← Chapters

စိတ်ပိုင်းဆိုင်ရာ တွယ်ငြိခြင်း

Vol. 100 Ch. 1379

စိတ်ပိုင်းဆိုင်ရာ တွယ်ငြိခြင်း

Vol. 100 Ch. 1379

အင်မော်တယ်လိုင်ဇီယန်၊ မြူနွေဉီးပင်လယ်။

ထန်ရှုက ပန်းပွင့်ချပ်များအလယ်တွင် ရပ်လျက် သူ့ညီလေးအား ပွေ့ဖက်ထားရင်း ကလေး၏ခန္ဓာကိုယ်အား ရှေးဉီးမူလဖရိုဖရဲစွမ်းအင်ဖြင့် အဆက်မပြတ်အားဖြည့်ပေးနေသည်။ ကလေး၏ခန္ဓာကိုယ်ထဲ၌ အသန့်စင်ဆုံးစွမ်းအင်ကို ထိန်းသိမ်းနိုင်ရန်အတွက် ကောင်းကင်ဆန့်ကျင်ပညာရပ်တစ်ခုကိုပင် သူက ထုတ်ဖော်ထားသည်။

“သူ့ရဲ့အလားအလာနဲ့ပါရမီက ကူးယင်နဲ့သူဖုန်းစားလေးတို့နဲ့ ယှဉ်နိုင်တယ်။ ငါးရောင်ခြယ်နဂါးပုလဲကို သူ့ခန္ဓာကိုယ်ထဲက မစုပ်ယူနိုင်ခင်အထိ နှစ်အနည်းငယ်လောက် စောင့်ရမယ်၊ အဲအခါကျရင် သူ့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက တိုးတက်မှုပိုမြန်ဆန်သွားလိမ့်မယ်”

“ဆရာသခင်”

ကူးယန်အာက ပြုံးလျက် ရိပ်ခနဲ ထွက်ပေါ်လာသည်။

ထန်ရှုက ထန်ရှင်းကို သူ့အမေထံ ပြန်ပေးလိုက်ပြီးနောက် ပြုံးပြလိုက်၏ “မင်း ထွက်လာပြီးဆိုတော့ မင်းရဲ့ကျင့်ကြံခြင်းက ပြီးသွားပြီလို့ ငါ ယူဆတယ်၊ ဟုတ်လား”

“ခဏလေးကပါ”ကူးယန်အာက ခေါင်းညိတ်လျက် ပြန်ဖြေသည်။

“ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ဖို့ ဘယ်လောက်ကြာမလဲ”

ကူးယန်အာက ခေါင်းခါယမ်းလိုက်သည် “လောလောဆယ်တော့ ချိုးဖြတ်ဖို့ အခွင့်အရေးမရှိဘူး။ နောက်နှစ်ရာအနည်းငယ်အတွင်းမှာတော့ အဲဒါကို အောင်မြင်ဖို့ ပြဿနာရှိလိမ့်မှာ မဟုတ်ဘူး”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြော၏ “ဒါဆို ငါနဲ့အတူ လိုက်လာပါ”

ခဏကြာပြီးနောက် သူတို့နှစ်ယောက်က မြူနွေဉီးပင်လယ်အထက် ဆိတ်ငြိမ်ကျွန်းတစ်ခုပေါ်၌ ထွက်ပေါ်လာကြသည်။ ဤနေရာသို့ ဘာကြောင့် လာရသည်ကို ကူးယန်အာက နားမလည်ဖြစ်နေစဉ် အရိပ်လေးခုက မြူထဲမှ ထွက်ပေါ်လာသည်။

“အရှင်”

ခေါင်းဆောင်ဖြစ်သူကျင်းရှီက ရိုသေလေးစားသောမျက်နှာဖြင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်၏။

ထန်ရှုက လက်စွပ်ကို ယူကာ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် “သတင်းအချက်အလက်ဌာနတိုးချဲ့တဲ့အခြေအနေက ဘယ်လိုရှိလဲ”

