← Chapters

ရန်သူကို အညံ့ခံရန် ဖျောင်းဖျခြင်း

Vol. 100 Ch. 1382

ရန်သူကို အညံ့ခံရန် ဖျောင်းဖျခြင်း

Vol. 100 Ch. 1382

အော့ဗလ်ဆီဒိုအမ်အင်မော်တယ်ဖခင်က ရှက်သွားသည်။ သူ ယူထုတ်ခဲ့သည့် အင်မော်တယ်ဒိုင်းကာက ပေါက်ကွဲထွက်သွားသည်။ ထို့ပြင် ဒိုင်းကာက မြားတစ်ချောင်းကိုသာ တားဆီးနိုင်ခဲ့ပြီး မိုးကြိုးလုံးမှ ပေါက်ကွဲမှုကြောင့် သူပင် သွေးအန်လိုက်ရသည်။ သူက အနောက်သို့ ဆယ်ကီလိုမီတာအထိ လွင့်ထွက်သွား၏၊ သူ၏ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်၏အကူအညီကြောင့်သာ မြားအားလုံးနှင့်မိုးကြိုးလုံးများအား တားဆီးနိုင်ခဲ့ခြင်းဖြစ်၏။

“နောက်ထပ်မြားအစုအဝေးလား”

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်တို့၏အမူအရာက အပြင်းအထန် ပြောင်းလဲသွားသည်။ မဟာထန်အင်ပါယာတွင် ယခုလိုကြောက်စရာကောင်းသောကြွယ်ဝမှုပမာဏတစ်ခုရှိလိမ့်မည်ဟု သူတို့က မထင်ထားခဲ့ပေ။ မြားများနှင့်မိုးကြိုးလုံးတို့က အင်မော်တယ်အဆင့်ရှိပြီး မြားတစ်ချောင်းစီ၏တန်ဖိုးက အနည်းဆုံးအင်မော်တယ်သလင်းကျောက်တစ်တုံးရှိသည်ဟု သူတို့က တွက်ချက်ထားသည်။ ပထမဆုံးမြားအစုအဝေးတွင် မြားပေါင်းတစ်သိန်းနှစ်သောင်းရှိပြီး ဒုတိယမြားအစုအဝေးနှင့်ဆိုလျှင် အရေအတွက်က အခြေခံအားဖြင့် နှစ်ဆဖြစ်သည်။ ဒါက ရန်သူကို ပိုက်ဆံဖြင့် အနိုင်ကျင့်နေခြင်းနှင့် အတူတူပင်။

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က‌ အော်ပြောသည် “ချက်ချင်း ပြန်ဆုတ်ပြီး ဒီမြားတွေကို သေချာ တားဆီးကြပါ။ မဟာထန်အင်ပါယာမှာ ဖြုန်းတီးဖို့ အင်မော်တယ်သလင်းကျောက်တွေ ဘယ်လောက်ထိ ရှိသလဲဆိုတာ ငါ သိချင်တယ်”

ဝှစ်…

သူ့စကားဆုံးသွားပြီးနောက် တတိယမြောက်မြားအစုအဝေးက ဆန့်ကျင့်ဘက်ခြမ်းမှ လိုက်လာပြီး ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွား၏။

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က စိတ်ဓာတ်ကျသွားသည်။ အန္တိမအရှင်တစ်ယောက်အနေနှင့် သူက တိုက်ပွဲမရေမတွက်များစွာ ပါဝင်ဖူးသည်။ သို့သော် ယခုလိုကြောက်စရာကောင်းသောတိုက်ခိုက်မှုအစုအဝေးအား တစ်ခါမှ မရင်ဆိုင်ဖူးပေ။ သူက ရန်သူတစ်သောင်းနှင့် တစ်ကြိမ် ရင်ဆိုင်ခဲ့ပြီး ထိုကား သူရင်ဆိုင်ခဲ့သမျှတွင် အမြင့်ဆုံးရန်သူအရေအတွက်ဖြစ်သည်။

