← Chapters

ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်

Vol. 100 Ch. 1384

ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်

Vol. 100 Ch. 1384

ကြယ်မျက်ရည်ကို စစ်ဆေးပြီးနောက် အန္တိမအရှင်ကြယ်ဖြာထွက်၏အသက်ရလာသောမျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် လင်းလက်သွားကာ ပြောလိုက်၏ “ကြယ်မျက်ရည်၊ မင်း ပြန်လာတာ ကောင်းတယ်။ တကယ်ကို ကောင်းတယ်။ ပြီးတော့ မင်းက အန္တိမအဆင့်ကိုလဲ ချိုးဖြတ်ခဲ့တာပဲ။ ရန်သူတွေကို ရင်ဆိုင်ဖို့အတွက် ငါတို့မြင့်မြတ်ငှက်ဂိုဏ်းမှာ နောက်ထပ်အင်အားတစ်ခုတိုးလာပြီပေါ့”

ကြယ်မျက်ရည်က ပြောမည့်ဆဲဆဲတွင် ပုံရိပ်အချို့က လာနေသည်ကို တွေ့လိုက်၏။ သူမက စိတ်လှုပ်ရှားသောအသံနှင့် ဆက်ပြော၏ “ဘိုးဘေး၊ ငါက အန္တိမအဆင့်ကို တကယ်ပဲ ချိုးဖြတ်ခဲ့ပါတယ်၊ ဒါပေမယ့် ဘိုးဘေးနဲ့အကို့ကို ဒီထက် အရေးကြီးတဲ့ပြောစရာတစ်ခုရှိတယ်”

“အန်တီကြယ်မျက်ရည်…”

“ကြယ်မျက်ရည်…”

“ကြယ်…”

လူတစ်ရာလောက်က စိတ်လှုပ်ရှားသောအမူအရာများနှင့် ကြယ်မျက်ရည်ထံ ပြေးလာကြ၏။

ကြယ်မျက်ရည်က သူတို့အားလုံးကို ကြည့်ကာ သိုလှောင်လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်၏။ ထို့နောက် သူမက သူတို့အား ဝမ်းသာစွာ ပြောလိုက်၏ “ငါ ပြန်ရောက်လာပြီ”

“ဘာ…”

မြင့်မြတ်ငှက်ဂိုဏ်း၏အထက်အကြီးအကဲများဖြစ်ကြသည့် ထိုလူတစ်ရာလုံးက သိုလှောင်လက်စွပ်ကို သူတို့၏စိတ်ဝိညာဉ်အာရုံနှင့် စစ်ဆေးလိုက်ကြပြီး ဝမ်းသာသောအမူအရာကို ချက်ချင်း ဖော်ပြလိုက်ကြသည်။

“ဘုရားရေ…ဒီထဲမှာ အင်မော်တယ်သလင်းကျောက်နဲ့ဆေးလုံးတွေ အများကြီး ရှိတာပဲ”

“ဒီအင်မော်တယ်ကျောက်တုံးတွေ၊ သလင်းကျောက်အဆီအနှစ်တွေ၊ ဆေးလုံးတွေ၊ ဆေးပင်တွေနဲ့ဆိုရင် ငါ့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းက မျှော်လင့်ချက်ရှိလာပြီပဲ…”

“အန်တီကြယ်မျက်ရည်က ပစ္စည်းကောင်းတွေအများကြီး ပြန်ယူလာခဲ့တာပဲ”

“ကောင်းကင်မှာ အမြင်ရှိတယ်…နောက်ဆုံးတော့ ငါ မျှော်လင့်ချက်ရှိလာပြီ…”

“…”

မြင့်မြတ်ငှက်ဂိုဏ်း၏အထက်အကြီးအကဲများ၏မျက်လုံးများက စိုဆွတ်လျက် သူတို့၏ခန္ဓာကိုယ်များက စိတ်လှုပ်ရှားမှုတို့နှင့် တုန်ယင်နေကြတော့၏။

