ဒဏ္ဍာရီတစ်ယောက်၏ခမ်းနားထည်ဝါမှု
Vol. 100 Ch. 1387
“ဒါကို ဘယ်လိုခေါ်လဲ”
သက်လတ်ပိုင်လူအား ခေါင်းမော့ကာ ကြည့်ရင်း ထန်ရှုက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“ငါ မသိဘူး”သူက ပြန်ဖြေ၏။
ထန်ရှုက မျက်မှောင်ကြုတ်လျက် မေး၏ “ဒါကို ဘယ်လိုရခဲ့တာလဲ”
“နတ်ဆိုးဘုရင်ရဲ့စံအိမ်”သက်လတ်ပိုင်းလူက ပြောသည်။
ထန်ရှုက အနည်းငယ်တုန်လှုပ်သွားပြီး သူ့ရှေ့ရှိ သက်လတ်ပိုင်းလူနှင့်ပတ်သက်၍ သူ၏အမြင်က ပြောင်းလဲသွားသည်။ နတ်ဆိုးဘုရင်၏စံအိမ်က နီဖက်စ်တားမြစ်ချောက်နက်၏နဝမအလွှာတွင် တည်ရှိသည့် ကြောက်စရာကောင်းသောဇုန်တစ်ခုဖြစ်သည်။ အန္တိမအရှင်တစ်ယောက်ဆိုလျှင်ပင် ထိုနေရာမှ ဒဏ်ရာအနာတရမရှိဘဲ ထွက်လာဖို့က ဖြစ်နိုင်ခြေနည်းလွန်းသည်။ အန္တိမအရှင်ဖြစ်လာပြီးနောက် သူသည်လည်းပင် နတ်ဆိုးဘုရင်၏စံအိမ်ထဲသို့ ဝင်ကာ နတ်ဆိုးဘုရင်နောင်တမဲ့ချန်ထားခဲ့သောအမွအနှစ်ရတနာကို ရယူရန် ကြိုးစားခဲ့သည်။ သို့သော် လမ်းတစ်ဝက်သို့ ရောက်ပြီးနောက် ဒဏ်ရာအပြင်းအထန်ရပြီး အဆုံးတွင် လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်။
နတ်ဆိုးဘုရင်နောင်တမဲ့က လွန်ခဲ့သောနှစ်တစ်သိန်းကျော်က နတ်ဆိုးကမ္ဘာ၏ကြောက်စရာကောင်းသောကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ထိုခေတ်အခါက နတ်ဆိုးကမ္ဘာ၏အသန်မာဆုံးကျွမ်းကျင်သူပင်ဖြစ်၏။ ထို့ပြင် သူ၏ကျင့်ကြံခြင်းအရှိန်က အလွန်တရာမြန်ဆန်လွန်းလှသည်။ နှစ်ရှစ်ထောင်အတွင်း သူက နတ်ဘုရားအတိဒုက္ခကို ဖြတ်ကျော်ပြီး နတ်ဘုရားကမ္ဘာသို့ တက်လှမ်းသွားခဲ့၏။
ထန်ရှုက သက်လတ်ပိုင်းလူအား လေးစားသောအကြည့်ဖြင့် ကြည့်ကာ မေးလိုက်၏ “မင်းက နတ်ဆိုးဘုရင်ရဲ့စံအိမ်ထဲကို ဝင်ရောက်ခဲ့တာလား။ ငါ ခန့်မှန်းတာ မမှားရင် မင်းက အန္တိမအဆင့်ကိုတောင် မရောက်သေးဘူးမလား”
“ကျုပ်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ပါ၊ ဒါပေမယ့် အထဲကို တစ်ခါ ဝင်ခဲ့တယ်”သက်လတ်ပိုင်းလူက ပြန်ဖြေ၏။
ထန်ရှုက သူ့အား လေးစားသောအမူအရာကို ပြလျက် ပြော၏ “ဒါက အင်မော်တယ်ကံကြမ္မာပဲ။ ဒါဆို နောက်ဆုံးခန့်မှန်းချက်တစ်ခု ကျုပ် ပြောပါရစေ။ ခင်ဗျားက နတ်ဆိုးဘုရင်ရဲ့စံအိမ်ထဲကို နတ်ဆိုးဘုရင်နောင်တမဲ့ရဲ့အမွေအနှစ်အတွက် ဝင်ရောက်ခဲ့တာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့အတွက်မလား”
“ဟုတ်တယ်”သက်လတ်ပိုင်းလူ၏အသံက ခံစားချက်မဲ့နေတုန်းပင်။
