← Chapters

သူက ဒီကို အားလပ်ရက် ခရီးထွက်လာတာ လား...

Vol. 36 Ch. 528

သူက ဒီကို အားလပ်ရက် ခရီးထွက်လာတာ လား...

Vol. 36 Ch. 528

#ဘာသာပြန် = စနိုးဝှိုက်

ရဲစခန်းမှာ အချိန်ဖြုန်းနေရတာက..အတော် အဆင်ပြေတယ် လို့ပြောလို့ရပါတယ်..။သူ ဘာပန်ကိတ်မှ ရောင်းဖို့ မလိုအပ်သလို..အစ်ကို ချွင်ချွင် လက်ကနေ လည်း ပုန်းပြီးသားပါ..။ဒီလို အကြံအစည်မျိူးက သူ့လို ဥာဏ်ရည် မြင့်တဲ့ လူတွေပဲ တွေးနိုင်မှာပါ..။

လင်းဖန် ကိုယ့်ကိုကို ကျေနပ်နေခဲ့တယ်..။

ငါကလွဲလို့ ဘယ်သူကများ ဒီလို အကြံမျိူးထုတ်နိုင်မှာလဲ....

အဲ့အချိန်မှာပဲ ဝမ်မင်ယန်ဟာ ရဲစခန်းကို ရောက်လာခဲ့ပါတယ်..။

လင်းဖန်ကတော့..ကြီးမားတဲ့ ဂဏန်းကြီးကို ကိုငိထားလို့ပါ..။ဒါက မဆလာနံ့တွေနဲ့ အတော်ကို မွှေးကြိုင်ပါတယ်..။သူ ဝမ်မင်ယန်ကို မြင်တဲ့ အချိန်မှာ ပျော်ရွှင်စွာ လှမ်းခေါ်လိုက်တယ်..။

"ဟေး..ဘာလာလုပ်တာလဲ..။ဒီကို အမြန်လာ...။ကျုပ် ဂဏန်းချဥ္စပ်..မှာထားတာ..တစ်ယောက် တည်း မကုန်တော့ဘူး..။လာ ..အတူစားရအောင်..."

ဝမ်မင်ယန် လင်းဖန် ရဲ့ အခြေအနေကြောင့် အဆက်အသွယ် တွေ အများကြီးကို ရှာဖွေ နေခဲ့တာပါ..။သူ ရှေ့နေတွေ အများကြီး အလုပ်ခန့်ခဲ့ပေမယ့် ရှေ့နေတွေက ဒီကိစ္စက အမူကြီးဖြစ်တာကြောင့် နိုင်ဖို့ ခဲယဥ္းတယ်လို့ ပြောကြပါတယ်..။သူတို့ လုပ်နိူင်တာကတော့ အမူ ပေါ့လျော့အောင်ပါပဲ..။သို့ပေမယ့် ဒီလို အမူပေါ့လျော့အောင် လုပ်ဖို့တောင် အခြေအနေပေါ် မူတည် နေပါသေးတယ်..။သူတို့ ပြောတာက ထောင်ဒဏ္ သုံးနှစ်ထက် လျော့နည်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာပါပဲ..။

သူ ထောင်ဒဏ် သုံးနှစ်လို့ကြားလိုက်ရတဲ့ အချိန်မှာ ဘာလုပ်ရမှန်း မသိတော့ပါဘူး..။သူ လင်းဖန်ကို ထောင်ထဲမှာ တစ်ရက်တောင် ရှိမနေစေချင်ပေ..။

သို့ပေမယ့် အခု လင်းဖန်က အေးဆေးထိုင်ပြီး..ဂဏန်းတွေကို စားနေတာ မြင်တဲ့ အချိန်မှာ သူကြောင်အသွားခဲ့တယ်။ ဘယ်တုန်းက..ရဲစခန်းက အချုပ်သားတွေကို ဆက်ဆံတာ အရမ်းကောင်းသွားတာလဲ..။

သူက အစားအသောက် တောင် မှာစား နေတာလား..

"မင်း..."

ဝမ်မင်ယန် အံ့ဩသွားခဲ့တယ်..။

လင်းဖန် မျက်တောင် အနည်းငယ်ခတ်ပြီး ပြန်ပြောလိုက်ပါတယ်..။

"ဘာဖြစ်လို့လဲ..။တစိခုခု ဖြစ်ထားလို့လား.."

