← Chapters

သတ် ... ။

Vol. 149 Ch. 2083

သတ် ... ။

Vol. 149 Ch. 2083

နဂါးဖြူဓားမှ လခြမ်း ပုံသဏ္ဍာန် ရှိသော ဓားရောင်ခြည် ထွက်လာပြီး ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များကို လေဆင် နှာမောင်း အသွင် စုပ်ယူတော့သည်။

​လေဆင်နှာမောင်း အတွင်း ငရဲပန်း ပွင့်ချပ်များဖြင့် ပြည့်နှက်နေကာ သေခြင်းနှင့် ပျက်စီးခြင်း တရားများ ပါဝင်နေ၏။

ထိုစဉ် လက်ဖဝါးများက မိုးအ​ဖြစ် ရွာချ လာသည်။ နဂါးဖြူဓားမှ ၎င်းကို တားဆီးရန် နတ်နဂါး အဖြစ်သို့ ပြောင်းလဲသွား၏။

နတ်နဂါး ကြီးက မယုံနိုင်ဖွယ် အရှိန်အဟုန်ဖြင့် ထွက်လာသော အခါ၊ အမည်ခံ သူတော်စင် အနားရှိ ရောင်ဝါများ တိုက်စား ခံလိုက်ရသည်။

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

မိုးပြာ မူလ အမည်ခံ သူတော်စင်၌ ဒဏ်ရာများ ရရှိကုန်သည်။ နှစ်ပေါင်း နှစ်ရာကြာ ကျင့်​ကြံထားသော သူ့ခွန်ကို တားဆီး နိုင်စွမ်း ရှိသည်မှာ၊ ယုံနိုင်စရာ မရှိချေ။

အရေးအကြီးဆုံးသည် ဓားရောင်ခြည် အတွင်း ပါရှိသော ငရဲ စွမ်းအင်မှ သူ့ခန္ဓာထဲ ဝင်ရောက် လာခြင်းဖြစ်၏။

“ ဝေါ့ ... ။ ”

တုန်လှုပ် ချောက်ချားလျက် နောက်ထပ် သွေးတစ်လုတ်ကို ထုတ်လိုက်သော အခါမှသာ သက်သာသွားသည်။

“ ကောင်းလိုက်တဲ့ ဓား ... ။ ”

လက်ထဲက ဓားကိုကြည့်ပြီး လင်းယွန်မှ ချီးကျူးလိုက်သည်။ ဓားသည် မြူမှုန်ကင်းစင်စွာ တောက်ပနေပြီး သူ့ရုပ်သွင်အား ပြန်မြင် ရစေ၏။

ဆံပင်များက လေထဲ တဖျပ်ဖျပ် လွင့်မျောကာ ရုပ်ရည် ချောမော ကြည့်ကောင်း လေသည်။

ဒါန်တမ်အတွင်းရှိ ‘ဓား’ကို တဝက်တိတိ ဆွဲထုတ် ပြီးနောက် ထူးခြားသော စွမ်းအင်များ အံ့အားသင့်ဖွယ် ရရှိလာသည်။

နှစ်ပေါင်းများစွာ အနှောက်အယှက် ဖြစ်စေသော ဓားကျိုးစေသည့် ပြဿနာများ သည်လည်း ပြေလည်သွားပြီ ဖြစ်၏။

“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓားရောင်ဝါလဲ၊ ကြောက်စရာ ကောင်း လိုက်တာ။ ”

“ နိဗ္ဗာန်-အဋ္ဌမ အသွင် ကူးပြောင်းရေးက လူတစ်ယောက်က ဒီအတိုင်း အတာအထိ ဓားရဲ့ အစွမ်းကို ထုတ်ယူ ပြသနိုင်တယ် ဆိုတာ မယုံနိုင်စရာ ပါပဲ။ ”

“ သူက ဖုန်ရှောက်ယွီကို တိုက်တုန်း ကထက် ပိုသန်မာနေတယ်။ ”

