← Chapters

ရႈပ္ေထြးတဲ့ လူထုအမြင်...

Vol. 36 Ch. 533

ရႈပ္ေထြးတဲ့ လူထုအမြင်...

Vol. 36 Ch. 533

#ဘာသာပြန် = စနိုးဝှိုက်

အချိန်တွေ ကုန်ဆုံးသွားခဲ့တယ်..။

မာစတာ လင်း နဲ့ ပတ်သက်တဲ့..သတင်းတွေဟာ..အင်တာနက်ပေါ်က ငြိမ်သက်သွားခဲ့ကြပါပွီ..။နေ့ရက်တိုင်းမှာ..ဆွဲဆောင်နိုင်တဲ့ သတင်းတွေကသာ မြို့သားတွေရဲ့ အာရုံစူးစိုက်မူကို ရခဲ့ကြပါတယ်..။

သို့ပေမယ့် တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင် တွေဟာ သူဌေးလေးကို လွမ်းဆွတ် နေခဲ့ကြတယိ..။

အကြီးအကဲ လိန် နဲ့ တစ်ခြား လူတွေဟာ မာစတာ လင်းရဲ့ ဆိုင်ကို ရောက်လာခဲ့ကြပြီး..

"သူဌေးလေး ပြန်လာသင့်နေပြီလေ..ဟုတျတယ်

မလား..."


"ဒါက မကြာခင်ဖြဈလာမှာပါ..။အခုက ရက် ၂၀ ကျော်လာပြီလေ..။သူ ရက်အနည်းငယ် အတွင်း ပွနျလာတော့မှာပါ.."

အစ်မ ဟောင် ပြုံးလိုက်ပြီး..

"တစ်လ လောက် အကျဉ်းချ ခံရတာ ဘယ်လိုများခံစားရလဲ မသိဘူး..။ဒါပေမဲ့..သူဌေးလေးက ဘာလို့..ပျင်းရိနေတယ်လို့ ငါခံစားနေရလဲ မသိဘူး.."

အကြီအကဲ လိန် အံ့ဩသွားခဲ့ပြီး..

"အစ်မဟောင် လည်း အဲလိုခံစားနေရတာလား.."

အစ်မဟောင် ပြုံးလိုက်တယ်..။

"ဒီခံစားချက် က မှန်​နေပြီ ထင်တယ်..."

လူလိမ် ထျန် လျောက်လာခဲ့တယ်..။

"အင်း..ဒီလိုမျိုးက ခနခန ဖြစ်နေတာ..။မြို့သားတှေ ဆိုရင်သူ့ရဲ့ ပန်ကိတ်ကို စားချင်လို့ နေ့တိုင်းလာလာ မေးနေရတာ အ​မောပဲ..။ငါဘာလို့ ဒီလို လူမျိုးဆီမှာ အလုပ်ဝင်လုပ်ခဲ့တာလဲ မသိဘူး.."

"ဟားဟား...အကြီးအကဲ ထျန်..ခင်ဗျား ကိုယ့်ခွအေနကေိုကျေနပ်သင့်ပါတယ်..။ခင်ဗျား သူဌေးလေး နောက် ကိုလိုက်ပြီး ကတည်းက..ပန်ကိတ်လာ

ဝယ်ကွတဲ့ မြို့သားတွေဆို..ခင်ဗျားကို တွေ့တိုင်း စီးကရက် တိုက်နေကြတာလေ.."

လူလိမ် ထျန် ​ပျော်ရွှင်စွာ ပြောလိုက်တယ်..။

"ဒီအကြောင်းတော့ မပွောပါနဲ့..။ဒါက ကျုပ်ရဲ့ တည်ငြိမ်တဲ့ ဟန်ပန် အမူအရာကြောင့် သူတို့က..စီးကရက် ကမ်းပေး​နေကြတာလေ..."

