← Chapters

အိမ်ကို သန့်ရှင်းခြင်း

Vol. 100 Ch. 1377

အိမ်ကို သန့်ရှင်းခြင်း

Vol. 100 Ch. 1377

အသက်ရှင်ရန် အလို့ငှာ ငွေရောင်သိုင်းဘုရင်က ထန်ရှုအရှေ့၌ သူ ခံစားခဲ့သမျှအရာအားလုံးကို ထုတ်ပြောခဲ့သည်။ ပြင်းထန်သောအမုန်းနှင့်အတူ သူက အံကြိတ်လျက် ထပ်ပြော၏ “မင်း ပြောတာ မှန်တယ်၊ ငါက သူ့ကို အဲလောက်ထိ မုန်းတယ်။ သူက အနည်းဆုံး နောက်ထပ်နှစ်တစ်ထောင်အထိ ထပ်ရှိနိုင်မယ်ဆိုရင် ငါက အရမ်းအားကောင်းနေခဲ့မှာ”

“သူက သေသွားပြီ၊ ဒါပေမယ့် ဒါက သူ့အတွက် လွယ်ကူလွန်းတယ်။ ဒါပေမယ့် ငါ့အတွက်တော့…ငါက ဘာလုပ်ရမှာလဲ။ တစ်ယောက်မှ ငါ့ကို အရင်းအမြစ်တွေ မထောက်ပံ့ပေးဘူး၊ တစ်ယောက်မှ ငါ့ကို မကာကွယ်ပေးနိုင်ဘူး။ အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ကြောင့် မြင့်မြတ်ငှက်ဂိုဏ်းက ပျက်ဆီးလုနီးနီး အခြေအနေကို ရောက်ရှိနေတယ်၊ အခြားဂိုဏ်းတွေလဲ အခွင့်ကောင်းယူတိုက်ခိုက်နေတယ်…”

ဤအထိ ပြောပြီးနောက် သူက လက်သီးတင်းတင်းဆုပ်လျက် အော်ပြော၏ “အတွင်းတော်ဆေးဂိုဏ်းရဲ့စွမ်းအားရှင်လက်ချက်ကြောင့် ငါက ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အကြိမ်ကြိမ် သေလုနီးပါးဖြစ်ခဲ့တယ်၊ ဒါဆို ဘာလို့ ငါက ဒီလိုကံကြမ္မာဆိုးကို ရင်ဆိုင်ရတာလဲ။ ငါ့ဆရာသခင်ချန်ထားခဲ့တဲ့လုပ်ရပ်တွေကြောင့် ဘာလို့ ငါက ငြိစွန်းပြီး သူ့ရန်သူတွေရဲ့သတ်ဖြတ်ခြင်းပစ်မှတ်ဖြစ်ခဲ့ရတာလဲ”

“သူက အသက်ရှင်နေအုံးမယ်ဆိုရင် ငါ့ကို အကျိုးအမြတ်တွေ ယူဆောင်လာနိုင်ပေးမှာဖြစ်တဲ့အတွက် ငါက ရိုသေလေးစားမှာပါ။ ဒါပေမယ့် သူ သေသွားပြီးကတည်းက ငါ့ဆီ ကပ်ဘေးတွေပဲ သယ်လာခဲ့တယ်။ ဘာလို့ ငါ သူ့ကို မုန်းတာက အကြောင်းပြချက်တွေထက် ပိုတယ်။ သူ့က သေရာမှ အသက်ပြန်ရှင်လာဖို့ ငါ ဆုတောင်းမိတယ်၊ ဒီလိုမှ ငါကိုယ်တိုင် သူ့ကို သတ်နိုင်မှာ”

ကြိမ်းမောင်းဟိန်းဟောက်ရင်း ငွေရောင်သိုင်းဘုရင်က ထန်ရှုအပေါ် နက်ရှိုင်းလှသော သူ၏မုန်းတီးမှုကို ဖော်ပြခဲ့သည်။

ထန်ရှုက ဒင်းကို အဆက်မပြတ်စောင့်ကြည့်နေသည်၊ ထိုအကောင်က ပြောပြီးနောက် သူ့မျက်နှာက ဖြူဖတ်ဖြူရော်သွား၏။ သူက ဤလိုကျေးဇူးမသိတတ်သောဝံပုလွေရိုင်းတစ်ကောင်အား မြေတောင်မြှောက်ပေးခဲ့လိမ့်မည်ဟု အိပ်မက်တွင်ပင် ထည့်မမက်ခဲ့ဖူးပေ။

