← Chapters

သန့်ရှင်းရေး...

Vol. 36 Ch. 538

သန့်ရှင်းရေး...

Vol. 36 Ch. 538

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်...။

မာစတာ လင်း ထောင်ကလွတ်ပြီ ဆိုတဲ့ သတင်းတွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့တယ်..။မာစတာ လင်းရဲ့ မှတ်ချက်တွေကို သိလိုက်ရတဲ့ အချိန်မှာ မြို့သားတွေ အကုန်အံ့ဩသင့်နေခဲ့ကြပါတယ်..။

အံ့ဩစရာပဲ..

ဒါက တကယ်ကို အံ့ဩစရာပဲ...

သူက အခုမှ ထိန်းသိမ်းရေး စခန်းက ထွက်လာခဲ့တာ ဖြစ်ပေမယ့် သူလုပ်ချင်တာ သူလုပ်မယ် ဆိုတဲ့ သဘောမျိုး ပြောနေခဲ့တာပါ..။

သိူ့ပေမယ့် သူတို့ မာစတာ လင်းကို တကယ် လေးစားအားကျ မိပါတယ်..။သူက ဘာကိုမှ မကြောက်ရွံ့ပဲ လုပ်စရာ ရှိတာကို လုပ်တတ်တဲ့ လူတစ်ယောက်ပါ..။

တိမ်ဖြူလမ်း..။

မြို့သားတွေဟာ မာစတာ လင်း ပြန်ရောက်လာပြီ ဖြစ်တာကြောင့် ပျော်ရွှင်နေခဲ့ကြတယ်..။

"ဟားဟား..သူဌေးလေး ပြန်လာပြီ..။ငါတို့ နောက်ဆုံးတော့ ပန်ကိတ်စားရပြီပေါ့..."

"တစ်လ...ဒီတစ်လလုံး ဘာပန်ကိတ်မှ မစားခဲ့ကြရဘူး..။ဒီနေ့ရက်တွေ အတွင်း ငါဘယ်လိုများ ရှင်သန်ခဲ့ပါလိမ့်.."

"ဒီနေ့က ငါ့ဘဝရဲ့ အပျော်ဆုံးနေ့တွေထဲက တစ်နေ့ပဲ..။ငါတို့ရဲ့ သူဌေးလေး နောက်ဆုံးတော့ ပြန်လာခဲ့ပြီလေ.."

မနက်ခင်းမှာတင်..ရှည်လျားတဲ့ လူတန်းကြီးဟာ တန်းစီ နေခဲ့ကြပါပြီ..။

လူလိမ် ထျန် ပြောလိုက်တယ်..။

"ကြည့်ပါဦး..မင်းမရှိတဲ့ နေ့ရက်တွေ တုန်းက မြို့သားတွေက မင်းကို သတိရနေကြတာ..။မင်းပြန်ရောက်လာပြီ ဆိုတာနဲ့ သူတို့ အကုန်ပြန်လာကြတယ်လေ..

ကျောက်ကျန်းယန်ကလည်း ဒီဆိုင်မှာပဲ အခြေချပြီး နေနေခဲ့တာပါ..။သူ လတိုင်း လစာမရပေမယ့်လည်း..ဒီနေရာက တိုက်ရိုက်ထုတ်လွင့်ဖို့ အကောင်းဆုံးပါပဲ..။အခုဆိုရင် သူ့ရဲ့ တိုက်ရိုက် ထုတ်လွင့်တဲ့ ပလက်ဖောင်းကို ကြည့်ရူသူတွေ အတော်များနေပါပြီ..။

လင်းဖန် ရယ်မောလိုက်ပြီး ဆိုင်ရှေ့ကို ထွက်လိုက်တယ်..။

"အားလုံးပဲ..ကျွန်တော် ပြန်လာပြီ.."

"သူဌေးလေး ကြိုဆိုပါတယ်..."

"ငါတို့ မင်းကို စောင့်နေတာ အတော်ကြာပြီ.."

