← Chapters

တိုက်ပွဲ ... ။

Vol. 149 Ch. 2082

တိုက်ပွဲ ... ။

Vol. 149 Ch. 2082

“ ငါတို့ ချက်ချင်း ထွက်မို့လား။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ အံ့သြသော မျက်ဝန်းများဖြင့် လင်းယွန်ထံ ကြည့်ကာ မေး၏။

လင်းယွန်မှ ခေါင်းညိတ် လိုက်ပြီး၊

“ တည်နေရာ ရွေ့ပြောင်း အစီရင်တောင် ဖျက်ဆီး ခံခဲ့ရတယ် ဆိုတော့ .. ဒီမြို့ရဲ့ ဌာနခွဲက မလုံခြုံ တော့ဘူး၊ နောက်ကွယ်မှာ ဘယ်သူ ရှိနေလဲ ဆိုတာ ကြည့်ရအောင်။ ”

-ဟု ပြန်လည် ဖြေကြား၏။

ဖုန်ဝူကျိ ရှိလျက်ဖြင့် တည်နေရာ ရွေ့ပြောင်း အစီရင် ဖျက်ဆီး ခံရခြင်းမှာ၊ သူ့ကို မကျေနပ်သူ တစ်ဦး ဓားစံအိမ်၌ ရှိသည်ဟု အဓိပ္ပါယ်ရ၏။

ဤဌာနခွဲသည် သူ့အား ကာကွယ်ရန် ခွန်အား မရှိချေ။ ထို့ကြောင့် သူတော်စင် အဆင့် တန်ခိုးရှင် သည်သာ ဝင်ရောက် စွက်ဖက်ခြင်း မရှိက ကြောက်နေစရာ မလိုသဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

“ သွားကြရအောင် ... ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲ ကြည့်ရမယ်၊ ကောင်းကင် တာအိုဂိုဏ်းကို အနိုင်ကျင့် နိုင်မယ်လို့ ထင်နေကြလား မသိဘူး။ ”

လင်းယွန် ထံမှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာ၏။ ယင်းက ယဲ့ချင်းရှန်အား ခေါင်းဆောင် တစ်ဦး အဖြစ် ခံစား မြင်ယောင်လာ မိသည်။

အပြောအဆိုနှင့် တည်ငြိမ်လွန်းသော အသွင်သည် သူ့အား သွေးများ ပွက်ပွက်ဆူ တုန်လှုပ် စေ၏။

“ ကောင်းပြီ ... ၊ ဟား ဟား ဟား ... ပြောတာကောင်းတယ် ... ဟား ဟား ဟား ... ငါတို့ တွေ့ကြမယ် ။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ရယ်သည်။ သူ သည်လည်း အားနည်းသူ မဟုတ်ချေ။

( မင်းတောင် မကြောက်တာ ... ငါက ဘာကို ကြောက်ရမှာလဲ။ )

ထိုအတွေးက သူ့ငယ်ဘဝကို ပြန်၍ သတိရလာ စေ၏။ နှစ်ယောက်သား ဌာနခွဲမှ မထွက်ခွာမီ တစ်ယောက်ကို တစ်ယောက် ပြုံးပြုံးကြီး ကြည့်လိုက် ကြသည်။

တည်နေရာ ရွေ့ပြောင်း အစီရင် ပျက်စီးခြင်းကြောင့် အင်အားစု များစွာမှာ လင်းယွန်တို့ ကဲ့သို့ပင် ဆုံးဖြတ်ကာ မြို့မှ ထွက်လာကြသည်။

တောင်ပိုင်း နယ်စပ်၌ မြင့်မြတ်သော မဟာမိတ် အဖွဲ့ပိုင် အစီရင် ရှိ၏။ တန်ကြေးပေး နိုင်သ၍ မည်သူမဆို အသုံးပြု နိုင်သည်။

“ မရဏ မိုးကြိုး သူတော်စင် ... ။ ”

မြို့တော်၏ လမ်းမများပေါ်၌ အင်အားစု အသီးသီး၏ တပည့်ငယ် သားများနှင့် စည်ကား နေသည်။

မြို့တော်မှ အထွက်တွင် ဓားဂိုဏ်းမှ တောင်ထိပ်သခင် မုချွမ်က ပြုံးလျက် နှုတ်ဆက် လာ၏။

သူ့နောက်တွင် ဓားဂိုဏ်း၏ တပည့်များ လိုက်ပါလာသည်။ ၎င်းတို့သည် လင်းယွန် တို့ကို တမင် စောင့်ဆိုင်း နေပုံရ၏။

