← Chapters

ထွက်ခွာသွားသော မိတ်ဆွေဟောင်းတစ်ယောက်

Vol. 100 Ch. 1388

ထွက်ခွာသွားသော မိတ်ဆွေဟောင်းတစ်ယောက်

Vol. 100 Ch. 1388

လင်းယုန်ငှက်က အမြဲတမ်း မျက်နှာထားတင်းမာပြီး သူ့ရည်ရွယ်ချက်ကို အောင်မြင်ရန်အတွက် ပြတ်ပြတ်သားသားဆောင်ရွက်ခဲ့သည်။ သို့သော် နတ်ဆိုးစိတ်ဝိညာဉ်နန်းတော်ရှေ့၌ ရပ်နေချိန်တွင် သူ၏အမူအရာမဲ့သောမျက်နှာက ချီတုံချတုံမှုအချို့ရှိကာ အထဲသို့ ခြေတစ်လှမ်းပင် မလှမ်းပေ။ ဤအချိန်တွင် သူက ထန်ရှုနှင့်ပင်လယ်လမ်းဘုရင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မျက်နှာသာပေးတဲ့အနေနဲ့ ငါ့ကို သလင်းကျောက်အဆီအနှစ်ဆယ်သန်းလောက် ချေးပါ” ဆယ်ငါးမိနစ်လောက် နှုတ်ဆိတ်နေပြီးနောက် သူက ထန်ရှုထံ တည်ငြိမ်သောအမူအရာဖြင့် အသံပို့လိုက်၏။

ထန်ရှုက သိုလှောင်လက်စွပ်မှ သလင်းကျောက်အဆီအနှစ်ဆယ်သန်းကို ယူထုတ်ပြီး သိုလှောင်လက်စွပ်အလွတ်တစ်ခုထဲသို့ ထည့်ပြီးနောက် သူ့ထံ ပစ်ပေးလိုက်၏။

လင်းယုန်ငှက်က လက်စွပ်ကို လက်ခံကာ အသံပို့လျက် မေးလိုက်၏ “မင်းရဲ့နာမည်ကို သိလို့ရမလား၊ အရှင်”

“မဟာထန်ကောင်းကင်ဘုံဧကရာဇ်”

“ဒါကို မှတ်ထားပါ့မယ်”သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် လင်းယုန်ငှက်က နတ်ဆိုးစိတ်ဝိညာဉ်နန်းတော်ထဲသို့ ဝင်သွားပြီး အရောင်းကောင်တာဆီသို့ ပြေးသွား၏။ စားပွဲခုံနောက်တွင် ထိုင်နေသော အိပ်ပျော်နေသည့်လူအိုကြီးအား ကြည့်ကာ သူက နက်ရှိုင်းသောအသံနှင့် ပြော၏ “စိတ်ဝိညာဉ်စုစည်းခြင်းလျှို့ဝှက်ပညာရပ်ကို ဝယ်ချင်တယ်”

အိပ်ပျော်နေသောလူအိုကြီးက မျက်လုံးကို ဖွင့်ကာ အကျောဆန့်ပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေသည် “အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်တစ်ခုနဲ့ ဒါကို လဲရမယ်”

လင်းယုန်ငှက်က မျက်မှောင်ကြုတ်လျက် ပြောသည် “အဲဒါကို သလင်းကျောက်အဆီအနှစ်နဲ့ ဝယ်မယ်”

လူအိုကြီးက ခေါင်းခါယမ်းကာ ပြော၏ “စိတ်ဝိညာဉ်စုစည်းပညာရပ်ကို ပိုက်ဆံနဲ့ ဝယ်လို့မရဘူး။ ပစ္စည်းချင်းအလဲအလှယ်လုပ်လို့ပဲ ရမယ်”

“အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ အလဲအလှယ်လုပ်ရမှာလား”

