← Chapters

သူ့မှာ ဇနီးတွေအများကြီးရှိတယ်

Vol. 100 Ch. 1385

သူ့မှာ ဇနီးတွေအများကြီးရှိတယ်

Vol. 100 Ch. 1385

ကြယ်မျက်ရည်က ပြောဆိုပြီးနောက် အန္တိကြယ်စိတ်ဝိညာဉ်၊ အန္တိမအရှင်ကြယ်ဖြာထွက်နှင့် အထွတ်အထိပ်မြူနီတို့က မိုးကြိုးထိမှန်ခံရသည့်အလား လုံးဝမှင်တက်သွားတော့သည်။ သူတို့က သတိပြန်ဝင်လာရန် အချိန်အနည်းငယ်ပင် ကြာသွား၏။

“ငါ ပြောခဲ့တာတွေက အားလုံးအမှန်ပဲ”သူတို့၏မျက်နှာပေါ်ရှိ မယုံကြည်နိုင်သောအကြည့်များကို မြင်ပြီးနောက် ကြယ်မျက်ရည်က လေးနက်သောအမူအရာဖြင့် ပြောသည်။

အံ့ဩတုန်လှုပ်မှုမှ ပြန်လွတ်မြောက်လာပြီးနောက် အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ကြယ်မျက်ရည်အရှေ့၌ ချက်ချင်း ထွက်ပေါ်လာကာ သူမ၏ပခုံးကို လက်ဖြင့် ဆုပ်ကိုင်လျက် တစ်လုံးချင်းစီ ရေရွတ်လိုက်၏ “တကယ်ပဲ…ရှုအာလား”

ကြယ်မျက်ရည်က ခေါင်းညိတ်ကာ ပြောသည် “ဟုတ်တယ်၊ သူက အသက်ရှင်နေရုံသာမက ကျွမ်းကျင်သူအမြောက်အများနဲ့ အင်မော်တယ်ကမ္ဘာကို ပြန်လာခဲ့တာ”

“သူ မသေဘူး…ငါ့သား…မသေဘူးပဲ”

မျက်ရည်များက အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်၏မျက်လုံးများမှ စီးကျလာတော့သည်။

“အဟင့်…”

အထွတ်အထိပ်မြူနီက ပါးစပ်ကို လက်ဖြင့် အုပ်ထားသည်။ သူမ၏ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေသည်။ သူမဘဝတွင် အရေးကြီးဆုံးလူက သူမ၏ယောင်္ကျားမဟုတ်သလို အခြားဆွေမျိုးသားချင်းများလည်း မဟုတ်ပေ၊ သူမ၏သားသာ ဖြစ်သည်။

သူမ၏သားက အတိဒုက္ခဖြတ်ကျော်ခြင်းကျရှုံးပြီး ခန္ဓာကိုယ်ရောစိတ်ဝိညာဉ်ပါ ပျောက်ရှုံးသွားသည်ကို ကြားလိုက်ရချိန်တွင် သူမက ရူးသွပ်လုနီးပါးဖြစ်ခဲ့ရသည်။ သို့သော် သူမက နာကျင်မှုကို အောင့်အည်းသည်းခံကာ နှစ်ရာအနည်းငယ်ကြာသည့်အထိ တံခါးပိတ်ကျင့်ကြံခဲ့သည်၊ ကပ်ဘေးတစ်ခုက မြင့်မြတ်ငှက်ဂိုဏ်းအား ချဉ်းကပ်လာသောအခါ သူမက ထိုနာကျင်မှုကို စိတ်ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာတွင်သာ မြုပ်နှံထားလိုက်တော့၏။

သို့သော် ယခု သူမ၏သားက အသက်ရှင်နေသေးသည်ကို သိရှိခဲ့သည်။ သူမဘဝတစ်လျှောက် ပျော်ရွှင်စရာအကောင်းဆုံးအရာကို ခံစားနေရတော့သည်။

အလင်းတစ်ခုက အန္တိမအရှင်ကြယ်ဖြာထွက်၏မျက်လုံးများထဲ၌ လက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် မေး၏ “မျက်ရည်၊ သူက အတိဒုက္ခဖြတ်ကျော်တာ မကျရှုံးဘဲ သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းရဲ့ချောင်းမြောင်းတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ပြောခဲ့တယ်မလား။ အဲဒီနှစ်ယောက်က မဟာဧကရာဇ်တန်ချင်းနဲ့အရိပ်နတ်ဆိုးကျိုးယောင်တို့မလား”

