ဘယ်သူ ဝံ့သလဲ။
Vol. 149 Ch. 2085
တျန်ယွမ်ကို သတ်ပြီးနောက် နိဗ္ဗာန် နဝမမြောက် အသွင် ကူးပြောင်းရေးသို့ ရောက်ရှိ သွားခဲ့သည်။
“ ဒီကောင် နည်းနည်းတော့ ရူးနေပြီ၊ မရဏမူလ အဆင့် အမည်ခံ သူတော်စင်ကို ဓားသွေးကျောက် လုပ်ပစ်လိုက်တယ်။ ”
“ မယုံနိုင်စရာပဲ။ ”
လူတိုင်း ပြောမပြ တတ်အောင် ထိတ်လန့် နေကြ၏။ လင်းယွန် ချွေးပေါက်များမှ ရွှေရောင် အလင်းများ ဖြာထွက်လာသည်။
ရွှေရောင် အလင်းတန်းများ အောက်တွင် ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာ၏။
ထောင်စုနှစ် မီးလျှံကြောင့် ကမ္ဘာကြီး တစ်ခုလုံး ပုံပျက်ပန်းပျက် လွင့်မျောနေ သည်ဟု ခံစား နေရသည်။ မျက်လုံးမှိတ်လိုက်သော အခါ၊ ဆန်းကြယ်သော ခံစားချက် တစ်ခု ဝင်လာ ခဲ့၏။
ယင်းသည် နိဗ္ဗာန် အဆင့်၏ ဒဏ္ဍာရီလာ ဒသမ အသွင် ကူးပြောင်းမှုသို့ တက်လှမ်းရန် ဆန္ဒ ဖြစ်လေသည်။
ဓားညီလာခံနှင့် တျန်ယွမ်၏ တိုက်ပွဲတွင် ကျေနပ်မှု ရရှိထား၏။ အကယ်၍ တျန်ယွမ်သာ ဓားရောင်ဝါ အတွင်း မဝင်ဘဲ အဝေးမှ တိုက်ခိုက်သော် သူ ရှုံးနိမ့် သွားမည်မှာ သေချာသည်။
သို့တိုင် တိုက်ပွဲသည် အန္တရာယ်များပြီး သူ့တွင်လည်း ဒဏ်ရာများ ပြင်းပြင်း ထန်ထန် ရရှိခဲ့၏။
“ ပန်းသင်္ချိုင်း ... ။ ”
“ ဝှစ် ... ။ ”
လင်းယွန်မှ တိုးတိုးလေး ခေါ်လိုက်၏။ ဓားက သူ့အနား ပျံဝဲလာကာ ကာကွယ်ပေး တော့သည်။
“ ဘာလို့ ... သူ့အငွေ့ အသက်တွေ ထပ်တက် လာရတာတုန်း။ ”
ကျန်းယွင်ရှင်းမှ မျက်မှောင်ကြုတ် မိ၏။ ဖြစ်နိုင်ခြေကို တွေးလျက် ကူဇီကျန်း မှလည်း မျက်နှာ ပြောင်းလဲ သွားသည်။
“ သူ ... ဒဏ္ဍာရီ တစ်ပုဒ်ရေး မလို့လား၊ ရူးနေရပြီ နိဗ္ဗာန်-ဒသမ အသွင် ကူးပြောင်းရေး အဆင့်က ရောက်ဖို့ ခဲယဉ်းတယ်၊ ဒါကို တိုက်ပွဲ အတွင်းမှာ ရယူချင်နေတာပဲ။ ”
“ မအောင်မြင်ရင် သူ့ရောင်ဝါ ပင်လယ် ပျက်စီး သွားနိုင်တယ်၊ အဆိုးဆုံးက ဒုက္ခိတဖြစ် နိုင်တာပဲ၊ ပြီးတော့ နဝမ အဆင့်ကို အခုမှ ရောက်ထားတာ မလုံလောက် သေးဘူး။ ”
ကူဇီကျန်းမှ ပြောကြား လိုက်၏။ သူ ပြောပြီးသည်နှင့် ပေတစ်ထောင်ခန့် မြင့်သော အလင်းတိုင်ကြီး လင်းယွန်ထံမှ ဖြာထွက် လာသည်။
