← Chapters

သူက ငါတို့ကို ကစားချင်နေတာပဲ...

Vol. 36 Ch. 526

သူက ငါတို့ကို ကစားချင်နေတာပဲ...

Vol. 36 Ch. 526

#ဘာသာပြန် = စနိုးဝှိုက်

"ထားလိုက်တော့..ထားလိုက်တော့..ဘာပဲဖြစ်ဖြစ်..သူ့ရဲ့ လျို့ဝှက်နံပါတ်ကို ငါတို့ သိတာက ကောင်းတဲ့ အလုပ်ပဲလေ..။သူက..ကွန်ပြူတာကို ဂရုစိုက်နေတော့..ဒီထဲမှာ တစ်ခုခု ထူးခြားတာတော့ ပါမှာပဲ..။တစ်ခုခု ထူးခြားတာ ရှိလိမ့်မယ်..."

ရှန်းဂျီယန် လေးနက်စွာ ပြောလိုက်တာပါ..။

ဘာ အရေးကြီးတဲ့ အချက်အလက်ပဲ ဖြစ်ဖြစ် သူ အရင်ဆုံး အထက်ကို တင်ပြရမှာပါ..။

တစ်ခြား လူတွေဟာ သူပြောတာကို ကြားပြီးသဘောတူစွာ ခေါင်းညိမ့်လိုက်ကြတယ်..။အခု..လျို့ဝှက်ကုဒ် လွယ်ကူတာကို သူတို့ စိတ်ထဲမထားကြတော့ပါဘူး..။အထဲမှာ ဘာတွေရှိလဲ ဆိုတာကိုပဲ..သိချင်နေခဲ့ကြပါတယ်..။

တကယ်လို့ အထဲမှာသာ နိုင်ငံ နဲ့ ပတ်သက်တဲ့ လျို့ဝှက်ချက်ကြီးတွေရှိနေရင် ..အမူက ကျိန်းသေ ပိုကြီးသွားမှာပါ..။

"ကြည့်ရအောငိ.."

ရှန်းဂျီယန် လျောက်သွားပြီး ပြောလိုက်တယ်..။သူ ဒါကို ကိုယ်တိုင်ကိုင်တွယ် မှ ရမှာပါ..။သူ့ရဲ့ လက်နှစ်ဖက်စလုံး ကွန်ပြူတာပေါ်ကို တင်လိုက်တယ်..။

"အခုငါတို့..အတွင်းပိုင်း ကို ဝင်ပြီး..ဟတ်ကာ..လတ်တလော ဒေါင်းလော့ဆွဲ ထားတဲ့ ဖိုင်တွေကို ကြည့်ကြမယ်.."

အင်တာနက် လုံခြုံရေး ဌာနက ပညာရှင်တွေ အကုန်လုံး စခရင် ပေါ်ကို အာရုံစိုက်နေကြပါတယ်..။

"ကွန်ပြူတာ ဂုရုရဲ့ ကွန်ပြူတာက ရိုးရှင်းပါလား..။အထဲမှာ ဘာမှတောင် သိပ်မရှိဘူး.."

"ဒါက ထူးဆန်းတယ်..။သူက ဘဏ်တွေ အများကြီး ကို ဟတ်ထားပြီး..ဘာလို့ ဒီမှာ..အချက်အလက်တွေ ဆော့ဝံ တွေ မရှိရတာလဲ.."

"သူ ဖျက်ထားတာလည်း ဖြစ်နိုင်တာပဲ.."

"ဟုတ်တယ် ကြည့်ရတာ သူဖျက်ထားတယ် ထင်တယ်.."

စခရင် ပေါ်မှာ နံပါတ်တွေ ရွေ့လျားနေပြီး တစ်ခြား လူတွေဟာ ​ဘေးနားက ရပ်ကြည့်နေကြပါတယ်..။

ရုတ်တရက် ကွန်ပြူတာက အသံမြည်လာခဲ့တယ်..။ရှန်းဂျီယန် စိတ်လှုပ်ရှားသွားခဲ့ပြီး....