ထို့ပြင် သူ့ခွန်အားဖြင့်ဆိုလျင် ထိုမြားက သူ့အား ခြိမ်းခြောက်မှု သိပ်မရှိပေ၊သို့သော် မြားတစ်ချောင်းစီတွင် ကပ်ပါလာသော မိုးကြိုးလုံးတစ်လုံးစီက သူ့အား ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

မြားအစုဝေးဆယ်ချက်ပြီးနောက် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အင်မော်တယ်များအောက်တွင် သေကျေပျက်စီးမှုက စတင်ထွက်ပေါ်လာသည်။ လက်ရှိတွင် သူတို့တစ်ဖွဲ့လုံးက ရှုပ်ထွေးနေလေတော့၏။

“တိုက်…”

ဟိန်းသံတစ်ခုက မဟာထန်အင်ပါယာ၏တိုက်ပွဲဝင်္ကပါထဲမှ ထွက်ပေါ်လာပြီး ထို့နောက် ချက်ချင်းလျှင်ပင် စစ်သားဆယ်ဖွဲ့က အော့ဗလ်ဆီဒီအမ်နှင့်သူ့နောက်လိုက်များထံ ပြေးဝင်တိုက်ခိုက်လိုက်ကြ၏။

ဖျက်ဆီးခြင်းနှင့် အစုလိုက်အပြုံလိုက်သေဆုံးခြင်းတို့၏မြင်ကွင်းတစ်ခုပင်၊ ပေါက်ကွဲမှုများက နေရာတိုင်းတွင် တွေ့ရပြီး သွေးများက ပက်ဖျန်းနေလေတော့၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်အတွင်း အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏နောက်လိုက်များက ပျက်ဆီးမှုများစွာ ဖြစ်ခဲ့သည်။

စေဘယ်မိစ္ဆာကင်းမြီးကောက်၊ ကောင်းကင်ဘုံကျောက်ပုံနှိပ်သည်၊ မီးလျှံနတ်ဆိုးကြောင်၊ ရွှေမျက်လုံးမဟာပင်ဂွင်ငှက်၊ လုပက်ရူပ၊ အောက်ပင်လယ်ဝေလငါးဘုရင်တို့ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ကလည်း အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်အား ဉီးတည်ဘက်တိုင်းမှ တိုက်ခိုက်နေကြသည်။ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က အန္တိမအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်ငြား ယခင်ဒဏ်ရာများကြောင့် သူ၏တိုက်ခိုက်ရေးခွန်အားကို ပမာဏတစ်ခုအထိ ကန့်သတ်ထားသည်။ ထို့ကြောင့် စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ခြောက်ယောက်က သူ့ထံ ပြင်းထန်သောတိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်သည်။ အခြားတစ်ဖက်တွင် အချိန်တိုအတွင်း ထိုခြောက်ယောက်အား သတ်ဖြတ်ရန် သူ့တွင် နည်းလမ်းမရှိပေ။

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏နောက်လိုက်ခြောက်ယောက်အတွက်ကတော့ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်အင်မော်တယ်မွန်းစတားဆယ်ကောင်၏ဉီးဆောင်မှုအောက်တွင် ရွှေအင်မော်တယ်သုံးထောင်က သူတို့ကို တိုက်ခိုက်နေသည်။ အနည်းငယ်အားထုတ်လိုက်ရုံနှင့် သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်အား သိသာသောဒဏ်ရာများ ဖြစ်စေခဲ့သည်။ အော့ဗလ်ဆီဒီအမ်၏နောက်လိုက်တစ်သိန်းကိုမူ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်ဉီးဆောင်ထားသည့် ရွှေအင်မော်တယ်တစ်သောင်းနှင့်အင်မော်တယ်စစ်သားသုံးသန်းတို့က ဝန်းရံတိုက်ခိုက်နေကြ၏။ ရလဒ်အနေနှင့် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အဖွဲ့များက သေကျေပျက်ဆီးမှုများပြားလာခဲ့သည်။

