← Chapters

အစ်ကိုချွင်ချွင်..က အရမ်းလှတာပဲ..

Vol. 36 Ch. 532

အစ်ကိုချွင်ချွင်..က အရမ်းလှတာပဲ..

Vol. 36 Ch. 532

#ဘာသာပြန် = စနိုးဝှိုက်

ချီးပဲ..

သူတို့ သွေးအန်ချင်သလို ခံစားလိုက်ကြရတယ်..။

အင်တာနက်ပေါ်မှာ သာ လူသတ်လို့ရရင် အခုချိန် သွေးတွေ ပြန့်ကျဲနေလောက်ပါပြီ..။

"မာစတာ လင်းက..သေသပ်တာပဲ..။သူက တကယ် လျို့ဝှက်တတိတယ်..။သူ့လောက် လျို့ဝှက်တတ်တဲ့ လူတောင် ရှိတော့မှာ မဟုတ်ဘူး.."

"ငါတို့က​ျေတာ့ သူ့ကို တစ်ချိန်လုံး စိုရိမ်နေရတာ..သူက ကြက်ပေါက်ကို ကိုက်ပြိီး ဖဲရိုက်နေတယ်..."

"ချီးပဲ..အချုပ်ခန်းတွေရဲ့..နေရာထိုင်းခင်းက ဘယ်တုန်းက အဲလောက် ကောင်းသွားတာလဲ..။ငါတို့ အဲ့ကို သွညးနေချင်စိတ် ပေါက်လာပြီ..."

"!ချစ်လှစွာသော သတင်းထောက်တို့..ငါတို့ မင်းတို့ကို နားလည်မူ လွဲနေခဲ့တာပဲ..။မင်းတို့ သတင်းအမှန်ကို မတင်ပြတာက..ငါတို့ကို ဒေါသမထွက်စေချင်လို့ဆိုတာ နားလည်လိုက်ပါပြီ.."

"ဘယ်သူက မာစတာ လင်းဒီလို နေနေတယ်လို့ ဖင်ထားမှာလဲ.."

"မင်းပျော်နေရင် ပြီးတာပဲ မာစတာ လင်းရေ..."

ထင်ရှားတဲ့ သတင်းထောက်ဟာ အကူညီမဲ့စွာ ပြန်ပြောလိုက်တယ်..။

"ငါမင်းတို့ကို အမှန်အတိုင်း မသိချင်ကြပါနဲ့ လို့ ပြောထားတယ်လေ..။အခုမင်းတို့ အမှန်ကို သိတော့ ဘယ်လောက်တောင် အကူညီမဲ့လဲ သိပြီမလား.."

တိမ်ဖြူလမ်း..။

လူလိမ်ထျန် ရဲ့ စိတ်အနေအထားဟာ သိပ်ပြီး ကြည်လင် မနေခဲ့ပါဘူး..။သူက လင်းဖန် အချုပ်ခန်းထဲမှာ..ဘဝပျက်နေပြီ လို့ထင်ထားခဲ့တာပါ..။

သူ လဖက်ရည် ခွက်ကို ကိုင်ပြီး တစ်ငုံသောက်လိုက်တယ်..။သို့ပေမယ့် သူ ဝိုက်ဘိုပေါ်က သတင်းကို မြင်လိုက်တဲ့ အချိန်မှာ သောက်ထားတာတွေ အကုန်လုံး..ပြန်ထွေးထုတ်လိုက်မိတယ်..။

"ချီးပဲ..ဒီကောင်က ဟုတ်ရော ဟုတ်သေးရဲ့လား.."

ကျောက်ကျန်းယန် သိချင်စွာ မေးလိုက်တယ်..။

"ဘာဖြစ်လို့လဲ..."

လူလိမ်ထျန် ဖုန်းကို လှမ်းပေးလိုက်ပြီး..

"ကြည်ပါဦး..။ငါတို့ကတော့ သူ့ကို စိုရိမ်နေကြရတာ..။သူကတော့..အထဲမှာ ဘယ်လောက် သာယာနေလိုက်လဲ..."

