မေးခွန်း များစွာ ... ။
Vol. 149 Ch. 2079
ဖုန်ယွီက လွှတ်လိုက်သော အခါမှသာ အကြီးအကဲ လေးယောက် နှင့်အတူ ဖုန်ဝူကျိ ဆင်းသက် သွားသည်။
“ ဝှစ် ... ။ ”
အကြီးအကဲ လေးယောက်က ရေကန်ပေါ် ပြေးလွှားသွားပြီး ဖုန်ရှောက်ယွီအား ခေါ်ဆောင် သွားတော့၏။
လင်းယွန်၏ နောက်ဆုံး လက်သီးသည် ထိတ်လန့်ဖွယ် ကောင်းချေပြီ။ ကောင်းကင် နဂါး တံဆိပ်သာ မရှိသော် ဖုန်ရှောက်ယွီ အသက်ဆုံးရှုံးမည် ဖြစ်သည်။
ဖုန်ဝူကျိက သူ့ရောင်ဝါကို ထုတ်ဖော် လိုက်၏။ ထို့ကြောင့် လင်းယွန် ခမျာ အသက်ရှူ ကြပ်လာသည်။
ဤသည်မှာ သူ့ကို သင်ခန်းစာ တစ်ခု သင်ပေးချင်မှန်း ချက်ချင်း နားလည်လိုက်သည်။ လင်းယွန်မှ ကြယ်ဓားကို ထုတ်ကာ ထိုဖိအားကို တွန်းလှန်လျက် အရိုအသေ ပေးလိုက်၏။
ထို့နောက် ကောင်းကင် နဂါးတံဆိပ်ကို ပြန်ပေးသည်။ ဖုန်ဝူကျိက ဖြတ်ခနဲ ဆွဲယူကာ ချက်ချင်း သိမ်းဆည်း လိုက်သည်။
“ ဒါက ဓားစံအိမ်ရဲ့ ရတနာပဲ၊ မင်း ယူသွားနိုင် ရင်တောင် နည်းပညာ မပါဘဲ အသုံးပြု နိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန်က ပြုံးသည်။ သားရဲ ရှစ်ကောင် သည်ပင် သခင်ဟု ခေါ်သည့်နောက် မည်သည့် နည်းပညာမျှ မလိုချေ။
“ စံအိမ် သခင် ... ကျေးဇူးပြုပြီး ဓားပေးပါ။ ”
ဤနေရာ၌ သူ၏ ပန်းတိုင်မှာ အုပ်စိုးရှင် ဓားဖြစ်သည်။ ကောင်းကင် နဂါး တံဆိပ်သည် ဖုန်ဝူကျိ အတွက် အလွန် အရေးပါသဖြင့်၊ အပိုဒုက္ခများ မလိုချင်တော့ချေ။
“ ဝှစ် ... ။ ”
“ ခရစ် ... ။ ”
ဖုန်ဝူကျိက လက်ဖဝါးကို တွန်းလျက် အစီရင်အား ချိုးဖြတ်ကာ ရွှေရောင် မီးလျှံများ ဖုံးလွှမ်းနေသော ဓားတစ်လက်ကို ထုတ်ယူ လိုက်သည်။
“ တကယ်ပဲ သူရှိနေတာကိုး။ ”
“ ဒေါသအိုး ... ။ ”
“ အုပ်စိုးရှင်ဓား သွန်းလုပ်နည်းက ပျောက်ကွယ် သွားတာ ကြာပြီ၊ ဒီဓားကို ငှားလိုက် ပြီးတာနဲ့ ဓားစံအိမ်မှာ အုပ်စိုးရှင် အဆင့် ရတနာတွေ မရှိတော့မှာ ငါကြောက်တယ်။ ”
“ သူတို့မှာ အုပ်စိုးရှင် သူတော်စင် လက်ရာတွေ သွန်းလုပ်ဖို့ ... နည်းလမ်းတွေ ရှိတယ်လို့ ငါကြားတယ်၊ ဒါပေမယ့် အဲဒါကို သွန်းလုပ်ဖို့ အတွက် ...