လင်းယုန်ငှက်က ဤနတ်ဆိုးစိတ်ဝိညာဉ်နန်းတော်၏စည်းမျဉ်းများကို မသိပေ၊ သူ့ထံတွင်လည်း အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုမရှိပေ။ လက်ရှိတွင် သူပိုင်ဆိုင်သည့်တစ်ခုတည်းသောအင်မော်တယ်အသုံးအဆောင်ပစ္စည်းက အဆင့်သုံးအင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုသာ ဖြစ်၏။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် လင်းယုန်ငှက်က သူ့နောက်မှ လျှောက်လာသည့် ထန်ရှုထံ လှည့်ကြည့်ကာ ခါးသီးစွာ ပြုံးလျက် အသံပို့လိုက်၏ “ငါ့ကို အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုချေးပါ။ မင်းဆီမှာ ငါ အကြွေးနှစ်ခုတင်သွားပြီပေါ့”

“ငါ့နောက်လိုက်လာ…”

ယခု လင်းယုန်ငှက်၏ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ပြီဖြစ်သောကြောင့် ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်၏။ သူက ပြန်လှည့်လိုက်ပြီး အနီးနားရှိ နေရာလွတ်တစ်ခုသို့ ရောက်ရှိပြီးနောက် နောက်မှ လိုက်လာသည့် လင်းယုန်ငှက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏ “စိတ်ဝိညာဉ်စုစည်းခြင်းနတ်သုဓာကို ဝယ်ပြီး စိတ်ဝိညာဉ်စုစည်းခြင်းပညာရပ်ကို ဝယ်ယူဖို့ ကြိုးစားခဲ့တဲ့အကြောင်းပြချက်က တစ်စုံတစ်ယောက်ရဲ့ဒဏ်ရာရထားတဲ့စိတ်ဝိညာဉ်ကို စုစည်းဖို့ မဟုတ်လား”

“ဟုတ်ပါတယ်”လင်းယုန်ငှက်က ပြန်ဖြေသည်။

ထန်ရှုက ကျောက်စိမ်းစာရွတ်လွတ်တစ်ခုကို ယူထုတ်ကာ ၎င်းပေါ်တွင် စိတ်ဝိညာဉ်စုစည်းခြင်းပညာရပ်ကို ထွင်းထုပေးလိုက်၏။ ထို့နောက် ၎င်းကို လင်းယုန်ငှက်ထံ ပေးကာ ပြောလိုက်၏ “စိတ်ဝိညာဉ်စုစည်းခြင်းပညာရပ်အတွက် အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ အလဲအလှယ်လုပ်ဖို့ မလိုဘူး။ စိတ်ဝိညာဉ်စုစည်းခြင်းနတ်သုဓာအတွက်တော့ မင်းကသာ ငါ့ကို စောစောပြောခဲ့ရင် ငါက မင်းအတွက် သန့်စင်ပေးနိုင်တယ်၊ အခုမင်းပေးခဲ့တာရဲ့ တစ်ရာပုံတစ်ပုံလောက်တောင် ကုန်ကျမှာ မဟုတ်ဘူး”

လင်းယုန်ငှက်က ကျောက်စိမ်းစာရွက်ပေါ်ရှိ စိတ်ဝိညာဉ်စုစည်းခြင်းပညာရပ်ကို လျင်မြန်စွာ ဖတ်ပြီး ကျေးဇူးတင်သောအမူအရာတစ်ခုက သူ့မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။ သူက ထန်ရှုထံ လေးစားသောအကြည့်ဖြင့် ကြည့်လျက် မေး၏ “မင်းက အရမ်းတော်တာပဲလား”

“မင်းထင်ထားတာထက် အများကြီးတော်တယ်”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

လင်းယုန်ငှက်က သက်ပြင်းတစ်ချက်ရှိုက်ကာ နောက်ထပ်မေးလိုက်၏ “မင်းက စိတ်ဝိညာဉ်စုစည်းခြင်းပညာရပ်နဲ့အတူ စိတ်ဝိညာဉ်စုစည်းခြင်းနတ်သုဓာကို အသုံးပြုမယ်ဆိုရင် တစ်စုံတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို အောင်မြင်စွာ စုစည်းဖို့ အခွင့်အရေးဘယ်လောက်ထိ ရှိလဲ”