လူတိုင်းဟာ သတင်းကို ကြည့်လိုက်ကြတယ်..။အဲ့အချိန်မှာပဲ သူတို့ရဲ့ အမူအယာဟာ ပြောင်းလဲ သွားခဲ့ကြပါတယ်..။မာစတာ လင်းက ဓာတ်ပုံထဲမှာ မျက်လုံးတွေ ပြူးကျယ်နေခဲ့တာပါ..။သူ့ရဲ့ လက်ထဲက ကြက်ပေါင်ကတော့ လူအများရဲ့ အာရုံကို ဖမ်းစား ထားနိုင်တာ အသေအချာပါပဲ..။

သူ့ရဲ့ မျက်လုံးထဲမှာ ပဟေဠိ ဖြစ်တဲ့ အမူအရာ တစ်ချို့ရှိနေခဲ့ပါတယ်..။

ငါ့ဟာငါ..ကြက်ပေါင်စားပြီး..ကတ်ကို ကစားနေတာလေ..။အဲတာ ဘာများ ထူးဆန်းနေလို့လဲ....

လင်းဖန် ကတော့ ဒီကိစ္စကို သိပ်ပြီး အလေးအနက်မထားပေ..။ဒါက သူ့ရဲ့ ..မစ်ရှင် မပြည့်မြောက် သေးတာကြောင့်လည်း ပါဝင်ပါတယ်..။

ဖြစ်နိုင်တာက..ငါ့ရဲ့ လုပ်ဆောင်ချက်တွေ မလုံလောက်လို့လား....

သူ့ရဲ့ လက်ရှိ အသိပညာက အတော်ကောင်းမွန်ပေမယ့်..နောက်ထပ် လာမယ့် အသိပညာ တွေက ဒီီလိုမျိုး ကောင်းမွန်ပါ့မလား ဆိုတာကတော့ မပြောနိုင်ပေ..။

သူ တကယ်မျှော်လင့်မိပါတယ်..။

လင်းဖန် ထိန်းသိမ်းရေး စခန်း မှာ ရှိနေတာဖြစ်အေမယ့်လူများစွာ ရဲ့ အာရုံစိုက်မူကို ရနေခဲ့ပါတယ်..။

လင်းဖန်ကို ချစ်ခင်ကြတဲ့ ပရိတ်သတ်တွေကတော့ ပျော်ရွှင်နေခဲ့ကြတယ်..။

"ဟားဟား..မာစတာ လင်း ဆိုတာ ..ဒီလိုမျိုးပဲ နေသင့်တာလေ..."

"အစိုးရက တကယ်ကောင်းမွန်တာပဲ..။မာစတာ လင်းက မှန်ကန်တဲ့ အလုပ်ကို လုပ်ထားတာ ဆိုတော့ဘာဒုက္ခမှ မခံယူသင့်ဘူးလေ.."

"မာစတာ လင်းရဲ့ တာဝန်ယူမူက တကယ်လေးစားဖို့ ကောင်းတယ်နော်..။သူ ပြစ်ဒဏ်လျော့ပေါ့ ခွင့်ယူလို့ရပေမယ့် တစ်လ အကျဥ္းချခံဖို့ကို ဆုံးဖြတ်လိုက်တယ်..။သူက ငါတို့ရဲ့ လေးစားမူနဲ့..တကယ်ထိုက်တန်တယ်..."

ထင်ရှား ကျော်ကြားတဲ့ အင်တာနက် ဆယ်လီ တစ်ယောက်ဟာ..ဒီကိစ္စကို မကျေမနပ်ဖြစ်ပြီး အင်တာနက်ပေါ် ပိုစ့်တင်လိုက်တယ်..။

"ထိန်းသိမ်းရေး စခန်းမှာ ဘယ်လိုလုပ်ပြီး..ဒီလိုအဖြစ်မျိုး ရှိနေတာလဲ..။ဒါက..ဘဝအသစ်စတင်နိုင်ဖို့ အပြစ်ကြွေးတွေကို ဆပ်တဲ့နေရာလေ..။ဒါက ပျော်ပါးဖို့ အတွက် နေရာမှ မဟုတ်တာ..။တကယ်လို့..သူ အရမ်းတွေ ပျော်ရွှင်ချင်နေတယ် ဆိုရင်..အိမ်ကိုသာ ပြန်ပို့လိုက်တော့..."

