အရမ်းသန်မာလွန်းတယ်..
Vol. 36 Ch. 530
#ဘာသာပြန် = စနိုးဝှိုက်
"ဂုရု ရဲ့ နည်းစနစ် တွေက အရမ်းကောင်းတာပဲ..။ဘယ်လိုများလုပ်တာလဲ.."
"ဟုတ်တယ် အရမ်းတော်လွန်းတယ်..။ငါသာ ဆိုရင် ဒီလို အဆင့်မျိူးရောက်နိုင် မှာ မဟုတ်ဘူး.."
"မင်းတစ်ယောက်ထဲတင် မဟုတ်ဘူး ငါတို့ အကုန်လုံး ပူးပေါင်းရင်တောင် ဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး.."
"ငါတော့ ဂုရု ရဲ့ အရည်အချင်းတွေကို ကြည့်ပြီး လေးစားနေပြီ.."
အားလုံးက..တစ်ယောက် တစ်ပေါက်နဲ့ ပြောနေကြတာပါ..။
လင်းဖန် တည်ငြိမ်စွာ ပြုံးလိုက်တယ်..။ဒါက ဘာမှ မဟုတ်ပါဘူး..ဒီတိုင်း ကျွမ်းကျင်မူ အနည်းအကျင်းလောက် ပြသတာကိုတောင် သူတို့က အံ့ဩနေကြပါပြီ..။
သူတို့က ဒီကို နည်းပညာ ဆွေးနွေးဖို့ လာကြတယ် လို့ ပြောနေပေမယ့် တကယ်တော့..နည်းပညာ လာပြီး သင်ယူကြတာပါ..။
သို့ပေမယ့် လင်းဖန် သူတို့ကို အပြစ်မတင်ပေ..။ဒီနေ့ခေတ်ကြီးက အင်တာနက် ခေတ်ပါ..။အင်တာနက် စပါယ်ရှယ်လစ် တွေ အနေနဲ့..တစ်ခြား လူတွေ ထိုးဖောက်ဝင်ရောက်တာကနေ ကာကွယ်ဖို့..နည်းပညာတွေကို ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်..။ဒါကြောင့် သူတို့ကို အနည်းငယ် သင်ကြားပေးတာက ပြသနာ မဟုတ်ပေ..။
အခု ဒီလို ကျွမ်းကျင်မူ တွေကို ပြနေတယ် ဆိုတာကလည်း..ဒီစပါယ်ရှယ်လစ် တွေ သူ့ရဲ့ အရည်အချင်းကို သေချာ နားလည်အောင်လို့ပါ..။
ဘေးနားက..အကျဥ္းသားတွေကတော့ ဘာတွေ ဖြစ်နေမှန်း နားမလည်ကြပါဘူး..။
ဒီငနဲက..ဘယ်သူ မို့လို့လဲ...ဘာလို့ အကုန်လုံးက သူ့ကို အထူးအခွင့်အရေး ပေးနေကြတာလဲ...
ဆန်းနမ် ကျွဲရိုင်း အချိုရည် ဗူးကို ယူလိုက်ပြီး..
"ဂုရု သောက်ပါဦး.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကြည့်ထား..ဒါက မင်းတို့ ကွန်ပြူတာရဲ့ အာအနည်းဆုံး နေရာပဲ..။မင်းတို့ အကုန် သေချာမှတ်ထားမှဖြစ်မယ်..။ငါသာ ဆိုရင် ဒီလို ကွန်ပြူတာ မျိုးကို စက္ကန့်ပိုင်းလောက်နဲ့ ဟတ်လို့ရတယ်.."
"အာ..တကယ်လား..."
လင်းဖန် ရယ်လိုက်ပြီး..
"ကြည့်ရတာ မင်းတို့ကို ငါ မပြရင် ယုံမှာ မဟုတ်ဘူးထင်တယ်..။သေချာ ကြည့်ထားကြ.."