“ငါတို့ရဲ့သတင်းအချက်အလက်ဌာနက အင်မော်တယ်လိုင်ဇီယန်ကို နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်နေပြီ၊ ဒါကြောင့် လက်ရှိမှာ သတင်းကွန်ရက်က အရှေ့မြောက်၊ အနောက်နဲ့မြောက်ဘက်မှာရှိတဲ့အက်တာနမ်၊ အော့ဗလ်ဆီဒီအမ်နဲ့ ချက်လ်ဆီဒိုနီအမ်တို့အထိ ဖြန့်ထားတယ်။ ငါတို့ရဲ့ခန့်မှန်းမှုအရ အဲဒီပိုင်နက်သုံးခုထဲကို အပြည့်အဝရောနှောဖို့ သုံးနှစ်ပဲ လိုမယ်။ ဒါပေမယ့် သတင်းဌာနချဲ့ထွင်တာနဲ့ နတ်ဆိုးကျောက်တုံးတွေနဲ့နတ်ဆိုးသတင်းကျောက်တွေဝယ်ယူမှုတွေကြောင့် အရှင်ပေးခဲ့တဲ့အင်မော်တယ်သလင်းကျောက်တွေနဲ့သလင်ကျောက်အဆီအနှစ်တွေက တော်တော်လေးလျော့နည်းလာပါပြီ၊ အရှင်မင်းမြတ်”

“ငါ့ကို နှစ်လအချိန်ပေးပါ”ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောသည် “အဲအခါကျရင် မင်းကို အင်မော်တယ်သလင်းကျောက်တွေနဲ့သလင်းကျောက်အဆီအနှစ်တွေ အလုံအလောက် ထောက်ပံ့ပေးမယ်”

“နားလည်ပါပြီ…”ကျင်းရှီက ခေါင်းညိတ်ပြီးနောက် ရုတ်တရက် မေးမြန်းလိုက်သည် “အရှင်မင်းမြတ်၊ မကြာသေးခင်က တစ်စုံတစ်ခုကို ငါတို့ ရှာတွေ့ခဲ့တယ်။ လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်က ကျင့်ကြံခြင်းအဆင့်မသိရတဲ့လူအိုကြီးတစ်ယောက်က ငါတို့ရဲ့အင်မော်တယ်လိုင်ဇီယန်ကို ရောက်ရှိလာပြီး အရှင်နဲ့ပတ်သက်ပြီး နေရာတိုင်းမှာ မေးမြန်းနေတယ်။ ငါတို့ရဲ့တွက်ချက်မှုအရ မကြာခင်မှာ သူက မြူနွေဉီးပင်လယ်ကို ရောက်လာနိုင်တယ်”

ထန်ရှုက သူ့ကို မေးလိုက်၏ “သူက ဘယ်သူလဲ”

“လူအိုကြီးဆိုက်ကာမော”ကျင်းရှီက ပြန်ဖြေသည်။

ထန်ရှုက မျက်ခုံးပင့်တင်လျက် ပြော၏ “သူ့က ငါ့ကို လာရှာလိမ့်မယ်လို့ မထင်ထားဘူး။ သူက ရောက်လာပြီးဆိုတော့ သူ့ကို ငါပဲ ဖြေရှင်းလိုက်မယ်။ သူဘယ်နေရာမှာ ရှိလဲဆိုတာ ရှာပြီး သိတာနဲ့ ငါ့ကို သတင်းပို့ပါ။ သူ့ရဲ့တည်နေရာကို ရှာတွေ့ရင် ငါက ဒီနေရာမှာ ရှိတယ်လို့ သူ့ကို အသိပေးလိုက်ပါ”

“ကောင်းပါပြီ၊ အရှင်”ကျင်းရှီက ပြန်ဖြေပြီး ဘေားသို့ လျှောက်သွားပြီးနောက် ဆက်သွယ်ရေးတံဆိပ်ဆယ်ခုကို ပို့လွှတ်လိုက်သည်။ များမကြာမီ သူတို့ထဲမှတစ်ခုက မြူနွေဉီးပင်လယ်တစ်လျှောက် ဖြတ်သွားသည်။ ထို့နောက် ကျင်းရှီက ဤဆက်သွယ်ရေးတံဆိပ်ကို ထန်ရှုထံ ကမ်းပေးလိုက်၏။

အက်တာမြို့တွင်။

မြို့၏အကြီးမားဆုံးစားသောက်ဆိုင်၏ပြတင်းပေါက်မှတစ်ဆင့် လူအိုကြီးဆိုက်ကာမောက လမ်းမကြီးအထက်ရှိ မြင်ကွင်းတစ်ခုကို ငေးကြည့်နေသည်။ မဟာထန်အင်ပါယာ၏စစ်သားတစ်ဖွဲ့က အနက်ဝတ်လူကြီးနှစ်ယောက်ကို ဝိုင်းထားသည်။ ထိုလူနှစ်ယောက်တွင် မြင့်မားသောကျင့်ကြံခြင်းအခြေခံရှိပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဖြစ်ပုံရသည်။ အခြားတစ်ဖက်တွင် သူတို့ကို ဝိုင်းထားသည့်မဟာထန်အင်ပါယာ၏စစ်သားအားလုံးက ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်မျှသာဖြစ်ပြီး ခေါင်းဆောင်တစ်ယောက်သာ ကောင်းကင်အင်မော်တယ်အဆင့်ရှိသည်။

