြီး ခန္ဓာကိုယ်မှာလည်း လွင့်ထွက်သွားခဲ့ကာ နောက်ရှိ လမ်ဘိုဂီနီနှင့် ၀င်တိုက်သွားတော့၏။

ကားမှန်ပြတင်းပေါက် အက်ကွဲစများ ချက်ချင်း ပျံ့ကျဲသွားခဲ့ပြီး လူလည်း ကျွံ၀င်သွားသည်။ ကျောက်မို ရင်ဘက်ကို ဖိ၍ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ သူ ကားပေါ်မှ အတင်းလျောဆင်းရင်း မည်မျှကြိုးစားစေကာမူ ပြန်မထနိုင်တော့ချေ။

ဂူချန်းချွမ်နှင့် ကျောက်မိုမှာ ရှုံးနိမ့်သွားခဲ့ပြီး စွန်းချဲ့နှင့် လူရွှမ်တို့ အခြေအနေသည်လည်း အကောင်းဘက် ယိမ်းမနေချေ။

လင်းရီ၏ ပါးတစ်ရိုက် အကန်ခံလိုက်ရပြီးနောက် ဆွေမျိုးမေ့ချင်သလိုပင် ဖြစ်သွားခဲ့တော့သည်။ ထိုအခိုက်တွင်တော့ လင်းရီမှာ လူရိုင်းကောင်ကြီး ဖြစ်ပြီး သူ့အနား ကပ်လာသူမှန်သမျှ သူ၏ ရန်သူပင်။ ရန်သူဟူသမျှ သွေးအန်ရမည်ဖြစ်၏။

ကျန်၀င်စွက်ဖက်သူများလည်း ‌ထိုဘေးဥပါဒ်မှ လွတ်ကင်းသွားခြင်းမရှိ။ မညှာမတာ ဆော်ပလော်တီးခြင်း ခံလိုက်ရသည်။ ဆယ်မိနစ်အတွင်း သုံးဆယ်ကျော်သော လူတို့မှာ မြေပြင်တွင် လူးလိမ့်ရင်း ရပ်နေသူဆိုလို့ လင်းရီတစ်ယောက်သာ ကျန်ရှိတော့၏။

သူ့ဘေးတစ်ဝိုက်ရှိ မြေပြင်သည်လည်း သွေးချင်းချင်းရဲလို့နေသည်။ သူ့အင်္ကျီလက်စပေါ်တွင် သွေးတို့ နီရဲနေပြီး လင်းရီ၏ သွေးတို့မဟုတ်သည်မှာတော့ ကျိန်းသေ၏။

" ဒါက မင်းတို့ ရန်ကျင်း အသိုင်းအဝိုင်းရဲ့ အဆင့်အတန်းဆိုရင်တော့.....ငါတို့ကြား ကွာဟချက်က သိပ်ကြီးလွန်းနေပြီ...."

လင်းရီ လီချူးဟန်နှင့် ချိန်ရန်တို့ထံ ပြန်လာပြီး " သွားကြစို့... ဒီကိစ္စ ဖြေရှင်းပြီးပြီ...."

လင်းရီ မူလက လီချူးဟန်ကို ခေါ်၍ အဆာပြေ ညလယ်စာ တစ်ခုခု သုံးဆောင်ရန် စီစဉ်ထားသော်လည်း ယခု သူ၏ ထိုစိတ်ကလေးမှာ ပျောက်ကွယ်သွားခဲ့တော့၏။ အကယ်၍ သူ ဗိုက်ဆာလာပါက ဟိုတယ်၌သာ တစ်ခုခု စားသောက်လိုက်တော့မည်။

ချိန်ရန် မြေပြင်တွင် လဲလျောင်းနေသူများကို ကြည့်ပြီး ခေါင်းညိမ့်လိုက်၏။

" အွန်း သွားစို့...."

ရိုးရှင်းစွာဖြင့် နှုတ်ဆက်စကား ဆိုပြီးနောက် လင်းရီ ချိန်ရန်၏ ကားကိုမောင်း၍ ပန်ဂုဟိုတယ်သို့ ဦးတည်လိုက်သည်။

ချိန်ရန် အပါအ၀င် ကျန်လေးယောက်သည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြကာ မည်သူကမျှ ကြာကြာမနေချေ။

" ရပ်ကြည့်နေတာတွေ တော်လောက်ပြီ... ဒီလူတွေကို မြန်မြန် ဆေးရုံပို့ဖို့လုပ်.... "

" ဟုတ် ကပ္ပတိန်...."

