ငါမင်းကို ရှာမယ်
Vol. 36 Ch. 534
#ဘာသာပြန် = စနိုးဝှိုက်
ဝီချပ်ပေါ်တွင်..။
"ဒါအမှန်ပဲလား..."
"တကယ်လို့ ငါတို့ ဒီတစ်ဒေါ်လာ ပန်ချီကားတွေကို အသေးစိတ်ကြည့်မယ် ဆိုရင်..ကလေးဂေဟာက အမြတ်ငွေ ဆယ်ပုံတစ်ပုံတောင် ရပါ့မလား..."
”ချီးပဲ..ဒါက ငါတို့ ဘာမှမဟုတ်တာ အတွက် လှူဒါန်းနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား..။ဒါက တစ်စုံတစ်ယောက်ရဲ့ အိပ်ကပ်ထဲကို ပိုက်ဆံ ထည့်ပေးနေသလိုပဲ..."
"ချီးပဲ..ငါ ပြောတာက..ကလေးထိန်း မသန်စွွမ်းဂေဟာက ဘယ်လိုလုပ်ပြီး ဒီလို ပလက်ဖောင်းအကြီးအကြီးမှာ..ရောင်းချနိုင်သွားတာလဲ..။ဒါကို တစ်ယောက်ယောက်လုပ်တာပဲ ဖြစ်ရမယ်..."
"ငါ မင်းကို စခရင် ရှော့ တစ်ခုပြမယ်..။မင်းတို့ဟာ မင်းတို့ ကြည့်လိုက်..။အဲတာက အနုပညာ ကျောင်းသား တစ်ယောက် က ပြောထားတာ.."
စခရင်ရှော့ထဲတွင်..။
ငါက..ကျွမ်းကျင်တဲ့ ပန်ချီပညာရှင် : "ကျွန်တော်က အနုပညာ ကျောင်းက..ကျောင်းသားတစ်ယောက်ပါ..။ဒီမနက်မှာ ဝီချပ်က ကျွန်တော်ကို တစ်ဒေါ်လာ ပန်ချီကား ရောင်းချမူကို အကြောင်းကြားလာခဲ့တယ်..။ဒါက..ပရဟိတ ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ..တကယ် ကျေနပ်သွားခဲ့တာ..။ဘာပဲဖြစ်ဖြစ်..တစ်ခြားလူတွေကို ကူညီခွင့်ရတယ် ဆိုတာ ကောင်းတဲ့ အလုပ်ပဲလေ..."
"ဒါပေမယ့် ကျွန်တော် ပန်ချီကားတွေကို..အနီးကပ် လေ့လာကြည့်လိုက်ရတဲ့ အချိန်မှာ တစ်ခုခု တွေ့လိုက်ရတယ်..။လူထုကတော့.. ပန်ချီပညာကို နားမလည်တော့ ဒါတွေကို မြင်နိုင်မှာ မဟုတ်ပေမယ့်..ကျွန်တော် က ပန်ချီပညာကို သင်ကြားနေတဲ့ လေးနှစ်မြောက် ကျောင်းသားအနေနဲ့..ဒီပန်ချီထဲမှာ ပရိုအဆင့် စုတ်ချက် တွေကို တွေ့နေရတယ်..။ကလေးတွေက..ဒီလိုအသက်အရွယ်နဲ့ ဒီလို စုတ်ချက်မျိုးတွေကို ဖန်တီးနိုင်မယ် လို့ ခင်ဗျားတို့ တကယ်ထင်ရဲ့လား..."
"ကျွန်တော် ..အခု ပန်ချီပညာကို အတော်ကြာအောင်သင်ကြားနေတာတောငိ စုတ်ချက်တွေ အကုန်ကျွမ်းကျင်တယ်လို့ မပြောရဲဘူး..။ဒါပေမဲ့ ဒီကလေးတွေက ကျွန်တော် ထက်ပိုကျွမ်းကျင်နေကြတယ်..။ဒါက ဘယ်လို ဟာသ မျိုးလဲ..။ဒါကြောင့် ကျွန်တော်ကတော့ ဒီနောက်ကွယ်မှာ တစ်ခုခု ရှိနေမယ်လို့ ထင်တယ်..."