အန္တိမအရှင်ကြယ်ဖြာထွက်နှင့်အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်၊ သူတို့၏အမူအရာများက အကြီးအကျယ် ပြောင်းလဲနေပေသည်။ လက်ရှိတွင် မြင့်မြတ်ငှက်ဂိုဏ်း၌ အလိုအပ်ဆုံးအရာက အင်မော်တယ်သလင်းကျောက်များနှင့်သလင်းကျောက်အဆီအနှစ်များ ဖြစ်ကြသည်မဟုတ်လော။

“ကြယ်မျက်ရည်၊ ငါ့နောက် လိုက်လာပါ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သက်ပြင်းတစ်ချက်ရှိုက်ကာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။ သူမကို ပြောပြီးနောက် သူက မြင့်မြတ်ငှက်ဂိုဏ်း၏စည်းဝေးခန်းမဆီသို့ ပျံသန်းသွား၏။ အန္တိမအရှင်ကြယ်ဖြာထွက်နှင့်အထွတ်အထိပ်သူမြူနီတို့ကလည်း သူ့နောက်မှ လိုက်သွားသည်။

သူမနှင့် ရင်းနှီးသောသူများကို ကြည့်ရင်း ကြယ်မျက်ရည်က စိတ်ထဲ၌ နွေးထွေးနေလေသည်။ ရုတ်တရက် သူမက တစ်ခုခုကို သတိရလိုက်ပြီး ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့ကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထုတ်လိုက်၏။

“အကြီးအကဲ၊ ငါ၊ ကြယ်တောက်ပက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ခဲ့ပါပြီ”

“အကြီးအကဲ၊ ငါ၊ ကြယ်ပင်ဂွင်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ခဲ့ပါပြီ”

ရင်းနှီးသောမျက်နှာများကို ထပ်မံမြင်တွေ့လိုက်ရသဖြင့် သူတို့နှစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လျက် မျက်ရည်များက ပါးပြင်မှ စီးကျလာတော့၏။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၊ အန္တိမအရှင်ကြယ်ဖြာထွက်နှင့် အုပ်ချုပ်သူမြူနီတို့အားလုံးက ကြယ်မျက်ရည်အား ကျေးဇူးတင်စွာ ကြည့်လိုက်ကြ၏၊ ထို့နောက် သူတို့က စည်းဝေးခန်းမဆီသို့ ဆက်လက်ပျံသန်းသွားခဲ့သည်။

ခဏကြာပြီးနောက် ကြယ်မျက်ရည်က စည်းဝေးခန်းမသို့ ဝင်ရောက်လာပြီး ဂိုဏ်းချုပ်ထိုင်ခုံတွင် ထိုင်နေသော အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ကို နှုတ်ဆက်ကာ ပြော၏ “ဂိုဏ်းချုပ်၊ ကြယ်မျက်ရည်က ပြန်ရောက်လာပါပြီ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “ငါ့ကို ပြောပါ၊ ဒီနှစ်ရာအနည်းငယ်မှာ မင်းက ဘယ်တွေ ရောက်နေတာလဲ။ အဲဒီအချိန်တွေအတွင်း မြင့်မြတ်ငှက်ဂိုဏ်းရဲ့မဟာမိတ်များစွာက ဒီနေရာကို ရောက်လာကြပေမယ့် သူတို့တစ်ယောက်မှ မင်းရဲ့တည်နေရာနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရှိကြဘူး”

သူမအကို၏စိုးရိမ်မှုကို ခံစားမိသောကြောင့် ကြယ်မျက်ရည်က ပြောလိုက်သည် “ဂိုဏ်းချုပ်၊ အခုက ဒါကို ဆွေးနွေးရမယ့်အချိန်မဟုတ်ပါဘူး။ ဒီအကြိမ်မှာ ပစ္စည်းအမြောက်အများနဲ့ ငါ ပြန်ရောက်လာခဲ့တယ်။ ဂိုဏ်းရဲ့အဖွဲ့ဝင်တွေကို ဖြန့်ဝေပေးနိုင်ဖို့ ဂိုဏ်းချုပ်ကို ငါ ပေးမယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မျက်မှောင်ကြုတ်လျက် ခပ်ဖျော့ဖျော့ပြောသည် “ကြယ်မျက်ရည်၊ မင်း ပြန်လာနိုင်တာကတင် ကောင်းတဲ့အရာတစ်ခုဖြစ်နေပါပြီ၊ ငါတို့မြင့်မြတ်ငှက်ဂိုဏ်းက မင်းယူလာတဲ့ပစ္စည်းတွေကို လိုအပ်ပေမယ့် နောက်မှ ဖြန့်ဝေပေးလို့လဲ မနောက်ကျပါဘူး”