"ကျေးဇူးပြုပြီး နောက်တစ်ခါ ဘယ်ကိုမှ မသွားပါနဲ့တော့..။မဟုတ်ရင် ငါတို့ ဝမ်းနည်းရလိမ့်မယ်.."

ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာလည်း သူဌေးလေးကို ပြုံးပြီး ကြည့်နေခဲ့ကြပါတယ်..။

"သူဌေးလေး ရှိနေတဲ့ အချိန်ဆိုရင် လေထုက အတော်ကို ကွာခြားတာပါ..။အခု တော့ တိမ်ဖြူလမ်းလည်း..ပြန်ပြီး အသက်ဝင်လာခဲ့ပါပြီ.."

"သူဌေးလေးက တကယ် အံ့ဩဖို့ကောင်းတာပဲ.."

…

လင်းဖန် မြို့သားတွေကို ကြည့်လိုက်ပြီး စိတ်မချမ်းသာ တဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။

"အားလုံးပဲ..ခင်ဗျားတို့ သိပါ့မလားတော့ မသိဘူး..။ကျုပ် အချုပ်ခန်းထဲမှာ တစ်လ နေနေရတုန်းက ကျွန်တော် အစိုးရိမ်ဆုံး အရာက ခင်ဗျားတို့ကိုပဲ..။ကျွန်တော်ရဲ့ ပုံမှန်အလုပ်လို ဖြစ်နေတော့ ပန်ကိတ်မလုပ်ပေးနိုင်တဲ့ အချိန်တွေက ကျွန်တော်ကိုခံစားရတာ အတော် ဆိုးရွားစေတယ်..။ဒါကြောင့် ကျွန်တော်အမှားတွေကို ပြန်ပြင်တဲ့ အနေနဲ့ ဒီနေ့ ပန်ကိတ် အခု ၅၀ လုပ်ပေးပါ့မယ်.."

"ဝိုး..ငါယုံတောင် မယုံနိုင်ဘူး.."

"ဒါက အတော်ခံစားရတာပဲ..။ငါ တကယ် ငိုချင်လာပြီ.."

"သူဌေးလေး ငါတို့ အပေါ် ဒီလို စိတ်မျိုး ရှိနေတာပဲ.."

"သူဌေးလေးကို အရမ်းလေးစားတယ်..။တကယ် ကြီးကျယ်တာပဲ.."

"သူဌေးလေး အရမ်း အပက်ပန်းမခံပါနဲ့..။အချိန်ယူပါဦး.."

လင်းဖန် လက်ဝေ့ယမ်း လိုက်ပြီး..

"အားလုံးပဲ မပြောကြနဲ့တော့..။ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ..။ဒီနေ့အတွက် ပန်ကိတ် အခု ၅၀ ပဲ..။ကျွန်တော် ပင်ပန်းမယ် ဆိုရင်တောင် ပျော်ရွှင်ရပါတယ်..။ခင်ဗျားတို့ အားလုံး ပန်ကိတ်ကို ချစ်တာက ကျွန်တော်ကို ပျော်ရွင်စေတယ်လေ.."

လူအုပ်ကြီးဟာ ခံစားသွားကြရတယ်..။သူတို့က သူဌေးလေး အပျင်းထူတယ်လို့ပဲ အရင်တုန်းက ထင်ထားမိကြတာပါ..။သူဌေးလေးက သူတို့အပေါ် ဒီလို စိတ်မျိုးရှိနေလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ကြပေ..။

"အရမ်းချစ်တယ် နော် သူဌေးလေး.."

လင်းဖန် အကူညီမဲ့စွာ သက်ပြင်းချလိုက်တယ်..။ဒီ မြို့သားတွေက လှည့်စားရ အတော်လွယ်ကူတာပါ..။

တစ်လလုံးနားပြီးမှ..အခု ငါးဆယ် လောက် လုပ်ရတာက သူ့အတွက် ဘာပြသနာ မှ မရှိပေ..။

လူလိမ် ထျန် သူရှေ့က ..အခြေအနေကို မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး မယုံကြည်နိုင်စွာ ကြည့်နေခဲ့ပါတယ်..။

ဒီမြို့သားတွေ ဘာတွေ တွေးနေကြတာလဲ...