“ဒါဆို မင်းက အသက်ရှင်ချင်လား”ထန်ရှုက သူ့ကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း‌မေးသည်။

“ငါ အသက်ရှင်ချင်တယ်”ငွေရောင်သိုင်းဘုရင်က ကမန်းကတန်း ပြော၏ “မင်းက ငါ့ကို မသတ်သရွေ့ ဘာပဲဖြစ်ဖြစ် ငါ လုပ်နိုင်တယ်”

ထန်ရှုက သူ့ခြေထောက်ကို ထိုကောင်၏ရင်ဘက်မှ ပြန်ကြွလိုက်သည်၊ ထို့နောက် သူ့မျက်နှာကြွက်သွားများက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် သူက ခေါင်းခါယမ်းကာ ဆို၏ “အင်မော်တယ်ကမ္ဘာမှာ နှစ်တစ်သောင်းလောက် ရုန်းကန်လှုပ်ရှားပြီးနောက် တပည့်တစ်ယောက်လက်ခံတဲ့အခါမှာ ငါက အမှားလုပ်ခဲ့မယ်လို့ ဘယ်တော့မှ မထင်ထားဘူး။ ငါ မြေတောင်မြှောက်ပေးခဲ့တဲ့ကလေးက ငါ့ရဲ့အသားနဲ့သွေးကို ဝါးမျိုချင်တဲ့ ကျေးဇူးကန်းတဲ့ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့တာပဲ”

“ဘာ…”

မြေပြင်မှ ကုပ်ကပ်ထကာ ထန်ရှု၏ရုပ်ရည်ကို မြင်ပြီးနောက် ငွေရောင်သိုင်းဘုရင်၏အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ အထူးသဖြင့် ထန်ရှုပြောသည်ကို ကြားလိုက်ရသောအခါ သူ့တစ်ကိုယ်လုံးက တုန်လှုပ်သွားပြီး တစ္ဆေတစ်ကောင်အား မြင်နေရသည့်အလား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

“မင်း…မဖြစ်နိုင်ဘူး”ငွေရောင်သိုင်းဘုရင်က အော်လိုက်သည်။

အေးစက်သောမျက်နှာနှင့် ထန်ရှုက ပြော၏ “ငါက သေသွားပြီလို့ မင်းက တကယ် ထင်နေတာလား။ မဟာဧကရာဇ်တန်ချင်းနဲ့ဇီသာနတ်ဆိုးကျိုးယောင်တို့က နောက်ဆုံးအနိုင်ရသူတွေဖြစ်လာလိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား။ ဟာသပဲ၊ လုံးဝကို ရယ်စရာပဲ…”

ငွေရောင်သိုင်းဘုရင်၏အင်မော်တယ်စိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် တုန်ယင်သွားပြီး ကြောက်ရွံ့မှုက သူ့ကို လွှမ်းခြုံသွား၏။ ထန်ရှု၏အပြောအတွင်း သူက အဝေးသို့ သွေးရူးသွေးတန်းဖြင့် ပြေး၏၊ သို့သော် စိတ်ဝိညာဉ်ငြိမ်းသက်အစီအရင်က သူ့ကို လွတ်မြောက်ခွင့်မပေးဘဲ သူ့စိတ်ဝိညာဉ်အား တန်ပြန်တိုက်ခိုက်ခဲ့သည်။ သူ့အင်မော်တယ်စိတ်ဝိညာဉ်က အက်ကြောင်းများ ပိုလာလျက် ထန်ရှုအရှေ့သို့ ရောက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွား၏။

“မဖြစ်နိုင်ဘူး…လုံးဝမဖြစ်နိုင်ဘူး…ခင်ဗျား…ခင်ဗျားက သေသွားပြီပဲ။ ခင်ဗျားက နတ်ဘုရားကပ်ဘေးကျရှုံးပြီး စိတ်ဝိညာဉ်ကလဲ ပြန့်ကျဲသွားခဲ့တယ်လေ…ဘယ်လိုလုပ်ပြီး အသက်ရှင်နေရသေးတာလဲ…ဟုတ်တယ်…အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ သူနဲ့ကျုပ်သာ သိတဲ့ သွေးပုတီးစေ့ဆိုတာ ရှိတယ်။ အဲဒါက ဘာလဲဆိုတာ ခင်ဗျား သိလား”

