← Chapters

သခင့်ကို နှုတ်ဆက် ပါတယ်။

Vol. 149 Ch. 2077

သခင့်ကို နှုတ်ဆက် ပါတယ်။

Vol. 149 Ch. 2077

ဖုန်ရှောက်ယွီ တစ်ယောက် ပျံသန်း လွင့်စင်သွား ပြီးနောက်၊ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ နာကျင် လာသည်။

သွေးများ စီးကျလျက် ပြင်းထန်သော ဒဏ်ရာများ ရရှိ သွား၏။ မရဏ မူလ အဆင့် သူတော်စင် ရောင်ဝါများ ကုန်ဆုံးသွားပြီ ဖြစ်သည်။

ယင်းကြောင့် ဖုန်ဝူကျိ အပါအဝင် စောင့်ကြည့်ရေး စင်မြင့်မှ လူတိုင်း မျက်နှာများ ပြောင်းလဲ သွားခဲ့၏။

ဖုန်ရှောက်ယွီ တစ်ယောက် ဤပွဲအား အနိုင်ရမည်ဟု ခံစား နေမိသူတိုင်း မျက်လုံး ပြူးကုန်သည်။

“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... မရဏ မူလအဆင့် အမည်ခံ သူတော်စင်တောင် ရှုံးသွားတာလား။ ”

“ ဖုန်ရှောင်ယွီက လုံလုံ လောက်လောက် မသန်မာတာတော့ မဟုတ်ဘူး၊ ယဲ့ချင်းရှန်ကိုက အရမ်း သန်မာနေတာ။ ”

“ သူ့မှာ ကြယ်ဓား နှစ်လက် ရှိတော့ ... ဆန္ဒရှိတဲ့ အတိုင်း ဓားရည်ရွယ်ချက်ကို သုံးနိုင် တေတယ်၊ လက်ထဲ ဓားမရှိ တာတောင် အန္တရာယ် ပေးနိုင်တုန်းပဲ။ ”

“ အရေးကြီးဆုံး အချက်က ဓားတာအို အောင်မြင်မှုပဲ၊ ဓားတာအိုမှာ ဖုန်ရှောက်ယွီက သူ့ကို ယှဉ်လို့ မရဘူး။ ”

ဤသည်မှာ မရဏ မူလ အမည်ခံ သူတော်စင် အဆင့်သို့ ရောက်ရှိရုံဖြင့် ဖြေရှင်း နိုင်သော ပြဿနာမျိုး မဟုတ်ချေ။

“ ယဲ့ချင်းရှန်က ဒေါသအိုးကို တကယ် ရသွားမယ် ထင်တယ်။ ”

အကယ်၍သာ ထိုသို့ဖြစ်သော် ခွန်လွန် နယ်မြေ တစ်ခုလုံး တုန်လှုပ်သွားပြီး နတ်နဂါး အင်ပါယာ ပင်လျှင် ထိတ်လန့် သွားနိုင်၏။

“ ငါ မရှုံးသေးဘူး ... ငါက မရဏ မူလ အဆင့် အမည်ခံ သူတော်စင် တစ်ပါးပဲ၊ မင်းကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ ... ။ ”

ဖုန်ရှောက်ယွီ တစ်ယောက် ရူးသွပ်လု နီးပါးဖြစ်လာ၏။ ဤပွဲအတွက် ပြင်ဆင်မှု အဖြစ် မရဏ မူလအဆင့် ကိုပင် တက်ရောက် ထားရာ ရှုံးနိမ့်သော် လုံးဝ ရှက်စရာ ဖြစ်ချေမည်။

“ ဟိတ် ... ။ ”

ထိုအချိန်တွင် လင်းယွန်က လက်နှစ်ဖက်အား ဆန့်ခွဲကာ ကောင်းကင်ပေါ် ခုန်တက်သွားသည်။

ခန္ဓာကိုယ်မှ ဓားရောင်ဝါများ ဖြာထွက် လာပြီး၊ ရေမျက်နှာပြင်အား ခွဲထုတ် သွားသည်။ ဓား မရှိသော် ခန္ဓာကိုယ်သည် ဓား ဖြစ်နိုင်၏။

ဤမြင်ကွင်းက ဖုန်ရှောက်ယွီ၏ ဦးရေပြားကို ယားယံလာစေသည်။ ၎င်းကို သူ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိကြောင်း နားလည်ထား၏။

“ ယဲ့ချင်းရှန် ... မင်း ငါ့ကို အတင်းအကြပ် လုပ်လိုက်တာ ... ။ ”

အံကြိတ်လျက် တံဆိပ် တစ်ခုအား အသက်သွင်း လိုက်သည်။ ရင်ဘတ်ပေါ်၌ ရှေးဟောင်း တံဆိပ်တစ်ခု ပေါ်လာ၏။