ဘယ်လိုဖြစ်ပြီး သူတို့ လွယ်လွယ်နဲ့ ဆွဲဆောင်ခံကြရတာလဲ...

ဒါကတကယ် ကြောက်စရာပဲ..။

သူတို့တွေ ဦးနှောက်များ လွတ်နေကြတာလား...

အဲ့အချိန်မှာပဲ..လင်းဖန်ဟာ မြေကြီးမှာ ရပ်နေပြီး ကောင်တာကို သေချာကြည့်နေတာကို လူလိမ်ထျန် တွေ့လိုက်ရတယ်..။

"မင်းဘာလို့..ကောင်တာကို သေချာကြည့်နေတာလဲ.."

သူမေးလိုက်တာပါ..။

လင်းဖန် ပြန်ဖြေလိုက်တယ်..။

"ဒါက အတော်ညစ်ပတ်နေပြီလို့ ခင်ဗျားတို့ မထင်ဘူးလား.."

လူလိမ် ထျန် သံသယဖြစ်သွားခဲ့ပြီး..

"ဟုတ်လို့လား..။ငါတော့ အဲလိုမထင်ပါဘူး.."

လင်းဖန် ဘာလို့ ဒီလို ကိစ္စလေးကို အာရုံစိုက်နေလဲ သူ နားမလည်နိုင်တော့ပါဘူး..။ပန်ကိတ်ကို ရောင်းချနေမှတော့..ကောင်တာမှာ အစွန်းအထင်း အနည်းငယ် ရှိနေတာက ပုံမှန်ပါပဲ..။ဒီလောက်အခြေအနေကတင် တစ်ခြား လူတွေထက်.

ပိုသန့်ရှင်းတယ်လို့ ပြောလို့ရပါတယ်..။ထပ်ပြောရရင် ဝူယူလန်က လည်း မကြာခန သန့်ရှင်းရေးလုပ်ပေးနေခဲ့တာပါ..။

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။သူ အခုချိန်မှာ ဒါကို မတွေးသင့်သေးပါဘူး..။အရင်ဆုံး သူ ပန်ကိတ်ကို အာရုံစိုက်ပြီး လုပ်ရမှာပါ..။

လူလိမ် ထျန် နံပါတ်ပြားတွေကို လိုက်ဝေလိုက်တယ်..။

ဒီနေ့က လူအတော်များနေတာကြောင့် နံပါတ်ပြားဝေတာလည်း အချိန်အတော်ကြာပါတယ်..။

ပန်ကိတ် အလုံး ၅၀ က များတယ် လို့ ဆိုနိုင်ပေမယ့်တန်းဆီနေကြတဲ့..လူအုပ်ကြီးနဲ့ ယှဥ္ရင် ဘာမှ မဟုတ်တော့ပါဘူး..။

အရွေးခံကြရတဲ့ လူတွေဟာ ပျော်ရွှင်နေကြရပြီး..အရွေးမခံရတဲ့ လူတွေကတော့ ဝမ်းနည်းနေကြရပါတယ်..။

"ချီးပဲ..ငါ့ရဲ့ ကံတရားက အတော်ဆိုးနေတာပဲ..။နံပါတ် အခု ၅၀ ရွေးတာတောင် ငါ့မပါခဲ့ဘူး.."

"ဟားဟား..အကုန်ကောင်းတယ်..။ငါ အရွေးခံလိုက်ရပြီ..။ငါ့ကံက အတော်ကောင်းနေပါလား.."

"ဘယ်သူ..နံပါတ်ပြား ငါ့ကို ရောင်းချင်လည်း..။ငါ ဒေါ်လာ ၅၀၀ ပေးမယ်.."

"ဘာ..ဒေါ်လာ ၅၀၀ ဟုတ်လား..။မင်းက ငါတို့ကို တန်ဖိုး နိမ့်ချင်တာလား..သူဌေးလေးကို တန်ဖိုး နိမ့်ချင်တာလား..။ဒါက ဘယ်လောက် တန်ကြေးရှိလဲ ဆိုတာ မင်းမသိဘူးလား.."

