← Chapters

မောက်မာခြင်း ။

Vol. 149 Ch. 2075

မောက်မာခြင်း ။

Vol. 149 Ch. 2075

“ ဒါဆို မင်းဘာလို့ မလာသေးတာလဲ။ ”

လင်းယွန်က အေးစက်စွာ စိန်ခေါ် လိုက်သည်။ လူတိုင်း မျက်လုံးပြူး ကုန်၏။ မရဏ မူလအဆင့် အမည်ခံ သူတော်စင်သည် မည်မျှ အားကောင်းမှန်း မသိ၍ ပင်လော။

ဖုန်ရှောက်ယွီ ပြောသလိုပင် လက်နက်ချပါက အသက်ရှင် နိုင်သေးသည်။ မဟုတ်သော် သေခြင်း သည်သာ တစ်ခု တည်းသော ရလဒ် ဖြစ်နိုင်၏။

“ သူ ရူးနေပြီ ... ။ ”

အကြောင်းပြချက် တစ်ခုခုကြောင့် ယဲ့ဇီလင်မှာ ဒေါသ ထွက်လာသည်။ ဓားဂိုဏ်းမှ အခြားလူများ ကလည်း သူမ ကဲ့သို့ စိုးရိမ်စိတ် ဝင်လာ၏။

အထူးသဖြင့် ကေျာက်ယန်မှာ လက်သီး ဆုပ်လျက် တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာသည်။

ဤသည်မှာ တစ်ချိန်က ဓားခန်းမ၏ ဓားညီလာခံတွင် သူ သဘောကျ ခဲ့ရသော လူငယ် တစ်ယောက် ဖြစ်၏။

“ မင်း သေချင် နေမှတော့ ... မင်းဆန္ဒကို ငါဖြည့်ဆည်း ပေးမယ် ... ။ ”

ဖုန်ရှောက်ယွီက လူသတ် လိုသော ရည်ရွယ်ချက်ဖြင့် အော်ငေါက် လိုက်သည်။

ကောင်းကင်မှ ထူးထူး ဆန်းဆန်း ကြက်သွေးရောင် မျက်လုံးကြီး ပေါ်လာကာ၊ ဓားရောင်ခြည်များ ထုတ်လွှတ် လာ၏။

“ ရွှပ် ... ။ ”

“ ဝှစ် ... ။ ”

လင်းယွန်က တစ်ပါတ် လှည့်ကာ ထိုကြက်သွေးရောင် ဓားရောင်ခြည်ကို ရှောင် လိုက်လေသည်။ သို့သော် ဓားရောင်ခြည်မှ လိုက်ပါ လာ၏။

လူတိုင်းက ထိတ်လန့်တကြား အော်ဟစ်လျက် ပါးစပ်ကို အုပ်ထား လိုက်ကြပြီး အသက်ရှူ ရပ်ကုန်သည်။

ဦးနှောက်မှ တွေးတော နိုင်စွမ်းများ ဆုံးရှုံးသွား၏။ ထိုသို့ တုန်လှုပ် ခြောက်ခြား နေကြစဉ်၊ လင်းယွန်က ကောင်းကင်ပေါ် ပျံတက် သွားသည်။

ကြယ်ဓား ရည်ရွယ်ချက်ဖြင့် စစ်မြေပြင်ကို ဖြတ်၍ ပြေးလွှားနေသော စစ်မြင်း တစ်ကောင် ကဲ့သို့ ပန်းသင်္ချိုင်းမှ အသံမြည် လာ၏။

“ တိုက် ... ။ ”

ဤအခိုက်တွင် လင်းယွန်က လေထု အလယ်ရပ်လျက်၊ ပန်းသင်္ချိုင်းအား လှမ်းအော် လိုက်သည်။ လောကကို အုပ်စိုးရန် ကြံရွယ်နေ သကဲ့သို့ ဓားက လှုပ်ရှား လာ၏။

ဦးခေါင်း အထက်၌ နောက်ထပ် ကြယ်အသစ် တစ်စင်း ထွက်ပေါ် လာသည်။ ကွဲအက်နေသော နဂါးငွေ့တန်းများ ပြန်လည် ပေါင်းစည်းကာ (၃၆)လွှာ ဖြစ်တည်လာ၏။

နဂါးငွေ့တန်း (၃၆)လွှာ ခြုံလျက် ရပ်နေသော လင်းယွန် ဆံပင်များက လေပြေ နှင့်အတူ တဖျပ်ဖျပ် လွင့်လာသည်။

