← Chapters

ငါနိုင်တယ် ... ။

Vol. 149 Ch. 2084

ငါနိုင်တယ် ... ။

Vol. 149 Ch. 2084

သတ်ဖြတ်လိုသော ရည်ရွယ်အား ထုတ်ဖော်ကာ၊ ပန်းသင်္ချိုင်းကို ကိုင်လျက် ကျောက်ဝူကျိထံ ပြေးဝင်လိုက်သည်။

“ မင်း ငါ့ကို သတ်ချင် နေတာလား၊ ဟား ... ဟား ... ဟား ... ။ ”

ကျောက်ဝူကျိက ရယ်မော လိုက်သည်။ သူ့ကိုယ်ရံတော်သည် ဘေးနားရှိ မရဏ မူလ အမည်ခံ သူတော်စင် မျှသာ မဟုတ်ချေ။

သူသည် ရိုင်းစိုင်း ကြမ်း​ကြုတ်ပြီး လူများစွာကို သဘာဝ အတိုင်း စော်ကားခဲ့၏။ ထို့ကြောင့် သူ့ဘဝကို ကာကွယ်ရန် မည်သည့် အခါမှ မမေ့ခဲ့ချေ။

လင်းယွန်က ဓားတစ်လက်ဖြင့် သောင်းကျန်း နေပြီ ဖြစ်၏။ လမ်းတစ်လျှောက် ဝင်ရောက် ဟန့်တားလာသော သင်းထောက် များနှင့် တပည့်များကို တစ်ချက်တည်း သတ်ပစ် လိုက်သည်။

အချိန်တိုတို အတွင်းမှာပင် အနက်ရောင် ငှက်မွှေး နန်းတော်၏ လူပေါင်း နှစ်ဆယ်ခန့်ကို သတ်ခဲ့ပြီး ဖြစ်သည်။

သူ့လမ်း၌ မည်သူမျှ မရပ်ရဲ တော့ချေ။ ကေျာက်ဝူကျိနှင့် မီတာ တစ်ရာ အကွာအဝေး ရောက်လာချိန်၌ လူသေ အလောင်းများ တောင်လို ပုံသွားသည်။

သို့တိုင် ကျောက်ဝူကျိမှ အပြုံး မပျက်ချေ။ အနက်ရောင် မျက်နှာဖုံးစွပ် လူ(၄)ယောက် သူ့ရှေ့ ထွက်ပေါ် လာသည်။

၎င်းတို့သည် အနက်ရောင် ငှက်မွှေး နန်းတော်မှ အကြီးအကဲများထက် အားကောင်း ခေျ၏။

လေးယောက် ပူးပေါင်းခြင်းဖြင့် သူတော်စင်သခင် တစ်ပါးကိုပင် မဆိုင်းမတွ ရင်ဆိုင် ဝံ့သည်။

၎င်းတို့က နက္ခတ်များ ဆင့်ခေါ်လျက် အနက်ရောင် ဓားမြှောင်နှင့် ဓားရှည် တစ်လက် စီကို ထုတ်ကိုင် လိုက်ကြသည်။

လေးယောက်လုံး၏ မျက်ဝန်းများ၌ အနက်ရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေပြီး သတ်ဖြတ်ရန် လေ့ကျင့် ပေးထားသည့် လူသတ်စက်များ ဖြစ်ချေ၏။

လိုအပ်ပါက ကျောက်ဝူကျိ စကား တစ်ခွန်းဖြင့်ပင် သူတို့ကိုယ် သူတို့ ဖောက်ကွဲ ပစ်နိုင်သည်။

အမည်ခံ သူတော်စင် တစ်ပါးမှ မိမိကိုယ်ကို ဖောက်ခွဲခြင်းသည် ယဲ့ချင်းရှန်အား ပြင်းထန်စွာ ဒဏ်ရာ ရရှိစေ နိုင်၏။

အကယ်၍သာ လေးဦးလုံးမှ တစ်ပြိုင် နက်တည်း ဖောက်ခွဲလိုသော် ပြိုင်ဘက်မှာ သေဆုံးသွားမည် ဖြစ်သည်။

