← Chapters

အကောင်ကြီးတစ်ကောင်ကမျက်နှာသာပေးလိုက်တာလား..

Vol. 36 Ch. 527

အကောင်ကြီးတစ်ကောင်ကမျက်နှာသာပေးလိုက်တာလား..

Vol. 36 Ch. 527

#ဘာသာပြန် = စနိုးဝှိုက်

ရှန်ဟိုင်း တရုတ်ဆေးပညာ အကယ်ဒမီ..။

ကျိုးမင်ချင်းဟာ..အလွန်အမင်း စိုးရိမ် နေခဲ့တယ်..။သူ့ဆရာ ဖမ်းခံရတယ် ဆိုပြီး သူ့ကို ချီဂျီက အကြောင်းကြားလာခဲ့တာပါ..။မဟုတ်ရင် သူ ဒါကို လုံးဝ သိမှာ မဟုတ်ပါဘူး..။

သူ အိမ်ထဲမှာ ရှေ့ကိုလျောက်လိုက် နောက်ကို လျောက်လိုက် လုပ်နေခဲ့ပါတယ်..။

သို့ပေမယ့်..သူ့ခေါင်းထဲကနေ..ဘာအကြံဥာဏ်မှ ထွက်မလာခဲ့ပါဘူး..။

ဆရာ...ဘာတွေ ဖြစ်ကုန်တာလဲ...

ဝူရွှန်းယွဲ့ဟာ..ရှိုးပွဲတစ်ခုမှာ သီဆိုနေရင်း ..သတင်းတွေဖတ်မိတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူ့ မန်နေဂျာကတော့ ဘေးနားမှာသာ တိတ်တဆိတ် ရှိနေခဲ့ပါတယ်..။ဝူရွှန်းယွဲ့ ရဲ့အဆင့်အတန်းက ကုမ္ပဏီမှာ လုံးဝ မနိမ့်ကျဘူး ဆိုတာကို သူမ သိထားပြီးသားပါ..။သူမ ကြားသလောက်ဆိုရင်..ဝူရွှန်းယွဲ့က ..သူဌေး သူငယ်ချင်းရဲ့ မိန်းကလေးပါ..။ဒါက ကောလာဟလ သာ ဖြစ်ပေမယ့်..တစ်ချို့ အမှန်တရား တွေက..ကောလာဟလ ဖြစ်နေတာ ပုံမှန်ပါပဲ..။

အဲ့အချိန်မှာတော့..ဝူရွှန်းယွဲ..ကြောင်တောင်တောင် ကြီး မတ်တတ်ရပ်နေခဲ့တယ်..။

ယင်းနောက် သူမ ဝမ်မင်ယန်ကို ဖုန်းခေါ်လိုကိပါတယ်..။

"အစ်ကို ဝမ်..ညီမတို့ ဘာလုပ်ကြမလဲ..။အစ်ကို လင်းက..."

"စိတ်မပူနဲ့..ငါ အဆက်အသွယ်တွေကို ရှာနေတယ်..။ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ရအောင်ကယ်ထုတ်မယ်..။မင်းက လုပ်စရာ ရှိတာကိုပဲလုပ်..။ဒီအပေါ်မှာပဲ..စိတ်ပူမနေနဲ့.."

သူ ဖုန်းချလိုက်တယ်..။

ဝူရွှန်းယွဲ့ ရိှုးပွဲ မှာ ဘယ်လို ဆက်ပြီး ​ဖျော်ဖြေနိုင်ဦးမှာလဲ.....

သို့ပေမယ့်..သူမက..ဒီတိုင်း ဆယ်လီ တစ်ယောက်ပါ..။ဒီလို အခြေအနေမျိူးနဲ့..ကြုံလာ ရတဲ့အချိန်မှာ..သူမမှာ ဘာ အင်အားမှ မရှိတော့ပါဘူး..။

…

ဝူယူလန် သူ့အမေ ရဲ့ လက်မောင်းကို မှီလိုက်ပြီး..