“ ဓားနှစ်လက် ဝိညာဉ် ... ကြယ်ဓား နှစ်ဖော်။ ”

“ ယဲ့ချင်းရှန်မှာ ကြယ်ဓား နှစ်လက် ရှိတာလား ... မယုံနိုင်စရာပဲ ... သေစမ်း သူ့လို လူက ... ဘယ်လိုလုပ် ကောင်းကင် တာအို ဂိုဏ်းမှာ ပေါ်လာ ရတာလဲ။ ”

ရုတ်ရုတ်သဲသဲ ဖြစ်ကုန် ကြသည်။ စံအိမ်သခင် ဖုန်ဝူကျိပင် ထရပ်မိ မတတ် တုန်ယင် သွား၏။

နေမင်းနှင့် လမင်းသည် ထာဝရ ထွန်းလင်းသည့် ကြယ်ကြီးများ အလား ကောင်းကင်၌ ပေါ်နေ၏။

ဖုန်ရှောက်ယွီမှ အံ့အားသင့်သွား သော်လည်း၊ တံဆိပ် နှစ်ခုကို အသက်သွင်းရန် မမေ့ချေ။ ပြီး လင်းယွန်ထံ ပစ်ချလိုက်၏။

မယုံနိုင်ဖွယ် စွမ်းအားများ ပါရှိသော မရဏ မူလ အဆင့် သူတော်စင် ရောင်ဝါများ ဖြစ်လေ သည်။

ယင်းက နဂါးငွေ့တန်းကို ထိမှန်သွားသော အခါ၊ သူ မျော်လင့်ထား သကဲ့သို့ ပြိုကျခြင်း မရှိတော့ချေ။

“ ဝှစ် ... ။ ”

လှိုင်းလုံးကြီး တစ်ခု သည်သာ ရေကန် တစ်လျှောက် ပျံ့နှံ့ သွားသည်။ ထိုစဉ် ဓားကို သူ့ရင်ဘတ်ထံ ချိန်ရွယ်လျက်၊ လင်းယွန် ဝင်ရောက် လာ၏။

“ ထန် ... ။ ”

အရိုးနဂါးဓားကို ပင့်လွှဲကာ ဟန့်တား လိုက်သည်။ မီးပွားများ ပွင့်လျက် နောက်ထပ် တိုက်ပွဲ ဖြစ်ပွား လာတော့၏။

ကောင်းကင်ရှိ ကြက်သွေးရောင် မျက်ဝန်းကြီးက အရိုးနဂါးဓားနှင့် ချက်ခြင်း ပေါင်းစပ်ကာ စွမ်းအား ဖြည့်ပေးသည်။

နှစ်ဖက် ထိပ်တိုက် တွေ့ဆုံ ချိန်တိုင်း၊ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ရေကန် မျက်နှာပြင် ကွဲအက်သွား၏။

ဤတစ်ကြိမ် ထိပ်တိုက် တွေ့ဆုံမှု အတွင်း လက်ရည်ညီ နေခဲ့သည်။ အဝေးမှ ကြည့်သော် ဖုန်ရှောက်ယွီသည် သူတော်စင် ရောင်ဝါများ ခြုံလျက် အရိုးနဂါးဓားကို ကိုင်ဆောင်၏။

တစ်ဖက်တွင် မရဏ မူလ သူတော်စင် ရောင်ဝါကို နေ-လ ရောင်ဝါဖြင့် ပိတ်ဆို့နေသည့် လင်းယွန်အား ယောင်ဝါးဝါး မြင်နေ ရသည်။

များမကြာခင် လင်းယွန် တစ်ယောက် တိုက်ပွဲအပေါ် တဖြည်းဖြည်း အသာစီး ရလာ တော့၏။ ထို့ကြောင့် ဖုန်ရှောက်ယွီ ခမျာ တိုက်ပွဲဝင် ပုံစံကို ချက်ချင်း ပြောင်းလဲ လိုက်ရသည်။

“ သွေးသန့်စင်ခြင်း ... ။ ”

လျှပ်စီးများ သူ့လက်ဖဝါ၌ လင်းလက် လာကာ၊ သူတော်စင် တာအို အဖြစ် ထင်ရှား လာ၏။

“ ဂျိန်း ... ။ ”

ဤသည်မှာ လျှပ်စီး သူတော်စင် တာအို ဖြစ်၏။ လက်သီးကို ဆုပ်လျက် ယဲ့ချင်းရှန်ထံ ထိုးချပစ် လိုက်သည်။