“တစ်ရာရာခိုင်နှုန်း”ထန်ရှုက တည်ငြိမ်စွာ ပြန်ပြောသည်။

လင်းယုန်ငှက်၏နှလုံးသားက အရူးအမူးခုန်ပေါက်သွားသည်၊ မယုံကြည်နိုင်သောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ လင်းလက်သွား၏။ ဒီလိုကိစ္စတစ်ခု၏အခြေအနေနှင့် ပတ်သက်၍ သူက ကောင်းကောင်းနားလည်သည်။ အန္တိမအရှင်တစ်ယောက်ပင် စိတ်ဝိညာဉ်အား‌ အောင်မြင်စွာ စုစည်းနိုင်ရန် အခွင့်အရေးရှစ်ဆယ်ရာခိုင်နှုန်းသာ ရှိ၏။

သူ၏အမူအရာပြောင်းလဲသွားသည်ကို မြင်ပြီး ထန်ရှုက ခပ်ဖျော့ဖျော့ပြောသည် “အခုထိဆိုရင် အကြိမ်တစ်ရာနီးပါးလောက်ထိ ငါက စိတ်ဝိညာဉ်စုစည်းခဲ့ပြီးပြီ၊ ပထမဆုံးဆယ်ကြိမ်မှာ သုံးကြိမ်ကျရှုံးခဲ့တာကလွဲပြီး ကျန်တာတွေအားလုံးကို အောင်မြင်တယ်”

လင်းယုန်ငှက်က ထန်ရှုအား စိုက်ကြည့်ကာ ပြောသည် “မင်းနောက်လိုက်ရတာ အတော်လေးအန္တရာယ်များမှာပဲ”

“သွေးပင်လယ်တွေကို ဖြတ်ကျော်ပြီး အလောင်းတောင်တွေအပေါ် ခြေချမှပဲ ကျွမ်းကျင်သူတစ်ယောက်က ထက်ရှတဲ့ဓားတစ်လက်ဖြစ်လာနိုင်တယ်”ထန်ရှုက ဆက်ပြော၏ “အဲတော့မှ သူတို့တွေက ရန်သူတွေအားလုံးကို ဖယ်ရှားပြီး အန္တိမအဆင့်နဲ့ နတ်ဘုရားဖြစ်ဖို့ အရည်အချင်းတွေ ရရှိနိုင်မယ်”

လင်းယုန်ငှက်က စိတ်ဝိညာဉ်စုစည်းခြင်းနတ်သုဓာကို ယူထုတ်ကာ ထန်ရှုထံ ပေးလိုက်၏ “ကျုပ်ကို ကူညီပြီး စိတ်ဝိညာဉ်တစ်ခုကို စုစည်းပေးပါ၊ အနာဂတ်မှာ ကျုပ်က ခင်ဗျားအတွက် အချိန်မရွေးအသင့်ဖြစ်နေစေရမယ်”

ထန်ရှုက လက်မခံဘဲ တည်ငြိမ်စွာ ပြန်မေးလိုက်၏ “မင်းက စိတ်ဝိညာဉ်စုစည်းခြင်းနတ်သုဓာနဲ့စိတ်ဝိညာဉ်စုစည်းခြင်းပညာရပ်တစ်ခုကို ရရှိထားပြီပဲ၊ ဘာလို့ မင်းကိုယ်တိုင် မလုပ်တာလဲ။ ငါက လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို စုစည်းပေးဖို့ ကူညီလိုက်မယ်ဆိုရင် ငါ့ရဲ့အရှိန်အဝါက သူတို့အပေါ် သက်ရောက်ပြီး အနာဂတ်မှာ ငါ သေသွားခဲ့ရင် သူတို့လဲ တန်ပြန်ထိခိုက်မှုတစ်ခုဖြစ်လာမယ်ဆိုတာ မင်း သိသင့်တယ်”