"တွေ့ပြီ..သူ မနေ့က 8 Gb လောက် ဒေါင်းလော့ ဆွဲထားတယ်..။ဒါက ဖိုင်ကြီးပဲ..။ဒါက အတော်ကြီးတယ်..။ဘာတွေ ပါနေလို့လဲ မသိဘူး.."

"ဗီဒီယို တွေပဲ...ဗီဒီယို တွေ ဒေါင်းထားတာ..။ဖြစ်ီုင်တာက..."

အခန်းထဲမှာ ရှိတဲ့ လူတွေ အကုန်လုံးဟာ မျှော်လင့်ချက်တွေ နဲ့ ကြည့်နေခဲ့ကြပါတယ်..။

သူတို့ ဒီလို အခြေအနေကို အရင်က ကြုံတွေ့ဖူးပြီး..ဗီဒီယို ဖိုင်ထဲမှာ နိုင်ငံတော့ ပုန်ကန်တဲ့ ဖိုင်တွေ တွေ့ခဲ့ရတာပါ..။ပြီးတော့ ပုန်ကန်သူတွေက..လျို့ဝှက် လက်နက်အသစ်ကိုလည်း ထုတ်လုပ်နေခဲ့ပါသေးတယ်..။

ရှန်းဂျီယန် သက်ပြင်းချလိုက်တယ်...။သူ့ရဲ့ လက်တစ်ဖက်ဟာ မောက်စ် ကို ကိုင်ထားပြီး ခန္တာကိုယ်ကတော့ တုန်လှုပ်နေခဲ့ပါတယ်.။

"ခေါင်းဆောငိ..တည်တည်ငြိမ်ငြိမ်ထားပါ..။အမြန်ဖွင့်လိုက်တော့..!

"ဟုတ်တယ်..စောင့်ရတာ သေတော့မယ်.."

"သူက ဒီလောက် ဖိုင်အကြီးကြီးကို..ဘယ်သူမှ မသိအောင်..ဒေါင်းလော့ခ် လုပ်နိုင်ခဲ့တာပဲ..။သူ့ရဲ့ ကျွမ်းကျင်မူတွေက..ထိပ်ပိူင်းမှာ ရှိတယ်..."

"အရမ်းတော်လွန်းတယ်.."

"ခေါင်းဆောင် ဖွင့်လိုက်တော့လေ.."

"မှတ်ထားကြ..ဒီနေ့ ဘာပဲတွေ့တွေ့..အဲဒီအချက်အလက်တွေကို ဒီအခန်းထဲကနေ ပေါက်ကြားလို့ မရဘူးနော်.."

ရှန်းဂျီယန် သတိပေးလိုက်တာပါ..။

"စိတ်မပူပါနဲ့ ..ဒါက ပထမဆုံး အကြိမ်မဟုတ်တော့ဘူးလေ.."

"ဟုတ်တယ်..ကျွန်တော်တို့က သေချာလေ့ကျင့်ထားတဲ့ ပရိုတွေလေ..။နိုင်ငံအပေါ်သစ္စာရှ်ိပြီး လျို့ဝှက်ချက်ကို ကာကွယ်ပေးမှာပါ.."

သူ့လူတွေကို သတိပေးပြီး တဲ့ နောက်မှာ ရှန်းဂျီယန် ခေါင်းညိမ့်လိုက်ပြီး..ဗီဒီယို ခလုတ်ကို နိုပ်လိုက်တယ်..။

ပထမ ပိုင်းမှာတော့ စခရင်က အနက်ရောင်ကြီးပါ..။

အဲ့အချိန်မှာပဲ..စခရင် ပုံတွေ ပေါ်လာပြီး သီချင်းသံ ထွက်လာခဲ့တယ်..။

"ဘူးသီးအရုပ်လေး...ဘူးသီးအရုပ်လေး..

မင်းရဲ့အနားမှာ ဘယ်သူရှိမလဲ...