"ဟေး.ဝီချပ်မှာ အစီစဉ် သစ်တစ်ခု စနပြေီနော်..။တစ်ဒေါ်လာနဲ့ ဝယ်လို့ရတဲ့ အနုပညာ တွေကို ကျုပ်တို့ နန်ရှမ်းကလေးဂေဟာ ရဲ့ အမည်နဲ့ ရောင်းခ​နြေတာ..။ဘာတွေ ဖြစ်နေတာလဲ မသိဘူး.."

အကြီးအကဲ လိန် ဖုန်းကို ကြည့်ပြီး အံ့ဩစွာ ပြောလိုက်တာပါ..။

"နန်ရှမ်း ကလေးဂေဟာ..လား.."

လူလိမ် ထျန် လည်း အံ့ဩသွားခဲ့တယ်..။သူ ဖုန်းကို ယူလိုက်ပြီး..

"ခင်ဗျား နောက်နေတာ မဟုတ်ဘူးပဲ..။ဒါကို သူလုပ်ထားတာ ပဲဖွဈရမယ်..။ကျုပ် ကလေးဂေဟာကိုတစ်ခေါက်သွားကြည့်တုန်းက ကလေးတွေရဲ့ ပန်ချီကားတွေကို သယ်သွားနေကြတာ တွေ့ခဲ့ရတယ်..။သူတို့ပြောတာက..ကလေးတွေရဲ့ ပညာရေး

ရန်ပုံငှေ ရှာဖို့..ပရိဟိတ အစီစဉ် တစ်ခု လုပ်မှာတဲ့.."

ဝူယူလန် သူမရဲ့ ဖုန်းကို ဖွင့်လိုက်တယ်..။

"ကျွန်မ တစ်ခုလောက် ဝယ်လိုက်ဦးမယ်..။ဒီကလေးတွေက တကယ် ချစ်ဖို့ကောင်းကြတာ.."

ကျောက်ကျန်းယန် တိုက်ရိုက်ထုတ်လွင့်လိုက်ပြီး..။

"ညီအစ်ကို တို့..အခုပဲ..ဝီချပ်ကို ဖွင့်ပြီး..တစ်ဒေါ်လာ ရန်ပုံငွေ အစီစဥ္မှာ ပါဝင်လိုက်ကြပါ..။ခင်ဗျားတို့လည်း ကလေးတွေကို တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီသင့်တယ်လေ..။မင်းတို့ အကုန်လုံး ဒီအစီစဥ္ မှာ ပါဝင်လို့ လှူဒါန်းမူက အဆင့်တစ်ခုကို ရောက်သွားမယ် ဆိုရင် အစ်ကိုယန်က မိန်းကလေးလို ဝတ်ပြီး ကပြမယ်..။အစ်ကိုယန်က ကတိ တည်တာ သိတယ်မလား.."

"666..အစ်ကိုယန် ပြောနေမှတော့..အခုပဲ ဒေါ်လာ ၁၀၀ ဖို့ သွားဝယ်လိုက်မယ်.."

"ဟားဟား..အစ်ကိုယန် မိန်းကလေး လို ဝတ်မှာကို စောင့်နေမယ် နော်..။ငါကတော့ ဝယ်ပြီးသွားပြီ..."

"ဒီ ပန်ချီကားတွေက ပုံမှန်ပဲ ဖြစ်ပေမယ့်..ဖုန်းပေါ်မှာတင်ထားရင်တော့ တကယ် လှမှာ..."

"ငါ ဝယ်ပြီးသွားပြီ..."

"ညီအစ်ကို တို့..ဝီချပ်က..တစ်ဒေါ်လာ ပန်ချီကား ရောင်းတာမှာ တကယ်ပြသနာ ရှိနေတာပဲ..။ငါ ပန်ချီကား အခု တစ်သောင်းရဖို့ ဘယ်လောက်အထိ စောင့်ရမှာလဲ.."

"ချမ်းသာတဲ့ ကောင်လေးရေ..ငါတို့ကိုလည်း မျှပါဦး.."