"အဖေ..အစ်ကိုလင်းကို..လွှတ်အောင် လုပ်ပေးလို့မရဘူးလား.."

သူမ အဖေက..ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေ ရှိတာကြောင့်..နည်းလမ်း တစ်ခုခု ရှိရင်ရှိမှာပါ..။

ဝူတန်ဟီ အပြုံးလေးနဲ့ ပြောလိုက်တယ်..။

"လုံလောက်ပြီ သမီး..။စိတ်မပူနဲ့..မာစတာ လင်းက ဘာမှ ဖြစ်မှာ မဟုတ်ဘူး..။သူ့ကို ယုံကြည်မှရမယ်.."

…

ကျုံးကျိုး...။

စီရင်စု တစ်ခုတွင်..။

အဖေ လင်းက ဆိုဖာ ပေါ်မှာ ထိုင်ပြီး..စိတ်ပူနေခဲ့ပါတယ်..။

"ငါ တို့သားလေး ဘာဆက်ဖြစ်မယ် လို့ မင်းထင်လဲ..။ဘာလို့ ဒီလို အရာမျိုး ဖြစ်လာတာလဲ..။ငါ သူ့ကို ဖုန်းခေါ်လို့တောင် မရဘူး..။ဒါက ငါ့ကို စိတ်ပူစေလို့ သေတော့မယ်.."

အမေ လင်း ဟာ သူ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး..

"ကျွန်မ ရှင်းကို အစောကြီးကတည်းက ပြောသားပဲ..။ကလေးကို အဝေးကြီး မလွှတ်ပဲ ကျွန်မတို့ ဘေးနားမှာပဲ ထားပါလို့..။ဒါပေမဲ့ ရှင်ပဲ..လူငယ်တွေက..ကမ္ဘာကြီးဆီက အတွေ့အကြုံတွေ ယူသင့်တယ်လို့ ပြောတာလေ.."

အကြီးအကဲ လင်း တိတ်ဆိတ်နေခဲ့တယ်..။သူ့ နှလုံးသားထဲမှာတော့..လုံးဝ စိတ်ပူနေခဲ့ပါပြီ..။

"ဒီလို မနေနိုင်တော့ဘူး..။ကျွန်မတို့ ရှန်ဟိုင်းကို လိုက်သွားကြမယ်.."

အဖေလင်း ပြောလိုက်တာပါ..။

*ဒေါက် ဒေါက် *

အကြီးအကဲ လင်း..တံခါးကို ထပြီး ဖွင့်လိုက်တယ်..

။တံခါး ပွင့်သွားတဲ့ အချိန်မှာ သူ အကြီးအကဲ လီကို တွေ့လိုက်ပါတယ်..။

"အကြီးအကဲ လီ..ဘာလိုအပ်တာ ရှိလို့လဲ.."

အကြှီးအကဲ လင်း သိပ်ပြီး စိတ်မကြညပါဘူး..။သူရဲ့ လက်ရှိ စိတ်အခြေအနေက အကြီးအကဲ လီ နဲ့..နှိုင်းယှဥ္ နိုင်တဲ့ အနေအထားမဟုတ်ပေ..။

အကြီးအကဲ လီ..အကြီးအကဲ လင်းရဲ့ ပုခုံးကို ပုတ်လိုက်ပြီး...

"အကြီးအကဲ လင်း..အရမ်းလည်းစိတ်မပူပါနဲ့..။ကျွန်တော် ရှေ့နေတစ်ယောက်ကို မေးပြီးသွားပြီ..လင်းဖန် ရဲ့ အခြေအနေက သိပ်ပြီး မဆိုးရွားဘူး..။ဘာမှ ထွေထွေထူးထူး ဖြစ်မှာ မဟုတ်ဘူး.."

အကြီးအကဲ လင်း မပျော်မရွှင်ဖြစ် သွားခဲ့ပြီး..

"ဒါက ကိစ္စကြီး မဟုတ်လို့ ဘာတုန်း..။သူက ဘဏ်ကို ဟတ်ခဲ့တာလေ..သူ အလောင်းဖြစ်တဲ့ အထိ ထောင်ထဲမှာ နေရတော့မယ် ထင်တယ်..."

