← Chapters

အမှန်တရားကို သိတဲ့ ငါကမျက်ရည်ကျနေရပြီ....

Vol. 36 Ch. 531

အမှန်တရားကို သိတဲ့ ငါကမျက်ရည်ကျနေရပြီ....

Vol. 36 Ch. 531

#ဘာသာပြန် = စနိုးဝှိုက်

ဒီရက်ပိုင်းတွေက .ရှန်းဂျီယန် နဲ့ ကျန်တဲ့ လူ တွေ အတွက်ကတော့ တန်ဖို့ မဖြတ်နိုင်တဲ့ နေ့ရက်တွေပါပဲ..။ဂုရု ကိုယ်တိုင် သူတို့ဘေးနားမှာ ရှိနေပြီး သေချာ သင်ပြပေးနေခဲ့တာပါ..။ဒီလို ပညာရပ် မျိုးတွေက စာအုပ်ထဲကနေ လေ့လာလို့ရတဲ့ အရာမဟုတ်ပါဘူး..။ဂုရုသာ မသင်ပေးရင်..သူတို့..ဒါတွေ နားလည်ဖို့ ဘယ်လောက်တောင် ကြာမြင့်မလဲ ဘယ်သူမှ မသိနိုင်ပေ..။

ရယ်မောသံတွေ ပြည့်နှက်နေခဲ့တယ်..။

"ဂုရု က တကယ်အံ့ဩဖို့ ကောင်းတာပဲ..။ကျွန်တော် ပြောပြမယ်..ကျွန်တော်လည်း အဲ့ ဇာတ်ကားကို ကြည့်ဖူးတယ် တကယ်ကောင်းတာပဲ..။ဒါပေမဲ့ ကျွန်တော် အဲ့ဇာတ်ကားကိုပဲ အဆင့်မြင့်ပြီး ရိုက်ကူးထားတာကို ကြည့်ဖူးသေးတယ်..အဲ့ဇာတ်ကားကို ရှာဖွေဖို့ အတော်ကို အားစိုက်ခဲ့ရတာ.."

ဆန်းနမ် ဂုဏ်ယူစွာ ပြောလိုက်တာပါ..။

လင်းဖန် အံ့ဩသင့်စွာ ပြောလိုက်တယ်..။

"ဝိုး ..မင်းက တကယ်အံ့ဩစရာပဲ..."

"ဟီဟီး.."

ဆန်းနမ် ချီးကျူးခံရတဲ့ အတွက် ကျေနပ်သွားခဲ့ပါတယ်..။

သူတို့ ထိမ်သိမ်းရေး စခန်းရဲ့ အနီးအနားက ဟော်တယ် မှာ အခန်းငှားပြီး နေကြတာပါ..။သူတို့ ဒီကို နေ့တိုင်းလာပြီး..ညဘက်ကြမှ ဟော်တယ် ဆီပြန်ကြပါတယ်..။ဂုရု ဆီက သင်ကြားခွင့်ရတာက ရှားပါးတဲ့ အခွင့်အရေး တစ်ခုဖြစ်ပြီး..ဂုရုကလည်း လုံးဝ တစ်ကိုယ်ကောင်းဆန်တဲ့လူ မဟုတ်ပါဘူး..။သူက တကယ် စစ်မှန်တဲ့..နည်းပညာ တွေကို သင်ကြားပေးခဲ့တာပါ..။

သူတို့ ဂုရုကို တကယ်ကျေးဇူး တင်ပါတယ်..။

အပြင်ဘက်..။

ထိန်းသိမ်းရေး စခန်းရဲ့ အပြင်ဘက်မှာ..လူတွေ စုဝေးနေခဲ့ကြပါတယ်..။

ပြီးတော့..သူတို့ အကုန်လုံးက သတင်းထောက်တွေပါ..။သူတို့ ဒီမှာ စောင့်နေတာ အချိန်အတော်ကို ကြာနေခဲ့ပါပြီ..။အင်တာနက် ပေါ်ကို သတင်းတစ်ခုမှ မတင်နိုင်သေးတော့..မြို့သားတွေ အကုန်လုံးက ဒီအမူကို အနီးကပ် စောင့်ကြည့် နေကြပါတယ်..။

မာစတာ လင်းရဲ့ အခြေအနေကို မသိရဘူး ဆိုရင် သူတို့ စိတ်အေးနိင်ကြမှာ မဟုတ်ပါဘူး..။

အခုဆို..မြို့သားတွေတင်မကပဲ သူတို့ပါ စိတ်ပူနေခဲ့ကြပါပြီ..။ဒိီလို မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားတာကိုတောင် သူတို့ ဘာသတင်းမှ မရကြသေးပါဘူး..။

ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလဲ...