"သူက တကယ် ချမ်းသာတာပဲ.."

ကျောက်ကျန္းယန် ပြုံးလိုက်တယ်..။ကလေးတွေအတွက် သူလုပ်နိုင်သလောက် အကောင်းဆုံးကြိုးစား ပေးရမှာပါ..။

"ညီအစ်ကို တို့ ပိုက်ဆံ အများကြီး သုံးဖို့လည်း မလိုပါဘူး..။ပနိချီကား တစ်ခုစီ ဝယ်ရင်ပဲ လုံလောက်ပါပြီ..."

"ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ တိုက်ရိုက်ထုတ်လွင့်သူလဲ..။ငါမင်းကို လိုက်ခ်ပေးခဲ့မယ်..."

…

ဂရုတစ်ခုတွင်..။

ဆောင်းဦးဓား..: " ငါ့ရဲ့ ချစ်လှစွာသော အဖွဲ့သားတို့..။တစ်ဒေါ်လာ အနုပညာ ရောင်းချမူမှာ ပါဝင်ပေးကြပါ..။မပါဝင်တဲ့လူတိုင်း..ငါ့ကို အစ်ကိုကြီးလို့ မခေါ်ကြနဲ့တော့.."

ဂရု မန်ဘာတွေဟာ..စာပြန်ခဲ့ကြတယ်..။

"ဝိုး..ဒါက ငါစောင့်နေတဲ့ အရာပဲ.."

"ဟားဟား.."

"ဒါက ကလေးတွေကို ကူညီတာပဲ..။တစ်ဒေါ်လာက မများပါဘူး..။ဝယ်လိုက်ကြရအောင်..."

ဝီချပ်က. အခုအတော် ကျယ်ပြန့်နေတာကြောင့် ဒီအကျိုးသက်ရောက်မူက အတော်ကြီးမားပါတယ်..။လူတိုင်း သူတို့ရဲ့ ဝီချပ်အကောင့်ကို ဖွင့်လိုက်ကြတာနဲ့ ဒီအစီစဥ္ကို တန်းမြင်လိုက်ကြရတာပါ..။

တစ်ဒေါ်လာ အရောင်းလား....

ဘယ်လို အစီအစဥ္ မျိုးလဲ...

မြို့သားအများစုဟာ..သူတို့ရဲ့ ဝီချပ်ထဲမှာ ဒီအစီအစဥ္ကို မြင်လိုက်တဲ့ အချိန်မှာ..ပဟေဠိဖြစ်သွားခဲ့ကြပါတယ်..။

"ချီးပဲ..ဘယ်လို ပန်ချီကားမို့လို့ တစ်ဒေါ်လာ နဲ့ရတာလဲ..။ငါက တော့..အလကားပေးတောင်ယူမှာမဟုတ်ဘူး.."

"ဝီချပ်က..ပိုက်ဆံကြောင့်ရူးသွပ်သွားတာလား..။ဒါက တကယ်ကို အဆင့်မြင့်ပိုက်ဆံ ရှာတဲ့ နည်းလမ်းပဲ.."

"ဟေး..ဒါက ကလေးတွေရဲ့ ပညာရေးကို ကူညီပေးဖို့ ဆိုပါလား..။ပရဟိတ အစီအစဥ္ ပေါ့.."

"ရှန်ဟိုင်းရဲ့ နန်ရှန်းကလေးဂေဟာ..အတွက်။ကလေးတွေ အများစုက..အရင်တုန်းက လူကုန်ကူးခံကြရဖူးတယ်တဲ့.."

"ကလေးတွေ ဒီလောက် ကောင်းကောင်းဆွဲနိုင်မ

ယ်လို့တောင် မထင်ထားဘူး..။ငါ ဒါတွေကို ဝယ်လိုက်ဦးမယ်..။ဖုန်းပေါ်မှာ တင်ထားတာကလည်း တကယ်တော့ မဆိုးပါဘူး.."

