← Chapters

မရဏ မူလ အဆင့် ခွန်အား။

Vol. 149 Ch. 2074

မရဏ မူလ အဆင့် ခွန်အား။

Vol. 149 Ch. 2074

“ ဝှစ် ... ။ ”

ဖုန်ရှောက်ယွီ၏ ဓားသည် လင်းယွန် အထက်ရှိ ကြယ်ပွင့်ကြီး ပေါ်သို့ ကျသွားစဉ်၊ ပန်သင်္ချိုင်းက သူ့နောက်ကျောသို့ ပြေးဝင် လာသည်။

ယင်းကို ခံစားမိသော ဖုန်ရှောက်ယွီမှ ချက်ချင်း ရှောင်တိမ်း လိုက်၏။

“ မင်း လွတ်မယ် ထင်လား ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်းကို ဖမ်းကာ ဓားအလင်းဖြင့် ပစ်ခတ်သည်။ အလင်းရောင် တစ်ချက် လက်သွား၏။

ဖုန်ရှောက်ယွီ ခမျာ ဝင်လာသော ပန်းသင်္ချိုင်းဓားအား တားဆီးရန် သူ့ဓားကို မြောက်လိုက် ရသည်။

“ ထန် ... ။ ”

ပန်းသင်္ချိုင်းနှင့် အရိုး နဂါးဓားတို့ ထိတွေ့သွားသော အခါ၊ အားကောင်းသည့် စွမ်းအားများ စီးဝင်လာသည်ကို ခံစား လိုက်ရ၏။

မဟာ နေမင်း ကြယ်ဓားနှင့် နဂါးငွေ့တန်း (၁၈)ခုက ပန်းသင်္ချိုင်း ဓားကို ပို၍ အားကောင်း လာစေသည်။

“ ဝုန်း ... ။ ”

ဖုန်ရှောက်ယွီ၏ သူတော်စင် ရောင်ဝါများ ပြိုပျက်ကာ၊ ရေကန်ပေါ် ပြုတ်ကျ သွားတော့ သည်။

လင်းယွန် သည်လည်း ရေကန်ပေါ် လိုက်ပါခုန်ဆင်း သွားပြီး ဆက်၍ တိုက်ခိုက် လိုက်၏။

ဓားရောင်ခြည် များက ကန်ရေကို တဝုန်းဝုန်း ပေါက်ကွဲ သွားစေသည်။

“ ဝှစ် ... ။ ”

ဖုန်ရှောက်ယွီက ပေါက်ကွဲမှု အတွင်းမှ ရုန်းထွက်ကာ၊ မီတာ တစ်ထောင် အကွာသို့ ဆုတ်ခွာ သွား၏။

ကြယ်ဓား ထွက်ပေါ် လာသည်နှင့် ဖုန်ရှောက်ယွီ တစ်ယောက် ဖိနှိမ် ခံလာရ လေသည်။

သူတော်စင် ရောင်ဝါကိုပင် မထုတ်လွှတ် နိုင်ဘဲ၊ ကျင့်ကြံမှု ခွန်အားနှင့် သွေးသန့်စင်ခြင်း ဓားပညာ အပေါ်သာ အားကိုး နေရသည်။

လှုပ်ရှားမှု များစွာ ဖလှယ်မိစဉ် ၎င်းတို့ ပတ်ဝန်းကျင်၌ ဓားရောင်ခြည်များ ပြည့်နှက် လာ၏။

ဖုန်ရှောက်ယွီမှ ယဲ့ချင်းရှန်၏ သေစေ နိုင်သော အစိတ်အပိုင်းများထံ ပစ်မှတ်ထား ခဲ့သည်။ ကျင့်ကြံမှု အားသာချက်ကြောင့် ထိပ်တိုက် ရင်ဆိုင်ရန် မကြောက်ချေ။

လင်းယွန် မှာမူ၊ ရှောင်တခင် တိုက်ခိုက်မှုများ ထုတ်ဖော်ပြီး ဓားနှလုံးသားဖြင့် ထိန်းနေရ၏။

( ဒါ ... ကူဇီကျန်း ပြောတဲ့ ဓားနှလုံးသားလား။ )

ဖုန်ရှောက်ယွီမှ တဖြည်းဖြည်း စိတ်တို လာသည်။ ကူဇီကျန်း တစ်ယောက် ခက်ခက်ခဲခဲ ရုန်းကန်း ခဲ့ရသည့် အကြောင်းရင်း အပေါ်၊ ယခု သူ နားလည်သွားပြီ ဖြစ်၏။