ဒါကြောင်လည်း သူတို့ အတူစုဝေးပြီး..ထိန်းသိမ်းရေး စခန်းထဲ အတင်းဝင်ကြဖို့ ပြင်ဆင်နေကြတာပါ..။ဘာပဲဖြစ်ဖြစ်..သူတို့ မာစတာ လင်းရဲ့ အခြေအနေကို ကျိန်းသေသိရမှ ဖြစ်ပါလိမ့်မယ်..။

ဒီ ဟီးရိုးက ဒါမျိုးနဲ့ တကယ်ထိုက်တန်တာပါ..။ဒီလို သူရဲကောင်း နိပ်စက်ခံနေရတာကို သူတို့ရပ်ကြည့်မနေနိုင်ပါဘူး..။

"ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေကြတာလဲ.."

ရဲအရာရှိတွေဟာ သတင်းထောက်တွေကိုတားဆီး နေကြရတယ်..။အထက်အမိန့် မရှိပဲနဲ့ သူတို့ သတင်းထောက်တွေကို အထဲဝင်ခို်င်းလို့ မရပါဘူး..။

"ငါတို့ မာစတာ လင်း ဆီကို လာကြတာပဲ.."

"မာစတာ လင်း အထဲမှာ ရှိနေတယ်မလား..။သူ့အခြေအနေက အမှန်တကယ် ဘယ်လိုရှိနေတာလဲ..။မင်းတို့ သူ့ကို နိပ်စက် တာတွေ ဘာတွေ လုပ်သေးလား..."

"သူက ဘဏ်ကို ဟတ် ခဲ့တယ် ဆိုရင် တောင်..အများပြည်သူ ကောင်းကျိုး အတွက် လုပ်ခဲ့တာလေ..။ငါတို့ မာစတာ လင်းကို အခုတွေ့ချင်တယ်.."

"ငါတို့ အမှန်တရားကို သိချင်တယိ.."

"ငါတို့ မာစတာ လင်းကို တွေ့ချင်တယ်.."

သတင်းထောက် တွေရဲ့ ဆိုလိုရင်းက ထူးခြားပါတယ်..။မာစတာ လင်းကို မတွေ့ရပဲနဲ့ သူတို့ ထွကိသွားမှာ မဟုတ်ပါဘူး..။ထပ်ပြောရရင် သူတို့ အထဲကို အတင်းဝင်ဖို့တောင် ဆုံးဖြတ်ထားကြတာပါ..။

ရဲအရာရှိ တွေဟာ အထက်က အမိန့်ကျလာဖို့ကို စောင့်ဆိုင်းနေခဲ့ကြတယ်..။

"အရမ်းမတွန်းကြနဲ့..။ငါတို့ အထက်ကို တင်ပြပြီးထားပြီးပြီ..။ကျေးဇူးပြုပြီး စိတ်ရှည်ပေးကြပါ.."

လီရှောင်ရှမ်း ဒီသတင်းကို ကြားတဲ့ အချိန်မှာ ဆွံ့အသွားခဲ့တယ်..။

သို့ပေမယ့် သူ ခွင့်ပြုပေးခဲ့ပါတယ်..။

သူတို့က မာစတာ လင်းကို တွေ့ခွင့်ရသင့်တဲ့ လူတွေပါ..။

…

သတင်းထောက် တွေဟာ မာစတာ လင်းကို တွေ့ခွင့်ရတယ် ဆိုတာ သိလိုက်ရမှ စိတ်သက်သာရာ ရသွားခဲ့ကြပါတယ်..။သူတို့ အထဲကို ရောက်ရင်..မာစတာ လင်းနဲ့ စကားလေး ဘာလေး ပြောပြီး..ဒဏ်ရာအနာတရ ရှိလား ဆိုတာလည်း စစ်ဆေးရမှာပါ..။