ဖုန်ရှောက်ယွွီနှင့် ရန်ပွဲအတွင်း ယဲ့ချင်းရှန်သည် ခွန်အား ထိန်ချန် ထားကြောင်း လူအုပ်​ကြီးမှ သတိပြုမိ လာ၏။

( သူ့ငရဲစွမ်းအင် တွေက ငါ့ထက် သာလွန်တော့မယ် ... ။ )

ဤမြင်ကွင်းကြောင့် မုချွမ် ခမျာ ကူကယ်ရာမဲ့စွာ ပြုံးမိသည်။ လင်းယွန် အသက် ရှင်နေ သရွေ့ ဓားဂိုဏ်းကြီး ​ပြန်လည် ထွန်းကား လာမည် ဖြစ်၏။

“ ဓားဂိုဏ်းရဲ့ တပည့်တွေ အရှေ့ဘက် ပျက်စီးမြေ အတွက် သိက္ခာ ရှိပါစေ။ ”

“ နားလည် ပါပြီ ... ။ ”

ယဲ့ချင်းရှန် စွမ်းရည်သည် လူတိုင်း၏ တိုက်ပွဲဝင် စိတ်ဆန္ဒကို များစွာ မြှင့်တင်ပေး နိုင်ခဲ့သည်။

“ တောက် ... သေစမ်း၊ ဒီဓားဂိုဏ်းက တကယ် အားကောင်းတယ်၊ သူတို့ကိုယ် သူတို့ မြင့်မြတ်မြေ မဟုတ်တော့တာ သတိ မရကြ တော့ဘူးလား။ ”

“ ပန်းသင်္ချိုင်းသာ သူတို့နဲ့အတူ ရှိနေ သေးရင် ... ဓားဂိုဏ်းက ဒီထက် ပိုအားကောင်း လာမှာ သေချာတယ်။ ”

“ ရန်သူ နှစ်ယောက်ကို ရင်ဆိုင်နေတဲ့ အမည်ခံ သူတော်စင် ကိုလည်း ကြည့်ပါဦး၊ အဲဒါ သက်တံဓား သူတော်စင် တပည့် မုချွမ်ပဲ၊ သာမာန် သူတော်စင် သခင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။”

“ သူတို့မှာ လုံးဝ ကြောက်စိတ် မရှိဘူး၊ ဓားသမား တစ်ယောက်ရဲ့ ... ကျေးဇူး​တော်ကို အပြည့်အ၀ ပြသ​နေတယ်၊ ဒီလို ဂိုဏ်းမျိုးမှာ နေရရင် ပျော်စရာ အရမ်းကောင်းမယ်။ ”

ဓားဂိုဏ်း၏ တိုက်ပွဲဝင် စိတ်ဓာတ်သည် လူတိုင်းကို ထိတ်လန့် သွား​စေ၏။ ယ​နေ့တွင် အနက်ရောင် ငှက်မွှေး နန်းတော်သည် ၎င်းတို့ကြောင့် ခက်ခဲ သွားချေပြီ။

“ သေစမ်း ... ကျန်တဲ့ လူတွေကို ဂရုမစိုက်နဲ့၊ ဒီကောင့်ကို အရင်သတ် ... ။ ”

အနက်ရောင် ငှက်မွှေး နန်းတော်၏ ကောင်းကင်မူလ အဆင့် အမည်ခံ သူတော်စင်မှ စိုးရိမ်တကြီး အမိန့်ပေး လာသည်။

မိုး​ပြာ မူလ အမည်ခံ သူတော်စင် လေးယောက် လင်းယွန်ထံ ချက်ချင်း ပြေးဝင် လာတော့သည်။

မုချွမ်နှင့် မရဏ မိုးကြိုး တောင်ထိပ် သခင်သည် အားကောင်း သော်လည်း ရန်သူမှာ အရေအတွက် များလွန်းနေ၏။

