အကြောင်းပြချက်လိုအပ်တယ်
Vol. 36 Ch. 540
#ဘာသာပြန် = စနိုးဝှိုက်
ဖက်တီးလေးချန်းက တရားမျှတမူအတွက် ဆို အရမ်းစိတ်အားထက်သန်တဲ့ ကောင်လေး တစ်ယောက်ပါ..။သူက တရားမမျှတမူကို ..ဆန့်ကျင်တတ်တဲ့ ကလေးတစ်ယောကိဖြစ်ပေမယ့် အပေါင်းအသင်းတွေရဲ့ အနိင်ကျင့်တာကို အမြဲတမ်း ခံရလေ့ရှိပါတယ်..။
ဖက်တီးလေးချန်းဟာ..သူရဲ့ ဘော်ဒါတွေ စုဝေးပြီး..စာတွေ ကူးချတဲ့ အချိန်ဆိုရင် ရုတ်တရက် ပျောက်သွားလေ့ရှိပြီး သူပြန်ပေါ်လာပြီ ဆိုရင် အုပ်ထိန်းသူတွေကိုပါ ခေါ်လာလေ့ရှိတာပါ..။ဒါကသူ့ကို အနိုင်ကျင့်ကြတဲ့ ကလေးတွေ အတွက် အကြောင်းပြချက်တစ်ခုပါပဲ..။
ဒီလို အိမ်စာ ကူးချတဲ့ ကလေးတွေဟာ..ဆိုရင် သူတို့ကို ဝိုင်းဝန်းပြီး ရိုက်နှက်လေ့ရှိပါတယ်..။
သိူ့ပေမယိ့ ဖက်တီးချန်း ရဲ့ မျက်နှာပေါ်က အပြုံးကတော့ မပျောက်ကွယ်သွားခဲ့ပါဘူး..။ဒါက သူ့ကို ချီးကျူးဂုဏ်ယူကြတဲ့ လူတွေကြောင့်ပါ..။
"မင်းတို့ အကုန်လုံး ဖက်တီးလေး ချန်း ကို အတုယူပြီး..ကိုယ့်အိမ်စာကိုယ် လုပ်ကြစမ်းပါ.."
"သားလေး ချန်း. အန်ကယ်ကတော့ မင်းအပေါ်မှာ အများကြီး မျှော်လင့်ထားတယ်..။တကယ်လို့ အနာဂတ်မှာ ဒီကောင်တွေ စာကူးချ ဦးမယ် ဆိုရင် အန်ကယ့်ကိုသာ လာပြော..။အန်ကယ် သားကို မုန့်ဝယ်ကြွေးမယ်..."
အဲ့အနေ့က စပြီး ဖက်တီးလေး ချန်းဟာ..သူ့ ပုခုံးပေါ်မှာ ကြီးလေးတဲ့ တာဝန်ကြီး ရှိနေသလို ခံစားလိုက်ရပါတယ်..။သူ့ရဲ့ ဘော်ဒါတွေ ပြုလုပ်သမျှကို စောင့်ကြည့်လေ့ရှိပြီး..ဒီကောင်တွေ အိမ်စာ မကူးချ ဖို့က သူ့ရဲ့ တာဝန်ပါပဲ..။
သို့ပေမယ့် လီဖက်တီဟာ..ဘော်ဒါတွေရဲ့ ခနခန အနိုင်ကျင့်ခြင်းကို ခံနေခဲ့ရတယ်..။သူ အကြိမ်အနည်းငယ် ဆက်တိုက် အရိုက်နှက်ခံရပြီးတဲ့ နောက်မှာ သူ့ကို တာဝန်ပေးထားတဲ့ အုပ်ထိန်းသူ တွေဟာ သူ့ကို မကာကွယ်ပေးနိုင်ကြဘူး ဆိုတာ သဘော ပေါက်သွားပါပြီ..။အဆုံးမှာတော့ သူ တိမ်ဖြူလမ်းက အသန်မာဆုံး ပုဂ္ဂိုလ်ကို ရှာတွေ့ခဲ့တယ်..။အဲဒီလူက တော့...အန်ကယ် လင်း ပါပဲ..။
တကယ်လို့ သူသာ အန်ကယ်လင်းကို တိုင်ကြားလိုက်မယ် ဆိုရင် တိမ်ဖြူလမ်းက ဘယ်ခွေးသားမှ သူ့ကို အနိုင်ကျင့်ရဲ တော့မှာ မဟုတ်ပါဘူး..။
အန်ကယ်လင်း ဆိုတာက..လူအယောက်တစ်ရာ ထက်ကို ပိုပြီး သန်မာတဲ့ လူတစ်ယောက်ပါ..။
ဖက်တီးလေး ချန်းဟာ သူ့ရဲ့ လက်တွေကို ဝေ့ယမ်းလိုက်ပြီး...