အကြီးအကဲ လီ သူ့ကို နှစ်သိမ့်ပေးလိုက်တယ်..။

"မင်း တွေ့လား..မင်းအခြေအနေကို မြင်အောင်ကြည့်မှ ရမယ်..။ကောင်လေး ဖန်က ကောင်းတဲ့ အရာတွေ လည်း လုပ်ခဲ့သေးတယ်လေ..။သူ ဘဏ်ကို ဟတ်ခဲ့တာ် ဆိုတာကလည်း လူလိမ် တွေရဲ့ အချက်အလက်ကို ရှာဖွေဖို့ အတွက်ပဲ..။သူ ဘာကိုမှ ထိခိုက်အောင်လည်း မလုပ်လဲ့ဘူး ဟုတ်တယ်မလား..။သူ ထောင်ကျရင်လည်း လ ပိုင်းလောက်ပဲ ဖြစ်မယ်..။ပြီးတော့ ထောင်မကျတဲ့ အပြင်နိုင်ငံရဲ့ အင်တာနက် လုံခြုံရေး အဖွဲ့ထဲကို တောင် ဖိတ်ခေါ်ခံရနိုင်တယ်နော်..."

အကြီးအကဲ လင်းဟာ ဒါကို ကြားတဲ့ အချိန်မှာ နေလို့ ထိုင်လို့ ပိုကောင်းလာခဲ့တယ်..။

"တကယ်လား.."

အကြီးအကဲ လီ ထပ်ပြောလိုက်တယ်..။

"ငါ ဘာလို့ မင်းကို လိမ်ရမှာလဲ..။အရင်နေ့ကလည်း ကျောင်းသား တစ်ယောက်က သူ့ရဲ့ ပညာအရည်အချင်းအဆင့်ကို ပြောင်းလဲဖို. ပညာရေး ဌာနရဲ့..ဆာဗာကို ဟတ် ခဲ့တယ် လေ..။သူ့ကို ဖမ်းမိတော့ ထောင်ကျသွားခဲ့တာပဲ..။သူနဲ့ ယှဥ္ရင် လင်းဖန် လုပ်တာကိုကြည့်..။ဒါက ကောင်းတဲ့အရာပဲ..ဘာမှ ဖြစ်မှာ မဟုတ်ဘူး.."

အကြီးအကဲ လင်း ပြောလိုက်တယ်..။

"ဒါဆို တကယ် တစ်ခုခုဖြစ်ရင်..သူ ဘယ်နှစ်နှစ်လောက် ထောင်ကျနိုင်လဲ.."

အကြီးအကဲ လီ လည်း ဘာပြောရမှန်း မသိတော့ပါဘူး..။သူ ရှေ့နေကို မေးကြည့်တုန်းက ရှေ့နေက အနည်းငယ်လောက်သာ ပြောပြပြီး အခြေအနေ တစ်ခုလုံးကို သေချာ သုံးသပ်လိုက်ဦးမယ် လို့ ပြောပါတယ်..။

သို့ပေမယ့် လက်ရှ်ိ အကြီးအကဲ လီ ရဲ့ အခြေအနေကို ကြည့်ပြီး သူဘယ်လို နှစ်သိမ့်ပေးရမလဲ မသိတော့ပေ..။

"ငါ ထင်တာတော့..သူ လအနည်းငယ် လောက်ပဲ ကျမှာပေါ့..။အများဆုံး ၆ လ လောက်ပဲ.."

အကြီးအကဲ လင်းကတော့..စိတ်ပူနေတုန်းပါပဲ...

"အကြီးအကဲ လီ..ကျုပ်ကို စိတ်သက်သာရာရအောင် ပြောနေတာလား..။ဘာလို့ ကျုပ်စိတ်ထဲမှာ ဒီကိစ္စက အတော်ကြီးတယ်လို့ ခံစားနေရတာလဲ.."

