← Chapters

ဂုရု ဂုရု

Vol. 36 Ch. 529

ဂုရု ဂုရု

Vol. 36 Ch. 529

#ဘာသာပြန် = စနိုးဝှိုက်

အင်တာနက် လုံခြုံရေး ဌာနရဲ့ စပါယ်ရှယ်လစ် တွေဟာ..ရှန်ဟိုင်းမှာ ရှိနေကြတုနိး ဖြစ်ပေမယ့်..လျို့ဝှက်ကုဒ် ဖြေတဲ့..ပညာရှင်ကတော့ ပြန်သွားခဲ့ပါပြီ..။

ရှန်းဂျီယန် ပိုပြီး အရေးကြီးတဲ့ ကိစ္စကို တွေးတော နေခဲ့တယ်..။ဒါက သူ့တို့ရဲ့ သေခြင်း ရှင်းခြင်း နဲ့တောင် သက်ဆိုင်ပါတယ်..။

"ခေါင်းဆောင် ဆုံးဖြတ်ချက်ချပါတော့..။ဒီအခွင့်အရေးက ရဖို့ ခဲယဥ်းတယ်နော်..."

"ဟုတ်တယ်..ဒီလို ဂုရု မျိုးတွေ့ဖို့က ရှားပါးတယ်..။တကယ်လို့ ကျွန်တော် တို့ ဒီ မာစတာ နဲ့ မဆွေးနွေးဖြစ်ခဲ့ရင် အနာဂတ်မှာ နောင်တရနိုင်တယ်နော်..."

"ဒါက တကယ့် ဂုရု အစစ်အမှန်ပဲ..။ပြီးတော့ သူက တစ်ခြား လူတွေ နဲ့လည်း မတူဘူး..။သူ..ဆာဗာ တွေကို ဟတ်သွားတာက..အရမ်းတော်လွန်းတယ်..."

ရှန်းဂျီယန်..သူ့ရဲ့ အပေါင်းအသင်းတွေကို ..လေးလေးနက်နက် ကြည့်လိုက်ပြီး..

"မင်းတို့ရော ဒီလိုပဲ ထင်လား.."

လူတိုင်း ခေါင်းညိမ့်လိုက်တယ်..။

"အင်း..ကောင်းပြီလေ..ငါတို့သူနဲ့ စကားသွားပြောကြမယ်.."

"ဒါအမှန်ပဲ..သူက..ကျွန်တော်တို့ထက် ပိုပြီး..ကျွမ်းကျင်တယ် ဆိုတာ သေချာနေမှတော့. သူနဲ့သိခွင့်ရတာက အောက်ကျတယ်လို့

တော့ မဆိုလိုပါဘူး.."

ရှန်းဂျီယန်က ဒီမှာ ခေါင်းဆောင် ဆိုပေမယ့်လည်း သူတို့က ညီအစ်ကို တွေလိုပါပဲ..။သူတို့ ဒီလောက မှာ ကျငိလည်နေကြတဲ့ လူတွေဖြစ်ပြီး တစ်ခါတစ်လေမှာ ပလပ်ကျွတ်အောင် ရိုက်နှက်ခံရရင်တောင် သူတို့ အကုန်လုံးက အရှုံးမပေးကြပေ..။

သို့ပေမယ့် ဒီတစ်ချိန် ပြိုင်ဘက်က အရမ်းသန်မာလွန်းနေတော့..သူတို့ ပြန်တိုက်ခိုက်ဖို့ တောင် မလုပ်နိုင်ကြပါဘူး..။

တစ်စုံတစ်ယောက်က..နှုတ်ဆက်ခွင့်တောင် မပေးပဲ..ကြမ်းပြင်ပေါ် လေးဘက်ထောက်ဖြစ်အောင် ရိုက်ချခံရတာကို မြင်ဖူးလား....