ထန်ရှုက ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်သည် “ကောင်းမွန်သောသေခြင်းတစ်ခုထက် ဆိုးဝါးသောအသက်ရှင်ခြင်းက ပိုကောင်းပါတယ်၊ ဘဝမှာ ဖြစ်ပျက်သမျှကို ခံစားနေဖို့ မလိုပါဘူး။ ဒီဓားကျိုးကို ကျုပ် ဝယ်မယ်၊ ဒါပေမယ့် ခင်ဗျားက ကျုပ်ရဲ့မေးခွန်းတစ်ခုကို ဖြေရမယ်။ ခင်ဗျားက နီဖက်စ်တားမြစ်ချောက်နက်ထဲကို ဝင်လာတဲ့ အင်မော်တယ်များစွာနဲ့ တွေ့ခဲ့ပြီး ဓားကို ဝယ်ယူဖို့ သူတို့ကို ဖိအားပေးခဲ့ပေမယ့် တစ်ယောက်မှ မဝယ်ချင်ခဲ့ဘူးလား”
“သူတို့အားလုံးက ဆင်းရဲလွန်းတယ်”သက်လတ်ပိုင်းလူက ပြန်ဖြေသည်။
ထန်ရှုက ရယ်လိုက်သည်။ သလင်းကျောက်သန်းနှစ်ဆယ်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်အတွက် ကြီးမားသောပမာဏတစ်ခုဖြစ်သည်။ အန္တိမအရှင်များကသာ ဒီလိုကြီးမားသောပမာဏတစ်ခုကို ပိုင်ဆိုင်နိုင်သည်။
ထန်ရှုက သလင်းကျောက်အဆီအနှစ်သန်းနှစ်ဆယ်ကို သိုလှောင်လက်စွပ်မှ ချက်ချင်းယူထုတ်ပြီး သက်လတ်ပိုင်းလူထံ ကမ်းပေးကာ ပြုံးလျက် ပြော၏ “ဒီဓားကျိုးကို လုယူဖို့အတွက် ကျုပ်တို့က ခင်ဗျားကို တိုက်ခိုက်မှာကို မကြောက်ဘူးလား။ အဲလိုဆိုရင် ကျုပ်က သလင်းကျောက်အဆီအနှစ်သန်းနှစ်ဆယ်ကို ချွေတာနိုင်တာပေါ့”
“ကြောက်တယ်၊ ဒါပေမယ့် သေခြင်းကလဲ ထာဝရအနားယူခြင်းတစ်ခုပဲလေ”
ထန်ရှုက သူ့အား ပြင်းထန်စွာ ကြည့်ပြီးနောက် ဓားကျိုးကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းကာ ပြုံးလျက် ပြောလိုက်၏ “ကျုပ်မှာ နောက်ဆုံးမေးခွန်းတစ်ခုရှိတယ်။ ခင်ဗျားကို ဘယ်လိုခေါ်သလဲဆိုတာ သိလို့ရမလား”
သက်လတ်ပိုင်းလူက မျက်ခုံးပင့်တင်လိုက်ပြီး ခဏကြာပြီးနောက် ဖြည်းဖြည်းချင်း ပြော၏ “မင်းက ဓားကို ဝယ်ခဲ့မှတော့ မင်းကို ဖြေပေးမယ်။ ငါ့ကို လင်းယုန်ငှက်လို့ခေါ်တယ်”
“လင်းယုန်ငှက်လား။ လင်းယုန်ငှက်ပဲလား”
“ဟုတ်တယ်”
ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းလူက ပြန်လှည့်ပြီး ဒုတိယအလွှာ၏ဝင်ပေါက်သို့ လျှောက်သွားသည်။ ထို့နောက် ချက်ချင်းလျှင်ပင် သူက ဝင်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး ပင်လယ်လမ်းဘုရင်ကို တစ်ချက်ကြည့်ပြီးနောက် မေးလိုက်၏ “ဒီနာမည်ကို ကြားဖူးလား”