ဝမ်မင်ယန် ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။

"ငါတို့ အကုန်လုံး အပြင်မှာ မင်းကို စိတ်ပူနေကြတဲ့ အချိန်..မင်က ဇိမ်ကျ နေတာလား..။ဘာတွေ စောက်ကျိုးနဲ ဖြစ်နေတာလဲ.."

"ဒါက ဘာမှ မဟုတ်ပါဘူး..။စိတ်ထဲထားမနေနဲ့..။ကျုပ် ဒီတိုင်း အပြောင်းအလဲ လေးတွေကို သဘောကျလို့..။အိုး..ခင်ဗျား ဂဏန်း လာစားပါလား..။ဒါက ယန်ချနး် ရေကန်က ဂဏန်းကြီးတွေနော်..တကယ်မိုက်တယ်..."

ဝမ်မင်ယန်..တုံးအစွာ မတ်တတ်ရပ်နေခဲ့ပါတယ်..။သူ့မျက်လုံးထဲမှာ ဝမ်းနည်းမူ အနည်းငယ် ရှိနေခဲ့တယ်..။သူ့ရဲ့ ညီအစ်ကိုကို သူ တကယ်နားမလည် တော့ပါဘူး..။

စောက်ကျိုးနဲ သူဘာတွေ လုပ်နေတာလဲ...

သာမန် ဦးနှောကိကောင်းတဲ့ လူတိုင်း ထောင်ထဲမှာ နေချင်ကြမှာ မဟုတ်ပါဘူး..။

သူ ပုံမှန်ပြန်ဖြစ်အောင် အသက်ပြင်းပြင်းရူလိုက်ပြီး...

"မင်း ဒီမှာ ဘယ်လောက်ကြာမှာလဲ..ပြောစမ်းပါဦး.."

လငိးဖန် ဂဏန်း ခြေထောကို ဖဲ့လိုက်ပြီး...

"တစ်လ..။ဒါကလည်း..ကျုပ် ကိုင်တိုင် တောင်းဆိုထားတာ..။ကျုပ်က ပြစ်မူကျူးလွန်ထားတာ ဆိုတော့ မျှမျှတတ လုပ်ဖို့ လိုအပ်တယ်လေ..။အိုး ..ခင်ဗျား စားမှာလား...."

"မစားဘူး..ငါ ပြန်ပြီး နားတော့မယ်.."

ဝမ်မင်ယန် ပြောလိုက်တာပါ..။

လင်းဖန် သူ့ကို မတားတော့ပေ..။

"ကောင်းပြီလေ..ဒါဆိုလည်း..။ကျုပ်ကို ကြိုက်တဲ့ အချိန် ဖုန်းခေါ်လိုက်ပါ..။ ဖုန်းက ကျုပ်နဲ့ အတူပဲ ရှိနေတာ..။ဟုတ်သားပဲ..ကျုပ်ကို ..ပရိဘောဂ နည်းနည်းလောက် ယူလာပေးပါဦး..။ဒီကို လာတော့ မပြင်ဆင်လာခဲ့ရဘူး.."

ဝမ်မင်ယန် အကူညီမဲ့စွာ ပဲ ခေါင်းညိမ့်လိုက်ပါတယ်..။

"ကောင်းပြီ.."

အပြင်ဘက်..။

ဝမ်မင်ယန် ထွက်လာခဲ့တယ်..။

သူ့စိတ်ထဲမှာတော့ အတွေးတွေ နဲ့သာ ပြည့်နှက်နေခဲ့ပါတယ်..။

ဒါက အကျဥ္းကျ နေတာလား ဆိုတာ ငါ့ကို တစ်ယောက်ယောက် ပြောကြစမ်းပါဦး..။သူ ဒီကို အားလပ်ရက် ခရီးထွက်လာတာ လား.....

ယင်းနောက် ဝူရွှန်းယွဲ့နဲ့ ကျန်တဲ့ လူတွေဟာ ဖုန်းခေါ်လာခဲ့တယ်..။

သူတို့အတွက်တော့ ဝမ်မင်ယန် တစ်ခွန်းသာ ပြန်ဖြေခဲ့ပါတယ်..။

"စိတ်ပူဖို့ မလိုတော့ဘူး..."

