← Chapters

လက်သီးက အမှန်တရားပဲ...

Vol. 37 Ch. 541

လက်သီးက အမှန်တရားပဲ...

Vol. 37 Ch. 541

#ဘာသာပြန် = စနိုးဝှိုက်

ဘေးနားက ဆိုင်ပိုင်ရှင် တွေဟာ အလျင်အမြန်ရှေ့ကို တက်လာခဲ့ကြပြီး..

"သူဌေးလေး တည်တည်ငြိမ်ငြိမ်နေပါ..။တည်တည် ငြိမ်ငြိမ်နေမှ ရမယ်..."

လူလိမ် ထျန် ဘေးနားကနေ ညင်သာစွာ ပြောလိုက်တယ်..။

"မင်းသူတို့ကို ရိုက်လို့မရဘူးလေ..။မိန်းကလေး တွေက နဂိုကမှ အားနွဲ့တဲ့ ပုံစံ ပေါက်နေတာ..။မင်းအင်တာနက်ပေါ်မှာ သေလောက်အောင် အပြစ်တင်ခံရလိမ့်မယ်.."

ဒီလို လင်းဖန် မိန်းကလေး တစ်ယောက်ကို ရိုက်နှက်တာကို ဝူယူလန် ပထမဆုံးမြင်ဖူးတာပါ..။ရုတ်တရက် သူမ ပြောစရာ စကား ကင်းမဲ့ သွားခဲ့တယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ငါ ပြောပြမယ်...ငါ မင်းတို့ကို ရိုက်နှက်တယ် ဆိုတာက နောက်တစ်ခါ စကားမပြောခင်မှာ စဥ်းစားတတ်စေချင်တဲ့ စေတနာ ကြောင့်ပဲ..။မင်းတို့က မိန်းကလေး ဆိုတာနဲ့ အရိုက်မခံရတော့ဘူး လို့ ထင်မနေကြနဲ့..။ဒီနေ့ ငါပြောချင်တာက အန်တီဂေါင်ကို တောင်းပန်..။ငါတို့ ကြားက ကိစ္စကိုတော့ မင်းတို့ ကြိုက်တဲ့ အချိန်ငါ့ကို လာရှာလို့ရတယ်..။ငါမင်းတို့နဲ့ အေးဆေး ကစားပေးမယ်.."

အာ...

ဆိုင်ပိုင်ရှင် တွေ အကုန်လုံး ကြောင်အသွားခဲ့ကြတယ်..။သူတို့ သူဌေးလေး လွမ်းမိုးနိုင်တာကို သိပေမယ့်လည်း ဒီလောက်အထိ လွမ်းမိုးနိုင်မယ် လို့ မထင်ထားခဲ့ပါဘူး..။ဒါက အတော်ကြောက်ဖို့ ကောင်းတယ်..။

တကယ်လို့ သူတို့ ဒါကို ကိုယ်တိုင်သာ မမြင်ရဘူးဆိုရင် သူဌေးလေး ဒိီလိုတွေ ပြုမူနေတာ သူတို့ ယုံနိုင်မှာတောင် မဟုတ်ပါဘူး..။

သို့ပေမယ့် ဒိီကိစ္စက ဖြစ်ပြီးသွားပါပြီ..။သူ တစ်စုံတစ်ယောက်ကို ရိုက်နှက်ပြီးမှတော့..နောက်ဆက်တွဲနဲ့ ရင်ဆိုင်ရတော့မှာ အသေ

အချာ ပါပဲ..။

အခုချိန်မှာ မိန်းကလေး နှစ်ယောက်ဟာ ကြောက်ရွံ့နေခဲ့တယ်..။ဒီလူ သူတို့ကို တကယ်ရိုက်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။အစကတော့ သူတို့ကို ဘယ်သူမှ..မရိုက်နှက်ရဲဘူးလို့ ထင်ထားကြတာပါ..။ဘာလို့လဲ ဆိုတော့ ရှန်ဟို်င်းလို နေရာမျိုးမှာ..တစ်စုံတစ်ယောက်ကို ရိုက်နှက်တာက..ပြစ်မူ ပါပဲ..။

လင်းဖန် မျက်မှောင်ကျုတ်ကာ ရှေ့ကို တက်သွားလိုက်ပြီး..

"ငါပြောနေတာ ကြားလား.."

"အာ..ငါတို့ကို မရိုက်နဲ့.."

အရပ်ရှည်ရှည် မိန်းကလေးဟာ မျက်လုံးတွေ နီရဲနေပြီး ကြောက်လန့်နေခဲ့တယ်..။သူမက သနားစရာပုံစံ ဖြစ်နေပြီး အကူအညီလိုအပ်နေတဲ့ လူတစ်ယောက်လိုပါပဲ..။

ဘေးနားက ဆိုင်ပိုင်ရှင် တွေလည်း အခြေအနေကို ကြည့်ပြီး အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်ကြပါတယ်..။

သူတို့ရဲ့ အရင်က မောက်မာ မူတွေ ဘယ်ရောက်သွားတာလဲ....။သူတို့က ဘယ်လိုလုပ်ပြီး ရုတ်တရက် အားနည်းတဲ့ ပုံစံ ပေါက်သွားတာလဲ...