“ ငါတို့ အတူတူ သွားရအောင် ... ။ ”

မုချွမ်မှ ပြုံးကာ ပြောသည်။ မရဏ တောင်ထိပ် သခင်မှ ပြုံးပြလျက်၊

“ မေ့လိုက်ပါ ... ငါတို့ မကြာခင် ဒုက္ခ ရောက်တော့မှာ၊ ပြီးတော့ ဒီကိစ္စကို ဓားဂိုဏ်းနဲ့ မပတ်သက် စေချင်ဘူး။ ”

-ဟု ပြောကြား လိုက်၏။

“ အဆင် ပြေပါတယ် ... ၊ ငါတို့က အရှေ့ဘက် ပျက်စီးမြေက လာတဲ့ အင်အားစု တွေပဲ မဟုတ်လား၊ အပြင်မှာ စည်းစည်းလုံးလုံး နေသင့်တယ်။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်က လင်းယွန်ထံ လှည့်ကြည့် လိုက်၏။ မည်သည့် အချိန်မှစကာ လင်းယွန်သည် ခေါင်းဆောင် နေရာကို ရရှိသွားမှန်း၊ သူ မသိတော့ချေ။

လင်းယွန်က ညိတ်ပြသည်။

“ ကောင်းပြီ ဒါဆို အတူတူ သွားရအောင်။ ”

မုချွမ်သည် သက်တံဓား သူတော်စင် တပည့်ဖြစ်ကာ၊ ကောင်းကင် မူလ အဆင့်တွင် ရှိ၏။

ထို့ကြောင့် သူနှင့် ခွန်အား တူညီသော မဟာမိတ် တစ်ယောက် ရရှိခြင်း ဖြစ်သဖြင့် သဘာဝ အတိုင်း ပျော်ရွှင်လေသည်။

“ ဓားဂိုဏ်းက ... ကောင်းကင် တာအို ဂိုဏ်းနဲ့ အတူတူ ပြန်တာလား၊ သူတို့ သေမှာ မကြောက် ကြဘူး။ ”

“ ဒါတော့ သေချာတယ် ... ၊ အခုက အုပ်စိုးရှင် သူတော်စင် လက်ရာမို့ ဘယ်သူမဆို သွေးဆောင်ခံ ရမှာပဲ၊ မြို့တော် အပြင်ကို ရောက်တာနဲ့ အေးချမ်းမှာ မဟုတ်ဘူး။ ”

ဓားဂိုဏ်းသည် ကောင်းကင် တာအိုဂိုဏ်း နှင့်အတူ လျှောက်လှမ်း နေသည်ကို မြင်ချိန်၌ လူများစွာက ခေါင်းယမ်း ကြသည်။

သူတို့ မျှော်လင့်ထားသည့် အတိုင်းပင် မြို့တော်နှင့် မိုင်ရာဂဏန်း အကွာ ရောက်သော အခါ လူတစ်စုက လမ်းကို ပိတ်ဆို့ထား၏။

အနက်ရောင် ငှက်မွှေးနန်းတော်မှ ဦးဆောင်ကာ၊ မိုးနှင်းမြူ စံအိမ်၊ လရောင်ရေစင် တောင်တန်းနှင့် မိုးတိမ်ဂိုဏ်းတို့ ဖြစ်သည်။

၎င်းတို့ နောက်၌ မြင့်မြတ်မြေ (၇)ပါးက သားရဲများ စီးနင်းခြင်း၊ သို့မဟုတ် လေသင်္ဘော စီးခြင်း စသည်ဖြင့်၊ အင်အားပြ ပျံဝဲနေ၏။

“ ယဲ့ချင်းရှန် ... ငါ့ဓားကျွန်ကို သတ်ပြီး မင်းထွက်သွား နိုင်မယ်လို့ ထင်နေတာလား။ ”

ကေျာက်ဝူကျိက အနက်ရောင် ငှက်မွှေး နန်းတော်၏ အကြီးအကဲများနှင့် တပည့်များကို ဦးဆောင်လျက် မေးမြန်းလာ၏။

