ငါ့နောက်လိုက်တဲ့သူတွေက ကြီးပွားအောင်မြင်ပြီး ငါ့ကို ဆန့်ကျင်တဲ့သူတွေက သေရမယ်
Vol. 100 Ch. 1381
ထန်ရှု၏အမိန့်နှင့်အတူ မဟာထန်အင်ပါယာ၏ထိန်းချုပ်မှုအောက်ရှိ အင်မော်တယ်ပိုင်နက်များတစ်လျှောက်ရှိ စုစုပေါင်းလေးရာရှိသည့် နေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်အားလုံးက စတင်လည်ပတ်လာသည်။ မဟာထန်အင်ပါယာ၏စစ်သည်သန်းချီအား ပိုင်နက်အားလုံးဆီသို့ ဆက်တိုက်ပို့ဆောင်ခဲ့ပြီး နောက်ထပ်အမိန့်ကို စောင့်မျှော်နေကြသည်။
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ပိုင်နက်ရှိ ကောင်းကင်ဘုံအစမြို့။
ဤနေရာတွင် ခမ်းနားကြီးကျယ်လှသောနန်းတော်တစ်ခုရှိသည်။ အထဲတွင် အော့ဗလ်ဆီဒီအမ်၏အုပ်ချုပ်သူက တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေကြသည်။ သူ့ဘေးနားတစ်ဝိုက်တွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်က တင်ပျဉ်ခွေထိုင်လျက် အင်မော်တယ်စွမ်းအားအား သူ့ထံ အဆက်မပြတ် ထောက်ပံ့ပေးနေကြ၏။
ဝှစ်…
ဆက်သွယ်ရေးတံဆိပ်တစ်ခုက နန်းတော်ထဲသို့ ပျံသန်းလာသည်၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်က ဖမ်းယူလိုက်သည်။ တံဆိပ်ထဲရှိ သတင်းအချက်အလက်ကို ဖတ်ရှုပြီးနောက် သူ့အမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။ သူက အင်မော်တယ်စွမ်းအားထောက်ပံ့ခြင်းကို ရပ်က နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “အင်မော်တယ်ဖခင်၊ တစ်ခုခုဖြစ်ပျက်နေပြီ”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က မျက်လုံးဖွင့်လိုက်သည်၊ အလင်းတစ်ခုက သူ့မျက်လုံးထဲတွင် လက်သွားလျက် သူက လက်မြှောက်ကာ ပြော၏ “ဘာဖြစ်လို့လဲ”
ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က ပြန်ဖြေသည် “အရှေ့ဘက်က အပြင်ပိုင်းမိုးမြို့ကနေ သတင်းပို့လာတယ်။ မဟာထန်အင်ပါယာရဲ့အင်မော်တယ်စစ်သည်သုံးသန်းက မြို့ကို ဝန်းရံထားတယ်တဲ့။ အပြင်ပိုင်းမိုးမြို့ရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ပိုင်နက်တွေအားလုံးကလဲ မဟာထန်အင်ပါယာရဲ့လက်ထဲကို ကျရောက်သွားပြီ။ စစ်ရူးမြို့အရှင်ရဲ့ခန့်မှန်းချက်အရ မဟာထန်အင်ပါယာရဲ့စစ်သည်တွေက မြို့ကို တိုက်ခိုက်ဖို့ အရိပ်အယောင်အမပြသေးပေမယ့် သူတို့က တစ်စုံတစ်ယောက်ရဲ့အမိန့်ကို စောင့်နေပုံရတယ်။ သူတို့က တိုက်ခိုက်မယ်ဆိုလျှင် အပြင်ပိုင်းမြို့က နေ့တစ်ဝက်အတွင်းမှာ ရန်သူလက်ထဲကို ကျရောက်သွားလိမ့်မယ်”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က ဒေါသထွက်သောအမူအရာဖြင့် ပြော၏ “ဒီမဟာထန်အင်ပါယာက တရားလွန်သွားပြီ။ လွန်ခဲ့တဲ့နှစ်တစ်ရာခန့်က သူတို့က အင်မော်တယ်လိုင်ဇီယန်ကို သိမ်းပိုက်ခဲ့တယ်၊ ပြီးနောက် သူတို့က ငါ့ရဲ့အော့ဗလ်ဆီဒီအမ်အင်မော်တယ်ပိုင်နက်ကို ကျုးကျော်နှောင့်ယှက်လာခဲ့တယ်။ သူတို့ရဲ့ရည်ရွယ်ချက်တွေက ကောင်းကင်က ကြယ်တွေလို ရှင်းလင်းပါတယ်”