ဒီစခရင်ရှော့က မျက်စိတစ်မှိတ်အတွင်း မှာပဲ ဂရုများစွာကို ပျံ့နှံ့သွားခဲ့ပါတယ်..။
မြို့သားတွေဟာလည်း သံသယ ဖြစ်နေပြီး ဘာက အမှန်လဲ ဆိုတာ မသိကြတော့ပါဘူး..။
လူတိုင်းဟာ စတင်ပြီး တားဆီးလာကြပါပြီ..။
"အားလုံးပဲ..ဝယ်နေတာကို ရပ်တန့်လိုက်ကြတော့..။သူတို့ အကုန်လုံးက အတုအယောင်တွေပဲ..."
"ဒါက..ပိုက်ဆံတွေ သဲ့ယူ နေတဲ့ အစီအစဥ္ပဲ..။သူတို့ကို ပိုက်ဆံ မပေးမိစေနဲ့..."
"ချီးပဲ..တော်သေးတယ်..ငါအများကြီး ဝယ်မိတော့ မလို့..."
ဝီချပ် ဌာန တစ်ခုတွင်..။
ကျန်းလောင် ဒီ 'တစ်ဒေါ်လာ ပန်ချီကား.' အစီအစဥ္ကို အနီးကပ် ကြည့်နေခဲ့တာပါ..။
တစ်သန်း...
နှစ်သန်း...
သုံးသန်း...
တစ်နာရီ ..နှစ်နာရီ အတွင်းမှာပဲ..သူတို့ စုစုပေါင်း ဒေါ်လာ သုံးသန်းလောက် ရနေခဲ့ပါပြီ..။
အဲ့အချိန်မှာပဲ ကျန်းလောင် မျက်မှောင်ကျုတ်လိုက်တယ်..။တစ်ခုခု မှားနေပြီ ဆိုတာ သူသတိထားမိလိုက်ပါတယ်..။ပန်ချီကားချပ်တွေကို ဝယ်ယူသူ ဦးရေ က ရုတ်တရက် ရပ်တန့်သွားခဲ့တာပါ..။
"ဘာဖြစ်တာလဲ.."
ကျန်းလောင် ပဟေဠိဖြစ်သွားခဲ့တယ်..။
လူတွေက ဘာလို့..ပန်ချီကားတွေကို..ထပ်ပြီး.မဝယ်တော့တာလဲ....
အဲ့အချိန်မှာပဲ..အလုပ်သမား တစ်ယောက်ဟာ သူ့အခန်းထဲဝင်လာခဲ့ပါတယ်..။
"အကြီးအကဲ ကျန်း..သတင်းကြီးပဲ..။ဒီမှာ..တစ်ဒေါ်လာ ပန်ချီကား အစီအစဥ္ နဲ့ ပတ်သက်ပြီး..အင်တာနက်မှာ အနှုတ်သဘော ဆောင်မူတွေ ရှိနေတယ်..။သူတို့တွေက..ဒါက ပိုက်ဆံ တွေလိမ်ညာနေတဲ့ အစီအစဥ္ ဖြစ်တာကြောင့် လူတွေကို ထပ်ပြီး မဝယ်ယူကြဖို့ တိုက်တွန်းနေကြတာ..။ကြည့်ရတာတော့..အခြေအနေက ပိုပြီး..ထိန်းချုပ်ရခက်လာပြီ ထင်တယ်နော်..."
"ဘာ..."
ကျန်းလောင် ဒေါသထွက်သွားခဲ့တယ်..။
"အခြေအနေက ဘာလို့ အဲလိုဖြစ်သွားတာလဲ..။အဲလို မဟုတ်တဲ့ စကားတွေက ဘယ်ကနေ လာခဲ့တာလဲ.."
"ဒီသတင်းအရင်းအမြစ်ကလည်း လူထု ဆီကပဲ..ဒါပေမဲ့..လူတွေ အများကြီးက..ပြန်တင်နေကြပြီ..။ဒါကို လူတွေက ယုံနေကြတော့ ပြန်ဖြေရှင်းဖို့ အတော်ခက်ခဲမယ် ထင်တယ်..."
ကျန်းလောင်ရဲ့ မျက်နှာဟာ ဒေါသကြောင့် နီရဲနေခဲ့တယ်..။
"ချီးပဲ..ဒီကောင်တွေက ချီးစားပြီး မွေးလာကြတာလား..။အဲ့ကောင်တွေ အကုန်လုံးကို ဝီချပ်ကနေ ကန်ထုတ်ပစ်လိုက်တော့..."
အလုပ်သမား တွေဟာ ကျန်းလောင် ဒေါသထွက်နေမှနး်သိပေမယ်..စိုးရိမ်နေကြဆဲပါ..။
"အကြီးအကဲ ကျန်း..ဒီအကောင့်တွေက ဖော်လို သန်းချီ ရှိတဲ့ တရားဝင် အကောင့်တွေလေ..။တကယ်လို့ သူတို့ကို ဘလော့လိုက်ရင်......"