“မဟာထန်အင်ပါယာ၊ မင်းတို့က တရားလွန်နေပြီ…”

ဝေဝေဝါးဝါးပုံရိပ်တစ်ခုက သူတို့အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသည်။ မီးခိုးရောင်ဆံပင်နှင့်အမျိုးသမီး၏မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒတို့ ပြည့်နှက်လျက် သူမက အော်ပြော၏ “မင်းတို့က ဒီအတိုင်း ဆက်လုပ်မယ်ဆိုရင် မင်းတို့အားလုံးကို သတ်ပစ်တဲ့အတွက် ငါတို့ကို အပြစ်မတင်ကြနဲ့”

လှံရှည်ကိုင်ဆောင်ထားသည့်ခေါင်းဆောင်က အမျိုးသမီးကို တစ်ချက်ကြည့်ပြီးနောက် နက်ရှိုင်းသောအသံနှင့် ပြော၏ “မင်းက မြို့ထဲမှာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်၊ ဒါက မဟာထန်အင်ပါယာရဲ့ဥပဒေကို ချိုးဖောက်ခဲ့တာပဲ။ မင်းရဲ့သရုပ်မှန်နဲ့အကြောင်းရင်းကို ပြောပြမယ်ဆိုရင် မင်းရဲ့အပြစ်ကို ဖြေရှင်းဖို့ အခွင့်အရေးရှိနိုင်တယ်။ ဒါပေမယ့် မင်းတို့က ဆက်ပြီး စော်ကားနေမယ်ဆိုရင်တော့ ငါတို့က မင်းတို့ကို ဖမ်းပြီး တရားစီရင်ရေးဌာနကို ပို့ရလိမ့်မယ်”

မီးခိုးရောင်ဆံပင်နှင့်အမျိုးသမီးက ဒေါသထွက်သွားသည်။ “ဒီနေရာက အင်မော်တယ်လိုင်ဇီယန်နဲ့ သက်ဆိုင်ပြီး အဲဒါက အုပ်ချုပ်သူအလှလေးရဲ့ပိုင်နက်ပဲ။ မင်းတို့က ဒါကို လုယူခဲ့ပြီး ဥပဒေတွေတောင် ထုတ်ထားခဲ့တယ်၊ ဘာလို့ ငါတို့က မင်းတို့ကို အညံ့ခံရမှာလဲ”

ခေါင်းဆောင်က အေးစက်သောအသံနှင့် ပြန်ဖြေသည် “ငါတို့မဟာထန်အင်ပါယာရဲ့ဧကရာဇ်က တစ်ခါပြောဖူးတယ် ‘အင်မော်တယ်ကမ္ဘာမှာ သန်မာတဲ့သူကပဲ အုပ်စိုးတယ်။ ငါတို့ရဲ့မဟာထန်အင်ပါယာမှာ သူတို့ကို မောင်းထုတ်နိုင်တဲ့ခွန်အားရှိတဲ့အတွက် ငါတို့က ဥပဒေတွေ ထုတ်ပြန်နိုင်တယ်။ ရှေးစကားပုံတစ်ခုလိုပဲ၊ အညံ့ခံရင် ကောင်းစားမယ်၊ ဆန့်ကျင်ရင်တော့ ပျောက်ကွယ်သွားရလိမ့်မယ်’။ မင်းတို့က မဟာထန်အင်ပါယာရဲ့ဥပဒေတွေကို မလိုက်နာချင်ဘူးဆိုရင် ဒီနေရာက ထွက်သွားလို့ရတယ်။ ဒါပေမယ့် မင်းက ဒီနေရာမှာ ပြစ်မှုတစ်ခုကျူးလွန်ခဲ့တဲ့အတွက် အပြစ်ပေးခံရလိမ့်မယ်”

အမျိုးသမီးက အေးစက်သောလေသံနှင့် ပြန်မေးသည် “မင်းတို့လောက်နဲ့လား”