ဒါက ကလေးတွေကို လူသန်ကြီးက အနိုင်ကျင့်သလိုပါပဲ..။ရန်သူက အရမ်းသန်မာ နေတဲ့ အတွက် ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး မရှိခဲ့ကြပေ..။

ရှန်းဂျီယန် ပြောလိုက်တယ်..။

"မင်းတို့ သိထားရမှာက..သူ့ကို ကွန်ပြူတာကိုင်ခိုင်းတာက..ဥပဒေကို ဆန့်ကျင်တယ်နော်..."

"သူဌေး..တကယ်လို့ ကျွန်တော်တို့ အကုန်လုံး မပြောဘူး ဆိုရင် ဘယ်သူ သိမှာမို့လို့လဲ.."

"ကောင်းပြီလေ..။ငါတို့ စွန့်စားကြည့်တာပေါ့.."

ရှန်းဂျီယန် သူ့ အပေါင်းအဖော် တွေကို ကြည့်ပြီး ပြောလိုက်တယ်..။

"ကောင်းပြီ ငါတို့ အခု ရှော့ပင်းစင်တာ ကို သွားကြမယ်.."

"အာ..။ခေါင်းဆောင် ကျွန်တော်တို့ ဘာလို့..စျေးဝယ်စင်တာကို သွားမှာလဲ..။ထိန်းသိမ်းရေး စခန်းကို သွားရမှာ မဟုတ်ဘူးလား.."

ရှန်းဂျီယန် ပြောလိုက်တယ်..။

"မင်းတို့ ငတုံးတွေလား..။ငါတို့ ဂုရု ဆီကို သွားရင် လက်ဆောင် တွေဘာတွေ ဝယ်သွားသင့်တာပေါ့.."

"ဟုတ်သားပဲ..ကျွန်တော် မတွေးလိုက်မိဘူး.."

…

ထိန်းသိမ်းရေး စခန်း..။

လင်းဖန် အေးအေးဆေးဆေး ဖုန်းသုံး နေခဲ့တယ်..။အခုချိန်မှာ သူ့အကြောင်းနဲ့ ပတ်သက်ပြီး..သတင်းတွေ အများကြီး ရှိနေကာ..တစ်ချို့ မြို့သားတွေဟာလည်း..သူ့အတွက် တရားမျှတမူ ရှာချင်နေကြပါတယ်..။

လင်းဖန် အနည်းငယ် ခံစားလိုက်ရတယ်..။ဒီလူတွေက တကယ် ချစ်ဖို့ ကောင်းကြတာပါ..။

သူ..အပြင်ရောက်လို့ ရှိရင်..ဒီလူတွေကို ယဥ္ယဥ ်ကျေးကျေး ဆက်ဆံရမှာ ဖြစ်ပြီး..မောက်မာလို့ မရပါဘူး..။

အဲ့အချိန်မှာပဲ..သူ့နဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတဲ​ြ အကျဥ္းသားဟာ လှမ်အော်လိုက်တယ်..။

"အစ်ကိုကြီး..ဘာအမူလဲ.."

သူတို့အတွက်ကတော့..ဒါက တကယ်အဆင်မပြေပါဘူး..။ဒါမျိုးကို သူတို့ပထမဆုံး အကြိမ်မြင်ဖူးတာပါ..။

သူတို့ ပြန်ပြောရင် ဘယ်သူက ယုံကြည်မှာလဲ....

အကျဥ္းချခံရတာ ဘယ်တုန်းက ဒီလောက် ဇိမ်ကျသွားတာလဲ..။သူ့လိုသာ..လူတိုင်းဆိုရင်..အကျဥ်းချခံချင် တဲ့လူတွေ တန်းစီ နေကြတော့မှာပါ..။

"ခင်ဗျား တိမ်ဖြူလမ်း ရဲ့ မာစတာ လင်း ဆိုတာကို သိလား.."

လင်းဖန် မေးလိုက်တာပါ..။

အကျဥ္းသားဟာ ခေါင်းခါယမ်း လိုကိပြီး...

"မာစတာ လင်း လား..။သူက ဘယ်သူလဲ..."

