ဘာတွေ ရေးကြီးခွင်ကျယ်လုပ်စရာ လိုလို့လဲ...
Vol. 36 Ch. 539
#ဘာသာပြန် = စနိုးဝှိုက်
စွယ်စုံကျမ်း ရဲ့ စွမ်းအားက တကယ်ကို မဆိုးပါဘူး..။ဒီအသိပညာက သိပ်ပြီး အသုံးမဝင်ပေမယ့် သူ့ဆိုင်သူတော့ သန့်ရှင်းရေးလုပ်လို့ရပါသေးတယ်။
အဲ့အချိန်မှာ လင်းဖန် အကုန်လုံးကို သန့်ရှင်းရေးလုပ်လို့ ပြီးသွားခဲ့တယ်..။သူ ပတ်ပတ်လည်ကို လျောက်ကြည့်ပြီး ဘာ အညစ်အကြေးမှ မကျန်တော့တာ သေချာမှ ပျော်ရွှင်စွာ ရယ်မောလိုက်ပါတယ်..။
လူလိမ်ထျန်ကတော့ သရဲတစ်ကောင်ကို မြင်နေရသလိုမျိုး သေချာကြည့်နေခဲ့တယ်.။
"ချီးပဲ..မင်းသန့်ရှင်းရေး လုပ်လိုက်တာ..ဆိုင်က အခုမှ အသစ်ဆောက်ထားတဲ့ အဆောက်အဦးလိုပဲ.."
ဝူယူလန်လည်း အတော်ကို အံ့ဩနေခဲ့ပါတယ်..။အစ်ကို လင်းက ဒီလောက် လက်ကြောတင်းတင်း သန့်ရှင်းရေး လုပ်နိုင်လိမ့်မယ် လိူ့ မထင်ထားခဲ့ပါဘူး..။နေရာအနည်းငယ်လောက် အစွန်းအထင်း ကျန်နေသေးပေမယ့် ဒါက မပြောပလောက်ပေ..။
"ဘယ်လိုလဲ.."
လင်းဖန် မေးလိုက်တာပါ..။
ဝူယူလန် အံ့ဩစွာ ရေရွတ်လိုက်တယ်..။
"ဒါက အတော်သန့်ရှင်းတာပဲ.."
လူလိမ် ထျန် လည်း အကူမဲ့စွာ ပြောလိုက်ပါတယ်..။
"အံ့ဩစရာပဲ.."
လင်းဖန် ဂုဏ်ယူသွားခဲ့ပြီး..
"ဒါက သက်သေပဲ.။ခုနက ကျုပ်သန့်ရှင်းရေး လုပ်တာ ဘယ်လောက်တော်လဲ ပြောထားတယ် မလား..။ဒိီလောက်ကတော့ အသေးအဖွဲလေးပဲ..ဘာမှမဟုတ်ဘူး.."
"ဟေး.."
ရုတ်တရက် လင်းဖန် တံခါးအပေါ်ဘက်ကို ကြည့်လိုက်မိတယ်..။အပေါ်မှာက ဖုန်တွေ အများကြီး ရှိနေခဲ့တာပါ..။သူ စိတ်လှုပ်ရှားသွားခဲ့ပြီး..
"လှေကား ဒိီကို ယူခဲ့စမ်းပါ..။ငါ တံခါး အပေါ်ကို တက်ပြီး သန့်ရှင်းရေး လုပ်မယ်..။ငါတို့ရဲ့ ဒီနေ့အတွက် ပန်းတိုင်က ဆိုင်ကို သန့်ရှင်းရေး လုပ်ဖို့ပဲ..။ငါ ဒီဆိုင်ကို အသစ်လို ဖြစ်အောင် လုပ်ပစ်မယ်.."
ဝူယူလန် ရယ်မောလိုက်တယ်..။
"အိုကေ..သန့်ရှင်းရေး လုပ်ဖို့ အချိန်ပဲ.."