*ခလုတ် နိပ်သည့်အသံများ..*
သူ့ရဲ့ လက်တွေဟာ လျင်မြန်စွာ ရွေ့လျားနေခဲ့တယ်..။
*တီ..တီ."
ကွန်ပြူတာ ထဲကနေ..သတိပေးချက် ထွက်ပေါ်လာခဲ့ပါတယ်..။
"ချီးပဲ..ဂုရု ရဲ့ စွမ်းရည်တွေက တကယ် အံ့ဩစရာပဲ..။ဒါက ဇူးစ်ရဲ့ အကာအကွယ် V8 လေ..။အကောင်းဆုံး ကာကွယ်ရေး စစ်စတန် တစ်ခု လို့တောင် ပြောလို့ရတယ်..။ကမ္ဘာပေါ်က အကြီးမားဆုံးနဲ့ အရေးကြီးဆုံး ဝက်ဆိုဒ်တွေဆို ဒီစစ်စတန် နဲ့ပဲ သုံးကြတာ...။ဒါက ဂုရု နဲ့ တွေ့တဲ့ အချိန်ကြတော့ ဘာလို့ စက္ကန့်ပိုင်းတောင် တောင့်မခံနိုင်ရတာလဲ.."
"အရမ်းသန်မာလွန်းတယ်..။ငါ မျက်လုံးနဲ့ မြင်နေရတာ မဟုတ်ရင် ယုံနိုင်မှာတောငိ မဟုတ်ဘူး.."
လင်းဖန် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး..
"အခုတော့ ငါ့ကို ယုံပြီမလား..."
"ယုံပါတယ်.."
ရှန်းဂျီယန် ဘေးနားကနေ မယုံကြည်နိုင်စွာ ကြည့်နေခဲ့တယ်..။ဒါက အရင်နေ့က ဖြစ်ခဲ့တာထက်တောင် ပိုပြီး ကြမ်းတမ်း ပါသေးတယ်..။သူတို့သာ ဒီ စစ်စတန်ကို ဟတ် ချင်ရင် အချိန်တစ်ချို့ပေးရမှာ ဖြစ်ပေမယ့် ဂုရုကတော့..စက္ကန့်ပိုင်းအတွင်းမှာ ဟတ်ပြ သွားခဲ့တာပါ..။
တကယ်လို့ တစ်စုံတစ်ယောက်က သာ ဒီကျွမ်းကျငိမူမျိုးကို မကောင်းတဲ့ဘက်ခြမ်းကနေ သုံးရင် ဘယ်သူမှ ရပ်တန့်နိုင် မှာ မဟုတ်ပေ..။
လင်းဖန် လည်း ဒီလို စပါယ်ရှယ်လစ် တွေကို ပြန်သင်ခွင့်ရလို့ သဘောကျနေခဲ့ပါတယ်..။သူတို့က တစ်ချို့အရာတွေကို နားမလည်ကြပေမယ့် လင်းဖန် ရှင်းပြလိုက်တာနဲ့ ချက်ချင်း နားလည်သွားကြတာပါ..။
လမ်းညွှန်မူ နည်းနည်းလောက်ကတင် သူတို့အတွက်တော့ ဆုလာဒ် ကြီးပါပဲ..။
…
နောက်တစ်ရက်..၏
ထိန်းသိမ်းရေးစခန်းဟာ..စည်ကားနေခဲ့တယ်..။
လင်းဖန် ပြောလိုက်တယ်..
"ငါ နဲ့အတူ လာတိုက်ခိုက်ကြ..။မင်းတို့ လက်ကျန်တွေကို တော့ ရှင်းရမယ်..။ဒီကောင်ကိုတော့ ငါနဲ့ ထားထားလိုက်.."
ဆန်းနမ် ပြောလိုက်တယ်..။
"စိတ်မပူပါနဲ့ ဂုရု..ဒီကိစ္စကို ကျွန်တော် တို့နဲ့ ထားလိုက်ပါ.."