လင်းဖန် အကူညီမဲ့ သွားခဲ့တယ်..။သူ ဒီလောက် နာမည်ကြီးနေတာတောင် ဒီလူတွေက..သူ့ကို မသိကြပါဘူး..။သိူ့ပေမယ့်..ဒါကို တွေးကြည့်ရင် ဒီလူတွေ ဒီထဲရောက်နေတာ အတော်ကြာသွားပြီမှန်း သိနိုင်ပါတယ်..။

"ခင်ဗျားတို့..ဘာအမှုကျုးလွန်ခဲ့လို့လဲ..။ဒီမှာ ဘယ်လောက်ကြာပြီလဲ.."

လင်းဖန် မေးလိုက်တာပါ..။

လူကြီးဟာ ဝမ်းနည်းစွာ ပြန်ဖြေလိုက်တယ်..။

"ငါက ဗိသုကာ ပညာရှင်တစ်ယောက်ပဲ..။ဒါက..လောင်ချန်း စီရင်စုက အိမ်တစ်လုံးကို ဒီဇိုင်းပြန်ဆွဲရင်းက နေဖြစ်ခဲ့တာ..။ငါ နံရံ တစ်ခုကို ဖြိုဖျက်ခဲ့တယ်..။အဲ့နံရံက ရွေ့ပြောင်းတဲ့ နံရံ ဆိုတာ ငါက ဘယ်လိုသိထားမှာလဲ..။ငါ အဲ့နံရံကို ဖြိုလိုက်တဲ့ အချိန်မှာ အိမ်ပါ ပြိုကျသွားခဲ့တယ်..။ကံကောင်းချင်တော့ ပြန်ပြင်ဆင်နေချိန်ဆိုတော့ လူတွေ ထိခိုက်မူ မရှိဘူးလေ..။အစကတော့ ငါက ကုန်ကျစရိတ်ပြန်ပေးရင် ဖြေရှင်းလို့ရမယ် ထင်တာ..ဒါပေမဲ့ ဒါက မကြာခင်အတွင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်တော့မှာလို့ ဘယ်သူသိမှာလဲ..။ဒါကြောင့် ငါ အထိန်းသိမ်းခံလိုက်ရတာလေ.."

"ခင်ဗျားက တကယ်ကံဆိုးတာပဲ..။ဒါပေမဲ့ ခင်ဗျားက အတော်ချမ်းသာတာပဲ..။အရင်အိမ်အဟောင်း ဆိုရင်တောင် ရှန်ဟိုင်းမှာ အတော်တန်ကြေးရှိမှာ.."

လင်းဖန် ပြောလိုက်တာပါ..။ဗီသုကာ ပညာရှင် တစ်ယောက်က ဝင်ငွေကောင်းမှာ အသေအချာပါပဲ..။

လူကြီးဟာ ခေါင်းခါယမ်းပြီး ခါးသက်စွာ ရယ်မောလိုက်တယ်..။

"ငါက ဘယ်လိုလုပ်ချမ်းသာမှာလဲ..။ဒီနံရံကို မဖြိုချခင်တုန်းက..ငါ မသေချာတာနဲ့ သူ့ကို မေးခဲ့တယ်လေ..။သူက ဖြိုချဆိုတာနဲ့ ငါလည်း ဖြိုချလိုက်တာ..။အမှုဖြစ်လာတော့.. သူက ဒေါ်လာ သုံးသန်း လျော်ကြေးပေးနိုင်လို့ လွှတ်သွားတာ..ငါကတော့ မပေးနိုင်တော့ အဖမ်းခံခဲ့ရတယ်လေ.."

လင်းဖန် :: ".........."

အဲအချိန်မှာပဲ လူတစ်ချို့ ရောက်လာခဲ့တယ်..။

"ဂုရု ..."

ရှန်းဂျီယန် ​ပြောလာခဲ့တာမဟုတ်ပဲ..လူငယ်လေး တစ်ယောက်က လှမ်းခေါ်ခဲ့တာပါ..။

"အဟမ်း.."

ရှန်းဂျီယန် ချောင်းဆိုးပြီး အချက်ပေးလိုက်တယ်..။

"တိတ်တိတ်နေ.."