ဆန့်ကျင်ဘက် အားဖြင့်၊ သူတော်စင် ရောင်ဝါ များပင် ကုန်ဆုံးလိုက် လာနေသည်။

( ဒီအတိုင်း ဆက်သွား နေလို့ မရဘူး။ )

ဖုန်ရှောက်ယွီမှ အရိုး နဂါးဓားကို သိမ်းပြီး ပြိုင်ဘက် ဓားရောင်ဝါမှ လွတ်အောင် ဆုတ်ခွာ လိုက်သည်။

လင်းယွန်က နဂါးငွေ့တန်း (၁၈)ခုအား ဆင့်ခေါ်လျက် သူတော်စင် ရောင်ဝါ များကို ဖိနှိမ်ကာ၊

“ မင်း ... မလွတ်ဘူး။ ”

-ဟု ပြောကြား လိုက်သည်။

မဟာ နေမင်း အနှစ်သာရ ကြယ်ဓား ပွင့်လာပြီးနောက် ကြီးမားသော ရေဝဲများ ဖြစ်ပေါ် လာ၏။

ကျယ်လောင်သော မြည်သံများ နှင့်အတူ ရေဝဲကြီး လည်ကာ အားကောင်းသော စုပ်ယူမှု စွမ်းအားများ ထွက်လာတော့သည်။

ဓားရောင်ဝါ အတွင်းမှ လွတ်မြောက်ချင် သော်လည်း စုပ်ယူမှု စွမ်းအားက သူ့အား ပြန်၍ ဆွဲငင် သွားသဖြင့် ဖုန်ရှောက်ယွီမှ စိတ်ပျက် သွားသည်။

လင်းယွန်က နိဗ္ဗာန် ရောင်ဝါကို ဓားထဲ သွန်းလောင်း လိုက်ရာ၊ ပြိုးပြက်နေသော ဓား ရောင်ခြည်များ ဖြာထွက် လာ၏။

ယင်းစွမ်းအားက ဖုန်ရှောက်ယွီ တစ်ဝိုက်ရှိ သူတော်စင် ရောင်ဝါကို ဖောက်ထွင်း ဝင်ရောက် နိုင်ပြီး သတိ မပြုသော် အပေါက်များ ဖြစ်လာ နိုင်သည်။

ထို့ကြောင့် ဖုန်ရှောက်ယီ ထံမှ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ကွဲ လာခဲ့၏။ တစ်ဖက် လူသည် ခြိမ်းခြောက် နိုင်စွမ်း ရှိလွန်းချေပြီ။

အရိုးနဂါးဓား အတွင်းမှ ဘုန်းဝိညာဉ် နှစ်ပါးကို အသက်သွင်းပြီး အားကောင်းသော ဓားရောင်ခြည်အား ထုတ်လွှတ်မိ၏။

အနားသို့ ချဉ်းကပ် လာသည့် ဖုန်ရှောက်ယွီထံ လင်းယွန်မှ စောင့်ကြည့် နေခဲ့သည်။

“ ထွက် သွား ... ။ ”

ဖုန်ရှောက်ယွီ အနောက်၌ မျက်လုံးအတွင်း ခရမ်းရောင် မီးလျှံများ တောက်လောင် နေသော နဂါးကြီး ပေါ်လာ၏။

၎င်းသည် အရိုး နဂါးဓား အတွင်းမှ နဂါး ဝိညာဉ် ဖြစ်သည်။ သူ ထွက်ပေါ် လာသည်နှင့် ဖိအားများ ပေးဆောင် လာ၏။

လင်းယွန်က ၎င်းအား ရင်ဆိုင်ရန် ခရမ်းရောင် နန်းတော် အတွင်းရှိ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအာ ဖြန့်ကျက် လိုက်ရသည်။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကြောင့် လင်းယွန်၏ နိဗ္ဗာန် ရောင်ဝါများ ပြောင်းလဲလာ လေသည်။

“ ထန် ... ထန် ... ။ ”

ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံသော အခါတွင် မြေပြင်အက်ကွဲ သွားသဖြင့်၊ လင်းယွန် နှင့် ဖုန်ရှောက်ယွီမှ ပြန်လည် ဆုတ်ခွာ လိုက်ရ၏။

“ ရွှပ် ... ။ ”

ပန်းသင်္ချိုင်း အတွင်းရှိ ဘုန်းဝိညာဉ်တော် နှစ်ပါးကို အသက်သွင်းပြီး ဖုန်ရှောက်ယွီထံ လွှဲခုတ်ချ လိုက်သည်။

