← Chapters

မျှော်လင့်မထားသည့် လူတစ်ယောက်

Vol. 67 Ch. 1003

မျှော်လင့်မထားသည့် လူတစ်ယောက်

Vol. 67 Ch. 1003

အသံကြားတော့ လူတိုင်း ခေါင်းလှည့်၍ ကြည့်လာကြသည်။ ထို့နောက် အကုန်လုံး၏ အမူအရာ တို့ နက်မှောင်ကုန်ကြ၏။

ရောက်လာခဲ့သူက လျန်ရူရွှယ်ဖြစ်ကြောင်း သူတို့အားလုံး မြင်လိုက်ရလေသည်။ သို့သော်လည်း လျန်ရူရွှယ်၏ ပုဂ္ဂလိက အာဏာ တစ်ခုတည်းနှင့်တော့ အနှီ ဒိတ်ဒိတ်ကျဲကြီးများအား အမူအရာ နက်မှောင်သွားစေဖို့ရာ မလုံလောက်သေးချေ။ ပြဿနာက သူမဘေးတွင် လျန်ချွင်းရှောင်နှင့် ရှန်းရှူးရီတို့လည်း လိုက်ပါလာခဲ့ခြင်းဖြစ်၏။

ရန်ကျင်း၌ ထိုသူတို့နှစ်ဦး၏ ဩဇာလွှမ်းမိုးမှုနှင့် ဆိုပါက မည်သူကမျှ သူတို့စကားကို လျစ်လျူရှုဝံ့လိမ့်မည် မဟုတ်ချေ။

၀မ်တုန်းချင် တိတ်တဆိတ် သက်ပြင်းချ၍ သူမကိုယ်သူမ တီးတိုး ရေရွတ်လိုက်၏။

' ထင်ထားတဲ့အတိုင်း သူတို့ ရောက်လာခဲ့တာပဲ....'

၀မ်တုန်းချင် ကျိတ်၍သာ ကျိန်ဆဲလိုက်ပြီး အင်္ကျီကို ချပ်ရပ်အောင် ပြု၍ " အစ်မရှန်း ... ရောက်လာပြီလား...."

၀မ်တုန်းချင် ရှန်းရှူးရီနှင့် လက်ဆွဲနှုတ်ဆက်ခြင်းမပြု။ ရင်းနှီးဖော်ရွေသည့်ဟန်ဖြင့် လက်မောင်းသွားချိတ်လိုက်၏။

လျန်ချွင်းရှောင်သည်လည်း သူ့မိန်းမနားမှ ခွဲထွက်၍ လက်ရှ် ရောက်နေသူတိုင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

ချိန်ရွှင့်ကျယ်လည်း ရှေ့ထွက်လာ၍ လျန်ချွင်ရှောင်ကို မသိသေးသူတစ်ချို့နှင့် မိတ်ဆက်ပေးလိုက်လေသည်။

" ကလေး အခြေအနေဘယ်လိုလဲ အစ်မ၀မ်... ဒဏ်ရာက စိုးရိမ်ရလား...."ရှန်းရှူးရီ စိုးရိမ်ကြောင့်ကြနေသည့် လေသံဖြင့် မေးလာခဲ့၏။

" အသက်အန္တရာယ်တော့ မရှိတော့ပါဘူး... ဒါပေမယ့် အကုန်လုံး သတိလစ်နေကြတယ်... သူတို့ထဲ တစ်ယောက်ကတော့ ICU မှာ... အခြေအနေ သိပ်မကောင်းဘူး...."

