အောင်ပွဲခံ မစောနဲ့..
Vol. 36 Ch. 535
#ဘာသာပြန် = စနိုးဝှိုက်
အနုပညာ တက္ကသိုလ်..။
ပန်ချီဆွဲခန်း တစ်ခုတွင်..။
ကျန်းမင်ဟောင် ဟာ ရုပ်ရည်ခံ့ညားပြီး..ပန်ချီဆွဲတဲ့ နည်းစနစ်တွေ အများကြီး ကျွမ်းကျင်တာကြောင့်..မိန်းကလေး များစွာရဲ့ အာရုံစိုက်မူကို ခံရတဲ့ တစ်.လူတစ်ယောက်ပါ..။
"အစ်ကို ဟောင်..ဒီလို လှပတဲ့ ပန်ချီကို အစ်ကို ဆွဲထားတာလား.."
ဘေးနားမှာ ရပ်နေကြတဲ့ မိန်းမလှတွေထဲက တစ်ယောက်ဟာ..တောက်ပနေတဲ့ မျက်လုံးတွေနဲ့ မေးလိုက်တာပါ. ။
ကျန်းမင်ဟောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်..။
"ဒါက အဆင်ပြေတယ်မလား..."
ဘေးနားက ယောက်ျားလေးတွေက တော့ ကျန်းမင်ဟောင်ကို အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ကြပါတယ်..။ဒီကောင်က..ဖန်စီ တွေကို ဝတ်လေ့ရှိပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး..။တစ်ခါတစ်လေ ဆိုရင် သူက တစ်ခြားလူတွေရဲ့ အနုပညာကို ဝေဖန် တတ်ပြီး..အသုံးမကျဘူးလို့..ပြောတတ်ပါတယ်..။ဒါက ပြောခံရတဲ့ လူတွေကို အတော် ဒေါသထွက်စေတာပါ..။
သို့ပေမယ့် သူက ရုပ်ရည်ခံ့ညားရုံသာမကပဲ..များပြားလှတဲ့ ဆရာ တွေက သူ့ကို သဘောကျနေခဲ့တာပါ ။ကျောင်းအုပ် ဟွန် ကတောင် သူ့ကို တပည့် အဖြစ်လက်ခံ ဖို့ ..ကြေညာ ထားပြီးပါပြီ..။ပြီးရင်တော့ သူက ဖြောင့်ဖြူးနေတဲ့ လမ်းကို မြင့်မြင့်ပျံသန်း နိုင်တော့မှာပါ..။
ကျောင်းအုပ် ဟွန် အတွက်ကတော့ သူတို့ အတော်ကို လေးစားမိပါတယ်..။သူက တရုတ်အနုပညာ အဖွဲ့အစည်းမှာ..အဆင့်အတန်းမြင့်တဲ့ အဖွဲ့ဝင်တစ်ယောက်ပါ..။သူ့ရဲ့ ပန်ချီကားကို တစ်ခါလေလံ တင်ရင် ဒေါ်လာ 1.2 သန်း ကျော်လောက် ကို အသာလေး ရပါတယ်..။
သူ့ရဲ့ တပည့်ဖြစ်ဖို့ ဆိုတာက ကျောင်းသားတွေ အိပ်မက်မက် ယုံသာ တတ်နိုင်တဲ့ အရာပါပဲ..။
ကျန်းမင်ဟောင် စုတ်တံကိုအောက်ချပြီး ဝီချပ်ကို ဖွင့်ကြည့်လိုက်တယ်..။သူ့ရဲ့ မျက်နှာမှာ ကြီးမားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။သူ့ရဲ့ ထင်မြင်ချက်ကို လူများစွာက..အာရုံစိုက်ကြလိမ့်မယ် လို့ သူတကယ် မထင်ထားခဲ့ပါဘူး..။ဒါက တကယ်ခံစားလို့ ကောင်းပြီး ကြွားဝါဖို့ သင့်တော်တဲ့အရာပါ..။
"မင်းတို့တွေ တစ်ဒေါ်လာ ပန်ချီကား ရောင်းချမူမှာ ပါဝင်ခဲ့သေးလား..."