ကြယ်မျက်ရည်က ပြန်ဖြေသည် “ဟုတ်ပါတယ်၊ သူတို့ပဲ”

သို့သော် သူမက ရွှယ်ချင်ချန်ကိုတော့ မထုတ်ပြောခဲ့ပေ။

အန္တိမအရှင်ကြယ်ဖြာထွက်က ဖြည်းဖြည်းချင်း ပြောသည် “ငါ အခု နားလည်ပြီ။ ရှုအာက အင်မော်တယ်ကမ္ဘာကို ရောက်လာပြီးနောက် မြင့်မြတ်ငှက်ဂိုဏ်းကို တန်းမပြန်လာဘဲ မဟာထန်အင်ပါယာကို တည်ဆောက်နေရတဲ့အကြောင်းရင်းက လက်စားချေဖို့အတွက်ပဲ”

“ဟုတ်ပါတယ်”ကြယ်မျက်ရည်က ရှင်းပြသည် “ရှုအာက အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာပြီးနောက် သူနှင့်အတူ ခေါ်လာတဲ့ ကျင့်ကြံသူတစ်သိန်းနဲ့အတူ မြူနွေဉီးပင်လယ်ကို သွားခဲ့တယ်။ အဲကို ရောက်ရှိပြီးနောက် အထွတ်အထိပ်အသင်္ချေမှတ်စု၊ ပျဲဝဲပိုက်၊ အင်မော်တယ်လက်ကိုးချောင်းနဲ့ မာယာရှင်ယုတို့က ကောင်းကင်ဘုံတောင်မှာ ဖမ်းဆီးခံထားရတယ်ဆိုတာကို သိခဲ့တယ်။ အဲနေရာမှာ ထောင်ချောက်တစ်ခုလဲ တပ်ဆင်ထားပြီး သူတို့ကို ကယ်ဖို့ လာတဲ့ဘယ်သူမဆို ထောင်ချောက်ထဲကို ကျရောက်ပြီး အဆုံးသတ်သွားရလိမ့်မယ်”

“ရှုအာက အထွတ်အထိပ်အလှ‌လေးကို ခေါ်ခဲ့တယ်၊ ပြီးနောက် အကျဉ်းသားပြိုင်ကွင်းကနေ သူ ဝယ်လာတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ်ယောက်နဲ့အတူ ငါတို့က ကောင်းကင်ဘုံတောင်ကို တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးမှာ ငါတို့က သူတို့လေးယောက်ကို ကယ်နိုင်ခဲ့ပြီး ထာဝရနန်းတော်ရဲ့ အန္တိမအရှင်အသင်္ချေမိုးကြိုးနဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ကို သတ်နိုင်ခဲ့တယ်”

“ရှုအာက အင်မော်တယ်လိုင်ဇီယန်ကို ပြန်သွားတဲ့အချိန်မှာ ငါက လျှို့ဝှက်နန်းတော်ထဲမှာ ကျန်ရစ်ပြီး နှစ်တစ်ရာနီးပါး ကျင့်ကြံခဲ့တယ်။ အပြန်လမ်းမှာ ဆက်သွယ်ရေးတံဆိပ်ကနေတစ်ဆင့် မဟာထန်အင်ပါယာရဲ့လက်ရှိအခြေအနေကို သိခဲ့ရတယ်။ တိုတောင်းလှတဲ့နှစ်တစ်ရာအတွင်းမှာ ရှုအာက မဟာထန်အင်ပါယာကို အင်မော်တယ်ကမ္ဘာရဲ့အခြားထိပ်တန်းဂိုဏ်းတွေနဲ့ ယှဉ်နိုင်တဲ့ အဖွဲ့တစ်ခုအဖြစ်သို့ ပြောင်းလဲထားနိုင်ခဲ့တယ်”