ဒီပို့စ် အင်တာနက်ပေါ်တက်သွားတာနဲ့..မြို့သားတွေ အများအပြား..ရဲ့ အာရုံကို ဆွဲဆောင် သွားခဲ့တယ်..။

တစ်ချို့လူတွေဟာ ဒေါသထွက်ကြပြီး..တစ်ချို့ လူတွေက ဒါက အဓိပ္ပါယ်ရှိကြောင်း ထောက်ခံနေခဲ့ကြပါတယ်..။သို့ပေမယ့် ဒီစာသားက..အရမ်းကြီးတော့ မပေါက်ရောက်ပါဘူး..။

လင်းဖန် ဒီပိုစ့်ကို မြင်တဲ့ အချိန်မှာ စိတ်မကောင်း ဖြစ်သွားခဲ့တယ်..။

"ချစ်လှစွာသော..အင်တာနက် ဆယ်လီရေ..ကျေးဇူးပြုပြီး..ငါ့ရဲ့ အောင်မြင်မူကို..အခွင့်ကောင်းမယူချင်ပါနဲ့..။ငါက..ဒီအခကြေးငွေ တွေအတွကိ ပိုက်ဆံ ရှင်းရပါတယ်.."

သူ ဒီစာကို ပြန်တင်လိုက်တဲ့ အချိန်မှာ အကုန်လုံး သဘောကျသွားခဲ့တယ်..။

"ဟားဟား..မာစတာ လငး်က တကယ် အံ့ဩစရာပဲ..။သူက အကျဥ္းချခံနေရတာတောငိ..ဖုန်းသုံးပြီး ပိုစ့်တင်နိုင်သေးတယ်နော်.."

"ဒါအမှန်ပဲ..ဒီကောင်တွေက မာစတာ လင်းကို အသုံးချပြီး..ကျောက်ကြားချင်တာပဲ သိကြတယ်.."

ထိန်းသိမ်းရေး စခန်းတွင်..။

ဂုရု ရဲ့ လမ်းညွှန်မူတွေ ကြောင့်..ဆန်းနမ် နဲ့.ကျန်တဲ့လူတွေရဲ့..နည်းပညာဟာ..အတော်ကို တိုးတက်လာခဲ့ကြတယ်..။အခု ဂုရုက ဝိုက်ဘိုမှာ ခွန်းအားတွေ သုံးစွဲနေရတော့ ဒါက အချိန်ဖြုန်းနေသလို သူတို့ ခံစားလိုက်ရပါတယ်..။

"ဂုရု ..ဒီကောင်တွေကို ဂရုစိုက်မနေနဲ့..။ကျွန်တော် တို့ နည်းပညာ အကြောင်းပဲ ဆက်ပြီး ဆွေးနွေးကြရအောင်.."

ဆန်းနမ် ပြောလိုက်တာပါ..။

ဆန်းဂျီယန်ဟာလည်း..အင်တာနက် လုံခြုံရေး အဖွဲ့အစည်းရဲ့..ခေါင်းဆောင် တစ်ယောက်ဖြစ်ပေမယ့် ဂုရုရဲ့ ရှေ့မှာတော့ နိမ့်ချပြီးသာ နေခဲ့ပါတယ်..။သူတို့အတွက်ကတော့..ဒီလို..အံ့ဩစရာကောင်းတဲ့ ဂုရု နဲ့ တွေ့ခွင့်ရတာက..မဟာ ကံကောင်းမူကြီး တစ်ခုလိုပါပဲ..။

တကယ်လို့ ဂုရုသာ သူတို့ရဲ့ အဖွဲ့အစည်းကို ပူးပေါင်းချင်တယ် ဆိုရင် သူပိုင်ဆိုင်တဲ့ ရာထူးကို..စွန့်လွှတ်ပြီး ဂုရုကိုပေးလိုက်မှာပါ..။