"ချီးပဲ..မင်းခုနကပြောတော့ အလကားပေးတောင် ဒါတွေကို မယူဖူးဆို..။ဘာလို့ အခုကြတော့..ဖုန်းပေါ်မှာ တင်ဖို့ ဝယ်ရမယ် လို့ပြောတာလဲ..."

"ဒါက မတူဘူးလေ..။ဒါက ပရဟိတ အတွက်.."

"ငါ သဘောတူတယ်.."

"ဒီပန်ချီကားတွေက မဆိုးဘူး..။ပရဟိတဖန်တီးမူကောင်းတယ်လို့ ပြောရမယ်..."

"ငါ့ဖင်ကြီးကို ပရဟိတ ဖန်တီးမူ ကောင်းပါလား..။ကလေးတွေက ဒါဘာကို ဆိုလိုမှန်းတောင် သိကြမှာ မဟုတ်ဘူး.."

"တော်လောက်ပြီ..ဒီပန်ချီကားတွေကို ကြိုက်တယ် ဆိုရင် ပြီးတာပဲ.."

…

ထိန်းသိမ်းရေး စခန်းတွင်..။

လင်းဖန် ဒီနေ့မှာ ဝီချပ် ပရိုမိုးရှင်း လုပ်တော့မယ် ဆိုတာ သိထားပြီးသားပါ..။သူ ဖုန်းကို ဖွင့်ပြီး ကြည့်လိုက်တယ်..။

*ကလင်..ကလင်..*

ကျန်းလောင် ဆီက ဖုန်းဝင်လာခဲ့တာပါ..။

"မာစတာ လင်း.ကျွန်တော် တို့ အစီအစဥ္ကို စတင်လိုက်ပြီ..။ဆယ်မိနစ်အတွင်းမှာတင် ဒေါ်လာ ငါးသောင်းလောက် ရထားတယ်..။ဒါတောင် အစပဲ ရှိနေသေးတယ်နော်..။ဝယ်တဲ့ လူတွေက ဆက်ပြီး မြင့်တက်နေတုန်းပဲ.."

လင်းဖန် ကျေးဇူးတင်စွာ ပြောလိုက်တယ်..။

"ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်..အကြီးအကဲ ကျန်း.."

အကြီးအကဲ ကျန်း ​ပြောလိုက်တယ်..။

"ကျေးဇူးတင်ဖို့ မလိုပါဘူး...။ဒါက ကျွန်တော်တို့ လုပ်သင့်တဲ့ အရာပ​ဲလေ..။ဒါပေမဲ့ မာစတာ လင်း အထဲမှာ အဆင်ပြေရဲ့လား..။မကြာခင်ထွက်လာတော့မှာ မလား..."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"အင်း..ရက်အနည်းငယ် အတွင်းမှာပေါ့..။ဒီကိစ္စကိုတော့ အကြီးအကဲ ကျန်းကိုပဲ အနှောက်အယှက်ပေးရတော့မယ်.."

အကြီးအကဲ ကျန်း ပြောလိုက်တယ်..။

"မာစတာ လင်းက အရမ်းယဥ္ကျေးနေတာပဲ..။ကလေးတွေကို ကူညီတာက..ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ အကုန်လုံး လုပ်ချင်နေတဲ့ ဆန္ဒပဲလေ..။စိတ်မပူပါနဲ့..ဒီအစီအစဥ္က ကျိန်းသေ အောင်မြင်မှာပါ.."