ဝှစ်…

ဝေဝေဝါးဝါးပုံရိပ်တစ်ခုက ထန်ရှုဘေးနား၌ ထွက်ပေါ်လာပြီး အားကောင်းသောအရှိန်အဝါတစ်ခုက စစ်မြေပြင်တစ်ခုလုံးကို ရိုက်ခတ်သွား၏။ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။ သူ့အား တိုက်ခိုက်နေသော ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်နှင့် တိုက်ပွဲတွင် သူက တဖြည်းဖြည်းအသာစီးရလာပြီဖြစ်၏။ ထိုရန်သူခြောက်ယောက်အား သတ်ဖြတ်ရန် သူက အချိန်အနည်းငယ်သာ လိုပေသည်။

သို့သော် သူ့အား ရိုက်ခတ်သွားသည့် အရှိန်အဝါကြောင့် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က အော်ပြောလိုက်၏ “မင်းနိုင်ပါတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ငါ အညံ့ခံပါတယ်၊ ဒါကြောင့် မင်းရဲ့စစ်တပ်ကို ပြန်ရုတ်သိမ်းပေးပါ။ ငါ့ရဲ့နောက်လိုက်တစ်ယောက်ကိုမှ မသတ်ပါနဲ့”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊ ထို့နောက် သူက ချန်ရှောက်ဟွာထံ ခေါင်းညိတ်ပြလိုက်၏။ ထူးဆန်းသောအသံတစ်ခုက ပဲ့တင်ထပ်သွားပြန်သည်။ ထို့နောက် ချက်ချင်းလျှင်ပင် မဟာထန်အင်ပါယာ၏စစ်သားများက တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ နောက်ဆုတ်သွားကြသည်။

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်နှင့်သူ့နောက်လိုက်ခြောက်ယောက်အား ပြုံးကာ ကြည့်လျက် ထန်ရှုက ပြောလိုက်သည် “ကျုပ်ကို အညံ့ခံရင် အောင်မြင်ကြီးပွားမယ်၊ ကျုပ်ကို ဆန့်ကျင်ရင် သေရမယ်။ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၊ တိုက်ပွဲမစခင်ကတည်းက ခင်ဗျားရဲ့ဝှက်ဖဲကို ကျုပ်တို့က စုံစမ်းထားပြီးပြီ။ ဒါကြောင့် ခင်ဗျားမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ဆရှိရင်တောင် ဒါမှမဟုတ် ဒဏ်ရာမရထားရင်တောင် အဆုံးသတ်ကတော့ အတူတူပဲ။ ကျုပ်ရဲ့မွေးရပ်မြေမှာ ဆိုရိုးတစ်ခုရှိတယ်၊ ‘ကိုယ့်ကိုယ်ကိုယ်သိပါ၊ ရန်သူကို သိပါ၊ သူတို့က တိုက်ပွဲတိုင်းကို အနိုင်ရလိမ့်မယ်’။ ခင်ဗျားရဲ့ရှုံးနိမ့်မှုက တရားမျှတပါတယ်”

ရှုပ်ထွေးသောအမူအရာတစ်ခုက အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏မျက်လုံးများထဲ၌ လက်သွားသည်။ ဤတိုက်ပွဲမှတစ်ဆင့် ထန်ရှုပြောသည်ကား မှန်သည်ကို သူက သဘောပေါက်၏။ ရန်သူများ၏အရေအတွက်က တကယ်ကို ကြီးမားလွန်းလှသည်။ အနည်းဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အယောက်နှစ်ဆယ်နှင့် ရွှေအင်မော်တယ်နှစ်သောင်းရှိသည်။ ထို့ကြောင့် သူ့အဖွဲ့က ဆုံးရှုံးမှုကြီးမားစွာဖြင့် အဆုံးသတ်ခဲ့ရ၏။

ထို့ပြင် တိုက်ပွဲထံ မပူးပေါင်းရသေးသည့် အန္တိမအရှင်တစ်ယောက်လည်း ရှိသည်။

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က ထန်ရှုဘေးနားရှိ လူအိုကြီးကို ကြည့်ကာ နက်ရှိုင်းသောအသံနှင့်‌‌ မေးလိုက်၏ “ခင်ဗျားက ဘယ်သူလဲ။ အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင်တွေအားလုံးကို ကျုပ် ကောင်းကောင်းသိပါတယ်။ ခင်ဗျားကိုတော့ ကျုပ် အခုမှ မြင်ဖူးတယ်”