သူတို့ သတင်းတွေကို လူစိတ်ဝင်စားအောင် တင်ပြရတာ ဖြစ်ပေမယ့်..မာစတာ လင်းရဲ့ သတင်းနဲ့ ပတ်သက်လာရင်တော့..အစစ်အမှန်ကို တင်ပြရမှာပါ..။

သူတို့ မာစတာ လင်း ခက်ခဲတဲ့ နေ့ရက်တွေ ဖြတ်သန်းမနေရဖို့ကိုပဲ ဆုတောင်းမိကြပါတယ်...။မဟုတ်ရင်..သူတို့ စိတ်မကောင်းဖြစ်ကြရပါလိမ့်မယ်..။

သူတို့ မာစတာ လင်း ဆီကို သွားနေတုန်းမှာ သတင်းထောက် တွေဟာ ဘေးပတ်ပတ်လည်ကို ကြည့်ပြီး အကဲခတ်နေခဲ့ကြတယ်..။

"ဒီနေရာတွေက..အတော်ကို စိတ်သောက ရောက်ဖို့ကောင်းတာပဲ..။မာစတာ လင်း ဘယ်လိုများ နေနေမလဲ မသိဘူး..."

"ဟုတ်တယ်..ပြီးတော့ သူဘယ်လောက်ကြာအောင် နေရမလဲ ဆိုတာလည်း မသိသေးဘူး..။ငါကြားတာတော့ သူ ဆယ်နှစ်လောက် အထိန်းသိမ်းခံရလိမ့်မယ်တဲ့."

"ငါကတော့ သူ အနှစ် သုံးဆယ်လောက် ကျလိမ့်မယ် လို့ ကြားတယ်.."

"အင်း...သူ့ရဲ့ ငယ်ရွယ်တဲ့ ဘဝအချိန်တွေ ကတော့ သွားပါပြီ..။ဘယ်လိုဖြစ်ပြီး ဒါမျိုးအဖြစ်နဲ့ ကြုံရတာလဲ..."

…

ရဲအရာရှိဟာ တံခါးကို ဖွင့်ပေးလိုက်ပြီး..

"မာစတာ လင်းရဲ့ နေရာက ရှေ့နားမှာ ..."

သတင်းထောက်တွေ..ဒါကိုကြားတဲ့အချိန်မှာ..ရှေ့ကိုပြေးတက်သွားခဲ့ကြတယ်..။သူတို့ မာစတာ လင်း..ကို တွေ့ဖို့ လုံးဝ မစောင့်နိုင်ကြတော့ပါဘူး..။

"မာစတာ လင်း..ကျွန်တော်တို့ ရောက်ပြီ..."

သတင်းထောက် တွေဟာ ကလေးလေးတွေလို ပြေးသွားခဲ့ကြတယ်..။

ယင်းနောက် လင်းဖန် ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...

"ဟားဟား..မင်းတို့ အကုန်လုံးရှံးသွားပြီ..။မင်းတို့ ငါ့ဆီမှာ ရှိတဲ့..ကဒ်တွေကို ယှဥ္နိုင်မယ် ထင်နေတာလား..။ဒီမှာကြည့်လိုက်...တာ..တာ တီ...တီ...."

ဆန်းနမ် အံ့ဩစွာ ငိုကြွေးလိုက်တယ်..။

"ချီးပဲ..ဒါကြီးက မဟုတ်သေးဘူးနော်..။ဗုံးငါးလုံး အပါအဝင်ကို..သီးခြားကတ် တွေကလည်း ဂျိုကာ တွေချည်းပဲ..။ကျွန်တော် တို့က ဘယ်လို ဆက်ပြီး ဆော့ရတော့မှာလဲ.."

လင်းဖန် လှောင်ရယ်လိုက်ပြီး..

"မင်းအခုချိန်..အရှုံးပေးရင်..တစ်ဝက်လောက်ပဲ ရှုံးမှာနော်.."

"မဟုတ်ဘူး..ကျွန်တော်တို့ အရှုံးပေးမှာ မဟုတ်ဘူး..။တကယ်လို့ ဂုရုသာ ဒီတိုင်း ကတ်တွေကို ဖွင့်ပြီး ဆက်ကစားနေမယ် ဆိုရင်..ကျွန်တော် တို့ကို အပြစ်မတင်နဲ့နော်.."

