အရိပ်များ ... ။
Vol. 149 Ch. 2081
ညရောက်သောအခါ တည်းခိုခန်းများ၌ နေ့ခင်းဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကို ပြန်လည် ဆွေးနွေး နေကြ၏။
မရဏ မူလ အဆင့်မှ ဖုန်ရှောက်ယွီသည် နိဗ္ဗာန် အဆင့်မှ တစ်စုံ တစ်ယောက်ကို ရှုံးနိမ့် သွားသည်မှာ ယုံနိုင်ဖွယ် မရှိချေ။
ယဲ့ချင်းရှန်သည် ကျန့်ကျင်းရှန် ထက်ပင် ပိုမိုတောက်ပ လာပေမည်။ ယနေ့ တိုက်ပွဲသည် ခွန်လွန်ကို ပျံ့နှံ့သွားမည်မှာ သေချာ၏။
“ ယဲ့ချင်းရှန်က ကျင့်ကြံမှု အားနည်း ပေမယ့်၊ ဂုဏ်သတင်း အရ ကောင်းကင်လမ်း ကိုးလမ်း ချန်ပီယံတွေကို ယှဉ်နိုင်တယ်။ ”
“ အရမ်းငယ် သေးတယ်၊ ဒါလည်း သူ့အတွက် အားသာချက်ပဲ သူ ကြီးပြင်းလာရင် အရှေ့ဘက် ပျက်စီးမြေရဲ့ ... ဓားသူတော်စင် သုံးပါးနဲ့ တူညီတဲ့ အဆင့်မျိုး ရောက်လာ လိမ့်မယ်။ ”
“ ဒါတော့ သိပ်ပြီး မသေချာ သေးပါဘူး၊ သူက အမည်ခံ သူတော်စင် နယ်ပယ် ကိုတောင် မဝင်နိုင် သေးတာ၊ သန့်ရှင်းသော သားတော်နဲ့ ရွှေအဆင့် ပါရမီရှင်တွေ ကလည်း ... အားနည်းတာ မဟုတ်ဘူး။ ”
“ ဟုတ်တယ် ... အားလုံးက နဂါးပြာ မှတ်တမ်း ပေါ်လာမှာကို ... စောင့်နေကြတယ်၊ အဲဒီအချိန် ရွှေခေတ်ဆိုတာ ဘာလဲ ... မင်း သိလိမ့်မယ်။ ”
နေ့ခင်းဘက် တိုက်ပွဲ အကြောင်း အပြင်းအထန် ဆွေးနွေး နေကြပြီး၊ လူတိုင်း အတွက် မျက်စိ ပွင့်ကုန်၏။
ကောင်းကင် ငရဲမြို့တော်၏ အနက်ရောင် ငှက်မွှေး နန်းတော် ဌာနခွဲတွင်၊ ကျွမ်းကျင်သူ များဖြင့် ပြည့်နှက်နေသည်။
ကောင်းကင် တာအိုဂိုဏ်း ဌာနခွဲနှင့် နှိုင်းယှဉ်ပါက၊ ဤအတိုင်းအတာ ပမာဏသည် များစွာ များပြားချေ၏။ ဂိုဏ်းငယ် တစ်ဂိုဏ်းနှင့် တူနေချေပြီ။
ထာဝရ ဓားတာအို မြင့်မြတ်မြေမှ တစ်ခု ဖြစ်သော အနက်ရောင် ငှက်မွှေး နန်းတော်သည် ဂုဏ်သိက္ခာ အားဖြင့် ကောင်းကင် တာအို ဂိုဏ်းထက် ပိုကြီး၏။
၎င်းတို့အား အရှေ့ဘက် ပျက်စီးမြေ၌ နှင်းရေခဲ သူတော်စင် နန်းတော်နှင့် အနန္တဓား ခန်းမသာလျှင် ယှဉ်နိုင်မည်။ တိတ်ဆိတ်သော ခန်းမတစ်ခုတွင် ကျောက်ဝူကျိမှ ဧည့်ခံပွဲ ကျင်းပနေခဲ့၏။
ခန်းမအတွင်း မိုးတိမ်ဂိုဏ်းမှ ကျန်းပိုင်၊ လမင်းရေစင် ဓားတောင်တန်းမှ ဝမ်ချောင်းနှင့် မိုးနှင်းမြူ စံအိမ်မှ ချင်းရွှမ်တို့ ရှိနေ၏။
သုံးယောက်လုံးသည် နိဗ္ဗာန်-နဝမ အထွတ်အထိပ် အသွင် ကူးပြောင်းမှု၌ ရှိနေ ကြပြီး၊ အချိန်မရွေး အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်ရှိနိုင်သည်။