ကျန်းယွင်ရှင်းနှင့် ကူဇီကျန်းသည် အစပိုင်းတွင် ကူညီရန် ရည်ရွယ်ချက် ရှိသည်။ သို့သော် ယဲ့ချင်းရှန်မှ အမည်ခံ သူတော်စင် များကို ဒဏ်ရာများ ပေးနိုင်သည်ကို မြင်​ပြီး တုန်လှုပ်စွာ ရပ်ကြည့် နေမိ၏။

မိုးပြာ မူလ အဆင့်သည် ၎င်းရှေ့၌ အသုံးဝင်ပုံ မရချေ။

“ အနက်ရောင် ငှက်မွှေး နန်းတော်မှာ ... မိုးပြာ မူလ အဆင့် အမည်ခံ သူတော်စင် တွေပဲ ရှိတာလား၊ အရမ်း အားနည်းတယ်။ ”

“ မင်း သေချင်နေတာလား။ ”

“ ဘယ်လို​တောင် မာနကြီး လိုက်လဲ။ ”

“ ယဲ့ချင်းရှန် ... ဒီနေ့ မင်းရဲ့ သေနေ့ပဲ။ ”

မိုးပြာ မူလ အမည်ခံ သူတော်စင် လေးပါးသည် အနှစ် နှစ်ရာ သက်တမ်း ရှိသော သူတို့၏ ရောင်ဝါကို ထုတ်ဖော်လျက် ဒေါသတကြီး ထွက်လာ ကြသည်။

၎င်းတို့သည် သူတော်စင် တာအိုကို နားမလည် သော်လည်း မိုးပြာ မူလ အဆင့်မှ ပါရမီရှင် များအား အလွယ်တကူ ချေမှုန်း နိုင်သည်။

လေးယောက်သား နက္ခတ်များကို ဆင့်ခေါ်ကာ အပြင်းထန်ဆုံး တိုက်ခိုက်မှုများ ထုတ်ဖော် လိုက်ကြ၏။

“ အနက်ရောင် ငှက်မွှေး ... ။ ”

လေးယောက်လုံး၏ နောက်၌ နတ်ဆိုး မီးတောက်များ ဖုံးလွှမ်းနေသော အနက်ရောင် တောင်ပံများ ပေါ်လာသည်။

“ အနန္တ ဓားများ ပေါင်းစည်းခြင်း ... ။ ”

လင်းယွန်မှ လှုပ်ရှားမှု တစ်ခု ပြုလုပ် လိုက်သည်။ သို့သော် ပြိုင်ဘက် အပေါ် အထင် သေးနေဆဲ ဖြစ်သည်။ လေးစားမှု မရှိချေ။

အဘယ့်ကြောင့် ဆိုသော် ပိုးစုန်းကြူး နတ်ဓား၏ ပထမပုံစံ ဖြင့်သာ တိုက်ခိုက်မှုကို ဖြေရှင်းရန် ကြိုးစားနေ သောကြောင့် ဖြစ်၏။

လင်းယွန် (၁၃)ယောက် ထံမှ ဓားအလင်းများ ထွက်လာပြီး ကြောက်မက်ဖွယ် ဖိအားများ ပေးစွမ်း လာသည်။

“ ရွှပ် ... ။ ”

“ အား ... ။ ”

မိုးပြာ မူလ အမည်ခံ သူတော်စင် နှစ်ပါး ခမျာ လက်နှစ်ဖက် တိခနဲ ပြတ်ကျသွား သဖြင့် နာကျင်စွာ အော်ဟစ် တော့၏။

“ နောက်ဆုတ် ... ။ ”

ထိတ်လန့်စွာဖြင့် အချင်းချင်း လက်ပြကာ ဆုတ်ခွာ လိုက်ကြသည်။ သို့သော် လက်ဖြတ်ခံ ထားရသော အမည်ခံ သူတော်စင် နှစ်ဦးမှာ၊ ထပ်ခြမ်းခွဲ ခံလိုက်တော့၏။