ဤမြင်ကွင်းကို မြင်သောအခါ ဓားဂိုဏ်း၏ တပည့်များ မျက်နှာများ ပြောင်းလဲ သွားသည်။ လင်းယွန်မှာ ထိတ်လန့်ခြင်း မရှိဘဲ၊

“ တိုက်ပွဲနဲ့ သေခြင်းက ယှဉ်တွဲနေတာပဲ ဒါက သဘာဝကျပါတယ်။ ”

-ဟု ပြန်ဖြေ၏။

“ အနက်ရောင် ငှက်မွှေး နန်းတော်ရဲ့ ဓားကျွန်တွေကို အရင်းအမြစ် မြောက်များစွာနဲ့ ပြုစု ပျိုးထောင်ထား ရတာ၊ သူတို့ကို သတ်ဖို့ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ”

“ ဘာလို့ သူနဲ့ အချိန်ဖြုန်း နေတာလဲ၊ သူ့ကိုသတ်ပြီး ... အသက် အစား ပြန်ယူလိုက် ရအောင်။ ”

“ ဒီနေရာက အရှေ့ဘက် ပျက်စီးမြေ မဟုတ်ဘူး၊ ဓားမဟာမိတ် အဖွဲ့ရဲ့ မြင့်မြတ်မြေ ဆိုတာ သိအောင်ပြမယ်။ ”

အနက်ရောင် ငှက်မွှေး နန်းတော်သည် တရားမျှတမှုကို ဦးထိပ်ထားသော ဂိုဏ်းတစ်ခု မဟုတ်ချေ။

သူတို့တွင် အစီအစဉ် ရှိပြီးသား ဖြစ်ပြီး လင်းယွန်ကို လွှတ်ရန် ရည်ရွယ်ချက် မရှိသဖြင့်၊ ဓားကျွန် တစ်ဦးအား သတ်ခြင်း အပေါ် အကြောင်းပြချက် သုံးလိုက်၏။

“ ဓားမဟာမိတ် အဖွဲ့က ... ကောင်းကင် တာအိုဂိုဏ်းရဲ့ ပါရမီရှင်ကို တကယ် အနိုင်ကျင့် ဝံ့တယ်လား။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်က အေးစက်စွာ ဝင်ပြောလာ၏။ သူ့ထံမှ သိပ်သည်း လွန်းသည့် ရောင်ဝါများ လွင့်လာသည်။

သူ ဟူသည် ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင် ဖြစ်ကာ သူတော်စင် ဖြစ်ရန် ခြေတစ်လှမ်း မျှသာ လို၏။

အနက်ရောင် ငှက်မွှေး နန်းတော်၏ ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင် အကြီးအကဲ တစ်ပါး လှမ်းတက် လာပြီး၊

“ ကောင်းကင် တာအို ဂိုဏ်းက ... အနက်ရောင် ငှက်မွှေး နန်းတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်က အင်အားစု တစ်ခုများ ထင်နေတုန်းလား။ ”

-ဟု ပြန်လည် မေးခွန်း ထုတ်လိုက်၏။

မုချွမ်က မရဏ မိုးကြိုး တောင်ထိပ် သခင်အနား လှမ်းတက် လာကာ၊

“ အနက်ရောင် ငှက်မွှေးနန်းတော်က နတ်မိစ္ဆာတံခါးနဲ့ ရင်းနှီးတဲ့ ... မိစ္ဆာနန်းတော် တစ်ခုလို့ ပြောတာ ငါကြားဖူးတယ် ...

... ဒါက အမှန် ဖြစ်နေတာပဲ၊ အုပ်စိုးရှင် ဓားကို မင်းလိုချင်ရင် လိုချင်တယ် ... ပွင့်ပွင့် လင်းလင်း ဝန်ခံပါ။ ”

-ဟု လှောင်ပြောင် လိုက်သည်။ မရဏ မိုးကြိုး တောင်ထိပ် သခင်မှလည်း ခေါင်းညိမ့် လိုက်၏။

“ ဒီနေ့ လှုပ်ရှားဝံ့တဲ့ ... ဘယ်သူမဆို အသက်နဲ့ သေခြင်းပဲ ... ဒါကို ငါ့ရဲ့ ကောင်းကင် တာအိုဂိုဏ်းက ဘယ်တော့မှ ... မေ့နေမှာ မဟုတ်ဘူး။”

