နတ်ဘုရားတောင် ကယ်နိုင်မှာ မဟုတ်ဘူး။
Vol. 149 Ch. 2080
ဖုန်ဝူကျိ သတိ ဝင်လာသော အခါ လင်းယွန်မှ ဓားကို ယူသွားပြီ ဖြစ်သည်။ ၎င်းက ပြုံးလျက်၊
“ စံအိမ် သခင် ... မင်းမှာ တကယ်ပဲ ဆန္ဒရှိတယ် ဆိုရင် အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်၊ တစ်နှစ်လောက်ပဲ ငှားရမှာပါ။ ”
-ဟု ပြောကြား လိုက်၏။
“ မင်းကို ယုံမယ်ထင်လား ... ။ ”
“ ဒါကတော့ ... မင်း သဘောပါပဲ၊ ငါရမဲ့ ဆုကြေးတွေရော ဘယ်မှာလဲ။ ”
“ ဘာဆုကြေးလဲ ... ။ ”
“ ကောင်းကင်ခွဲသူနဲ့ ချန်ပီယံ အတွက် ဆေးလုံးတွေကို ... ငါလိုချင်တယ်လို့ လွန်ခဲ့တဲ့ သုံးရက်ထဲက ပြောထားတယ်။ ”
ဤလူယုတ်မာသည် ဆုလာဘ်များကို ရယူရန် တွေးတောနေဆဲ ဖြစ်သောကြောင့် ဖုန်ဝူကျိမှ အသက် ပြင်းပြင်းရှူ မိ၏။
“ ကောင်းကင်ခွဲသူကို ပြန် ပြုပြင်ဖို့ အချိန်နည်းနည်း ယူရလိမ့်မယ် ... မင်းဒီမှာ လဝက်လောက် စောင့်ပါ။ ”
“ ဒါဆို ကောင်းကင် တာအိုဂိုဏ်းဆီ ပို့ပေးပါ နှုတ်ဆက်ပါတယ်။ ”
လင်းယွန်က ဖုန်ဝူကျိအား ငြင်းဆန်ရန် အချိန်မပေးဘဲ၊ လှည့်ထွက် သွားတော့သည်။ ဒေါသအိုးရပြီ ဖြစ်သဖြင့် မနေလိုတော့ချေ။ အမြန် ထွက်သွားချင်၏။
“ ယဲ့ချင်းရှန် ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ မယုံကြည်နိုင်စွာ ကြည့်သည်။ အဖြစ်အပျက် များသည် အိပ်မက် တစ်ခုလို ပေပင်။
ယင်းက အိမ်မက် ဖြစ်ခဲ့ လျှင်ပင် ဒေါသအိုးကို ယဲ့ချင်းရှန် ရနိုင်မည် မဟုတ်ချေ။
“ အရင် သွားရအောင်။ ”
လင်းယွန်က မရဏ မိုးကြိုး သခင်အား သတိပေး လိုက်သည်။
“ ကောင်းပြီ ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ သဘောပေါက်ပြီး လူတိုင်း အသိစိတ်များ မဝင်မီ အမြန် ထွက်ခွာလာမိသည်။
( သူ့ကို ကောင်းကင် နဂါးတံဆိပ်ကို ပေးလိုက်သင့်တယ်။ )
ထိုအချိန်တွင် ဖုန်ယွီမှ သူမ အစ်ကိုအား လျှို့ဝှက်စွာ စကားလှမ်း ပြောသည်။
( ဒီလိုမျိုး အုပ်စိုးရှင် နက္ခတ်က တကယ် ရှိတာ ဖြစ်နိုင်တယ်၊ အဖိုးကြီးတောင် ထွက်လာ ခဲ့တာ ဆိုတော့ ... တစ်ခုခုကို သတိထား မိတာမျိုး မဖြစ်နိုင်ဘူးလား။ )
( သူ ပြောတာ ... အမှန် ဖြစ်ပါ့မလား။ )
ဖုန်ဝူကျိမှ ပြန်မေး၏။
( လုနီးပါးပဲ ... မဟုတ်ရင် အဖိုးကြီးက ဒီလိုမျိုး လွယ်လွယ်နဲ့ ... စိတ်ပြောင်း သွားမယ် ထင်လား။ )
သူမ စကားကြောင့် ဖုန်ဝူကျိတွေဝေ သွားတော့သည်။ အုပ်စိုးရှင် နက္ခတ်ကို ဆုပ်ကိုင် ခွင့်ရပါက ကောင်းကင် နဂါးတံဆိပ် ငှားခြင်းမှ သူတို့အတွက် အရှုံးပေါ်မည် မဟုတ်ချေ။