အန္တိမအရှင်ကြယ်ဖြာထွက်က ခေါင်းခါယမ်းလိုက်၏ “မျက်ရည်၊ မင်းရဲ့စကားတွေက နည်းနည်းပိုသွားပြီ။ အဲဒီထိပ်တန်းဂိုဏ်းတွေက တည်ရှိလာတာ နှစ်ထောင်ချီ ရှိပြီ၊ အချို့ဆိုရင် နှစ်သိန်းချီတောင် ရှိတယ်၊ ဒါကြောင့် သူတို့အားလုံးမှာ ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုရှိတယ်။ ရှုအာက မဟာထန်အင်ပါယာကို တည်ထောင်ခဲ့တာ နှစ်တစ်ရာတောင် မပြည့်သေးဘဲနဲ့ ဘယ်လိုလုပ်ပြီး အဲဒီထိပ်တန်းဂိုဏ်းတွေနဲ့ ယှဉ်နိုင်မှာလဲ”

ကြယ်မျက်ရည်က ပြောသည် “ဘိုးဘေး၊ အခုဆိုရင် မဟာထန်အင်ပါယာမှာ အန္တိမအရှင်သုံးယောက်ရှိနေပြီ။ သူတို့က အထွတ်အထိပ်အလှလေး၊ လူအိုကြီးဆိုက်ကာမောနဲ့ အော့ဗလ်ဆီဒီအမ်အင်မော်တယ်ဖခင်တို့ပဲ။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေအတွက်ကတော့ တစ်ရာနီးပါးရှိတယ်၊ ရွှေအင်မော်တယ်တွေရဲ့အရေအတွက်က လေးသောင်းနီးပါးပဲ။ လက်ရှိအင်ပါယာမှာ ကောင်းကင်အင်မော်တယ်နဲ့နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တွေ မရေမတွက်နိုင်လောက်အောင် ရှိတယ်”

“အဲလောက်တောင် များတာလား”

အရေအတွက်က အန္တိမအရှင်ကြယ်ဖြာထွက်ကို ထိတ်လန့်သွားစေပြီး အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ပင် မယုံကြည်နိုင်သောအကြည့်ကို ထုတ်ပြလိုက်၏။

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ရေရွတ်လျက် မေး၏ “ဒါကို သူ ဘယ်လိုအောင်မြင်ခဲ့တာလဲ”

ကြယ်မျက်ရည်က ဖြေသည် “အကို၊ ရှုအာက ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတာ အကိုက အသိဆုံးပါ။ ယခင်ခေတ်တွေမှာရော လက်ရှိခေတ်မှာရော အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ သူ့ထက်သာတဲ့သူတစ်ယောက်မှကို ငါ မကြားဖူးဘူး”

ဤသည်ကို ကြားပြီးနောက် အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ပြုံးကာ အားပါးတရရယ်လိုက်သည် “ဟုတ်တာပေါ့၊ သူက ငါ့ရဲ့သားဖြစ်ဖို့ တကယ်ပဲ ထိုက်တန်တယ်။ သူက အသက်ရှင်နေပြီး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်အထိ ကျင့်ကြံနိုင်တာကတင် အတော်ကောင်းနေပြီ။ အချိန်သာ ပေးရင် သူက အန္တိမအဆင့်ကို ပြန်ရောက်လာမှာ ကျိန်းသေတယ်”

ကြယ်မျက်ရည်က သက်ပြင်းချလိုက်သည် “ရှုအာက အန္တိမအဆင့်ကို ချိုးဖြတ်တဲ့အချိန်ကျရင် ငါတို့ဘက်မှာ ခုနှစ်ယောက်၊ မဟုတ်ဘူး၊ အန္တိမအရှင်ရှစ်ယောက်လောက် ရှိသွားနိုင်တယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က အံ့အားသင့်လျက် မေးသည် “နောက်ထပ်ဘယ်သူရှိလို့လဲ”

ကြယ်မျက်ရည်က ပြောသည် “ကူးယန်အာ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က ပဟေဠိဖြစ်သောအမူအရာတစ်ခုကို ထုတ်ပြလိုက်၏ “ဒီနာမည်က ငါ့အတွက် အတော်လေးရင်းနှီးသလိုပဲ။ အရင်တုန်းက ငါ ကြားဖူးပုံပဲ”

အထွတ်အထိပ်မြူနီက အံ့အားသင့်သောလေသံနှင့် မေးသည် “အဲဒါက ရှုအာရဲ့တပည့်ယန်အာလေးလား”