"ငါကတော့ ရောင်းမှာမဟုတ်ဘူး.."

လူလိမ် ထျန် ခေါင်းခါယမ်း လိုက်ပြီး..

"ဒီအစားအသောက် ချစ်တဲ့လူတွေကတော့ ရူးနေကြပြီ.."

ဒီပန်ကိတ်မှာ..မှော်ပညာတွေ ထည့်သွင်းထားသလား လို့တောင် ထင်မိပါတယ်..။သို့ပေမယ့် ပန်ကိတ်တွေကို လင်းဖန်ကိုယ်တိုင် သူတွေရှေ့မှာ လုပ်နေတာဖြစ်ပြီး ဒါကလည်း သူများတွေ လုပ်သလိုပါပဲ..။

ဒီ တန်းစီ တဲ့လူတွေထဲမှာ ပွဲစားတွေက အများကြီးပါ..။သူတို့တွေ လက်ထဲကိုသာ..ပန်ကိတ် ရောက်သွားမယ် ဆိုရင်..စျေးနှုန်းကတော့ တကယ်အံဩစရာပါ..။

လင်းဖန် တစ်လလောက် ထောင်ကျ သွားတာက..ပွဲစားတွေ အတွက်ကတော့..သူတို့ရဲ့ ငွေအရင်းအမြစ်ကြီး ပျောက်ဆုံးသွားသလိုပါပဲ..။

"ဝိုး..နောက်ဆုံးတော့..ငါ့အိမ်မက်ထဲက ပန်ကိတ်လေး လက်ထဲကို ရောက်လာခဲ့ပြီ."

သက်လတ်ပိုင််းအရွယ်လူကြီးက ရေရွတ်လိုက်တာပါ..။မျက်ရည်တွေဟာ သူ့ရဲ့ နီရဲပြီး ရောင်ရမ်း နေတဲ့ မျက်လုံးထဲကနေ စီးကျလာနေခဲ့တယ်..။ဘေးနားက အရွေးမခံရတဲ့ လူတွေကတော့ ဒီလူကြီးကို မနာလိုစွာ ကြည့်နေခဲကြပါတယ်..။သူတို့ ဒီလူကြီး လက်ထဲက မုန့်ကိုတောင် လုယူချင်နေခဲ့ကြတယ်..။

တစ်ယောက်ပြီးတစ်ယောက်ပန်ကိ်တ်ကို ဝေပေးလိုက်တယ်..။တိမ်ဖြူလမ်း တစ်ခုလုံး.ပျော်ရွှင်မူ ဝမ်းနည်းမူ မနာလိုမူ တွေနဲ့ ပြည့်နှက် နေခဲ့ပါပြီ..။

တစ်ခြား ဆိုင်ပိုင်ရှင် တွေကတော့ မအံ့ဩကြတော့ပေ..။သူဌေးလေးရဲ့ ပန်ကိတ်တွေမှာ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိလဲ ဆိုတာ သူတို့ သိထားပြီးသားပါ..။

နေ့လည်ဘက်..။

လင်းဖန် ထိုင်နေပြီး ဆိုင်တစ်ခုလုံးကို သေချာကြည့်နေခဲ့တယ်..။

လူလိမ် ထျန် မေးလိုက်တယ်..။

"ဘာဖြစ်နေတာလဲ..။မင်းမနက်ကတည်းက ဆိုင်ကို ကြည့်နေတာနော်..။ပြသနာ ရှိနေလို့လား..."

လငိးဖန် ခေါင်းခါယမ်းလိုက်ပြီး..

"မဟုတ်ဘူး..ဒါပေမဲ့ ဆိုင်က ညစ်ပတ်နေတယ်လို့ ခံစားရတယ်..။ကျုပ် သန့်ရှင်းရေး အရမ်းလုပ်ချင်နေပြီ.."

ဝူယူလန် သံသယဖြစ်သွားခဲ့ပြီး..

"ညစ်ပတ်နေလို့လား..။ညီမ အခုပဲ ရေစိုအဝတ်နဲ့

သန့်ရှင်းရေးလုပ်လိုက်မယ်.."