ထို့အပြင် ၎င်းသည် တစ်နှစ်မျှသာ ဖြစ်ပြီး၊ ဓားစံအိမ်၏ အခြေခံ အုတ်မြစ်အရ ယဲ့ချင်းရှန်မှ မပေးဘဲ နေဝံ့မည် မဟုတ်ကြောင်း ယုံ၏။
သို့သော် လိမ်ညာ နေခြင်းသာ ဆိုက အုပ်စိုးရှင် သူတော်စင်ဓား အပြင် ကောင်းကင် နဂါး တံဆိပ်ပါ အပြင် ရောက်သွားမည် ဖြစ်သည်။
ချက်ခြင်းဆို သလိုပင် အသိစိတ် ပြန်ဝင်လာကာ သူ့အသံကို လျှော့လျက်၊
( တတိယ ညီမ ... နင် သူနဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိလဲ။ )
-ဟုမေးမြန်း လိုက်သည်။
ဤဖုန်ယွီသည် ထိုကောင်လေး အပေါ် စေသနာ အလွန် ကောင်းပြနေ သောကြောင့် ထူးဆန်း နေ၏။
၎င်းအတွက် အိမ်ပြန်လာခြင်း ဖြစ်မည်။ သူမသည် အဖိုးကြီးပင် မယှဉ်နိုင်သော အစွမ်း ရှိသူ တစ်ယောက် ဖြစ်၏။
( ငါတို့က ဘယ်လို ဆက်ဆံရေးမျိုး ရှိနိုင်မယ် ထင်လဲ။ )
ဖုန်ယွီမှ ပြုံးကာ ပြန်မေး လိုက်သည်။ ယဲ့ချင်းရှန် ဟူသည် လင်းယွန် ဖြစ်ပြီး၊ သူမနှင့် သိုင်းမောင်နှစ်မ တော်စပ်ချေ၏။
“ ငါ့ကို မမေးနဲ့ ... နေဦး ... ”
ရုတ်တရက် ဖုန်ဝူကျိမှ ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိလာပြီး သူ့မျက်နှာ ပြောင်းလဲ သွားသည်။ ဖုန်ယွီ သည်လည်း ထိုပြောင်းလဲ သွားသော အမူအရာကြောင့် သိချင်စိတ် ဝင်လာ၏။
( ဘာလဲ ... ။ )
( ငါသိပြီ ... သူက နင့်သားပဲ။ )
( နင် ... ။ )
ဖုန်ယွီ တစ်ယောက် မျက်လုံးများ ပြူးကျယ်လျက် ဒေါသတကြီး လှည့်ထွက်သွား တော့သည်။
( ဘာလို့လဲ ... ငါပြောတာ မှန်သွားတယ် မဟုတ်လား။ )
ထိုအကြောင်းကို များများ တွေးလေ၊ ဖြစ်နိုင်ချေ ပိုများလေလေ ဖြစ်၏။ မဟုတ်သော် ဓားတာအို၌ ဤမျှ ထက်မြက်သော လူငယ်မျိုး ပေါ်ထွက်လာစရာ အကြောင်း မရှိချေ။
ယဲ့ချင်းရှန်သည် တတိယ ညီမ ထံမှ မျိုးဆက်သွေး အမွေရထားပုံ ပေပင်။ ထိုသို့ဆို ပါသော် ဒေါသအိုးကို ချေးငှား လိုက်ခြင်းသည် ဆုံးရှုံးမှု တစ်ရပ် မဟုတ်နိုင်။ အဆုံးတွင် ဖုန်-မိသားစု လက်၌သာ ရှိနေဆဲ ဖြစ်၏။
ကျောက်ဝူကျိက ယဲ့ချင်းရှန် ကျောပြင်ကို ကြည့်ကာ အတွေးပွား နေမိသည်။ သူ့မျက်ဝန်း များ၌ ကြမ်းကြုတ်သော အငွေ့အသက်များ ထင်ဟပ် လာ၏။
သူနှင့် ယှဉ်သော် ကျန်းယွင်ရှင်းနှင့် ကူဇီကျန်းသည် ယဲ့ချင်းရှန် ဓားတာအိုကြောင့် ပို၍ ငြိမ်သက် နေမိသည်။
“ ဒေါသအိုး အစွမ်းကို ကောင်းကောင်း မမြင်လိုက်ရတာ နှမျောစရာပဲ။ ”