ထိုမှတပါး ၎င်းတို့ လေးယောက်သည် အရက်စက်ဆုံးသော လှုပ်ရှားမှုများကို လေ့ကျင့် ထားပြီး အသိစိတ် မရှိတော့ချေ။

ဆိုလို သည်မှာ သူ့အစား သတ်ရန်နှင့် သေရန် မွေးထားသော ဓားကျွန်များ ဖြစ်ချေ၏။

ဤသည်မှာ အမည်ခံ သူတော်စင်များကြား ရှားရှားပါးပါး တိုက်ပွဲ ဖြစ်သည်။ မိုင်တစ်ထောင် အတွင်း အမျိုးမျိုးသော ဖြစ်စဉ်များ ဖုံးလွှမ်း နေတော့၏။

ကျောက်ဝူကျိက သူ့အ​ကြည့်ကို ဒေါသ ထွက်နေသော အပြုံးဖြင့် တိုက်ပွဲ မြေပြင်ထံ ​ဝေ့ကြည့်သည်။

ထို့နောက် ဝိုင်ခွက် ထုတ်ယူ လိုက်ရာ၊ သူ့ဘေးရှိ ဓားကျွန် တစ်ယောက်မှ ဝိုင်များ ချက်ချင်း လောင်းထည့် ပေးလာ၏။

“ ယဲ့ချင်းရှန် လာပါဦး ... ဟား ဟား ဟား။ ”

ကျောက်ဝူကျိက လင်းယွန်ထံ အာရုံ ပြန်ရောက်လာပြီး ဝိုင်ကို ငုံ့သောက် လိုက်၏။ ဤအသေခံ ဓားကျွန် များသည် သန်မာလှပြီး ထူးခြားကြောင်း လင်းယွန်မှ ခံစားမိသည်။

၎င်းတို့ လေးဦး၏ မျက်ဝန်းများ၌ ရှေးဟောင်း တံဆိပ်တစ်ခု ပွင့်လာပြီး လူသတ် လိုသည့် ဆန္ဒများ ထွက်ပေါ်လာသည်။

“ ရွှပ် ... ။ ”

ကျောက်ဝူကျိက ဝိုင်ငုံ့​သောက် နေရာမှ ပြုံးလျက် ခေါင်းပြန် အမော့တွင် စူးရှလွန်းသော ဓားအလင်းကို ​ဖြတ်ခနဲ မြင်လိုက်သည်။

တစ်ဆက်တည်း မှာပင် သူ၏ အ​သေခံ ဓားကျွန် လေးယောက်သည် မြေပြင်ပေါ် လဲပြို သွားတော့၏။

“ အလင်း မူလ ... ။ ”

ကူဇီကျန်းနှင့် ကျန်းယွင်ရှင်းက ထအော်သည်။ ဤဓားဖြင့် ခြောက်ပါးသော မြိုတော်၌ အမည်ခံ သူတော်စင် တစ်ပါးကို သတ်ခဲ့ကြောင်း ကြားသိထားသည်။

ဓားညီလာခံတွင် မမြင်လိုက် ရသည့် အတွက် သူတို့ နှမျော နေမိခဲ့၏။ သို့သော် ယခု ​တေွ့မြင်ပြီးနောက်၊ ထိုစဉ်က အဘယ့်ကြောင့် ထုတ်မသုံး ခဲ့ရသည်ကို နားလည် လာသည်။

ဤဓားသည် သတ်ရန် ဖြစ်၏။ အမည်ခံ သူတော်စင် လေးပါးကို ဓားတစ်ချက် တည်းဖြင့် ခေါင်းဖြတ်နိုင်သည်။

“ ..... ။ ”

ကျောက်ဝူကျိ မျက်နှာ ဖြူဖျော့လာပြီး သူ့လက်များ တုန်ယင်လျက် ဖန်ခွက် လွတ်ကျ လုမတတ် ဖြစ်သွား၏။ ကောလဟာလများ အမှန် ဖြစ်ချေပြီ။

“ သခင်လေး ... မင်းအရင် ထွက်သွား၊ ငါသူ့ကို တားထားမယ်။ ”