ဆန်းဂျီယန် ပြောလိုက်တယ်..။
"ဂုရု ကျွန်တော် တို့ရှေ့မှာ ရှိနေတာက..ဂျပန်နိုင်ငံရဲ့ အသန်မာဆုံး ကာကွယ်ရေး စစ်စတန် ကောင်းကင်ဘုံရဲ့.အလင်းရောင် နော်...။ကျွန်တော် တို့ အရင်က ဒါကို ဟတ်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူး..။
"ခေါင်းဆောင် အဲတာက ကျွန်တော်တို့လေ..။အခု ဂုရု ပါပါနေမှတော့ ခနလေးနဲ့ ဖြိုခွဲနိုင်မှာပဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"အနီးကပ်ကြည့်ထားကြ..။အံ့ဩစရာက လာတော့မှာ..။မင်းတို့ နောက်က ခြေရာလက်ရာတွေကို တော့ ရအောင် ဖျောက်နော်..။မဟုတ်ရင် ငါတို့ကို ခြေရာခံ လိုက်လာလိမ့်မယ်...။အဲလိုဆို..ငါ တို့ တာဝန်ယူနိုင်တဲ့ အဆင့်မဟုတ်ဘူး.."
"စိတ်မပူပါနဲ့ ဂုရု ကျွန်တော်တို့က သန့်ရှင်းရေး လုပ်တဲ့ နေရာမှာ အတော်ဆုံးပါ..."
ဆန်းနမ်ရဲ့ လည်ပင်းတွေဟာ နီရဲ နေခဲ့တယ်..။ဒါက သူစိတ်လှုပ်ရှားနေတာ ထင်ရှားစေပါတယ်..။
အဲ့အချိန်မှာတော့..လင်းဖန် ပထမဆုံး အကြိမ်း လတ်ဆတ်မူကို ခံစားနေရတယ်..။ဒီလူငယ်လေးတွေက သူ့ဆီက ပညာ သင်ယူပြီး သူတို့နေရာလည်း သူတို့ သိကြပါတယ်..။လက်ရှိ လင်းဖန်ရဲ့ ဦးဆောင်မူ နဲ့ သူတို့ ဂျပန်က ဝက်ဆိုဒ် တစ်ခုကို ဟတ်ဖို့ ကြိုးစားနေခဲ့တာပါ..။
သို့ပေမယ့် ဒီလူငယ်လေးတွေ ရဲ့ ကွန်ပြူတာက သူ့ရဲ့ ကိုယ်ပိုင် ကွန်ပြူတာထက် သုံးလို့ကောင်းတာကတော့ အမှန်ပါပဲ..။
ဆန်းဂျီယန် ဘေးနားကနေ ကြည့်ပြီး အံ့ဩနေခဲ့တယ်..။သူ ယုံတောင် မယုံကြည်ရဲတော့ပါဘူး.။သူ အနည်းငယ် တောင် သံသယ ဖြစ်မိပါတယ်..။
သူတို့က တူညီတဲ့ ကွန်ပြူတာ တွေကို သုံးနေကြတာလား...
သူတို့ရဲ့ ကွန်ပြူတာတွေက..အထူးထုတ်လုပ် ထားတယ် ဆိုရင်တောင်..လှည့်ကွက်တွေ ဒီလောက် အများကြီး ပြုလုပ်ဖို့ ဆိုတာက မလွယ်ကူပေ..။သို့ပေမယ့် ဂုရု ရဲ့ လက်ထဲမှာ ဒီကွန်ပြူတာက ဘယ်အရာကို မဆိုထိုးဖောက် ဝင်ရောက်နိုင်တဲ့ ဒုံးကျည်တစ်ခုလိုပါပဲ..။
ဂျပန်...
"မကောင်းတော့ဘူး..။တစ်စုံတစ်ယောက်က ကျွန်တော်တို့ ဝက်ဆိုဒ်ကို ဟတ်နေပြီ.. ။ကောင်းကင် အလင်းရောင် ကာကွယ်ရေး စစ်စတန် တောင် ကျိုးပျက်တော့မယ်..။အမြန် ဒုတိယ ကာကွယ်ရေး စစ်စတန်ကို ဖွင့်လိုက်တော့..."