"ဘေးကိုဖယ်..ဘေးကိုဖယ်..အန်ကယ်လင်းက..ဒီကို ရောက်လာနေပြီ.."
လင်းဖန် နောက်က လိုက်လာနေခဲ့တယ်..။သူ့ရဲ့ အမူအရာက လေးနက်နေပေမယ့် စိတ်ထဲမှာ တော့ ဖက်တီးလေး ချန်း ရဲ့ အမူအရာကို သဘောကျနေခဲ့ပါတယ်..။
ဘေးနားမှာ ရှိနေတဲ့ မြို့သားတွေအကုန်လုံး မာစတာ လင်းရောက်လာပြီ ဆိုတဲ့ အသံကို ကြားလိုက်တဲ့ အချိန်မှာ လမ်းဖယ်ပေးလိုက်ကြပါတယ်..။သူတို့က ဆိုင်ပိုင်ရှင် တွေမဟုတ်ကြပေမယ့်လည်း တိမ်ဖြူလမ်းမှာ မာစတာ လင်းက အရေးအကြီးဆုံး ဆိုတာကို သိထားပြီးသားပါ..။
မာစတာ လင်းက ငယ်ရွယ်ပေမယ့်လည်း..သူ့ရဲ့ တည်ရှိမူ နဲ့ ဂုဏ်သတင်းက..တိမ်ဖြူလမ်းရဲ့ အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်လိုပါပဲ..။
ဆိုင်ပိုင်ရှင် တွေဟာလည်း..လမ်းဖယ်ပေးလိုက်ကြတယ်..။
အကြီးအကဲ ချန်းလည်း ဒီမိန်းကလေး နှစ်ယောက်ကို..ဆုံးမပေမယ့် ဒီမိန်းကလေး နှစ်ယောက်က ပြန်ခံပြောနေခဲ့တာပါ..။သူတို့စကားပြောတဲ့ အချိန်မှာလည်း မောက်မာပြီး ရိုင်းစိုင်းမူ တွေ ပါဝင်နေခဲ့ပါသေးတယ်..။
"ဒါက ရှင်တို့အပူ စောက်တပြားဖိုး မှ မပါဘူး..။ဒီလမ်းကို ပြည်သူလူထု ပိုင်တာ..။ကျွန်မတို့ခွေးတွေ သူတို့ သွားချင်တဲ့ နေရာကို သွားလို့ရတယ်.."
အရပ်ရှည်ရှည်နဲ့..မိန်းကလေးက ..အကြောက်အလန့်ကင်းမဲ့စွာ ပြောလိုက်တာပါ..။
အကြီးအကဲ လိန်ကတော့ ဒေါသတွေ ပေါက်ကွဲကာ နီးနေပါပြီ..။သူ မိန်ကလေး နှစ်ယောက်ကို လက်ညိုးထိုးလိုက်ပြီး..
"နင်တို့ ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်း စကားပြောနေတာလဲ.."
အရပ်ပုပု မိနိးကလေးက ပြန်ပြောလိုက်တယ်..။
"ရိုင်းတယ် ဆိုရင် နားမထောင်နဲ့လေ..။ဘယ်သူက
ရှင့်ကို နားထောင်ခိုင်းနေလို့လဲ..."
"မင်း..မင်း..."