‘ဒါပေမယ့် အနာဂတ်မှာ မင်းက နတ်ဘုရားကမ္ဘာကို အောင်မြင်စွာ တက်လှမ်းနိုင်မယ်ဆိုရင် သူမက အနည်းဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဖြစ်လာလိမ့်မယ်”လင်းယုန်ငှက်က ခဏရပ်ပြီးနောက် ဆက်ပြောသည် “ဒါ့အပြင် အောင်မြင်မှုနှုန်းခြောက်ဆယ်ရာခိုင်နှုန်းကို ရောက်ရှိဖို့တောင် ငါ့မှာ ယုံကြည်ချက်မရှိဘူး။ ဒါ့အပြင် သူမကို မင်းရဲ့အရှိန်အဝါက သက်ရောက်ထားတာဖြစ်တဲ့အတွက် သူမနဲ့မင်းရဲ့ကံကြမ္မာချိတ်ဆက်မှုက မင်းအပေါ် ငါ့ရဲ့သစ္စာရှိမှုကို ခိုင်မာစေလိမ့်မယ်”

“ငါ့ကို ပြောပါ၊ သူမက ဘယ်သူလဲ”ထန်ရှုက နက်ရှိုင်းသောအသံနှင့်‌ မေးလိုက်သည်။

“ငါ့ရဲ့ဇနီးနတ်သမီးအီဂနစ်ပါ”လင်းယုန်ငှက်က ပြန်ပြောသည်။

ထန်ရှုက သိုလှောင်လက်စွပ်မှ ဓားရှည်တစ်လက်ကို ဆွဲထုတ်သည်။ ဤနတ်ဘုရားလက်နက်က ရှေးမှော်စုန်းကလန်၏မှော်အသုံးအဆောင်ပစ္စည်းဖြစ်သည်။ အဆင့်အရ ၎င်းက အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုနှင့် ညီမျှ၏။ သူက ၎င်းကို လင်းယုန်ငှက်ထံ ပေးကာ ပြော၏ “အခုချိန်ကစပြီး မင်းက ငါ့ရဲ့ဓားသွားအဖြစ် ဆောင်ရွက်ရလိမ့်မယ်၊ ငါခိုင်းသမျှအရာအားလုံးကို လုပ်ဆောင်ရလိမ့်မယ်။ အဲဒါကို လုပ်ဖို့ ဆန္ဒရှိလား”

လင်းယုန်ငှက်၏နှလုံးသားက ပြင်းထန်စွာ တုန်ယင်သွားပြီး သူက ချက်ချင်း အင်မော်တယ်ကျမ်းကျိန်လိုက်သည်။

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်ပြီး ခပ်ဖျော့ဖျော့ပြော၏ “နီဖက်စ်တားမြစ်ချောက်နက်က စိတ်ဝိညာဉ်တစ်ခုကို စုစည်းဖို့အတွက် နေရာကောင်းတစ်ခုမဟုတ်ဘူး။ ကိစ္စအချို့ကို ငါ ဖြေရှင်းရအုံးမယ်၊ ဒါကြောင့် နီဖက်စ်ချောက်နက်ကနေ ထွက်သွားတော့မှပဲ နတ်သမီးအီဂနစ်ရဲ့စိတ်ဝိညာဉ်ကို စုစည်းပေးမယ်”

“ကောင်းပါပြီ…”

လင်းယုန်ငှက်က သူ့ဇနီးကို မြင်ရန် ဆန္ဒစောနေသော်လည်း စိတ်ဝိညာဉ်တစ်ခုကို စုစည်းခြင်းက ပြီးမြောက်ရန် လွယ်ကူသောအလုပ်တစ်ခုမဟုတ်ပေ၊ နီဖက်စ်ချောက်နက်ကလည်း ထိုသို့ပြုလုပ်ရန် နေရာကောင်းတစ်ခုမဟုတ်ပေ။ လုပ်ငန်းစဉ်အတွင်း သူတို့က ပြဿနာအချို့ တွေ့ခဲ့လျှင် အရာအားလုံးက အလဟဿဖြစ်ပြီး သူ့ဇနီး၏အင်မော်တယ်စိတ်ဝိညာဉ်ကလည်း ပျောက်ကွယ်သွားပေလိမ့်မည်။

အစကနေအဆုံးအထိ ပင်လယ်လမ်းဘုရင်က ထန်ရှုဘေးနား၌ ရှိနေခဲ့သည်၊ ထန်ရှုက နာမည်ကြီးလင်းယုန်ငှက်အား ခေါ်ယူစုဆောင်းနိုင်လိမ့်မည်ဟု သူက မထင်ထားပေ။