ကြယ်မျက်ရည်က သိုလှောင်လက်စွပ်ခြောက်ခုကို ယူထုတ်ကာ အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၏အရှေ့သို့ ပစ်ပေးပြီးနောက် ပြောလိုက်၏ “ဂိုဏ်းချုပ်၊ ဒီလက်စွပ်တွေကို အရင်တစ်ချက်ကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ခဏနှုတ်ဆိတ်သွားသည်။ လက်စွပ်ခြောက်ခုအား စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးပြီးနောက် သူ၏မြင့်မားကာ တောင့်တင်းသန်မာသောခန္ဓာကိုယ်က ချက်ချင်း ထရပ်ပြီး ထိတ်လန့်တုန်လှုပ်သောအမူအရာတစ်ခုက သူ့မျက်နှာပေါ်၌ လွင့်မျောလာတော့သည်။ သူက ကြယ်မျက်ရည်အား ခေါင်းမော့ကြည့်လိုက်ပြီး ခက်ခက်ခဲခဲနှင့် မေးလိုက်လေ၏ “ဒါတွေအားလုံးက လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်အတွင်း မင်းရခဲ့တဲ့ပစ္စည်းတွေလား”

ကြယ်မျက်ရည်က ခေါင်းညိတ်ကာ ပြောသည် “ဂိုဏ်းချုပ်ကို ပေးဖို့ သူက ငါ့ကို ပေးခဲ့တာပါ”

“သူက ဘယ်သူလဲ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မေးလိုက်သည်။

ကြယ်မျက်ရည်က ခေါင်းခါယမ်းကာ ပြော၏ “ဂိုဏ်းချုပ်၊ ဒီအရင်းအမြစ်တွေကို အရင်ဆုံးဖြန့်ဝေလိုက်ပါ။ ခဏကျမှ အခြားကိစ္စတွေအကြောင်းပြောကြတာပေါ့”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သက်ပြင်းတစ်ချက်ရှိုက်ကာ ဝမ်းသာအားရရယ်လိုက်သည် “အခုတော့ ငါတို့မြင့်မြတ်ငှက်ဂိုဏ်းက တကယ်ကို မျှော်လင့်ချက်ရှိလာပြီပဲ။ ကြယ်မျက်ရည်ပြန်ယူလာတဲ့အရင်းအမြစ်တွေက ငါတို့အတွက် နှစ်တစ်ထောင်လောက် သုံးစွဲဖို့ လုံလောက်တယ်။ မဟာအကြီးအကဲ၊ ဒါတွေအားလုံးကို သင့်ဆီ ငါ ပေးလိုက်မယ်။ ဒီထဲက အချို့ကို ဖြန့်ဝေပေးပြီး ကျန်တာတွေကို ဂိုဏ်းရဲ့ရတနာသိုက်ထဲမှာ သိမ်းထားလိုက်ပါ”

အထွတ်အထိပ်ကြယ်မြစ်က သိုလှောင်လက်စွပ်ခြောက်ခုကို စိတ်လှုပ်ရှားသောအမူအရာနှင့် လက်ခံလိုက်သည်။ ပစ္စည်းများကို စစ်ဆေးပြီးနောက် သူလည်း ဝမ်းသာအားရစွာ ရယ်မောလိုက်လေ၏။