“ဟမ့်၊ သွေးကို လမ်းညွှန်..ဝိညာဉ်က ကြားခံအဖြစ်…ကံကြမ္မာအခြေအနေကိုးခုကို လှုပ်ရှားပြီး သွေးပုတီးစေ့တစ်ခုရဲ့အသက်ရင်းမြစ်ကို ပြီးပြည့်စုံစေခြင်း။ မင်း ပြောတာ မှန်ပါတယ်…ဒီသွေးပုတီးစေ့ပညာရပ်ကို မင်းပဲ သိတယ်…ဘာလို့လဲဆိုတော့ မင်းအတွက် ငါကိုယ်တိုင် ဖန်တီးပေးထားခဲ့တဲ့ပညာရပ်ဖြစ်လို့ပဲ”ထန်ရှုက အထင်သေးစွာ ပြောလိုက်၏။

ထန်ရှု၏ခြေဖျားအထိ တွားသွားလျက် ငွေရောင်သိုင်းဘုရင်က တောင်းပန်ပြောဆိုလေ၏ “ငါ့အမှားကို ဝန်ခံပါတယ်၊ ဆရာသခင်။ ဆရာ့ရဲ့စိတ်ဝိညာဉ်က ပြန့်ကျဲသွားပြီးလို့ ငါ ထင်ခဲ့တာပါ။ ရန်သူတွေရဲ့အ‌ရှေ့မှာ ငါ အသက်ရှင်ဖို့အတွက် မင်းနဲ့ပတ်သက်ပြီး မကောင်းပြောခဲ့ရတာပါ။ ငါက မင်းရဲ့အနှစ်သက်ဆုံးတပည့်လေးလေ၊ ဆရာသခင်…”

သူ့ကို ကြည့်ရင်း ထန်ရှုက ခေါင်းခါယမ်းလျက် ခါးသီးစွာ ပြုံးလိုက်သည် “တစ်ချိန်က ဒီထန်ရှုက အင်မော်တယ်ကမ္ဘာရဲ့အသန်မာဆုံးအန္တိမအဆင့်စွမ်းအားရှင်ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ဖြစ်ခဲ့တယ်။ ငါ့မျက်နှာကို ဖြတ်ရိုက်မယ့် သတ္တိမရှိတဲ့တပည့်တစ်ယောက်ကို လက်ခံရရှိလိမ့်မယ်လို့ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ဆီရီအက်သေဆုံးသွားတာ မင်းကြောင့် မဟုတ်လား။ ငါရထားတဲ့သတင်းအချက်အလက်တွေက အမှန်ဆိုရင် မင်းက မဟာဧကရာဇ်တန်ချင်းလက်အောက်က အုပ်ချုပ်သူအဖြူရောင်ဓားကြီးနဲ့ ပူးပေါင်းပြီး ဆီရီအက်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်မလား”

“မဟုတ်ဘူး၊ အဲဒါက မမှန်ဘူး”ငွေရောင်သိုင်းဘုရင်က ကမန်းကတန်း‌ အော်ပြော၏ “ငါ ဘယ်တော့မှ ဆီရီအက်ကို သစ္စာမဖောက်ခဲ့ဘူး။ ဆရာသခင်၊ အဲဒီဗီလိန်တွေပြောတာကို မင်း မယုံရဘူး”

“ဟမ့်၊ မင်းရဲ့စီနီယာအကိုအထွတ်အထိပ်မူက ဒီလိုဗီလိန်တစ်ယောက်ဖြစ်မယ်လို့ မင်း ထင်တာလား”ထန်ရှုက နှာခေါင်းရှုံ့၏ “အသင်္ချေမှတ်စု၊ အင်မော်တယ်လက်ကိုးချောင်းနဲ့ မာယာရှင်ယုတို့ကရော အဲလိုဖြစ်မယ်လို့ မင်း ထင်တာလား။ ငါ မင်းကို တစ်ခုပြောမယ်၊ အခု အဲလေးယောက်က မြူနွေဉီးပင်လယ်မှာ ရှိပြီး ငါ့ရဲ့မဟာထန်အင်ပါယာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပြီ။ ပြီးတော့ ငါက မဟာထန်အင်ပါယာရဲ့ဧကရာဇ်ဖြစ်တဲ့မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပဲ”

“မင်းက…”

ငွေရောင်သိုင်းဘုရင်၏မျက်ခုံးများက ကျုံ့သွားသည်။ အရက်မူးအင်မော်တယ်နန်းတော်ထဲတွင် ကျော်ကြားခဲ့သည့် မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဘယ်သူဖြစ်သည်ကို နောက်ဆုံးတွင် သဘောပေါက်သွား၏။ နှင်းမျောမြို့၌ ဘယ်သူက သူ့အား အကွက်ဆင်ခဲ့သည်ကို နားလည်လိုက်သည်။