“ ရှင်းရှင်းလေး ... ဒါက တကယ့်ကို အစွမ်းထက်တဲ့ အခြေခံ အုတ်မြစ်ပဲ၊ ဒီကောင် ဘယ်လောက်တောင် စုထား လိုက်လဲ။ ”
“ အံ့ဩစရာ မရှိတော့ ပါဘူး၊ တျန်ယွမ်နဲ့ တိုက်ပွဲက သူ့ကို ... တော်တော် အကျိုး ရှိစေပုံ ရတယ်၊ အနက်ရောင် ငှက်မွှေးနန်းတော် ရူးသွပ် သွားလိမ့်မယ် ဆိုတာ ငါပြောရဲတယ်။ ”
ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့် ကုန်သည်။ အနက်ရောင် ငှက်မွှေး နန်းတော်မှ အုပ်စိုးရှင် ဓားကို လုယူချင်၏။
သို့သော် အမည်ခံ သူတော်စင် အများအပြား အသတ် ခံရကာ၊ ကျောက်ဝူကျိ ပေျာက်ကွယ် သွား ခဲ့သည်။
“ သွား ... ဒီကောင့်ကို သတ် ... ။ ”
မုချွမ်ကို တိုက်ခိုက်နေသော ကောင်းကင် မူလအဆင့် အမည်ခံ သူတော်စင်မှ ဒေါသဖြင့် ရူးသွပ် သွားသည်။
သို့သော် မုချွမ်က သူတို့ကို လင်းယွန် အနား ကပ်ခွင့် မပေးချေ။ လင်းယွန် အသက် ရှင်သရွေ့ ဓားဂိုဏ်း ရှင်သန်နေ ပေမည်။
တစ်နည်းအားဖြင့် လင်းယွန်ကို ကာကွယ်ခြင်းသည် ဓားဂိုဏ်းကို ကာကွယ်ခြင်း ဖြစ်၏။ လင်းယွန်သည် ဓားဂိုဏ်း၏ အနာဂတ် ပေပင်။
ရပ်ကြည့် နေသော အမည်ခံ သူတော်စင် များကြောင့်၊ အနက်ရောင် ငှက်မွှေးနန်းတော်မှ သဘာဝ အတိုင်း ဒေါသထွက်လာ၏။
“ မင်းတို့ ဘယ်လောက် ကြာကြာ စောင့်ကြည့် နေဦးမှာလဲ၊ သူ ... နိဗ္ဗာန် ဒသမ အဆင့် ရောက်တာ မြင်ချင်လို့လား။ ”
မိုးတိမ်ဂိုဏ်း၏ အဘိုးအိုက မိုးနှင်းမြူ စံအိမ်နှင့် လမင်းရေစင် တောင်တန်း တို့ထံ တစ်ချက်ကြည့် လိုက်သည်။
သည့်နောက် အင်အားစု သုံးခု၏ ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင် များက အချင်းချင်း ပြန်ကြည့် လိုက်ကြ၏။
ယဲ့ချင်းရှန်၏ စွမ်းဆောင် ရည်ကြောင့် ကြောက်ရွံ့ပြီး၊ မလှုပ်ရှား လိုချေ။ ကောင်းကျိုး ဆိုးကျိုးများကို ချိန်ဆကာ အကျပ်ရိုက် ကုန်၏။
“ ငါတို့ လှုပ်ရှား ကြရအောင် ... ဒီအထိ ရောက်လာပြီး မှတော့ အုပ်စိုးရှင် ဓားကို မရရင်၊ ရှက်စရာ ကောင်းလိမ့်မယ်။ ”
“ ကျောက်ဝူကျိ သေပြီ၊ ငါတို့ မလှုပ်ရှား သေးရင် ... အနက်ရောင် ငှက်မွှေး နန်းတော်က အပြစ်တင်လာ နိုင်တယ်။ ”