လက်ဖက်ရည်ဆိုင်ထဲတွင် ထိုခေါင်းဆောင်ပြောသောစကားများကို လူအိုကြီးဆိုက်ကာမောက လုံးဝလက်ခံသည်။ အင်မော်တယ်ကမ္ဘာက ခွန်အားကသာ ကြီးစိုးသည့် နေရာတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်တွင် အကြွင်းမဲ့စွမ်းအားရှိလျှင် သူတို့က ဥပဒေများထုတ်ပြန်နိုင်သည်။

“သနားစရာပဲ။ ဒီအက်တာမြို့က အင်မော်တယ်လိုင်ဇီယန်ရဲ့မြို့ကလေးတစ်ခုပဲ၊ ဒါကြောင့် စောင့်ကြပ်နေတဲ့အားနည်းတဲ့ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ ရှိတယ်။ မီးခိုးရောင်ဆံပင်နဲ့အမျိုးသမီးက နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တစ်ယောက်ပဲ၊ သူတို့အနေနဲ့ သူမကို ဖမ်းဆီးဖို့က ခက်ခဲလိမ့်မယ်”လူအိုကြီးဆိုက်ကာမောက သက်ပြင်းချလိုက်သည်။

အမ်။

လူအိုကြီးဆိုက်ကာမော၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ လက်ဖက်ရည်ဆိုင်အလုပ်သမားဝတ်စုံဖြင့် အခန်းထဲသို့ ဝင်လာသည့် လူငယ်ကို သူက လေ့လာလိုက်၏။

အလုပ်သမားက ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ မြင်ကွင်းကို ကြည့်ပြီးနောက် သူ့အား လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်သည် “နှုတ်ဆက်ပါတယ်၊ စီနီယာဆိုက်ကာမော။ ဒီဂျူနီယာက မဟာထန်အင်ပါယာရဲ့သတင်းဌာနရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ”

လူအိုကြီးဆိုက်ကာမောက မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “ဒီသတင်းဌာနက ဘာလဲ။ ဘယ်လိုလုပ်ပြီး မင်းက ငါ့ကို သိနေတာလဲ”

အလုပ်သမားက ရိုသေလေးစားစွာ ပြန်ဖြေသည် “သတင်းဌာနက မဟာထန်အင်ပါယာရဲ့သတင်းကွန်ရက်ပါပဲ။ ငါက အက်တာမြို့ရဲ့တာဝန်ရှိသူပါ။ တကယ်တော့ အင်မော်တယ်လိုင်ဇီယန်ထဲကို ဝင်လာကတည်းက စီနီယာက ငါတို့သတင်းဌာနရဲ့ရေဒါထဲမှာ ရှိတယ်။ လွန်ခဲ့တဲ့မိနစ်အနည်းငယ်လောက်က မင်းရှာနေတဲ့အဖြေကို ပေးဖို့ ဌာနခေါင်းဆောင်ဆီကနေ စာရခဲ့တယ်”

လူအိုကြီးဆိုက်ကာမောက နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဘယ်နေရာမှာလဲ”

“စီနီယာက အပြင်ဘက်က ကိစ္စကို ဖြေရှင်းဖို့ ကူညီပေးနိုင်မယ်ဆိုရင် အရှင်ရဲ့တည်နေရာကို ချက်ချင်းရရှိပါလိမ့်မယ်”

ဝှစ်…

လူအိုကြီးဆိုက်ကာမောက လမ်းမအထက်၌ ရုတ်ချည်း ထွက်ပေါ်သွားပြီး အားကောင်းသောအရှိန်အဝါဖြင့် မီးခိုးရောင်ဆံပင်နှင့်အမျိုးသမီးအား ဖိနှိပ်ကာ အေးစက်သောအသံနှင့် ပြောလိုက်၏ “မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ မင်းရဲ့သရုပ်မှန်နဲ့အကြောင်းရင်းကို ပြောပါ၊ ဒါမှမဟုတ် သေဖို့ လက်ခံပါ”

မီးခိုးရောင်ဆံပင်နှင့်အမျိုးသမီးက ထိတ်လန့်တုန်လှုပ်သွားသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကျင့်ကြံသူတစ်ယောက်က အက်တာမြို့တွင် ရှိလိမ့်မည်ဟု သူမက မထင်ထားခဲ့ပေ။