လင်းဖန် အခုချိန်မှာ .ခွန်အားတွေ ပြည့်နှက် နေခဲ့ပါပြီ..။
အဲ့အချိန်မှာပဲ အကုန်လုံး ကိုယ့်အလုပ်ကို စပြီး လုပ်ကိုင်လိုက်ကြတယ်..။
လင်းဖန် လှေကားရဲ့ အပေါ်ကို တက်ပြီး..တံခါးကို သန့်ရှင်းရေး လုပ်နေခဲ့ပါတယ်..။
သိပ်မကြာခင်မှာပဲ..အကြီးအကဲ ကျန်းဟာ သူ့ဆိုင်ရဲ့ မှန်တွေကို သန့်ရှင်းရေး စတင်ပြီး လုပ်လိုက်တယ်..။
လင်းဖန် ခေါင်းလှည့်လိုက်ပြီး..
"အကြီးအကဲ ကျန်းလည်း သန့်ရှင်းရေး လုပ်နေတာလား.."
အကြီးအကဲ ကျန်းရယ်မောလိုက်တယ်..။
"ဒါပေါ့..သူဌေးလေးက..အားကြိုးမာန်တက် သန့်ရှင်းရေး လုပ်နေတော့..ငါကလည်း အိမ်နီးချင်း အနေနဲ့ ခြေတစ်လှမ်း နောက်မကျ ချင်ဘူးလေ..။ဒါကြောင့် ငါလည်း သန့်ရှင်းရေးလုပ်နေတာ.."
"ဟားဟား.."
လင်းဖန် သဘောကျစွာ ရယ်မောလိုက်ပါတယ်..။
သို့ပေမယ့် ပိုပြီး အံ့ဩဖို့ ကောင်းတဲ့ အရာဖြစ်လာခဲ့တယ်..။
ဘေးနားက ဆိုင်ပိုင်ရှင်တွေကပါ..ပူးပေါင်းလာကြပြီး သူတို့ရဲ့ ဆိုင်တွေကို သန့်ရှင်းရေးး လုပ်နေကြတာပါ..။
လင်းဖန် အံ့ဩသွားခဲ့တယ်..။
"ခင်ဗျားတို့က ရော ဘာလို့ သန့်ရှင်းနေလုပ်နေကြတာလဲ.."
မျက်နှာချင်းဆိုင် ဆိုင်က အစ်မဟောင်ဟာ ဒါကိုကြားပြီး ရယ်မောလိုက်ပါတယ်..။
"သူဌေးလေး..ငါတို့က မင်းလို လိုက်လုပ်နေတာလေ..။ငါတို့လဲ နောက်ကျ ကျန်ခဲ့လို့ မရဘူး..။ပြီးတော့ ငါတို့ ဆိုင်တွေကို သန့်ရှင်းရေး မလုပ်ရတာလဲ အတော်ကြာပြီလေ.."
"ဆိုင်တွေ အကုန်လုံး သန့်ရှင်းနေတော့..ကာစတန်မာ တွေလည်း သက်သောင့် သက်သာ ဖြစ်တာပေါ့."
အကြီးအကဲ လိန် ထပ်ပေါင်းပြောလိူက်တာပါ..။
လင်းဖန် အစကတော့ သူ့ရဲ့ အသိပညာ အသစ်ကို စမ်းသပ်ချင်တာ ဖြစ်ပေမယ့်..အခုလို တိမ်ဖြူလမ်း တစ်ခုလုံးကို ဦးဆောင်သွားနိင်လိမ့်မယ် လို့မထင်ထားခဲ့ပါဘူး..။
အဲ့အချိန်မှာပဲ..အမှိုက်လှည်းကို တွန်းလာတဲ့ အန်တီ ဂေါင်ဟာ . လင်းဖန်ကိုမြင်သွားကာ..ရယ်မောလိုက်တယ်..။
"သူဌေးလေး ဒီနေ့မှ ဘယ်လိုဖြစ်ပြီး သန့်ရှင်းရေး လုပ်နေတာလဲ.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဘာလို့လဲ ဆိုတော့ ဆိုင်က အရမ်းညစ်ပတ်နေလို့လေ..။အန်တီဂေါင်ကရော..ဘာလုပ်နေတာလဲ..။ဒီနေ့က နားရက်မဟုတ်ဘူးလား.."