ကျန်းမင်ဟောင် မေးလိုက်တာပါ..။
သူ့ဘေးက မိန်းကလေးဟာ ပြန်ဖြေလိုက်တယ်..။
"ငါ ပါခဲ့သေးတယ်..။ငါ တစ်ချပ် ဝယ်ခဲ့တယ်.."
တစ်ခြားလူတွေလည်း ခေါင်းညိမ့်လိုက်ကြတယ်..။
"ညီမတို့ အကုန်ဝယ်ခဲ့တယ်လေ..ဘာဖြစ်လို့လဲ.."
ကျန်းမင်ဟောင် ရယ်မောလိုက်ပြီး..
"ငါမင်းတို့ကို ပြောစရာရှိတယ်..။ဒီတစ်ေဒါ်လာ ပန်ချီရောင်းချမူက တကယ်တော့ အလိမ်အညာပဲ..။မင်းတို့ ဒီပန်ချီကားတွေကို အနီးကပ်ကြည့်ရင် တစ်ချို့ စုတ်ချက် တွေက ငါတောင် နားမလည်နိုင်ဘူး ဆိုတာကို သိလိမ့်မယ်..။ဒါက ကလေးတွေက ဘယ်လို ဆွဲတတ်မှာလဲ.."
တစ်ချို့ မနေနိုင်တဲ့ ယောက်ျားလေး တစ်ချို့ဟာ ပြောလိုက်တယ်..။
"မင်း မသိတာနဲ့ပဲ..တစ်ခြား လူတွေက မသိရတော့ဘူးလား.."
"ဒါအမှန်ပဲ.."
ကျန်းမင်ဟောင် အကူညီမဲ့စွာ ရယ်မောလိုက်ပြီး..
"မင်းတို့က စုတ်ချက် ဆိုတာကိုတောငိ သိလို့လား.."
လူထုက..ဒီပန်ချီကားတွေကို ဝယ်ကြဖို့ပဲ သိကြတာပါ..။သူတို့က ပန်ချီကားတွေရဲ့ နည်းပညာ နဲ့ ပတ်သက်ပြီး သိပ်စိတ်မဝင်စားကြပေ..။
"မင်းပြောတဲ့ အတိုင်း အလိမ်အညာဆိုရင် မင်းမှာ ဘာသက်သေ ရှိလဲ..။တကယ့် အစစ်အမှန်ဆို မင်းဘာလုပ်မှာလဲ.."
"ဒါအမှန်ပဲ.."
ကျန်းမင်ဟောင် ကျယ်လောင်စွာ ရယ်မောလိုကိပြီး..
"ငါ့မျက်လုံးတွေကို ငါယုံတယ်..။မင်းတို့ ငါ့ရဲ့ ထင်မြင်ချက်ကို ဝီချပ်မှာ မမြင်ဘူးလား..။ဒါက အတော် ပေါ်ပြူလာ ဖြစ်နေပြီ..။ငါ့ကို ယုံကြည်တဲ့ လူတွေမှ အများကြီးပဲ..။မင်းတို့လို အနုပညာ ကျောင်းသားတွေက ငါ့ဘက်က အမြင်ကို နားမလည်နိုင်ဖြစ်ကြမယ် လို့ ငါမထင်ခဲ့မိဘူး..။ဘယ်လောက် သနားဖို့ကောင်းလဲ.."
ကျောင်းသားတစ်ယောက်ဟာ ကြည့်လိုက်ပြီး..အံဩစွာ ရေရွတ်လိုက်တယ်..။
"မင်းက ဒါတွေကို ပထမဆုံးဆွေးနွေးခဲ့တဲ့ ကျောင်းသားလား.."
ကျန်းမင်ဟောင် ဂုဏ်ယူစွာ မတ်တတ်ရပ်လိုကိပြီး..။
"ဘာဖြစ်လို့လဲ..။ငါ ကောင်းကောင်းရေး ခဲ့တာ မဟုတ်ဘူးလား..."
"မင်းကိုမင်း..ဘယ်လိူလုပ်ပြီး ဂုဏ်ယူနေနိုင်သေးတာလဲ..။မင်းမှာ အတုဖြစ်ကြောင်း ဘာသက်သေမှ မရှိပဲနဲ့ များ..။မင်းရဲ့ ဆွေးနွေးမူက ဘယ်လောက်တောင် နားလည်မူ လွဲသွားစေလဲ သိရဲ့လား.."