သူတို့ အားလုံးတွင် အမည်ခံ ကြယ်ဓား ရှိကာ၊ ဉာဏ်ကြီးရှင် ဓားသမားများဟု ယူဆ နိုင်၏။
“ အစ်ကိုဝမ်၊ အစ်ကိုကျန်းနဲ့ အစ်ကိုချင်း၊ မင်းတို့သုံးယောက် ငါ့အကြံကို ဘယ်လို မြင်လဲ။ ”
ကျောက်ဝူကျိက ဝိုင်ခွက် အတွင်းရှိ ဝိုင်များကို လှည့်ပတ် ကစားလျက်မှ ပြုံးကာ မေးလိုက်သည်။
ကျန်းပိုင်က ဝိုင်ကို တစ်ငုံသောက်ပြီး၊
“ ငါ့မှာ ပြောစရာ မရှိဘူး၊ ဘယ်သူမဆို ဒီအတိုင်း အုပ်စိုးရှင် ဓားကို ... ပေးလိုက်နိုင်မယ် ထင်လား၊ ဒါပေမယ့် ပြောင်ပြောင် တင်းတင်း လုယူဖို့က ... အရမ်း လွန်မနေဘူးလား။ ”
“ ဒါက ငါ့တစ်ယောက်တည်း ဆုံးဖြတ်တာ မဟုတ်ဘူး၊ မြင့်မြတ်မြေ (၁၈)ပါးအနက် (၇)ပါး သဘောတူတယ်၊ အပြင်လူက အဲဒီဓားကို သိမ်းသွားတာ သူတို့ မမြင်ချင်ကြဘူး။ ”
“ ဒါပေမယ့် သူက ကောင်းကင် တာအို ဂိုဏ်းရဲ့ တပည့်ပဲ။ ”
လရောင်ရေစင် ဓားတောင်တန်းမှ ဝမ်ချောင်းက သတိကြီးစွာ ပြောကြားလာ ခဲ့သည်။
“ လက်ရှိ ကောင်းကင် တာအိုဂိုဏ်းက အရင်နဲ့ မတူတော့ဘူး၊ တောင်ပိုင်း နယ်စပ်မှာ သူတို့ လုပ်နိုင်တာ ကုန်ပြီ။ ”
ကျောက်ဝူကျိမှ အထင်အမြင် သေးစွာဖြင့် ပြန်ပြောသည်။
“ ပြီးတော့ ငါ့ရဲ့ အနက်ရောင် ငှက်မွှေး နန်းတော်က ... ကောင်းကင် တာအိုဂိုဏ်းကို မကြောက်ဘူး၊ ကောင်းကင် ငရဲမြို့တော်မှာ ခြံဝင်းလေး တစ်ခုနဲ့ ... ကောင်းကင် မူလ အဆင့်က အမည်ခံ သူတော်စင် ...
... တစ်ပါးသာ ထားပေးနိုင်တယ် ... ၊ ဒါကြောင့် ငါတို့ သတိထား ရမှာက ... မရဏ မိုးကြိုး တောင်ထိပ် သခင်ပဲ၊ သူတော်စင် ဖြစ်ဖို့ သူက ခြေတစ်လှမ်းပဲ လိုတော့တယ်။ ”
ထိုစကားကြောင့် ကျန်းပိုင်၏ မျက်လုံးများ တောက်ပလာသည်။
“ သူတို့မှာ သူတော်စင် မရှိဖူးလို့ ပြောချင်တာလား၊ ငါ မမှားရင် ... အနက်ရောင် ငှက်မွှေး နန်းတော် ဌာနခွဲမှာ၊ သူတော်စင် သခင် တစ်ယောက် ရှိတယ် ထင်တယ်။ ”
ဤသည်မှာ ကျော်ကဝူကျိ၏ ယုံကြည်မှု ပေပင်။ သူတော်စင် သခင်သည် မြင့်မြတ်မြေ များ၌ပင် ရှားပါးချေ၏။
၎င်းတို့ကို ပေါ့ပေါ့ဆဆ ခရီးဝေး စေလွှတ်မည် မဟုတ်ချေ။ သူတို့ အနက်ရောင် ငှက်မွှေး နန်းတော်နှင့် ဓားစံအိမ် ပက်သတ်မှု ကြောင့်သာ မြို့တော်၌ သူတော်စင် တစ်ပါး ထားပေးခြင်း ဖြစ်သည်။
“ ဒါပေမယ့် အဲဒါက နောက်ဆုံး နည်းလမ်းပါ။ ”
ကျောက်ဝူကျိက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ အမှန်တွင် သူတော်စင် အဆင့် တန်ခိုးရှင်များသည် ပဋိပက္ခ များတွင် ပါဝင်ရန် ရှားပါးချေ၏။