ကြယ်မျက်ရည်က ပြုံးကာ ခေါင်းညိတ်လိုက်သည် “ဟုတ်ပါတယ်၊ အဲဒါက ယန်အာလေးပဲ။ တကယ်တော့ သူမမှာ အခြားနာမည်တစ်ခုလဲ ရှိတယ်။ အကိုတို့အားလုံးကို အဲဒါကို ကြားဖူးကြမှာပါ”

“ဘာနာမည်လဲ”အထွတ်အထိပ်မြူနီက သိလိုစိတ်နှင့် မေး၏။

ကြယ်မျက်ရည်က ဖြေသည် “အင်မော်တယ်မိစ္ဆာဘုရင်မ”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်ပင် အံ့အားသင့်သွား၏ “အဲဒါ သူမလား”

ကြယ်မျက်ရည်က ခေါင်းညိတ်ကာ ပြောသည် “ရှုအာက တစ်ခုခုဖြစ်ခဲ့တာကို ကြားလိုက်ရတော့ သူမက သူ့ကို နေရာတိုင်းမှာ လိုက်ရှာခဲ့တယ်။ အရင်တုန်းက ငါတို့က ဘေးဒုက္ခတစ်ခုကို ရင်ဆိုင်နေရချိန်မှာ မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီပေးခဲ့တဲ့သူက သူမဆိုတာ သိခဲ့ရတယ်။ ဒါပေမယ့် သူမက ငါတို့ကို မနှုတ်ဆက်ခဲ့ဘဲ ကောင်းကင်ဧကရာဇ်ထျန်းကျီရဲ့နေရာကို ထိုးဖောက်ဝင်ရောက်ပြီး အဲကနေ လျှို့ဝှက်ပညာရပ်တစ်ခုကို ရရှိခဲ့တယ်။ နောက်တော့ သူမက ဟင်းလင်းပြင်မှာ အက်ကြောင်းတစ်ခုကို ဆုတ်ဖြဲပြီး အဲဒီအချိန်နေရာလပ်ပညာရပ်ကို အသုံးပြုပြီး ထန်ရှုရဲ့စိတ်ဝိညာဉ်အမှတ်အသားနောက်ကို လိုက်သွားခဲ့တယ်၊ နောက်ဆုံးတော့ ရှုအာရှိတဲ့ဒိုင်းမင်းရှင်းဆီကို ရောက်သွားခဲ့တယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာည်က သက်ပြင်းတစ်ချက်ချကာ ပြောသည် “ဘယ်လိုတောင် ကောင်းလိုက်တဲ့ကလေးလဲ”

ကြယ်မျက်ရည်က ပြုံးလျက် ဆက်ပြော၏ “ပြီးတော့ အကိုတို့တွေ ယုံကြည်ဖို့ ခက်ခဲတဲ့နောက်ထပ်တစ်ခုရှိသေးတယ်”

အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မေးလိုက်၏ “ဘာများလဲ”

ကြယ်မျက်ရည်က ပြောသည် “တကယ်တော့ ရှုအာက အင်မော်တယ်ကမ္ဘာမှာ ပြန်မွေးဖွားလာချိန်မှာ သူ့ရဲ့စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကပဲ အင်မော်တယ်ကမ္ဘာကို ကူးပြောင်းခဲ့တယ်။ သူ့ရဲ့မူလကမ္ဘာမှာ အသက်အမှတ်အသားတစ်ခု ကျန်ခဲ့သေးတယ်။ အဲကမ္ဘာမှာ သူ့ရဲ့မိဘတွေနဲ့ ဆွေမျိုးတွေရှိတယ်၊ ပြီးတော့ သူ့ရဲ့စိတ်က အရင်ကနဲ့ မတူဘဲ နည်းနည်းပြောင်းလဲသွားပြီ။ အခုဆိုရင် သူ့မှာ မိန်းမတစ်ဒါဇင်ကျော်ရှိပြီး သူတို့တစ်ယောက်ချင်းစီက ပြိုင်ဘက်ကင်းအောင် လှပတဲ့ အမျိုးသမီးတွေပဲ”

“ဘာ”

ယခင်ကတည်းက သူ့သား၏ထူးခြားသောအမူအရာကို သတိထားမိခဲ့သောကြောင့် သူ့တွင် ဆွေမျိုးများရှိသည်နှင့် ပတ်သက်၍ အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က မအံ့ဩပေ။