ကံကြမ္မာက ကောင်းချီပေးခဲ့တာပဲ။

ထိုစကားလုံးများဖြင့်သာ ရှင်းပြရန် သူက တတ်နိုင်တော့သည်၊ သို့မဟုတ်လျှင် မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပတ်လည်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

“မာစတာ၊ တစ်ယောက်ယောက်က ငါတို့နောက် လိုက်လာနေတယ်”ပင်လယ်လမ်းဘုရင်က သူ၏နှလုံးသားထဲရှိ လေးစားမှုကို ဖိနှိပ်လိုက်ပြီးနောက် ပြော၏။

ထန်ရှုက ခေါင်းညိတ်ကာ ပြောသည် “သူတို့ကို ငါ ရှာတွေ့ပြီးပြီ။ အဖွဲ့နှစ်ဖွဲ့က ငါတို့နောက်လိုက်နေတာ အချိန်အတော်လေးကြာပြီ”

ပင်လယ်လမ်းဘုရင်က မေး၏ “ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ သူတို့ကို ရှင်းလိုက်ရမလား”

ထန်ရှုက ခေါင်းခါယမ်းကာ ခပ်ဖျော့ဖျော့ပြောသည် “အဲလောက်ထိ စိုးရိမ်ဖို့ မလိုဘူး။ ပျောက်ဆုံးနီဖက်စ်တောအုပ်ကို မရောက်တာ အတော်ကြာပြီးဆိုပေမယ့် ဒီနေရာရဲ့စည်းမျဉ်းတွေကိုတော့ ငါ မှတ်မိပါသေးတယ်။ သူတို့ရဲ့မျိုးနွယ်နဲ့ကျင့်ကြံခြင်းက ဘာပဲဖြစ်ဖြစ်၊ ဘယ်သူကိုမှ ဒီနေရာမှာ တိုက်ခိုက်ခွင့်မပြုဘူး၊ မဟုတ်ရင် သူတို့ကို အခြားကျင့်ကြံသူတွေက ဝိုင်းတိုက်ခိုက်ကြလိမ့်မယ်။ ဒီပျောက်ဆုံးနီဖက်စ်တောအုပ်က ဖုံးကွယ်မှုတွေများတဲ့နေရာတစ်ခုပဲ၊ အန္တိမအရှင်တစ်ယောက်က ဒီနေရာမှာ တံခါးပိတ်ကျင့်ကြံနေသလားဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒါကြောင့် ဒီနေရာက ထွက်သွားတော့မှပဲ အဲဒီလူတွေကို ဖြေရှင်းကြတာပေါ့”

“နားလည်ပါပြီ…”ပင်လယ်လမ်းဘုရင်က ခေါင်းညိတ်လိုက်သည်။

လင်းယုန်ငှက်ကလည်း သူ့အမြင်ကို ပြောသည် “ငါတို့နောက်ကိုလိုက်နေတဲ့အဖွဲ့တွေထဲကတစ်ဖွဲ့ရဲ့နောက်ခံသမိုင်းကို ငါ သိတယ်။ သူတို့က အသုရာကျွမ်းကျင်သူလေးယောက်ပါတဲ့အဖွဲ့ပဲ၊ သူတို့တစ်ယောက်ချင်းစီက အင်မော်တယ်ကမ္ဘာရဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်တယ်”

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏ “သူတို့ကြားမှာ အန္တိမအရှင်မရှိသရွေ့ ဘာတစ်ခုကိုမှ ကြောက်စရာမလိုဘူး။ ဒါဆို သွားကြစို့။ အသင်္ချေစိတ်ဝိညာဉ်အင်မော်တယ်ဝိုင်ကို အရသာမခံရတာ အတော်ကြာပြီ။ အန္တိမအရှင်ဝေဒါရာက ဒီနေရာမှာ ရှိနေသေးသလားဆိုတာ ငါ သိချင်တယ်”

“အန္တိမအရှင်ဝေဒါရာက မရှိတော့ဘူး။ လွန်ခဲ့တဲ့နှစ်ခုရာလောက်က သူက ပျောက်ဆုံးနီဖက်စ်တောအုပ်ကနေ ထွက်သွားတယ်၊ ဒါပေမယ့် နီဖက်စ်တောအုပ်ကနေ မထွက်ခွာခင်မှာပဲ အသတ်ခံလိုက်ရတယ်”လင်းယုန်ငှက်က မှတ်ချက်ပေးလိုက်သည်။

ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားပြီး လင်းယုန်ငှက်၏မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်၏ “ဘယ်သူက သူ့ကို သတ်တာလဲ။ ငါ မှတ်မိတာ မှန်ရင် တစ်ချိန်က ပျောက်ဆုံးနီဖက်စ်တောအုပ်ကနေ ခြေတစ်လှမ်းတောင် မထွက်ဖို့ သူက ကျိန်ဆိုချက်တစ်ခုပြုခဲ့တာပဲ”

ထန်ရှု၏အကြည့်ထဲ၌ သတ်ဖြတ်ခြင်းဆန္ဒကို လင်းယုန်ငှက်က အာရုံခံနိုင်သည်၊ ထို့ကြောင့် သူက ရိုသေလေးစားစွာ ပြန်ဖြေ၏ “အန္တိမအရှင်ဝေဒါရာက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့ ပြောကြတယ်၊ ဒါကြောင့် ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်က နတ်ဘုရားအတိဒုက္ခကျရှုံးပြီး ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ပျောက်ကွယ်သွားပြီး အတွင်းတော်ဆေးဂိုဏ်းနဲ့ထာဝရနန်းတော်တို့ကလဲ သူ့ရဲ့ကလန်သားတွေကို တိုက်ခိုက်နေတာကို ကြားသိလိုက်တဲ့အခါမှာ မြင့်မြတ်ငှက်ဂိုဏ်းကို ကာကွယ်ဖို့အတွက် သူ့ရဲ့ကျမ်းကျိန်ချက်ကို ဆန့်ကျင်ဖို့ အန္တိမအရှင်ဝေဒါရာက ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ပျောက်ဆုံးနီဖက်စ်တောအုပ်မှာ နှစ်တစ်သောင်းနေထိုင်ခဲ့စဉ်အတွင်း အသင်္ချေအင်မော်တယ်စိတ်ဝိညာဉ်ဝိုင်ကို ရောင်းချရာကနေ စုဆောင်းရရှိထားတဲ့ သူ့ရဲ့ကြွယ်ဝမှုတွေက နီဖက်စ်တောအုပ်ရဲ့မရေမတွက်နိုင်တဲ့ကျွမ်းကျင်သူတွေကို မျက်စိကျစေခဲ့တယ်။ ဒီလိုဆိုပေမယ့် အန္တိမအရှင်ဝေဒါရာက နီဖက်စ်တောအုပ်ကနေ ဘယ်တော့မှ မထွက်ခွာတဲ့အတွက် သူတို့က ဘာမှမတတ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် …”

“ဘယ်သူက လုပ်ခဲ့တာလဲ”ထန်ရှုက ကြားဖြတ်မေးလိုက်သည်။

“အန္တိမအရှင်ကောင်းကင်ဘုံတစ္ဆေ”လင်းယုန်ငှက်က ပြန်ဖြေသည်။

ထန်ရှု၏ပါးစပ်ထောင့်က အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီးနောက် သူက ရယ်လိုက်လေ၏ “ဘယ်လိုတောင်လဲ၊ နောက်ထပ်အသိအကျွမ်းတစ်ယောက်ပဲ။ ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းသွားပြီ။ တစ်ချိန်က သူ့အသက်ကို ချမ်းသာပေးဖို့ ငါ့ကို တောင်းပန်ခဲ့တဲ့ အမှိုက်တစ်စက ငါ့ရဲ့သူငယ်ချင်းကို တကယ် သတ်ရဲခဲ့တာပဲ။ ဒါ့ကို ဖြေပါ၊ လင်းယုန်ငှက်။ အန္တိမအရှင်ဝေဒါရာက မရှိတော့ဘူးဆိုတော့ လက်ရှိအချိန်မှာ ဘယ်သူက အသင်္ချေစိတ်ဝိညာဉ်အင်မော်တယ်ဝိုင်ကို ရောင်းချနေတာလဲ”