ကျန်းလောင် လက်ဝေ့ယမ်းလိုက်ပြီး...
"အကုန် ဘလော့ လိုက်..ဒီကိစ္စက မင်းတို့ မြင်နေရသလောက် မရိုးရှင်းဘူး..။ဒီ တရားဝင်အကောင့် တွေအကုန်လုံး သူတို့ ပြောခဲ့တဲ့ စကားတွေ အတွက်..အတွက် တာဝန်ယူကြရမယ်..။သူတို့မှာ ဖော်လိုဝါ တွေ အများကြီး ရှိနေတာတောင် ဒီလို သောက်သုံးမကျတဲ့ သတင်းတွေကို ပြန်ဖြန့်ချင်နေသေးတယ်..။ပြီးတော့ ဒီသတင်တွေကို ပြန်တင်နေကြတဲ့ လူတွေကို ရောပဲ..။အကုန်လုံးကို ဘလော့ လိုက်..။ပြီးတော့ သူတို့ကို ပြန်အသုံးပြုခွင် ပေးစရာ မလိုဘူး..."
"ပြီးတော့ မမေ့နဲ့ဦး..။ငါတို့က သူတို့ကို..ဒိီဒုက္ခတွေပေါ် ဆွဲတင် ခဲ့တာ မဟုတ်ဘူး..သူတို့ဟာသူတို့ ဒီဒုက္ခတွေ အပေါ်ကို တက်လာခဲ့တာ..."
"နားလည်ပါပြီ..."
အလုပ်သမားက ခေါင်းညိမ့်ပြီး ပြန်ပြောလိုက်တယ်..။သူ..ဒီစကားတွေကို အကုန်လုံးဆီ ပြန်ညွှန်ကြားရမှာပါ..။
'စကြဝဠာ ရဲ့ အရှင်သခင်'အကောင့်က..တရားဝင် အကောင့် တစ်ခုဖြစ်ပြီး..ဖော်လိုဝါလည်း အများကြီး ရှိနေခဲ့တာပါ..။သူ့ အကောင့်ကနေ သတင်းတစ်ခုတင်လိုက်တိုင်း ..စာဖတ်သူပေါင်း သန်းချီပြီး ရှိပါတယ်..။
သတင်းအချက်အလက် ကုမ္ပဏီ. ရဲ့ တာဝန်ရှိသူဟာ..ဒီလို..တရားဝင် အကောင့်တွေရဲ့ သတင်းတွေကို အမြဲတမ်း စစ်ဆေးလေ့ရှိပါတယ်..။သူ ဒီနေ့ ဖြစ်နေတဲ့..တစ်ဒေါ်လာ ပန်ချီကား ရောင်းချမူ ..သတင်းနဲ့..လူထုရဲ့ အမြင်တွေကို တွေ့လိုက်ရတဲ့ အချိန်မှာ..လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံရဖို့ ချက်ချင်း
ပို့စ်ပြန်တင်လိုက်တယ်..။
သို့ပေမယ့် သူ နားမလည်တာ တစ်ချို့ အမှန်တကယ်ပဲ ရှိနေခဲ့ပါတယ်..။ဒီလို ဆယ်လီ ဝီချပ်အကောင့် တွေက ဝီချပ်ရဲ့အစီအစဥ္ကို မကောင်းပြောရဲတယ် ဆိုတာက တကယ်ကို မနာလိုစရာပါပဲ..။
ရုတ်တရက် .ဒီတရားဝင် အကောင့်တွေဟာ တစ်ခုခု ထူးခြားနေတာကို သူခံစားလိုက်ရပါတယ်..။
ဘန်း..
အဲ့အချိန်မှာပဲ..အလုပ်သမား အယောက်ဟာ..သူ့အခန်းထဲကို ရေးကြီးသုတ်ပြာ ဝင်လာခဲ့ပြီး..
"သူဌေး..တစ်ခုခုတော့ မဟုတ်တော့ဘူး..။ကျွန်တော်တို့ရဲ့ တရားဝင် အကောင့် အဘန်းခံလိုက်ရပြီ..."
"ဘာ..."