အန်တီဂေါင် နဲ့ နောက်ထပ် အလုပ်သမားနှစ်ယောက်က တိမ်ဖြူလမ်းကို တာဝန်ယူရတဲ့ သန်ရှင်းရေး ဝန်ထမ်းတွေပါ..။သူမက မာစတာ လင်းနဲ့လည်း ဆက်ဆံရေး ကောင်းတွေ ရှိပါတယ်..။
"အိမ်မှာ လည်း ဘာမှလုပ်စရာ မရှိဘူးလေ..။အဲတာကြောင့် ဒီကိုတစ်ချက်လာကြည့်တာ.."
အန်တီဂေါင်ရဲ့ ယောက်ျားက ရောဂါကြောင့် ကွယ်လွန်သွားခဲ့တာ ကြာပါပြီ..။သူမရဲ့ ကလေးတွေကလည်း အဝေးမှာ ပညာသင်ကြားနေကြပါတ
ယ်..။ဒါကြောင့် အန်တီဂေါင်က ရှန်ဟိုင်းမှာ တစ်ယောက်တည်း နေနေရတာပါ..။
လင်းဖန် ရယ်မောလိုက်ပြီး...
"ဒါဆိုလည်း လုပ်စရာရှိတာ လုပ်ပါ အန်တီဂေါင်..။ဒါပေမဲ့ အနားယူဖို့ကိုတော့ မမေ့နဲ့နော်.."
အန်တီဂေါင် ပြန်ဖြေလိုက်တယ်..။
"ငါ အလုပ်လုပ်ခဲ့တဲ့ နေရာတွေ အကုန်လုံးထဲမှာ တိမ်ဖြူလမ်းက အသန့်ရှင်းဆုံးပဲ..။နေ့တိုင်း လုပ်စရာ ဆိုလို့..အမှိုက်တွေ သွားသွန်ရတာပဲ ရှိတယ်..။ကျေးဇူးပြုပြီး ငါတို့ အလုပ်မရှိအောင် မလုပ်ကြပါနဲ့.."
တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေက အတော်ကို စည်းကမ်းရှိကြတာပါ.။သူတို့က အမှိုက်ကို ပစ်ချင်သလို မပစ်ကြပါဘူး..။
အန်တီဂေါင်ထွက်သွားပြီး နောက်မှာ လင်းဖန် လုပ်လက်စ အလုပ်ကို ဆက်လုပ်နေလိုက်ပါတယ်..။
…
ရှေ့ဘက်တွင်..။
သန့်ရှင်းရေး ဝန်ထမ်း တစ်ယောက်ဟာ..အမှိုက်ပုံး ကို ဆွဲပြီး လျောက်တဲ့ အချိန်မှာ သူ့ရှေ့မှာ ခွေးတစ်ကောင်စီ ကိုင်ထားတဲ့ မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်တယ်..။အဲ့အချိန်မှာပဲ..ခွေးတစ်ကောင်ဟာ..လမ်းမပေါ်မှာ မစင် စွန့်လိုက်ပါတယ်..။သို့ပေမယ့် ခွေးပိုင်ရှင် မိန်းကလေးဟာ..သူမရဲ့ ဖုန်းနဲ့ သာ အလုပ်ရှုပ်နေပြီး သူမရဲ့ ခွေး ဘာလုပ်လဲ ဆိုတာ ဂရုစိုက်ပုံမရပါဘူး..။
သန့်ရှင်းရေး ဝန်းထမ်းဟာ သူတို့ရှေ့ကို အမြန်သွားပြီး ပြောလိုက်တယ်။
"ကောင်းသာ မနက်ခင်းပါ..တကယ်လို့ စိတ်မရှိရင်..သမီးရဲ့ခွေး စွန့်ပစ်သွားတာကို ပြန်သန့်ရှင်းခဲ့လို့ရမလား.."