နောက်ဆုံးတွင် တိုက်ပွဲအပေါ် အသာစီး ရကာ၊ ဖုန်ရှောက်ယွွီအား အဝေးသို့ လွှတ်ထုတ် နိုင်ခဲ့၏။

ဤအခွင့်အရေးကို အရယူကာ ဓားရောင်ဝါ ကန့်သတ်မှု အတွင်းမှ လွတ်မြောက် သွားသည်။ ရေဝဲ ပြိုကျ သွားပြီး၊ နှစ်ဦးသား တစ်ဦးကို တစ်ဦး ပြန်ကြည့် လိုက်မိ၏။

“ ဘယ်လိုလုပ် ဒီလောက်တောင် သန်မာ နေရ တာလဲ။ ”

ဖုန်ရှောက်ယွီ နှလုံးသားမှာ လေးလံ သွားသည်။ ယဲ့ချင်းရှန်အား မည်ကဲ့သို့ ရှုံးနိမ့်ခဲ့ သည်ကို နားမလည် နိုင်တော့ချေ။

သို့သော် လင်းယွန်မှ သူ့အား ဆက်၍ တွေးတောနေရန် အချိန် မပေးခဲ့ဘဲ၊ ထပ်မံ တိုက်ခိုက် လာသည်။

“ ဝှစ် ... ။ ”

သွက်လက်သော အသွင်အပြင်ဖြင့် ပိုးစုန်းကြူး နတ်ဓား ကိုးကွက် တိတိ ထုတ်ဖော် လိုက်ခြင်း ဖြစ်၏။

ပထမ ဓားသုံးကွက်အား ဖြိုခွဲရန်၊ သူတော်စင် ရောင်ဝါ အသုံးပြုပြီး၊ ဒုတိယ သုံးကွက် အပေါ် ခေါင်းချင်းဆိုင် ဖြေရှင်း လိုက်သည်။

နောက်ဆုံး သုံးကွက် အတွက်မူ၊ အတတ်နိုင်ဆုံး ကြိုးစားခဲ့ သော်လည်း၊ မျက်နှာ ပေါ်၌ ဒဏ်ရာ တစ်ခု ရရှိခဲ့၏။

“ ဖုန်ရှောက်ယွီ ဒဏ်ရာ ရသွားပြီ ... ။ ”

“ ဒါ ကြယ်ဓားရဲ့ စွမ်းအားပဲ၊ အမည်ခံ သူတော်စင် ရောင်ဝါ ကိုတောင် ဖိနှိပ် နိုင်တယ်၊ ကြောက်စရာ ကောင်းလိုက်တာ။ ”

လူအုပ်ကြီးမှ ထိတ်လန့် သွားသည်။ ဖုန်ရှန့်လင်က တိုက်ပွဲကို ကြည့်ကာ ကြောက်ရွံ့ နေ၏။

“ မဟာ နေမင်း ကြယ်ဓား … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ကျောက်ဝူကျိမှ အံသြသွားသည်။ ကူဇီကျန်းသည် ငြိမ်သက်နေပုံ ရသော်လည်း စိတ်ထဲမှ အလွန် တုန်လှုပ်နေ၏။

တစ်ဖက် လူသည် ကြယ်ဓားကို အလယ် အလတ် ကျွမ်းကျင်မှု ရရှိနေသည်အား မှန်းဆမိ သော်လည်း၊ ယခု ကဲ့သို့ မြင်ရချိန်၌ ထိတ်လန့် နေဆဲ ဖြစ်သည်။

“ ယဲ့ချင်းရှန် ... မင်းငါ့ကို စိန်ခေါ်ရဲတာ အံ့သြစရာ မရှိတော့ပါဘူး။ ”

“ ခွန်အား ရှိသမျှ သုံးပါ၊ မဟုတ်ရင် မင်းရှုံးသွား လိမ့်မယ်။ ”

လင်းယွန်မှ ပြန်၍ တုန့်ပြန် လိုက်သည်။

“ ဒေါသအိုးကို ယူချင်လို့လား၊ အိပ်မက် မက်နေလိုက် ဒီပွဲကို အဆုံးသတ် လိုက်ရအောင်၊ မင်းနဲ့ ကစားဖို့ ငါစိတ်မ၀င်စား တော့ဘူး။ ”

အော်ငေါက် သံနှင့် အတူ ဖုန်ရှောက်ယွီ ထံမှ တန်ခိုးကြီးသော သူတော်စင် ရောင်ဝါများ ထွက်လာ၏။