တီတီတာတာ....တီတီတာတာ.."

ဘေးနားမှာ ရပ်နေတဲ့ လူတွေ အကုန်အံ့ဩသင့်သွားခဲ့ကြပါတယ်..။ကွန်ပြူတာ ဂုရုရဲ့ ကွန်ပြူတာ ထဲမှာရှိနေတဲ့ လျို့ဝှက် ဖိုင်ထဲကနေ ..ဒါမျိုး ထွက်လာလိမ့်မယ် လို့ သူတို့ လုံးဝ မထင်ထားခဲ့ကြပေ..။သူတို့က သိပ္ပံဆိုင်ရာ..အချက်အလက် တွေ ဒါမှမဟုတ်..နိုင်ငံရဲ့ လျိုဝှက်ချက်တွေလို့ပဲ ထင်ထားခဲ့ကြတာပါ..။

အဲ့အချိန်မှာတော့..စပီကာကနေ 'ဘူးသီးအရုပ်လေး' သီချင်းဟာ ပိုပြီး ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့တယ်..။ဒီသီချင်းသံက အရမ်းရင်းနှီးနေပြီး သူတို့ အရင်က ကြားဖူးနေသလိုပါပဲ..။

"အာ..ဒီသီချင်းက ရင်းနှိီးနေတယ်နော်.."

"ဒါက.."

"****ရှိုးရဲ့..အဖွင့်မှာ ဆိုတဲ့ သီချင်းမလား.."

"ဟုတ်လား.."

ယင်းနောက် ဗီဒီယို မြင်ကွင်းပြောင်းလဲ သွားခဲ့တယ်..။

အနက်ရောက် စခရင် ခနပေါ်လာပြီးနောက်မှာ..လှပတဲ့ ခြေထောက်တစ်စုံကို ရိုက်ပြနေခဲ့တာပါ..။ကင်မရာကို အပေါ်ရိုက်ပြလိုက်တဲ့ အချိန်မှာ..မိန်းမလှလေး တစ်ယောက် ဖြစ်နေတာ တွေ့လိုက်ရတယ်..။

လုပ်ဖော်ကိုင်ဖက် တစ်ယောက််ဟာ ထအော်လိုက်တယ်..။

"သူမကို ငါသိတယ်..သူမက ဂျပန် k99 ကုမ္ပဏီရဲ့..မင်းသမီး ဂျင်ရှင်းဇီ လေ..။ငါ ထင်တာ...."

သူ ဆက်ပြောဖို့ လုပ်လိုက်ပေမယ့် ပါးစပ်ပိတ်ထားဖို့သာ ဆုံးဖြတ်လိုက်ပါတယ်..။လက်ရှိလေထုက သိပ်မူမမှန်ဘူးလို့ သူ ခံစားနေရလို့ပါ..."

ရှန်းဂျီယန်..ဇာတ်ကားကို ကြည့်နေရင်းကနေ သူ့လူတွေကို ကြည့်လိုက်ပြီး...

"မင်းတို့အမြင်မှာ ငါပဲ အတွေးလွန်နေတာလား..."

"သူဌေး ဒီလိုတော့ မပြောသင့်ဘူး..။ကျွန်တော်တို့က ပရောက်ဖက်ရှင်နယ် တွေဖြစ်ပေမယ့်..ဒီ ဂုရုက.."

"ဒီကွန်ပြူတာ..ဂုရုက..ကျန်တဲ့ လူတွေနဲ့ မတူညီတာဖြစ်မယ်.."

"ခေါင်းဆောင်..ကိုယ့်ကိုကိုလည်း အပြစ်တင်မနေပါနဲ့..။ဒါက ခေါင်းဆောင်ရဲ့ အမှားမဟုတ်ဘူး.။ဒီ ကွန်ပြူတာ ဂုရု ရဲ့ကျွမ်းကျင်မူက တကယ်ကောင်းတော့..သူ့ဆီမှာ လျို့ဝှက်ချက် တွေ ရှိနေနိုင်တယ်လို့တွေးတာ ပုံမှန်ပဲ မဟုတ်လား.."