"ချီးပဲ..ဒီတော့ မင်းဒါတွေကို ဖန်တီးခဲတာပေါ့..။မင်းဘာတွေ တွေးနေတာလဲ..မင်းမှာ သက်သေ ရှိလို့လား..."
"ဒါက ပရဟိတ အစီအစဥ္ပဲ..။ကောင်းမွန်တာတွေ လုပ်ဖို့ကွ..။မင်းက အကြင်နာတရား မရှိတဲ့ကောင်ပဲ.."
ကျန်းမင်ဟောင် ဘေးနားမှာ ရှိနေကြတဲ့ မိန်းကလေးတွေဟာ ပြန်ငြင်းလိုက်ကြတယ်..။
"နင်တို့ ဘာလုပ်နေကြတာလဲ..။အစ်ကို ဟောင် ပြောတာ ဘယ်နားမှားနေလို့လဲ..။သူက ဝီချပ်မှာ ပို့စ်တင်လို့တောင် မရတော့ဘူးလား.."
ကျန်းမင်ယန် ခေါင်းခါယမ်းလိုက်တယ်..။
"ငါ မင်းတို့နဲ့ အချိန်ကုန်ခံပြီး ငြင်းနေလို့လဲ ဘာမှ ထူးလာမှာ မဟုတ်ဘူး..။ငါက နောက်လက စပြီး..ကျောင်းအုပ် ဟွန်ရဲ့ လက်အောက်မှာ တပည့်အဖြစ်သင်ယူရတော့မယ့် ကျောင်းသားပဲ..။မင်းတို့ကတော့ ဒီမှာအေးဆေးနေပြီး..ငါ့ကိုမှီအောင် ကြိုးစားပေါ့.."
ဒါကို ပြောတဲ့ အချိန်မှာတော့ ဘယ်သူမှ မတုန့်ပြန်နိုင်ကြတော့ပါဘူး..။ဒါက သူတို့ မနာလို အဖြစ်ဆုံး အရာပါပဲ..။သူတို့ နားမလည်နိုင်ရတာက..ကျောင်းအုပ် ဟွန် ဒီခွေးသားလေးကို ဘာလို့ ဒီလောက် သဘောကျနေတာလဲ ဆိုတာပါပဲ..။အခုဆို ဒီကောင်က မောက်မာနေပြီး..တစ်ခြားလူတွေကို လေးစားမူဆိုတာ လုံးဝ မရှိတော့ပေ..။
*ဒင် ဒေါင်. *
အဲ့အချိနိမှာပဲ..ကျောင်းရဲ့ ကြေညာချက် ခေါင်းလောင်းဟာ မြည်လာခဲ့တယ်..။
"ကောင်းသော နေ့လည်ခင်းပါ တပည့်တို့..။အခု ပြောနေတာက ကျောင်းအုပ် ဟွန်ပါ..။ဒီနေ့အတွက် ကြေညာ စရာလေးရှိလို့.."
လူတိုင်းဟာ ခေါင်းလောင်းသံ ကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြတယ်..။ဘာတွေ ဖြစ်နေတာလဲ သူတို့ မသိကြတော့ပါဘူး..။သူတို့ သိထားသလောက် ဆိုရင် ကျောင်းအုပ် ဟွန်က ဘယ်တော့မှ ကြေညာချက်ကို ထုတ်ပြန်လေ့မရှိပေ..။
"တရုတ် အနုပညာ ကျောင်းသား ကျိုးမင်ဟောင် ..ငါ မင်းရဲ့ ဝီချပ်ပေါ်က ဆွေးနွေးမူကို ချက်ချင်း ဖယ်ရှားစေချင်တယ်..။ဒီ တစ်ဒေါ်လာ
ပန်ချီရောင်းချမူက..ပရဟိတ အစီအစဥ္ပဲ..။မင်းက တရုတ် အနုပညာတက္ကသိုလ် ရဲ့ အလားအလာ ရှိတဲ့..ကျောင်းသား တစ်ယောက် အနေနဲ့တောင် ဒီလို သက်သေမရှိပဲ..လူအများကို အထင်မြင်လွဲမှားစေနိုင်တဲ့ အရာကို.. တင်ခဲ့သေးတယ်..။ဒါက လုံးဝကို စိတ်ပျက်စရာပဲ..။တစ်ချိန်တည်းမှာပဲ..မင်းကို
ငါ့တပည့်အဖြစ် လက်ခံမယ့် ကိစ္စကို ပြန်ရုတ်သိမ်းတယ်.."