"တကယ် ကျွန်တော်တို့ကို ဘန်း သွားတာ..။ကျွန်တော် ဝီချပ်က အလုပ်သမား တွေနဲ့ စကားပြောကြည့်တော့..သူတို့က ကျွန်တော်တို့ သတင်းအမှားကို ပြန်တင်မိလို့ လူထုအပေါ် အနှုတ်လက္ခဏာ ဆောင်ခဲ့တယ်လို့ ပြောတယ်..။ပြီးတော့ သူတို့က ရှေ့နေက တဆင့် သတိပေးစာပါ ပို့ထားခဲ့တာ.."
အလုပ်သမားက စိတ်လှုပ်ရှားစွာ ပြောလိုက်တာပါ..။
"ဒါဆို ငါတို့ရဲ့ တရားဝင် အကောင့် ကရော...ဘာဆက်ဖြစ်မှာလဲ."
လက်ရှိ သူ စိတ်အပူဆုံးက သူတို့ရဲ့ တရားဝင် အကောင့်ပါပဲ..။
အလုပ်သမားဟာ တံတွေးကို မြိုချလိုက်ပြီး..
"ဒါက ယာယီ ဘန်းလိုက်တာ မဟုတ်ဘူး..။လုံးဝ အပြီးတိုင် ဘလော့ လိုက်တာ..."
"ဘာ..."
…
ကျန်းလောင် အခြေအနေကို အသေးစိတ် ညွှန်ကြားနေခဲ့တယ်..။ဘယ် တရားဝင် အကောင့်ပဲ ဖြစ်ဖြစ်..ဒီသတင်းကို ပြန်တင်ရဲလို့ရှိရင် ချက်ချင်း ဘလော့ပစ်ခဲ့ပါတယ်..။တစ်ချို့ တရားဝင်အကောင့်တွေဟာ..ရေးထားတဲ့ ပိုစ့်တွေကို အမြန် ပြန်ဖျက်ပစ်ပြီး..ကြောက်လန့်သွားခဲ့ကြပါတယ်..။ဝီချပ်က ဘာတွေ ဖြစ်နေတာလဲ ဆိုတာ သူတို့ တကယ် မသိကြတော့ပါဘူး..။
သူတို့ရဲ့ ပိုစ့် တွေကို အချိန်မှီ ပြန်မဖျက်နိုင်ခဲ့တဲ့ အကောင့်တွေက တော့ နောက်ဆက်တွဲနဲ့ ရင်ဆိုင်နေကြရပါတယ်..။အကောင့်ပိုင်ရှင် တွေဟာ ဒီအဖြစ်အပျက်ကို သိတဲ့ အချိန်မှာ ငိုကြွေးနေခဲ့ကြတယ်..။
သူတို့ရဲ့ အကောင့်တွေက သူတို့ရဲ့ သွေးတွေ ချွေးတွေပါပဲ..။ဒါက သူတို့ရဲ့ ဘဝကြီးပါ..။သို့ပေမယ့် အခုချိန်မှာတော့ အားလုံး အဆုံးသတ်သွားခဲ့ပါပြီ..။
ပုံမှန်အားဖြင့် ကျန်းလောင်က ဝီချပ်ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ယောက်ပေမယ့်.အခုတော့..သူ ဒီအခြေအနေ ကို ဖြေရှင်းဖို့ စကားလုံးတစ်ခုသာ အသုံးပြုနေခဲ့ပါတယ်..။
ဘလော့...
သို့ပေမယ့်..ဒီအကြောင်းအရာ တွေက..လူထုဆီကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် နေပြီးပြီ ဖြစ်တာကြောင့်..လိုက်ပြီး ပြန်ပြင်ဖို့ ဆိုတာက တကယ် မလွယ်ကူတော့ပါဘူး..။
ဝီချပ်ဟာလည်း..လူထုဆီကို လက်ရှ်ိ ပရဟိတ အစီအစဥ္ နဲ့ ပတ်သက်ပြီး ကြေ ငြာချက် တစ်ခု ထုတ်ပြန်ခဲ့တယ်..။ဝီချပ်က ဒီအတွက် တစ်ဆင့် တောင် မယူခဲ့ပါဘူး..။တစ်ချိန်တည်းမှာပဲ..သူတို့ မဟုတ်မမှန်တဲ့ နည်းလမ်း ဘာကိုမှကို အသုံးမပြုခဲ့တာပါ..။
သို့ပေမယ့်..တစ်ချို့လူတွေကတော့..ဝီချပ်ကို အသုံးပြုနေပေမယ့် ..ဝီချပ်ရဲ့ ပေ့ချ်ကို ဖော်လို မလုပ်ထားကြပါဘူး..။ဒီကြေညာချက် အတွက်ကတော့..သူတို့ ယုံကြည်ဖို့ စိတ်ကူ လုံးဝ မရှိကြပေ..။
ထိန်းသိမ်းရေး..စခန်းတွင်..။
လင်းဖန် ကျန်းလောင် ဆီက ဖုန်းကောကို ရတဲ့ အချိန်မှာ မျက်မှောင်ကျုတ်လိုက်ပြီး...