"အင်း..အကြီးအကဲ လင်း..။ဒီကိစ္စက ဒီလောက် မကြီးပါဘူး..။ခင်ဗျား အတွေးလွန်နေလို့ပါ..။ဒီလိုဆို ဘယ်လိုလဲ..ကျုပ်သားက ရှန်ဟိုင်းက လူတစ်ချို့နဲ့ သိတယ် လေ..။သူ့ကို ဒီကိစ္စအတွက် ဖုန်းဆက်မေးပေးမယ်.."

အကြီးအကဲ လင်း ပြန်ဖြေလိူက်တယ်..။

"ကောင်းပါပြီ ..ကောင်းပါပြီ.."

အဲ့အချိန်မှာပဲ..အမေလင်း ရဲ့ အသံဟာ ဧည့်ခန်းထဲကနေ ထွက်လာခဲ့တယ်..။

"လူအိုကြီး..ကျွန်မတို့ရဲ့သား ဖုန်းခေါ်နေတယ်.."

အကြီးအကဲလင်း ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။

"ဘာ...အမြန် ..အမြန် ဖုန်းကိူင်လိုက်လေ.."

အကြီးအကဲ လီလည်း အိမ်ထဲကို အမြန်ဝင်သွားခဲ့ပါတယ်..။

"အမေ..ဘာတွေ လုပ်နေလဲ.."

လင်းဖန်ရဲ့ အသံဟာ ဖုန်းထဲမှာ တက်ကြွနေခဲ့ပါတယ်..။

"သားလေး ဖန်..အဆင်ပြေရဲ့လား..။မင်း ဘာတွေဖြစ်နေတာလဲ..။မင်းအဖေ နဲ့ အမေ က..သတင်းတွေထဲမှာ မင်းကို ရဲဖမ်းသွားတာ တွေ့လိုက်ရတယ်.."

"မင်း..ငါ အဖမ်းခံလိုက်ရတာ..ဒါပေမဲ့ သားအဆင်ပြေပါတယ်..။အခု ဖုန်းခေါ်လိုက်တာလဲ..စိတ်ပူနေကြမှာ စိုးလို့.."

"ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ..။ဒါက တစ်ခုခု တော့ မှားနေပြီ..။မင်းအခု ဘာလုပ်နေတာလဲ.."

"သား အခု ..အစားအသောက် မှာထားတာ..။ဝီချပ်မှာ ပုံပို့ထားတယ်လေ..ကြည့်ပြီးပြီလား.."

အမေလင်း အလျင်အမြန် ဝီချပ်ကို ဖွင့်ပြီး ကြည့်လိုက်တယ်..။အမှန်တကယ်အဲ ဓာတ်ပုံတစ်ပုံ ရှိနေခဲ့ပါတယ်..။ဓာတ်ပုံထဲမှာတော့..လင်းဖန်က လက်တစ်ဖက်က ဂဏန်းတစ်ကောင်ကို ကိုင်ပြီး ပျော်ရွှင်စွာ စားနေခဲ့တာပါ..။သူက ကင်မရာကိုတောငိ ပြုံးပြီး ကြည့်နေပါသေးတယ်..။

"အမေ..တွေ့တယ်မလား..။အမေ နဲ့အဖေ စိူးရိမ်စရာ မလိုပါဘူး..။သား အဆငိပြေပါတယ်..။သား ဒီထဲက ဘယ်ချိန်ထွက်ထွက်ရတယ်..ဒါပေမဲ့ သားလုပ်ခဲ့တာက နည်းနည်းများတော့..ဒီမှာ တစ်လလောက် နေမလို့လေ..."

အမေလင်း ပြောလို်က်တယ်...

"ဒါအမှန်ပဲလား..။အဖေ နဲ့ အမေကို လိမ်ဖို့ အကြိုးစားနဲ့နော်..."

"ဒါအမှန်ပါ..။ကျွန်တော်..ဒီစခန်းက စစ်ဆေးရေးမှူးလီကို ဖုန်းပေးလိုက်မယ်.."