ဒီငနဲက သူတို့ထက်တောင် ဇိမ်ကျ နေခဲ့တာပါ..။ပြီးတော့ သူက ကျန်တဲ့ လူတွေကလည်း စိတ်ပူအောင် လုပ်ထားပါသေးတယ်..။

လီရှောင်ရှမ်းကတော့ လင်းဖန်ကို နားမလည်နိုင်စွာ ကြည့်နေခဲ့တယ်..။မာစတာ လင်း အချုပ်ထဲမှာ နေချင်ရအောင် သူ့ ဦးနှောက်က ဘယ်လိုတွေ အလုပ်လုပ်နေမှန်း နားမလည်တော့ပါဘူး..။အထက်ကလည်း မာစတာ လင်းကို လွတ်လွတ်လပ်လပ်ထားပြီး..လုပ်ချင်တာ လုပ်ခိုင်းဖို့ ညွှန်ကြားထားခဲ့တာပါ..။

လင်းဖန် ဂဏန်းတွေ အကုန်စားပြီးတဲ့ အချိန်မှာ သန့်ရှင်းရေး လုပ်လိုက်တယ်...။

ယင်းနောက် သူ့ပါးစပ်တွေကို သုတ်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်ပါတယ်..။

"ကောင်းပြီ..ထိန်းသိမ်းရေး ခန်းကို သွားကြရအောင်.."

ဒီအမူအတွက် ..ဒါပေါ့..သူ ထောင်ထဲကို သွားစရာ မလိုပါဘူး..။သူ ဒီတိုင်း ထိန်းသိမ်းရေး စခန်းမှာပဲ နေဖို့ လိုတာပါ..။

"ကောင်းပြီ.."

လီရှောငိရှမ်း ဘာမှ ထပ်မပြောတော့ပေ..။သူ့စိတ်ထဲမှာ တော့ အတော်ရုှပ်ထွေးနေခဲ့ပါတယ်..။

ဒီကိစ္စက ဖြေရှင်းပြီးတဲ့ပုံပါပဲ..။အမှုအကြောင်းကိုလည်း အပြင်ကို အသိမပေးဖို့ အထက်က ညွှန်ကြားထားပါသေးတယ်..။ဘာပဲဖြစ်ဖြစ်..လက်ရှိအခြေအနေက သိပ်တော့ မဟုတ်သေးပေ..။

အပြင်ဘက်..။

အင်တာနက် က တော့ လှုပ်ရှားနေတုန်းပါပဲ..။

"တစ်ရက်တောင် ရှိသွားပြီ..။ဘာလို့ ဘာသတင်းမှ မကြားတာလဲ.."

"ဒီသတင်းထောက်တွေဘာလုပ်နေတာလဲ..။အခုထိ သတင်းရအောင် မလုပ်နိုင်သေးဘူး.."

"မာစတာ လင်း အထဲမှာ အနိုင်ကျင့်ခံနေရတာများ ဖြစ်နိုင်မလား.."

"မင်းစိတ်ကူးယဥ်နေတာလား..။မာစတာ လင်းက ဘယ်လို လုပ်ပြီး..အနိုင်ကျင့်ခံရမှာလဲ.."

"ဟားဟား..ကောင်းတယ်..ဒီလို နေရာတကာ ဝင်ပါတတ်တဲ့ ကောင်က ဖမ်းခံရမှာပဲ..။ငါ မင်းတို့ကို ပြောလိုက်မယ်..ဒီလို အမူကျုးလွန်ထားရင်..ထောင်ထဲမှာ အနည်းဆုံး တစ်နှစ်တော့ နေရမှာပဲ..။ဒီကြားထဲ မျက်စိနောက် သက်သာတာပေါ့..."

"အပေါ်ကကောင် လစ်လိုက်..."

"ဒါအမှန်ပဲ..မာစတာ လင်း ဘာမှ မဖြစ်လောက်ဘူး.."

…

နောက်တစ်ရက်..။

ထိမ်းသိမ်းရေး..နေရာတွင်.။

လင်းဖန် နိုးလာခဲ့တယ်..။သူ့ ကျောအောက်က အဆင့်မြင့် ဆိုဖာအသစ်​ကို ခံစားမိတာကြောင့် သူ ပြုံးလိုက်ပါတယ်..။

ဒီနေရာက သေးပေမယ့်လည်း သူ လိုတာ အကုန်လုံူရှိနေခဲ့ပါတယ်..။

ဝမ်မင်ယန်က သူလိုတဲ့ အရာတွေ အကုန်လုံးကို ပိုဆောင် ပေးခဲ့တာပါ..။

လင်းဖန် သံတိုင်တစ်ချို့ကို ကြည့်လိုက်ပြီး.. 'သံတိုင်တွေ နောက်က မျက်ရည် ' သီချင်းကို သွားသတိရလိုက်ပါတယ်..။