မိန်းမလေး နှစ်ယောက်ဟာ သန့်ရှင်းရေး ဝန်ထမ်းကိုတစ်ချက်ကြည့်လိုက်ပြီး..ခွေးကို ပြန်ကြည့်လိုက်တယ်..။ယင်းနောက် သူတို့ရဲ့ ခွေးတွေကို ဘေးတစ်ဖက်ကို ဆွဲခေါ်သွားပြီး ဖုန်းပြန်သုံးကာ..သန့်ရှင်းရေး ဝန်ထမ်းကို လျစ်လျူရူ ထားခဲ့ပါတယ်..။
သန့်ရှင်းရေး ဝန်ထမ်းဟာ သူမတို့ကို တစ်ချက်သာ ထပ်ကြည့်လိုက်ပြီး ခေါင်းခါယမ်း လိုက်တယ်..။ျလာလောဆယ် သူမမှာ ပစ္စည်းကိရိယာ တွေ မပါတဲ့ အတွက် ဒါကို သန့်ရှင်းရေး လုပ်ဖို့က သိပ်အဆင်မပြေပါဘူး..။သူမ လုပ်နိုင်တာဆိုလို့ အမှိုက်ကို အရင်သွားပစ်ပြီး..ပစ္စည်းကိရိယာတွေ ယူပြီးမှ ပြန်လာသန့်ရှင်းဖို့ပါ..။
သိပ်မကြာခင်မှာပဲ.. အန်တီဂေါင်ဟာ ရောက်လာပြီး..မြေကြီးပေါ်က အရာကို တွေ့့သွားခဲ့တယ်။သူမ နှစ်ခါမတွေးတော့ပဲ လှည်းကို ရပ်တန့်လိုက်ပြီး. ပစ္စည်းကိရိယာ တွေနဲ့ သန့်ရှငိးရေး လုပ်လိုက်ပါတယ်..။သို့ပေမယ့် အဲ့အချိန်မှာပဲ..နောက်ထပ် ကောင်မလေး တစ်ယောက်ရဲ့ ခွေးဟာ မစင်ထပ်စွန့် လိုက်တယ်..။
မိန်းကလေးဟာ ဒါကို မြင်တဲ့ အချိန်မှာ သိပ်အလေးမထားတဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်..။
"ဒီမှာ ရှိသေးတယ်..။လာပြီး သန့်ရှင်းလိုက်ဦး.."
အန်တီဂေါင် သူမ ဆီ သွားပြီး ပြောလိုက်တယ်..။
"မင်းတို့ ရေစို တာဝါ လေးတွေ ဆောင်ထားပြီး ကိုယ့်ဟာကို သန့်ရှင်းရေး လုပ်သင့်တယ်.."
သူမရဲ့ စကားတွေဟာ ဘာအမှားမှ မပါပေမယ့် မိန်းကလေးနှစ်ယောက်ဟာ ဒါကိုကြားကာ စိတ်ဆိုးပြီး ဒေါသထွက်သွားခဲ့ကြပါတယ်..။အရပ်ရှည်ရှည် မိန်းကလေးဟာ စိတ်မရှည်တဲ့ လေသံ နဲ့ ပြောလိုက်တယ်..။
"ဒီသန့်ရှင်းရေး တွေက အတော်စိတ်ရှုပ်ဖို့ ကောင်းတာပဲ..။ရှင်တို့ နည်းနည်းလေးလောက် သန့်ရှင်းရေး လုပ်ရတာနဲ့ မှားသွားရောလား..။ဒါလေးတောင် မလုပ်ချင်ရင် ဘာလို့ ဒီအလုပ်ကို လုပ်စားနေသေးတာလဲ.."