“သတင်းပို့ပါတယ်”
စိုးရိမ်တကြီးအသံတစ်ခုက အပြင်ဘက်မှ ခန်းမသို့ ရောက်ရှိလာသည်။
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်နှင့်အတူ ခန်းမအပြင်ဘက်၌ ထွက်ပေါ်လာသည်။ ထို့နောက် သူက အနက်ဝတ်တောင့်တင်းသန်မာသောလူကြီးထံ တင်းမာသောအသံဖြင့် မေးလိုက်၏ “ဘာဖြစ်ပြန်တာလဲ”
တောင့်တင်းသန်မာသောလူက ပြန်ဖြေသည် “အင်မော်တယ်ဖခင်၊ စုစုပေါင်းအင်မော်တယ်စစ်သားရှစ်သန်းက အော့ဗလ်ဆီဒီအမ်၊ အက်တာနီအမ်နှင့်ချာလ်ဆီဒိုနီအမ်တို့ကို တစ်ပြိုက်နက်တည်း တိုက်ခိုက်လာတယ်။ အက်တာနီအမ်နှင့်ချာလ်ဆီဒိုနီအမ်တို့ကို စစ်သားနှစ်သန်းက တိုက်ခိုက်နေပြီး ငါတို့ကို စစ်သားသုံးသန်းက တိုက်ခိုက်နေတယ်။ အပြင်ပိုင်းမိုးမြို့ရဲ့ခုခံမှုက မိနစ်အနည်းငယ်အတွင်းမှာ ပြိုကျပြီး စစ်ရူးမြို့အရှင်လဲ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ အခု သူ ကောင်းကင်အစမြို့ဆီ ပြေးလာနေပါပြီ”
“ဘယ်လိုတောင် မြန်လိုက်သလဲ”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အမူအရာက တင်းမာသွားလျက် သူ၏သတ်ဖြတ်ခြင်းဆန္ဒက ပိုသန်မာလာသည်။
ဆက်သွယ်ရေးတံဆိပ်ကို လက်ခံခဲ့သည့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏အမူအရာက အလွန်အမင်း ပြောင်းလဲသွားလျက် သူက နက်ရှိုင်းသောအသံနှင့် ပြောသည် “အင်မော်တယ်ဖခင်၊ အပြင်ပိုင်းမိုးမြို့ကို တိုက်ခိုက်တဲ့ အင်မော်တယ်စစ်သားသုံးသန်းထဲမှာ အားကောင်းတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက် သေချာပေါက် ရှိမယ်။ သူတို့က တစ်ယောက်ထက် ပိုတာတောင် ဖြစ်နိုင်တယ်။ စစ်ရူးမြို့အရှင်က အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ပြောင်မြောက်တဲ့ခွန်အားကို ပိုင်ဆိုင်တယ်။ နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်တောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမယ့် မိနစ်အနည်းငယ်အတွင်းမှာ သူက ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ဒါက ရန်သူက ငါတို့ထင်ထားတာထက် အများကြီးပိုအားကောင်းတယ်လို့ ဆိုလိုတယ်”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က ခေါင်းညိတ်ကာ ပြုံးရယ်လျက် ပြောသည် “မဟာထန်အင်ပါယာက စစ်ပွဲစချင်နေမှတော့ ငါတို့က ပူးပေါင်းပေးရတာပေါ့။ သူတို့အားလုံးကို သတ်ကြမယ်။ ငါ့ဆီမှာ တာဝန်ထမ်းဆောင်ချင်တဲ့အင်မော်တယ်တွေအားလုံးကို အော့ဗလ်ဆီဒီအမ်တောင်ဆီ ချက်ချင်း လာဖို့ အသိပေးလိုက်ပါ။ အဲဒီနေရာမှာ မဟာထန်အင်ပါယာရဲ့စစ်တပ်ကို ငါတို့တွေ ရင်ဆိုင်ကြမယ်”
ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏အမူအရာက ပြောင်းလဲသွားလျက် သူက စိုးရိမ်သောအမူအရာနှင့် ပြောသည် “အင်မော်တယ်ဖခင်၊ သင့်ရဲ့ဒဏ်ရာက အပြီးမပျောက်သေးဘူး။ တစ်ဖက်မှာ အန္တိမအဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိမယ်ဆိုရင် ငါ ကြောက်တာက…”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က အေးစက်သောအသံနှင့် ပြောသည် “မဟာထန်အင်ပါယာမှာ အန္တိမအရှင်တစ်ယောက်ရှိရင် သူတို့ကို တိုက်ခိုက်ဖို့ မလိုတော့ဘူး။ ငါတို့က အညံ့ခံပြီး အော့ဗလ်ဆီဒီအမ်အင်မော်တယ်ပိုင်နက်ကို သူတို့ဆီ လက်လွှဲပေးရုံပဲ။ ဒါပေမယ့် သူတို့မှာ အန္တိမအရှင်တစ်ယောက်မရှိရင်တော့ အင်မော်တယ်စစ်သားသုံးသန်းထဲက ဘယ်သူမှ အော့ဗလ်ဆီဒီအမ်ကနေ အသက်ရှင်လျက် မထွက်သွားကြနဲ့တော့”
နှစ်ရက်ကြာပြီးနောက်။
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ပိုင်နက်ရှိ အော့ဗလ်ဆီဒီအမ်တောင်။
အော့ဗလ်ဆီဒီအမ်အင်မော်တယ်တောင်က ကီလိုမီတာသန်းအနည်းငယ်ကျယ်ဝန်းသည့် မြေထုတစ်ခုဖြစ်သည်။ လက်ရှိတွင် အင်မော်တယ်တစ်သိန်းလောက်က အော့ဗလ်ဆီဒီအမ်တောင်၏အနောက်ဘက်သို့ လျှောက်လာနေကြသည်။ အချို့က သုံးယောက်လေးယောက်အုပ်စုဖွဲ့ထားကြပြီး အချို့က ရာချီရှိသည်။ လက်ရှိတွင် သူတို့အားလုံးက အမြင့်ဆုံးကျောက်စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်ပေါ်တွင်သာ အာရုံစိုက်နေကြ၏။
အုံး…
မီးဘောလုံးတစ်လုံးကို ကောင်းကင်သို့ ပစ်လွှတ်လိုက်ပြီး ကြီးမားသောမီးတိမ်တစ်ခုအဖြစ်သို့ ပေါက်ကွဲထွက်သွား၏။
နောက်အခိုက်အတန့်တွင် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က လေထဲသို့ လွင့်မျောတက်သွားပြီး အရှေ့သို့ ကြည့်လိုက်သည်။ ဗိုလ်ချုပ်များဖြစ်သည့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ရှိသော အင်မော်တယ်ဘုရင်မြောက်ပိုင်းအထွတ်အထိပ်၊ အရှင်ကူးတို့သူကြီး၊ နတ်ဆိုးမျက်လုံးအသူရာ၊ အဒီနာ၊ စစ်ရူးမြို့အရှင်နှင့်အင်မော်တယ်ဘုရင်တွိုင်ရိုတို့က သူ့ဘေးနားတွင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာလျက် အရှေ့ဘက်သို့ ကြည့်လိုက်ကြ၏။
အင်မော်တယ်ဘုရင်မြောက်ပိုင်းအထွတ်အထိပ်က နက်ရှိုင်းသောအသံနှင့် ပြောသည် “အင်မော်တယ်ဖခင်၊ ငါတို့စုဆောင်းရရှိထားတဲ့သတင်းအချက်အလက်တွေအရ သူတို့တွေ ရောက်ရှိလာတာနဲ့ မဟာထန်အင်ပါယာ၏စစ်တပ်က တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို တည်ဆောက်တယ်။ သူတို့ထဲမှာ အစီအရင်မာစတာတစ်ယောက်ရှိဖို့ များတယ်”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က သူ့အား ပြန်ဖြေသည် “အဲတော့ ဘာဖြစ်လဲ။ မဟာထန်အင်ပါယာရဲ့စစ်သားအားလုံးက ငါတို့ကို လာတိုက်ခိုက်မယ်ဆိုရင် ငါတို့က နည်းနည်းသတိထားရအုံးမယ်။ ဒါပေမယ့် သူတို့က အင်မော်တယ်ပိုင်နက်သုံးခုစလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်။ သူတို့က တကယ်ကို ရဲတင်းတာပဲ။ တိုက်ပွဲမှာ တွေ့တဲ့အခါ ဒင်းတို့ကို စစ်တပ်တွေ ခွဲထုတ်ခြင်းရဲ့တန်ဖိုးကို သင်ကြားပေးရမယ်”