သို့သော် သူ့သားတွင် မိန်းမအများကြီး ရှိနေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ ဒါက သူ့အတွက် ထူးဆန်းလွန်းပေသည်။ ထို့နောက် သူက တစ်ခုခုကို ရုတ်တရက် သတိရကာ မေးလိုက်၏ “ဒါနဲ့ ရွှယ်ချင်းချန်ကရော။ ရှုအာက ပျောက်ကွယ်သွားပြီးနောက် သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ငါ ကြားတယ်။ အဲဒါက အမှန်ပဲလား”

ကြယ်မျက်ရည်၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။ ခဏလောက် နှုတ်ဆိတ်ပြီးနောက် သူမက ဖြည်းဖြည်းချင်း ပြောသည် “အကို၊ ရှုအာရဲ့မိန်းမအကြောင်း ဘာမှ ထပ်မမေးနဲ့တော့။ ရွေးချယ်စရာမရှိတဲ့အတွက် သူမက သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့ပေမယ့် သူနဲ့ရွှယ်ချင်းချန်ကြား အရာအားလုံးက ပြီးသွားပြီလို့ ရှုအာက ငါ့ကို ပြောခဲ့တယ်။ ဒါကြောင့် ငါတို့မြင့်မြတ်ငှက်ဂိုဏ်းမှာ ရွှယ်ချင်းချန်ဆိုတဲ့အမျိုးသမီးတစ်ယောက် မရှိတော့ဘူး”

“ဟုတ်ပါပြီ…”အန္တိမအရှင်ကြယ်စိတ်ဝိညာဉ်က တစ်ခုခုကို နားလည်ပုံရကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

အင်မော်တယ်ကမ္ဘာ။

မြူနွေဉီးပင်လယ်။

နန်းတော်ထဲတွင် တင်ပျဉ်ခွေထိုင်လျက် အင်မော်တယ်မှတ်တမ်းစာအုပ်တစ်ခုကို လှန်လှောနေစဉ် ထန်ရှု၏အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက အခန်းဝင်ပေါက်သို့ ကြည့်လိုက်ပြီး သူနှင့်မျက်နှာအနည်းငယ်ဆင်တူသည့် ချောမောခန့်ညားသောလူငယ်တစ်ယောက်က ရပ်နေသည်ကို မြင်လိုက်ရသည်။

“အထဲကို ဝင်လာပါ၊ ထန်ရှင်း”

ထန်ရှုက ပြုံးလျက် သူ့အား လက်ဝှေ့ယမ်းပြလိုက်သည်။

ထန်ရှုင်းက ပြုံးလျက် ထန်ရှုအရှေ့သို့ လျှောက်လာပြီးနောက် တင်ပျဉ်ခွေထိုင်ကာ ပြောလိုက်၏ “အကို၊ အကို့ရဲ့အကူအညီတစ်ခုကို ငါ လိုအပ်တယ်”

ထန်ရှုက ပြုံးကာ ပြော၏ “မိုးပြာရောင်နဂါးစစ်တပ်ကနေ ခိုးပြီး ပြန်လာခဲ့မှတော့ မင်းမှာ ငါ့ကို မေးစရာတစ်ခုရှိတယ်ဆိုတာ ငါ သိတယ်။ ငါ့ကို ပြောပါ၊ ငါက ဘာကူညီပေးရမှာလဲ’

ထန်ရှင်းက ပြန်ပြောသည် “အကိုက နီဖက်စ်ချောက်နက်ကို သွားဖို့ စီစဉ်နေတယ်လို့ ငါ ကြားတယ်။ ငါလဲ လိုက်သွားချင်တယ်”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားလျက် သူက ခေါင်းခါယမ်းလိုက်၏ “ဒါကို တောင်းဆိုဖို့ ဒီကို လာတာဆိုရင်တော့ မင်းအတွက် စိတ်မကောင်းပါဘူး။နီဖက်စ်ချောက်နက်က ကြောက်စရာကောင်းတဲ့နေရာတစ်ခုဖြစ်ပြီး အန္တိမအရှင်တွေကတောင် သတိထားရတယ်။ မစဉ်းစားဘဲနဲ့ ရွှေအင်မော်တယ်တွေကတောင် မဝင်ရဲဘူး၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေနဲ့အန္တိမအရှင်တွေကပဲ ဝင်ရဲတဲ့နေရာတစ်ခုပဲ။ မင်းက အခုမှ အင်မော်တယ်အဆင့်ကို ချိုးဖြတ်ခဲ့တာ၊ ဒါကြောင့် မင်းကို ငါနဲ့အတူ မခေါ်သွားနိုင်ဘူး”