“ ဒါဆို သွားကြမယ် ... ။ ”
မြင့်မြတ်မြေ သုံးပါးမှ ဆုံးဖြတ်ချက် ချလိုက်ပြီး လူဆယ်ယောက် လှမ်းတက်လာ ခဲ့သည်။
အသက် တရှိုက်စာ အတွင်း လင်းယွန်နှင့် ပေတစ်ရာ အကွာသို့ တည်နေရာ ရွေ့ပြောင်း လာကုန်၏။
“ ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဓားရောင်ဝါလဲ။ ”
အမည်ခံ သူတော်စင်များက လေးနက်သော အသွင်ဖြင့် အသက်ပြင်းပြင်း ရှူလိုက် ကြသည်။ နီးကပ်သော အကွာအဝေးသို့ ရောက်ချိန်တွင် ပြိုင်ဘက် ရောင်ဝါမှာ ထိတ်လန့်ဖွယ် ကောင်းမှန်း သိလိုက်၏။
ဓားရည်ရွယ်ချက်သည် နေနှင့်လ ကဲ့သို့ ကောင်းကင်တွင် ပျံဝဲနေပြီး နဂါးငွေ့တန်း (၃၆) ခုမှ ဝန်းရံနေသည်။
မရဏ မူလ အဆင့်ရှိ အမည်ခံ သူတော်စင်ပင် ထိုရောင်ဝါ ဖိအားကြောင့် ဦးရေပြားများ ထုံကျင် လာ၏။
လက်ရှိ အချိန်၌ ယဲ့ချင်းရှန်ကို သတ်နိုင် သကဲ့သို့ သူတို့ သည်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိနိုင်သည်။
သာမာန် ကနဦး သူတော်စင် တာအိုမျှဖြင့် ယဲ့ချင်းရှန်၏ ဓားရောင်ဝါကို ကာကွယ်နိုင်မည် မဟုတ်ချေ။ အနည်းဆုံး မဟာ သူတော်စင် တာအို အဆင့် လိုပေမည်။
ကြယ်ဓား ရည်ရွယ်ချက်သည် မူလ ကတည်းကပင် ကောင်းကင်ကို အန်တုနေ၏။ သူတော်စင် သခင် တစ်ပါးပင် နားလည်ရန် မလွယ်ချေ။
ဤသည်မှာ ကျင့်ကြံမှု အဆင့်ဖြင့် လုံးဝ မသက်ဆိုင်သော ဓားသမား တစ်ယောက်၏ အရည်အချင်း ပေပင်။
ထို့ကြောင့် အမည်ခံ သူတော်စင် များက မျက်မှောင်ကြုတ်လျက် ယဲ့ချင်းရှန်မှ အတူခေါ် မသွားနိုင်စေရန် သတိကြီးကြီး ထားကာ ချည်းကပ် လိုက်မိသည်။
“ စမ်းကြည့်ရအောင် ... ။ ”
အဘိုးအို တစ်ယောက်က အေးစက်စွာ ပြောသည်။ သို့သော် သူတို့ ရှေ့တိုးတော့မည့် အချိန်၌ အလင်းတန်း တစ်ခု တောက်ပ လာသည်။
“ ဘာလဲ ... ။ ”
အမည်ခံ သူတော်စင် (၁၀)ဦး တို့သည် ထိတ်လန့် တုန်လှုပ် သွားသော်လည်း ၎င်းတို့၏ လူသတ်ရန် ရည်ရွယ်ချက်မှာ မလျော့သွားချေ။
ပြန်လှည့်ကြည့် လိုက်ရာ ဓားတစ်လက် ဖြစ်နေ၏။ မည်သူမျှ ထိန်းချုပ် နေခြင်းမရှိဘဲ ရန်လိုစွာ တိုက်ခိုက် လာသည်။