"ငါအနိုင်ကျင့်တာခံရတယ် ဆိုပြီး..ဒီလို အမူအရာတွေ လာလုပ်မနေနဲ့..။ငါ ပြောတာ ကြလား မကြားဘူးလား.."

လင်းဖန် လေးနက်တဲ့ အသံနဲ့ ပြောလိုက်တာပါ..။

အရပ်ပုပု မိန်းကလေးဟာ ခေါင်းညိမ့်လိုက်ပြီး...

"ကြား...ကြားပါတယ်.."

"ဒါကောင်းတယ်..။အခု..အန်တီ ဂေါင်ကို တောင်းပန်ပြီး မင်းတို့ခွေးရဲ့ မစင်ကို ပြန်ကျုံး..။မင်းတို့ကို ရိုက်တာကိုတော့..ငါ အပြစ်ဝန်ခံတယ်..မင်းတို့ ကြိုက်သလိုသာလုပ်..။ငါ အေးအေးဆေးဆေး ပူးပေါင်းပေးမယ် ..ဟုတ်ပြီလား.."

လင်းဖန် ဒီအတွက် လုံးဝ မကြောက်ပါဘူး..။သူတို့က အရိုက်ခံ ချင်နေကြတာ ဖြစ်တဲ့ အတွက် သူ့မှာ ရွေးချယ်စရာ မရှိပေ..။သူတို့ အလိုကျ ရိုက်ပေးလိုက်ဖို့သာ တတ်နိုင်ပါတော့တယ်..။

အန်တီဂေါင် ဘာပြောရမလဲ ဖြစ်သွားပြီး..

"သူဌေးလေး..ငါ..ငါ..."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ဒါက ဘာမှမဟုတ်ဘူး..။ကျွန်တော် ဒီကိစ္စကို ဖြေရှင်းလိုက်ပါ့မယ်..။ကျွန်တော်တို့ တိမ်ဖြူလမ်းက လူတွေက ဘယ်သူ့ကိုမှ အနိုင်မကျင့်သလို အနိုင်ကျင့်လည်း မခံဘူး..။အားလုံးပဲ..ဒါဟုတ်တယ်မလား.."

"ဒါအမှန်ပဲ..စိတ်မပူပါနဲ့ အစ်မ ဂေါင်..။သူဌေးလေးက ဒီကိစ္စကို ဖြေရှင်းပေးပါလိမ့်မယ်.."

"ဒိီမိန်းကလေး နှစ်ယောက်က ရိုင်းစိုင်းလွန်းတယ်..။သူတို့ ဘယ်လို ကြီးပြင်းလာကြသလဲ မသိဘူး..။သူဌေးလေး သူတို့ကို ရိုက်တယ် ဆိုတာကတောင် ကောင်းမွန်တဲ့ အလုပ်လို့ ပြောလို့ရနေပြီ..။တကယ်လို့ တစ်ခြား လူဆိုရင် သူတို့ ဒိီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး.."

"ငါကြားတာတော့..တစ်ခြားနေရာတွေမှာ ဆိုရင် ယောက်ျားတွေ မိန်းမတွေ ခွဲမနေဘူး..အပြစ်လုပ်တာနဲ့ ခန္တာကိုယ် ဆုတ်ပြတ်သွားအောင်..ရိုက်နှက်ကြတာတဲ့.."

"ဒီလို အရာတွေက တကယ်တည်ရှိတယ်.."

…

မိန်းကလေး နှစ်ယောက်ဟာ တုန်တုန်ရီရီ နဲ့ ရပ်နေခဲ့ကြတယ်..။သူတို့ တကယ်ကြောက်လန့်နေကြတာပါ..။သူတို့ လင်းဖန်ကို မြင်တဲ့ အချိန်မှာ မျက်နှာတွေ ဖြူဖျော့သွားပြီး အားနည်းစွာ ပြောလိုက်တယ်..

"ကျွန်မတို့ကို မရိုက်ပါနဲ့.. တောင်းပန်ပါ့မယ်.."

"မြန်မြန်လုပ်..အဲတာဆိုလည်း..။ဘာတွေ အချိန်တွဲနေတာလဲ.."

လင်းဖန် ထပ်ပြီး တိုက်တွန်းလိုက်တာပါ..။

သူတို့နှစ်ယောက် အန်တီဂေါင် ရဲ့ ရှေ့ကိုသွားပြီး ပြောလိုက်တယ်..။

"တောင်းပန်ပါတယ် အန်တီ..။သမီးတို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ပါဘူး..."

အန်တီဂေါင် အများကြီး မပြောပေ..။သူမ ခေါင်းသာ ညိမ့်လိုကိပါတယ်..။

လင်းဖန် မြေကြီးပေါ်က..ခွေး မစင်ပုံကို ညွှန်ပြလိုက်ပြီး..

"သန့်ရှင်းရေး လုပ်လိုက်.."