သူ့ဘေးရှိ မရဏ မူလ အဆင့် အမည်ခံ သူတော်စင်မှ မျက်နှာ ပြောင်းသွားကာ သတိ ပေးသည်။

“ မသွားဘူး ... ၊ သူ့ကို ဘာလို့ ကြောက်ရမှာလဲ ... တျန်ယွမ် ... မင်း သူ့ကို သွားသတ်လိုက်။ ”

ကျောက်ဝူကျိမှ ခေါင်းမာစွာ ပြန်ပြော၏။ မရဏ မူလ အဆင့် အမည်ခံ သူတော်စင်သည် သူ့အမည်အား တိုက်ရိုက် အခေါ် ခံလိုက်ရ သောကြောင့်၊ နာကျင်စွာ ပြုံးလိုက်သည်။

သို့သော် ငြင်းဆန်ရန် ခွန်အား မရှိချေ။ ခန္ဓာကိုယ် လှုပ်ခါလျက် သူတော်စင် တာအိုနှင့် မရဏ မူလ ရောင်ဝါအား ထုတ်ဖော်ကာ လေထဲ ပျံဝဲ လိုက်သည်။

သူ့ခွန်အားနှင့် တာအိုသည် ဖုန်ရှောက်ယွီထက် များစွာ သာလွန်၏။

“ စားပွဲခုံနဲ့ ဝိုင်အိုး ယူလာခဲ့ ... ဒီ​နေ့ သူ့ခေါင်းကို ဘယ်လို ဖြတ်မလဲ ... ငါ ကြည့်​ချင်​တယ်​။ ”

ဓားကျွန် သုံးယောက်က ချက်ချင်းပင် စားပွဲခုံ တစ်လုံးနှင့် ကုလားထိုင်ကို ပြင်ဆင်ပေး လိုက်ရသည်။

ပြီးနောက် ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် တိုက်ပွဲထံ မျှော်ကြည့် လိုက်၏။ ယဲ့ချင်းရှန်ကို ဤမျှ သန်မာမည်ဟု မမျှော်လင့် ထားချေ။

“ ဝိုင် ... ။ ”

ကျောက်ဝူကျိက မည်းမှောင်နေသော မျက်နှာဖြင့် တောင်းဆို လိုက်သည်။ တျန်ယွမ်မှ၊

“ ဉာဏ်ကြီးရှင် ... ဓားသမားက မျှော်လင့်ထား သလိုပါပဲ၊ မင်းကို သတ်ရတာ နှမျောစရာ ကောင်းပေမယ့် ... ငါ လုပ်ရမယ်၊ ဒါကြောင့် တောင်းပန်ပါတယ်။ ”

-ဟုဆိုပြီး ဓားကိုဆွဲကာ သူတော်စင် တာအိုများ လောင်းထည့် လိုက်သည်။

ပြီးနောက် ဓားကို ထိုးလိုက်သော အခါ ပတ်ဝန်းကျင်၌ ဓားအလင်းများ ပြည့်နှက်လာ လေသည်။

ထက်မြက်သော ဓားရေး တစ်ရပ် ဖြစ်၏။ နိဗ္ဗာန် အဆင့်မှ တစ်စုံ တစ်ယောက် အတွက် အချိန် မဖြုန်း လိုသောကြောင့် အရက်စက်ဆုံး နည်းလမ်းအား ချက်ချင်း အသုံးပြု မိသည်။

လင်းယွန်မှ ပန်းသင်္ချိုင်းရှိ ဘုန်းဝိညာဉ် နှစ်ပါးကို အသက်သွင်းပြီး ဝင်လာသော ဓား အပေါ် တားဆီးရန် ပင့်ခုတ်လိုက်၏။

“ ထန် ... ထန် ... ။ ”

သို့သော် တျန်ယွမ်သည် သူ့ထက် ပို၍ သန်မာနေ သောကြောင့် ပန်းသင်္ချိုင်း လက်မှ လွတ်ကျ သွားသည်။

“ ဝှစ် ... ။ ”

တျန်ယွမ်မှ ဝမ်းသာ အားရဖြင့် နောက်တစ်ကြိမ် ဓားနှင့်ခုတ်ရန် ပြင်လိုက် ချိန်တွင် ပုံရိပ်တစ်ရိပ် သူ့ကို ဖြတ်ကျော် သွားတော့၏။