" ဒီကလေး လင်းရီက အရမ်း တဇောက်ကန်း လုပ်တာပဲ...."ရှန်းရှူးရီ ပြောလိုက်ပြီး " လူတိုင်းပဲ... ခဏလောက် စိတ်ငြိမ်ငြိမ်ထားပေးကြပါ... ကျွန်မလက်ထဲမှာ ၂၀၂၄ နောက်ပိုင်းအတွက် အဓိက ပရောဂျက်တစ်ချို့ ရှိထားတယ်... ကျွန်မတို့ချင်း ဝေမျှပြီး အလုပ်လုပ်ကြတာပေါ့... အားလုံးက တစ်သင်းတည်းတွေ... ဒီတော့ ပူးပေါင်းကြတာပေါ့ မဟုတ်ဘူးလား.... "

လျန်ချွင်းရှောင်နှင့် ရှန်းရှူးရီတို့၏ အထောက်အထားက အမှန်ပင် တမူထူးခြားပြီး သူတို့ မည်သည်ကိုပဲသွားသွား လူတိုင်းက မော်ကြည့်ကြမည် ဖြစ်ဟ။

သို့သော်လည်း အနှီ မိသားစုကြီးများ၏ ရှေ့မှောက်တွင်တော့ သူတို့ နှစ်ယောက်၏ ဩဇာမှ။ များစွာ ယုတ်လျော့သွားခဲ့ရသည်။

အထူးသဖြင့် ဟန် နှင့် ဂူ မိသားစုတို့ဖြစ်၏။ သူတို့နှစ်ဦး၏ မိသားစုအင်အားက လျန်မိသားစုနှင့် မတိမ်းမယိမ်းရှိကာ လက်ရှိ ပြဿနာကြိ ခွန်အားချည်း သပ်သပ်နှင့် ဖြေရှင်းလို့ မရချေ။

ထို့ကြောင့် အရင်ဦးဆုံး စိတ်တည်ငြိမ်စေရန် အစွမ်းကုန် ကြိုးပမ်းရုံသာ တတ်နိုင်ပေသည်။

လူတိုင်းက ရှန်းရှူးရီကို ကြည့်လာကြသည်။

' ဒါ လင်းရီကို ကူညီနေတာ အသိသာကြီးပဲ....'

" မရီး.... နင်က လင်းရီနဲ့ ရင်းနှီးလို့ သူ့ဘက်က ရပ်တည်ပေးနေတာလား... ဒါက မလိုအပ်ဘူး မဟုတ်ဘူးလား...."ဟန်ကျင်းလေ့ ပြောလိုက်သည်။

" ငါတို့ မိသားစုက တကယ်ပဲ လင်းရီနဲ့ ပတ်သက်မှု တစ်ချို့ရှိတယ်... မီလေးဆီကနေ ဘာဖြစ်လဲ ငါနားထောင်ပြီးသွားပြီ... ဒီကိစ္စ လင်းရီ အပြစ်ချည်းပဲလို့ ပြောလို့ မရဘူး....."

" ဒီမှာ ဒီလောက် လူတွေ အများကြီး ရောက်နေတာ ဘယ်သူက အပြစ်ရှိလဲဆိုတာ အရေးကြီးလို့လား...."ဟန်ကျင်းလေ့ ပြောလိုက်ပြီး " ကျုပ်တို့ အဆင့်နဲ့ဆိုရင် သင့်တင့်သလို လုပ်ဖို့ လူတိုင်းက နားလည်ပြီးသားပါ.... "

" မရီး...."ဂူဖုန်း ပြောလာခဲ့ပြီး " မရီးတို့က သူနဲ့ ကုံလုံတဲ့ ပတ်သက်မှုလည်း ရှိထားတာ မဟုတ်ဘူး... သူ့ကို ဒီလိုမျိုး ကာကွယ်ပေးနေစရာ မလိုပါဘူး... ကျုပ်တို့က အကျိုးစီးပွားအတွက် စုဖွဲ့ထားတဲ့ လူအုပ်စုလေ... ဟိုသောက်ကလေးက ဘာကောင်မို့လို့... ဘာကောင်မှ မဟုတ်ဘူး....."

