အဓိပတိ နဂါး တံဆိပ်။
Vol. 149 Ch. 2076
ဖုန်ရှောက်ယွီသည် ကျင့်ကြံမှုကို မရဏ မူလအဆင့်သို့ တိုးမြှင့်ပြီး သော်မှ လင်းယွန်၏ စော်ကားခြင်း ခံနေရသည်။
“ ဒီပွဲသာ အသက်နဲ့ သေခြင်း တိုက်ပွဲဆိုရင်၊ မင်းအသက်ကို ငါယူပြီးတာ ကြာပြီ။ ”
ထိုစကားသံသည် လူတိုင်း နားစည်သို့ ပြတ်ထင်စွာ ရိုက်ခတ်လာသည်။ မောက်မာမှုကို တရွေးသားမှ မလျော့ချေ။
“ အရမ်း မောက်မာတယ်။ ”
ဖုန်ရှောက်ယွီက အံကြိတ်လျက် ပြန်ပြောသည်။ ယဲ့ချင်းရှန် ပြောသည်ကို သူ မယုံချေ။
ကြယ်ဓား နှစ်လက် ရှိလျှင်ပင်၊ မရဏ မူလအဆင့် အမည်ခံ သူတော်စင်ကို ရင်ဆိုင်ရန် နုငယ် သေးသည်။
တစ်ဖက်တွင် လင်းယွန်မှာ အမှန်အတိုင်း ပြောခြင်း ဖြစ်သည်။ သူ့တွင် တစ်ဖက် လူအား အနိုင်ယူရန် နည်းလမ်းများစွာ ရှိ၏။
အရိုးရှင်းဆုံး နည်းလမ်းမှာ မိုးပြာ နဂါး နေလထီးကို အသုံးပြုခြင်း ဖြစ်သည်။ လက်နက် တစ်ခု ဖြစ်သဖြင့်၊ အသုံးပြုသူပေါ် မူတည်ကာ အကျိုးသက်ရောက်မှု ဖြစ်၏။
အခြားဝှက်ဖဲမှာ ကနဦးဓား ဖြစ်သည်။ ဤဓားပညာကို ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖုန်ရှောက်ယွီသည် မရဏ အဆင့်သို့ ဝင်ရောက်စ ဖြစ်သဖြင့်၊ သူတော်စင် တာအိုမှာ အားနည်း ပေသည်။
ထို့ကြောင့် အလင်း မူလကို မမြင်နိုင်၊ ပိတ်ဆို့နိုင်မည် မဟုတ်သည့် အပြင်၊ အသက်ရှင် ကျန်ရစ်ရန်ပင် မဖြစ်နိုင်ချေ။
“ ငါပြောတာကို မင်း မယုံဘူးလား ... ကောင်းပြီ စမ်းကြည့်ရအောင် ... ။ ”
ပန်းသင်္ချိုင်းကို လေထဲ လွှဲလျက် နဂါးငွေ့တန်း (၃၆)ခုကို ဖုန်ရှောက်ယွီထံ ကျဆင်းစေ လိုက်သည်။
“ သွား ... ။ ”
တစ်ဖက်တွင် ဖုန်ရှောက်ယွီက ခရမ်းရောင် အခိုးအငွေ့များ သိုင်းခြုံလျက် သူ့ကိုယ်သူ လုံအောင် ထုပ်ပိုး လိုက်သည်။
“ ဝှစ် ... ။ ”
ပြီးနောက် ရောင်ဝါကို စုစည်းပြီး အရိုးနဂါးဓားအား ဖမ်းကိုင်ကာ ဝင်လာသော တိုက်ခိုက်မှုအား ဖြိုခွင်းပစ် လိုက်သည်။
တိုက်ပွဲ ကြာရှည်ခြင်းသည် အလှည့် အပြောင်း များကို ဖြစ်ပေါ်စေ၏။ ထို့ကြောင့် အမြန် အဆုံးသတ်ရန် ဆုံးဖြတ်မိသည်။
“ သွေးသန့်စင်ခြင်း လက်သည်း။ ”
ရုတ်ချည်း လင်းယွန် ရှေ့သို့ ရောက်ရှိ သွားပြီးနောက် သူ့ဓားကို ခုတ်ချ လိုက်သည်။
အရိုး နဂါးဓားမှ ကြက်သွေးရောင် လက်သည်း တစ်ဖက် ပြေးထွက် လာတော့၏။ လင်းယွန်က ထိုလက်သည်းကို ပိတ်ဆို့ရန် သူ့ဓားအား မြှောက်လိုက်သည်။