အကြီးအကဲ လိန် ပြောစရာ ကင်းမဲ့သွားခဲ့တယ်..။ဒီနေ့ခေတ်မှာ ဒီလိုမျိုး မိန်းကလေးတွေ ရှိနေဦးမယ် လို့ သူ မထင်ထားခဲ့ပါဘူး..။သူ့တိုရဲ့ ပုံစံလေးတွေက ယဥ်ကျေးမယ့်ပုံပေါ်ပေမယ့် တစ်စုံတစ်ယောက်ကို..အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ဆိုတဲ့ စကားက အမှန်ပါပဲ..။
လင်းဖန် ဘာတွေဖြစ်နေမှန်း မသိခဲ့ပေ..။
အန်တီဂေါင်က သန့်ရှင်းရေး လုပ်နေတာကို ဘာလို့ လမ်းသွားလမ်းလာ တွေနဲ့..ပြသနာ ဖြစ်ရတာလဲ...
"အန်တီ ဂေါင် ဘာဖြစ်တာလဲ.."
လင်းဖန် ရှေ့ကိုလျောက်လာပြီး မေးလိုက်တာပါ..။ယင်းနောက် သူမရဲ့ ပါးမှာ လက်ငါးချောင်း အရာကြီးကို တွေ့လိုက်ရတယ်..။
အန်တီ ဂေါင် ပြန်မဖြေခင်မှာပဲ..အကြီးအကဲ လိန်ဟာ ပြောလိုက်ပါတယ်..။
"သူဌေးလေး တစ်ခုခု လုပ်ပါဦး..။ဒီမိန်းကလေး နှစ်ယောက်က အတော် ဆိုးရွားကြတယ်..။အစ်မဂေါင်က သူတို့ကို နောက်တစ်ကြိမ်ကြရင် ရေစိုတာဝါလေးတွေ ဆောင်ထားပြီး ..ခွေးတွေ မစင်စွန့်ရင် သန့်ရှင်းရေးလုပ်သင့်တယ်လို့ ပြောတာကို ကျိန်ဆဲနေတယ်..။ပြီးတော့ ငါတို့ သတိမထားမိတဲ့ အချိန်မှာတင် အစ်မ ဂေါင်ကို ပါးရိုက်လိုက်တယ်လေ..။သူမ မျက်နှာပေါ်က လက်ချောင်းရာတွေကို ကြည့်ပါဦး.."
လင်းဖန် ကြမ်းပြင်ပေါ်က ခွေးတွေရဲ့ မစင်ကို ကြည့်လိုက်ပြီး...မျက်နှာမှာ လက်ချောင်းရာတွေ ထင်နေတဲ့ အန်တီဂေါင်ကို ကြည့်လိုက်တယ်..။ယင်းနောက် သူ မိနိးကလေး နှစ်ယောက်ဘက် ကို လှည့်လိုက်ပြီး..
"မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.."
အရပ်ရှည်ရှည် မိန်းကလေးဟာ..လင်းဖန်ကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်တယ်..။
"ဟမ့်..နောက်တစ်ယောက် စောက်လုပ်လာရှုပ်ပြန်ပြီ..။နင်က ငါတို့ကို ဘာလုပ်ချင်တာလဲ လို့ မေးနေတာလား..။အဲတာက ငါတို့ မေးရမယ့် မေးခွန်းပဲ..။နင်တို့က ငါတို့ခွေးရဲ့ အညစ်အကြေးကို ငါတို့ကို ကြုံးစေချင်တာလား..။ဒိီမိန်းမက လမ်းသန့်ရှင်းရေး မဟုတ်ဘူးလား..။ကျိန်းသေ သူပဲ သန့်ရှင်းရမှာပေါ့..။ဘာလို့ ငါတို့က သန့်ရှင်းရမှာလဲ.."
လင်းဖန် အေးအေးဆေးဆေးပဲ ထပ်ပြောလိုက်တယ်..။
"ဒါက မင်းတို့ရဲ့ ခွေးလေ..။မင်းတို့ရဲ့ ခွေးတွေက..လမ်းပေါ်က နေရာတိုင်းမှာ မစင်စွန့်နေရင် မင်းတို့ပဲ သန့်ရှင်းသင့်တာပေါ့..။အန်တီဂေါင်က မင်းတို့ရဲ့ ကိုယ်ပိုင် သန့်ရှင်းရေး ဝန်ထမ်းမှ မဟုတ်တာ.."
အရပ်ပုပုမိန်းကလေးဟာ ပြန်ခံပြောလိုက်တယ်..။
"ဒါက လမ်းမပေါ်မှာလေ.။အဲတော့ သူမပဲ သန့်ရှင်းရေး လုပ်သင့်တာပေါ့..။တကယ်လို့ ငါတို့ကြောင့် မဟုတ်ရင် သူတို့ အလုပ်တောင် ရှိမှာမဟုတ်ဘူး.."