ခဏကြာပြီးနောက် အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၊ အန္တိမအရှင်ကြယ်ဖြာထွက်နှင့် အထွတ်အထိပ်မြူနီတို့အပြင် ကြယ်မျက်ရည်ကသာ စည်းဝေးခန်းမ၌ ကျန်ရှိတော့သည်။ ထို့နောက် ကြယ်မျက်ရည်က အင်မော်တယ်ပညာရပ်တစ်ခုကို အသုံးပြုကာ ခန်းမတစ်ခုလုံးအား ဝင်္ကပါတစ်ခုဖြင့် လွှမ်းခြုံလိုက်သည်။ ထိုသုံးယောက်၏မျက်နှာပေါ်ရှိ ပဟေဠိဖြစ်သောအမူအရာကို မြင်သောအခါ သူမက ရှင်းပြ၏ “ဒီတစ်ကြိမ် ငါ ပြန်လာတာ ပြောစရာနှစ်ခုရှိလို့၊ နှစ်ခုလုံးက မြင့်မြတ်ငှက်ဂိုဏ်းရဲ့သေခြင်းရှင်ခြင်းနဲ့ ဆက်စပ်တယ်။ နောက်ဆုံးကိစ္စကလဲ အလွန်အရေးကြီးပြီး ပျော်စရာကောင်းတဲ့သတင်းတစ်ခုပဲ၊ ဒါပေမယ့်…”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ပြောသည် “ကြယ်မျက်ရည်၊ မင်းမှာ ပြောစရာတစ်ခုခုရှိရင် ပြောသာပြောစမ်းပါ။ ငါတို့ကို အချိန်ဆွဲနေဖို့ မလိုပါဘူး”

ကြယ်မျက်ရည်က ပြောသည် “အကို၊ ငါ ပြောမယ့်အရာတွေကို အခြားဘယ်သူ့ကိုမှ ပြောပြလို့မရဘူး။ ငါတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းမှာဆိုရင်တောင် ငါတို့လေးယောက်ကပဲ သိရမယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ခဏနှုတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ပြောပါ။ ဘယ်သူ့ကိုမှ မပြောဖို့ ငါတို့ ကတိပေးတယ်”

ကြယ်မျက်ရည်က ပြုံးလိုက်၏ “အာရုဏ်ဉီးအင်မော်တယ်ပိုင်နက်မှာ ပိတ်မိနေတယ်ဆိုပေမယ့် ဂိုဏ်းချုပ်တို့က အပြင်ကမ္ဘာကသတင်းတွေကို ရနေသေးတယ်မလား။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုပေါ့”

အန္တိအရှင်ကြယ်စိတ်ဝိညာဉ်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်။ အပြင်ကို ထွက်သွားတဲ့ဂိုဏ်းသားအချို့က ရန်သူရဲ့ပိတ်ဆို့မှုကို ဖြတ်ပြီး ဂိုဏ်းကို ပြန်လာခဲ့ကြတယ်။ သူတို့နှင့်အတူ အပြင်ကမ္ဘာမှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကိုလဲ ပြန်သယ်လာခဲ့တယ်။ ဒီနှစ်ရာအနည်းငယ်အတွင်း မင်း ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာ ငါ့ကို ပြောစမ်းပါ”

ကြယ်မျက်ရည်က ပြောသည် “လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်က အရိပ်နတ်ဆိုးကျူးဝူရှို့ရဲ့တပည့်ဒုစရိုက်အိုကြီးလက်ချက်ကြောင့် ငါ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်၊ ဒါပေမယ့် သူက ငါ့ကို မသတ်ဘဲ အကျဉ်းသားပြိုင်ကွင်းကို ရောင်းချခဲ့တယ်။ အကျဉ်းသားပြိုင်ကွင်းမှာ နှစ်ရာချီအနည်းငယ်ပိတ်မိနေပြီး သေခြင်းရှင်ခြင်တိုက်ပွဲတွေကို အဆက်မပြတ် ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ကိုးဆယ်လောက်က တစ်စုံတစ်ယောက်က ငါ့ကို အကျဉ်းသားပြိုင်ကွင်းကနေ ဝယ်ခဲ့တယ်”

“ဘယ်သူလဲ”