လီဟော်စုန့် ကားမောင်း၍ ချိန်ရန်နှင့် ကျန်သူများကို အသီးသီး အိမ်လိုက်ပို့ပေးရန် ပြင်ဆင်လေသည်။ သို့‌သော်လည်း သူ၏ အာရုံမှာတော့ အနည်းငယ် ပျံ့လွင့်နေပြီး " အစ်မရန်...ကျုပ်တော့ ဒီနေ့ ကိစ္စ ဒီလောက်နဲ့ ပြီးသွားလိမ့်မယ် မထင်ဘူး.... အစ်ကိုလင်းက တစ်ချီတည်းနဲ့ ဒီလောက် လူတွေ အများကြီး ရိုက်နှက်လိုက်တာ အကုန်လုံးလည်း အစုတ်စုတ် အပြတ်ပြတ်နဲ့.. ပြီးတော့ သူတို့အားလုံးက နိုင်ငံရေး နောက်ခံ အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူတွေ... အကျိုးဆက်ကတော့ သေးမယ် မထင်ဘူး.... "

" ဘာကြောက်စရာရှိလို့... ဒါ သူတို့ရဲ့ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာဆိုပြီး သဘောတူခဲ့ကြတယ် မဟုတ်ဘူးလား.... သူတို့ အရိုက်ခံရရင်တောင် ကြိတ်ပြီး ခံစားရုံရှိတာကိုပဲ..."

" ဒါပေမယ့် တစ်ချို့အရာတွေကျ အဲ့လို မြင်လိုက်လို့ မရဘူးလေ... သူတို့က ဘာမှမလုပ်ဘူးဆိုရင်တောင် သူတို့မိသားစုတွေက ဒီတိုင်း ရပ်ကြည့်နေမှာမှ မဟုတ်တာ... ဒီကိစ္စအပေါ် သေချာပေါက် အရေးယူမှု‌တွေရှိလာမှာ သေချာတယ်...."

ချိန်ရန် စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားခဲ့သည်။ လီဟော်စုန့်၏ စကားကို ကြားပြီးနောက် သူမလည်း တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလေသည်။ လင်းရီ ရိုက်နှက်လိုက်သည့် လူတိုင်းက ရန်ကျင်း၏ ထိပ်တန်းဆက်ခံသူများ ဖြစ်ကြပြီး သူတို့မိသားစု၏ မည်သူ့ကိုမျှ ကိုင်တွယ်ရန် မလွယ်ကူချေ။ အကယ်၍ ထိုသူတို့ကသာ ဤကိစ္စအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာမည်ဆိုပါက ရလဒ်မှာ အမှန်ပင် တိုင်းတာ၍ ရမည်မဟုတ်ချေ။

ထိုအကြောင်း တွေးတောမိ‌တော့ ချိန်ရန် သူမ ဖုန်းကို ထုတ်၍ လျန်ရူရွှယ်ထံ ဆက်သွယ်လိုက်၏။

" မမီ... အစ်ကိုရီကတော့ ဂူချန်းချွမ်နဲ့ ကျန်တဲ့သူတွေကို ရိုက်နှက်ပစ်လိုက်ပြီ... ဒါပေမယ့် အစ်ကိုရီကတော့ မှဲ့တစ်ပေါက်တောင် မစွန်းသွားဘူး....."

" ငါ လင်းရီကို ကောင်းကောင်း နားလည်ထားပြီးသား.... ဒီလိုဖြစ်လာမယ်မှန်း ကြိုသိနေတယ်လေ.... အဲ့ကောင် အုတ်အောသောင်းနင်း ဖြစ်အောင် လုပ်လိုက်ပြီ....ဟုတ်တယ်မလား....."

" အဟုတ်ပဲ... တစ်ယောက်မှကို မတ်တပ်ပြန် မရပ်နိုင်ကြဘူး... "ချိန်ရန် ပြောလိုက်ပြီး " အမ် ဒါနဲ့ လေသံက ဘာလို့ အဲ့လောက် ကြီးနေတာ....မမီ အပြင်မှာ ပြေးနေတာများလား...."

" အခု လေဆိပ်မှာ.... လေယာဉ်ပေါ် တက်တော့မလို့....."

" လေယာဉ်တက်မယ်.... ခရီးထွက်မလို့လား....."

" ငါ အခု ရန်ကျင်းကို ပြန်လာနေတာ.... ဒီလိုမျိုး ဧရာမ အဖြစ်အပျက်ကြီး ဖြစ်သွားပြီးမှတော့ ပြန်လာပြီး စစ်ဆေးကြည့်ရမယ်လေ... မဟုတ်လို့ကတော့ အဲ့လူတွေစိတ်ဓာတ်နဲ့ ဒီတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး....."