လင်းဖန် လည်း ဒီလိုပဲ ဖြစ်လိမ့်မယ် လို့ ယုံကြည်မူ ရှိပါတယ်..။ဒီနိုင်ငံက လူတွေ အကုန်လုံးက အတော် ကူညီလိုစိတ် ရှိကြတဲ့ အတွက် ကြီးမားတဲ့ အထောက်အပံ့ကြီးဖြစ်မှာ အသေအချာပါပဲ...။

သို့ပေမယ့် ဒီကိစ္စအပေါ် မေးခွန်း ထုတ်နိုင်တဲ့ အနေအထားတွေလည်း ရှိလာနိုင်ပါတယ်..။ဘာပဲဖြစ်ဖြစ်..ပရဟိတ.နယ်ပယ်က အတော်ကို ရှုပ်ထွေးတာပါ..။ဒီနယ်ပယ်မှာ ပရဟိတ ကို အကြောင်းပြပြီး..စားတယ် သောက်တယ်..ဇိမ်ခံကားတွေဝယ်တယ်..ဇိမ်ခံဗီလာ တွေ ဝယ်တယ် ဆိုတဲ့ လူတွေက အများကြီးပါ..။

လုပ်ငန်းခွင်..။

"မင်းတို့ ဘာလုပ်နေကြတာလဲ.."

"ပန်ချီ ရွေးနေတာလေ..။ဝီချပ်က..သနားဖို့ကောင်းတဲ့ ကလေးတွေကို..ကူညီဖို့ တစ်ဒေါ်လာ ပန်ချီကားတွေကို ရောင်းချပေးနေတယ်လေ.."

"ဒီပန်ချီလေးတွေက တကယ် မဆိုဘူးနော်..။ဒီကလေးတွေ ဒါမျိုးဆွဲတတ်ရအောင် ဘယ်လို ဦးနှောက်တွေများ ရှိနေတာလဲ မသိဘူး.."

"ငါရွေးထားတဲ့ တစ်ခုကို ကြည့်ပါဦး..။မကောင်းဘူးလား..."

"ဟေး..ဒါက တကယ်လှတာပဲ..။အဲတာ နံပါတ် ဘယ်လောက်လဲ..။ဒါက ဘာပုံဆွဲထားတာလဲ ငါမသိပေမယ့် တကယ်လှတယ်..."

"စီးရီး နံပါတ် 003..။ဒါကို လီဖက်တီး က ဆွဲထားတာ လေ..။သူကတော့ ခေါင်းစဥ္မှာ ကျားပုံ လို့ ပြောထားတာပဲ..."

“???”

အိမ်တစ်အိမ်တွင်.။

ကလေးမလေး တစ်ယောက်ဟာပြောလိုက်တယ်..။

"ဒယ်ဒီ..သမီး ပန်ချီကားတစ်ချပ်လောက် ဝယ်ချင်တယ်..။ဒီကလေးလေးတွေကို ကူညီချင်လို့..."

အဖေဖြစ်သူဟာ..ပရိဟိတ အစီစဥ္ကို ကြည့်လိုက်တယ်..။ယင်းနောက် သူ့သမီးလေးရဲ့ ခေါင်းကို ပုတ်ကာ ပြုံးလိုက်ပြီး..

"အိုကေ.အိုကေ..။အဖေ့ သမီးလေးက တကယ်ကြင်နာ တတ်တာပဲ..။ဒယ်ဒီသမီး အတွက် ဝယ်ပေးမယ်..."

ီနိုင်ငံ တစ်ဝှမ်းလုံးမှာ မရေမတွက် နိုင်တဲ့လူတွေဟာ ဒီရောင်းချမူကို သတိပြုမိခဲ့ကြတယ်..။သူတို့ အတွက်ကတော့ တစ်ဒေါ်လာက မများတာကြောင့်..ဝယ်နိုင်ကြပါတယ်..။

ထပ်ပြောရရင် ဒီ ပရဟိတ ပရောဂျက်မှာ အကောင်းမြငိတဲ့ မှတ်ချက်တွေ ပြည့်နေခဲ့တာပါ..။

သို့ပေမယ့်..မကြာခင်မှာပဲ..အနှုတ်သဘော ဆောင်တဲ့ အတိုက်အခိုက်တွေ ပေါ်လာခဲ့တယ်..။

"တစ်ဒေါ်လာ ပန်ချီကား ရောင်းချမူ ရဲ့..အမှောင်ဘက်ခြမ်းအား ဆွေးနွေးမူ..."

