အင်မော်တယ်ကမ္ဘာရှိ ကြီးမားသောလှုပ်ခတ်မှုများ
Vol. 100 Ch. 1378
အချိန်က တရွေ့ရွေ့နှင့် လျင်မြန်စွာ ကုန်ဆုံးနေလေသည်။
လျှပ်တစ်ပြက်အတွင်း ထန်ရှုက သူ့အိမ်အား သန့်ရှင်းခဲ့သည်မှာ နှစ်ဝက်ကျော်ရှိခဲ့ချေပြီ။ သူ့ညီငယ်ထန်ရှင်းမွေးဖွားလာသည်နှင့်အတူ မဟာထန်ကောင်းကင်ဘုံဧကရာဇ်၏အောင်မြင်မှုက တဖြည်းဖြည်းကြီးထွားလာပြီး အင်မော်တယ်ကမ္ဘာ၌ ပျံ့နှံ့လာသည်။ လတ်တလောအဟော့ဆုံးသတင်းကတော့ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က အင်မော်တယ်လိုင်ဇီယန်ကို သိမ်းပိုက်ပြီး အုပ်ချုပ်သူအလှလေးဖန်းဘုရင်မအား မောင်းထုတ်ခဲ့ခြင်းပင်။ ထို့ကြောင့် မဟာထန်အင်ပါယာကို အင်မော်တယ်လိုင်ဇီယန်တွင် တည်ထောင်ခဲ့ပြီး မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ပထမဆုံးဧကရာဇ်ဖြစ်လာခဲ့၏။
ချက်ချင်းလျှင်ပင် မျက်လုံးမရေမတွက်များစွာက မဟာထန်အင်ပါယာအား အာရုံစိုက်လာကြသည်။ လူတိုင်းကို အံ့အားသင့်စေသည်ကတော့ ဤမဟာထန်အင်ပါယာက ၎င်း၏ပိုင်နက်ကို လျင်မြန်စွာ ချဲ့ထွင်နေခြင်းဖြစ်ပြီး အင်မော်တယ်လိုင်ဇီယန်အား အပြီးတိုင် သိမ်းပိုက်ရန် နှစ်အနည်းငယ်သာ ကြာခဲ့၏။ အနားတစ်ဝိုက်ရှိ ဖုန်းဆိုးကြယ်ပိုင်နက်အချို့ပင် ဤအင်ပါယာ၏ပိုင်နက်ဖြစ်လာခဲ့သည်။
ထို့သာမက မဟာထန်အင်ပါယာ၏လျင်မြန်ကာအားကောင်းသောလှုပ်ရှားမှုများက ဉီးတည်ဘက်တိုင်းသို့ ပျံ့နှံ့လာသည်။ နှစ်အနည်းငယ်အတွင်း ဤအင်ပါယာ၏ပိုင်နက်က အခြားအိမ်နီးချင်းအင်မော်တယ်ပိုင်နက်သုံးခု၏အစွန်အဖျားအထိ ချဲ့ထွင်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ မဟာထန်အင်ပါယာတွင် ဤရည်ရွယ်ချက်ရှိပြီး ၎င်း၏အောင်မြင်မှုကို ဆက်ချဲ့မည်ဆိုလျှင် အခြားအင်မော်တယ်ပိုင်နက်သုံးခုအား တိုက်ခိုက်သိမ်းပိုက်ရန် ဖြစ်နိုင်ပေလိမ့်မည်။
အခြားအင်မော်တယ်ပိုင်နက်များရှိ အဖွဲ့များစွာက မဟာထန်အင်ပါယာအား အာရုံစိုက်နေချိန်တွင် နောက်ထပ်သတင်းတစ်ခုက ပျံ့နှံ့လာသည်။ မဟာထန်အင်ပါယာတည်ရှိသောအင်မော်တယ်လိုင်ဇီယန်၏အရှေ့ဘက်တွင် အားကောင်းကာရက်စက်ကြမ်းကြုတ်သောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က ကောင်းကင်ဘုံဖီးနစ်အင်မော်တယ်ပိုင်နက်တွင် ကြယ်လွမ်းအင်ပါယာဟုခေါ်သောတိုင်းပြည်ငယ်တစ်ခုကို တည်ထောင်ခဲ့သည်။