“ မင်းကိုယ်မင်း ... ကောင်းကင် တာအိုဂိုဏ်းကို ကိုယ်စားပြု တယ်လို့ ထင်နေ တာလား၊ မင်းကို သတ်ရတာ ခွေးသတ် ရတာ ထက်တောင် လွယ်ပါတယ်၊ ယဲ့ချင်းရှန် ... ဒီကိုလာ ... ။ ”

အနက်ရောင် ငှက်မွှေး နန်းတော်၏ အမည်ခံ သူတော်စင် အကြီးအကဲက လက်ကို ဝှေ့ယမ်းကာ မြင့်မြတ်သော မီးတောက်များ ထုတ်လွှတ် လိုက်သည်။

လင်းယွန် တစ်ဝိုက်ရှိ လေဟာနယ်တွင် လေစုပ်ဝဲ တစ်ခု ဖြစ်ပေါ်လာ၏။ လင်းယွန် ခမျာ ဟန်ချက်ပျက် ယိမ်းယိုင် သွားသည်။

သို့သော် အရေးကြီးသော အခိုက်တွင် ဓားနှလုံးသား အသက်ဝင် လာကာ၊ ၎င်းအား ဖြိုခွဲပစ် လိုက်၏။

အနက်ရောင် ငှက်မွှေး နန်းတော်၏ အကြီးအကဲမှာ မျက်မှောင်ကြုတ်လျက် ရောင်ဝါ တိုးမြှင့် လိုက်တော့သည်။

ဤတစ်ကြိမ်၌ ကောင်းကင်နှင့် မြေကြီး တုန်ယင်လာပြီး၊ ယခင်ထက် အဆ အနည်းငယ် ပြင်းထန် ချေပြီ။

“ မင်းဘယ်လို သတ္တိရှိလဲ ... ထွက်သွား။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်က အော်ငေါက်လျက်၊ ခြေလှမ်း တစ်လှမ်းတက်ကာ သူတော်စင် ရောင်ဝါဖြင့် ပိတ်လိုက်၏။

၎င်းကြောင့် အနက်ရောင် ငှက်မွှေး နန်းတော်၏ အမည်ခံ သူတော်စင်မှာ ဒေါသ ထွက်သွားသည်။

“ မင်း သေချင် နေတာပဲ။ ”

ထိုအကြီးအကဲမှ ဦးစွာ လှုပ်ရှားလာ တော့သည်။ မြင့်မြတ်သော မီးတောက်များ လောင်ကျွမ်းလျက် လက်ဖဝါး တစ်ချက် လွင့်လာ၏။

ထိုလက်ဖဝါးသည် တောင်နှင့်မြစ်ကို အလွယ်တကူ ဖျက်ဆီး နိုင်သည်။ မရဏမိုးကြိုး တောင်ထိပ် သခင်မှလည်း ဆံပင်များ တဖျပ်ဖျပ် ခတ်ကာ ပြန်လည် ရင်ဆိုင်၏။

“ ဖပ် ... ။ ”

လက်ဖဝါးနှစ်ဖက် ထိပ်တိုက် တွေ့သော အခါတွင် မိုင်ထောင်ချီ အကွာအဝေး အတွင်းရှိ တိမ်တိုက်များ အလိမ့်လိမ့် ပြိုကွဲကုန်သည်။

၎င်းတို့ထံမှ ပျံ့ကားလာသော ရောင်ဝါ လှိုင်းများသည် အမည်ခံ သူတော်စင် နယ်ပယ် အောက်မှ လူများစွာကို တွန်းထုတ်ပစ်၏။

“ ကောင်းကင် တာအို ဂိုဏ်းနဲ့ ... အနက်ရောင် ငှက်မွှေး နန်းတော် တိုက်နေပြီ။ ”

“ အနက်ရောင် ငှက်မွှေး နန်းတော်က မြင့်မြတ်မြေ (၁၁)ပါးကို ဦးဆောင်ပြီး အုပ်စိုးရှင် ဓားကို လုယူနေပြီ။ ”

“ ကောင်းကင် တာအိုဂိုဏ်းက ... သူတို့ဂိုဏ်းချုပ် မရှိတော့လို့ ချိနဲ့နေတာ ကြာပြီ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက် ကသာ ဆိုရင်၊ ဘယ်သူမှ သူတို့ကို အနိုင် မကျင့်ဝံ့ဘူး။ ”