လူအိုကြီးဆိုက်ကာမောက ထန်ရှုထံ တစ်ချက်ကြည့်၏၊ ထန်ရှုမှ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူက ခပ်ဖျော့ဖျော့ပြုံးလျက် ရှင်းပြလိုက်သည် “မကြာသေးခင်ကမှ ကျုပ်က အန္တိမအဆင့်ကို ချိုးဖြတ်ခဲ့တာပါ၊ ဒါကြောင့် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်အနေနဲ့ ကျုပ်ကို မသိတာ ပုံမှန်ပါပဲ။ ကျုပ်က မဟာထန်အင်ပါယာရဲ့သေးငယ်တဲ့နောက်လိုက်တစ်ယောက်မျှပါပဲ။ ကျုပ်ကို လူအိုကြီးဆိုက်ကာမောလို့ ခေါ်နိုင်ပါတယ်”

ထန်ရှုက လက်ဝှေ့ယမ်းကာ ပြုံးပြလိုက်သည် “စိုးရိမ်စရာမလိုပါဘူး၊ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်။ ဒီနေ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ ဖြစ်ပျက်ခဲ့မှတော့ ကျုပ်တို့ကြားမှာ ကံကြမ္မာအချို့ရှိတယ်။ ကျုပ်ရဲ့မဟာထန်အင်ပါယာမှာ ကျွမ်းကျင်သူတွေ နည်းလွန်းတယ်၊ ခင်ဗျားလို လူတွေကို ကျုပ်ကလဲ သဘောကျတယ်။ ဘာကြောင့် ခင်ဗျားနဲ့ခင်ဗျားရဲ့လူတွေက ကျုပ်နဲ့ မပူးပေါင်းတာလဲ။ ခင်ဗျားတို့က မဟာထန်အင်ပါယာရဲ့လူတွေ ဖြစ်လာပြီး ကျုပ်နဲ့အတူ အောင်မြင်မှုတွေ ဆက်တိုက်ရယူကြတာပေါ့။ ဘယ်လိုလဲ”

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က နှာခေါင်းရှုံ့လိုက်သည် “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ အန္တိမအရှင်တစ်ယောက်က မင်းကို ခစားစေချင်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်…”

ထန်ရှုက အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏စကားများကို ကြားဖြတ်ပြောလိုက်သည် “အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင်တိုင်းက ဘာမှ မဟုတ်ပါဘူး၊ နတ်ဘုရားမဖြစ်ခင်မှာ သူတို့က ကောင်းကင်တာအိုဥပဒေသရဲ့အရှေ့မှာ ပုရွက်ဆိတ်တွေပါပဲ။ ကျုပ်လက်အောက်မှာ အန္တိမအရှင်တွေ ရှိတယ်၊ တစ်ယောက်တည်း မဟုတ်ဘူး။ ခင်ဗျားကို ဖိတ်ခေါ်ရဲတဲ့အကြောင်းရင်းကတော့ ခင်ဗျားက ကျင့်ကြံဖို့ ထိုက်တန်လို့ပဲ။ ခင်ဗျားက ကျုပ်နောက်ကို လိုက်ရင် နတ်ဘုရားကပ်ဘေးကို မရင်ဆိုင်ခင် အန္တိမဟာတာအိုအချို့ကို ကျုပ် ရှင်းပြပေးမယ်။ နတ်ဘုရားကပ်ဘေးက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုလဲ ခင်ဗျားကို ကျုပ် ပြောပြနိုင်တယ်”

“မင်း ဘာပြောတာ”