၎င်းတို့ ပါဝင်ခဲ့မည် ဆိုလျှင် ဖြစ်ရပ်၏ သဘော သဘာဝသည် ပြောင်းလဲ သွားပေမည်။ ၎င်းသည် အင်အားစု နှစ်ခုကြား စစ်ပွဲ အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။
အထူးသဖြင့် အနက်ရောင် ငှက်မွှေး နန်းတော်နှင့် ကောင်းကင် တာအို ဂိုဏ်းသည် နောက်ပြန်ဆုတ် ကြမည် မဟုတ်ချေ။
“ အစ်ကိုကျောက် ... သူတို့ တည်နေရာ ရွေ့ပြောင်း အစီရင် ကနေ ထွက်သွားရင် ငါတို့ ဘယ်လို လုပ်မလဲ။ ”
“ တည်နေ ရွေ့ပြောင်း အစီရင်က ... ဓားစံအိမ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်၊ သူတို့ ဆန္ဒရှိသလို ထွက်သွားလို့ မရဘူး။ ”
ကျောက်ဝူကျိ အပြုံးတွင် ဝှက်ထားသော အဓိပ္ပါယ် တစ်ခုရှိ၏။ သုံးယောက်လုံး ချက်ချင်း နားလည် သွားသည်။
“ လျှို့ဝှက် ဓားစံအိမ်က လက်ခံပါ့မလား။ ”
ကျန်းပိုင်မှ စူးစမ်း၏။ ကျောက်ဝူကျိက ခေါင်းညိတ်လိုက်ပြီး၊
“ ဓားစံအိမ်မှာ ရှိတဲ့ လူတိုင်းက ... သူတို့ရဲ့ အုပ်စိုးရှင် သူတော်စင် ဓားကို ပေးလိုက်ချင်တာ မဟုတ်ဘူး၊ ဒါကြောင့် ဂိုဏ်း ခုနစ်ဂိုဏ်းနဲ့ ... ငါက သူတို့လမ်းကို ဟန့်တားမယ်၊ ...
... မင်းတို့ ဂိုဏ်းသုံးဂိုဏ်းက ဘေးမှာ ရပ်နေပါ၊ ငါကိုယ်တိုင် လှုပ်ရှားမှာမို့ ... တစ်ခုခု ဖြစ်သွားရင် ... အနက်ရောင် ငှက်မွှေး နန်းတော်က တာဝန်ယူမယ်။ ”
ထိုစကားကြားသော အခါတွင် သုံးယောက်သား သက်ပြင်းချ လိုက်ကြသည်။ အနက်ရောင် ငှက်မွှေး နန်းတော်မှ တာဝန်ယူ သည့်နောက် စိတ်ပူနေစရာ မရှိချေ။
“ အရာ အားလုံးပြီး သွားတဲ့အခါ ... အုပ်စိုးရှင် သူတော်စင် ဓားကို အနက်ရောင် ငှက်မွှေး နန်းတော်မှာ ထားပြီး၊ သုံးနှစ် နေရင် ငါတို့ အချင်းချင်း ပြိုင်ကြမယ်၊ ဘယ်သူပဲ ရရ မရတဲ့ လူတွေကို လျော်ကြေးပေးရမယ်။ ”
ကျောက်ဝူကျိမှ သူ့အစီစဉ် များကို ပြောကြား လိုက်သည်။
“ အဲ့ဒီအကြံ ကောင်းတယ်၊ ဘာပဲ ဖြစ်ဖြစ် ဓားက မဟာမိတ် အဖွဲ့မှာ ... ရှိနေမှာမို့ အတူတူ ပါပဲ။ ”
“ ဟုတ်တယ် ဒါက တရားမျှတ ပါတယ်။ ”
ဝမ်ချောင်းမှ မျက်မှောင်ကြုတ်ကာ၊
“ ကောင်းကင် တာအိုဂိုဏ်းက အမည်ခံ သူတော်စင် တစ်ပါးကိုပဲ စေလွှတ် လိုက်တာ သေချာလား၊ ဒါက ထူးဆန်း မနေဘူးလား။ ”
-ဟု သံသယဖြင့် ရေရွတ်လိုက်၏။
“ သူတို့က ယဲ့ချင်းရှန် ဓားငှားနိုင် လိမ့်မယ်လို့ မျှော်လင့်ထားပုံ မရဘူး၊ စိန်ခေါ်မှုရဲ့ လုပ်ထုံး လုပ်နည်းက ဖြတ်ကျော်ဖို့ ခက်ခဲတယ် မဟုတ်လား၊ ...