ကြေညာချက်ပြီးဆုံးသွားခဲ့ပါပြီ..။
မျက်စိတစ်မှိတ်အတွင်းမှာပဲ..လူတိူင်း တိတ်ဆိတ်သွားခဲ့တယ်..။
ယင်းနောက် အုတ်အုတ်ကျတ်ကျတ် ဖြစ်သွားခဲ့ပါတယ်..။
"ချီးပဲ..ဘာတွေဖြစ်နေတာလဲ..။ကျောင်းအုပ် ဟွန်က ဘာကို ဆိုလိုတာလဲ.."
"ဟားဟား ဘယ်လို သတင်းကောင်းမျိုးလဲ..။ဒီကောင် ခုနက ပဲ ပျော်နေသေးတယ်..။အခုတော့ ကြည့်ပါဦး.."
"တစ်ဒေါ်လာ ပန်ချီရောင်းချမူက ပရဟိတ အစီအစဥ္ပဲ..။ မင်းလို အကြင်နာတရား မရှိတဲ့ လူကပဲ ဒီလို လုပ်မှာ.."
ကျန်းမင်ဟောင်ကတော့ ရပ်မြဲအတိုင်းသာ ရပ်နေပြီး ဘာတုန့်ပြန်မူမှ မရှိပါဘူး..။
ဘာဖြစ်သွားတာလဲ....
ကျောင်းအုပ် ဟွန်က ငါ့ကို စွန့်ပစ်သွားတာလား..
ဘယ်လို ဖြစ်နိုင်မှာလဲ...
ဘေးနားမှာ ရှိနေတဲ့ မိန်းကလေး တွေဟာ..ရုတ်တရက်..အဝေးကို ထွက်ခွာခဲ့ကြတယ်..။ဒီပြသနာ ထဲကို သူမတို့ပါ..ရောက်သွားမှာကို ကြောက်နေခဲ့ကြတာပါ..။
ကျန်းမင်ဟောင် ဖုန်းကို အလျင်အမြန်..ထုတ်ပြီး ဆွေးနွေးမူကို..ပြန်ဖျက်လိုက်တယ်..။ယင်းနောက် သူ ကျောင်းအုပ် ရုံးခန်းဆီးကို ပြေးထွက်သွားပြီး
"ကျောင်းအုပ် ဟွန်..ကျွန်တော် ပြောတာ နားထောင်ပါဦး.."
…
ထိန်းသိမ်းရေး စခန်းတွင်..။
လင်းဖန် ကျောင်းအုပ် ဟွန် ကို ဖုန်းခေါ်ပြီးသွားခဲ့ပါပြီ..။
ဒီလူ ဘာတွေ တွေးနေတာလဲ..။ဒီလို လူမျိုးကို သူ့တပည့်အဖြစ် သွန်သင်ပေးချင်နေသေးတာလား....
သူ ဝိုက်ဘိုကို ဖွင့်ပြီးတဲ့အချိနိမှာ အရာရာတိုင်းကို အဆင်ပြေအောင် ထပ်ပြီး ဖြေရှင်းလိုကိပါတယိ..။
"နန်ရှမ်းကလေးသူငယ် ဂေဟာ ကို ကျုပ် လက်လွှဲယူထားတာပါ..။အခု ကလေးတွေ ပညာရေးသင်ကြားမယ့် အချိန်ရောက်နေပြီလေ..ဂေဟာရဲ့ ရန်ပုံငွေက နည်းနေတာ ဆိုတော့ အခုလို တသ်ဒေါ်လာ ပန်ချီကား ရောင်းချမူ အစီအစဥ္ကို လုပ်လိုက်ရတာပါ..။ဒီပန်ချီကားတွေကို ကလေးတွေကိုယ်တိုင် ရေးဆွဲထားကြတာ အမှန်ပါ..။ဒီကကလေးတွေ အများစုက မသနိစွမ်းတွေ မဟုတ်ကြပါဘူး..။ဒီလို အခြေအနေမှာ နှောက်ယှက်ဖို့ ကြံရွယ်တဲ့ လူတွေကို ကျုပ် ခွင့်လွှတ်မှာ မဟုတ်ဘူး..။ခင်ဗျားတို့ အကုနိလုံးကိုလဲ ဒီအစီအစဥ္မှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါရစေ..။တစ်ဒေါ်လာ တိုင်းက ကလေးတွေအတွက် အများကြီး ကိုယ်စားပြုတယ်လေ..။ကျေးဇူးတင်ပါတယ်..."