" အန်ကယ်ဂူ... အန်ကယ်က အကြောင်းပြချက် အားလုံးကို လျစ်လျူရှုလိုက်တော့မလို့လား.... "လျန်ရူရွှယ် ပြောလိုက်ပြီး " ဒီကိစ္စက သူတို့ဘက်က အရင်စတာ... သူတို့က လင်းရီကို သတ်မယ် ဖြတ်မယ်ဆိုပြီးတောင် ကြိမ်းဝါးခဲ့ကြသေးတယ်... ကျွန်မ မေးချင်တာ တကယ်လို့ အထဲမှာ လဲလျောင်းနေရတဲ့သူသာ လင်းရီ ဖြစ်ခဲ့မယ်ဆိုရင် အန်ကယ့် သဘောထားက ဘယ်လိုဖြစ်လောက်မလဲ....."

" မီလေး... နင်ဘာတွေ လျှောက်ပြောနေတာ...."‌လျန်ချွင်းရှောင် တင်းမာစွာ ပြောဆိုလိုက်ပြီး " ကိုယ်ဘယ်နေရာမှာ ရှိနေလဲ မမေ့နဲ့...."

" တကယ်လို့ အထဲမှည လဲလျောင်းနေတဲ့သူက လင်းရီသာဆိုရင် ငါ ဘာသဘောထားမှ မပြဘူး... ဒါပေမယ့် လျော်ကြေးနည်းနည်းတော့ ပေးလိုက်မယ်.... အဲ့ထက် မပိုဘူး...."ဟန်ကျင်းလေ့ ပြောလိုက်ပြီး " အဲ့တာတွေ တော်စမ်းပါ... အဲ့ဒီ ဘက်မလိုက်တာတွေ တရားမျှတမှု အကြောင်းတွေ ပြောမနေစမ်းနဲ့... ငါတို့ထဲ ဘယ်သူ့လက်က စင်ကြယ်နေလို့... စည်းမျဉ်း သတ်မှတ်သူတွေနဲ့ ဘက်မလိုက်တာတွေ တရားမျှတတာတွေ အကြောင်း သွားပြောပြီး ဘာလုပ်လို့ရမှာ..."

ဟန်ကျင်းလေ့၏ စကားလုံးက ရင့်မာ ပြင်းထန်နေသည်။ ဤသည်က လျန်ရူရွှယ်၏ ဩဇာမှာ သူနဲ့ တစ်လေသံတည်း ပြောနိုင်သည့် အဆင့်သို့ မရောက်ရှိသေးသောကြောင့် ဖြစ်၏။

" ဒါပေမယ့်....."

" တော်ပြီ မီလေး....အမေ့နား လာတော့..."

ရှန်းရှူးရီ လျန်ရူရွှယ်ကို လှမ်းခေါ်လိုက်၏။ ဆိုရိုးစကားအတိုင်း " ချစ်မေတ္တာက လူ၏ နှလုံးသားကို ပရမ်းပတာ ဆန်စေသည် " လက်ရှိက သူမအဖို့ စကားပြောရန် အချိန်ကောင်း မဟုတ်သေးချေ။ ထို့ပြင် ထိုလူတစ်သိုက်နှင့် ကျိုးကြောင်းသင့်တင့်နေစရာ အကြောင်းလည်း မရှိချေ။

' ဒီလူတွရဲ့ ရန်ကျင်းက လွှမ်းမိုးမှုနဲ့ဆိုရင် ဟွာရှရဲ့ ထိပ်သီး ပုံရိပ်သုံးခုကလွဲပြီး ဒီပြဿနာကို ကြေအေးစေဖို့ ဖြစ်နိုင်မှာ မဟုတ်လောက်ဘူး...'

" လူတိုင်းပဲ... မလောကြပါနဲ့... တကယ်လို့ တစ်ခုခု ဖြစ်လာတယ်ဆိုရင် ကျွန်မတို့က စိတ်ငြိမ်ငြိမ်ထားပြီး ဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်...."ရှန်းရှူးရီ ပြောလိုက်ပြီး " ဒီကိစ္စက ဂယက် အကြီးကြီး ဖြစ်စေခဲ့ပြီ... တကယ်လို့ ကောင်းကောင်းမွန်မွန် မကိုင်တွယ်ဘူးဆိုရင် တခြား ကိစ္စတွေပါ ဆွဲထုတ်မိသလို ဖြစ်သွားလိမ့်မယ်.... သတိထားတာ အကောင်းဆုံးပဲ...."