ကြောက်မက်ဖွယ် ကောင်းသော ပမာဏ အရောက်တွင် အရိုးနဂါးဓားက အသံဗလံများ ပေးလာတော့သည်။

မိုးပြာ သူတော်စင် ရောင်ဝါ မှသည် နက်ပြာရောင် သူတော်စင် ရောင်ဝါ အဖြစ် ပြောင်းလဲလျက်၊ ကြယ်ဓားအား လုံးလုံး လျားလျား နှိမ်နင်း ပစ်၏။

ထိုဖိအားသည် သူ့ မျက်နှာမူရာ အရပ်တွင် ထိုင်နေသော ပရိသတ် များကို သွေးအန်လျက် ပျံသန်း သွားစေသည်။

“ မရဏ မူလ အဆင့် ... ။ ”

တုန်လှုပ်စွာဖြင့် ခေါင်းခါယမ်း လိုက်ကြသည်။

“ မယုံနိုင် စရာပဲ၊ အမည်ခံ သူတော်စင် နယ်ပယ်ရဲ့ ပိတ်ဆို့မှုကို ... ဒီလို လွယ်လွယ်နဲ့ ဖြတ်ကျော်နိုင် တာလား။ ”

“ ပြီးသွားပြီ ... ၊ ယဲ့ချင်းရှန်က အရည်အချင်း ရှိပေမယ့်၊ မရဏ အဆင့်ကို ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရှိဘူး။ ”

“ ဖုန်ရှောက်ယွီက ... ၊ မရဏ မူလ အမည်ခံ သူတော်စင် အဆင့်ကို ခုမှ ရောက်ထား ပေမယ့်၊ တာအိုကို ဆုပ်ကိုင် ထားနိုင်ပုံ ရတယ်။ ”

ဖုန်ရှောက်ယွီ ဒဏ်ရာ ရသွားသည်ကို မြင်ပြီးနောက် ယဲ့ချင်းရှန် အနိုင်ရမည်ဟု လူတိုင်း ထင်ခဲ့သည်။

သို့သော် ဖုန်ရှောက်ယွီမှ မရဏ မူလ ကျင့်ကြံမှုကို ထုတ်ဖော်ကာ ထိုသူများ၏ အမြင် အပေါ် ပြောင်းပေးလာ၏။

ယခင်က ဆိုသော် ဤမြင်ကွင်းကြောင့် ဓားမဟာမိတ် အဖွဲ့ဝင်များ ပျော်ရွှင်ကြ မည်မှာ သေချာသည်။

ယခုမူ အကြောင်း တစ်ခုခုကြောင့် တရားမျှတမှု မရှိသော တိုက်ပွဲအဖြစ် ရှုမြင်ကာ အဆင်မပြေ ဖြစ်လာတော့၏။

ဒေါသအိုး မငှားချင်သဖြင့် နိဗ္ဗာန် အဆင့်မှ ကျင့်ကြံသူအား၊ မရဏ မူလ အဆင့်မှ အမည်ခံ သူတော်စင်ကို အသုံးပြုနေသည်မှာ လွန်လွန်း ချေ၏။

“ ဒီတိုက်ပွဲကို ... ယဲ့ချင်းရှန်က ဘယ်လိုလုပ် အနိုင် ယူနိုင်တော့မှာလဲ။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ စိတ်ပျက်စွာ ခေါင်းယမ်းသည်။ ဓားစံအိမ်မှာ အရမ်း လွန်ချေ၏။

“ သွေးသန့်စင်ခြင်း ရောင်ခြည်တော်။ ”

ဖုန်ရှောက်ယွီမှ ဓားကို လွှဲလိုက်ပြီး ဓားသွားရာ လမ်းကြောင်းရှိ နဂါးငွေ့တန်းများ အားလုံးကို ဖြိုခွင်းပစ် တော့သည်။

“ ဟိတ် ... ။ ”

လင်းယွန် ခမျာ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကောင်းကင်ပေါ် ခုန်တက်လိုက် ရ၏။

သို့သော် သူ့ နဂါးငွေ့တန်းများ ပြိုကျ ကုန်ကာ၊ မဟာ နေမင်း ကြယ်၏ အလင်းများ မှုန်ဝါးသွားသည်။

“ ယဲ့ချင်းရှန် ... အရှုံးကို ဝန်ခံပါ ... ၊ မဟုတ်လို့ ငါ့ခွန်အားကို အပြည့်သုံးတဲ့ အခါ၊ မင်း သေလိမ့်မယ်။ ”

“ ဒါဆို လာပါ ... ။ ”

***

All Chapters