... မြင့်မြတ်သော ဝိညာဉ်ရေးရာ ... ဆရာသခင် တစ်ပါး လိုတယ်၊ မြင့်မြတ်သော ဝိညာဉ်ရေးရာ ဆရာ သခင်တွေက ခွန်လွန်မှာ ဆိတ်သုဉ်း ကုန်ပြီ။ ”
“ ဒီဓားက ... ၊ သာမာန် အုပ်စိုးရှင် သူတော်စင် လက်ရာ ဓားတစ်လက် မဟုတ်ဘူး၊ ကောင်းကင်ဘုံနဲ့ ပေါင်းပြီး ... နတ်ဘုရား လက်ရာကို ယှဉ်နိုင်တယ်။ ”
မရေမတွက် နိုင်သော လူများစွာ၏ အကြည့်များ၌ မနာလို စိတ်များ ပြည့်နှက် လာသည်။
အင်အားစု တစ်ခုတွင် အုပ်စိုးရှင် သူတော်စင် ဓားတစ်လက် ရှိပါက ဓားသူတော်စင် တစ်ပါးကို ရရှိ ထားခြင်းနှင့် တူပေ၏။
အသုံး ပြုသူသည် ဓားတာအို အုတ်မြစ် လုံလောက်သော အခြေခံမျိုး ရှိနေက ဧကရာဇ် တစ်ပါးအား ရင်ဆိုင်နိုင်မည်။
“ ဒီလောက် ကောင်းတဲ့ ... ဓားက အခုလို အပြင်လူ လက်ထဲ ရောက်သွားတာ နှမျောစရာ ပါပဲ။ ”
ကျောက်ဝူကျိက လောဘမီးများ တောက်လောင် နေသော အကြည့်ဖြင့် ဒေါသအိုးထံ ငေးကြည့်သည်။
လူများစွာ ကလည်း သူနှင့် တူညီသော အတွေးအမြင်မျိုး ရှိနေသည်။
“ ဘာဖြစ်လို့လဲ ... အဲဒါနဲ့ ပတ်သက်ပြီး မင်းမှာ အကြံအစည် ရှိနေလား။ ”
ရုတ်တရက် အေးစက်သော မေးမြန်း သံကြောင့် ကျောက်ဝူကျိ တစ်ယောက် တုန်ယင် သွားသည်။
ယင်းသည် စံအိမ်သခင် ဖုန်ဝူကျိ ဘေးတွင် ထိုင်နေသော အမျိုးသမီး ထံမှ ဖြစ်၏။ သူမ၏ အကြည့်က သူ့အား အသက်ရှူ ကြပ်စေသည်။
ဤအရာက သူ့အား ဒေါသ ထွက်စေ သော်လည်း အံကြိတ်ကာ ဆိတ်ဆိတ် နေရန် ဆုံးဖြတ် လိုက်၏။
ဤအမျိုးသမီးသည် ဓားစံအိမ်မှ ဖြစ်သော်လည်း အပြင် လူတစ်ယောက် အပေါ်၊ ကူညီနေ ခဲ့သည်။
ထို့ကြောင့် ယဲ့ချင်းရှန် အပေါ် စိတ်ဝင်စားလာ မိသည်။ သို့တိုင် ထိုအတွေးကို ထင်ထင် ပေါ်ပေါ် မပြဝံ့ချေ။
“ မင်းမှာ အကြံဆိုးတွေ ရှိနေရင် ပြန်သိမ်း ထားလိုက်၊ မဟုတ်ရင် ... မင်းကို ငါခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
အမျိုးသမီးသည် သူ့အတွေးများကို မြင်နိုင် သဖြင့် ကျောက်ဝူကျိမှ ချက်ချင်း မျက်လုံးမှိတ်ချ လိုက်ရသည်။ သူ့မျက်ဝန်းများ မှတဆင့် တစ်စုံ တစ်ရာ မြင်သွားမည်ကို ကြောက်၏။
“ ချွင် ... ။ ”
ဖုန်ဝူကျိက ဒေါသအိုးကို ဆွဲထုတ် လိုက်သည်။ သူတော်စင် ရောင်ဝါများ လှစ်ခနဲ ပြေးထွက် သွားပြီး၊ ဓားထဲသို့ ဖြည်းညှင်းစွာ ပြန်၍ ဝင်ရောက်လာ၏။
“ ဒီဓား နာမည်က ... ဒေါသအိုး၊ သူ့ကို ဆွဲထုတ် လိုက်တာနဲ့ ... နတ်ဘုရား တစ်ပါးရဲ့ ဒေါသ အသွင်အပြင်မျိုးကို ပြလိမ့်မယ်၊ ...