၎င်းသည် မယုံနိုင်စရာ ပေပင်။ လေထုအတွင်း ဓားရိပ်များ ပြည့်နှက် လာပြီး၊ ထောင်ပေါင်း များစွာသော ဓားများဖြင့် တံတိုင်းခတ် တော့၏။
ဤအရာက သူတော်စင် (၁၀)ပါးကို အံ့သြသွား စေပြီး ဓားအစစ်နှင့် အတုကို မခွဲခြား နိုင်ဖြစ် လာသည်။
(၁၀)ယောက်သား အကြည့်ချင်း ဖလှယ်မိကာ ဓားတံတိုင်းကို ချိုးဖြတ်ရန် တပြိုင်နက်တည်း လှုပ်ရှား လိုက်၏။
“ ဟိတ် ... ။ ”
သို့သော် ဓားသုံးထောင်သည် ပေါင်းစပ် သွားပြီးနောက် နဂါးကြီး အဖြစ် ထင်ရှားလာ တော့၏။
အရိုးများကို ဓားဖြင့် ပြုလုပ်ထားပြီး သွေးသည် နဂါးငွေ့တန်း (၃၆)ခု ဖြစ်သည်။ ကြယ်ဓားသည် မျက်ဝန်း တစ်စုံ ဖြစ်၏။
“ ဝေါ့ ... ။ ”
အမည်ခံ သူတော်စင် (၁၀)ပါး ခမျာ၊ ခြေလှမ်း ဆယ်လှမ်းခန့် နောက်ပြန်ဆုတ်လျက် သွေးများ အန်ချလိုက်သည်။
“ ဒါ ... မိုးပြာ နဂါး ဓားနှလုံးသားပဲ၊ ပေတစ်ရာ ပတ်လည် အတွင်း သက်ရောက်မှု ရှိတယ်၊ နဂါးငွေ့တန်း သုံးဆယ့်ခြောက်ခုက သူ့ကို ခွန်အားပေး နေတယ်။ ”
“ အရေးကြီးဆုံး ကတော့ သူ အခု အောင်မြင်မှုတွေ ရအောင် ကြိုးစားနေတယ်၊ ဒါက ကောင်းကင်ကို ရန်စ တာပဲ၊ သူ့အနား နေမိရင် ငါတို့ပါ ငြိစွန်းကုန် လိမ့်မယ်။ ”
ထက်မြက်သော မရဏ မူလ အမည်ခံ သူတော်စင် သုံးဦးမှ မျက်မှောင်ကြုတ် ကျိန်ဆဲ လိုက်ကြ တော့သည်။
ယဲ့ချင်းရှန် ဟူသည် မျိုးဆက်သစ် လူငယ်တစ်ဦး ဖြစ်ပြီး နိဗ္ဗာန် ဒသမ အဆင့်သို့ ရောက်အောင် စွမ်းဆောင် နိုင်ခဲ့ပါက ကြောက်စရာ ကောင်းပေမည်။
ထိုအတွေးက သူတို့အား ကျောရိုးများ အေးစိမ့်လာ စေ၏။
“ သူ့ကို ပေတစ်ရာ အကွာကနေ မြန်မြန် သတ်ရအောင်။ ”
မရဏ မူလ အဆင့် အမည်ခံ သူတော်စင် တစ်ပါးက ရောင်ဝါများ လွှမ်းခြုံလျက် ပန်းများ ပွင့်စေ လိုက်သည်။
သူနှင့်အတူ ရဲရင့်လှသော အမည်ခံ သူတော်စင် (၂)ဦး ပျံဝဲလိုက် ပါလာ၏။ သူတို့၏ ပန်းများတွင် ကောင်းကင်နှင့် မြေကြီး၏ နက်နဲမှုများ ပါဝင်နေသည်။
ကနဦး တာအို ဖြစ်နေလျှင်ပင် နိဗ္ဗာန် အဆင့်မှ တစ်စုံတစ်ယောက်ကို ကြောက်မက် ဖွယ်ရာ သေခြင်းမျိုး ပေးစွမ်းနိုင်၏။
“ သေ လိုက်တော့ ... ။ ”