"ဒါဆို..ဒါက..."

ရှန်းဂျီယန် ဗီဒီယိုကို ကြည့်နေခဲ့တယ်..။သူ့ ဆိုလိုချက်က ရှင်းလင်းပါတယ်..။ဒီ ဗီဒီယိုကို ဂုရု ကြီးက သူ့ဟာသူ ကြည့်ဖို့ ဒေါင်းထားတာ ဖြစ်လောက်မှာပါ..။

အကြီးအကဲ ဟီဟာ..လျို့ဝှက်ကုဒ် ဖြေတဲ့ လူတစ်ယောက် အနေနဲ့ ကွန်ပြူတာက လွဲပြီး တစ်နေ့နေ့ ဘာမှ မလုပ်ပဲ အိမ်မှာပဲ နေတာ များပါတယ်..။သူ ဒီဗီဒီယို ကိုကြည့်လို္်က်တဲ့ အချိန်မှာ တစ်ခြားဂျပန်ကားတွေ နဲ့ မတူပဲ တစ်ခုခု ထူးခြားနေတာကို သတိထားမိလိုက်တယ်..။

"အာ..ဒီတစ်ခုက..ဆင်ဆာ မဖြတ်ထားဘူးဟ..။သူမ အရင်ကား တွေတုန်းက ဆိုရင် ဆင်ဆာ ဖြတ်ထားတာ.."

"အစ်ကို ဟီ..က ဒါတွေလည်း နားလည်တယ်လား..။ကွန်ပြူတာ ဂုရု ဒါကို ဘယ်ကဒေါင်းလာတာ ဖြစ်နိုင်မလဲ.."

"ဒါက ဇာတ်ကားကောင်းပဲ..။မင်းတို့မှာ USB ရှိလား..။ငါ ဒီကို အဝေးကြီးကနေ လာခဲ့ရတာဆိုတော့..ပင်းပန်းရတာနဲ့ တန်အောင်..ဒီဗီယိုကို ပဲ ကော်ပီကူးသွားတော့မယ်.."

အကြီးအကဲ ဟီ ပြောလိုက်တာပါ..။

"ကျွန်တော် လည်း ကူးမယ်..."

"လာ..လာ..တစ်ယောက်ပြီးမှ တစ်ယောက်..."

သူတို့အကုန်လုံး ..ဗီဒီယိုကို ကူးထားဖို့ စိတ်အား ထက်သန်နေခဲ့ကြပါတယ်..။သူတို့က..ကွန်ပြူတာ နဲ့ပဲ..အချိန်ကုန် နေကြတဲ့ လူတွေ ဖြစ်တာကြောင့်..ဒီလို ဗီဒိယိုတွေက မရှိမဖြစ်အရေးပါပါတယ်..။

…

နောက်တစ်ရက်..။

အင်တာနက်မှာတော့ သတင်းတွေ ပလူပျံနေခဲ့ပါတယ်..။

"ကျွမ်းကျင်တဲ့ ဟတ်ကာ တစ်ယောက် အဖမ်းခံရပြီး..ထိုသူက မာစတာလင်း ဖြစ်သည်.."

"တရားမျှတမူ အမည်အောက်တွင်..မာစတာ လင်း လူလိမ်များအား ဖော်ထုတ်ရန် ဥပဒေ ချိုးဖောက်ခဲ့သည့် အတွက် အဖမ်းခံခဲ့ရသည်..."

"ဘဏ် နှင့် ရဲဌာန ကို ဟတ်ခဲ့သည့် ဟတ်ကာ အား ရဲများ ဖမ်းဆီး ထိန်းသိမ်းလိုက်သည်.."