ရှန်းရှူးရီ၏ စကားက လူတိုင်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ငြိမ်သက်သွားစေသည်။

သို့သော်လည်း ၎င်းက ယာယီမျှသာ။ သူတို့ လင်းရီအပေါ် အလျော့ပေးလိုက်ရန်မှာတော့ မည်သို့မျှ မဖြစ်နိုင်ချေ။

တစ်ချိန်တည်းတွင် လျန်မိသားစုနှင့် ချိန်မိသားစုလည်း ဘေးတွင်ရပ်၌ တွေ့ဆုံကြ၏။

" မရီး.... လင်းရီရဲ့ ဗုံးက တော်တော်လေးကို ပေါက်ကွဲသွားတာပဲ.... ဒီကိစ္စ ကိုင်တွယ်ဖို့ မလွယ်ဘူး...."ချိန်ရွှင့်ကျယ် မရေရာစွာ ပြောလာသည်။

အစက သူတွေးထားသည်မှာ အစ်ကိုလျန်နှင့် မရီး ဒီရောက်လာသည်နှင့် ဤလူများက မျက်နှာသာတစ်ချို့ ပေးလိမ့်မည် ဟူ၍ပင်။ ယခုတော့ ထိုသက်ကျားအိုကြီးများက ခေါင်းမာစွာဖြင့် သူတို့၏ သဘောထားကို မြဲမြံစွာ ဆုပ်ကိုင်ထားလေသည်။

" ဒီလိုဖြစ်မယ်လို့ မျှော်လင့်ထားပြီးသားပါ..."ရှန်းရှူးရီ ပြောလိုက်ပြီး " သူတို့ကလေးတွေ အရိုးကျိုးပြီး မေ့မြောအောင် အရိုက်ခံရပြီးမှတော့ သူတို့ ဒီကိစ္စကို ရေဆုံးမြေဆုံး လိုက်မှာ သေချာပေါက်ပဲ..."

" ဆွေးနွေးညှိနှိုင်းလို့ မရတော့ဘူးတဲ့လား အမေ....."လျန်ရူရွှယ် မေးလိုက်၏။

" ဒါပေါ့... ဆွေးနွေးလို့ ရသေးတာပေါ့... ဒါပေမယ့် ဘယ်လောက်ထိ အသုံး၀င်မလဲဆိုတာတော့ ပြောရခက်တယ်...."

" အမေဆိုလိုတာ လီတိုဂရပ်ဖီစက်ကိုလား...."

" အမှန်ပဲ..."ရှန်းရှူးရီ ပြောလိုက်ပြီး " semiconductor ပရောဂျက်က ၁၄ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းရဲ့ အရေးကြီးဆုံး အပိုင်းပဲ... လင်းရီ တိတ်တဆိတ် ဖန်တီးနေတဲ့ လီတိုဂရပ်ဖီစက်က မိုနိုပိုလီကို ချိုးဖြတ်နိုင်တဲ့ တစ်စုံတစ်ရာ... တကယ်လို့ ဒီ အကြောင်းအရာတွေကိုသာ ထုတ်ဖော်လိုက်မယ်ဆိုရင် လင်းရီရဲ့ အဆင့်အတန်းကလည်း မြင့်မားသွားပြီး သူ့ရဲ့ လွှမ်းမိုးမှုက ဒီလူတွေကြားမှာ ခန့်မှန်းလို့ မရတဲ့ ပမာဏအထိ ရောက်ရှိသွားလိမ့်မယ်....တကယ်လို့ ဟန်ကျင်းလေ့ကသာ ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် အဲ့ဒါက လူ့အဖွဲ့အစည်းတစ်ခုလုံးကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ.... "

" ဒါက သေချာပေါက်ကို အကျိုးသက်ရောက်မှုရှိတဲ့ ချဉ်းကပ်နည်းပဲ..."