အန္တိမအရှင်စိတ်ဝိညာဉ်၏အမူအရာက ပြောင်းလဲသွားသည်။

ကြယ်မျက်ရည်က ပြော၏ “သူ့ကို မဟာထန်ကောင်းကင်ဘုံဧကရာဇ်လို့ခေါ်တယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၊ အန္တိမအရှင်ကြယ်ဖြာထွက်နှင့် အထွတ်အထိပ်မြူနီတို့အားလုံးက တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့က ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်အကြောင်း ကြားထားပြီဖြစ်၏။ သူက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို အံ့ဩတုန်လှုပ်စေခဲ့သည့်ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး မဟာထန်အင်ပါယာ၏တည်ထောင်သူလည်း ဖြစ်၏။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မေး၏ “သူက မင်းကို ဝယ်ခဲ့မှတော့ ဘာလို့ မင်းကို အလွယ်တကူ ပြန်ခွင့်ပေးရတာလဲ”

ကြယ်မျက်ရည်က ပြောသည် “သူက ငါ့ရဲ့စိတ်ဝိညာဉ်ချပ်ပြားကို တကယ်ပဲ ပြန်ပေးခဲ့တယ်၊ အင်မော်တယ်ကံကြမ္မာကို ရယူနိုင်ဖို့အတွက် အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့နန်းတော်ကိုတောင် ငါ့ကို ခေါ်သွားတယ်။ အဆုံးမှာ သူ့ရဲအကူအညီနဲ့အတူ အန္တိမအရှင်အရက်မူးအင်မော်တယ်ရဲ့အမွေအနှစ်ကို ငါက လက်ခံနိုင်ခဲ့ပြီး လျှို့ဝှက်နန်းတော်ကိုလဲ ရရှိခဲ့တယ်”

‘ဘာ”

မယုံကြည်နိုင်သောအကြည့်များက သူတို့သုံးယောက်၏မျက်နှာပေါ်သို့ ဖြတ်သန်းသွားသည်။ သူတို့က အပြင်ကမ္ဘာတွင် မရှိသော်ငြား အရက်မူးအင်မော်တယ်အန္တိမအရှင်၏အမွေအနှစ်အား မည်သူရရှိခဲ့သည်ကို ခန့်မှန်းမှုအချို့ပင် ပြုလုပ်ခဲ့သည်။ ထိုလူက ကြယ်မျက်ရည်ဖြစ်လိမ့်မည်ဟုတော့ သူတို့က ဘယ်တော့မှ မထင်ထားခဲ့ပေ။

အထွတ်အထိပ်မြူနီက အမြန်ဆုံးတုံ့ပြန်လိုက်သည် “မင်းက အန္တိမအဆင့်ကို ဒီလောက်လျင်မြန်စွာ ချိုးဖြတ်နိုင်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ၊ ညီမလေးကြယ်မျက်ရည်။ မင်းက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရရှိခဲ့တာကိုး။ ဒါက ငါတို့မြင့်မြတ်ငှက်ဂိုဏ်းအတွက် ပျော်ဖို့အကောင်းဆုံးသတင်းပဲ”

ကြယ်မျက်ရည်က ခေါင်းခါယမ်းလိုက်သည် “ယောင်းမ၊ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို ရရှိတာက ပျော်စရာတစ်ခုဆိုပေမယ့် ပျော်ဖို့အကောင်းဆုံးသတင်းတော့ မဟုတ်ဘူး။ ပြီးတော့ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့အကူအညီကြောင့်သာ အဲဒီအမွေအနှစ်ကို ငါ ရခဲ့တာ။ သူ့ကြောင့်မဟုတ်လျှင် ငါ့အနေနဲ့ လျှို့ဝှက်နန်းတော်ထဲမှာ အသက်ရှင်ဖို့တောင် ခက်ခဲလိမ့်မယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မေးလိုက်သည် “ငါ နားမလည်ဘူး။ အဲဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ပဲ ရှိတယ်မဟုတ်လား။ ဘာလို့ သူက အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်ကို လက်မခံဘဲ မင်းကို ပေးခဲ့တာလဲ”