ပြောပြီးနောက် သူ့နောက်ရှိ အင်မော်တယ်နောက်လိုက်ဒါဇင်ကျော်အား လှည့်ကြည့်လိုက်ပြီး ကျေနပ်အားရသော အမူအရာကို ဖော်ပြလိုက်သည်။ သူက နောက်လိုက်များအား လမ်းညွှန်ပေးရခြင်းကို နှစ်သက်သည်၊ ရလဒ်အနေဖြင့် သူက ကျွမ်းကျင်သူအမြောက်အများ ထုတ်လုပ်နိုင်ခဲ့သည်။ ထိုအင်မော်တယ်တစ်သိန်းက သူ၏လျှို့ဝှက်ဖဲချပ်ဖြစ်သည်။
မိနစ်ငါးဆယ်ကြာပြီးနောက်။
အင်မော်တယ်ဘုရင်မြောက်ပိုင်းအထွတ်အထိပ်၏အမူအရာက ပြောင်းလဲသွားလျက် နက်ရှိုင်းသောအသံနှင့် ပြော၏ “သူတို့ ဒီနေရာကို ရောက်လာကြပြီ”
သူတို့ထံ ပျံသန်းလာနေသော မဟာထန်အင်ပါယာ၏စစ်သားအရေအတွက်ကို အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က သေချာစွာ တစ်ချက်ကြည့်သည်၊ သူ့အမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။ သူ့မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့်အတူ တလက်လက်ဖြစ်လျက် သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
“အဲဒါဘာကြီးလဲ”
မဟာထန်အင်ပါယာ၏စစ်သည်များက ဖွဲ့စည်းထားသည့် ဝင်္ကပါကို ကြည့်ရင်း အင်မော်တယ်ဘုရင်မြောက်ပိုင်းအထွတ်အထိပ်၏မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုတို့နှင့်ပြည့်နှက်သွား၏။ သူ့တစ်သက်တွင် ယခုလိုထိတ်လန့်တုန်လှုပ်စရာကောင်းသောဝင်္ကပါတစ်ခုကို ဘယ်တော့မှ မမြင်ဖူးပေ။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မဟာထန်အင်ပါယာ၏စစ်သားသုံးသန်းလုံးက အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်နှင့်သူ့နောက်လိုက်တစ်သိန်းဆီသို့ ရောက်ရှိလာကြ၏။
လက်ရှိတွင် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အမူအရာက အလွန်အမင်း အရုပ်ဆိုးနေသည်။ အန္တိမအရှင်တစ်ယောက်ဖြစ်သော်လည်း မဟာထန်အင်ပါယာ၏တိုက်ခိုက်ရေးဝင်္ကပါက သူ့ကို ရိုးတွင်းခြင်ဆီထိတိုင် ထိတ်လန့်စေသည်။ အင်မော်တယ်များဖြင့် ဖွဲ့စည်းထားသည့် ဤဝင်္ကပါက သေမျိုးကမ္ဘာ၏အင်ပါယာများထံမှ မွေးစားထားပုံရသည်၊ သို့သော် သူတို့က သူနှင့် ဆယ်ကီလိုမီတာကွာဝေးသော်လည်း သွေးရနံ့ကို သက်ဆောင်လာပုံရသည့် သူတို့၏ဖိနှိပ်သောအရှိန်အဝါကို သူက ခံစားနိုင်သည်။
“သူတို့ကို အင်မော်တယ်တွေလိုတောင် သတ်မှတ်လို့ရပါ့မလား။ သူတို့က သတ်ဖြတ်စက်တစ်ခုလိုပဲ”အင်မော်တယ်ဘုရင်မြောက်ပိုင်းအထွတ်အထိပ်က မျက်နှာဖြူဖတ်ဖြူရော်နှင့် ရေရွတ်လိုက်သည်။