ထိတ်လန့်စရာ မြင်ကွင်းမျိုး ပေပင်။ ကူဇီကျန်းနှင့် ကျန်းယွင်ရှင်းမှာ ခံစားချက်များ ထုံကျင်သွားသည်။

ဤယဲ့ချင်းရှန်သည် ရက်စက် လွန်း၏။ အဆုံးတွင် ဓားညီလာခံ စည်းမျဉ်းများကြောင့် ပြိုင်ဘက်များကို မသတ်ခြင်း ဖြစ်ချေပြီ။

သူ၏ လူသတ်ရန် ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်သော အခါတွင်၊ သွေးဆာနေသူ တစ်ဦးကဲ့သို့ ချက်ချင်း ပြောင်းလဲသွားသည်။

“ နဂါးပြာမှတ်တမ်း မပေါ်ခင် အမည်ခံ သူတော်စင် နယ်ပယ်ကို ရောက်နိုင်ရင်၊ သူ့က နေရာ တစ်ခုရမှာ သေချာတယ်၊ သန့်ရှင်းသော သားတော် တွေအောင် သူ့လောက် အရည်အချင်း မရှိဘူး။ ”

“ ဒါပေမယ့် သူက နည်းနည်း နောက်ကျတယ် ... သူသာ ဒီထက် စောစော ပေါ်လာ နိုင်ရင်၊ ကောင်းကင်လမ်း ကိုးလမ်းရဲ့ ချန်ပီယံတွေကို လိုက်မီနိုင်မယ်။ ”

“ ကောင်းကင်လမ်း ချန်ပီယံ တွေက ကြောက်စရာ ကောင်းပြီး ... အရမ်း ရက်စက် ကြတယ်။ ”

ပတ်​ဝန်းကျင်​မှ ​ဆွေး​နွေးသံများ ထွက်ပေါ်လာ၏​။ လူတိုင်းက တစ်ဖက်သတ် တိုက်ပွဲ ဖြစ်မည်ဟု ထင်နေမိ ကြသော်လည်း ပြောင်းပြန် ဖြစ်သွားသည်။

“ အသက် ပြန်ဝင် လာသော သစ်ခြောက်ပင်။ ”

“ နေထွက်ခြင်း ... ။ ”

“ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းများ ... ။ ”

“ ငွေရောင် သစ်ပင်မှ၊ မီးလျှံ ပန်းတစ်ပွင့်။ ”

ထိုအချိန်တွင် လင်းယွန်က ပိုးစုန်းကြူး နတ်ဓား၏ သူတော်စင် ပုံစံကို ထုတ်ဖော်ကာ၊ ကျန်နှစ်ယောက်ထံ တိုးဝင် သွားသည်။

မိုးပြာ မူလ အဆင့် အမည်ခံ သူတော်စင် နှစ်ဦး ခမျာ ဒဏ်ရာများ တိုးလာ​ပြီး ဆက်၍ ဆုတ်ခွာ ပေးနေ ရသည်။

သူတို့သည် ယဲ့ချင်းရှန်၏ ပြိုင်ဘက် မဟုတ်မှန်း သိလိုက်၏။ ထို့ကြောင့် အမိန့်ပေး နေသော အကြီးအကဲ ခေါင်းဆောင်က ကူညီပေး ရတော့သည်။

“ ဒါ ... နတ်မိစ္ဆာ သူတော်စင် သွေးအဆောင်ပဲ။ ”

“ အနက်ရောင် ငှက်​မွှေး နန်းတော်က ... နိဗ္ဗာန် အဆင့်က တစ်စုံ တစ်ယောက်ကို သတ်ဖို့ ဒါကို သုံးနေတာလား ... စက်ဆုပ်ဖွယ် ကောင်းလိုက်တာ။ ”