... ဒီရလာဒ်က လူတိုင်းရဲ့ မျှော်လင့်ချက်ထက် ကျော်လွန် နေပြီ၊ အမှန် အတိုင်း ပြောရရင် အရှေ့ဘက် ပျက်စီးမြေရဲ့ ဓားသမား တစ်ဦးက ... အုပ်စိုးရှင် ဓားငှား နိုင်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ”
ထိုအချိန်တွင် ကောင်းကင် တာအိုဂိုဏ်း ဌာနခွဲ၏ မြင့်မားသော ခေါင်မိုးကြီး တစ်ခုပေါ်၌ လင်းယွန် ရပ်နေ၏။ ဤနေရာမှ နေ၍ မြို့တော် တစ်ခုလုံးကို စီးမိုး မြင်နိုင်သည်။
ကောင်းကင် ငရဲ မြို့တော်၏ ဖွဲ့စည်းပုံ သဏ္ဍာန်သည် မီးအလင်းရောင်များ အောက်၌ နဂါး တစ်ကောင်နှင့် တူနေ၏။
လူတော်တော် များများ အိပ်မက်မက် နေသော အုပ်စိုးရှင် သူတော်စင် ဓားသည်၊ သူ့ဘေး၌ ငြိမ်သက်စွာ ရှိနေသည်။
၎င်းကို သိုလှောင် လက်ကောက်ထဲသို့ ထည့်ရန် ကြိုးစားသော်လည်း အသိအမှတ် ပြုမှုကို မခံယူ ရသေးသဖြင့် မရချေ။
ထို့ကြောင့် သူနှင့် အတူ မြင်မြင် ထင်ထင် သယ်ဆောင် နေရ၏။ ကောင်းကင်ရှိ တောက်ပ နေသော လမင်းကို မျှော်ကြည့်ကာ၊ အဖြူဝတ် လူ ပြောခဲ့သည့် စကားများ သတိရ လာသည်။
( ငါတို့ ပြန်ဆုံမယ် ... ။ )
ထိုလူသည် ဓားမဆွဲရန် သတိပေးခဲ့ပြီး၊ ၎င်းဓားမော့သည် သူ့ဓားကို စောင့်နေကြောင်း ပြောကြားလာသည်။ ထိုအချိန်၌ ကံကြမ္မာပင် သူတို့အား တား၍ မရဟု ဆို၏။
“ နေ့ခင်းက ဘာဖြစ် သွားတာလဲ။ ”
ခရမ်းငယ်က အဖြူရောင် ဝတ်စုံဖြင့် သူ့ဘေးနား ထွက်ပေါ် လာသည်။ သူမနှင့် သူ့ ကြားတွင် သဘာဝအတိုင်း လျှို့ဝှက်ချက် မရှိချေ။
ထို့ကြောင့် သူ့ဝေမျှမှုကို နားထောင် ပြီးနောက်၊ သူမ အကြည့်များ ပြောင်းလဲသွား တော့သည်။
“ အံ့သြစရာ ကောင်းတာက ငါ့ရဲ့ သိုင်းဝိညာဉ် ဓားက အဲဒီစီနီယာနဲ့ ဆက်စပ် နေပုံရတယ် ... ငါဘယ်သူလဲ။ ”
“ အဲဒါကို သိပ်ပြီး မစဉ်းစားနဲ့ ... ၊ ငါ့မျက်လုံးထဲ မှာတော့ ... နင်က လူယုတ်မာ တစ်ယောက်ပဲ၊ အဲဒီသခင် ပြန်လာတာ ဖြစ်နေ ရင်တောင် ... နင်က လူယုတ်မာ ဆိုတဲ့ အချက်ကို ပြောင်းနိုင်မှာ မဟုတ်ဘူး။ ”
ခရမ်းငယ်မှ ပြောကြား လိုက်သည်။ သူမစကားကြောင့် လင်းယွန်မှ ရယ်မော လိုက်၏။
သူ့အတွက် ထိုအဖြူဝတ် လူသည် ရင်းနှီးလွန်း ချေပြီ။ ၎င်း၏ မျိုးနွယ်စုဝင်များ ဖြစ်နိုင်၏။
မည်သို့ပင် ဆိုစေကာမူ ထိုသို့သော် ရှုပ်ထွေးမှုသည် ခရမ်းငယ် စကားများကြောင့် ပေါ့ပါးသွားသည်။
“ နင့်ရဲ့ ခန္ဓာကိုယ်ထဲက ဓားကို သူစောင့်နေတာ ဖြစ်နိုင်တယ်၊ နင့်ကို မဟုတ် လောက်ပါဘူး၊ တကယ်လို့ နင်နဲ့သူ ...