လက်သီး အတွင်း ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားကို လင်းယွန်မှ ချက်ချင်း ခံစားမိသည်။

အရိယာ ဓားသုတ္တန်ကို အပြည့်အ၀ ဖြန့်ကျက် လိုက်ရာ စွမ်းအင်များ တဟုန်ထိုး စီးဆင်း လာ၏။

“ ဝုန်း ... ။ ”

သည့်နောက် လက်သီးချင်း ထိပ်တိုက် တွေ့ပေး လိုက်၏။ ရလာဒ် အနေဖြင့် လင်းယွန် တစ်ယောက် ခြေလှမ်း အနည်းငယ် ဆုတ်ခွာပေး လိုက်ရသည်။

သွေးကြောများ ပေါက်ပြဲ ကုန်လေရာ၊ လက်ကိုခါလျက် ယိုစီးကျ လာသော သေွးအား ခါထုတ် နေမိ၏။

တစ်ဖက်တွင် သူတော်စင် ရောင်ဝါကို တိုက်စားရန် အဆက်မပြတ် ကြိုးစားနေသော ငရဲစွမ်းအင် များထံ ဖုန်ရှောက်ယွီမှ တစ်ချက် ကြည့်သည်။

ဤတိုက်စားမှု ငရဲစွမ်းအင် အောက်တွင်၊ သူ၏ လျှပ်စီး သူတော်စင် တာအိုပင် ယို့ယွင်း လိုက်လာ၏။

“ လရောင် အလင်း ပြန်ခြင်း။ ”

လင်းယွန်က ပိုးစုန်းကြူး နတ်ဓားကို ထုတ်ဖော် လိုက်၏။ ရာနှင့်ချီသော မှန်ချပ်များ ထောင်ထား သကဲ့သို့၊ သူ့ ပုံရိပ်ပေါင်း များစွာ ထွက်ပေါ် လာသည်။

ထိုပုံရိပ်လှိုင်း များကြောင့် အာကာပြင် တွန့်ခေါက်သွား၏။ ကြယ်ဓား၏ စွမ်းပကား အောက်တွင် သူ့တိုက်ပွဲဝင် စွမ်းအားမှာ၊ ဆယ်ဆတိုးလာသည်။

“ သန့်စင်ခြင်း စတင်မည်။ ”

ဖုန်ရှောက်ယွီ ကလည်း အရိုးနဂါးဓားကို လွှဲကာ ပန်းသင်္ချိုင်းနှင့် ထိပ်တိုက်တွေ့ ပေးလာ ခဲ့၏။

“ ထန် ... ထန် ... ။ ”

လင်းယွန်၏ စွမ်းအားသည် ဆယ်ဆ ပိုမို အားကောင်း သော်လည်း အရိုးနဂါးဓားကြောင့် ပန်းသင်္ချိုင်း လွတ်ကျ သွားသည်။

“ သေလိုက်တော့ ... ။ ”

ထိုအခွင့်အရေးကို အမိအရ ယူကာ၊ အရိုးနဂါးဓားအား လက်နက်မဲ့ ဖြစ်နေသော လင်းယွန်ထံ ထိုးချပစ် လိုက်၏။

“ ဝှစ် ... ။ ”

ရာနှင့်ချီသော ဓားရိပ်များ အဖြစ် လင်းယွန်ထံ ဝင်ရောက် သွားသည်။ ထိုအချိန်၌ ပန်းသင်္ချိုင်းသည် အဝေးမှ နေ၍ လျင်မြန်သော အဟုန်ဖြင့် သူ့နောက်ကျောထံ ပျံသန်းလာ၏။

“ အသက်ကို ကြိုးတန်းပေါ် တင်ပြီး ... မင်းတိုက်ပွဲ ဝင်ချင် နေတာလား ... ၊ ယဲ့ချင်းရှန် မင်း ... အိပ်မက်မက် နေတာပဲ။ ”

ဖုန်ရှောက်ယွီက ပန်းသင်္ချိုင်းအား လျစ်လျူရှုကာ အရိုးနဂါးဓားကို လင်းယွန်ထံ ဆက်၍ ထိုးသွင်း လိုက်၏။ သို့တိုင် သူ့ကိုယ်သူ အရံအကာအကွယ် အဖြစ် မရဏ သူတော်စင် ရောင်ဝါကို ထုတ်ဖော်ထားသည်။