“ ယဲ့ချင်းရှန်တော့ သွားပြီ ... အမည်ခံ သူတော်စင်တွေ အများကြီးပဲ ... သူ လွတ်နိုင်မှာ မဟုတ်ဘူး။ ”

တိုက်ပွဲ နေရာသည် လွင်ပြင်ကြီး တစ်ခု ဖြစ်သောကြောင့် အနီးဝန်းကျင်၌ အင်အားစု အသီးသီး အတွက် စောင့်ကြည့်ရန် ကောင်းစွာ ကျယ်ပြောလေသည်။

“ သွား ... မြန်မြန် သတ်လိုက်။ ”

“ အဲဒီကောင်လေးကို သတ်ပြီး ဓားကိုယူ ... ။ ”

အနက်ရောင် ငှက်မွှေး နန်းတော်မှ ကောင်းကင် မူလအဆင့် အမည်ခံ သူတော်စင် (၄)ပါး၊ မရဏ အဆင့် (၈)ပါးနှင့် မိုးပြာ မူလ အဆင့် (၁၀)ပါးကို စေလွှတ်ခဲ့သည်။

ဤပွဲအတွက် သူတို့ ဌာနခွဲတွင် ရှိသော ကျွမ်းကျင်သူ အားလုံးကို ခေါ်ယူလာခြင်း ဖြစ် ချေ၏။

“ ဓားဂိုဏ်း ... နားထောင်ပါ၊ ယဲ့ချင်းရှန်ကို ကာကွယ် ... ။ ”

မုချွမ်မှ အနက်ရောင် မီးတောက်များ ထုတ်ဖော်လျက် အမိန့် ပေးလိုက်သည်။ သူ့ ပတ်ဝန်းကျင် တစ်ခုလုံး အသက်ဓာတ်များ ရုတ်တရက် ခမ်းခြောက် သွား၏။

လင်းယွန်က မုချွမ်ကို လှည့်ကြည့်ကာ သူ့သွေးများ ပွက်ပွက်ဆူ လာသည်။ ဓားဂိုဏ်းမှ ကူညီရန် တွေဝေခြင်း မရှိချေ။

မုချွမ်သည် သန်မာသဖြင့် ပြိုင်ဘက် နှစ်ယောက်ကို ရင်ဆိုင်သည်။ ထိုမျှသာ မကဘဲ မရဏ မူလ အဆင့်မှ အမည်ခံ သူတော်စင် များကို ထပ်မံ ပိတ်ဆို့ထား၏။

သူ့ထံမှ အနက်ရောင် စွမ်းအင်သည် ဧရာမဓားကြီး အဖြစ် ဖွဲ့စည်း ဖြစ်ပေါ်လာကာ၊ မရဏ မူလအဆင့်မှ အမည်ခံ သူတော်စင် နှစ်ပါးကို နောက်ပြန် ဆုတ်စေသည်။

“ အစ်ကိုမု ... အထင်ကြီးစရာ ပါပဲ၊ ဟား ဟား ဟား ... ။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ကျယ်လောင်စွာ ရယ်မော လိုက်၏။ သူ့ထံမှ နက်ပြာရောင် အခိုးအငွေ့များ ထွက်လာကာ၊ လမင်း တစ်စင်း ဖြစ်ပေါ် လာသည်။

ယင်းတိုက်ပွဲကို ကြည့်ရှု နေခဲ့သော ကောင်းကင်မှ အင်အားစု အသီးသီးမှာ တုန်လှုပ် ကုန်တော့၏။

သို့သော် သူတို့သည် ဆုတ်ခွာမှု လမ်းကြောင်းကိုသာ ပိတ်ဆို့ထားရန် တာဝန်ရှိ သဖြင့် ကံကောင်း ချေပြီ။

မိုးနှင်းမြူ စံအိမ်၊ လရောင် ရေစင် တောင်တန်းနှင့် မိုးတိမ်ဂိုဏ်း တို့ပင် ပါဝင်ရန် မလိုချေ။ ဘေးမှ ကြည့်နေရုံသာ ပေပင်။

“ ယဲ့ချင်းရှန် သေလိုက်တော့ ... ။ ”

မိုးပြာ မူလ အဆင့်မှ ကျွမ်းကျင်သူ တစ်ပါးက လင်းယွန်ထံ လက်ဖဝါးဖြင့် ရိုက်ချ လာ၏။ လင်းယွန် အတွက် ဓားဆွဲရန် အချိန် မရတော့ချေ။