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အမူအရာက အပြင်းအထန်ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုက သူ့မျက်လုံးများထဲ၌ ပြည့်သွားသည်။ ထန်ရှု၏အရှိန်အဝါအရ ထိုအကောင်က အန္တိမအရှင်တစ်ယောက်မဟုတ်သလို နတ်ဘုရားတစ်ယောက်လည်း မဟုတ်သည်ကို သူက တွက်ချက်ထားခဲ့ပြီဖြစ်၏။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “ကျုပ်က ခင်ဗျားကို လှည့်စားနေတယ်လို့ မထင်ပါနဲ့၊ အဲလိုလုပ်ဖို့ မလိုအပ်တဲ့အတွက်ကြောင့်ပဲ။ လွန်ခဲ့တဲ့ထောင်စုနှစ်လေးခုလောက်က အဆုံးမဲ့ချောက်နက်ထဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာက ခင်ဗျားကို အန္တိမအဆင့်ကို ချိုးဖြတ်ဖို့ အခွင့်အရေးတစ်ခုကို ပေးခဲ့တယ်။ ဒါပေမယ့် အန္တိမအဆင့်မှာ ခင်ဗျားက ပိုကျင့်ကြံလေ၊ ရှေ့ဆက်တိုးတက်ဖို့က ပိုခက်ခဲလာတယ်။ ကံကောင်းမှုတစ်ခုနဲ့ မတွေ့ဆုံဘူးဆိုရင် နတ်ဘုရားကပ်ဘေးကနေ အသက်ရှင်ဖို့က မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုပဲ။ ကျုပ်ပြောတာ မှားလား”

အော့ဗလ်ဆီအမ်အင်မော်တယ်ဖခင်၏မျက်ခုံးများက ကျုံ့သွားကာ သူ့နှလုံးသားက လုံးဝထိတ်လန့်တုန်လှုပ်မှုတို့နှင့် ပြည့်သွား၏။ အတိတ်က အဆုံးမဲ့ချောက်နက်၌ သူ၏ဖြစ်ပျက်ခဲ့သမျှကို လူအနည်းငယ်ကသာ သိသည်၊ သူ့ခန္ဓာကိုယ်၏အခြေအနေကို သိသောသူများက ပိုတောင် နည်းသည်။ ထို့ကြောင့် မဟာထန်အင်ပါယာက သိနေသည်ကို ကြားပြီး သူက တုန်လှုပ်သွားရ၏။

ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးက ပိုတောက်ပသွားပြီး သူက အသံပို့လိုက်၏ “အင်မော်တယ်ကျမ်းကျိန်ချက်တစ်ခုကို ဆန့်ကျင်ဖို့က ခက်ခဲတယ်။ ခင်ဗျားရဲ့နှလုံးသားထဲမှာ နောင်တရလျက်ရှိပြီး ဒါကပဲ ခင်ဗျားရဲ့တိုးတက်မှုကို နှောင့်ယှက်တားဆီးနေတယ်။ ကျုပ် ပြောတာ မှန်ရဲ့လား”

“မင်းက ဘယ်သူလဲ’

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က အသံပြန်ပို့လိုက်သည်။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံး၏ “ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျား သိစရာမလိုဘူး။ ခင်ဗျားသိဖို့လိုအပ်တာကကား ခင်ဗျားက သူ့အပေါ် အကြွေးတစ်ခု တင်နေတယ်၊ အဲဒါကို ကျုပ်ဆီ ပြန်ပေးဆပ်နိုင်တယ်။ အနာဂတ်မှာ ကျုပ်ရဲ့သရုပ်မှန်ကို ခင်ဗျား သိလာတဲ့အခါ ခင်ဗျားရဲ့နှလုံးသားထဲက အတားအဆီးက ပျောက်ကွယ်သွားပြီး ပြီးပြည့်စုံတဲ့အခြေအနေကို ရရှိလိမ့်မယ်။ အဲအခါကျရင် ခင်ဗျားက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ဖို့ ပြင်ဆိုင်နိုင်တယ်”

ထန်ရှုက အကြွေးကို ဖော်ပြပြောဆိုပြီးသောအခါ မဟာထန်အင်ပါယာနှင့်ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်က နက်နက်ရှိုင်းရှိုင်းဆယ်နွယ်နေသည်ကို အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က ချက်ချင်း သဘောပေါက်လိုက်၏။

၎င်းက ဆွဲဆောင်မှုအားကောင်းသောကမ်းလှမ်းမှုတစ်ခုဖြစ်ပြီး အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏နှလုံးသားက ယိမ်းယိုင်သွား၏။ သူက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို ခစားရန် ဆန္ဒရှိသရွေ့ နှောင်းပိုင်းအန္တိမအဆင့်သို့ ချိုးဖြတ်နိုင်ရန် အခွင့်အလမ်းတစ်ခုရှိသည်ဟု ရေးရေးခံစားမိသည်။