သူမဘေးမှာ ရှိနေတဲ့ အရပ်ပုပု မိန်းကလေး ဟာလည်း ပြောလိုက်တယ်..။
"ဘာလို့ စောက်စကားတွေ အများကြီး ပြောနေတာလဲ."
သူမ အန်တီဂေါင်ကို လက်ညိုးထိုးပြီး ပြောလိုက်တာပါ..။
အန်တီ ဂေါင် သက်ပြင်းချလိုက်တယ်..။ဒီ မိန်းကလေး နှစ်ယောက် ဘာလို့ မောက်မာနေလဲ ဆိုတာ နားမလည်နိုင်တော့ပါဘူး..။သူမ မိန်းကလေး ရဲ့ လက်ကို ဖယ်လိုက်ပြီး..
"မိန်းကလေးတို့ ဒီလို လုပ်လို့ မရဘူးလေ.."
အရပ်ပုတဲ့ မိန်းကလေးရဲ့ အမူအရာဟာ လုံးဝ ပြောင်းလဲ သွားပြီး ဒေါသပေါက်ကွဲ ထွက်သွားခဲ့ပါတယ်..။
"ရှင့်ရဲ့ လက်ညစ်ပတ် တွေနဲ့ ဘယ်သူ့ကို လာထိတာလဲ..."
အန်တီဂေါင် ပြောလိုက်တယ်..။
"မိန်းကလေးတို့..ဒီလိုမျိုး အကြောင်းကျိုး မဆီလျော် အောင် လုပ်လို့ မရဘူးလေ..။ဒါက အများပြည်သူ ပိုင်နေရာဆိုတော့..မင်းတို့ရဲ့ ခွေးတွေ ကြုံရာ နေရာမှာ မစင်စွန့် ရင် ပြန်ပြီး သန့်ရှင်းရမှာပေါ့..."
အရပ်ရှည်ရှည် မိန်းကလေးဟာ မီးစာပေါ် ဆီလောင်းသလို ဖြစ်သွားခဲ့ပြီး..
"ဒီခွေးက ဘာခွေးမျိုးလဲ ဆိုတာသိရဲ့လား..။မသိရင်ပြောပြပေးမယ် ဒီခွေးက ရှင်ရဲ့ဘဝ ထက်တောင် ပိုတန်ကြေးရှိတယ်..။ရှင့်ကို သန့်ရှင်းရေး လုပ်ဖို့ အခွင့်အရေးပေးနေတာတောင်..ကွန်ပလိန်း လာတက်နေသေးတယ်..။သူတို့ကြောင့်သာမဟုတ်ရင် ရှငိလည်း ဒိီအလုပ် ရလာလိမ့်မယ်လို့ ထင်လို့လား.."
သူတို့ရဲ့ အသံဟာ တဖြည်းဖြည်း ကျယ်လာခဲ့ပါတယ်..။
အနီးကပ် လူတွေဟာ သူတို့ဆီကို ဝိုင်းလာကြပါတယ်..။
တစ်ချို့ လူငယ်လေးတွေဟာ တရားမျှတမူ ပေးချင်ပေမယ့်..မိန်းကလေး နှစ်ယောက်က လှပပြီး ချစ်စရာ ကောင်းနေတယ် ဆိုတာ မြင်တဲ့ အချိန်မှာ..ဒီအတိုင်းသာ ငြိမ်နေလိုက်ကြပါတယ်..။
တကယ်လို့ ဒီမိန်းကလေးတွေကသာ..သာမန်ရုပ်ရည်နဲ့ဆိုရင် သူတို့ သန့်ရှင်းရေး ဝန်ထမ်းဘက်က ချက်ခြင်းရပ်တည်ပေးကြမှာပါ..။သို့ပေမယ့် ဒီမိန်းကလေး တွေက လှပနေတော့..သူတို့ ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..။
အဲအချိန်မှာပဲ..ဆိုင်ပိုင်ရှင် တစ်ချို့ဟာ ရောက်လာခဲ့ကြတယ်...။
"အစ်မ ဂေါင် ဘာဖြစ်လို့လဲ.."