သို့ပေမယ့် စိတ်မကောင်းစရာက..ဂုရု ဒီကိစ္စကို လုံးဝ ..စိတ်ဝင်စားတဲ့ ပုံမရှိပေ..။

…

အင်တာနက်ပေါ်က သတင်းတွေက တော့ ညိမ်သက်သွားခဲ့ပါပြီ..။သူတို့တွေ မာစတာ လင်းရဲ့ နေပုံထိုင်ပုံနဲ့ ပတ်သက်ပြီး ထပ်မဆွေးနွေး ချင်ကြတော့ပါဘူး..။

ဘယ်လိုဖြစ်ပြီး..သူ့ရဲ့ နေထိုင်မူက သာမန်လူတွေနဲ့ တူညီနိုင်မှာလဲ....

စီးပွားရေး လမ်းတစ်ခုတွင်..။

အစ်ကို ချွင်ချွင် က ဝူယူလန်ကို အပြင်ကို အောင်မြင်စွာ ခေါ်ထုတ်နိုင်ခဲ့တယ်..။မိန်းမလှလေး နှစ်ယောက် လမ်းမပေါ်မှာ..အတူယှဥ်တွဲပြီး လမ်းလျောက် နေတာက..လူငယ်လေးတွေ အများကြီးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်..။

ဝူယူလန် ဟာ စိတ်ကြည်လင် နေခဲ့တယ်...။အစ်ကိုလင်းက..ထိန်းသိမ်းရေး စင်တာမှာ..ကောင်းကောင်းမွန်မွန်ပဲ..နေခဲ့ရတာပါ..။သို့ပေမယ့် မာစတာ လင်း ဘာလို့..ထိန်းသိမ်းရေးစင်တာမှာ..တစ်လ နေချင်တာလဲ..ဆိုတာတော့..သူမ နားမလည်နိုင်ခဲ့ပါဘူး..။အဲ့မှာ သူ..ကောင်းကောင်းမွန်မွန် နေရတယ် ဆိုပေမယ့် လွတ်လပ်မူတော့ ရှိမှာ မဟုတ်ပေ..။

အဲအချိန်မှာပဲ..ဝူယူလန် မိတ်ကပ်ပြင်ဆိုင် တစ်ခုကို..တွေ့လိုက်ပြီး..

"လီရူ..သွားပြီး ကြည့်ကြရအောင်..."

"ကောင်းပြီလေ..."

လီရူ ချိုသာစွာ ပြုံးပြီး..ပြန်ဖြေလိုက်တယ်..။သူမကို အပြင်ကို ခေါ်ထုတ်တာက အောင်မြင်ဖို့အတွက် ပထမဆုံး ခြေလှမ်းပါပဲ..။အရာရာတိုင်းက..ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ရမှာပါ..။

နတ်ဆေးဆရာ လေး သူမကို သေချာအာရုံစိုက်ပြီး ပြန်ကုသဖို့ အတွက် ဆိုရင် သူမ အတွင်းဘက်ကနေပြီး တိုက်ခိုက်ရမှာပါ..။ထပ်ပြောရရင် သူမ ဝူယူလန်ကို အတော် သဘောကျပါတယ်..။ဒီမိန်းကလေးက ချစ်စရာ မိန်းကလေး တစ်ယောက်ပါပဲ..။

ဆိုင်ထဲတွင်..။

ဝူယူလန် ..အရောင်းကောင်းတာ..မှာ ပစ္စည်းတွေ ရွေးနေတဲ့ အချိန်..လီရူ ဘေးမှာ ရပ်ကြည့်နေခဲ့တယ်..။သူမ ဒီမိတ်ကပ် ပစ္စည်းတွေကို သဘောမကျပါဘူး..။သူမ ဒီပစ္စည်းတွေကို ငယ်ရွယ်စဥ် ကတည်းက တစ်ခါမှ မသုံးခဲ့ပေ..။

"လီရူ ဒီနှုတ်ခမ်းနီ ..အရောင်လေးကို ဘယ်လိုထင်လဲ.."