သူတော်စင် တာအို သုံးပါး ကိုလည်း ပန်းသင်္ချိုင်း လမ်းအား ပိတ်ဆို့ရန် သူ့နောက်၌ တံဆိပ် အဖြစ် ထင်ရှားစေခဲ့၏။

ထိုအချိန်တွင် အရိုးနဂါးဓားမှာ နိဗ္ဗာန် ရောင်ဝါ အကာအကွယ် အလွှာကို ဖြတ်လျက် လင်းယွန် ရင်ဘတ်ထဲ ထိုးဝင်သွားသည်။

“ ထန် ... ။ ”

ရုတ်တရက် အပြာရောင် အလင်းတန်း တစ်ခု လင်းယွန် ရင်ဘတ်မှ ထွန်းလင်းလာပြီး သူ့အား ပြန်လည် တွန်းထုတ်တော့၏။

“ ..... ။ ”

ထိုတွန်းအားသည် အရိုးနဂါး ဓားကို သူ့လက်မှ လွင့်ပျံ သွားစေသည်။ တစ်ချိန်တည်း မှာပင် နဂါးဟောက်သံများ ပဲ့တင်ထပ် လာကာ သူ့စိတ်ဝိညာဉ် တစ်ခုလုံး တုန်လှုပ်သွား၏။

ထိုနဂါး ဟောက်သံသည် ကျယ်လောင် လွန်းသဖြင့်၊ သူ့ရှေ့ လေဟာနယ်မှာ တွန့်ခေါက် မှုန်ဝါးကုန်သည်။

ယင်းသည် နဂါးပြာအရိုး ဖြစ်၏။ ဖုန်ရှောက်ယွီ ဓားသည် ၎င်းအပေါ် ထိုးမိလေရာ ဒေါသတကြီး အော်ဟစ်လာခြင်း ဖြစ်သည်။

“ နတ်နဂါး အရိုး ... ။ ”

ဖုန်ရှောက်ယွီမှ စိတ်အား ထက်သန်စွာ ပြန်ကြည့်သည်။ ထို့နောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသော လင်းယွန်အား ပြုံးပြလိုက်၏။

“ ကောင်းကင် တာအို ဂိုဏ်းက မင်းကို နတ်နဂါး အရိုးတစ်ခု ပေးရ လောက်အောင် ရက်ရော ခဲ့တာလား၊ စိတ်မကောင်း ပါဘူး မင်းကိုသတ်ပြီး ငါယူလိုက်မယ်။ ”

ထိုအချိန်တွင် ပန်းသင်္ချိုင်းမှာ သူ့ အကာအကွယ် အလွှာများကို မဖောက်နိုင်ဘဲ ဒေါသတကြီး ရုန်းကန် နေသည်။

လင်းယွန်က စကား မပြောအားချေ။ အရိယာ ဓားသုတ္တန်ကို ကန့်သတ်ချက် အထိ ဖြန့်ဝေ လိုက်ရာ၊ ခြေဖဝါးအောက်၌ ငရဲပန်း သုံးထောင် ပေါ်လာ၏။

“ ဟိတ် ... ။ ”

ပန်းတစ်ပွင့်စီတွင် ပွင့်ချပ်ပေါင်း သုံးရာ ရှိသည်။ သူတို့ နှစ်ယောက် ထိပ်တိုက် တွေ့ခါနီး အချိန်တွင်၊ ကောင်းကင်ပေါ် ပျံတက်ကာ ရှောင်တိမ်း လိုက်သည်။

“ မင်း လွတ်မယ် ထင်လား။ ”

ဖုန်ရှောက်ယွီက ပြုံးပြီး သူ့ဓားကို ပြန်ခေါ်ကာ နောက်မှ လိုက်လာ၏။ ပန်းသင်္ချိုင်း သည်လည်း သူ၏ သူတော်စင် တာအို သုံးပါး တံဆိပ်ကို ထိုးဖောက်ရန် လိုက်ပါနေသည်။

မြင်ကွင်း အရ၊ ယဲ့ချင်းရှန်သည် လက်ဗလာဖြင့် ရှေ့မှပြေးကာ၊ ဖုန်ရှောက်ယွီက အရိုးနဂါးဓားနှင့် လိုက်ခုတ် နေ၏။

သူ့နောက်၌ ပန်းသင်္ချိုင်းမှ လင်းယွန်အား ကယ်တင်ရန် ဒေါသတကြီး လိုက်ပါလာသည်။ သို့သော် သူတော်စင် တာအိုက သူ့အား ဟန့်တားထားသည်။