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်သည်။

" ဒါပေမယ့် ခက်တာ လီတိုဂရပ်ဖီစက်က တိတ်တဆိတ် ဖန်တီးနေတဲ့ အခြေအနေမှာပဲ ရှိသေးတာ... အမေကိုယ်တိုင်တောင် သူတို့ ဘယ်အတိုင်းအတာအထိ အောင်မြင်နေပြီလဲ မသိရသေးဘူး... "ရှန်းရှူးရီ ပြောလိုက်ပြီး " နောက်ပြီးတော့ ဒီအချိန်မှာ လင်းရီကိုယ်တိုင်က ဖိုတိုလီတိုဂရပ်ဖီစက်ကို ဖော်ထုတ်ဖို့ ဆန္ဒရှိပြီလားဆိုတာ အမေ မသိဘူး... ဒီတော့ တစ်ကြိမ်ကို တစ်လှမ်းပဲ လှမ်းရမယ်...အခြေအနေက မဟန်ဘူး.... ဒီလူတွေက လုံး၀ ကိုင်တွယ်လို့ လွယ်တဲ့ လူစားမျိုးတွေ မဟုတ်ဘူး.... "

" ငါတော့ အဲ့လိုဖြစ်မယ် မထင်ဘူး....."ချိန်ရွှင့်ကျယ် သူ့အတွေးကို ထုတ်ဖော်လာပြီး " လင်းရီ လီတိုဂရပ်ဖီစက်ကို တိတ်တဆိတ် ဖန်တီးနေတယ်ဆိုတာ အမေရိကန်ကို ကျော်တက်ဖို့ပဲ.... သူ့လို စေ့စပ်တဲ့ လူတစ်ယောက်က ပြည့်ပြည့်၀၀ အကောင်အထည် မဖော်ရသေးခင် ထုတ်ဖော်ချင်မှာ မဟုတ်ဘူး.... "

ထိုသို့ပြောပြီးနောက် ချိန်ရွှင့်ကျယ် ပြုံးလိုက်၏။

" ကျုပ် အခု တော်တော်လေးကို ရှုပ်ထွေးနေပြီ... တကယ်လို့ လင်းရီက ဒီလိုမျိုး လုပ်ဝံ့နေတယ်ဆိုရင် သူ့ရဲ့ ဝှက်ဖဲက ဘာများဖြစ်မလဲ....."

" ဟန်မိသားစု၀င်က ဘယ်သူလဲရှင့်...."

ရှန်းရှုးရီနှင့် ကျန်သူများ ဆွေးနွေးတိုင်ပင်နေစဉ် နာ့စ်တစ်ဦးမှ ညင်သာသည့် အသံဖြင့် တိုးညှင်းစွာ ပြောလာခဲ့၏။

လက်ရှိ ရောက်နေကြသူတိုင်းက ဒိတ်ဒိတ်ကျဲကြီးများ ဖြစ်သောကြောင့် မည်သူတစ်ဦးကိုမျှ သူမ အပြစ်ပြုမိလိုက်၍ မရချေ။ ထို့ကြောင့် ယခင်လို အာကျယ်အာကျယ် ပြောလို့မရတော့ချေ။

" ကျုပ်ပါပဲ...."ဟန်ကျင်းလေ့ မတ်တပ်ရပ်လိုက်၏။

" လူနာရဲ့ ဒဏ်ရာ စစ်ဆေးမှု အတည်ပြုချက် ထွက်လာပြီ... သူ့နံရိုးနဲ့ လက်မောင်း အရိုးတွေက အဆုံးစွန်တဲ့ ဒီဂရီအထိ ကျိုးအက်သွားခဲ့တယ်.... ပြီးတော့ ဦးခေါင်းထိခိုက်ဒဏ်ရာက အလယ်အလတ် အဆင့်ရှိတယ်... တကယ်လို့ ပြန်သက်သာနှုန်း မြန်ဆန်ခဲ့မယ်ဆိုရင်တော့ သူ နှစ်၀က်အတွင်း ပြန်ကျန်းမာလာနိုင်တယ်.... "

" နှစ်၀က်.....!"