လူငယ်းလေးဟာ..သူ အနည်းငယ် စိတ်လှုပ်ရှားသွားမှန်း သတိထားမိလိုက်ပါတယ်..။

လင်းဖန် သူတို့ကို အံ့ဩစွာ ကြည့်လိုက်တယ်..။ယင်းနောက် သူတစ်ခုခုကို စိုးရိမ်သွားခဲ့ပြီး...

"မင်းတို့ ငါ့ ကွန်ပြူတာကို မဖျက်ဆီးခဲ့ဘူး မလား.."

သူ ဒါကို ပြောတဲ့ အချိန်မှာ အင်တာနက်လုံခြုံရေး ဌာနက လူတွေ အကုန်လုံးရှက်ရွံ့သွားခဲ့တယ်..။ဒီကိစ္စက သူတို့အတွက်တော့ အကူညီမဲ့စရာပါပဲ..။ဂုရု ကြီးရဲ့ ကွန်ပြူတာ ထဲမှာ ဘာ လျို့ဝှက်ချက် တွေမှ မရှိပဲ ဇာတ်ကား အနည်းငယ်ပဲ ရှိတာပါ..။

"မဟုတ်ပါဘူး အကုန်ပုံမှန်အတိုင်းပါပဲ.."

လူငယ်လေး တစိယောက်က ပြောလိုက်တာပါ..။

လင်းဖန် စိတ်သက်သာရာ ရသွားခဲ့ပြီး...

"ဒါကောင်းတယ်..။မင်းတို့ ဘာလာ လုပ်ကြတာလဲ.."

လီရှောင်ရှမ်း အချုပ်ခန်းရဲ့ တံခါးကို လာဖွင့်ပေးလိုက်တယ်..။ဒီ အင်တာနက် စပါယ်ရှယ်လစ် တွေ ဘာလာလုပ်ကြတာလဲ ဆိုတာကို သူ ခန့်မှန်းမိပါတယ်..။သူတို့..မာစတာ လင်း ဆီက ပညာလာယူ တာက လွဲလို့ ဘာမှမရှိနိုင်ပါဘူး..။

သူတို့ အကုန်လုံးကို မာစတာ လင်းက ရိုက်ချနိုင်ခဲတာဆိုတော့ သူတို့ မာစတာ လင်းကို လေးစားတာက အထူးအဆန်းမဟုတ်ပေ..။

ရှန်းဂျီယန် ရှေ့ကို တက်လာပြီး အပြုံးလေးနဲ့ ပြောလိူက်တယ်..။

"ဒါက.. ကျွန်တော် တို့ ပထမဆုံးအကြိမ် လာကြတာ ဆိုတော့..လက်ဆောငိဝယ်လာခဲ့ပါတယ်.."

လင်းဖန် တစ်ချက် လှမ်းရှိုးလိုက်တယ်..။သူတို့က အထုပ်ကြီးတွေ ..အထုပ်သေးတွေ စုံအောင် ဝယ်လာခဲ့တာပါ..။ဒါတွေက..စျေးကြီးတဲ့ အရာတွေ မဟုတ်ပေမယ့် သူတို့ရဲ့ လေးစားမူကို ဖော်ပြဖို့ အတွက်တော့ လုံလောက်ပါတယ်..။

"ဒီတိုင်းလာလို့လည်း ရပါတယ်ဗျာ..လက်ဆောငိတွေ ဘာတွေ မလိုပါဘူး..."

လင်းဖန် ပါးစပ်က ပြောနေပေမယ့်..လက်ဆောင်တွေကို တော့ ပျော်ရွှင်စွာ လှမ်းယူလိုက်တယ်..။

ဘေးနားက အကျဥ်းသားတွေဟာ..မြင်ကွင်းကို တအံ့တဩ ကြည့်နေခဲ့ကြပါတယ်..။ဒါကို သူတို့ မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင် သူတို့ ယုံနိုင်မှာတောင် မဟုတ်ပါဘူး..။

ဒါက ထိမ်းသိန်းရေး စခန်းလေကွာ.. အဲလို ဧည့်သည်တွေ ဘာတွေ လာတွေ့လို့ရတာလား...