ရှုပ်ထွေးသောအမူအရာတစ်ခုက ပင်လယ်လမ်းဘုရင်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ခေါင်းညိတ်လျက် ပြော၏ “ကြားဖူးတယ်။ နာမည်က ကျော်ကြားတဲ့ဂုဏ်သတင်းတစ်ခုလဲ ရှိတယ်။ လွန်ခဲ့တဲ့နှစ်လေးထောင်လောက်က လင်းယုန်ငှက်လို့ခေါ်တဲ့ရွှေအင်မော်တယ်တစ်ယောက်က ထွက်ပေါ်လာပြီး ရှစ်နှစ်အတွင်းမှာ ရွှေအင်မော်တယ်တစ်ဆယ်ကျော်နဲ့ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ရှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။ တစ်နှစ်မှာ ပျမ်းမျှအားဖြင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်သုံးထောင်က အိပ်မက်နိမိတ်အင်မော်တယ်ပိုင်နက်ထဲမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ်ယောက်ကျော်အပါအဝင် နတ်ဆိုးတစ်သောင်းရှစ်ထောင်လောက်ကို သတ်ဖြတ်ခဲ့တယ်။ အဲနောက် သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တစ်ထောင့်ရှစ်ရာလောက်က မိန်းမတစ်ယောက်အတွက် သူက သေမင်းပင်လယ်ထဲကို တစ်ယောက်တည်း ဝင်ရောက်ခဲ့ပြီး မဟာဧကရာဇ်သေမင်းနတ်ဘုရားရဲ့နောက်လိုက်ထောင်ချီကို သတ်ဖြတ်ခဲ့ပြီး သူနဲ့လဲ လအနည်းငယ်ကြာ တိုက်ခိုက်ခဲ့တယ်၊ အဲမှာ ဒဏ်ရာအပြင်းအထန်ရပြီးနောက် သူက ခြေရာလက်ရာတစ်ခုမှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေအားလုံးက ဒဏ္ဍာရီပုံပြင်တွေလိုပဲ၊ လူတစ်ယောက်ကလွဲပြီး ဒီလိုခမ်းနားထည်ဝါတဲ့ဒဏ္ဍာရီရှိတာ သူ့အပြင် အခြားတစ်ယောက်မရှိဘူး”
ထန်ရှု၏အမူအရာက ပြောင်းလဲသွားလျက် သူက မေးလိုက်သည် “အဲဒီအခြားတစ်ယောက်က ဘယ်သူလဲ”
“ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်”ပင်လယ်လမ်းဘုရင်က ပြောသည်။
ထန်ရှုက စိတ်ထဲ၌ ရယ်လိုက်သည်၊ ပင်လယ်လမ်းဘုရင်က သူ့အား ဒီလိုမြင့်မြင့်မားမားမျှော်မှန်းထားလိမ့်မည်ဟု သူက ဘယ်တော့မှ မမျှော်လင့်ထားပေ။ သို့သော် အန္တိမအရှင်တစ်ယောက်ဖြစ်ရန်အတွက် သူက မရေမတွက်နိုင်သောတိုက်ပွဲများသာမက အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် ကျွင်းကျင်သူသန်းချီ၏အလောင်းများပေါ်တွင် ရပ်လျက် အန္တိမအရှင်တစ်ယောက်ဖြစ်လာခဲ့၏။
“လာ၊ ဘာတွေစိတ်ဝင်စားစရာကောင်းတာ ရှိသလားဆိုတာ ကြည့်ဖို့ သူ့နောက်ကို လိုက်သွားကြရအောင်။ ဘာလို့ဒီလောက်များတဲ့သလင်းကျောက်အဆီအနှစ်တွေ သူ လိုအပ်သလဲဆိုတာ ငါ တကယ်ပဲ သိချင်တယ်”
ထို့နောက် သူတို့နှစ်ယောက်က ဝင်ပေါက်ထဲသို့ ဝင်ရောက်ခဲ့သည်။
နီဖက်စ်ချောက်နက်၏ဒုတိယအလွှာက အနက်ရောင်ကျောက်တုံးများပြည့်နှက်နေသည့်တောအုပ်တစ်ခုဖြစ်ပြီး တစ်ခုချင်းစီက အရွယ်အစားအမျိုးမျိုးနှင့် အမြင့်ဆုံးက မီတာထောင်အနည်းငယ်ရှိကာ အနိမ့်ဆုံးက မီတာအနည်းငယ်မျှသာရှိသည်။
ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိဘဲ ထန်ရှုနှင့်ပင်လယ်လမ်းဘုရင်တို့က လင်းယုန်ငှက်နောက်မှ ပေါ်တင်လိုက်သွား၏။