ထန်ရှင်းက ပြောသည် “မင်းက ရှိနေမယ်ပဲမလား။ မင်းရှိနေမှတော့ ငါက ဘာအန္တရာယ်တစ်ခုမှ ရင်ဆိုင်ရလိမ့်မှာ မဟုတ်ဘူး”

ထန်ရှုက ခေါင်းခါယမ်းလိုက်၏ “မင်းကို ငါနဲ့အတူ ခေါ်သွားမယ်ဆိုရင် ငါ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုပဲဖြစ်လာလိမ့်မယ်၊ အဲဒါက အန္တရာယ်ကျရောက်ဖို့ အခွင့်အလမ်းကိုလဲ ပိုမြင့်မားစေလိမ့်မယ်။ ညီလေး၊ မင်းက ငါ့ကို နီဖက်စ်ချောက်နက်မှာ ဒုက္ခရောက်နေစေချင်လို့လား”

“ဒါက…

ခဏစဉ်းစားပြီးနောက် ထန်ရှင်းက မကျေမနပ်ဖြစ်လျက် ခေါင်းခါယမ်းလိုက်၏ “မင်းက ငါ့ရဲ့အကိုပဲ၊ ငါက မင်းကို ဒုက္ခမရောက်စေချင်ပါဘူး။ ဒါဆိုလဲ ကောင်းပြီလေ၊ ငါ့ရဲ့ခွန်အားက မလုံလောက်မှတော့ ငါက မင်းကို ဝန်ထိုးဝန်ပိုးဖြစ်အောင် မလုပ်တော့ပါဘူး။ ဒါပေမယ့် အကို၊ ငါက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ပြီးတဲ့အခါကျရင် ငါ့ကို နီဖက်စ်ချောက်နက်ကို ခေါ်သွားဖို့ ကတိပေးရမယ်။ ဒဏ္ဍာရီလာနီဖက်စ်မြို့က ဘယ်လောက်ထိ ဖရိုဖရဲဖြစ်နေသလဲဆိုတာ ငါ မြင်ချင်တယ်”

ထန်ရှုက ခေါင်းညိတ်ကာ ပြောသည် “အဲအချိန်ကျရင် ငါက အန္တိမအဆင့်ကို ချိုးဖြတ်ပြီးဖြစ်လိမ့်မယ်၊ မင်းကို ဘယ်နေရာပဲ ခေါ်သွားသွား ပြဿနာရှိတော့မှာ မဟုတ်ဘူး။ ငါ ကတိပေးပါတယ်”

ထန်ရှုက ပြုံးလျက် ခေါင်းညိတ်လိုက်၏ “ဒါကို ပြောပြီးဆိုမှတော့ နောက်တစ်ခုကို ပြောကြရင် ဘယ်လိုလဲ”

ထန်ရှုက မေး၏ “မင်းက နောက်ထပ်ဘာတွေများ စိုးရိမ်နေတာလဲ”

ထန်ရှင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြောသည် “မကြာသေးခင်က လက်ထပ်ဖို့အတွက် အမေက ငါ့ကို ဖိအားပေးနေတယ်။ ငါက အသက်တစ်ရာတောင် မပြည့်သေးဘူး၊ ဒါပေမယ့် သူမက ငါ့ကို လက်ထပ်ပြီး ကလေးတွေရှိတာကို မြင်ချင်နေတယ်။ မင်းလို မလုပ်ရဘူးလို့ သူမက ငါ့ကိုတောင် ပြောနေတယ်။ အကို၊ စစ်တပ်ထဲမှာ ရှိနေချိန်မှာ ဆက်သွယ်ရေးတံဆိပ်တွေ အကြိမ်ဘယ်လောက်ထိ ငါ ရခဲ့သလဲဆိုတာ မင်း တကယ် မသိဘူးလား”

All Chapters