သူဖြစ်နေတာပဲ…

“ငါ့မှာ တပည့်ဒါဇင်လောက်ရှိတယ်၊ ဒါပေမယ့် သူတို့ထဲက ငါးယောက်ပဲ အသက်ရှင်တော့တယ်”ထန်ရှုက ပြော၏ “သူတို့တစ်ယောက်မှ ငါ့ဂုဏ်သတင်းကို အိုးမဲမသုတ်ခဲ့ဘူး၊ အနာဂတ်မှာ သူတို့က ငါနဲ့အတူ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်လိမ့်မယ်၊ မင်းကတော့ သေခြင်းတရားကပဲ မင်းကို စောင့်မျှော်နေတယ်…”

ထန်ရှုက နတ်ဘုရားဓားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်၊ ပြင်းထန်သောဓားရောင်ခြည်တန်းက ငွေရောင်သိုင်းဘုရင်၏အင်မော်တယ်စိတ်ဝိညာဉ်ကို တန်းကာ ပိုင်းဖြတ်သွားတော့၏။

“ငါ မှားပါတယ်။ ငါ့အမှားကို ဝန်ခံပါတယ်၊ ဆရာသခင်”

ဤကား ထန်ရှုထံ ပို့ပေးခဲ့သော ငွေရောင်သိုင်းဘုရင်၏နောက်ဆုံးအတွေးပင်ဖြစ်၏။

မြူနွေဉီးပင်လယ်သို့ ပြန်ရောက်ပြီးကတည်းက ဤအကောင်အား သတ်ဖြတ်ရန် ထန်ရှုက ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ၊ ဤအကောင်က သူနှင့်မြင့်မြတ်ငှက်ဂိုဏ်းအား သစ္စာဖောက်ခဲ့သည်ဆိုလျှင်တောင်မှပေါ့။ သူတို့က ဆရာနှင့်တပည့်ဖြစ်ခဲ့ကြပြီး သူက ဒင်းအပေါ် မရက်စက်နိုင်ပေ။ သို့သော် ငွေရောင်သိုင်းဘုရင်၏သူ့အပေါ် မုန်းတီးကြောင်း ထုတ်ပြောချက်က ထန်ရှု၏သတ်ဖြတ်လိုစိတ်ကို နှိုးဆော်ခဲ့သည်။

အမှားတိုင်းက တန်ဖိုးတစ်ခုပေးချေရမှာပဲ၊ ဒါပေမယ့် ပြန့်ကျဲသွားတဲ့စိတ်ဝိညာဉ်တစ်ခုနဲ့ ပေးချေတာကတာ့ တန်ဖိုးမြင့်မားလွန်းလှပါတယ်…

“ထွက်လာစမ်း…”

ထန်ရှုက သူ၏ရှုပ်ထွေးသောခံစားချက်တို့ကို ရုတ်သိမ်းလျက် အဝေးသို့ လှည့်ကြည့်ကာ ပြောလိုက်၏။

ရုတ်တရက် ပုံရိပ်တစ်ခုက စိတ်ဝိညာဉ်ငြိမ်းသက်အစီအရင်ထဲ၌ ထွက်ပေါ်လာသည်။ လမ်းလျှောက်တုတ်တစ်ချောင်းနှင့် ခါးကုန်းလူအိုကြီးတစ်ယောက်ဖြစ်ပြီး ညစ်ပေဆုတ်ပြဲနေသောအဝတ်အစားများကို ဝတ်ဆင်ထားသည်။

ညစ်ပတ်လွန်းလှသဖြင့် သူတောင်းစားတစ်ယောက်ပင် သူ့ထက် ပိုသန့််ရှင်းသည်ဟု ပြောနိုင်ပေသည်။