လင်းဖန် ဒါကို ရေးပြီးသွားမှ ခံစားချက် ကောင်းမွန်သွားခဲ့ပါတယ်..။
မြို့သားတွေဟာ အခြေအနေကို ဖတ်ပြီးသွားပြီးသွားတဲ့ အချိန်မှာ ကြောင်အသွားခဲကြပါတယ်..။
"ချီးပဲ..ထောင်ကျနေတဲ့ လင်းဖန်က ဝိုက်ဘို ပေါ်မှာ.."
"ချီးပဲ..ဒီအစီအစဥ္ကို အကဥ္းချခံထားရတယ် ဆိုတဲ့ မာစတာ လင်းက ဦးဆောင်တာလား.."
"ချီးပဲ..မာစတာ လင်း စီစဥ္တာမှန်း အစောကသိရင် စောက်ရူးတွေပဲ အင်တာနက်မှာ ပျံ့နှ့ံနေတာကို ယုံမယ်..။ထပ်မပြောနဲ့တော့..ပနိချီကားတွေ ဝယ်လိုက်ရအောင်.."
"ဘယ်ကောင်က ကောလဟလ တွေ ဖန်တီးလိုက်တာလဲ.."
"မာစတာ လင်း ဒီဂေဟာကို ယူထားတာ ငါတောင် မသိလိုက်ပါလား.."
"မင်းက ရူးနေလို့ မသိလိုက်တာဖြစ်မှာပေါ့..။ဘာ လျို့ဝှက်ချက်မှ မရှိဘူး..။လူတွေ အများကြီး သိကြတယ်..."
"ချီးပဲ ဘာလို့ စောစော မပြောတာလဲ မာစတာ လင်း.."
အရင်တုန်းက သူ နန်ရှမ်းကလေး ဂေဟာကို..ယူခဲ့တာ ကို ကြေညာတော့ ဘယ်သူမှ သိပ်ဂရုမစိုက်ကြပါဘူး..။သို့ပေမယ့် ဒီနေ့တော့ အကုန်လုံး သိသွားကြတော့မှာပါ..။
အဲ့အချိန်မှာပဲ ပေါ်ပြူလာ ဖြစ်တဲ့ သတင်းဌာန တွေဟာ နောက်ဆုံးသတင်းကို တင်လိုက်ကြတယ်..။
"တစ်ဒေါ်လာ ပန်ချီကား ရောင်းချမူကို အကျဥ္းချခံနေရတဲ့ မာစတာ လင်းက နောက်ကွယ်မှ ဦးဆောင်နေခဲ့.."
"တွေဝေ မနေကြနဲ့တော့..မာစတာ လင်းရဲ့
အစီစဥ္တဲ့.."
"ချီပဲ..ငါကောလာဟလ တွေကို ယုံမိတော့ မလို့.."
"ငါ ဒီနေ့ ဆယ်ခုလောက် ဝယ်လိုက်မယ်..."
…
အဲ့အချိန်မှာတော့ လင်းဖန် အခြေအနေအမှန် ဘယ်လိုဖြစ်လာမလဲ မသိပေမယ့် အကောင်းမွန်ဆုံး ကြိုးစားထားပြီးပါပြီ..။
နောက်ဆုံးမှာ ဘယ်လောက်အထိ ရောင်းချနိုင်မှာလဲ ဘယ်သူ သိနိုင်မှာလဲ....