ဘေးနားက လူတွေဟာ ဒါကိုကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့ကြတယ်..။သူတို့ ဒီလို မိန်းကလေး မျိုးတွေကို တစ်ခါမှ မမြင်ဖူးပါဘူး..။
လင်းဖန် ကျိန်ဆဲလိုက်တယ်..။
"မင်းတို့နှစ်ယောက်..တကယ်လို့ မင်းတို့လို အရေးမပါတဲ့ လူတွေသာ မရှိရင် သူတို့ ဒီထက်အဓိပ္ပါယ်ရှိတဲ့ အရာတွေကို လုပ်နေလောက်ပြီ..."
လူတိုင်း သဘောတူစွာ ခေါင်းညိမ့်လိုက်ကြတယ်..။
"ဟုတ်တယ်..သူဌေးလေး ပြောတာ မှန်တယ်.."
"ဟုတ်တယ်..ငါတို့ရဲ့ တိမ်ဖြူလမ်းက ကိုယ်ကျင့်တရားကောင်းတဲ့ လူတွေကိုပဲ ကြိုဆိုတာ..။ချမ်းသာတဲ့လူ ဟုတ်ဟုတ် မဟုတ်ဟုတ်..ကိုယ်ကျင့်တရားကောင်းမယ် ဆိုရင် ငါတို့ အဲဒီဧည့်သည်တွေကို နွေးနွေးထွေးထွေး ကြိုဆိုတယ်.."
"ဒါက တကယ်ကို ရှက်စရာပဲ.."
ဘေးနားက လူတွေဟာ မိန်းကလေး နှစ်ယောက်ကိုဝိုင်းပြီး အပြစ်တင်လိုက်ကြပါတယ်..။
သိူ့ပေမယ့် ဒီမိန်းကလေး နှစ်ယောက်ကတော့ ဂရုစိုက်မယ့် ပုံစံ မရှိပေ..။သူတို့က တစ်ခြားလူတွေ အထင်သေးမှာကိုလည်း ကြောက်ရွံ့တဲ့ပုံမရှိပါဘူး..။သူတို့က ခေါင်းတွေကို မော့ပြီးရပ်မြဲအတိုင်းသာ ရပ်နေခဲ့ကြပါတယ်..။
အန်တီဂေါင် လင်းဖန်ကို တားလိုက်တယ်..။
"သူဌေးလေး..ထားလိုက်တော့..ထားလိုက်တော့..ထပ်ပြီးရပ်ဖြစ်နေဖို့ မလိုဘူး.."
"အန်တီဂေါင်က..တိမ်ဖြူလမ်းရဲ့ သန့်ရှင်းရေး ဝန်ထမ်း တစ်ယောက်ပဲ..။ဒါကြောင့် ကျွန်တော် တို့ အထိခိုက်ခံမှာ မဟုတ်ဘူး..။စိတ်မပူနဲ့.."
ယင်းနောက် လင်းဖန် မိန်းကလေး နှစ်ယောက်ဘက်ကို လှည့်လိုက်ပြီး..
"မင်းတို့နှစ်ယောက်..အန်တီဂေါင်ကို တောင်းပန်..ဒီခွေးရဲ့ မစင်ကို သန့်ရှင်းရေးလုပ်ပြီး ဒီကနေ ထွက်သွားကြတော့..။တိမ်ဖြူလမ်းရဲ့ ဘယ်ဆိုင်မှ နင်တို့နဲ့ စီးပွားရေး လုပ်မှာ မဟုတ်ဘူး.."
မိန်းကလေး နှစ်ယောက်ဟာ အေးစက်စွာ ရယ်လိုက်ပြီး..
"နင့်ကိုနင် ဘာထင်နေလို့လဲ.."
ဒီစကားကို ကြားတဲ့ အချိန်မှာ..ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ..တုန့်ပြန်ခဲ့ကြတယ်..။
"သူက ငါတို့ရဲ့ သူဌေးပဲ..။သူပြောသလို ငါတို့ နင်တို့နဲ့ စီးပွားရေး လုပ်မှာမဟုတ်ဘူး..။နင်တို့ကို မကြိုဆိုဘူး.."