လင်းဖန် မတ်တတ်ရပ်ကာ လက်ဝေ့ယမ်းလိုက်ပြီး..

"မဟုတ်ဘူး..ငါလုပ်လိုက်မယ်..။ငါသာ ကိုယ်တိုင် မလုပ်ရရင် နေလို့ထိုင်လို့ ကောင်းမှာ မဟုတ်ဘူး.."

ဝူယူလန် လင်းဖန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ပြီး..

"ကိုယ်တိုင်လုပ်မှာလား..။ဒါမျိုး လုပ်တတ်လို့လား.."

လင်းဖန် သဘောကျစွာ ရယိမောလိုက်တယ်..။

"ငါ့ကို အထင်မသေးနဲ့..။ငါ ငယ်ငယ်ကတည်းက အမေက အိမ်မှာ အမြဲတမ်း ကြမ်းတိုက် သန့်ရှင်းတွေကို လုပ်ခိုင်းခဲ့တာ.."

သူပြောပြီးပြီ ဆိုမှတော့..လုပ်မှကို ဖြစ်တော့မှာပါ..။

သူ ချက်ချင်းပဲ..လိုအပ်တာတွေ ယူလိုက်တယ်..။

ရေ..ကြေးချွတ်ဆေး...သတ္ထု ကွန်ယက်..တိုက်ချွတ်ရမယ့် အဝတ်......

…

မာစတာ လင်းဆိုင်ရှေ့တွင်..။

လင်းဖန် ရေစိုဝတ်ကို ကိုင်လိုက်တာနဲ့..ခွန်အားတွေ ရလာသလို ခံစားလိုက်ရတယ်..။အခုချိန်မှာတော့..သူ့စိတ်ထဲမှာ သန့်ရှင်းရေး လုပ်ရတော့မယ် ဆိုတာပဲ ရှိပါတော့တယ်..။

အကြီးအကဲ ကျန်း..လမ်းလျောက်နေရင်းကနေ သူ့ခြေထောက် တွေကို ရပ်တန့်လိုက်တယ်..။

"သူဌေးလေး ဘာလုပ်နေတာ့လဲ.."

လင်းဖန် ရယ်မောလိုကိပြီး..

"သန့်ရှင်းရေ လုပ်မလို့လေ..."

"မင်းလုပ်နိုင်လို့လား..."

အကြီးအကဲ ကျန်း သံသယဖြစ်စွာ မေးလိုကိတာပါ..။

လင်းဖန် ပြုံးလိုက်ပြီး..

"သေချာကြည့်ထား..ကျွန်တော် သန့်ရှင်းရေးလုပ်တာ ဘယ်လောက်တော်လဲ ဆိုတာ..ဟားဟား.."

ဆီကြေး တွေ ..ဖုန်မှုန့်တွေကို လင်းဖန် ချက်ချင်း တိုက်ချွတ်ပြီး ဖယ်ရှားလိုက်တယ်...။သတ္ထုပြားဟာ..တောက်ပသွားခဲ့ပါတယ်..။သူ့အဝတ်နဲ့ ထိပြီးသွားတဲ့ နေရာတိုင်း..ဘာ အမှုန်အမွှားမှ မကျန်ခဲ့​ေပ..။

ဝူယူလန် ကြောင်အသွားပြီး..

"ဟင်..အစ်ကို လင်းက ဆီကြေးတွေကို တောင် ပြောင်အောင် တိုက်နိုင်တာပဲ..။ညီမ အကြိမ်အများကြီး ကြိုးစားတာတောင် အဲတာတွေကို တိုက်လို့ မရခဲ့ဘူး.."

လင်းဖန် ရယ်မောလိုက်တယ်..။

"ကြည့်ကြည့်လိုက်..ငါ ဘယ်လောက် တော်လဲ သိပြီမလား...။ဘယ်လို ကြေးတွေ မဆို..ငါ ကိုင်တွယ်လိုက်တာနဲ့ လေလို လွင့်ပြယ်သွားစေရမယ်..."

"အံ့ဩစရာပဲ..."

All Chapters