“သူ့သားလေးယောက်”လင်းယုန်ငှက်က ပြန်ဖြေသည်။

ထန်ရှုက ဆက်မပြောတော့ဘဲ သူတို့သုံးယောက်က ခရီးဆက်ခဲ့သည်။ ဤနေရာသို့ မရောက်တာ ကြာပြီဖြစ်သော်လည်း သူက အန္တိမအရှင်ဝေဒါရာ၏ဆိုင်သို့သွားသောလမ်းကြောင်းတစ်ခုလုံးကို မှတ်မိသေး၏။ နေ့တစ်ဝက်ကြာပြီးနောက် အနက်ရောင်နန်းတော်တစ်ခုရှေ့သို့ ရောက်ရှိလာသည်။ “အသင်္ချေစိတ်ဝိညာဉ်နန်းတော်”ဟု ရေးထားသည့် ဆိုင်းဘုတ်ကို ကြည့်ရင်း သူက သက်ပြင်းတစ်ချက်ရှိုက်ကာ အထဲသို့ ဝင်လိုက်၏။

“ကြိုဆိုပါတယ်၊ ဧည့်သည်တော်တို့”အရပ်မြင့်မားကာ တောင့်တင်းသန်မာသည့်လူတစ်ယောက်က နှုတ်ဆက်လာသည်။ သူက ထန်ရှုတို့ငါးယောက်အဖွဲ့အား လေ့လာပြီးနောက် ပြုံးလျက် မေးလိုက်၏ “မင်းတို့က အသင်္ချေစိတ်ဝိညာဉ်ဝိုင်ကို ဝယ်ဖို့ လာကြတာလား။ ဒါဆို ငါက မင်းတို့ကို စိတ်ပျက်စေမိပြီ၊ ဧည့်သည်တော်တို့၊ အသင်္ချေစိတ်ဝိညာဉ်ဝိုင်က ရောင်းကုန်သွားပြီ။ မင်းတို့က ဝယ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် လအနည်းငယ်လောက် စောင့်ရလိမ့်မယ်”

“မင်းက ဘယ်တစ်ယောက်လဲ”ထန်ရှုက နက်ရှိုင်းသောအသံနှင့်‌ မေးမြန်းလိုက်သည်။

“ဘာကိုလဲ”ထိုလူက ခဏမှင်တက်သွားသည်။ ထို့နောက် သူက အံ့အားသင့်သောအမူအရာကို ထုတ်ပြလိုက်၏။

ထန်ရှုက ထပ်မေး၏ “မင်းက အန္တိမအရှင်ဝေဒါရာရဲ့သားတွေထဲက ဘယ်တစ်ယောက်လဲ။ ငါ မှတ်မိတာ မမှားရင် သူ့မှာ သားခြောက်ယောက်ရှိတယ်။ အကြီးဆုံး၊ ဒုတိယအကြီးဆုံးနဲ့ တတိယအကြီးဆုံးတို့ကို ငါ မြင်ဖူးတယ်၊ ဒါပေမယ့် မင်းတော့ မပါဘူး”

တောင့်တင်းသန်မာသောလူက ထန်ရှုကို ခဏစစ်ဆေးပြီးနောက် ပြန်ဖြေသည် “ငါက စတုတ္ထမြောက်သားဖြစ်တဲ့ ဝေဒါရာအမှောင်တောက်ပပါ။ မင်း ဘယ်သူလဲဆိုတာ သိလို့ရမလား၊ အရှင်”

ထန်ရှုက ပြော၏ “ငါက မဟာထန်အင်ပါယာရဲ့မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပဲ။ ဝေဒါရာအမှောင်တောက်ပ၊ လောလောဆယ်တော့ မင်းကို ငါ ဘာမှမပြောနိုင်သေးဘူး။ ဒါပေမယ့် မင်းရဲ့အကိုတွေကို ဆင့်ခေါ်ပြီး ငါ့ကို ချက်ချင်းလာတွေ့ခိုင်းဖို့ မျှော်လင့်တယ်၊ ငါ ပြောမယ့်အကြောင်းအရာက မင်းတို့အားလုံးနဲ့ အကြီးအကျယ်ဆက်စပ်နေတယ်”

All Chapters