သို့သော် မဟာထန်အင်ပါယာသို့မဟုတ် မဟာထန်ကောင်းကင်ဘုံဧကရာဇ်နှင့် ပတ်သက်၍ သူက အများကြီးမသိပေ၊ သူ့အား ယုံကြည်လို့ရမလားဆိုသည်ကို သူက မဆုံးဖြတ်နိုင်ပေ။

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အတွေးများကို ထန်ရှုက ဖြတ်မြင်နိုင်ပုံရကာ သူက ခပ်ဖျော့ဖျော့ပြောလိုက်၏ “ကျုပ်နောက်လိုက်ဖို့ ဆုံးဖြတ်သရွေ့ ကျုပ်က ခင်ဗျားကို ဘာမှ မကန့်သတ်ပါဘူး။ ခင်ဗျားလိုအပ်တဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေကိုတောင် ကျုပ်က ထောက်ပံ့ပေးအုံးမယ်။ ခင်ဗျားလုပ်ရမှာက ကျုပ်အမိန့်ကို နာခံပြီး မဟာထန်အင်ပါယာက အခြားအင်မော်တယ်ဂိုဏ်းတွေကို တိုက်ခိုက်နေတဲ့အချိန်မှာ မဟာထန်အင်ပါယာရဲ့စစ်သည်တွေနဲ့အတူ တိုက်ခိုက်ပေးဖို့ပဲ။ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို ခစားချင်တယ်ဆိုရင် မစ်ရှင်တစ်ခုကို အရင်ဆုံးပြီးမြောက်အောင် လုပ်ရမယ်”

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “ဘာမစ်ရှင်လဲ”

ထန်ရှုက ခပ်ဖျော့ဖျော့ပြောသည် “ကျုပ်ဆီ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ငါးယောက်ရဲ့ခေါင်းတွေကို ယူလာပေးရမယ်”

အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်၏အမူအရာက စိတ်လှုပ်ရှားသွားလျက် သူက မေးမြန်းလိုက်၏ “ဘယ်သူတွေလဲ”

ထန်ရှုက တည်ငြိမ်စွာ ပြန်ပြောသည် “အရင်ဆုံး ကျုပ်မေးတာကို ဖြေဖို့ လိုတယ်။ ခင်ဗျားက ကျုပ်ကို ခစားဖို့ ဆန္ဒရှိတယ်ဆိုရင် အဲဒီငါးယောက်က ဘယ်သူတွေလဲဆိုတာ သိလိမ့်မယ်။ ခင်ဗျားက ဆန္ဒမရှိရင် မေ့ထားလိုက်တော့”

ခဏနှုတ်ဆိတ်သွားပြီးနောက် အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်က တည်ငြိမ်စွာဖြင့် မေးသည် “မဟာထန်အင်ပါယာနဲ့ ပူးပေါင်းပြီးနောက် တကယ်ပဲ ဘာအကန့်အသတ်တွေမှ မရှိတာလား”

ထန်ရှုက ပြောသည် “ခင်ဗျားက မဟာထန်အင်ပါယာဆီ ကပ်ဘေးတွေကို မခေါ်လာသရွေ့ ခင်ဗျားအတွက် ဘာကန့်သတ်ချက်မှ ရှိမှာမဟုတ်ဘူး။ ခင်ဗျားက ဆန္ဒရှိရင် အင်မော်တယ်ကမ္ဘာမှာ လိုက်ပတ်သွားနိုင်တယ်။ အပြင်ကမ္ဘာမှာ ခင်ဗျားက ဒုက္ခတွေ့တယ်ဆိုရင် အကူအညီယူဖို့ အချက်ပြလိုက်ပါ၊ မဟာထန်အင်ပါယာရဲ့ကျွမ်းကျင်သူတွေက ခင်ဗျားကို လာကူညီလိမ့်မယ်”

All Chapters