သူ့တို့ လေးယောက်ဟာ ..ဖဲရိုက် နေကြတာဖြစ်ပြီး ဘေးနားမှာလည်း..ရပ်ကြည့်နေတဲ့ လူတစ်ချို့ရှိနေခဲ့ပါတယ်..။ဘေးနားက လူတွေဟာ တစ်ခါတစ်လေ ဘာကဒ်ကစားရမလဲ ဆိုတာ ဝင်ဝင်ပြောနေခဲ့တယ်..။

လင်းဖန် ကတော့ လက်တစ်ဖက်မှာ ကတ်တွေကို ကိုင်ထားခဲ့ပြီး တစ်ဖက်မှာ..ကြက်ပေါင် ကို ကိုင်ထားခဲ့ပါတယ်..။သူက ပျော်ရွှင်စွာ စားလိုက်ပြီး..

"အလျင်မလိုဘူး..ငါ မင်းတို့ကို အေးဆေး စဥ္းစားခိုင်းမယ်..."

"မာစတာ လင်း..ကျွန်တော် တို့ရောက်လာပြီ..။ဘာမှ ထပ်ပြီး ခံစားနေဖို့ မလိုတော့ဘူး.."

အဲ့အချိန်မှာပဲ သိပ်မဝေးတဲ့ နေရာကနေ ကျယ်လောင်တဲ့ အော်သံ တွေကို ကြားလိုက်ရပါတယ်..။မျက်စိတစ်မှတ် အတွင်းမှာပဲ..သတင်းထောက်တွေ အများကြီးဟာ ကင်မရာတွေကိုင်..ဓာတ်ပုံတွေရိုက်ပြီး သူတို့ရှေ့မှာ ပေါ်လာခဲ့တယ်..။

သတင်းထောက် တွေဟာ မာစတာ လင်းကို ပြောစရာတွေ အများကြီး ရှ်ိနေကြပေမယ့် မြင်ကွင်းကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြတယ်..။

ဒါက...

လင်းဖန် သတင်းထောက်တွေကို ကြည့်လိုက်ပြီး ကြက်ပေါင် တစ်ဖဲ့ကို ကိုက်လိုက်တယ်..။

"ခင်ဗျားတို့ ဘာလာ လုပ်ကြတာလဲ.."

သတင်းထောက်တွေဟာ..အခြေအနေတွေကို အကဲခတ်လိုက်ပြီး..မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်တယ်..။

ငါတို့ အမြင်မှားနေတာလား...

သူတို့ခံစားနေရပြီလို့ ထင်ခဲ့တဲ့ မာစတာ လင်းက..ဒီမှာ အတော် ဇိမ်ကျနေခဲ့တာပါ..။

သူက ကြက်ပေါင်ကြီးကို ကိုက်ပြီး...ဖဲရိုက် နေတာ....

ပြီးတော့ သူအိပ်တဲ့ နေရာကလည်း တစ်ခြား လူတွေနဲ့ မတူညီပေ..။

ဒါက ကောလဟာလ တွေနဲ့ အတော်ကွာခြားပါတယ်..။

လင်းဖန် ပဟေဠိဖြစ်တဲ့ လေသံနဲ့ မေးလိုက်တယ်..။

"ချစ်လှစွာသော သတင်းထောက်တို့..။ဒီကို ဘာလာလုပ်ကြတာလဲ.."

အဲ့အချိန်မှာတော့ သတင်းထောက်တွေဟာ..အသိစိတ်ပြန်ဝင်လာကြပြီး..ဓာတ်ပုံတွေ ရိုက်ဆက်တိုက် နေခဲ့ကြတယ်..။

"မာစတာ လင်း..မင်းရဲ့ အခြေအနေက ငါတို့ ထင်ထားတာနဲ့ အတော်ကွာခြားတယ်နော်.."

"ဟုတ်တယ်..မာစတာ လင်း ရက်ရက်စက်စက် ပြုမူ ခံနေရတာလား..."