ဝူယူလန် မေးလိုက်တာပါ..။

လီရူ ခေါင်းညိမ့်လိုကိပြီး...

"အင်း..မဆိုးဘူး.."

ဝူယူလန် ခေါင်းခါယမ်း လိုက်တယ်..။

"ငါကတော့ ဒီအရောင် သိပ်မကြိုက်ဘူး..။ဒီ ကာလာက..နည်းနည်း နက်တယ်..။ငါ ထင်တာတော့..ပိုပြီး တောက်တဲ့ အရောင်ကို..ရွေးသင့်တယ်ထင်တယ်..။ဒါပေမဲ့..ဒီရေးမွှေးတွေကို ကြည့် ..တကယ် မဆိုးဘူးနော်..။စမ်းကြည့်သင့်တယ်...."

ဆိုင်ထဲကို ဝင်လာကတည်းက..အရာရာတိုင်းက ဝူယူလန်ကို..ဆွဲဆောင် နေခဲ့တာပါ..။အစ်ကို ချွင်ချွင်ဟာ..ဘယ်ဟာက ကောင်းလဲ ဆိုတာ မသိပေမယ့် ဒီအရာတွေ အကုန်လုံးကို သူမ လုံးဝ..စိတ်မဝင်စားပါဘူး..။သို့ပေမယ့် သူမရဲ့ စိတ်ထဲမှာတော့..တစ်ခုခု အသစ်အဆန်းကို တွေ့နေရသလို ခံစားရပါတယ်..။

အစ်ကို ချွင်ချွင် ပြုံးလိုက်ပြီး..

"ဘာလို့ မိတ်ကပ် ပစ္စည်းတွေကို အရမ်းကြိုက်တာလဲ..."

ဝူယူလန် ချိုသာစွာ ပြုံးလိုက်ပြီး..

"ဘာလို့..မကြိုက်ရမှာလဲ..။မိန်းကလေး တစ်ယောက်ရဲ့ အလှပဆုံး အချိန်က ငယ်ရွယ်စဥ်ကာလတွေပဲလေ..။တကယ်လို့ ငါ အခုချိန်မှာ

လှလှပပ မပြင်ရင် အသက်ကြီးရင် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး..။လီရူ..ဒီနှုတ်ခမ်းနီ လေးက တကယ်မဆိုးဘူး..ဘာလို့..မစမ်းကြည့်တာလဲ..။ညီမ ရဲ့ နှုတ်ခမ်းနဲ့ ဆိုရင် တကယ် လိုက်ဖက်မှာ.."

အစ်ကို ချွင်ချွင် အစက..ငြင်းပယ်ချင်ပေမယ့်လည်း..သူမ မိန်းကလေးတွေကို ဆက်ဆံလာခဲ့တဲ့ အတွေ့အကြုံအရ..မငြင်းပယ်သင့်ဘူးလို့ ခံစားလိုက်ရပါတယ်..။

ဝူယူလန် နှုတ်ခမ်းနီကို ထုတ်ပြီး..လီရူကို ဆိုးပေးလိုက်တယ်..။သူမ ပြီးသွားတဲ့ အချိန်မှာ..အံ့ဩသင့်သွားခဲ့ပြီး...

"ဝိုး..ကြည့်လိုက်ပါဦး..။အမြန်..မှန်ထဲကို ကြည့်လိုက်ဦး..."

မှန်ရှေ့တွင်..အစ်ကိုချွင်ချွင်..သူ့ကိုယ်သူ မှန်ရှေ့မှာ ကြည့်လိုက်တယ်..။သူမ ရဲ့ နှုတ်ခမ်းနီ..ဟာ နီရဲ နေခဲ့ပါတယ်..။သူမ နှုတ်ခမ်းကို သေချာ ကြည့်လိုက်ပါတယ်..။သူမ ဆီမှာ. အတော် ဆန်းကျယ်တဲ့ အော်ရာ

တစ်ခု ရှိနေခဲ့တာပါ..။

ဝူယူလန် စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်..။

"ညီမ ရဲ့ နှုတ်ခမ်းတွေက တကယ် ကြည့်လို့ကောင်းတာပဲ..။ဒီအရောင် နဲ့ အရမ်းလိုက်ဖက်တယ်..။တကယ်လို့ ညီမ ရဲ့ ဆံပင်အနီသာ နည်းနည်းလောက် ရှည်မယ် ဆိုရင် ဘယ်လောက်တောင် လှလိုက်မလဲ..."