သူ့စကားကြောင့် အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ငါးယောက်၏အမူအရာများက ပြင်းထန်သွားကြ၏။ သူတို့၏အကြည့်များက မဟာထန်အင်ပါယာ၏စစ်တပ်အလယ်ရှိ ရေနဂါးကိုးကောင်ဆွဲလာသည့်စစ်ရထားဆီသို့ ရောက်ရှိသွားကြ၏။ ဤစစ်ရထားပေါ်တွင် နဂါးတံဆိပ်နှင့် တိုက်ခိုက်ရေးချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကို သူတို့က ရှင်းလင်းစွာ မြင်ရသည်၊ သူ့ဘေးနားတွင် သက်လတ်ပိုင်းလူတစ်ယောက်က အမိန့်ပေးအလံတစ်ခုကို ကိုင်လျက် ရပ်နေ၏။
ဝှစ်…
ထူးဆန်းသောအသံတစ်ခုက အမိန့်ပေးအလံမှ ပဲ့တင်ထွက်လာသည်။ အမိန့်ပေးအလံက ဉီးတည်ဘက်များ ပြောင်းလဲသွားသည်ကို မြင်သောအခါ မဟာထန်အင်ပါယာ၏စစ်သားအားလုံးက ညီညာစွာ ရပ်လိုက်ကြ၏။
ဤအချိန်တွင် ထန်ရှုကိုယ်တိုင် ပါဝင်လာခဲ့သည်။ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏ရင်းနှီးသောမျက်နှာကို မြင်သောအခါ သူက အထင်သေးသောအကြည့်ကို ပြလိုက်သည်။ ယခင်က သူက အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်နှင့် တွေ့ဆုံဆက်ဆံခဲ့ဖူးသည်။ သူတို့က မိတ်ဆွေများမဟုတ်ကြသော်လည်း ရန်သူများလည်း မဟုတ်ကြပေ။
ထိတ်လန့်တုန်လှုပ်မှုကို ငြိမ်းအေးစေရန် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် သူက အထက်ကီလိုမီတာအနည်းငယ်သို့ ပျံသန်းကာ ထန်ရှုထံ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါ့ရဲ့အော့ဗလ်ဆီဒီအမ်အင်မော်တယ်ပိုင်နက်ကို ကျူးကျော်ဖို့ မဟာထန်အင်ပါယာက စေလွှတ်ခဲ့တဲ့ ကွန်မန်ဒါလား”
ထန်ရှုက ပျံတက်ကာ ကျယ်လောင်သောအသံနှင့် ပြန်ဖြေသည် “ကျုပ်က ကွန်မန်ဒါလဲ ဟုတ်သလို မဟာထန်အင်ပါယာရဲ့ဧကရာဇ်ဖြစ်တဲ့မဟာထန်ကောင်းကင်ဘုံဧကရာဇ်လဲ ဟုတ်တယ်။ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၊ ခင်ဗျားရဲ့နာမည်နဲ့ဂုဏ်သတင်းက ကျုပ်နားတွေထိ ရောက်ရှိခဲ့တယ်။ အခု ခင်ဗျားနဲ့ လူကိုယ်တိုင် တွေ့ရတာ အံ့ဩစရာပဲ”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က လုံးဝအံ့ဩတုန်လှုပ်လျက် သူက ကျယ်လောင်စွာ ပြန်ဖြေသည် “ဒါဆို မင်းက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့လျှို့ဝှက်နန်းတော်ထဲမှာ ထူးခြားပြောင်မြောက်တဲ့ပါရမီတွေကို ပြသခဲ့တဲ့ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပေါ့။ ဒါပေမယ့် ငါက အန္တိမအရှင်တစ်ယောက်ဆိုတာ မင်း မသိဘူးလား။ မင်းရဲ့မဟာထန်အင်ပါယာရဲ့စစ်သည်တွေလောက်နဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်း ထင်တာလား”