နောက်တစက္ကန့်တွင် သူ့အောက်၌ ဓားအစီရင် ဖြစ်ပေါ် လာပြီး၊ တောက်ပသော အလင်းများ ဖြာထွက်သွားသည်။

“ လျှို့ဝှက် ရတနာလား။ ”

ပြိုင်ဘက်သည် နှလုံးသားနှင့် လျှို့ဝှက် ရတနာ တစ်ခုကို ပေါင်းစပ်ထားမှန်း လင်းယွန် နားလည် လိုက်၏။

၎င်းထံမှ အန္တရာယ် ရှိသော ရောင်ဝါကို ခံစားလိုက်ရ သဖြင့် လက်သီး ပြန်ရုတ်ကာ၊ အမြန် ဆုတ်ခွာမိသည်။

“ ဟား ဟား ဟား ... ၊ မင်း အရမ်း နောက်ကျ သွားပြီ၊ ဖျက်ဆီးခြင်း သားရဲ ရှစ်ပါး ပိတ်လေှာင်ခြင်း အစီရင်။ ”

ဖုန်ရှောက်ယွီမှ ရယ်လျက် အော်ဟစ် လိုက်သည်။ လျှို့ဝှက် ရတနာအား အသက် ဝင်လျက်၊ ထူးဆန်းသော သားရဲ ရှစ်ကောင် ထွက်ပေါ် လာ၏။

ဖုန်ရှောက်ယွီက အစီရင် အလယ် ဗဟိုတွင် ရပ်ကာ၊ လက်နှစ်ဖက် ပူးကပ်လျက် သားရဲများ အပေါ်၊ ထိန်းချုပ် လိုက်သည်။

သူ့ရှေ့ နေရာလွတ်တွင် ရေဝဲများ ပေါ်လာပြီး၊ ထူးဆန်းသော သားရဲ ရှစ်ကောင်မှ သံကြိုးများ ဆွဲကိုင် လိုက်၏။

“ ဒါ ... ဓားစံအိမ်ရဲ့ ... လျှို့ဝှက် ပိတ်လှောင်ခြင်း အစီရင်ပဲ၊ စံအိမ်သခင် မျိုးရိုး ကသာ ဒီပညာရပ် အကြောင်းကို သိလိမ့်မယ်၊ ပွဲက တရား မျှတမှု မရှိတော့ဘူး။ ”

“ ယဲ့ချင်းရှန်တော့ သွားပြီ။ ”

ပတ်ဝန်းကျင်မှ အာမေဋိတ် သံများ ထွက်ပေါ် လာသည်။

“ ယဲ့ချင်းရှန် ... မင်းငါ့ကို ခြေနင်းတုံး အဖြစ် သုံးချင် နေတာလား၊ အိပ်မက် မက်မနေနဲ့။ ”

ဖုန်ရှောက်ယွီမှ လျှို့ဝှက် ရတနာကို ထိန်းချုပ်ထားစဉ် လင်းယွန်ထံ ရူးသွပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

လင်းယွန် တစ်ယောက် ဦးရေပြားများ ထုံကျင်လာ၏။ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်က ကောင်းကင်ပေါ် ခေါင်းမော့လျက် ဟစ်ကြွေး တော့သည်။

ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါဖိအားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တုန်လှုပ် ခြောက်ခြား ကုန်၏။

ချောက်ထဲ ပြုတ်ကျ သွားသလို ခံစား လိုက်ရသည်။ လူတိုင်း ခြေလက်များ အေးစက် လာတော့၏။

ယခု အချိန်၌ ဆန္ဒ ရှိလျှင်ပင် လင်းယွန် တစ်ယောက် နေလထီးကို ထုတ်ယူ နိုင်ဦးမည် မဟုတ်ချေ။

“ ဟား ဟား ဟား ... ယဲ့ချင်းရှန် မင်းရဲ့ သေခြင်းကို လက်ခံလိုက်ပါ၊ ဒါက ငါ့ဓားစံအိမ်ရဲ့ လျှို့ဝှက် နည်းစနစ်ပဲ။ ”

ဖုန်ရှောက်ယွီမှ ရယ်သည်။ နန်းတော် တစ်ခုလုံး ထိုမြင်ကွင်းကြောင့် အံသြ သွားကြ လေသည်။

ထိုစဉ် ပုံရိပ် တစ်ရိပ် နန်းတော်ထဲ ဝင်ရောက်လာ၏။ ၎င်းမှာ လင်းယွန်၏ ဒုတိယ အစ်မ ဖုန်ယွီ ဖြစ်သည်။ သူမက ဖုန်ဝူကျိကို ဒေါသတကြီး ကြည့်ကာ၊

“ ပျော်စရာ ကောင်းလား ... ။ ”