ဤတိုင်းပြည်အသစ်က သေမျိုးအင်ပါယာမဟုတ်ဘဲ အင်မော်တယ်များ၏အင်ပါယာတစ်ခုဖြစ်ပြီး ကြယ်လွမ်းအုပ်ချုပ်သူဟုခေါ်သောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က ဤအင်ပါယာ၏ပထမဆုံးဧကရီမဖြစ်သည်။ သို့သော် ဒီလိုကိစ္စတစ်ခုက အင်မော်တယ်ကမ္ဘာရှိ အဖွဲ့များစွာ၏အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် လူအချို့၏တွက်ချက်မှုအရ နှစ်အနည်းငယ်အတွင်း ဘုရင်မက အကျဉ်းသားပြိုင်ကွင်းရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အယောက်သုံးဆယ်ကျော်အား ဝယ်ယူခဲ့ခြင်းပင်။
ထို့ပြင် သူမ၏ဉီးဆောင်မှုအောက်တွင် သူမက အားကောင်းသောတည်ရှိမှုများနှင့် တိုက်ခိုက်ခဲ့ပြီး ကျော်ကြားသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ်ယောက်ကျော်အား သတ်ဖြတ်ခဲ့သည်။
သို့သော် အင်မော်တယ်ကမ္ဘာရှိ အဖွဲ့အားလုံးက မဟာထန်အင်ပါယာနှင့်ကြယ်လွမ်းအင်ပါယာတို့အား အာရုံစိုက်နေချိန်တွင် နောက်ထပ်သတင်းတစ်ခုက လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးက ထိတ်လန့်တုန်လှုပ်သွားရ၏။
“ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက သူ့လက်မောင်းကို ဖြတ်ပစ်ပြီး အင်မော်တယ်ကျမ်းကျိန်ချက်တစ်ခုကို ပြုလုပ်ခဲ့တယ်၊ သူက သူ့လက်မောင်းကို ဘယ်တော့မှ ပြန်မဆက်ဘဲ ဒီအတိုင်းထိခိုက်ထားတဲ့ခန္ဓာကိုယ်နဲ့ပဲ အင်မော်တယ်ကမ္ဘာမှာ ထာဝရနေထိုင်သွားမယ်တဲ့။ နတ်ဘုရားမဖြစ်ခင်အထိ သူ့ခန္ဓာကိုယ်ကို မပြုပြင်ဖို့ သူက ကျိန်ဆိုခဲ့တယ်”
ဤသတင်းက အင်မော်တယ်ကမ္ဘာရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အားလုံးကို အလွန်အံ့အားသင့်စေခဲ့သည်။ အန္တိမအရှင်များပင် အလားတူ ထိတ်လန့်သွားကြသည်။ ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက ယခုလိုအရာတစ်ခုအား ဘာကြောင့် လုပ်ခဲ့ရသည်ကို တစ်ယောက်မှ နားမလည်နိုင်ကြပေ။
အသင်္ချေတာအိုအင်မော်တယ်ပိုင်နက်၊ ကောင်းကင်ဘုံလျှို့ဝှက်ချက်မြို့။
ခါးသီးသောအမူအရာနှင့်အတူ ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက မတ်မတ်ရပ်နေရင်း ကောင်းကင်အထက်ရှိ လုံးဝန်းသောရွှေရောင်ချပ်ပြားကို ကြည့်နေလေသည်။ ထိုလုံးဝန်းသောရွှေရောင်ချပ်ပြားပေါ်မှ အနက်ရောင်မျဉ်းတန်းတစ်ခုက တဖြည်းဖြည်း မှေးမှိန်သွားပြီး အနီရောင်အလင်းတစ်ခုက အစားထိုးသွား၏။
“ဟူး။ တကယ်ကို သူဖြစ်နေတာပဲ”ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက ခါးသီးစွာ ပြုံးလျက် သက်ပြင်းချလိုက်သည်။