"ဟုတ်တယိ..ဒီလို အောက်တန်းကျတဲ့လူတွေကို ဘာမှ မရောင်းနိုင်ဘူး.."
"နင်တို့ သူဌေးလေး ပြောတာကြားတယ်မလား..။ငါတို့ တိမ်ဖြူလမ်း တစ်ခုလုံးက နင်တို့နှစ်ယောက်ကို ဘယ်တော့မှ စီးပွားရေး လုပ်မှာမဟုတ်ဘူး.."
"ဒါအမှန်ပဲ.."
မိန်းကလေး နှစ်ယောက်ဟာ မျက်နှာပျက်သွားခဲ့ကြပါတယ်..။သူတို့လည်း ဒီလိုအခြေအနေထိ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။မိန်းကလေးတစိယောပ်ဟာ အသံမြင့်လိုက်ပြီး..
"နင်တို့ ဘာလုပ်ချင်နေကြတာလဲ..။နင်တို့ ရှန်ဟိုင်းမှာ အိမ်ဘယ်နှစ်လုံး ရှိလို့လဲ..။ငါပြောလိုက်မယ်..နင်တို့လို လူမျိုးတွေက တစ်ချိန်ချိန်တော့
ဒေဝါလီ ခံကြရမှာပဲ.."
"နင်တို့တွေက ရှန်ဟိုင်းကို သတောင်းစားတွေကို ျရာက်လာကြပြီး ငါတို့ကို အပြစ်တင်ရဲသေးတယ်..။နင်တို့မှာ အိမ်ရောရှိရဲ့လား..။ငါတို့ကို စကားပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ.."
အရပ်ပုပု မိန်းကလေးဟာ ပြောလိုက်တယ်..။
"နင်တို့ကို စကားရပ်ပြောနေတာတင် မျက်နှာသာ ပေးရာကြနေပြီ.."
အရပ်ရှည်ရှည် မိန်းကလေးဟာ လင်းဖန်ကို လက်ညိုးထိုးလိုက်တယ်..။သူမရဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ မိန်ကပ်ထူထူ တွေဟာ အစက လှပပေမယ့် အခုတော့...အတော် အကျည်းတန် နေခဲ့ပါပြီ..။
"ပြီးတော့ နင်...ကိုယ့်အလုပ်ကို လုပ်..။နင့်မှာ အချိန်တွေ အရမ်းအားနေရင် နင့်ရည်းစားကို သွားကြည့်နေပါလား..။သူမက နင့်လို စောက်ရေးမပါတဲ့ ကောင်ကို လိမ်ညာပြီး နောက်တစ်ယောက် တွဲနေလောက်ပြီ.."
ခရက်...
ရုတ်တရက် လင်းဖန် အရပ်ရှည်ရှည် မိန်းကလေးရဲ့ လက်ချောင်းကို ဖမ်းဆွဲလိုက်တဲ့ အချိန်မှာ အရိုးအက်သံ ထွက်လာခဲ့ပါတယ်..။
မိန်းကလေး ပါးစပ်ကနေ ထိပ်လန့်တဲ့ အသံထွက်လာခဲ့တယ်..။
အားလုံး အံ့ဩသင့်သွားခဲ့ပါတယ်..။
သူဌေးလေး ရုတ်တရက် လှုပ်ရှား လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး..။
"စောက်ပေါ မလုပ်နဲ့...ငါ မိန်းကလေး တွေကို မရိုက်နှက်လို့..စိတ်တိုင်းကျ ရိုင်းစိုင်းလို့ရမယ် ထင်နေတာလား..။ငါပြောလိုက်မယ်..မင်းလိုမျိုး ရိုက်ဖို့ ထိုက်တန်တဲ့ မိန်းကလေး ဆိုရင် ငါရိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး နော်.."
အရပ်ရှည်ရှည် မိန်းကလေးဟာ ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီး သူမရဲ့..လက်ချောင်းကို ပြန်ရုတ်လိုက်တယ်..။မျက်ရည်တွေဟာ သူမရဲ့ ပါးပေါ်ကို ကျဆင်းလာခဲ့ပါတယ်..။
ဝုတ် ဝုတ်..