"အဲလိုလား..."

အစ်ကို ချွင်ချွင်..သူ့မျက်နှာသူ မှန်ထဲမှာ ကြည့်နေခဲ့တယ်..။ဒါက သူမ ပထမဆုံး အကြိမ်..နှုတ်ခမ်းနီ ဆိုးဖူးတာပါ..။ရုတ်တရက် သူမ နှလုံးသားထဲကနေ အမည်မသိ ခံစားချက်တစ်ခု. ဖြစ်ပေါ်လာခဲ့တယ်..။

ဝူယူလန် ခေါင်းညိမ့်လိုက်ပြီး..

"အင်း..လီရူ..ညီမကို မျက်ရစ် ပါ ခြယ်ပေးမယ်..။ဒါဆိုရင် ပိုပြီး လှပသွားမှာ..."

အဲ့အချိန်မှာတော့..မိတ်ကပ် ဆိုင်ဝန်ထမ်းတွေဟာ ခိုးပြီး ကြည့်နေခဲ့ပါတယ်..။ဒီမိန်းကလေးက အတော်လှပတယ်လို့ သူတို့လည်း ခံစားနေကြရတာပါ..။အထူးသဖြင့် ..နှုတ်ခမ်းနီ ဆိုးပြီးတဲ့နောက်မှာ..သူမရဲ့ အရှိန်အဝါက ပြောင်းလဲ သွားခဲ့တယ်..။

"ဟုတ်တယ်..ဟုတ်တယ်..ငါသိပြီ.."

အဲ့အချိန်မှာပဲ..ဝူယူလန် တစ်ခုခု..ကို နားလည်သွားခဲ့တယ်..။

"ခနလေး..ညီမရဲ့ ဆံပင်က အခုသိပ်မရှည်ဘူး ဆိုပေမယ့်..ထပ်ပြီး ဆက်လို့ရတယ်လေ..။ဒါဆိုရင် အတော်ကို လှသွားမှာ..."

ယင်းနောက်.. ဝူယူလန်..မိတ်ကပ် အနုပညာရှင် တစ်ယောက် အဖြစ်သာမက..ဆံပင် ပညာရှင်အဖြစ်နဲ့ပါ..အစ်ကိုချွင်ချွင်ကို..ပြင်ဆင်ပေးနေခဲ့တယ်..။

ဝူယူလန် ..အစ်ကို ချွင်ချွင်ကို မြင်တဲ့ အချိန်မှာ..အံ့ဩသွားခဲ့ပြီး..

"အံ့ဩစရာပဲ..အရမ်း နန်းစံတယ်..အရမ်း ခန့်ညားတယ်..။မဟုတ်ဘူး..ခန့်ညားတာ မဟုတ်ဘူး..ဒါက အရမ်းလှပတာ..."

ဆိုင်ထဲမှာ ရှိတဲ့ ကာစတန်မာတွေတောင်..အစ်ကို ချွင်ချွင်ကို မြင်တဲ့ အချိန်မှာ..မျက်လုံးမခွာနိုင်ကြတော့ပါဘူး..။

အစ်ကို ချွင်ချွင် မှန်ထဲကို ကြည့်ပြီး ​စိတ်ထဲက တွေးလိုက်တယိ..။

"ဒါက ငါလား..."

"မဟုတ်ဘူး..မဟုတ်ဘူး..ငါဘာလို့ ဒီလို အတွေးတွေ တွေးနေတာလဲ..."

သို့ပေမယ့်..ဒီခံစားချက်က အတော်ကို..ထူးဆန်းတာပါ ။

သူမရဲ့ အတွင်းစိတ်ထဲမှာတော့..သူမ ဒီခံစားချက်ကို..မကြိုက်ပါဘူး..။

All Chapters