လူနှစ်ယောက်နှင့် ဓားတစ်လက်မှ လိုက်တမ်းပြေးတမ်း ကစားသည့် မြင်ကွင်းမျိုး ပေပင်။

“ ရွှပ် ... ။ ”

အကွာအဝေး တစ်ခုသို့ ပျံသန်းသွား ပြီးနောက်၊ လင်းယွန်က ရပ်ကာ ပြန်လှည့်ပြီး ဓားအလင်းဖြင့် ပစ်ခတ်လာ၏။

သူ့ဦးခေါင်း အထက်တွင် ကြီးမားသော ငရဲပန်းတစ်ပွင့် ပေါ်လာပြီး အရာ အားလုံးကို ဝါးမျိုချင်သော တွင်းနက်ကြီး ကဲ့သို့ လည်ပတ်လာ၏။

“ ဝုန်း ... ။ ”

ဥက္ကာပျံ တစ်စင်း ထိမှန်သည့်အလား ဖုန်ရှောက်ယွီ တစ်ယောက် လွင့်စင်ကာ ခွန်ပန် ရုပ်တုနှင့် တိုက်မိသွားသည်။

“ ..... ။ ”

ခွန်ပန် ရုပ်တုကြီး ပေါက်ကွဲလျက် ဖုန်ရှောက်ယွီ ခမျာ အဝေးသို့ ထပ်မံ လွင့်စဉ် သွား၏။ ရေကန် တစ်ခုလုံး လှိုင်းများ ပျံ့ကား လာတော့သည်။

ဤသည်မှာ နတ်ဘုရား ပုံရိပ်ယောင် ဓားဖြစ်ချေ၏။ အဟုန်မှာ မြန်ဆန်လွန်း ချေပြီ။ လူတိုင်း အမြင်၌ ယဲ့ချင်းရှန် နောက်တွင် ပန်း ပွင့်လာပြီး၊ ဖုန်ရှောက်ယွီ လွင့်စဉ်သွားသည်။

“ ထွီ ... ။ ”

သွေးတစ်လုတ်ကို ထွေးထုတ်လျက် အံသြသော အကြည့်ဖြင့် ဖုန်ရှောက်ယွီမှ ခေါင်းမော့ လာသည်။

“ မကောင်း တော့ဘူး ... ။ ”

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ဓားအလင်းမှာ ထပ်မံ ဝင်ရောက်လာ သဖြင့်၊ ချက်ချင်းပင် ထိတ်လန့်တကြား ထပြေး မိတော့ သည်။

အသက်ပင် ဝဝ မရှု အားချေ။ သူ့နောက်ရှိ ချွမ်ချီကျား ရုပ်တု ပေါက်ကွဲကာ သွေးတစ်လုတ် ထပ်မံ ထွေးထုတ် လိုက်ရ၏။ စွမ်းအင် အကြွင်း အကျံလှိုင်း ဖြင့်ပင် သွေးအန် ရချေပြီ။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

“ ..... ။ ”

ငရဲပန်းက လည်လျက် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင် များကို စုပ်ယူကာ လင်းယွန်ထံ အဆက်မပြတ် ထောက်ပံ့ ပေးသည်။

ထို့ကြောင့် တခဏ အတွင်း မှာပင် ရေကန်ထဲရှိ ဖျက်ဆီးခြင်း သားရဲ (၈)ကောင်လုံး ပေါက်ကွဲ ပျက်စီး ကုန်တော့၏။

“ သေစမ်း ... ယဲ့ချင်းရှန် ... ”

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

“ ... မင်းငါ့ကို ထိပ်တိုက် ရင်ဆိုင်ရဲလား။ ”

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ဝင်လာသော တိုက်ခိုက်မှု များကို ရှောင်ရှားလျက်မှ စွမ်းအင် ရိုက်ခတ်မှုကြောင့်၊ ဖုန်ရှောက်ယွီ၏ ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာ ရရှိကုန်သည်။

ကြယ်ဓားနှင့် ငရဲစွမ်းအင် ပေါင်းစပ်ခြင်းသည် အတွင်း အင်္ဂါများ အပေါ်၊ သက်ရောက်မှု ရှိလာ၏။

ကြယ်ဓားသည် သူတော်စင် ရောင်ဝါကို ခွဲကာ ငရဲစွမ်းအင်မှ မြင်မြင်ရာအား တိုက်စား လေသည်။