ခရီးအတွင်း လင်းယုန်ငှက်က ပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့သည်။ နီဖက်စ်ချောက်နက်တွင် နေထိုင်သူများက သူ့ပိုင်ဆိုင်မှုများကို လုယူရန်အတွက် သူ့အား တိုက်ခိုက်ခဲ့သည်၊ နတ်ဆိုးကမ္ဘာမှ နတ်ဆိုးများက သူ့အား ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်၊ မွန်းစတားကမ္ဘာမှ ကျွမ်းကျင်သူများပင် သူ့အား တိုက်ခိုက်ခဲ့၏။ သို့သော် သူက တိုက်ခိုက်မှုတိုင်းကို အလွယ်တကူ ဖြေရှင်းခဲ့ပြီး သူ့အား တိုက်ခိုက်လာသည့်ရန်သူအားလုံးက ပျောက်ကွယ်သွားရသည်။
ပြပွဲကောင်းတစ်ခုအား ကြည့်နေသကဲ့သို့ ထန်ရှုနှင့်ပင်လယ်လမ်းဘုရင်တို့က ဘာမှမကူညီခဲ့ပေ။ ဤအချိန်အတောအတွင်း ထန်ရှုက ဓားကျိုးကို ထုတ်ကာ အက်ကွဲကြောင်းများကို ပြန်ကောင်းရန်အတွက် ရှေးဉီးမူလဖရိုဖရဲစွမ်းအားကို ထည့်သွင်းရင်း အထဲရှိ လျှို့ဝှက်ချက်များကို လေ့လာစူးစမ်းနေ၏။
ဓားစိတ်ဝိညာဉ်မရှိဘူးပဲ၊ ဒါတောင်မှ ပြိုင်ဘက်ကင်းတဲ့ထက်ရှမှုကို ပိုင်ဆိုင်ထားတယ်။
ရှေးဉီးမူလဖရိုဖရဲစွမ်းအားက ဘာတားဆီးမှုမှ မခံစားရဘဲ သူက ၎င်းအား အပြည့်အဝကိုင်တွယ်နိုင်သည်။ နတ်ဘုရားဆန္ဒနှင့် ထိန်းချုပ်ရန် ကြိုးစားပြီးနောက် အလေးချိန်မရှိသည့်အပ်တစ်ချောင်းအား ကိုင်နေရသလို ထန်ရှုက ခံစားမိသည်။ ဓားအတွင်းပိုင်းကို နတ်ဘုရားဆန္ဒဖြင့် စစ်ဆေးပြီးနောက် အထဲတွင် အားကောင်းသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် သေးငယ်သောအလင်းစက်တစ်ခုရှိသည်ကိုပင် ရှာတွေ့ခဲ့၏။
“ဒါက ဓားကျိုးတစ်ခုဆိုပေမယ့် အရင်က ငါ ပိုင်ဆိုင်ခဲ့တဲ့ ကောင်းကင်ဘုံကြယ်ဓားထက် အဆင့်တစ်ဆင့်ပိုမြင့်တဲ့အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်လောက်တယ်။ ၎င်းရဲ့ခွန်အားက နတ်ဘုရားလက်နက်အညွှန်းထဲက ထိပ်တန်းနတ်ဘုရားလက်နက်ဆယ်ခုထဲတောင် ဝင်နိုင်တယ်။ ငါက ဒီဓားကို ပြန်ပြုပြင်နိုင်ပြီး နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုမွေးဖွားလာမယ်ဆိုရင် ၎င်းရဲ့အဆင့်က ငါမျှော်မှန်းထားတဲ့အဆင့်ထက်တောင် ကျော်သွားနိုင်တယ်”
“အသုံးအဆောင်ပစ္စည်းတွေ သန့်စင်ရာမှာ ငါက အတော်လေးကျွမ်းပေမယ့် ဒီဓားကျိုးကို လုံးဝပြန်ကောင်းအောင် လုပ်ဖို့ ယုံကြည်ချက်မရှိဘူး။ ၎င်းကို ပြုပြင်ဖို့လိုအပ်တဲ့ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လဲ သဲလွန်စမရှိဘူး၊ ဒါကြောင့် ဒီဓားကျိုးကို ပြန်ကောင်းအောင် လုပ်ဖို့က မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုပဲ”