" ဒီတိုင်း ခန့်မှန်းချက် သပ်သပ်ပါပဲ...ကျွန်မတို့ဘက်က နောက်ပိုင်း ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ မဖြစ်လာဘူးလို့ မပြောနိုင်သေးဘူး... စောင့်ကြည့်ရမှာပဲ.... "

" အား.....! လင်းရီ.......! "

ဟန်ကျင်းလေ့ ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။

မနက်ဖြန်က ကျုံးဝေ့တပ်ဖွဲ့၏ စမ်းသပ်မှု ဖြေဆိုရမည့် နေ့ရက်ဖြစ်သည်။ ယခုလို ဖြစ်သွားပြီးမှတော့ မနက်ဖြန် စမ်းသပ်ပွဲသည်လည်း ပျက်စီးသွားပြီဖြစ်ကြောင်း သူသိလိုက်၏။

အရိုးများကျိုးအက်သွားခြင်းနှင့် သတိလစ် မေ့မြောသွားခြင်း၏ အကျိုးဆက်က တိုင်းတာ၍ မရနိုင်အောင်ကို ရှိသည်။ ဟန်မိသားစုအပေါ် သက်ရောက်မှုကတော့ ပို၍ပင် လက်မခံနိုင်စရာ ဖြစ်နေတော့၏။

နာ့စ်မငယ်လေးမှာတော့ စကားပင် မပြောဝံ့သည်အထိ ထိတ်လန့်သွားပြီး ဘေးတွင် ငြိမ်ငြိမ်လေး ရပ်နေလိုက်၏။

" ငါ ထပ် မစောင့်ချင်တော့ဘူး... ငါအခုပဲ ဖုန်းခေါ်တော့မယ်.... ဒီနေ့ည အဲ့ကောင်ကိုမှ မကိုင်တွယ်နိုင်ဘူးဆိုရင် ငါ့မျိုးရိုးနာမည် ဟန်မဟုတ်တော့ဘူး....."

ဟန်ကျင်းလေ့၏ ဦးဆောင်မှုအောက်တွင် ကျန်သူများလည်း ဆက်လက် စောင့်ဆိုင်းမနေတော့ရန် ဟန်ပြင်လိုက်ကြ၏။

ရင်ဘက်ထဲ စုစည်းထားသည့် ဒေါသက လည်ချောင်း၀သို့ပင် တစ်စို့လို့ နေချေပြီ။

" ညီကိုဟန်... မင်း မလောစမ်းနဲ့...."လျန်ချွင်းရှောင် ရှေ့တက် ပြောလိုက်၏။

" အကြီးအကဲလျန်... ခင်များ ကျုပ်ကို မတားနဲ့... ကျုပ်သားရဲ့ အနာဂတ်က သူ့ကြောင့် အခု ပျက်စီးသွားခဲ့ပြီ.... ဒီနေ့ ဘယ်ကောင်မှ ကျုပ်ကို ဘာမှလာမပြောနဲ့...."

ဟန်ကျင်းလေ့ ဤအခြေအနေထိ ရောက်ရှိနေပြီး ကျန်သူများသည်လည်း ထူးမခြားနားပင်။

တည်ငြိမ်ဆဲ ပြုနေသည့် သူတို့၏ စိတ်ကလေးမှာ ဆေးအတည်ပြုရလဒ်ကြောင့် တစ်ဖန်ရုန်းကြွလာပြန်သည်။

ထိုအချိန်တွင်ပဲ ကော်ရစ်ဒါမှ လှပသည့် ပုံရိပ်တစ်ခု လျှောက်လှမ်းလာခဲ့ပြီး သာမန်အေးဆေး လေသံဖြင့် " လူတိုင်းပဲ... စိတ်ငြိမ်ငြိမ်ထားကြပါ... ကျွန်မတို့ စကားပြောလို့ရပါတယ်....."

All Chapters