အန်တီဂေါင် ခေါင်းခါယမ်း လိုက်ပြီး..။
"ဘာမှ မဟုတ်ပါဘူး..။ဒီကလေးမလေး နှစ်ယောက်ရဲ့ ခွေးတွေက လမ်းမပေါ်မှာ မစင်စွန့်နေတာလေ..။အဲတာကို ငါက နောက်တစ်ခါ ရေစို
တာဝါ ဆောငိထားပြီး ကိုယ့်ဟာကို သန့်ရှင်းရေး လုပ်သင့်တယ်လို့ ပြောပြတာ..။ဘာလို့ သူတို့ အဲလောကိတောင် ဒေါသထွက်သွားကြတာလဲ မသိဘူး.."
ဆိူင်ပိုင်ရှင် တစ်ယောက်ဟာ ကြည့်ပြီး ဝင်ပြောလိုက်တယ်..။
"နင်တို့ မိန်းကလေး နှစ်ယောက် ကိုယ့်ကိုကို ဘာလုပ်နေတယ် ထင်လို့လဲ..။နင်တို့ခွေး..အညစ်အကြေးစွန့်ပစ်ပြီးရင် ပြန်ပြီး သန့်ရှင်းရမယ်လေ..။နင်တို့က တစ်ခြားလူတွေကို အနိုင်ကျင့်ချင်နေတာလား.."
မိန်းကလေး နှစ်ယောက်က ငြိမ်နေဖို့ စိတ်ကူးမရှိကြပါဘူး..။
"အဲတာ ရှင်အပူ ပါလို့လား..။ရှင်တို့ ခွေးတွေလည်း ဒိီလမ်းမှာ ရှိကြတာပဲ..။သူတိုကရော တွေ့တဲ့နေရာမှာ မစင်စွန့်တာပဲ မဟုတ်ဘူးလား.."
"တိမ်ဖြူလမ်းက ခွေးတွေက နင်တို့ ခွေးတွေလို မဟုတ်ဘူး..။သူတို့က..ဘယ်နားမှာ မစင်စွန့်ရမလဲ ဆိုတာ သိတယ်..။
သူဌေးက ဒေါသဖြစ်စွာ ပြောလိုက်တာပါ..။
…
လင်းဖန် လှေကားထပ်မှာ သန့်ရှင်းရေး လုပ်နေတုန်း သိပ်မဝေးတဲ့နေရာမှာ အငြင်းအခုန်ဖြစ်နေတာ သတိထားမိလိုက်ပါတယ်..။
"လူလိမ် ဘာတွေဖြစ်နေတာလဲ..."
လူလိမ် ထျန် ကြည့်လိုက်ပြီး..။
"ငါလည်း မပြောတတ်ဘူးလေ..။ဘာမှတော့ မဟုတ်လောက်ပါဘူး.."
အဲ့အချိန်မှာပဲ ဖက်တီးလေးတစ်ယောက်ဟာ သူတို့ဆီကို ပြေးလာခဲ့တယ်...
"အန်ကယ်လင်း..ဟိုမှာ တိုက်ခိုက်ကြတော့မယ်..။အန်တီဂေါင်ကို တစ်ယောက်ယောက်က အပြစ်တင်နေတာ.."
ဒီ ဖက်တီးလေးက အကြီးအကဲ ချန်းရဲ့ သားပါ..။သူက နေ့တိုင်း တိမ်ဖြူလမ်းမှာ လျောက်ဆော့နေလေ့ရှိပြီး..တစ်ခုခု အကြောင်းထူးပြီ ဆိုရင် လင်းဖန် ဆီကို ပြေးလာပြီး ပြောလေ့ရှိပါတယ်..။
လင်းဖန် လှေကား ပေါ်ကဆင်းပြီး ပစ္စည်း ကိရိယာ တွေကို အောက်ကို ချလိုက်တယ်..။
"သွားကြည့်ကြရအောင်..."