“စီနီယာ၊ ကျွန်မက ကောင်းကင်ဘုံဆန်းကြယ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်တဲ့နှင်းရေခဲပါ။ ကျွန်မတို့တွေ ဒီနေရာထိ လိုက်ဖမ်းပြီး သတ်ခဲ့တဲ့သူက ဂိုဏ်းသစ္စာဖောက်ရွှယ်ဖေပါ။ သူက ကျွန်မရဲ့သမီးကို သတ်ပြီး ဂိုဏ်းရဲ့စိတ်ဝိညာဉ်အင်မော်တယ်မှန်ကို ခိုးယူသွားတယ်။ မဟာထန်အင်ပါယာရဲ့ဉပဒေတွေကို ငါတို့က ကောင်းကောင်းမသိပေမယ့် ချိုးဖောက်လိုတဲ့ရည်ရွယ်ချက်တော့ ငါတို့မှာ မရှိပါဘူး”

လူအိုကြီးဆိုက်ကာမောက ခေါင်းဆောင်ကို တစ်ချက်ကြည့်ပြီးနောက် အေးစက်သောအသံနှင့် ပြော၏ “သူမက ပြောပြီးပြီ။ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မင်း ဆုံးဖြတ်ပါ”

ခေါင်းဆောင်က ခဏစဉ်းစားပြီးနောက် ဆက်သွယ်ရေးတံဆိပ်ကို ယူထုတ်လိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ၎င်းက ပြန်ရောက်လာပြီး သူက သတင်းကို ဖတ်လိုက်၏။ ထို့နောက် သူက ပြော၏ “မင်းက ကောင်းကင်ဘုံဆန်းကြယ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ လွန်ခဲ့တဲ့ခြောက်လက ကြီးမားတဲ့ဖြစ်ရပ်တစ်ခုက မင်းရဲ့ဂိုဏ်းမှာ ဖြစ်ပွားခဲ့တယ်၊ ဒါကြောင့် မင်းက အမှန်အတိုင်း ပြောပုံရတယ်။ ဒီတော့ စိတ်မရှိပါနဲ့။ မင်းက မဟာထန်အင်ပါယာရဲ့ဉပဒေတွေကို လိုက်နာဖို့ ဆန္ဒရှိတယ်ဆိုရင် ငါတို့ရဲ့အင်မော်တယ်လိုင်ဇီယန်မှာ နေလို့ရတယ်။ မင်းက မကျေမနပ်ဘူးဆိုရင်တော့ လွတ်လွတ်လပ်လပ် ထွက်သွားလို့ရပါတယ်”

နှင်းရေခဲက ခဏစဉ်းစားကာ ပြောလိုက်၏ “တကယ်တော့ မဟာထန်အင်ပါယာရဲ့ဉပဒေတွေက အရမ်းကောင်းပါတယ်။ မဟာထန်အင်ပါယာက ကောင်းကင်ဘုံဆန်းကြယ်ဂိုဏ်းကို ခက်ခဲအောင် မလုပ်သရွေ့ ငါတို့က နေဖို့ ဆန္ဒရှိပါတယ်”

ထို့နောက် သူမက လူအိုကြီးဆိုက်ကာမောကို တစ်ချက်ကြည့်ကာ ရိုသေလေးစားစွာ မေး၏ “စီနီယာရဲ့နာမည်ကို သိလို့ရမလား”

လူအိုကြီးဆိုက်ကာမောက ပြန်ဖြေသည် “မင်းသိစရာမလိုဘူး။ မင်းက မဟာထန်အင်ပါယာရဲ့ဥပဒေတွေကို လိုက်နာဖို့ပဲ လိုတယ်၊ ဒါဆို လုံလောက်ပြီ။ အခု မင်းတို့တွေ ထွက်သွားလို့ရပြီ”

“နားလည်ပါပြီ…”

နှင်းရေခဲက ခါးသီးစွာ ပြုံးလိုက်ပြီး လက်သီးဆုပ်ကာ ဉီးညွှတ်ပြီးနောက် အခြားတပည့်နှစ်ယောက်နှင့်အတူ ထွက်ခွာသွားသည်။

ရွှတ်…

လက်ဖက်ရည်ဆိုင်အလုပ်သမားက လူအိုကြီးဆိုက်ကာမောထံ ကျောက်စိမ်းစာရွက်ဖြတ်ပိုင်းတစ်ခုကို ပစ်ပေးပြီးနောက် ပျောက်ကွယ်သွားသည်။ ခဏကြာပြီးနောက် လူအိုကြီးဆိုက်ကာမောက လက်ဖက်ရည်ဆိုင်ကို တစ်ချက်ကြည့်လိုက်ပြီး အလုပ်သမားလေးက ဆိုင်ထဲ၌ မရှိသည်ကို သိရှိပြီးနောက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