ထို့နောက် ထန်ရှုနှင့်ပင်လယ်လမ်းဘုရင်တို့က လင်းယုန်ငှက်နောက်မှတစ်ဆင့် တတိယအလွှာ၊ စတုတ္ထအလွှာ၊ ပဉ္မအလွှာနှင့် နောက်ဆုံးတွင် ဆဠမအလွှာသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် လင်းယုန်ငှက်က သတ္တမအလွှာဝင်ပေါက်သို့ မသွားဘဲ ပျောက်ဆုံးနီဖက်စ်တောအုပ်ဆီသို့ ဉီးတည်လိုက်သည်ကို တွေ့ရ၏။
“ပျောက်ဆုံးနီဖက်စ်တောအုပ်ကို ဝင်ရောက်ဖို့အတွက် ဝင်ခက လူတစ်ယောက်လျှင် သလင်းကျောက်ဆယ်တုံးပဲ။ အင်မော်တယ်သလင်းကျောက်၊ နတ်ဆိုးသလင်းကျောက်၊ မွန်းစတားသလင်းကျောက်၊ စိတ်ဝိညာဉ်သလင်းကျောက်၊ အမှောင်သလင်းကျောက်၊ ကြိုက်ရာနဲ့ ပေးချေနိုင်တယ်။ ဝင်ခပေးတဲ့သူတွေကိုပဲ ပျောက်ဆုံးနီဖက်စ်တောအုပ်ထဲကို ဝင်ရောက်ခွင့်ပြုတယ်၊ ဝင်ခမပေးဘဲ ဝင်ရောက်ဖို့ကြိုးစားရဲတဲ့သူတွေက ချွင်းချက်မရှိ အသတ်ခံရမယ်”
ပျောက်ဆုံးနီဖက်စ်တောအုပ်ထဲသို့ ဉီးတည်နေသော လမ်းကြောင်းက တစ်ခုသာရှိသည်။ အန္တိမအဆင့်နတ်ဆိုးတစ်ယောက်၊ အင်မော်တယ်မွန်းစတားတစ်ကောင်၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်၊ စုစုပေါင်းကျင့်ကြံသူခြောက်ယောက်က အတားအဆီးတစ်ခုလုပ်လျက် ဝင်ရောက်လိုသူတိုင်းထံမှ ဝင်ခအား စုဆောင်းနေသည်။
ထန်ရှုက ကြည့်လိုက်သည်၊ လင်းယုန်ငှက်က အင်မော်တယ်သလင်းကျောက်ဆယ်တုံးပေးကာ ဝင်ရောက်သွားသည်။ သူက အင်မော်တယ်သလင်းကျောက်အတုံးနှစ်ဆယ်ကို ချက်ချင်းထုတ်ကာ ထိုကျင့်ကြံသူခြောက်ယောက်ထံ ပေးပြီးနောက် ပင်လယ်လမ်းဘုရင်နှင့်အတူ တောအုပ်ထဲသို့ ဝင်လိုက်၏။
ပျောက်ဆုံးနီဖက်စ်တောအုပ်တွင် မီတာထောင်ချီမြင့်မားသည့် အနက်ရောင်ထင်းရှုးပင်များက ကြုံသလို ပေါက်ရောက်နေကြသည်။ သို့သော် အနက်ရောင်ထင်းရှုးပင်တစ်ပင်ချင်းစီက ချွင်းချက်မရှိ မာကျောလှ၏။ စံအိမ်အမျိုးအစားအသုံးအဆောင်ပစ္စည်းများကို မီတာတစ်သောင်းကြားပိုင်းအတွင်း မြင်တွေ့နိုင်ပြီး ဆိုင်များ ဖွင့်လှစ်ထားသည့် လူအချို့ပင် ရှိသည်။ နီဖက်စ်အင်မော်တယ်ပိုင်နက်အတွက် သူတို့အိမ်မှ ထွက်လာသည့် သက်ရှိအားလုံးက ဤနေရာတွင် လှည့်လည်ကာ သူတို့အား မျက်စိဖမ်းစားသည့်ရတနာတစ်ခုကို ရွေးချယ်ရန်အတွက် ဆိုင်များအားလုံးကို စစ်ဆေးကြည့်ရှုနေကြ၏။
တောအုပ်ထဲသို့ ဝင်လာလေလေ၊ ဆိုင်များ၏အရေအတွက်က ပိုလျော့လာလေဖြစ်ပြီး သူတို့ကြား အကွာအဝေးကလည်း များစွာ တိုးလာသည်။ ထန်ရှုနှင့်ပင်လယ်လမ်းဘုရင်တို့က လင်းယုန်ငှက်နောက်မှ တောအုပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး နှစ်ရက်ကြာပြီးနောက် သူက ဆိုင်တစ်ခုရှေ့၌ ရပ်တန့်သည်ကို မြင်လိုက်ရသည်။