"မာစတာ လင်း..မြို့သားတွေ အများကြီးက..စိတ်ပူနေကြတယ်..။သူတို့က တစ်ချိန်လုံး စိုးရိမ်နေကြတာ..။ဘယ်လောက်အထိ ထိမ်းသိနိးခံရမှာလဲ.."

မေးခွန်းတွေက..အရမ်းများပေမယ့် လင်းဖန်ရဲ့ နှလုံးသားကိုတော့..နွေးထွေးစေခဲ့ပါတယ်..။လူတွေ အများကြီးက သူ့အတွက် စိုးရိမ်ပေးလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။

လင်းဖန် ကြက်ပေါင်ကို အောက်ချလိုက်ပြီး..

"ချစ်လှစွာသော သတင်းထောက်တို့..ကျွန်တော် ဒီမှာ အေးဆေးပဲ ရှိနေပါတယ်..။စိုးရိမ်ဖို့ မလိုပါဘူး..။ဘဏ်တစ်ခုကို ..ဟတ်တယ် ဆိုတာက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲလေ..။ကျွန်တော်ရဲ့ ရည်ရွယ်ချက်က..ကောင်းပေမယ့် လုပ်ဆောင်ချက် တွေက ဥပဒေကို ဆန့်ကျင်သလို ဖြစ်သွားခဲ့တယ်လေ..။ဒါကြောင့် ကျွန်တော် အပြစ်ဒဏ်ကို ခံယူရမယ်လေ ..နော်..။ကျွန်တော်ရဲ့ အပြစ်ဒဏ်တွေကို ပြန်ချေပဖို့ ဒီမှာ တစ်လလောက် တော့ ရှိနေရလိမ့်မယ်.."

သတင်းထောင် တွေဟာ ပြောစရာ စကားလုံးတောငိ ပျောက်သွားခဲ့တယ်..။

သူ့ရဲ့ အပြစ်တွေကို ပြန်ချေပဖို့လား....

ငါ့ဖင်ကြီးကို ချေပ ပါလား..။သူနေတဲ့ နေရာက အကျဥ္းထောင် နဲ့တောင် မတူတော့ပါဘူး..။ကျန်တဲ့ အကျဥ္းသားတွေဟာ သူ့လောက် ဘယ်သူမှ မလွတ်လပ်ကြပေ..။

သူက ကြက်ပေါင် ကိုက်နေရုံတင် မကပဲ...ဇိမ်ကျတဲ့ မွေ့ယာကြီးတစ်ခုရှိကာ.. ဖဲပါရိုက်နေခဲ့တာပါ..။အမှန်အတိုင််း ပြောရရင် အပြင်ကလူတွေတောင် သူ့လောက် ဇိမ် မကျ နိင်တော့ပါဘူး..။

နောက်တစ်ရက်..။

သတင်းတွေဟာ အင်တာနက် ပေါ်မှာ ပလူပျံနေခဲ့ပါတယ်..။

သတင်းထောက်တွေရဲ့ ဦးနှောက်က ဘာဖြစ်နေတာလဲ..။ဘာလို့ သူတို့တွေရဲ့ သတင်းခေါင်းစဥ္ တွေက အတူတူ တွေ ဖြစ်နေတာလဲ..။

"မာစတာ လင်းက..အတော်အဆင်ပြေနေပြီး..ဘယ်သူမှ..စိုးရိမ်ဖို့ မလိုအပ်ပေ."

"မာစတာ လင်း မကြာမှီ ထွက်လာမည်..."

"ကျုပ် ဒီထောင်ထဲမှာ အေးအေးဆေးဆေး ရှိနေတယ်..။ဒါက မတူညီတဲ့ ခံစားချက်တစ်ခုပဲ...."

ဒီသတင်းခေါင်းစဥ္းတွေ နဲ့အတူ ဓာတ်ပုံတွေ ရှိမနေခဲ့ပါဘူး..။သူက တစ်လလောက်သာ ထိန်းသိမ်းခံရမယ် လို့ပဲ ပါဝင်ပါတယ်..။

သို့ပေမယ့် မြို့သားတွေဟာ ဒီသတင်းတွေကို ယုံကြည်ကြဖို့ ခဲယဥ္း နေကြပါတယ်..။

"ဒီသတင်းထောက် တွေ..ဦးနှောကိလွှတ်နေကြတာလား..။သူက ထောင်ထဲမှာ ဘယ်လိုလုပ်ပြီး အဆင်ပြေနေမှာလဲ..။တကယ်လို့ စောကိရမ်း အဆင်ပြေတယ် ဆိုရင် မင်းတို့ ထောင်ထဲမှာ သွားနေပါလား.."