"ဘယ်လိုလုပ်ပြီး ဒီလို အခြေအနေမျိုးတွေ ကြုံလာရတာလဲ..."
အကြီးအကဲ ကျန်း တောင်းပန်စွာ ပြောလိုက်တယ်..။
"မာစတာ လင်း ဒီကိစ္စက တကယ်လေးနက်တယ်..။ဒီသတင်းတွေရဲ့ အရင်းအမြစ်က ဘယ်ကနေ စလာတာလဲ ကျွန်တော်တို့လည်း မသိတော့ဘူး..."
လင်းဖန် ဒေါသထွက်သွားခဲ့ပြီး..
"ဒီလူတွေ ဘာလိုချင်နေတာလဲ..။သူတို့က ဒါကို ဘာမဟုတ်တဲ့ ကိစ္စလေး လို့ ထင်နေတာလား..။ဒါဆိုရင်တော့ ကျုပ်သူတို့နဲ့ ကစားပေးရမှာပေါ့.."
အကြီးအကဲ ကျန်းကတော့ မာစတာ လင်း ဘာလုပ်မှာလဲ ဆိုတာ မသိပါဘူး..။သို့ပေမယ့် မာစတာ လင်းက ကျွမ်းကျင်တဲ့ ဟတ်ကာ တစ်ယောက် ဆိုတာကတော့ သူသိထားပြီးသာပါ..။မာစတာ လင်းက လက်ရှိ ထိန်းသိမ်းခံထားရတယ် ဆိုပေမယ့် လွတ်လွတ်လပ်လပ် လူတစ်ယောက်လိုပါပဲ..။ဒါကြောင့်..သူ ဘာလုပ်နိုင်လဲ ဆိုတာ ပြောဖို့ တကယ် ခဲယဥ္းပါတယ်..။
ဖုန်းချပြီးတဲ့ နောက်မှာတောင် လင်းဖန် ဒေါသထွက်နေတုန်းပါပဲ..။ဒါက အတော် စိတ်တိုဖို့ ကောင်းတာပါ..။
ဒီလူတွေ ဘာလိုချင်တာလဲ....
ဆန်းနမ် သံသယဖြစ်စွာ မေးလိုက်တယ်..။
"ဂုရု ဒီတစ်ကြိမ်ရော ဘာဖြစ်ပြန်ပြီလဲ..။တစ်ယောက်ယောက်က ပြသနာ ရှာလို့လား..။ကျွန်တော်တို့ဘာလုပ်ပေးရမလဲ သာ ပြောလိုက်ပါ.."
လင်းဖန် ဘာမှ မတုန့်ပြန်ခဲ့ပေ..။သူ ပိုစ့် တစ်ခုကို လက်ညိုးထိုးပြလိုက်ပြီး...
"ဒီခွေးသားကို ရှာလိုက်..။ဒီကောင်ဘယ်သူလဲ..ပြီးတော့ ဘာသက်သေနဲ့ ဒီလိုအခြေအနေတွေ ဖြစ်လာအောင် လုပ်တာလဲ သိချင်မိတယ်..."
"ကောင်းပြီ ဒါက ပြသနာ မရှိဘူး.."
ဆန်းနမ် ပြန်ဖြေလိုက်တာပါ..။
"အားလုံးပဲ..စလိူက်ရအောင်..။ငါတို့ ဂုရုရဲ့ တစ်လတိတိ ညွှန်ကြားပြသမူတွေကြောင့်..အတော်တိုးတက်ခဲ့ရတယ်..။အခုပဲ ဂုရုကို ဒေါသထွက်စေတဲ့ အဲ့ခွေးသားကို ရှာလိုက်ကြရအောင်.."
အဲ့အချိန်မှာ နိုင်ငံရဲ့ အင်တာနက် လုံခြုံရေး အဖွဲ့ဟာ စတင်ပြီး လုပ်ဆောင်လိုက်ကြပါတယ်..။သူတို့ရဲ့..မစ်ရှင် ကတော့ ဝီချပ်မှာ
ကောလဟာလ တွေကို စတင်လိုက်တဲ့ လူကို ရှာဖွေဖို့ပါပဲ..။