"ဘယ်နိုင်ငံက ဟတ်ရဲတာလား..စောင့်ကြည့်ထား..။ခွေးသားတွေ..။သူတို့ကို ခြေရာခံလို့ မရသေးဘူးလား.."
"မရသေးပါဘူး..။သူတို့က ခြေရာ တွေကို အလျင်အမြန်ပြန်ဖျက်နေတာ..။ပြီးတော့..သူတို့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေး စစ်စတန်ကို တိုက်ခိုက်နေတာ ကလည်း အရမ်းမြန်လွန်းတယ်.."
"ကျုပ်တို့ သူ့ကို မတားနိုင်တော့ဘူး..။ကာကွယ်ရေး စစ်စတန်က ကျိုးပေါက်တော့မယ်.."
"ဆျာ..ပါဝါအရင်းအမြစ်က..အရေးကြီးတဲ့ ဒေတာဘေ့စ်တွေကို အားဖြည့်ပေးနေရပြီ..။ကျွန်တော်တို့ ရပ်တန့်ဖို့ မလွယ်တော့ဘူး.."
"ဘီကာ...ပါဝါအရင်းအမြစ်ကို ဆွဲထုတ်လိုက်..ပြီးတော့ ဒုတိယ ပါဝါအရင်းအမြစ်ကို ဖြတ်ချ..နက်ဝါ့တွေကိုပါ ဖြတိချ.."
"ရက်စ် ဆာ.."
* တီ တီ *
အဲ့အချိန်မှာပဲ..အင်တာနက် တိုက်ပွဲထံက ကွန်ပြူတာတွေရဲ့ စခရင် တွေ အကုန်လုံး မှောင်မဲ သွားခဲ့ပါတယ်..။သူတို့တစ်ယောက်ကို ကြည့်လိုက်ကြတယ်..။
ယင်းနောက် သူတို့ အောင်ပွဲခံကြပါတော့တယ်..။
"ငါတို့ အောင်မြင်သွားပြီ.."
"ဟုတ်တာ် ငါတို့ ပါဝါကို ဖြတ်ချနိုင်လိုက်ပြီ..။သူတို့နောက်ဆုံးမှာတော့ အောင်မြင်အောင် မဟတ်နိင်လိုက်ဘူးလေ.."
"အင်း..မဆိုးပါဘူး..။ငါတို့ အချိန်မှီ တုန့်ပြန်နိုင်လိုက်တယ်.."
"မင်းတို့ရဲ့ အကောင်းဆုံး နည်းပညာတွေကို သုံးပြီး ဂျပန် အင်ပါယာကြီးကို ထပ်ကာကွယ်ကြ.."
"အင်ပါယာကြီး အဓွန့်ရှည်ပါစေ.."
"အင်ပါယာကြီး အဓွန့်ရှည်ပါစေ.."
ထိန်းသိမ်းရေး စခန်းတွင်..။
"ချီးပဲ..စောက်ရှက် မရှိတဲ့ကောင်တွေ..။ဒီကောင်တွေက ပါဝါ အရင်းအမြစ်ကို ဖြတ်ချတဲ့ အပြင် ဒုတိယ အရံ ပါဝါ တွေကိုပါ ဖြတ်ချပစ်လိုက်တာပဲ.."
"ဒါက သူတို့ ပထမဆုံးအကြိမ် လုပ်တာ မဟုတ်ဘူး..။သူတို့က တောင့်မခံနိုင်တော့ဘူးဆိုရင် ပါဝါ တွေ နက်ဝါ့တွေ အကုန်ဖြတ်ချပစ်တာ.."
"မအိမ်လံူးတွေ အရှက်ကို မရှိကြဘူး..။ငါတို့ နီးစပ်နေပြီကို.."