အဖြူရောင်ကြွေခွက်ကို ကိုင်ဆောင်ထားသည့် ကြယ်သုတ်သင်သူဖုန်းစားအိုကြီးက ကျောက်စိမ်းဝိုင်အနည်းငယ် မျိုချလိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက လေပျို့ကာ ပြောလိုက်၏ “နိဗ္ဗာနက ထပ်မွေးဖွားလာပြီး ကောင်းကင်ဘုံတာအိုဉပဒေသက သူ့ကို ထပ်မရပ်တန့်နိုင်တော့ဘူး။ သူက အဲအချိန်ထိ အသက်ရှင်နိုင်မယ်ဆိုရင် အင်မော်တယ်ကမ္ဘာရဲ့စွမ်းအားဖွဲ့စည်းပုံက အပြင်းအထန် ပြောင်းလဲသွားလိမ့်မယ်”
ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက သူ့ဘက်သို့ လှည့်ကာ ခါးသီးစွာ ပြုံးလိုက်သည် “အတိတ်တုန်းက သူမက သူနဲ့ ဆက်စပ်နေမယ်လို့ ဒီဧကရာဇ်က ဘယ်လိုလုပ် သိမှာလဲ။ မဟုတ်ရင် သူ့ရဲ့ကျဉ်းမြောင်းတဲ့စရိုက်နဲ့ဆိုရင် အနည်းငယ်ဆုံးရှုံးတာကိုပဲ ငါက ရွေးချယ်လိမ့်မယ်။ ဒါကို ငါ့ရဲ့ကံဆိုးမှုလို့ မှတ်ယူရုံပဲပေါ့”
“မင်း သိလား၊ အန္တိမအရှင်မဖြစ်ခင် သူက ဒီလိုကပ်ဘေးတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်ဆိုတာကို မင်းက တွက်ချက်နိုင်ခဲ့တယ်မလား”ကြယ်သုတ်သင်သူဖုန်းစားအိုကြီးက ပြုံးရယ်လိုက်၏ “ဒီနေရာမှာ ငါ တစ်ခုတော့ နားမလည်ဘူး။ ဘာလို့ မင်းက သူ့ကို ဒီလောက်ထိ ကြောက်နေရတာလဲ”
ခဏစဉ်းစားပြီးနောက် ကောင်းကင်ဧကရာဇ်ထျန်းကျီက အားတင်းပြုံးလိုက်သည် “ဘာလို့လဲဆိုတော့ တစ်ခါသေပြီးတာနဲ့ သူ့ကို ဘယ်သူမှ မသတ်နိုင်တော့လို့ပဲ။ သူ့ကံကြမ္မာကို တွက်ချက်ဖို့ နှစ်တစ်သန်းအားထုတ်မှုကို ပေးဆပ်ခဲ့ရတယ်။ ဒါပေမယ့် ကနဉီးရလဒ်ကိုသာ တွက်ချက်နိုင်ခဲ့ပြီး နောက်ဆက်တွဲဖြစ်စဉ်တွေကိုတော့ မတွက်ချက်နိုင်ခဲ့ဘူး။ ဒါပေမယ့် အခု သူ့ကံကြမ္မာက ကောင်းကင်ဘုံတာအိုကနေ လုံးဝပျောက်ကွယ်သွားပြီ၊ ဒီအတွက် ဖြစ်နိုင်ချေနှစ်ခုပဲရှိတယ်”
ကြယ်သုတ်သင်သူဖုန်းစားအိုကြီး၏အမူအရာက ပြောင်းလဲသွားလျက် မေးလိုက်၏ “ဒီဖြစ်နိုင်ချေနှစ်ခုက ဘာလဲ”
“ပထမကတော့ သူက တကယ်သေသွားပြီး ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုကနေ အပြီးတိုင် ပျောက်ကွယ်သွားတာပဲ”ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက ဖြည်းဖြည်းချင်း ရှင်းပြသည် “ဒုတိယကတော့ သူက နတ်ဘုရားဖြစ်သွားပြီး နတ်ဘုရားကမ္ဘာကို တက်လှမ်းခဲ့ပြီးလို့ ဆိုလိုတာပဲ”
ကြယ်သုတ်သင်သူဖုန်းစားအိုကြီးက မှင်တက်သွားလျက် မေးလိုက်၏ “လက်ရှိအနေအထားအရ သူက ဒုတိယအမျိုးအစားလို့ ဆိုလိုတာလား”