“ ထန် ... ထန် ... ။ ”
“ ခရစ် ... ။ ”
ကြယ်နှစ်လုံး လည်ပတ်သွားကာ၊ နဂါးငွေ့တန်းများနှင့် ပေါင်းစပ် ရောယှက်လျက် လက်သည်း ရိပ်ကြီးကို ဖြိုခွဲပစ် လိုက်၏။
ထိုအချိန်တွင် ဖုန်ရှောက်ယွီ လက်ထဲရှိ အရိုးနဂါးဓားမှ ဆူးချွန်များ အသက် ဝင်ကာ၊ ပန်းသင်္ချိုင်းကို ရစ်ပတ်လေသည်။
ပန်းသင်္ချိုင်း တစ်လျှောက် အရိုးများက နွယ်ပင်များလို တွယ်တက် လာပြီး၊ လင်းယွန် လက်ကို ကိုက်ရန် ပြင်သဖြင့်၊ လွှတ်ချ လိုက်ရသည်။
“ ဟား ဟား ဟား ... ၊ ဒီဓားကြောင့် မင်းငါ့ကို ခုချိန်ထိ ရင်ဆိုင်နိုင်တာ ... ငါ သတိ ထားမိတယ်၊ အခု မင်းမှာ ဓားမရှိ တော့လို့ ဘာဆက်လုပ် မလဲ ... ငါကြည့်မယ်။ ”
ဖုန်ရှောက်ယွီက အရိုးနဂါးဓားကို ပန်သင်္ချိုင်းအား ဖမ်းချုပ်စေလျက် တစ္ဆေဝိညာဉ် လက်သီး နည်းစနစ်ကို ထုတ်ဖော်ရန် ကောင်းကင်ပေါ် ခုန်တက်သည်။
“ မင်းငါ့ကို ... လက်နက်မဲ့ တိုက်ချင်တာလား၊ မင်းအတွက် ကံဆိုးသွားမှာ ငါ ကြောက်တယ်။ ”
ထိုမြင်ကွင်းကြောင့် လင်းယွန်က ကြယ်ဓား နှစ်လက်ကို ခန္ဓာကိုယ်ထဲ ပြန်ခေါ်ကာ၊ အလွှာ နှစ်ထပ် ဖန်တီး လိုက်သည်။
“ ဟိတ် ... ။ ”
တစ်ချိန်တည်း မှာပင် ကောင်းကင်မှ ကျဆင်းလာသော လက်သီးကို တစ်ပါတ်ဂျွမ်း ပစ် ရှောင်တိမ်းလျက်၊ ဖုန်ရှောက်ယွီ ပုခုံးကို လှမ်းထိုးလိုက်၏။
ဖုန်ရှောက်ယွီ၏ သူတော်စင် ရောင်ဝါ အလွှာများ တုန်ယင်လျက် ခြေလှမ်း များစွာ ပြန်လည် ဆုတ်ခွာ သွားသည်။
လင်းယွန်၏ သာမာန် လက်သီး တစ်ချက်သည်၊ ဖုန်ရှောက်ယွီ၏ သူတော်စင် ရောင်ဝါ အကာအကွယ် အလွှာကို ဖြိုခွဲလု နီးပါး ပေပင်။
တစ်ဖက်လူသည် သူ့ထက် ပိုမြန် နေသောကြောင့် ဖုန်ရှောက်ယွီမှ ဒေါသထွက် လာ၏။
ယင်းသည် အကွာအဝေးကို ချုံ့နိုင်သော တည်နေရာ ရွေ့ပြောင်းခြင်း နည်းစနစ် တစ်ရပ် ဖြစ်သည်။
ဆိုလို သည်မှာ လက်နက်မဲ့ တိုက်ပွဲတွင် ယဲ့ချင်းရှန် တစ်ယောက် အားနည်းချက် မရှိချေ။ အသာစီးပင် ရယူထား နိုင်သည်။
ပြိုင်ဘက်သည် ဘက်စုံ ထူးချွန်သော တိုက်ခိုက်ရေး သမား ဖြစ်နေ၏။ မဖြစ်နိုင်ချေ။ သူသည် ကိုယ်လုံး ကိုယ်ပေါက်ကို တစ်နှစ်ကြာ သန့်စင်ထားသည်။
ထို့ကြောင့် ရုပ်ခွန်ကို အားပြုကာ တိုက်ခိုက်ရန် ကြံရွယ်မိ၏။ ထိုအချိန်တွင် လင်းယွန်က သူ့အနား ရောက်လာသည်။
“ ဘုန်း ... ။ ”