လက်ဆောင် တွေကရော..ဘာအတွက်လဲ....

လီရှောင်ရှမ်းဟာ အ​ခြေအနေကို ကြည့်ပြီး သူဆက်ရှိနေဖို့ မလိုအပ်တာကြောင့် ထွကိသွားခဲ့ပါတယ်..။

"ဂုရု ကျွန်တော် နာမည်က ဆန်းနမ် ပါ..။မာစတာ ရဲ့ စကေးတွေက အရမ်းကောင်းလွန်းတယ်..။ကျွန်တော် တကယ် လေးစားပါတယ်.."

အစောပိုင်းက စိတ်လှုပ်ရှားနေတဲ့..လူငယ်လေးက မိတ်ဆက်လိုက်တာပါ..။

သူက နည်းပညာပိုင်းကို ရူးသွပ်တဲ့ လူတစ်ယောက်ဖြစ်ပြီး..အင်တာနက် နဲ့ပဲ အမြဲတမ်း အချိန်ကုန်နေခဲ့တာပါ..။သူ အခုချိန်အထိ ကောင်မလေး တစ်ယောက်တောင် မရှိသေးပါဘူး..။

အခု သူ လေးစားရတဲ့ ဂုရုနဲ့ တွေ့တယ် ဆိုတော့ စိတ်လှုပ်ရှားတာက ပုံမှန်ပါပဲ..။

တစ်ခြား လူတွေဟာလည်း သိပ်ပြီး မခြားနား ကြပေ..။သူ တို့ ထုတ်မပြောကြပေမယ့်..သူတို့ရဲ့ မျက်နှာမှာ..လေးစားမူတွေ ပေါ်နေခဲ့ပါတယ်..။သူတို့ရဲ့ နယ်ပယ်မှာ ဆိုရင် နည်းပညာ ကျွမ်းကျင်မူက အဓိကပါ..။တကယ်လို့ တစ်စုံတစ်ယောက်က အသက်ငယ်နေမယ် ဆိုရင် တောင် နည်းပညာတွေ အရမ်းကျွမ်းကျင်နေမယ် ဆိုရင် သူတို့ရဲ့ အစ်ကိုကြီးပါပဲ..။

လင်းဖန် လက်ဆောင်တွေကို နေရာချလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်..။

"ခင်ဗျားတို့ ဒီကို လာတာ အကြောင်းပြချက်တော့ ရှိရမယ်..။ကျုပ်က ..လည်း..ဝေ့လည်ကြောင်ပတ် တွေ မလုပ်တတ်တော့..တည့်တည့်ပဲ ပြောပါ..."

ရှန်းဂျီယန် ပြောလိုက်တယ်..။

"ဂုရု ကျွန်တော် တို့ ဒီကို ရောက်လာတာက..ဂုရု နဲ့အတူတူ ..နည်းပညာ အကြောင်းတွေ ဆွေးနွေး ချင်လို့ပါ..။ဂုရု ရဲ့ ကျွမ်းကျင်မူတွေက အရမ်းကောင်းတော့ ကျွန်တော်တို့ တကယ်လေးစားရပါတယ်.."

လင်းဖန် ပြုံးလိုက်ပြီး..

"အာ..အဲလိုလား..။ကောငိးပြီလေ..ဘာပဲဖြစ်ဖြစ် ကျုပ်မှာ လုပ်စရာမှ မရှိတာ..။ခင်ဗျားတို့နဲ့ ဆွေးနွေးပေးလို့ ရပါတယ်..။အိုး ဟုတ်သားပဲ...ကွန်ပြူတာရော ယူခဲ့လား...."

"ကျွန်တော် တို့ ယူခဲ့ပါတယ်.."

"ဂုရု ဒီမှာ အထီးကျန်နေတာ မလား...။ဒီတစ်လျောက်လုံး ကျွန်တော် တို့ အဖော်ပြုပေးပါ့မယ်.."

All Chapters