…

မနက်ခင်းမှာတော့..အလုပ်သမားတွေဟာ..အလုပ်သွားနေတုန်း သတင်းတွေ ဖတ်မိကြပြီး အံ့ဩနေခဲ့ကြပါတယ်..။

လင်းဖန် ရဲ့ ဝိုက်ဘိုမှာတော့..လူတွေစည်ကားနေပြီး လှုပ်ရှားနေခဲ့ကြတယ်..။

"ချီးပဲ..ဒါအမှန်ပဲလား..။မာစတာ လင်း ဖမ်းခံလိုက်ရပြီဆို..."

"ဘာလို့ မာစတာ လင်းက..ဖမ်းခံရတာလဲ..။သူက အများကောင်းဖို့ အတွက် လုပ်ပေးခဲ့တာလေ.."

"အံ့ဩစရာပဲ...ငါ အမြဲတမ်း လေးစားနေမယ့် လူက မာစတာ လင်း တစ်ယောက်တည်းပဲ.."

"ဝိုး..မာစတာ လင်းက ကျွမ်းကျင်တဲ့ ဟတ်ကာ ဖြစ်နေလိမ့်မယ် လို့ ငါတကယ် မထင်ထားခဲ့ဘူး.."

ဒီအမူက အကုန်လံူးကို ဆွံ့အသွားစေခဲ့ပါတယ်..။သူတိုအရင်တုန်းက လည်း ဟတ်ကာ တွေ ဖမ်းခံရတာကို မြင်ဖူးပါတယ်..။

သို့ပေမယ့် လက်ရှိ မာစတာ လင်းရဲ့ အခြေအနေက မတူညီပါဘူး..။သူက လူလိမ် တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် ကြိုးပမ်းခဲ့တာပါ..။ထပ်ပြောရရင်..နိုင်ငံရဲ့ ဘဏ်တွေနဲ့ ရဲဌာနရဲ့ ဆာဗာ တွေ အများကြီးကို ဟတ် ခဲ့တာက..အရင်တုန်းက ဘယ်သူမှ မလုပ်နိုင်ခဲ့ပေ..။

အရမ်းကျွမ်းကျင်ပါတယ် ဆိုတဲ့..နိုင်ငံ အင်တာနက် လုံခြုံရေး အဖွဲ့ကတောင် လင်းဖန်ကို မယှဥ်နိုင်ခဲ့ကြပါဘူး..။

တိမ်ဖြူလမ်း..။

ဝမ်မင်ယန် အမြန်ရောက်လာပြီး..လူလိမ်ထျန် ရဲ့ ပုခုံးတွေကို ဆုပ်ကိုင်လိုက်ကာ....

"ငါ့ညီအစ်ကို ဘာဖြစ်တာလဲ..။ဘာလို့..သူ့ကို ရဲတွေ ဖမ်းသွားကြတာလဲ..."

"ဒါက...ငါလည်း ဘယ်လိုပြောရမလဲ မသိတော့ဘူး..။သတင်းတွေသာ ဖတ်ကြည့်လိုက်တော့..။ဒီကိစ္စက ဘယ်လိုဖြစ်လာမှာလဲ ငါတကယ် မသိတော့ဘူး.."

ဒီစကားကို ကြားတဲ့ အချိန်မှာ ဝမ်မင်ယန် ပိုပြီး စိုးရိမ် ထိပ်လန့်သွားခဲ့ပါတယ်..။

နိုင်ငံရဲ့ ဘဏ်တွေနဲ့..ရဲဌာနာ ဆာဗာ တွေကို ဟတ်တာက ပြစ်မှုကြီး တစ်ခုပါပဲ..။

သူ တောင်မှ လင်းဖန်ကို ဒီပြသနာ တွေထဲက ဆွဲထုတ်ပေးဖို့..အရည်အချင်း မရှိပေ..။

သူ လင်းဖန်ကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းခေါ်လို့ မဝင်ခဲ့ပါဘူး..။သူ အတော်စိတ်ပူနေပြီး..ဘာလုပ်ရမလဲ ဆိုတာတောင် လမ်းပျောက်နေခဲ့ပါပြီ..။

All Chapters