၎င်းသည် ယဲ့ချင်းရှန် ဖြစ်ပြီး စားပွဲပေါ် ချက်ချင်း ရောက်ရှိသွားကာ ဝိုင်ခွက်ကို ကောက် ကိုင်လိုက်သဖြင့်၊ ကျောက်ဝူကျိ ခမျာ အသက်မဲ့ သွားလေသည်။

“ သခင်ငယ် ... ။ ”

တျန်ယွမ် မျက်နှာ ပြောင်းလဲသွား၏။ တစ်ဖက်လူသည် သူနှင့် တိုက်ရန် ရည်ရွယ်ချက် ရှိပုံ မရချေ။

အရူးလုပ် ခံလိုက်ရမှန်း သိလိုက်သည်။ စိုးရိမ်စိတ်ဖြင့် ကျောက်ဝူကျိကို ကယ်တင်ရန် အပြေးအလွှား လှည့်လိုက်မိ၏။

သို့သော် လင်းယွန် လက်မှ လွတ်ကျ သွားသော ဓားသည် သက်ရှိအလား ရုတ်တရက် ထပျံကာ သူ့ကို ဟန့်တားလာသည်။

“ ဝှစ် ... ။ ”

“ ဒီဓား ... ။ ”

ဘုန်းဝိညာဉ် နှစ်ပါး ထွန်းတောက်လျက်၊ ပိုးစုန်းကြူး နတ်ဓားဖြင့် တိုက်ခိုက် လာခဲ့ခြင်း ဖြစ်လေသည်။

“ ဝိုင်ကောင်းတယ် ... ၊ ဒါ ထောင်စုနှစ် မီးလျှံပဲ၊ မသောက်ရတာ ​တော်​တော် ကြာနေပြီ။ ”

လင်းယွန်က ဝိုင်များကို လှုပ်ခါလျက် လေညှင်းခံ ထွက်နေသည့် အလား ပြုံးကာ ပြောကြား လာသည်။

၎င်းအသွင်သည် တိုက်ပွဲများ အတွင်း မပါဝင်ဘဲ၊ တစ်ချိန်လုံး ဤ​နေရာ၌ ဝိုင်သောက် နေသကဲ့သို့ အေးချမ်း လှ၏။

ကျောက်ဝူကျိ ဘေးတွင် ရပ်နေသော ဓားကျွန် သုံးယောက်မှာ ကြောက်လန့်​ပြီး အသက်ပင် အောင့်ထား မိကြသည်။

သူတို့ လှည့်ပြီး ပြေးချင်သော်လည်း လင်းယွန်က နတ်ဘုရား ပုံရိပ်ယောင် ဓားဖြင့် နဖူးအား ထိုးဖောက် ပစ်သတ် လိုက်၏။

“ ဘုန်း ... ။ ”

နောက်ဆုံးတွင် ခန္ဓာကိုယ် ပြိုလဲသွား သံကြောင့် ကျောက်ဝူကျိမှ အသိစိတ် ပြန်ဝင် လာပြီး၊ ကိုယ်ဟန်ကို မတ်မတ် ပြင်ထိုင် လိုက်သည်။

မျက်နှာ ဖြူဖျော့နေ သော်လည်း၊ အသက် ချမ်းသာပေးရန် မတောင်းဆိုမိချေ။ ယင်းအစား၊

“ ဒီနေရာမှာ မြင့်မြတ်မြေ (၁၁)ပါးရှိတယ် မင်းငါ့ကို သတ်ရဲလား။ ”

-ဟု မထီတရီဖြင့် မေးမြန်း လိုက်သည်။

လင်းယွန်က ပြန်မဖြေချေ။ ဝိုင်ခွက်ကို ညာလက်ဖြင့် ဆုပ်ကိုင်ကာ သူ့အား ထိုးနှက် လာတော့သည်။

“ ဝုန်း ... ။ ”

ကြယ်ဓား နှစ်လက်၏ စွမ်းအားကို ဤလက်သီး၌ ​ပေါင်းထည့် ထားသောကြောင့် ကျောက်ဝူကျိနှင့် ကုလားထိုင် တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။