-ဟု ခပ်ပြတ်ပြတ် မေးလိုက်သည်။

“ ဒါက ပြိုင်ပွဲ တစ်ပွဲပဲ၊ ပြိုင်ဘက်ကို အနိုင်ယူတာ သဘာဝ မဟုတ်လား၊ သူက နဂါး ဆိုရင်တောင် ဒီနေ့ ဒူးထောက်ရမယ်။ ”

ဖုန်ဝူကျိ၏ အဖြေကြောင့် ဖုန်ယွီ ခမျာ အံကြိတ်လျက် ကူကယ်ရာ မဲ့စွာ တိုက်ပွဲထံ လှမ်းကြည့် လိုက်မိသည်။

“ ချွင် ... ချွင် ... ။ ”

ထိုအချိန်တွင် သံကြိုး ရှစ်ချောင်းက လင်းယွန်ထံ ပျံသန်းလာပြီး၊ ညာဘက် လက်ကို ရစ်ပတ် သွားသည်။

လင်းယွန်မှာ မှင်တတ် နေ၏။ အဘယ့်ကြောင့် ဆိုသော် ခံစားချက်များ ထူးဆန်း နေသောကြောင့် ဖြစ်သည်။

အများ အမြင်၌ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်မှ သူ့အား ဖမ်းချုပ်ထားခြင်း ဖြစ်သည်။

အမှန်တွင် ကြောက်စရာ ကောင်းသော ဤသားရဲ ရှစ်ကောင်ကို ထိန်းချုပ်နေရ သကဲ့သို့ လင်းယွန် ခံစား လိုက်ရ၏။

“ ဟမ့် ... ။ ”

ဖုန်ရှောက်ယွီမှ မျက်မှောင်ကြုတ် လိုက်သည်။ ထိုအချိန်တွင် လင်းယွန် နားထဲသို့ တိုးညှင်းသော အသံများ ဝင်ရောက်သည်။

၁။( မငြိမ်မသက်မှု တွေကို ခွန်လွန် တောင်ထိပ်က နေမင်းကြီး တစ်စင်းလို တန်ခိုး ထုတ်ဖော်ပြီး ငြိမ်းသတ် ပေးမယ် ... အတောင်ပံ နဂါးက သခင့်ကို နှုတ်ဆက် ပါတယ်။ )

၂။( မြွေပျံရဲ့ လှည့်စားနိုင်စွမ်းက ကောင်းကင်က ကြယ်တာရာ လမ်းကြောင်း တွေလို အနှောက်အယှက် ပေးနိုင်တယ် ... ဒီမြွေပျံက သခင့်ကို နှုတ်ဆက် ပါတယ်။ )

၃။( မျက်ဝန်း တစ်စုံက နေနဲ့လလို တောက်ပပြီး အတွေး တစ်ချက်တည်းနဲ့ ထာဝရ အေးခဲစေတယ် ... အသူရာ နဂါးက သခင့်ကို နှုတ်ဆက်ပါတယ်။ )

၄။( ငရဲကြီး ကိုးထပ်ကို ဘုရားသခင်နဲ့၊ နတ်ဘုရား တွေတောင် ... စူးစိုက် မကြည့် ဝံ့ကြဘူး၊ ဒီနတ်မိစ္ဆာ ဖီးနစ်က ... သခင့်ကို နှုတ်ဆက် ပါတယ်။ )

၅။ ( လေနဲ့အတူ ကောင်းကင်ဘုံ ကိုးပါးမှာ လှည့်လည်မဲ့ ခွန်ပန်က ... သခင့်ကို နှုတ်ဆက် ပါတယ်။ )

၆။( ယင်နဲ့ယန်ကို စေစား နိုင်တဲ့ ချွမ်ချီကျားက သခင့်ကို နှုတ်ဆက်ပါတယ်။ )

၇။( ငရဲဝိညာဉ်တွေ ထွက်ပေါ် လာရင် ... ၊ ရာသီလေးခုက တစ်ခု ပျောက်ကွယ် သွားတယ် ဒီငရဲဝိညာဉ်က သခင့်ကို နှုတ်ဆက်ပါတယ်။ )

၈။( ရှေးဦးခေတ် မတိုင်မီ ... နတ်နဂါး ကိုတောင် ကြောက်ရွံ့စေခဲ့တဲ့ ... အလောင်းစား တစ္ဆေက ... သခင့်ကို နှုတ်ဆက်ပါတယ်။ )

လင်းယွန် တစ်ယောက် မှင်တတ်ပြီး၊ သံကြိုးများကို အမှတ်တမဲ့ ဆုပ်ကိုင် လိုက်မိရာ သားရဲ ရှစ်ကောင်မှ ချက်ချင်း ဒူးထောက် လာတော့သည်။

***

All Chapters