ထန်ရှုက စိတ်မဝင်စားစွာ ပြန်ဖြေသည် “ခင်ဗျားက ဒဏ်ရာရထားတဲ့အကြောင်းကို မပြောနဲ့။ ခင်ဗျားက ဒဏ်ရာမရထားရင်တောင် ခင်ဗျားနဲ့ခင်ဗျားရဲ့အမှိုက်စစ်တပ်က ကျုပ်ရဲ့မဟာထန်အင်ပါယာအတွက် ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားက အန္တိမအဆင့်ကို ချိုးဖြတ်ထားပြီး ဘေးနားမှာလဲ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အနည်းငယ်ရှိတယ်ဆိုတော့ ကျုပ်က ခင်ဗျားကို ရွေးချယ်စရာနှစ်ခုပေးမယ်။ ကျုပ်ကို အညံ့ခံပါ၊ အသက်ရှင်လိမ့်မယ်၊ ဒါမှမဟုတ် ကျုပ်ကို ဆန့်ကျင်ပါ၊ သေလိမ့်မယ်”
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က သူ့အား နှာခေါင်းရှုံ့လိုက်သည် “အပြင်ပိုင်းမှာတော့ မင်းရဲ့မဟာထန်အင်ပါယာရဲ့စစ်သားတွေက ကြည့်ကောင်းပေမယ့် သူတို့ရဲ့ခွန်အားက တကယ်ပဲ အမြင်နဲ့ ထပ်တူကျသလားဆိုတာ ငါ သိချင်တယ်။ မင်းက တိုက်ခိုက်ဖို့ ဆန္ဒရှိမှတော့ တိုက်ကြတာပေါ့။ တိုက်ပွဲအဆုံးသတ်သွားတာနဲ့ နောက်ဆုံးအနိုင်ရသူကို သိလိမ့်မယ်။ မင်းဘေးနားမှာ မင်းကို ကာကွယ်ဖို့ သန်မာတဲ့လူတွေရှိဖို့ ငါ မျှော်လင့်တယ်၊ မဟုတ်ရင် မင်းကို ခေါင်းဖြတ်ပြီး စိတ်ဝိညာဉ်ပါ သုတ်သင်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့”
ထန်ရှုက အမိန့်ပေးအလံကို ကိုင်ထားသည့် ချန်ရှောက်ဟွာထံ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ချက်ချင်းလျှင်ပင် အလံကို အသုံးပြုလျက် စတင်တိုက်ခိုက်ရန် ချန်ရှောင်ဟွာက စစ်သည်များကို အချက်ပြလိုက်၏။
ထို့နောက် ချက်ချင်းလျှင်ပင် စစ်သားသုံးသောင်းပါဝင်သည့်ပထမဆုံးနှစ်ဖွဲ့က သူတို့၏အင်မော်တယ်ခံစစ်အသုံးအဆောင်ပစ္စည်းများကို စတင်အသက်သွင်းလိုက်သည်။ တစ်ခဏအတွင်း အကြွင်းမဲ့ခံစစ်စနစ်တစ်ခုက သူတို့ကြားတွင် ဖြစ်ပေါ်လာ၏။ စစ်သားသုံးသောင်းပါဝင်သည့်အခြားလေးဖွဲ့၊ စုစုပေါင်းစစ်သားတစ်ရာနှစ်ဆယ့်တို့က အင်မော်တယ်ဒူးလေးအသုံးအဆောင်ပစ္စည်းများကို ယူထုတ်ကာ မြားတပ်လိုက်ကြ၏။ အလံ၏အချက်ပြမှုနှင့်အတူ သူတို့က အော့ဗလ်ဆီဒီအမ်အင်မော်တယ်ပိုင်နက်၏အင်မော်တယ်များထံ ပစ်လွှတ်လိုက်ကြ၏။
မြားများက ကောင်းကင်တစ်ခုလုံး လွှမ်းမိုးလျက် ရေစီးကြောင်းတစ်ခုပမာ ရန်သူများထံ ဝင်ရောက်သွားကြ၏။
အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အမူအရာက ပြောင်းလဲသွားလျက် သူက အင်မော်တယ်ခံစစ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်လိုက်သည်။ အင်မော်တယ်ဒိုင်းကာက ချက်ချင်း အရွယ်အစားကြီးမားလာပြီး မြားအားလုံးကို ပိတ်ဆို့ရန် ကြိုးစား၏။ သို့သော် ဉီးဆောင်လာသည့်မြားက အင်မော်တယ်ဒိုင်းကာကို ထိသွားသည့်အခိုက်အတန့်တွင် ၎င်းက မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲထွက်သွား၏။
အုံး…
ပေါက်ကွဲမှုကြောင့် အင်မော်တယ်ဒိုင်းကာက ချက်ချင်း အပိုင်းပိုင်းအစစဖြစ်သွားပြီး မရေမတွက်နိုင်သောမြားအမြောက်အများက ဤနေရာလပ်ကို ဖြတ်သန်းသွား၏။