... ပတ်သတ်မှု ရှိတယ် ဆိုရင်တောင် ... အဲဒါက အတိတ်ပဲ ... လက်ရှိ နင် မဟုတ်ပါဘူး၊ အခု နင်က ပန်းသင်္ချိုင်း လင်းယွန် ... နင့်ဘဝထဲ ကနေ ... ငါ့ကို ဖယ်ထုတ်ဖို့ မစဉ်စားနဲ့။ ”
ခရမ်းငယ်မှ လင်းယွန်ထံ ကြည့်ကာ၊ လက်ဖဝါးကို ဖြန့်လျက် ဆန့်တန်း လိုက်သည်။ လင်းယွန်မှလည်း သူမ အမူအရာ အတိုင်း ပြန်ကာ လက်ဖဝါးချင်း ထိပေးလိုက်၏။
လက်ဖဝါး နှစ်ကြားက အပူချိန်ကို ခံစားလိုက်ရသည်။ သူတို့ နှစ်ဦးသည် အတိုင်း အတာ တစ်ခုအထိ အဖော်မဲ့ နေသူများ ဖြစ်သည်။
“ မင်း ... ပြောတာ မှန်တယ် ငါက ပန်းသင်္ချိုင်းပဲ၊ ဘယ်တော့မှ ပြောင်းလဲလို့ မရဘူး။ ”
လင်းယွန်က ဒေါသအိုးကို ကိုင်လိုက်၏။ ဆရာသခင် တစ်ယောက် သူတော်စင် ဒုက္ခကို ဖြတ်ကျော် နိုင်ပါက၊ ပန်သင်္ချိုင်း ဟူသည့် အမည်ကို ပြန်၍ ထုတ်ဖော်မည် ဖြစ်သည်။
ထိုအချိန်၌ လူရှေ့ သူရှေ့တွင် သွားလာ နိုင်မည် ဖြစ်သည်။ သည့်နောက် ထျန်ရွှမ်ဇီနှင့် ရန်ငြိုးကို ဖြေရှင်းပေမည်။
ရောင်နီ အလင်း ဝင်ရောက် လာချိန်၌ တရားထိုင် နေရာမှ မျက်လုံးများ ဖွင့်ကာ ထရပ် လိုက်သည်။ ထိုအချိန်တွင် မရဏ မိုးကြိုး တောင်ထိပ် သခင်မှ စိုးရိမ်တကြီး ရောက်ရှိလာ၏။
“ ယဲ့ချင်းရှန် ... တည်နေရာ ရွေ့ပြောင်း အစီရင် ဖျက်ဆီး ခံလိုက်ရပြီ၊ ငါတို့ ပြန်ချင်ရင် နယ်စပ်မှာ ရှိတဲ့ ... မြင့်မြတ်သော မဟာမိတ် အဖွဲ့ဆီကို သွားရလိမ့်မယ်။ ”
လင်းယွန်က အမူအရာ ပြောင်းလဲခြင်း မရှိချေ။ တစ်စုံ တစ်ယောက်သည် ဒေါသအိုးကို ဤမြို့မှ ထွက်ခွာ စေချင်ပုံ မရကြောင်း နားလည် လိုက်၏။
ယင်းသည် ဓားစံအိမ် ဖြစ်နိုင် သကဲ့သို့ အခြားလူ များလည်း ဖြစ်နိုင်မည်။ တည်ငြိမ် နေသော သူ့ အမူအရာကို မြင်ပြီး၊ မရဏ မိုးကြိုး တောင်ထိပ် သခင်က၊
“ မင်း ... သိနေတာလား။ ”
-ဟု မေးမြန်း လိုက်သည်။
လင်းယွန်မှ ဒေါသအိုးကို ကိုင်လျက် မြေပြင်ပေါ် ခုန်ဆင်းလာသည်။
“ စိတ်အေးအေးထား ... ဘယ်သူမှ ကျွန်တော် လက်ထဲက ပစ္စည်းကို ... လွယ်လွယ် ယူလို့ မရစေ ရဘူး။ ”
***