" ဒါဆို မမီ အကုန်လုံးကို တွက်ချက်ထားပြီးပြီပေါ့....."

" သူတို့ လင်းရီကို ရန်ရှာနေပြီ ဆိုကတည်းကရင် သိထားပြီးသား...."လျန်ရူရွှယ် ပြောလိုက်ပြီး " လင်းရီရဲ့ စရိုက်နဲ့ဆိုရင် ညှာတာမှုပြဖို့ဆိုတာ လုံး၀ မဖြစ်နိုင်သလောက်ပဲ...."

" ဒါဆို ညီမတို့ ဘယ်လိုလုပ်ကြမှာလဲ....."

" နင် ဒီကိစ္စ စိတ်မပူနဲ့.... ငါအခု ရန်ကျင်းကို လာနေတယ်ဆိုတာကလည်း အဲ့ဒီအတွက်ပဲ....."

ယခုလို ဖြစ်ပျက်လိမ့်မည်လို့ လျန်ရူရွှယ် ကြိုတင်မှန်းဆထားပြီးဖြစ်၏။

ထို့ကြောင့် သူမ ဖုန်းချပြီးသည်နှင့် ရန်ကျင်းသို့ ချက်ချင်း ပြန်ရန် စီစဉ်နေခဲ့ခြင်းပင်။ အချိန်ကုန် သက်သာစေရန် အတွက် သူမ ချင်းဟန်ထံ ဖုန်းဆက်ပြီး သူတို့၏ ကိုယ်ပိုင်လေယာဉ်ကို ငှားပေးဖို့ တောင်းဆိုလိုက်လေသည်။

ချင်းဟန်လည်း လင်းရီနှင့် လျန်ရူရွှယ်တို့ကြား ဆက်ဆံရေးကို သိထားသောကြောင့် နှစ်ခါပင် မပြောရဘဲ ချက်ချင်း သဘောတူလာခဲ့သည်။

ထို့ကြောင့် ချိန်ရန် ဖုန်းပြန်ဆက်လာသည့် အခါ၌ သူမ လေယာဉ်ပေါ် ရောက်ရှိနေခြင်း ဖြစ်သည်။

" ညီမ နားလည်ပြီ...."

ချိန်ရန် မည်းမှောင်နေသည့် မျက်နှာ အမူအရာဖြင့် ဖုန်းပြန်ချလိုက်၏။ ထိုအခါမှသာ သူမ ပြဿနာ၏ လေးနက်ပြင်းထန်မှုကို သတိထားမိသွားခဲ့လေသည်။

ကလင် ကလင် ကလင် ...

ချိန်ရန် ဖြေရှင်းချက် စဉ်းစားနေစဉ် သူမဖုန်းသံ တစ်ဖန်မြည်လာသည်။ မူလကတော့ လျန်ရူရွှယ် ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ထားသော်လည်း မျှော်လင့်မထားစွာဖြင့် သူမ အဖေဖြစ်နေခဲ့၏။

" အဖေ...."

" နင်အခု ဘယ်ရောက်နေတာ ...."

ချိန်ရွှင့်ကျယ် လေးနက်တည်ကြည်သည့် လေသံဖြင့် မေးမြန်းလာခဲ့၏။

" သမီး ခု အပြင်မှာ... အိမ်ပြန်တော့မလို့...."

" မပြန်သေးနဲ့.... အဖေ့ကို ပြည်ထောင်စု ဆေးကောလိပ်ရဲ့ အရေးပေါ်ဌာန ၀င်ပေါ်၀မှာ စောင့်နေ..... "

" အိုး... ဟုတ်ပြီလေ... သမီး ခုပဲ သွားလိုက်ပါ့မယ်....."

ချိန်ရွှင့်ကျယ် ဖုန်းမချရသေးစဉ်၌ပင် စွန်းရှန်၏ ဖုန်းလည်း အသံမြည်လာသည်။

ခေါ်ဆိုလာသူကတော့ သူ့အဖေ စွန်းလျန်ဂန်းဖြစ်ပြီး သူတို့၏ စကားအသွားအလာမှ တစ်ဆင့် ချိန်ရန် ဘာဖြစ်နေလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

" အန်ကယ်စွန်းကော နင့်ကို ပြည်ထောင်စု ဆေးကောလိပ်မှာ စောင့်နေခိုင်းတယ်မလား...."

" ဟမ်... ဘယ်လိုလုပ်ပြီးသိတာ...."