လူအိုကြီး၏မျက်ခုံးအလယ်တည့်တည့်တွင် အသားပိုတစ်ခုရှိပြီး သူ၏အသက်မဲ့ကာညို့မှိုင်းသောမျက်လုံးများဖြင့် ထန်ရှုကို ကြည့်ပြီးနောက် ဆယ်မီတာအကွာရှိ ကျောက်တုံးကြီးတစ်တုံးပေါ်၌ ထိုင်ချလိုက်သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်၏ “ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီပြောတာ မှန်တယ်။ မင်းက တကယ် အသက်ပြန်ရှင်လာပြီပဲ။ ဒီတစ်သက် မင်းရဲ့မျက်နှာသာပေးမှုကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးမရှိတော့ဘူးလို့ ငါ ထင်ထားခဲ့တာ၊ ငါ့နှလုံးသားထဲမှာ ဖြစ်ပေါ်နေတဲ့ အတိဒုက္ခကို ဘယ်တော့မှ မဖြတ်ကျော်နိုင်တော့ဘူးလို့ ထင်ထားတာ။ ဒါပေမယ့် အခု ဒီလူအိုကြီးက မျှော်လင့်ချက်နည်းနည်းတွေ့လာပြီ၊ နတ်ဘုရားဖြစ်ဖို့ ဉီးတည်ချက်ကို မြင်လာပြီ”

ရှုပ်ထွေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လင်းလက်သွားသည်။ သူက စာပို့တိုကင်ကို အသက်သွင်းပြီးနောက် လူအိုကြီးကို စိုက်ကြည့်လိုက်၏ “မင်းက ငါ့ကို ဘယ်လိုလုပ်ရှာတွေ့ခဲ့တာလဲ၊ ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီး”

ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက အဖြူရောင်ကြွေခွက်တစ်ခွက်ကို အင်္ကျီလက်အိတ်မှ ယူထုတ်လိုက်သည်။ ကျောက်စိမ်းဝိုင်ရနံ့က ချက်ချင်း လွင့်ပျံလာပြီး သူက အနည်းငယ်မော့သောက်ပြီးနောက် ကြွေခွက်ကို ထန်ရှုထံ ပစ်ပေးကာ ပြော၏ “သောက်လိုက်ပါ၊ ငါ မင်းကို ပြောပြမယ်”

ထန်ရှုက တုံ့ဆိုင်းမနေဘဲ နှစ်ငုံသောက်လိုက်သည်၊ သူ၏ဝမ်းဗိုက်အောက်ပိုင်းတွင် အင်မော်တယ်စွမ်းအားတစ်ခုက လိမ့်တက်လာသည်ကို ရုတ်ချည်း ခံစားရသည်။ ပြင်းထန်သောအင်မော်တယ်စွမ်းအားက သူ့ဒန်တျန်ထဲသို့ ဝင်လာပြီး နှမ်းစေ့အရွယ်အစားဂြိုလ်တစ်ခုက ရုတ်တရက် အဆဆယ်သန်း ကြီးမားလာသည်။

“အခု ပြောတော့”

ကြွေခွက်ကို ပြန်ပစ်ပေးပြီးနောက် ထန်ရှုက ဆိုလိုက်သည်။

“ဟူး၊ ဒီသူဖုန်းစားအိုကြီးက မဟာထန်ကောင်းကင်ဘုံဧကရာဇ်လို့ခေါ်တဲ့လူတစ်ယောက်ကို ခြေရာခံလိုက်နေတာ၊ အဲဒီလူက မင်းဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး”ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက သက်ပြင်းချသည် “မင်းရဲ့မူလအရှိန်အဝါကို ငါတောင် အာရုံမခံနိုင်တာ အရမ်းထူးဆန်းတာပဲ။ အင်းရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကတောင် ပြောင်းလဲသွားတယ်။ အဲဒီအယုတ်တမာကောင်လေးနဲ့ မင်းက စကားပြောနေတာကိုသာ မမြင်ခဲ့ရင် မင်းရဲ့သရုပ်မှန်ကို ငါ မြင်နိုင်မှာ မဟုတ်ဘူး”

“ဒါဆို အခု မင်းက ဘာအတွက် စောင့်နေတာလဲ”ထန်ရှုက တည်ငြိမ်စွာ မေး၏။

“ငါက အထွတ်အထိပ်အလှလေးကို စောင့်နေတာ”ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက ရှုံ့မဲ့ပြုံးလျက် ပြော၏။

“ဘာလို့လဲ”ထန်ရှုက မျက်မှောင်ကြုတ်လျက် မေး၏။

“သူမ လာတော့ မင်းကို သတ်ဖို့ ဆင်ခြေ မရှိတော့ဘူးပေါ့”ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက ရိုးသားစွာ ပြန်ဖြေသည် “တစ်စုံတစ်ယောက်ရဲ့လူသတ်သမားတစ်ယောက်အဖြစ် အန္တိမအရှင်တစ်ယောက်က ငါ့ကို မှတ်မိနေတာကို မဖြစ်စေချင်ဘူး”