... ဒီဓား အတွက် မဟာ နေမင်းရဲ့ အနှစ်သာရတွေ ထည့်သွင်း ထားတယ်လို့ ငါ ကြားဖူးတယ်။ ”
ဖုန်ဝူကျိက ဓားကိုကြည့်ကာ လက် မလွှတ်လိုချေ။ လင်းယွန်မှ မပေးတော့ မည်ကို စိုးရွံ့မိ သော်လည်း တောင်းမယူဝံ့ ဖြစ်နေ၏။
အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် ဓားကို ပေးအပ် လာသည်။ သို့တိုင် လက်မလွှတ် သေးသောကြောင့် လင်းယွန်မှ ပြန်မော့ကြည့် မိ၏။
“ အထင် မလွဲပါနဲ့ ... ၊ မေးစရာလေး တစ်ခုရှိလို့ပါ၊ ရွှေနဂါး တံဆိပ်က ဖုန်မိသားစုရဲ့ လျှို့ဝှက်ချက်ပဲ၊ မင်း ဒီတံဆိပ်ကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ တကယ် သိတာလား။ ”
“ အင်း ... ။ ”
“ ဒါ ... ။ ”
“ ဒီတံဆိပ်ကို တစ်နှစ် ငှားပေးနိုင်ရင် ပြန်အပ်တဲ့ အခါ အဲဒီ လျှို့ဝှက်ချက်ကို ပြောပြ နိုင်တယ်။ ”
လင်းယွန်က ပြုံးပြီး ဖျားယောင်း လိုက်သည်။ ထိုစကားကို ကြားသော အခါ ဖုန်ဝူကျိ မျက်နှာ ပြောင်းလဲသွား၏။
သို့သော် သူ ဒေါသ မထွက်တော့ဘဲ ယဲ့ချင်းရှန် စကားကို အသိအမှတ် ပြုသည်။ သူပင် မသိသော လျှို့ဝှက်ချက်များ တံဆိပ်၌ ရှိနေပုံရ၏။
“ သဘာဝ နက္ခတ် လေးလုံးနဲ့၊ အုပ်စိုးရှင် နက္ခတ် တစ်ရာအပြင် ရှေးဦးခေတ်က မွေးဖွား လာတဲ့ အုပ်စိုးရှင် နက္ခတ်တစ်လုံး ရှိတယ်၊ ဒါက လူတွေ သိပ်မသိသေးတဲ့ လျှို့ဝှက်ချက်ပဲ။ ”
လင်းယွန် စကားများက ဖုန်ဝူကျိကို စိတ်မသက်မသာ ဖြစ်စေ၏။ ထိုနက္ခတ်များနှင့် ဤသားရဲ ရှစ်ကောင် ဆက်စပ်မှု ရှိ-မရှိ သူ မသိချေ။
လက်ရှိ သူ သိသည်မှာ အောက်ပါ မေးခွန်းများသာ ဖြစ်၏။ ထိုသို့သော အုပ်စိုးရှင် နက္ခတ် တစ်လုံး ရှိနေသည်ကို ဓားစံအိမ်မှ အဘယ့်ကြောင့် မသိရသနည်း။
ဓားစံအိမ်မှ မသိသော ထိုအုပ်စိုးရှင် နက္ခတ်ကို ယဲ့ချင်းရှန်က အဘယ့်ကြောင့် သိရှိ နေရသနည်း။ ထိုနက္ခတ်သည် သားရဲ ရှစ်ကောင် အပေါ် ထိန်းချုပ် နိုင်သည်လော။
“ မှန်တယ် ... အဲဒီ နက္ခတ်က သားရဲ ရှစ်ကောင်ကို ထိန်းချုပ်နိုင်တယ်၊ တကယ်တော့ သားရဲ ရှစ်ကောင် ဆိုတာ ... ရေခဲတောင်ရဲ့ အစွန်အဖျားပဲ။ ”
ဖုန်ဝူကျိ၏ အတွေးများကို မြင်ကာ လင်းယွန်မှ ပြုံးလျက် ထပ်မံ ပြောကြားပြီး၊ ဓားအား အမြန် ဆွဲယူလိုက် တော့သည်။
“ ဓားအတွက် ကျေးဇူးတင်ပါတယ်။ ”
***