" ခုလေးတင် ငါ့အဖေ ဖုန်းဆက်လာပြီး အဲ့လိုပြောတာပဲ..."ချိန်ရန်ပြောလိုက်ပြီး " ငါ့အထင်တော့ ကျောက်မိုနဲ့ ဂူချန်းချွမ်တို့ ပြည်ထောင်စု ဆေးကောလိပ် ဆေးရုံဆီ ပို့ခံလိုက်ရတယ် ထင်တယ်....."

"သွားပြီ... အစ်ကိုလီ ပြောသလိုမျိုး အဲ့ကောင်တွေရဲ့ မိဘတွေ ပြဿနာ ရှာတော့မယ်နဲ့တူတယ်...."

ချိန်ရန်ကတော့ ကြောက်ရွံ့မနေချေ။ သို့သော်လည်း အကယ်၍ လင်းရီသာ ကောင်းမွန်စွာ မကိုင်တွယ်နိုင်ဘူးဆိုပါက ကျိန်းသေပေါက် ပြဿနာတက်လိမ့်မည်။

" အစ်မရန်.... ကျုပ် အဲ့ကို မောင်းလိုက်ရတော့မလား...."ရှေ့တွင် မောင်းနေသည့် လီဟော်စုန့်မှ မေးလိုက်၏။

" မလိုဘူး... ငါ့ စီနီယာကိုပဲ နင်လိုက်ပို့လိုက်... စွန်းရှန်နဲ့ငါ တက္ကစီ စီးသွားလိုက်မယ်....

" တက္ကစီနဲ့ဆို နှေးနေမှာပေါ့...."

" ငါက တမင်နှေးပြီး အစ်မမီရောက်တဲ့အချိန်ထိ တတ်နိုင်သလောက် အချိန်ဆွဲထားချင်တာ ... အစ်မမီ ပြန်ရောက်တာနဲ့ ကိုင်တွယ်ဖို့ လွယ်လွယ်လေး ဖြစ်သွားတော့မှာ...."

" ကောင်းပြီလေ... ဒါဆို ဒီနားမှာပဲ ရပ်လိုက်တော့မယ်...."

" အင်း လမ်းဘေးကပ်ရပ်လိုက်...."

လီဟော်စုန့် ကား ထိုးရပ်လိုက်သည်။ ချိန်ရန်နှင့် စွန်းရှန်တို့ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး လမ်းဘေး ပလတ်ဖောင်း၌ မတ်တပ်ရပ်နေကြလေသည်။

" အစ်မရန် ... နင်က တက္ကစီ မစီးဘူးဆိုတော့ ဘယ်လဲသွားမလို့..."စွန်းရှန် မေးလိုက်၏။

" လမ်းဘေးနားမှာ အာလူးချောင်းကြော်တွေ ရောင်းတယ်လေ... ငါ နည်းနည်းလောက် သွား၀ယ်မလို့... ဗိုက်ဆာတယ်.... "

" အန်ကယ်ချိန်နဲ့ အဖေက ကျွန်တော်တို့ နှစ်ယောက်ကို မြန်မြန်လာခဲ့ဖို့ ပြောထားတယ် မဟုတ်ဘူးလား... တကယ်လို့ နောက်ကျနေရင် အဆူခံရမှာပေါ့...."

" အင်း.... ဒီနေ့ ကိစ္စအတွက် အဆူခံရမှာ သေချာတယ်... အပြစ်ဒဏ်ကတော့ လုံး၀ ပြေးလွတ်မှာ မဟုတ်ဘူး... ဒီတော့ ၀မ်းကို အရင်ဖြည့်ကြတာပေါ့... မဟုတ်ရင် ဘယ်လိုလုပ်ပြီး လျှာအမောစို့အောင် ရှင်းပြဖို့ အားအင်တွေ ဘယ်လိုလုပ်ပြီး ရှိမှာ...."

ချိန်ရန် ပြောလိုက်ပြီး " ဘာပဲဖြစ်ဖြစ်ပါ... ငါတို့ အတတ်နိုင်ဆုံး အချိန်ဆွဲထားရမယ်... အစ်မမီ ရောက်လာရင် ငါတို့နှစ်ယောက်လည်း လွတ်ပြီ ကျွတ်ပြီပဲ...."

" သဘောဗျာ... ဖြစ်ချင်တော့ ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ ဟဲဟဲ... ကြက်ကင်လေး ၀ယ်စားကြရင် ပိုကောင်းမယ်...."

" အသေးမွှားလေးပါ... ငါနင့်ကို ၀ယ်ကျွေးမှာပေါ့..."

သို့နှင့် အသနားကြင်နာကင်းမဲ့သည့် လူနှစ်ဦးမှ လမ်းဘေးရှိ အကင်ဆိုင်များထံ ဦးတည်လိုက်ကြသည်။

All Chapters