"ငါ အရင်က ထောင်ကျဖူးတယ်..။အဲဲဒီမှာ အတော်ခံစားခဲ့ရတာ..။ငါ တော့ ဘယ်တော့မှ ပြန်မသွားချင်တော့ဘူး.."

"မာစတာ လင်း တကယ်ခံစားနေရမှာပဲ..။သတင်းထောကိ တွေကတောငိ သတင်းအမှန် ကို ဖုံးကွယ်ထားဖို့ ကြိုးစားချင်နေကြတာပဲ.."

"ငါတို့ ဒီသတင်းတွေကို ယုံမှာမဟုတ်ဘူး..။သတင်းအမှန်ကို တင်ပေး..။ငါတို့ လက်ခံ နိူင်ပါတယ်..။မာစတာ လင်းက တကယ် နာကျင်ပြီး..အနိပ်စက်ခံနေရတာလား..."

…

ထင်ရှားတဲ့ သတင်းထောက် တစ်ယောက်ဟာ ဝိုက်ဘိုပေါ်မှာ ပို့စ်တင်လိုက်တယ်..။

"ချစ်လှစွာသော မြိုသားတို့..။ခင်ဗျားတို့ ဆက်ပြီး မေးမနေကြပါနဲ့..တကယ့်အမှန်တရားကို သိရင် ခင်ဗျားတို့ လက်မခံနိုင်ဖြစ်ကြရလိမ့်မယ်.."

ဒီပို့စ်တက်သွားတဲ့ အချိန်မှာ အကုန်လုံးဟာ ပိုပြီး သိချင်စိတ် ဖြစ်သွားခဲ့ကြပါတယ်..။

"ငါတို့ အမှန်တရားကို လိုချင်တယ်.."

"ဓာတ်ပုံတွေ ပြပါ..။မာစတာ လင်း အခြေအနေ ဘယ်လိုရှိလဲ ငါတို့ သိချင်တယ်.."

"မာစတာ လင်းရော..ကျန်းကျန်းမာမာ ရှိရဲ့လား..."

"ရက်စက်ကြတယ်..တကယ်ရက်စက်ကြတယ်..။တကယ်လို့ ငါ့မှာသာ အရည်အချင်း ရှိရင် မာစတာ လင်းအတွက် ကျိန်းသေ..အသနားခံစာ တင်ပေးမှာပဲ.."

ထင်ရှားတဲ့ သတင်းထောက်ဟာ..သူတင်ထားတဲ့ ပို့စ့်က ဒီအခြေအနေထိ ရောက်သွားမယ်လို့ မထင်ထားခဲ့ပါဘူး..။

တကယ်လို့ သူ ဒီကိစ္စကို ဒီတိုင်းလွတ်ထားရင် ပိုဆိုးကုန်တော့မှာပါ..။

အဆုံးမှာတော့..သူ ..မာစတာ လင်းရဲ့ ပုံတွေကို ချပြဖို့သာ တတ်နိုင်ပါတော့တယ်..။

"ဒါက မင်းတို့ ကြည့်ချင် နေတဲ့ အရာတွေပဲ..ပြီးမှ မငိုကြနဲ့နော်..."

ဓာတ်ပုံ ဆယ်ပုံဟာ အင်တာနက်ပေါ် ရောက်လာခဲ့တယ်..။

အဲ့အချိန်မှာပဲ..အင်တာနက် ပေါ်မှာ ဆွေးနွေးမူတွေ အများကြီး ဖြစ်ပေါ်လာခဲ့ပါတယ်..။

အရင်က ထောင်ကျဖူးတဲ့ လူတစ်ချို့ဆိုရင် ဒီပုံတွေ ကြည့်ပြီး ငိုတောင် ငိုကြွေးနေကြပါပြီ..။

"ချီးပဲ..ငါတို့ တုန်းက ထောင် အတုကြီး ကိုရောက်သွားတာပဲ ဖြစ်မယ်...."

All Chapters