ကူဇီကျန်းမှ သက်ပြင်းချ လိုက်သည်။ ကျန်းယွင်ရှင်းက ခေါင်းညိတ်လျက်၊
“ ပိုးစုန်းကြူး နတ်ဓားရဲ့ သိမ်မွေ့မှုကို ဒီဓားနဲ့ တွဲလိုက်ရရင် ဘယ်လောက် လှပလိုက် မလဲ။ ”
“ ဒါပေမယ့် ... ဒီခရီးက ကြယ်ဓား နှစ်လက်ကို မြင်ခွင့် ရတဲ့ အတွက် ထိုက်တန် ပါတယ်။ ”
“ မင်းက အရမ်း ရောင့်ရဲ လွယ်တာပဲ ... ၊ သခင်ငယ်ကို အနိုင်ယူဖို့ ... သူ့မှာ အနည်းဆုံး နည်းလမ်း သုံးမျိုး ရှိတယ်၊ ကျန်နှစ်မျိုးက ဘာလဲ ငါအရမ်း သိချင်တယ်။ ”
ကျန်းယွင်ရှင်းမှ အားမလို အားမရဖြင့် ပြောကြား လာ၏။ သူတို့ အချင်းချင်း ဆွေးနွေး နေကြစဉ်၊ ရှုံးနိမ့်ခဲ့ခြင်း အပေါ် အပြည့်အဝ လက်ခံမိ ကြသည်။
“ ဒေါသအိုးကို ဆုံးရှုံးသွား တာတောင် မင်းတို့ နှစ်ယောက်က ပြုံးနိုင် ကြသေးလား၊ အနာဂတ်မှာ ဒီဓားနဲ့ သူ ဘယ်လောက် မောက်မာ လာလိုက်မလဲ။ ”
ကျောက်ဝူကျိမှ အပြစ်တင် စကား ပြောကြားလာ၏။
“ ဒါက သူသုံးဖို့ မဟုတ်ဘူး၊ ကောင်းကင် တာအို ဂိုဏ်းမှာ ကျောက်စိမ်းဓား သူတော်စင် ရှိတယ်၊ သူမ အတွက်ပဲ။ ”
ကူဇီကျန်းမှ ပြန်ပြော လိုက်၏။
“ ကျောက်စိမ်းဓား သူတော်စင် ... ခွန်အားမျိုးနဲ့ ဒေါသအိုးက ထိုက်တန်ပါတယ်၊ တစ်ချိန် ဓားစံအိမ် ဒုက္ခ ရောက်ရင် သူမ ကူညီ ပေးလိမ့်မယ်၊ ဒါကြောင့် ဘာများ ပူနေစရာ လိုလို့လဲ။ ”
ဤသည်မှာ လျှို့ဝှက် ဓားစံအိမ်၏ ရည်ရွယ်ချက် အမှန်ပင် ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်၌ ဓားငှားသူသည် အပြင်လူ ဖြစ်နေခဲ့၏။
“ ဟမ့် ... အဲဒီဓားနဲ့ သူ ပြန်နိုင်မလား ကြည့်မယ်။ ”
ကျောက်ဝူကျိမှ နှာခေါင်းရှုံ့ လိုက်၏။ ပြီးနောက် နှစ်ယောက်လုံးကို လျစ်လျူရှုပြီး ထွက်ခွာ သွားတော့သည်။
ကျန်းယွင်ရှင်းနှင့် ကူဇီကျန်းမှ အကြည့်ချင်း ဖလှယ်မိ ကြသည်။
“ ဒီကိစ္စက မပြီးသေးဘူး ထင်တယ်၊ ယဲ့ချင်းရှန်က ဓားကို ပြန်ပေးဖို့ ... စိတ်ကူးမရှိ သလို ... သူတို့က လွယ်လွယ် လက်လျော့ ကြမှာ မဟုတ်ဘူး။ ”
“ ကျောက်ဝူကျိက သူနဲ့ ရန်ငြိုး ရှိတယ်၊ ဒီကိစ္စကို ငြိမ်ခံ မနေမှာ သေချာတယ်၊ ဒါပေမယ့် ငါတို့ လုပ်နိုင်တာမှ မရှိတာ၊ စောင့်ကြည့် ရမှာပေါ့ ယဲ့ချင်းရှန်က ဓားကို ...
... ယူရဲတဲ့ သတ္တိရှိ နေမှတော့ ... နည်းလမ်းလည်း ရှိနေမှာပါ ... ကျောက်ဝူကျိ လက်ခံနိုင်ရင် ကောင်းမယ်၊ မဟုတ်ရင် ... သူ့ အသက်ကို နတ်ဘုရားတောင် ကယ်နိုင်မှာ မဟုတ်ဘူး။ ”
***