“နတ်ဆိုးအိုကြီးငစဉ်းလဲ”လင်းယုန်ငှက်၏အသံက ပုံမှန်အတိုင်း အေးစက်လျက် ဤနာမည်ကို အော်ခေါ်လိုက်သည်။
နတ်ဆိုးကမ္ဘာမှ အရပ်မြင့်မြင့်၊ တောင့်တင်းသန်မာကာ ရုပ်ဆိုးလှသည့်ကျွမ်းကျင်သူတစ်ယောက်က ဆိုင်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။ သူက မျက်ခုံးပင့်တက်လိုက်ပြီး လင်းယုန်ငှက်ကို မြင်ပြီးနောက် ပြုံးလျက် မေး၏ “သလင်းကျောက်အဆီအနှစ်နှစ်ဆယ်လေးသန်းကို ယူလာခဲ့လား”
လင်းယုန်ငှက်က သိုလှောင်လက်စွပ်တစ်ကွင်းကို သူ့ထံ ပေးကာ ပြောလိုက်၏ “ကျုပ်ကို စိတ်ဝိညာဉ်ပေါင်းစည်းခြင်းနတ်သုဓာကို ပေးပါ”
နတ်ဆိုးကမ္ဘာကျွမ်းကျင်သူက သလင်းကျောက်အဆီအနှစ်အရေအတွက်ကို စစ်ဆေးပြီးနောက် လေးစားစွာဖြင့် ပြော၏ “လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မင်းမှာ သလင်းကျောက်အဆီအနှစ်သုံးသန်းပဲ ရှိတယ်။ ဒီလိုအချိန်တိုလေးအတွင်းမှာ သလင်းကျောက်အဆီအနှစ်နှစ်ဆယ့်လေးသန်းကို စုဆောင်းနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါက စိတ်ဝိညာဉ်ပေါင်းစည်းခြင်းနတ်သုဓာပဲ”
လင်းယုန်ငှက်က လျင်မြန်စွာ လက်ခံကာ စစ်ဆေးပြီးနောက် စိတ်လှုပ်ရှားသောအမူအရာနှင့်အတူ နတ်ဆိုးကမ္ဘာကျွမ်းကျင်သူထံ လက်သီးဆုပ်လျက် ပြော၏ “အပေးအယူပြီးသွားပြီဆိုတော့ လျှို့ဝှက်စိတ်ဝိညာဉ်ပေါင်းစည်းခြင်းပညာရပ်ကို ဘယ်နေရာမှာ ဝယ်လို့ရမလဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား”
နတ်ဆိုးကမ္ဘာကျွမ်းကျင်သူက တောအုပ်၏အနက်ပိုင်းထဲသို့ လက်ညှိုးထိုးပြပြီး ပြုံးကာ ပြော၏ “အဲဒီလမ်းအတိုင်း ကီလိုမီတာငါးထောင် သွားပါ၊ နတ်ဆိုးစိတ်ဝိညာဉ်နန်းတော်လို့ခေါ်တဲ့ဆိုင်တစ်ခုကို တွေ့လိမ့်မယ်။ အဲဒီဆိုင်ပိုင်ရှင်က နတ်ဆိုး၊ မွန်းစတား၊ အင်မော်တယ်နဲ့စိတ်ဝိညာဉ်ပိုင်နက်တွေက အင်မော်တယ်မှတ်တမ်းတွေနဲ့လျှို့ဝှက်ပညာရပ်အမျိုးမျိုးကို ရောင်းချတယ်…အတိုချုပ်ပြောရရင် အဲဆိုင်က လျှို့ဝှက်ပညာရပ်အမျိုးမျိုးကို ရရှိနိုင်တဲ့နေရာတစ်ခုပဲ”
“ကျေးဇူးတင်ပါတယ်”
လင်းယုန်ငှက်က ခေါင်းညိတ်ကာ ပျောက်ဆုံးနီဖက်စ်တောအုပ်၏အနက်ပိုင်းဆီသို့ ပြေးသွားသည်၊ သူက ထန်ရှုနှင့်ပင်လယ်လမ်းဘုရင်တို့အား တစ်ချက်တစ်လေပင် မကြည့်ပေ။ ငါးထောင်ကီလိုမီတာခရီးက သူ့အတွက် အဝေးကြီးမဟုတ်ပေ၊ အသက်ဆယ်ရှိုက်အတွင်း သူက နတ်ဆိုးစိတ်ဝိညာဉ်နန်းတော်အရှေ့သို့ ရောက်ရှိသွား၏။