အောက်မှာ ခွေးနှစ်ကောင်ဟာ လင်းဖန်ကို ဟောင်လိုက်ကြတယ်..။
"တိမ်စမ်း.."
လင်းဖန် ခွေးနှစ်ကောင်ကို စိုက်ကြည့်လိုက်တဲ့ အချိန်မှာ..ခွေးနှစ်ကောင်ဟာ ကြောက်ရွံ့ပြီး နောက်ကို ဆုတ်သွားခဲ့ကြပါတယ်..။
အဲ့အချိန်မှာပဲ..အကြီးအကဲ ခွေး နီကိုးလပ်ဟာ..မြင်ကွင်းဆီကို ပြေးလာခဲ့ပါတယ်..။အစောက ဟောင်နေတဲ့ ခွေးနှစ်ကောင်ဟာ အကြီးအကဲခွေးကို မြင်တဲ့ အချိန်မှာ..နောက်ကို ထပ်ပြီး ဆုတ်လိုက်ကြတယ်..။
ဝုတ် ...ဝုတ်..
ခွေးနှစ်ကောင်ဟာ အကြီးအကဲ ခွေး ရဲ့ အသံကိုကြားလိုက်တဲ့ အချိန်မှာ..မြေကြီးမှာမှောက်ပြီး ခေါင်းတွေကို ကြောက်လန့်တကြား ဝပ် ထားလိုက်ကြပါတယ်..။
အကြီးအကဲ ခွေး နီကိုးလပ် ဟောင်လိုကိတယ်..။
"မင်းတို့ နှစ်ကောင် ငါ့ ပိုင်နက်ကို လာပြီး ဖင်လာယားနေကြတယ်..။ငါ မင်းတို့ကို ### လိုက်လို့ ရတယ် ဆိုတာ ယုံလား..."
အရပ်ပုပု မိန်းကလေးဟာ သူမရဲ့ သူငယ်ချင်း တိုက်ခိုက် ရတာကို ကြည့်ပြီး..လင်းဖန် ဆီကို ပြေးကာ မျက်နှာကို ကုတ်ဆွဲဖို့ လုပ်လိုက်တယ်..။
လင်းဖန် လှည့်တောင် မကြည့်ပေ..။သူ လက်ကို
ဆန့်ထုတ်ပြီး အရပ်ပုပု မိန်းကလေး ကို ဖြတ်ရိုက်လိုက်တဲ့ အချိန်မှာ..မြေကြီးပေါ် ပုံကျသွားခဲ့ပါတယ်..။
"ဒါက တိမ်ဖြူလမ်းပဲ..နင်တို့ စိတ်တိုင်းကျ ရိုင်းစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး..။နင်တို့ကများ ငါ့ကောင်မလေး ငါ့ကို သစ္စာဖောက်မယ် လို့ ပြောရဲသေးတယ်..။နင်တို့ သေချင်နေတာပဲ ဖြစ်လိမ့်မယ်.."
လင်းဖန် ဒေါသထွက်စွာ ပြောလိုက်တာပါ..။
လူလိမ် ထျန် တီးတိုး ပြောလိုက်တယ်..။
"သူတို့က မင်းသစ္စာဖောက်ခံရမယ်လို့ ပြောတာလေ..။မင်းမှာက ရည်းစား ရှိလို့လား..."
လင်းဖန် နောက်အနည်းငယ် ဆုတ်လိုက်ပြီး..
"မရှိဘူးလေ..ဒါပေမဲ့..သူတို့ကို ရိုက်ဖို့ အကြောင်းပြချက်လိုတယ် မလား..."
လူအုပ်ကြီးဟာ အကူညီမဲ့သွားခဲ့တယ်..။
ဒီရက်ပိုင်း သူဌေးလေးက သူတို့ကို မတူညီတဲ့ ခံစားချက်တွေပေးနေခဲ့တာပါ..။ဘေးနားက လူငယ်လေးတွေလည်း ကြောင်အနေခဲ့ကြတယ်..။ဒိီမိန်းကလေး နှစ်ယောက်က..ချောမောလှပကြပေမယ့်..မာစတာ လင်းက ရိုက်နှက်ဖို့ လုံးဝတွန့်ဆုတ်မနေခဲ့ပါဘူး..။