အရေးအကြီးဆုံးမှာ ထိုငရဲစွမ်းအင်ကို သူတော်စင် ရောင်ဝါဖြင့် ဖယ်ရှား၍ မရခြင်း ဖြစ်သည်။

“ ဒါဆို မင်းဘာလို့ ရှောင်နေတာလဲ။ ”

လင်းယွန်မှ ပြန်အော်သည်။

ဖုန်ရှောက်ယွီ မျက်နှာ လေးနက် သွားတော့၏။ သူ အဘယ်ကြောင့် ရှောင်တိမ်း နေရသနည်း။ တစ်ဖက်လူ ပြောသကဲ့သို့ ရင်ဆိုင်သင့်သည် မဟုတ်လော။

“ ဘာလဲ ... မင်း ကြောက်နေပြီလား ... ၊ ကနဦး သူတော်စင် တာအိုကို ဆုပ်ကိုင်ထားရင် တောင်မှ ... ငါ့ရဲ ငရဲစွမ်းအင်ကို မင်း ချက်ချင်း ဖယ်ထုတ်နိုင်မှာ မဟုတ်ဘူး။ ”

“ အဲဒီတော့ ဘာဖြစ်လဲ ... ဒီလောက် တိုက်ခိုက်မှုတွေ အများကြီး လုပ်ထားရတာ မင်းမှာ နိဗ္ဗာန်ရောင်ဝါ ... ရှိပါ ဦးမလား ငါသိချင်တယ်။ ”

ဖုန်ရှောက်ယွီက ပြုံးလျက် ထိုအချက်ကို သတိရသွား၏။ လင်းယွန်၏ တိုက်ခိုက်မှုများ ကြောက်စရာ ကောင်း သကဲ့သို့၊ စွမ်းအင် ကုန်ကျမှု သည်လည်း များပြား နိုင်မည်။

“ မင်း စိတ်ပျက်သွားမှာ ကြောက်မိတယ်။ ”

သို့သော် လင်းယွန် မှာမူ ထိုအတွက် စိုးရိမ်ခြင်း မရှိဘဲ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက် လိုက်သည်။

နဂါးငွေ့တန်း (၃၆)လွှာက ယခင်ထက် ပို၍တောက်ပလာ၏။ ယင်းကြောင့် လင်းယွန်၏ ဆံပင်များ လေထဲ တဖျပ်ဖျပ် ခတ်သွားသည်။

“ ဒါ ... ။ ”

ထိုမြင်ကွင်းသည် ဖုန်ရှောက်ယွီကို ထိတ်လန့် သွားစေ၏။ တစ်ဖက်လူ၌ နိဗ္ဗာန် ရောင်ဝါများ လေျာ့နည်း လာသည်မှာ အမှန်ပေပင်။

သို့သော် မျက်စိတမှိတ် အတွင်း ပြန်၍ ဖြည့်တင်း နိုင်သည်မှာ အဓိပ္ပါယ် မရှိကြောင်း ပြောနိုင်၏။

“ ဖုန်ရှောင်ယွီ ... လက်လျော့ လိုက်ပါ၊ ငါမင်းကို မသတ်ချင်ဘူး ... ၊ ဒီပွဲသာ အသက်နဲ့ သေခြင်း ဆိုရင်၊ မင်းဘဝကို ငါယူပြီးပြီ။ ”

လင်းယွန် ပြောသည့် စကားသည် စံအိမ်သခင် ဖုန်ဝူကျိအား မျက်နှာ ပျက်ယွင်း သွားစေ၏။

ဤသည်မှာ ဓားစံအိမ်ကို အရှက်ခွဲခြင်း မည်သည်။ ကျောက်ယန်၊ ယဲ့ဇီလင်နှင့် တခြား လူများမှာ စိုးရိမ်စိတ်ကြောင့်၊ အသက် အောင့်ထား မိ၏။

စံအိမ်သခင် ဖုန်ဝူကျိ သည်သာ သည်းခံနိုင်စွမ်း ဆုံးရှုံးသွားပါက ကောင်းနိုင်မည် မဟုတ်ချေ။

ယဲ့ချင်းရှန်သည် တစ်ချိန်လုံး ရိုင်းစိုင်း မောက်မာနေ သောကြောင့်၊ ကျန်းယွင်ရှင်းနှင့် ကူဇီကျန်းက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ သက်ပြင်းချ လိုက်မိသည်။

***

All Chapters