နေနတ်ဘုရားအား ဖမ်းဆီးခြင်းကို သုံးကာ ဆုတ်ခွာ ရှောင်တိမ်း လိုက်ရသည်။

“ ဟား ဟား ဟား ... မင်း လွတ်မယ်ထင်နေလား။ ”

ထိုအမည်ခံ သူတော်စင်မှ ရယ်သည်။ သူ့ကျင့်ကြံမှုသည် မိုးပြာ မူလ အဆင့် အထွတ် အထိပ်တွင် ရှိပြီး၊ အသက် ရာဂဏန်း ရှိ၏။

ထို့ကြောင့် စွမ်းအား အပြည့်ဖြင့် တိုက်ခိုက်သော အခါတွင် လင်းယွန် အတွက် ရှောင်ရန် မှတပါး ရွေးချယ်စရာ မရှိချေ။

“ ယဲ့ချင်းရှန် ဖမ်း ... ။ ”

ယဲ့ဇီလင်မှ ရှုပ်ထွေးသော အသွင်ဖြင့် နဂါးဖြူဓားကို ပစ်ပေး လိုက်၏။ လင်းယွန်က သူမထံ လှည့်ကြည့်လျက် ဓားကို အလိုအလျောက် ဖမ်းယူသည်။

ဤဓားသည် သူမအား သူ ပေးခဲ့သော နဂါးမျိုးနွယ် ရတနာ ဖြစ်၏။ သူမနှင့် ပတ်သတ် သည့် အတိတ်မှ မြင်ကွင်းများ ပြန်၍ မြင်ယောင် လာသည်။

ထိုအချိန်တွင် သူ့ဒါန်တမ်ရှိ ဓားထံမှ အနက်ရောင် ဓားရောင်ဝါများ ထွက်လာပြီး နဂါးဖြူဓား အတွင်း စီးဝင်သွား၏။

ယခင်အချိန်များ ဆိုက နဂါးဖြူဓား အက်ကွဲသွား နိုင်ပေသည်။ ယခု အကြိမ် တွင်မူ ၎င်းဓားမှ နဂါးဖြူဓားကို ထိန်းချုပ်လာ၏။

အမှန် ဆိုရသော် နဂါးဖြူဓားသည် ပန်းသင်္ချိုင်းဓား ထက်ပင် အားနည်း ချေသည်။ သို့သော် နဂါးပြာ အရိုးကြောင့် သူနှင့် ကိုက်ညီ သည်ဟု ခံစားရ၏။

“ ဓား ကောင်းတယ် ... ။ ”

လင်းယွန်က ဝမ်းသာ သွားသည်။ အမည်ခံ သူတော်စင်ဘုံသို့ မရောက်ရှိမီ ဘုန်းသူတော်စင် လက်ရာ၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်ရန် မည်သူမဆို ခက်ခဲပေမည်။

သို့သော် နဂါးဖြူဓားသည် ထိုအဆိုကို ဆန့်ကျင်၏။ ကြယ်ဓား သွန်းလောင်း မိချိန်၌ နဂါးဖြူ တစ်ကောင် ပျံထွက်လာသည်။

၎င်းက ကောင်းကင်ပေါ် ပျံတက်ပြီး၊ အားကောင်းသော နဂါးရောင်ဝါဖြင့် ထိုအမည်ခံ သူတော်စင်ကို ပြန်၍ တွန်းထုတ် လိုက်သည်။ ဟောက်သံများ ပဲ့တင်ထပ် လာ၏။

“ ဒါ ... နဂါး မိသားစုရဲ့ ဘုန်းသူတော်စင် ဓားတစ်လက်ပဲ၊ ဘာများ ကြောက်စရာ ရှိလို့လဲ။ ”

မိုးပြာ မူလ အမည်ခံ သူတော်စင်က ဟန်ချက်ထိန်းကာ၊ သူ့ကိုယ်သူ အားပေးဟန် ပြောကြား လိုက်သည်။

“ ဒါပေမယ့် မင်းကို သတ်ဖို့ လုံလောက်ပါတယ်။ ”

လင်းယွန်မှ နဂါးဖြူဓားကို ကိုင်လျက် ပြုံးရယ်ပြီး ထိုအမည်ခံ သူတော်စင်ထံ ပြေးဝင် လိုက်တော့သည်။

***

All Chapters