ဘယ်လောက် သနားဖို့ကောင်းလဲ..။

ရုတ်တရက် ဘေးအခန်းက လူတွေ သူ့ကို ကြည့်နေကြတာကို သူ သတိထားမိလိုက်တယ်..။

တစ်ခြား အခန်းက လူတွေဟာ လင်းဖန်ကို ကြောင်အပြီး စိုက်ကြည့်နေကြတာပါ..။တစ်ချိန်တည်းမှာပဲ..သူတို့ရဲ့ မျက်နှာပေါ်မှာ အံ့ဩမူတွေ ရှိနေခဲ့ပါတယ်..။

သူတို့ထဲက..တစ်ချို့က လအနည်းငယ် ကြာနေခဲ့ပါပြီ..။

တစ်ချို့ဆိုရင် တစ်နှစ်လောက် ရှိပါပြီ..။

ဘယ်အချိန်တုန်းက ဒီလို အရာတွေ ရှိသွားတာလဲ....

ဒီကောင် အချုပ်ကျနေတာရော ဟုတ်သေးရဲ့လား...။ဘာလို့ သူ့ပုံစံက ငါတို့အခန်းတွေနဲ့မတူပဲ..ဟိုတယ် တစ်ခုက အခန်းထဲ ရောက်နေသလိုဖြစ်နေတာလဲ....။

ဥပဒေ ဆိုတာရော ရှိသေးရဲ့လား...

အင်တာနက်တွင်..။

"သုံးရက် ရှိနေပြီနော် ဘာသတင်းမှ မရသေးဘူး.."

"ဘယ်သူ သိမှာလဲ..။အထဲမှာ တစ်ခုခု ဖြစ်နေတာလား..."

"ကျေးဇူးပါ မာစတာ လင်း..ကျုပ်မိသားစု ရဲ့ငွေလေးတွေ ပြန်ရလို့.."

"မာစတာ လင်းက ငါတို့ကို ကူညီခဲ့ပေမယ့်..သူကတော့ ဒုက္ခရောက်နေပြီ..။ငါတို့ မာစတာ လင်း ထွက်ခွင့်ရအောင် ကြိုးစားရမယ်.."

"ဒါအမှန်ပဲ..ငါ မာစတာ လင်းအတွက် ပလက်ဖောင်း အကြီးကြီးတွေမှာ ပို့စ်တင်ရမယ်.."

အဲ့အချိန်မှာပဲ များပြားလှတဲ့ မြို့သားတွေဟာ ပလက်ဖောင်းတွေကနေ ​ ပို့စ်တွေတင်ပြီး ကြေညာ လိုက်ကြပါတယ်..။သူတို့ အတွက်တော့ မာစတာ လင်းက သူရဲကောင်း တစ်ယောက်လိုပါပဲ..။

အဲ့အချိန်မှာပဲ ချဲ့ကားထားတဲ့..ပို့စ်တွေ တက်လာခဲ့တယ်..။

"မာစတာ လင်း အဖမ်းခံရတာနဲ့ ပတ်သက်ပြီးဟအခုထိ ဘာသတင်းမှ မရသေးဘူး..။သူ ထောင်ထဲမှာ ရက်ရက်စက်စက်..နိပ်စက်ခံနေရပြီ.."

"ငါတို့ရဲ့ သူရဲကောင်း ခံစားနေရတဲ့ အချိန်မှာ ငါတို့ ဒီတိုင်းနေလို့ မရဘူး..။ငါတို့ အသနားခံစာ တင်ရမယ်.."

"ဟုတ်တယ်..."

…

တိမ်ဖြူလမ်း..။

အစ်ကို ချွင်ချွင်..သိပ်မဝေးတဲ့ နေရာတစ်ခုကနေ မတ်တတ်ရပ်ပြီး..မာစတာ လင်း ဆိုင်ကို ကြည့်နေခဲ့တယ်..။သူမ တစ်ခုခု မူမမှန်တာ သတိထားမိနေခဲ့ပါတယ်..။

အဲ့ နတ်ဆေးဆရာလေး..တကယ် ဖမ်းခံရတာလား..