လင်းဖန် ပြောလိုက်တာပါ..။သို့ပေမယ့် သူဘေးပတ်ပတ်လည်ကို ကြည့်လိုက်တဲ့ အချိန်မှာ သူကို အကုန်ဝိုင်းကြည့်နေတာ သတိထားမိလိုက်တယ်..။
ဘာတုန်းဟ..
ဆန်းနမ် စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်..။
"ဒါက ..ကျွန်တော် ရင်ဆိုင်ဖူးသမျှ ထဲမှာ အကောင်းဆုံး တိုက်ပွဲပဲ...။တန်ပို က အတော်ကို မြင့်ခဲ့တာ..."
“是啊,大神,你到底是怎么操作的,竟然将这电脑的极限都发挥了出来,甚至超越了很多,这是我们不敢想象的事情啊.”
申杰云激动了,他已经很多年没有像今天这么兴奋了,刚刚只是入侵,并没准备造成破坏,但就是刚刚那种气势,他仿佛想到了很多年前,年轻气盛时在网络上大杀四方,无所顾忌.
"ဟုတ်တယ်..ဂုရု ဘယ်လိုများ လုပ်လိုက်တာလဲ.။ဒီကွန်ပြူတာတွေရဲ့ အကန့်အသတ်ကိုတောင် ကျော်လွန်ပြီး အသုံးပြုနိုင်တယ် ဆိုတော့.."
ရှန်းဂျီယန် လည်း လည်ချောင်းတွေ ခြောက်ကပ်နေခဲ့တယ်.။သူ ဒီလိုမျိုး စိတ်မလှုပ်ရှားခဲ့ရတာ တောင် နှစ်တွေ အတော်ကြာခဲ့ပါပြီ..။ဒီလို တိုက်ပွဲတွေကို ကြည့်ရတာက သူ့ရဲ့ ငယ်ရွယ်တဲ့ အချိန်တွေကို ပြန်ရောက်သွားသလိုပါပဲ..။
သူ အသက်အရွယ်ရလာကတည်းက..အေးအေးဆေးဆေး ပဲ နေပြီး..အင်တာနက် လုံခြုံရေး ဌာနကကို စီမံ နေခဲ့တာပါ..။
သို့ပေမယ့် .ဒီနေ့မှာတော့..တိုက်ပွဲရဲ့ အငွေ့အသက်တွေကို ပြန်ပြီး ခံစားလိုက်ရပါတယ်..။
ဆန်းနမ် စိတ်လှုပ်ရှားသွာ ပြောလိုက်တယ်..။
"ဂုရု ကျွန်တော် တို့နဲ့ ပူးပေါင်းပါလား..။ကျွန်တော်တို့ အဖွဲ့က နောက်ကနေ သန့်ရှင်းရေး လုပ်ပေးမယ်..ဂုရုက လွတ်လွတ်လပ်လပ်နဲ့ တိုက်ခိုက်ပေါ့..။ဒါဆိုရင် ကျွန်တော်တို့ အဖွဲ့ကို ဘယ်သူ ယှဥ္နိုင်ဦးမှာလဲ..."
"ဟုတ်တယ်.."
"တကယ်လို့ ဒီလိုသာ ဖြစ်လာရင် ဘယ်လောက် ကောင်းလိမ့်မလဲ..."
လင်းဖန် လက်ဝေ့ယမ်းပြီး ပြုံးလိုက်တယ်..။
"အာ..ငါ မပူးပေါင်းတော့ပါဘူးကွာ.."
လူတိုင်းဟာ မေးလိုက်တယ်..။
"ဘာလို့လဲ..."
လင်းဖန် အကူညီမဲ့စွာ ပြန်ဖြေလိုက်တယ်..။
"ငါက သန်မာလွန်းတယ်.."
အကုန်လုံး ဒီအဖြေကို ကြားပြီး ဘာပြန်ပြောရမှန်း မသိတော့ပါဘူး...။
လူတိုင်း : ...............