ကြယ်မျက်ရည်က ပြောသည် “သူက မလိုအပ်ဘူးလေ။ ပြီးတော့ အရက်မူးအင်မော်တယ်အန္တိမအရှင်နဲ့ ဆက်သွယ်ပြီးနောက် သူက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို မယူစေချင်ခဲ့ဘူးလေ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ဤသည်ကို မယုံကြည်နိုင်ပေ။ “နတ်ဘုရားကမ္ဘာမှာ ရှိနေတဲ့ အရက်မူးအင်မော်တယ်အန္တိမအရှင်နဲ့ တကယ်ပဲ ဆက်သွယ်နိုင်ခဲ့တာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

ကြယ်မျက်ရည်က ပြောသည် “အကို၊ ဘာလို့လဲဆိုတော့ သူက နတ်ဘုရားကပ်ဘေးကို တစ်ခါ ဖြတ်ကျော်ခဲ့ဖူးတယ်”

အတွေးမရေမတွက်များစွာက အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၏စိတ်ထဲ၌ ဖြစ်ပေါ်လာသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဘယ်သူလဲ။ သူက နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခဲ့တယ်ဆိုရင် ဘာလို့ နတ်ဘုရားကမ္ဘာကို မတက်လှမ်းခဲ့တာလဲ”

ကြယ်မျက်ရည်က ဖြည်းဖြည်းချင်း ရှင်းပြသည် “အဲအတွက် အကြောင်းပြချက်တစ်ခုရှိတယ်။ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်တဲ့အချိန်က သူ့ရဲ့အားအနည်းဆုံးပဲလေ၊ အဲအချိန်မှာ သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းနှစ်ယောက်က သူ့ကို ခိုးကြောင်းခိုးဝှက်တိုက်ခိုက်ပြီး နောက်ဆုံးမှာ သူ့ကို သတ်နိုင်ခဲ့တယ်။ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အခြားကမ္ဘာတစ်ခုကို ဝင်သွားတာကြောင့်မဟုတ်ရင် သူ့ရဲ့စိတ်ဝိညာဉ်ရောခန္ဓာကိုယ်ပါ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က သက်ပြင်းချကာ ပြောသည် “နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်တဲ့အချိန်က အန္တိမအရှင်တွေအတွက် အားအနည်းဆုံးအခိုက်အတန့်ဆိုတာ အမှန်ပဲ။ ယုံကြည်ရတဲ့လူတစ်ယောက်က မကာကွယ်ထားဘူးဆိုရင် အခြားသူတွေရဲ့တိုက်ခိုက်မှုကို ခံရဖို့က အတော်လေးလွယ်ကူတယ်”

ကြယ်မျက်ရည်က ခေါင်းညိတ်ကာ ပြောလိုက်သည် “အကိုပြောသလိုပါပဲ”

ကြယ်ဖြာထွက်က ရုတ်တရက် မေး၏ “မင်းက အများကြီးပြောခဲ့ပေမယ့် ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဘယ်သူလဲဆိုတာ ငါတို့ကို မပြောရသေးဘူး။ လွန်ခဲ့တဲ့နှစ်တစ်သိန်းအတွင်း အင်မော်တယ်ကမ္ဘာမှာ ထွက်ပေါ်လာခဲ့တဲ့ အန္တိမအရှင်တွေအားလုံးရဲ့မှတ်တမ်းတွေကို ငါ ဖတ်ဖူးပါတယ်၊ ဒါပေမယ့် ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်ကိုတော့ မသိဘူး။ သူက ရှေးခေတ်က ကျွမ်းကျင်သူတစ်ယောက်လား”

ကြယ်မျက်ရည်က ခေါင်းခါယမ်းကာ ပြောလိုက်၏ “မဟုတ်ပါဘူး”

ထို့နောက် သူမက အထွတ်အထိပ်မြူနီ၏ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူမက စိတ်ဝင်တစားနားထောင်နေသည်ကို မြင်ပြီး ကြယ်မျက်ရည်က ဆက်ပြော၏ “သူက ရှေးခေတ်က ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူး၊ ငါတို့နဲ့ ခေတ်အတူတူပဲ။ သူက ငါ့ရဲ့တူ၊ အကိုနဲ့ယောင်းမတို့ရဲ့သား၊ ဘိုးဘေးရဲ့သွေးမျိုးဆက်ဖြစ်တဲ့ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ပဲ”

All Chapters