“ ကောင်းကင် မူလအဆင့် အမည်ခံ သူတော်စင်​တောင် နတ်မိစ္ဆာ သူတော်စင် သွေး ရဲ့ ပေါက်ကွဲအားကို မခံနိုင်ဘူး၊ ယဲ့ချင်းရှန် တစ်ယောက် ဒုက္ခရောက်ပြီ။ ”

ကောင်းကင် မူလ အမည်ခံ သူတော်စင် အကြီးအကဲက ကြက်သွေးရောင် သူတော်စင် သွေးအဆောင်ဖြင့် ပစ်ပေါက်လာ၏။ လူများစွာမှ စိုးရိမ်သွားသည်။

“ သေ လိုက် တော့ ... ။ ”

“ ဝုန်း ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုး မီးတောက်များ ပေါက်ကွဲလာကာ၊ ကောင်းကင် ကြက်သွေးရောင် ပြောင်းသွားသည်။

လင်းယွန်က လျင်မြန်စွာ ရှောင်တိမ်း သော်လည်း ပေါက်ကွဲမှု လှိုင်းများ ထိမှန်ကာ လွင့်စဉ် သွားသေး၏။

“ ယဲ့ ချင်း ရှန် ... ။ ”

ယဲ့ဇီလင်၊ မုချွမ်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်နှင့် ဓားဂိုဏ်း၏ တပည့်များမှာ စိုးရိမ်သွား လေသည်။

လင်းယွန်က လွင့်စဉ်သွားသော ဟန်ချက်ကို ထိန်းလျက်၊ ‘မင်းမှာရှိတာ ဒါအကုန် ပဲလား၊’-ဟု မေးမြန်း လိုက်၏။

“ ဘာတွေ ဖြစ်နေတာလဲ ... သူ ဒဏ်ရာ မရဘူး။ ”

“ မဖြစ်နိုင်ဘူး ... ၊ နတ်မိစ္ဆာ သူတော်စင် သွေးအဆောင်ကို သူတော်စင် နတ်ဆိုး သားရဲ သွေး၊ နတ်ဆိုး မီးတောက်နဲ့ အဆိပ်ပေါင်း များစွာကို ပေါင်းစပ် ထားတာပါ။ ”

နတ်မိစ္ဆာ သူတော်စင်သေွး အဆောင်ကို အသုံးပြုသော အ​ကြီးအကဲမှ မယုံကြည်နိုင်စွာ ရေရွတ် လိုက်သည်။

“ အားလုံး ဖယ် ... ။ ”

နောက်ထပ် အဆောင် များဖြင့် ထပ်မံ ပစ်ပေါက် လိုက်တော့၏။ နတ်မိစ္ဆာ သူတော်စင် သွေး အဆောင်သည် အလွန် အဖိုးတန်သည်။

“ ဝုန်း ... ဝုန်း ... ဝုန် ... ။ ”

သို့သော် ယခု အချိန်တွင် ထိုတန်ဖိုးထက် ယဲ့ချင်းရှန်အား သတ်ရန်သာ အရေးကြီး ချေပြီ။ အဆောင်သုံးခုမှ မိုင်တစ်ရာ ပတ်လည် သို့တိုင် ဖုံးလွှမ်းသော ပေါက်ကွဲမှု ဖြစ်ပေါ် လာသည်။

ဤတစ်ကြိမ်တွင် ယဲ့ချင်းရှန် တစ်ယောက် ထိုပေါက်ကွဲမှု အတွင်းမှ မလွတ်မြောက် နိုင်ဟု ယုံကြည်၏။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်မှ နေနတ်ဘုရား ဖမ်းဆီးခြင်းကို ထုတ်ဖော်ကာ၊ ပေါက်ကွဲမှု အတွင်းမှ ပြေးထွက် လာတော့သည်။

နေနှင့်လကို ပေါင်းစပ်ကာ ပေါက်ကွဲ စွမ်းအား၏ (၇၀%)ခန့် ပိတ်ဆို့ ထားနိုင်သော အကာအကွယ် အလွှာတစ်ခု လွှမ်းခြုံထား၏။