လင်းဖန် လီရှောင်ရှမ်း ကို ဖုန်းပေးလိုက်ပါတယ်..။

လီရှောင်ရှမ်း ဖုန်းကို ယူလိုက်ပြီး..

"အန်တီ..ဥိီးလေး..စိတ်မပူကြပါနဲ့..။သူ ပြောသွားတာတွေ အကုန်လံူး အမှန်ပါ..။သူ့ရဲ့ အပြုအမူက ဥပဒေ ချိုးဖောက်ထားပေမယ့် လူလိမ် တွေ အများကြီးကို ဖော်ထုတ်ပေးခဲ့တာလေ..။ဒါက အောင်မြင်မူကြီးပဲ.."

အကြီးအကဲ လင်း ဖုန်းကို ယူလိုက်ပြီး...

"စစ်ဆေးရေးမှူး လီ...ကျွန်တော်သားလေး တကယ် အဆင်ပြေရဲ့လား..။ပြီးတော့..သူ့ကို နိုင်ငံရဲ့ အင်တာနက် လုံခြုံရေး စပါယ်ရှယ်လစ် အဖြစ် အလုပ်ခန့်နိုင်လား.."

လီရှောင် ရှမ်းနဲ့ လင်းဖန်ဟာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး...

"တကယ်လို့ ဦးလေးသား ဒီအလုပ်ကို လုပ်ချင်တယ် ဆိုရင် ပြသနာ မရှိလောက်ပါဘူး.."

လင်းဖန် ဖုန်းကို ပြန်ယူလိုက်တယ်..။

"အဖေ..သားက ဘာလို့ အင်တာနက် လုံခြုံရေး စပါယ်ရှယ်လစ် လုပ်ရမှာလဲ..။သားမှာ အဲ့အတွက်..အချိန်မရှိသေးဘူး..။နောက်မှာ ပြောရအောင်..။သားစားစရာ ရှိတာ စားလိုက်ဦးမယ်..။အမေ တို့ ဖုန်းခေါ်ချင်တယ်ဆိုရင် ခေါ်လို့ ရတယ်နော်..။ဖုန်းက သားနဲ့ တစ်ချိန်လုံး ရှိနေတာ..."

သူ ဖုန်းချလိုက်တယ်..။

အကြီးအကဲ လင်း ပျော်ရွှင်စွာ ပြုံးလိုက်ပြီး..

"အကြီးအကဲ လီ ..ကျုပ်သားက အဆင်ပြေနေတာပဲ..။ဒါပေမဲ့ သူ့မှာ ဘယ်လိူ ဦးနှောက်များ ရှိနေတာဘဲ..။သူက စပါယ်ရှယ်လစ် အလုပ်ကို တောင် မလုပ်ချငိဘူး..။အင်တာနက် လုံခြုံရေး အရာရှိ ဆိုတဲ့ ိနာမည်က ဘယ်လောက် ကောင်းလိုက်မလဲ...။ဒါက မိန်းမ တစ်ယောက် ရှာဖို့ အတော်လွယ်ကူမှာ.."

အကြီးအကဲ လီ ခေါင်းညိမ့်လိုက်တယ်..။

"အင်း "

အကြီးအကဲ လီ ရဲ့ စိုးရိမ် စိတ်တွေဟာ လုံးဝ ပျောက်ကွယ် သွားခဲ့ပါပြီ..။ယင်းနောက် သူ လက်မ ထောင်လိုက်ပြီး..

"အကြီးအကဲ လီ..စိတ်ရင်းနဲ့ ပြောပါဦး..။ကျုပ်သားက အံ့ဩဖို့ မကောင်းဘူးလား..။သူ့ကို ကျုပ်မွေးထားတာလေ.."

"အင်း..."

အကြီးအကဲ လီ ဘာမှ ပြောစရာ မရှိတော့ပါဘူး..။အခြေအနေ ပြောင်းလဲတာက အရမ်းကို မြန်လွန်းလှတာပါ..။ယင်းနောက် သူ မတ်တတ်ရပ်လိုကိပြီး...