အချိန်အတန်ကြာ နှုတ်ဆက်သွားပြီးနောက် ထန်ရှုက ဖြည်းဖြည်းချင်း ပြော၏ “သူ့ရဲ့လက်မောင်းကို ဖြတ်ပစ်ဖို့ ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီကို ပြောလိုက်ပါ၊ ဒါဆို ငါ့တပည့်ကို အနိုင်ကျင့်တဲ့ကိစ္စကို လျှော်ပစ်လိုက်မယ်။ ဒီစကားကို ပြန်ပို့ပေးတာကို မင်းက မျက်နှာသာပြန်ပေးတာလို့ မှတ်ယူပြီး ငါတို့ရဲ့မကျေနပ်ချက်တွေအားလုံးကို လျှော်ပစ်လိုက်မယ်”

ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက အံ့အားသင့်လျက် နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “မင်းရဲ့စကားတွေကို အလေးအနက်ထားလို့ရလား”

“ဒါပေါ့”ထန်ရှုက ပေါ့ပေါ့ပါးပါးဖြင့် ပြောသည်။

“မင်းရဲ့သရုပ်မှန်ကို ထုတ်ဖော်လိုက်မှာကို မကြောက်ဘူးလား”ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက မေးလိုက်၏။

“မင်း မလုပ်ရဲပါဘူး”ထန်ရှုက ပြောသည်။

ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက ခါးသီးစွာ ပြုံးပြီး ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်သည်။ “ဒီလူကြီးက နှစ်သန်းနှစ်ဆယ်နီးပါး အဆီးအတားမဲ့လှည့်လည်သွားလာနေတာ၊ ဒါပေမယ့် မင်းတစ်ယောက်ပဲ ငါ့ကို အကူအညီမဲ့သလို ခံစားစေနိုင်ခဲ့တာ။ ကြယ်ကျင့်ကြံခြင်း၊ ထပ်မသေပါနဲ့။ မင်း သေပြီးကတည်းက ဒီလူအိုကြီးက အထီးကျန်နေခဲ့တာ။ တကယ်ကို အထီးကျန်နေတာ”

ထိုသို့ပြောပြီးနောက် သူက မြူနွေဉီးပင်လယ်ဆီသို့ တစ်ချက်ကြည့်လိုက်သည်၊ ထို့နောက် အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းကာ အဝေးသို့ ရွေ့လျားသွားတော့၏။

“အဆင်ပြေရဲ့လား၊ ရှု”

အလှလေးက ထန်ရှုဘေးနားသို့ ရောက်လာပြီး ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးထွက်ခွာသွားရာဘက်သို့ တစ်ချက်ကြည့်ကာ မေးလိုက်၏။

ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဘာမှ မဖြစ်ပါဘူး။ ငါ အဆင်ပြေပါတယ်”

“ရှင်နဲ့ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးကြား ကိစ္စအချို့ကို ကျွန်မ ကြားပြီးပြီ”အလှလေးက ပြော၏ “ရှင့်အတွက် ခက်ခဲအောင် သူ တစ်ခုခုလုပ်ခဲ့လား”

“သူ မလုပ်ခဲ့ပါဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ငါ ဒီလူကို ယုံတယ်၊ ဒါပေမယ့် ဒီကမ္ဘာမှာ ယုံကြည်ခြင်းကပဲ အမှားအယွင်းတစ်ခုကို ဖြစ်စေနိုင်တယ်။ လက်ရှိအချိန်မှာ ငါက အရမ်းအားနည်းနေတဲ့အတွက် ဘယ်လိုအပြောင်းအလဲတစ်ခုမှ မဖြစ်ချင်ဘူး”

“မကြာခင်မှာ ရှင်က အများကြိးပိုသန်မာလာလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်”အလှလေးက လေးနက်စွာ ပြော၏ “ဒါပေမယ့် ကောင်းကင်သုတ်သင်သူဖုန်းစားအိုကြီးက ရှင့်ရဲ့သရုပ်မှန်ကို သိတယ်၊ ဒါက စိတ်မချရတဲ့အချက်အလက်တစ်ခု ဖြစ်လာနိုင်တယ်။ သူ့ကို သတ်စေချင်လား”

“ဒါပေမယ့် မင်းက သူ့ကို သတ်နိုင်လို့လား”ထန်ရှုက ပြန်မေးသည်။

“အခွင့်အရေးက တစ်သောင်းရဲ့တစ်ပုံအောက်ပဲ ရှိတယ်”အလှလေးက အားတင်းပြုံးလျက် ပြန်ဖြေသည်။

All Chapters