“အဲဒါတော့ ငါ မသိဘူး”ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက ခေါင်းခါယမ်းလျက် အကူအညီမဲ့စွာ ပြော၏ “အကြောင်းနဲ့အကျိုး၊ ကမ္မနဲ့ ကံကြမ္မာတွေအားလုံးက ကိန်းရှင်တွေပဲ။ ဒါကြောင့် ငါ့ရဲ့ကံကြမ္မာအခွင့်အလမ်းက သူနဲ့အတူ ရှိတဲ့အတွက် သူ့ရဲ့တောင်းဆိုချက်ကို ငါ လိုက်လျောရမယ်။ မဟုတ်ရင် အဲဒီကံကြမ္မာအခွင့်အလမ်းရှိဖို့အသာထား၊ ငါ့အသက်ကို ကာကွယ်နိုင်မလားတောင် မပြောရဲဘူး”
“ဝါးဟားဟား”ကြယ်သုတ်သင်သူဖုန်းစားအိုကြီးက ရယ်မောလိုက်သည် “ထျန်းကျီ၊ မင်းနဲ့ငါက တူညီတဲ့အခြေအနေမှာ ရှိနေတာပဲ။ ငါ့ရဲ့ကံကြမ္မာအခွင့်အလမ်းကလဲ သူနဲ့အတူ ချည်နှောင်ထားတာပဲ၊ ဒါကြောင့် သူ လုပ်မယ့်အရာတွေကို ဆက်လုပ်ခွင့်ပြုလိုက်ကြတာပေါ့။ ထိုကံကြမ္မာအခွင့်အလမ်းရောက်ရှိလာပြီး သူ့ကို ထပ်မြင်နိုင်မလားဆိုတာ ငါတို့တွေ စောင့်မျှော်ကြတာပေါ့”
ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက တိတ်တဆိတ်ခေါင်းညိတ်လျက် ပြောလိုက်သည် “အဲဒီအချိန်က မကြာတော့ဘူးလို့ ငါ ခံစားနေရတယ်”
လူနှစ်ယောက်လုံး၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူတို့က အဝေးရှိ ဟင်းလင်းပြင်သို့ ကြည့်လိုက်ကြသည်၊ ပုံရိပ်တစ်ခုက အဆုံးမဲ့အင်မော်တယ်ပိုင်နက်များကို ဖြတ်ကာ သူတို့အရှေ့၌ ထွက်ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။
“မင်းက ကိစ္စတစ်ခုခုရှိလို့လား”
တစ်ဖက်လူ၏ရည်ရွယ်ချက်ကို သိသောကြောင့် ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက အေးစက်သောမျက်နှာနှင့် မေးလိုက်၏။
အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့်တာအိုပညာရှင်တစ်ယောက်က ပြုံးလိုက်၏ “ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီ၊ မင်းက အန္တိမအရှင်တစ်ယောက်ပဲ။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ မင်းကို ခေါင်းငုံ့ဖို့ ဖိအားပေးနိုင်တဲ့သူတွေက အနည်းငယ်ပဲ ရှိတယ်။ မင်းရဲ့လက်ကို ဖြတ်ဖို့အထိ ဘယ်သူက ဖိအားပေးနိုင်တာလဲ”
“ဒါက ငါ့ကိစ္စပါ။ မင်းနဲ့ ဘာဆိုင်လို့လဲ”ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက စိတ်မဝင်စားစွာ ပြန်မေးလိုက်သည်။
အပြာဝတ်လူအိုကြီးက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်၊ သို့သော် အေးစက်သောအလင်းတန်းတစ်ခုက သူ့မျက်လုံးများထဲ၌ ရုတ်တရက် လက်သွားပြီး သူက ဖြည်းဖြည်းချင်း ပြော၏ “ငါနဲ့တော့ ဘာမှ မဆိုင်ဘူးပေါ့၊ ဒါပေမယ့် ငါတို့က တစ်ယောက်နဲ့တစ်ယောက်သိတာ ကြာပြီလေ။ တစ်ယောက်ယောက်က မင်းကို ခြိမ်းခြောက်ရဲရင် မင်းက ငါ့အကူအညီကို မေးနိုင်ပါတယ်။ ဒါက မျက်နှာသာပေးမှုတစ်ခုပါပဲ၊ ဒါကြောင့် မင်းရဲ့လက်မောင်းကို ဖြတ်စရာမလိုပါဘူး”
ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက ပေါ့ပေါ့ပါးပါး ပြန်ပြောသည် “တစ်ယောက်ယောက်ကို အကြွေးတင်တာကို ငါ မကြိုက်ဘူး၊ ဒါကြောင့် ကျေးဇူးတင်ပါတယ်။ မင်းမှာ အခြားပြောစရာမရှိတော့ဘူးဆိုရင် ပြန်သွားလိုက်ပါ”
“မင်း…”
အပြာဝတ်လူအိုကြီး၏အမူအရာက ပြောင်းလဲသွားကာ သူ့ဒေါသက သူ့မျက်နှာ၌ ဖြတ်ခနဲ ပေါ်လာသည်။ သူက ချက်ချင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏ “ဟမ့်၊ ဒါဆို ငါ မနှောင့်ယှက်တော့ပါဘူး”
နောက်ရက်အနည်းငယ်အတွင်း အန္တိမအရှင်များက ရောက်ရှိလာကြသည်။အချို့က ခန္ဓာကိုယ်အစစ်အမှန်နှင့် လာခဲ့ကြပြီး အချို့က ကိုယ်ပွားများကို အသုံးပြုခဲ့ကြ၏။ ချွင်းချက်မရှိ သူတို့အားလုံးက ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီ၏အပြုအမူအပေါ် မယုံကြည်နိုင်ဖြစ်နေကြပြီး အကြောင်းရင်းကို မေးမြန်းခဲ့ကြသည်။ သို့သော် ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီက ဘာတစ်ခုမှ မထုတ်ဖော်ခဲ့ပေ။
လအနည်းငယ်ကြာပြီးနောက်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်မြို့တွင် အချိန်အချို့ကြာ နေထိုင်ပြီးနောက် ကြယ်သုတ်သင်သူဖုန်းစားအိုကြီးက ထွက်သွားတော့သည်။ သို့သော် ထွက်သွားပြီးနောက် သိပ်မကြာခင် စာတစ်စောင်က ကောင်းကင်ဘုံဧကရာဇ်၏လက်ထဲရှိ စာပို့တိုကင်တွင် ထွက်ပေါ်လာတော့သည်-ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီ-
“အချိန်ရရင် ငါ့ရဲ့အထွတ်အမြတ်နန်းတော်လေးခုဆီ လာလည်ပါ”
ကောင်းကင်ဘုံဧကရာဇ်ထျန်းကျီ၏မျက်လုံးများက လင်းလက်တောက်ပသွားတော့သည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် သိသည်မှာ နှစ်ထောင်ချီရှိပြီဖြစ်ပြီး ယခုမှသာ သူက ကြယ်သုတ်သင်သူဖုန်းစားအိုကြီး၏ဇစ်မြစ်ကို သိရှိတော့သည်။
အထွတ်အမြတ်နန်းတော်လေးခုက အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် အဆန်းကြယ်ဆုံးအဖွဲ့ဖြစ်သည်။ အထွတ်အမြတ်နန်းတော်လေးခု၏တည်နေရာကို သူက တွက်ချက်နိုင်ခဲ့သော်လည်း ဤဂိုဏ်း၏ဇစ်မြစ်အား ကောက်ချက်ချရန် နည်းလမ်းမရှိပေ။ သို့သော် သူတို့၏လှုပ်ရှားမှုအပေါ် အခြေခံပြီး ဤဂိုဏ်းက မြင့်မြတ်ငှက်ဂိုဏ်းနှင့် အလွန်နက်ရှိုင်းသောဆက်ဆံရေးတစ်ခုရှိသည်ဟု သူက ကောက်ချက်ချခဲ့သည်။
ယခု သူက နောက်တစ်ခုကို သိသွားခဲ့လေပြီ။ ကြယ်သုတ်သင်သူဖုန်းစားအိုကြီးက အထွတ်အမြတ်နန်းတော်လေးခု၏သခင်ဖြစ်နေပေသည်။