"အကြီးအကဲ လင်း..ကျုပ်အခုမှ သတိရတယ်..။အိမ်မှာ ဟင်းတွေ မချက်ရသေးဘူး..."

အကြီးအကဲ လင်း ပြောလိုက်တယ်..။

"အာ...ဘာလို့များ ဟင်းတွေ ချက်ပြုတ် နေမှာဘဲ..။ဒီနေ့တော့ ဒီမှာပဲ စားလိုက်လေ.. ။ကျုပ်တို့ ညီအစ်ကို တွေ..ဝိုင်လေး ဘာလေး သောက်ပြီး စကားပြောရအောင်.."

အကြီးအကဲ လီက အရူးမဟုတ်ပါဘူး..။ဘာ စကားမှ ပြောစရာ အကြောင်းမရှိပေ..။အကြီးအကဲ လင်းက သူ့သားအကြောင်း ကြွားဖို..ပြင်ဆင်နေခဲ့တာပါ..။

"အာ..ကျုပ်သားကဒီနေ့ ပြန်လာမှာ..။ကျုပ်အိမ်ပြန်ပြီး..ထမင်း.ဟင်း ပြင်ဆင် ထားမှ ရမယ်.."

အကြီးအကဲ လင်း..အကြီးအကဲ လီရဲ့ လက်ကို ဆွဲလိုကိပြီး..

"ဒါက ပြသနာ မဟုတ်ပါဘူး..။ကျုပ်အိမ်ကိုပဲ..လှမ်းခေါ်လိုက်လို့ရပါတယ်..။တစ်ယောကိပိုလာတော့လဲ..တူ နောက်တစ်စုံ ချပေးလိုက်ယုံပဲလေ.."

အကြီးအကဲ လီ..အကူညီမဲ့သွားခဲ့ပါတယ်..။ကြည့်ရတာ ဒီနေ့ သူ မလွှတ်မြောက်နိုင်တော့မယ့် ပုံပါပဲ..။

…

နိုင်ငံ ရဲဌာန တွင်..။

ဒီကိ္စ္စက ဖြေရှင်း ပြီးသွားခဲ့ပါပြီ..။အစကတော့ ဒါက ကိစ္စကြီးတစ်ခု ဖြစ်ပြီး အပြင်းအထန် ဆွေးနွေး ခဲ့ကြရပါတယ်..။တစ်ချို့လူတွေက..ပြစ်ဒဏ်ကြီးတွေ ချစေချင်ပြီး..တစ်ချို့လူတွေကတော့ အပြစ်ဒဏ်ကို လျော့ပေါ့ ပေးစေချင်ကြတာပါ..။ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေးက ထူးချွန်ပြီး..ဘဏ်နဲ့ ရဲဌာန ကိုလည်း ဘာမှ ထိခိုက်အောင် မလုပ်ခဲ့ပါဘူး..။

ဒီကိစ္စကြောင့်မှာ ခေါင်းဆောင်ကြီးတွေ အနည်းငယ်ဟာ..မနေ့ညက..အစည်းအဝေး လုပ်ခဲ့ရပါသေးတယ်..။

သူတို့ အစည်းအဝေး လုပ်နေတုန်းမှာပဲ..ကျန်းကျောင်ရှန်းဟာ..ကိုယ်တိုင်ရောက်လာခဲ့ပါတယ်..။သူ ပြောသွားတာကတော့..စကားတစ်ခွန်းတည်းပါ..။

"သူက ကျုပ်မိသားစုရဲ့ ကျေးဇူးရှင် ဖြစ်နေတော့..။ခေါင်းဆောငိကြီးတို့ ကျုပ်မျက်နှာကို ထောက်ထားပေးနိုင်မလား.."

သူ ဒီစကား ပြောတဲ့ အချိန်မှာ နေရာတစ်ခုလုံး ကြောင်အသွားခဲ့ကြပါတယ်..။

ဘယ်သူမှ..သူ့ရှေ့မှာ အပိုစာသားတွေ သွားမပြောရဲခဲ့ကြပါဘူး..။

All Chapters