ရလဒ် အနေဖြင့် ပေါက်ကွဲ ပြီးနောက် အကြွင်းအကျံ ဒဏ်ရာများကို နဂါးပြာ အရိုးမှ ဆက်၍ ကုသပေး တော့သည်။

“ သေ လိုက် တော့ ... ။ ”

လင်းယွန်က အချိန်မဖြုန်း တော့ဘဲ၊ အော်ငေါက်လျက် သူ့ရှေ့ရှိ မိုး​ပြာမူလ အမည်ခံ သူတော်စင် နှစ်ဦးထံ တိုက်ခိုက် လိုက်သည်။

၎င်းတို့ နှစ်ဦးခမျာ တစ်ချက်တည်းဖြင့် ခေါင်းဖြတ် ခံလိုက်ရ၏။ လင်းယွန်က အသက် ပြင်းပြင်း ရှူလျက်၊ မော့ကြည့်လိုက်သည်။

အဝေးရှိ အကြည့်ခံ ရသော မိုးပြာမူလ အမည်ခံ သူတော်စင်များမှာ တုန်လှုပ်လျက်၊ နောက်တစ်လှမ်း အလိုလို ဆုတ်မိ ကုန်၏။

မုချွမ်နှင့် မရဏ မိုးကြိုး တောင်ထိပ် သခင်သည်၊ ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင် အများစုကို ထိန်းထားပေးသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

ကျောက်ဝူကျိ ဘေးနားရှိ မရဏ မူလ အဆင့်ရှိ အမည်ခံ သူတော်စင်မှ အစီအစဉ်နှင့် လုံးဝ ကွဲလွဲနေသော ရလာဒ်ကြောင့် အံသြ သွားသည်။

မိုးနှင်းမြူ စံအိမ်၊ လရောင်ရေစင် တောင်တန်းနှင့် မိုးတိမ်ဂိုဏ်းတို့မှာ မလှုပ်ဝံချေ။ ယဲ့ချင်းရှန်အား ခေွးသတ်သကဲ့သို့ လွယ်ကူမည် ဟူသော သူတို့အတွေးများ လွင့်ပါးကုန်၏။

လက်ရှိ ပြသထားသော စွမ်းပကားကြောင့် ကျောက်ဝူကျိကို ကူညီပေးရန် မဆိုနှင့် ဆက်နေ ရန်ပင် သတ္တိမရှိ တော့ချေ။

“ ယဲ့ဇီလင် ... မင်းဓားကို ပြန်ယူ ... ။ ”

လင်းယွန်က ပြုံးပြပြီး နဂါးဖြူ ဓားကို ပြန်ပစ်ပေး လိုက်၏။ ၎င်းမှာ အစွမ်း ထက်လှ သော်လည်း အားမရချေ။ ပန်းသင်္ချိုင်း ကိုသာ အနှစ်သက်ဆုံး ဖြစ်သည်။

“ တကယ်က သူပဲ ... ။ ”

ယဲ့ဇီလင်မှ နဂါးဖြူဓားကို ဖမ်းလျက် ရေရွတ်လိုက်မိသည်။

ပန်းသင်္ချိုင်းကို ဆွဲလိုက်သော အခါတွင် လူသတ်လိုသည့် ရည်ရွယ်ချက် လင်းယွန်ထံမှ ထွက်ပေါ် လာတော့သည်။

“ သူ ဘာလုပ်ဖို့ ... ကြိုးစား နေတာလဲ။ ”

ကူဇီကျန်းနှင့် ကျန်းယွင်ရှင်းမှာ ထိတ်လန့် သွား၏။ အဘယ့်ကြောင့် ဆိုသော် လင်းယွန်၏ အကြည့်များသည် ကျောက်ဝူကျိထံ ဦးတည် နေသောကြောင့် ဖြစ်သည်။

***

All Chapters