သုံးဦးသား သူတော်စင် တာအိုနှင့် မရဏ မူလ သူတော်စင် ရောင်ဝါများ ထုတ်ဖော်ကာ တိုက်ခိုက် လိုက်သည်။
တစ္ဆေဝိညာဉ် ပညာရပ် များကို အသုံးပြု ခဲ့ကြသဖြင့် ကြောက်မက်ဖွယ် ဖြစ်စဉ်ကြီးများ ထပ်လာ၏။
ထိုအချိန်တွင် လင်းယွန်သည် နိဗ္ဗာန် ဒသမအဆင့်သို့ အသွင် ကူးပြောင်းရန် ကြိုးစား နေဆဲ ဖြစ်သည်။
ဖြစ်စဉ်သည် ကောင်းကင်ပေါ် ပျံတက်ရန် ကြိုးစားခဲ့ သော်လည်း တိမ်တိုက်များ အတွင်း ရောက်ချိန်၌ ပြန်ကျ လာ၏။
ကျရှုံးမှုသည် အကြိမ်ရေ မည်မျှ ရှိနေမှန်း မသိ တော့ချေ။ တစ်ကြိမ် ကျရှုံးတိုင်း အသည်း ခိုက်အောင် နာကျင်ရသည်။
ဒသမမြောက် အသွင်ကူး ပြောင်းမှု အတားအဆီးသည် ထင်ထား သည်ထက် ပိုမို လေးနက်ကြောင်း သဘောပေါက် လာ၏။
“ သတ် ... ။ ”
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ကျန်ခုနစ်ယောက် သည်လည်း အရပ်မျက်နှာ အသီးသီးသို့ ပျံတက်ပြီး၊ အဝေးမှ တိုက်ခိုက်ရန် ကြံရွယ်လာ တော့သည်။
လင်းယွန် အတွက် အန္တရာယ် ရှိသော အနေအထား ဖြစ်၏။ မည်သူမျှ သူ့ကို ကူညီရန် အားလပ် မနေတော့ချေ။
“ မင်းတို့ သေချင် နေကြတာလား။ ”
ထိုအချိန်တွင် လူရိပ်တစ်ရိပ် ပြေးဝင် လာပြီးနောက်၊ ဦးစွာ တိုက်ခိုက်ရန် ပြင်နေသော အမည်ခံ သူတော်စင် သုံးပါးကို ဓားဖျားဖြင့် လိုက်ချ ရိုက်သည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
သွေးများ ပါးစပ်မှ စီးကျလျက် လွင့်ပျံ သွားခဲ့၏။ ပြီးသည်နှင့် ဓားကို ဆွဲထုတ်လိုက်ရာ ကျန်ရှိနေသည့် အမည်ခံ သူတော်စင်များ ခမျာ ဓားရောင်ဝါများ ကွဲအက်လျက် ပြန်လည် ပြုတ်ကျ သွားတော့သည်။
၎င်းတို့ ရင်ဘတ် နေရာ၌ နက်ရှိုင်းသော ပြတ်ရှရာကြီး ကိုယ်စီ ရရှိကုန်၏။ ယင်းသည် ဓားရောင်ဝါ ထွက်လာရုံ မျှသာ ဖြစ်သည်။
ဓားအိမ်ထဲမှ ဓားကို လုံးလုံး ဆွဲထုတ် လိုက်သော်၊ သူတို့ ခန္ဓာကိုယ်များ ထက်ခြမ်း ကွဲသွား မည်မှာ သေချာ၏။
“ ဘယ်သူက လှမ်းရဲလဲ။ ”
အေးစက်စက် ထိုမေးမြန်း သံကြောင့် တိုက်ပွဲမှာ ချက်ချင်း ရပ်သွားသည်။ ယဲ့ဇီလင်က ၎င်းအသံကို ရင်းနှီးနေ သောကြောင့် ချက်ချင်း လှမ်းကြည့် လိုက်မိသည်။
***