"ဒီနေ့ တစ်ဒေါ်လာ ပန်ချီကားတွေကို ငါ့ရဲ့ သူငယ်ချင်းတွေ အများကြီး ဝယ်နေကြတာကို တွေ့ခဲ့ရတယ်..။ဒါပေမဲ့ ငါ ဒါတွေကို ကြည့်တဲ့ အချိန်မှာ အနုပညာလို့တောင် ခေါ်လို့မရဘူး..။ဒါက လျောက်ခြစ် ထားသလိုတောင် ဖြစ်နေပြီလေ..။ငါသာ ဒါမျိုးဆွဲမယ် ဆိုရင် တစ်နေ့ကို အခု ထောင်ချီပြီးတော့တောင် ဆွဲနိုင်သေးတယ်..။ဒါပေါ့ ဒါက အဓိက အချက်မဟုတ်သေးဘူး..။အဓိက အချက် ဒီတစ်ဒေါ်လာ ပန်ချီကား ရောင်းချမူရဲ့ လှုံ့ဆော် စာတန်းပဲ..။အကုန်လုံး သိရအောင် ငါ ခွဲခြမ်းပြမယ်..။သူတို့ပြောတာက.. ဒီလို ပရဟိတ ရန်ပုံငွေလုပ်တာက..ကလေးတွေ ပညာရေး အတွက်လို့ ပြောတယ်လေ..။ဒါပေမဲ့ ငါတို့သိသလောက်.ဒီလို ဂေဟာ တွေကို အစိုးရက ထိန်းချုပ်ပြီး ထောက်ပံ့ပေးထားတာ မဟုတ်ဘူးလား..။ငါတို့ ကလေးတွေရဲ့ ပညာရေး ကိုဘာမှ စိုးရိမ်နေစရာ မလိုဘူး..။တစ်ဒေါ်လာက မများဘူး ဆိုပေမယ့် ဝီချပ်ရဲ့ သုံးစွဲသူ အရေအတွက်နဲ့ဆို ရလာမယ့် ပမာဏကို တွက်ကြည့်လိုက်ဦး..။ငါကတော့ ဒီအစီစဥ္ကို သံသယရှိတယ်..။အားလုံးပ​ဲ အလိမ်မခံကြပါနဲ့..."

"ချီးပဲ ဒါအမှန်ပဲလား..။ဒါက အဓိပ္ပါယ်ရှိတယ်လို့ ငါခံစားရတယ်နော်..."

"ဒါ အဓိပ္ပါယ်ရှိတယ်.."

"ဒါက တကယ်စိတ်ရှုတ်စရာပဲ..။ငါတို့ နားက လူတိုင်း..ဒီအတွက် လှူဒါန်းနေကြျပမယ့်..ငါကတော့ တစ်ဆင့်တောင်..ပေးမှာ မဟုတ်ဘူး.."

"တစ်ချို့ ပန်ချီကားတွေက တကယ်မဆိုးဘူး..။ဒါ​ေပမဲ့ အဲတာတွေကို လေးနှစ်ကလေးတွေက ဆွဲထားတာလို့ ပြောတယ်..။လေးနှစ်ကလေးက တရုတ်အနုပညာ ကို လက်ရာမြောက်အောင် ဆွဲတတ်မယ်လို့ မင်းတို့ တကယ်ထင်နေလား.."

အဲ့အချိန်မှာပဲ..နောက်ထပ် နောက်ထပ် လူထုအမြင်တွေဟာ ပေါ်ထွက်လာခဲ့တယ်..။

ဒီလို လူထု အမြင်တွေဟာလည်း ပိုပိုပြီး..ပေါ်ပြူလာ ဖြစ်လာခဲ့ကြပါတယ်..။

All Chapters