သို့သော် သူ၏ သူတော်စင် ရောင်ဝါကို ဖြတ်ကျော် နိုင်ခြင်း မရှိချေ။ မရဏ မူလ အဆင့် အမည်ခံ သူတော်စင် ရောင်ဝါသည် မိုးပြာ မူလ အဆင့် ရောင်ဝါထက် အဆပေါင်း များစွာ အားကောင်းချေ၏။
“ ဘုန်း ... ။ ”
ယင်းကြောင့် လင်းယွန်မှာ လက်သီးများ နာကျင်လာခဲ့သည်။
“ ဟား ဟား ဟား... ၊ မင်း အခု ကြောက်နေမယ် ဆိုတာ ငါသိတယ်၊ ငါဒီမှာ ရပ်ပြီး ဘာမှ မလုပ်ပဲ နေရင်တောင် ... မင်း ငါ့ရောင်ဝါကို ဖြတ်ကျော်လို့ မရပါဘူး။ ”
ဖုန်ရှောက်ယွီ၏ လှောင်ပြုံးကြောင့် လင်းယွန်မှ အသက်ပြင်းပြင်း ရှူကာ လက်သီး (၈၀)ခန့် ဆက်တိုက် ထုတ်ဖော် လိုက်၏။
“ ဘုန်း ... ။ ”
“ ဟား ဟား ဟား ..... ။ ”
“ ဘုန်း ... ။ ”
“ ဟား ဟား ဟား ... ။ ”
သူ့ တိုက်ခိုက်မှု တိုင်းတွင် ခွန်အားကို အပြည့်အဝ အသုံးပြု ထား၏။ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ် လာသည်။
ဖုန်ရှောက်ယွီက ရှောင်တိမ်းခြင်း မရှိဘဲ သူတော်စင် တာအို ကိုသာ လှည့်ပတ်လျက် ပြုံးရယ် နေ၏။
“ နိဗ္ဗာန် အဆင့်က ပုရွက်ဆိတ် တစ်ကောင်က ငါ့ကို တိုက်ချင် နေသလား ... ဟာသပဲ။ ”
ထိုစဉ် ယဲ့ချင်းရှန်မှ ထူးခြားသော တံဆိပ် ပုံစံများကို ဖန်တီးနေ သဖြင့် မျက်နှာ ပြောင်းလဲ သွားတော့သည်။
“ အဲဒါ ဘာလဲ ... နဂါးပြာ တံဆိပ်၊ မရဏ နဂါးတံဆိပ်၊ ရွှေနဂါး တံဆိပ် … ပေါင်းစပ် နဂါး တံဆိပ်။ ”
ရောင်ခြည်တော် ရှစ်မျိုး ထွန်းလင်း လာသော အဓိပတိ နဂါးတံဆိပ်အား ကြည့်ကာ ဖုန်ရှောက်ယွီမှ သံယောင်လိုက် နေမိ၏။
“ မဟုတ်ဘူး ... ဒါ ... ”
“ ဘုန်း ... ။ ”
“ ဂျွတ် ... ။ ”
ဖုန်ရှောက်ယွီ တစ်ယောက် နံရိုးများ ကျိုးကာ ရင်ဘတ် တစ်ခုလုံး စူးရှ နာကျင်မှု သွားတော့၏။
လက်သီးချက် သက်ရောက်မှု လှိုင်းသည် အတွင်းပိုင်း အင်္ဂါများထံ တိုက်ရိုက် ရောက်ရှိ လာခဲ့သည်။
သူတော်စင် ရောင်ဝါနှင့် သူတော်စင် တာအိုပေါ်၌ အက်ကြောင်းများ ထင်ဟပ်ကာ အပ်စိုက်မှတ် အပါအဝင် အတွင်းအင်္ဂါများ အားလုံး ဒဏ်ရာ ရသွား၏။
“ သူတော်စင် ရောင်ဝါက တကယ့်ကို ထူးခြားပါ ပေတယ်၊ ငါ နံရိုးတွေကိုပဲ ချိုးနိုင် ခဲ့တယ် ... ။ ”
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
လင်းယွန်မှ ကူကယ်ရာမဲ့ ဟန်ဖြင့် ညည်းညူလျက် ကန်ထုတ်ပစ် လိုက်သည်။ ထိုကန်ချက်ကြောင့် ဖုန်ရှောက်ယွီ ခမျာ သွေးအန် သွားတော့၏။
***