ပြတ်သား လွန်းသော ဤလုပ်ရပ်သည် လူအုပ်ကြီးကို ထိတ်လန့် တုန်လှုပ် သွားစေ၏။ အထူးသဖြင့် တျန်ယွမ် ဖြစ်သည်။

“ သခင်ငယ် ... ၊ မင်း ယဲ့ချင်းရှန် ... ။ ”

“ ခွေးအို​ကြီး လာတိုက် ... မင်း ဒဏ်ရာမရရင် ... ငါ့အရှုံးလို့ မှတ်ယူလိုက်။ ​”

လင်းယွန်က ဂရုမစိုက်ဟန်ဖြင့် ဝိုင်ကို အိုးလိုက် ကောက်ကိုင်ကာ မော့သောက်ပြ၏။ ကျန်လက်တစ်ဖက် မှလည်း ဝှေ့ရမ်းလျက်၊ ပန်းသင်္ချိုင်းကို ဆင့်ခေါ်လိုက်သည်။

“ မင်း သေပြီ ... ။ ”

သခင်ငယ်အား သတ်ပြီး နောက်ပင် ထွက်မပြေးဘဲ၊ သူ့ကို ခွေးအိုကြီး အဖြစ် ခေါ်ဆို နေသဖြင့် တျန်ယွမ်မှ ဒေါသ ထွက်လာ၏။

“ လာ ... ။ ”

ထောင်စုနှစ် မီးလျှံများ နှုတ်ခမ်းထောင့်မှ စီးကျလျက် လင်းယွန်က ဖိတ်​ခေါ် လိုက်သည်။ ဤသို့ဖြင့် စားပွဲငယ်လေး ပေါ်၌ ကြောက်စရာ ကောင်း​သော တိုက်ပွဲတစ်ခု ထွက်ပေါ် လာသည်။

သို့သော် တျန်ယွင်မှာ စားပွဲပေါ် ခုန်တက် လိုက်သည်နှင့် နောင်တရ သွားတော့သည်။ သူ့ ခွန်အား အပေါ်၊ ကန့်သတ် ခံလိုက်ရ၏။

“ ပထမ နေရာကို ... ငါ စိတ်မဝင်စားဘူး၊ ဟား ဟား ဟား ... ။ ”

လင်းယွန်က ရယ်သည်။ သူ့လက်ရှိ ဓားသည် ရည်ရွယ်ချက် ပြောင်းလဲ သွား၏။ ဓားဧကရာဇ် ယုချင်းဖန် တစ်ယောက် ရောက်ရှိချေပြီ။

သို့သော် ဤယုချင်းဖန်သည် လူငယ် တစ်ယောက် အသွင်အပြင်မျိုး ဖြစ်ကာ မာန ထောင်လွှား ရိုင်းစိုင်းချေ၏။

“ ကောင်းလိုက်တဲ့ ဝိုင် ... ၊ ဟား ဟား ဟား ... ။ ”

အရက် မူးနေသော ထိုရယ်သံကြီးက တျန်ယွမ်ကို စိတ် အနှောက်အယှက် ဖြစ်စေ၏။ သူတော်စင် တာအိုနှင့် ရောင်ဝါမှာ ဖိနှိမ် ခံထားရသည်။

“ ဟား ဟား ဟား ... ။ ”

ဤနည်းဖြင့် ထောင်စုနှစ် မီးလျှံကို သောက်ကာ ပိုးစုန်းကြူး နတ်ဓား သူတော်စင် ပုံစံအား လင်းယွန်မှ ထုတ်ဖော် နေခဲ့၏။

လေထုအတွင်း ဓားရောင်ခြည် များနှင့် မြေပြင်၌ သွေးများ ရဲရဲနီ လာသည်။ နှစ်ယောက် လုံး၏ ခန္ဓာကိုယ်တွင် သွေးများ ဖုံးလွှမ်း လာတော့၏။

ထို့ကြောင့် မည်သူ့ထံမှ သွေးများ ဖြစ်သည်ကို မသိနိုင် တော့ချေ။ တစ်ဖက်တွင် အကြောက်အလန့် မရှိဘဲ အရူးတစ်ယောက် ကဲ့သို့ တိုက်ပွဲဝင် နေသော ယဲ့ချင်းရှန်ကို ကြည့်ကာ တျန်ယွမ် စိတ်ပျက် လာ၏။