နတ်ဆေးဆရာလေး ဒီကို ကပ်ဆိုးနဲ့ ကြုံရတာကို သူမ တကယ် ဝမ်းသာမိပါတယ်..။သို့ပေမယ့် သူမရဲ့ အခြေအနေက..နတ်ဆေးဆရာလေး ဖြေရှင်းပေးမှ ရမှာပါ..။

အခု နတ်ဆေးဆရာလေး ထောင်ကျသွားတော့ သူမ ဘာလုပ်ရမှာလဲ....

သူမ တိကျတဲ့ အခြေအနေကို သိရမှဖြစ်မှာပါ..။

ဝူယူလန်ဟာ ဝင်ပေါက်မှာ ရပ်နေခဲ့တယ်...။အစ်ကိုလင်း မရှိတဲ့ အချိန်တွေမှာ..ဆိုင်က ခြောက်ကပ်နေပြီး စည်ကားမူ မရှိသလိုပါပဲ..။ယင်းနောက် သူမ ဘေးနားက ခေါ်သံတစ်ခုကို ကြားလိုက်ရတယ်..။

"မာစတာ လင်း ဘယ်တော့ ပြန်လာမှာလဲ သိပါရစေ.."

ဝူယူလန် ဟာ..တစ်စုံတစ်ယောက်ကို မြင်တဲ့ အချိန်မှာ အနည်းငယ် အံ့ဩသွားခဲ့တယ်..။သူမရဲ့ စိတ်ထဲမှာတော့ မိန်းမလေးတစ်ယောက်ပဲ..လို့ရေရွတ်မိလိုက်ပါတယ်..။

လူလိမ်ထျန် ..သူမကို မြင်တဲ့ အချိန်မှာ..တစ်နေရာရာမှာ မြင်ဖူးနေသလိုမျိုး..ရင်နှီးတယ်လို့ ခံစားလိုက်ရပါတယ်..။

ဝူယူလန် မေးလိုက်တယ်..။

"ဘယ်သူလဲ သိပါရစေ..."

အစ်ကို ချွင်ချွင် ရယ်လိုက်တယ်..။သူမ တကယ် ကျေနပ်သွားခဲ့တာပါ..။ဒီ လှပပြီး ကျတ်သရေ ရှိတဲ့ မိန်းကလေး..က တစ်စုံတစ်ယောကိရဲ့ အကာအကွယ်ကို လိုနေသလိုမျိူး ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်..။

"ကျွန်တော် နာမည်က လီရူပါ..။မာစတာ လင်းဆီကို ရောဂါ ကုပေးစေချင်လို့ လာရှာတာပါ..။မာစတာ လင်း ဘယ်တော့ပြန်လာမှာလဲ သိလို့ရမလား.."

ဝူယူလန် ခေါင်းခါယမ်းပြီး ဝမ်းနည်းစွာ ပြောလိုက််တယ်..။

"ကျွန်မလည်း မသိဘူး.."

အစ်ကို ချွင်ချွင် ဝူယူလန်ကို ကြည့်ပြီး အကြံတစ်ခုရလိုက်တယ်..။သူမ..အိုး...လို့သာ ​ရေရွတ်လိုက်ပြီး.ထပ်ပြောလိုက်ပါတယ်..။

"အစ်မကို ဝီချပ်မှာ အကောင့် အပ်ထားလို့ရမလား..။ကျွန်တော်က ကျောင်းနင်က လာတာဆိုတော့..ဒီမှာက မိတ်ဆွေ မရှိဘူးလေ..။တစ်ကယ်လို့ တစ်ခုခု မသေချာတာ ရှိရင် လှမ်းမေးလို့ အဆင်ပြေအောင်လို့ပါ.."

ဝူယူလန် ခေါင်းညိမ့်လိုက်တယ်..။

"ရပါတယ်..."

မိန်းမလှလေး တစ်ယောက်က..နောက်ထပ် မိန်းမလှလေးတစ်ယောက်ကို တွေ့တဲ့ အချိန်မှာ ရင်းနှီးလွယ်ကြတာ မထူးဆန်းပါဘူး..။

လီရူကတော့ လှပစွာ ပြုံးနေခဲ့တယ်..။တစ်ယောက်နဲ့ တစ်ယောက် ဝီချပ်မှာ အကောင့်အပ်တာက သူ့အစီစဥ္ အောင်မြင်ဖို့ ပထမ ခြေလှမ်းပါပဲ..။

All Chapters