“ဒါက စိတ်ဝင်စားစရာပဲ”

သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လျက် ကီလိုမီတာငါးထောင်တစ်ဝိုက်ကို လွှမ်းခြုံလိုက်သည်၊ လူအိုကြီးဆိုက်ကာမော၏မျက်နှာပေါ်ရှိ အပြုံးက ရုတ်ချည်း အေးခဲသွားသည်။ စက္ကန့်အနည်းငယ်အတွင်း အင်မော်တယ်ပင်မဖြစ်သေးသည့် မဟာထန်အင်ပါယာ၏ထောက်လှမ်းရေးက ခြေရာလက်ရာတစ်ခုမှ မကျန်ဘဲ အံ့အားသင့်စွာ ပျောက်ကွယ်သွားခဲ့၏။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“သူ့အနေနဲ့ ဒီလောက် မြန်မြန်ထွက်သွားဖို့က မဖြစ်နိုင်ဘူး”

“ငါ့ရဲ့အာရုံက ဒီအက်တာမြို့ထဲမှာရှိတဲ့ဖုံးကွယ်အစီအရင်တစ်ခုကို ရှာတွေ့ဖို့ ကျရှုံးခဲ့တာလား။ ဒါက ဖုံးကွယ်အစီအရင်တစ်ခုနဲ့ မတူဘူး။ ဒါက နေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုများလား”

လူအိုကြီးဆိုက်ကာမောက တုန်လှုပ်သွားလျက် ချက်ချင်း သတိမြှင့်တင်လိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက်။

လူအိုကြီးဆိုက်ကာမိုက ကျောက်စိမ်းစာရွက်ချပ်ပိုင်းထဲတွင် ဖော်ပြထားသည့် တည်နေရာသို့ အပြေးရောက်လာခဲ့သည်။ ထိုဆိတ်ငြိမ်ကျွန်းသို့ ရောက်ရှိသောအခါ လက်ဖက်ရည်စားပွဲတစ်ခုရှေ့၌ တင်ပျဉ်ခွေထိုင်လျက် လက်ဖက်ရည်သောက်နေသောထန်ရှုနှင့်ကူးယန်အာတို့ကို သူက မြင်လိုက်၏။

“ခဏလေးပဲ ရှိသေးတယ်၊ ခင်ဗျားက ရောက်လာတာပဲ၊ လူအိုကြီးဆိုက်ကာမော”

ထန်ရှုက ခေါင်းမော့လျက် လူအိုကြီးဆိုက်ကာမောထံ ခပ်ဖျော့ဖျော့ပြုံးပြလိုက်၏။

လူအိုကြီးဆိုက်ကာမောက ထန်ရှုထံ ရှုပ်ထွေးသောခံစားချက်များနှင့် စိုက်ကြည့်ကာ ခပ်ပြတ်ပြတ်မေးလိုက်၏ “ရှင်းပြချက်တစ်ခု ငါ လိုချင်တယ်”

ထန်ရှုက စားပွဲထိပ်အား တောက်လိုက်သည်၊ လက်ဖက်ရည်ခွက်က လွင့်မျောကာ လူအိုကြီးဆိုက်ကာမောအရှေ့၌ ရပ်သွား၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏ “ဒီလက်ဖက်ရည်က အက်တာမြို့မှာ ကျုပ်ရဲ့မဟာထန်အင်ပါယာရဲ့စစ်သားတွေကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်တာပဲ၊ ကျေးဇူးပြုပြီး သောက်လိုက်ပါ”

လူအိုကြီးဆိုက်ကာမောက ခဏနှုတ်ဆိတ်သွားပြီးနောက် လက်ခံရန် ဆုံးဖြတ်လိုက်သည်။ လက်ဖက်ရည်တစ်ငုံမျိုချပြီးနောက် သူက မေး၏ “အခု ငါ့ကို ပြောလို့ရပြီ”

ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ရှုံ့မဲ့သောအမူအရာတစ်ခုက အစားထိုးသွား၏ “ရှင်းပြချက်တစ်ခုက တကယ်ပဲ အဲလောက်အရေးကြီးလို့လား။ သူက သေသွားပြီပဲ၊ ခင်ဗျားလဲ ကိုယ်ပိုင်ဘဝရှိနေတာပဲ။ ဘာလို့ စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးငြိတွယ်နေရတာလဲ”

All Chapters