သေရမည်ကို မကြောက်သော အရူး တစ်ယောက်နှင့် ရင်ဆိုင် ရသည်မှာ အန္တရာယ် များချေပြီ။ ထို့ကြောင့် တျန်ယွမ်မှ ချက်ချင်း ဆုတ်ခွာရန် ဆုံးဖြတ် လိုက်၏။

“ နေပါဦး ... ငါ့ဆီက နောက်ထပ် ဓားတစ်ချက်ကို ယူပါ ... ။ ”

ထောင်စုနှစ် မီးလျှံ၏ အာနိသင်သည် လင်းယွန်ကို မတ်တပ် ရပ်ရန်ပင် အနိုင်နိုင်​ ဖြစ်လာ စေသည်။

သို့သော် သူ့ ဓားချက်များမှာ ပို၍ ရက်စက်လာ၏။ ယိမ်းထိုးလျက် မျက်ဝန်းရှိ သွေးကြောများပင် နီရဲနေသည်။

ဤကာလ တစ်လျှောက်လုံး သူ့ခံစားခဲ့ ရသော နာကျည်းချက် များကို တျန်ယွမ် အပေါ် ပုံချနေခြင်းနှင့် သူသည်။

ရန်သူကို သတ်ရန်​ ကြိုးစား နေခဲ့ သည်လော။ သို့မဟုတ် သူ့ကိုယ်သူ သတ်​သေ လိုသည်လော ဟုပင် မခွဲခြားနိုင် တော့ချေ။

“ ဂျိန်း ... ။ ”

ပန်းသင်္ချိုင်း၏ စွမ်းအားသည် အကန့်အသတ် မရှိသလို ဆတက်ထမ်းပိုး တိုးတိုး လာသည်။ ​

နောက်ဆုံး ဓားပုံစံသို့ ရောက်သော အခါတွင်၊ မိုးချိန်းသံများ ထွက်ပေါ် လာပြီး တိုက်ပွဲ ရပ်သွား၏။

နှစ်ယောက်လုံး ဆံပင်များ ရှုပ်ပွလျက် သွေးများ ဖုံးလွှမ်းနေသည်။ တစ်ခု တည်းသော ခြားနားချက်မှာ တျန်ယွမ် မျက်နှာ ဖြူဖျော့ နေခြင်း ဖြစ်၏။

ဝိုင်အိုး တစ်ဖက်နှင့် ဓားတစ်ဖက် ကိုင်ထားသော လင်းယွန်က ယိမ်းထိုး လျက်မှ ‘မင်း ရှုံးသွားပြီ၊’ -ဟု ပြောလာသည်။

“ မင်းက ရူးနေပြီ ... ။ ”

တျန်ယွမ်မှ အံကြိတ်ကာ ကျိန်ဆဲ လိုက်၏။

“ ငါ မရူးရင် သေသွားမှာပေါ့ ... ။ ”

လင်ယွန်က လက်ကောက်ဝတ်ကို ယမ်းခါလျက် တျန်ယွမ်ထံ ဓားရောင်ခြည်ဖြင့် ပစ်ခတ် လိုက်သည်။

တျန်ယွမ် ခမျာ ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်တောက် ခံရပြီး စားပွဲမှ လွင့်စဉ် ပြုတ်ကျ သွားတော့၏။

“ ငါ နိုင်တယ် ... ။ ”

လင်းယွန်မှ ပြုံးရယ်ပြီး ကြောင်တောင်တောင်ဖြင့် ရေရွတ် လိုက်သည်။ သူ့ကို ကြည့်နေသူ များမှာ အသက်ကြပ် ကုန်တော့၏။

ထိုစဉ် လင်းယွန်က တင်ပျဉ်ခွေချိတ် ထိုင်ချကာ ထောင်စုနှစ် မီးလျှံကို ဆက်သောက် နေခဲ့သည်။

ကြည့်နေဆဲမှာပင် နိဗ္ဗာန်- အဋ္ဌမမြောက် အသွင် ကူးပြောင်းမှု အတားအဆီးကို ဖြတ်ကာ နဝမ အဆင့်သို့ ရောက်ရှိ သွား​တော့၏။

***

All Chapters