သူတို့နှစ်ယောက် အနည်းငယ် တွန့်ဆုတ်သွားပေမယ့်..လင်းဖန် စူးရှတဲ့ အကြည့်တွေကြောင့်..လွယ်အိတ်ထဲက တစ်ရူးကို ထုတ်ပြီး သန့်ရှင်းရေး လုပ်လိုက်ကြပါတယ်..။ယင်းနောက် သူတို့ အမှိုက်ပုံးထဲကို ပစ်လိုက်ပြီး..

"အစ်ကို ဒါအဆင်ပြေလား..."

"မှတ်ထားပါ..မင်းတို့ကို ရိုက်တဲ့လူက ငါပဲ..။ဒါကြောင့် မင်းတို့ ပြသနာရှာချင်တယ် ဆိုရင် ငါ့ကို လာရှာကြ..။မဟုတ်ပဲ..မင်းတို့ အန်တီဂေါင်ကို ပြသနာ သွားရှာကြလို့ ငါသိရင်တော့ နောက်ဆက်တွဲတွေကို ရင်နိုင်ရမယ်..။နားလည်လား..."

"နားလည် ပါတယ်..နားလည်ပါတယ်.."

သူတို့နှစ်ယောက် အလျင်အမြနိ ခေါင်းညိမ့်လိုက်ကြတယ်..။

"သွား..."

မိန်းကလေး နှစ်ယောက် သူတို့ရဲ့ ခွေးတွေကို အလျင်အမြန်သယ်ပြီး ထွက်သွားလိုက်ကြပါတယ်..။သို့ပေမယ့် သူတို့ရဲ့ စိတ်ထဲမှာတော့..ဒေါသတွေ အလိပ်လိုက် ထွက်နေခဲ့ကြတာပါ..။သူတို့ လင်းဖန်ကို သတ်ချင်စိတ်ကို မနည်းထိန်းထားကြရပါတယ်..။

ယင်းနောက် သူတို့ ပြန်တောင် လှည့်မကြည့်ပဲ ထွက်သွားခဲ့ကြတယ်..။

လင်းဖန် သူ့ကိုယ်သူ တည်ငြိမ်သွားအောင် အသက်ပြင်းပြင်း ရူလိုက်တယ်..။

"ချီးပဲ..သူတို့က ငါ သစ္စာဖောက်ခံရမယ်လို့ ပြောသွားတာပဲ..။ငါ့မှာက ရည်းစားတောင် ရှိတာမဟုတ်ဘူး.."

အန်တီဂေါင်..ကျေးဇူတင်စွာ ပြောလိုက်တယ်..။

"သူဌေးလေး..အန်တီ တကယ်ကို ကျေးဇူးတင်ပါတယ်.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ဒါက ဘာမှမဟုတ်ပါဘူး..။ဒိီလို လူမျိုးတွေက အရိုက်ခံရဖို့ တကယ်ထိုက်တန်တယ်..။မဟုတ်ရင် သူတို့က အကန့်အသတ်ကို သိမှာ မဟုတ်ဘူး..။စိတ်မပူနဲ့ သူတို့ ပြသနာ လာရှာရင်သာ ကျွန်တော့်ကိုပြော.."

"မလုပ်လောက်ကြပါဘူး..။သူတို့ လုပ်မှာ မဟုတ်ဘူး.."

အန်တီဂေါင် ပြောလိုက်တာပါ..။

ဆိုင်ပိုင်ရှင်တွေဟာ ရယ်မောလိုက်ကြတယ်..။

"သူဌေးလေးက..တကယ်အံ့ဩဖို့ကောင်းတာပဲ..။ဒီလိုလူမျိုးတွေက အရိုက်ခံသင့်တာ မှန်ပေမယ့်..ငါတို့မှာ သူဌေးလေးလို သတ္တိ မရှိကြဘူးလေ.."

"မိန်းကလေး တစ်ယောက်ကို ရိုက်တာက မကောင်းပေမယ့် တစ်ခါတစ်လေ တော့ အခြေအနေကို ကြည့်ရဦးမယ်လေ..။သူတိုနှစ်ယောက်လုံးက တကယ် ရိုင်းစိုင်းတဲ့ ကလေးတွေပဲ.."

"ဘယ်လို အရူးက မိန်းကလေးတွေကို မရိုက်နှက်သင့်ဘူး ပြောဦးမလဲ မသိ..။ဒီလိုလူမျိုးတွေက တကယ် အရိုက်ခံရသင့်တယ်.."

"ဒါအမှန်ပဲ.."

"အားလုံးပဲ လူစု ခွဲလိုက်ရအောင်..။ဘာမှလည်း ကြည့်စရာ မရှိတော့ဘူးလေ.."

ဖက်တီးလေး ချန်း ဟာ မာစတာ လင်းဆီကို သွားလိုက်ပြီး..

"အန်ကယ်လင်း စိတ်မပူပါနဲ့..။တကယ်လို့ အနာဂတ်မှာ တိမ်ဖြူလမ်း ကိစ္စတစ်ခုခု့ဖြစ်တာနဲ့ သား လာပြီး အသိပေးပါ့မယ်.."

လင်းဖန် ဖက်တီးလေး ချန်းရဲ့ ခေါင်းကို ပုတ်လိုက်တယ်..။

"အင်း မဆိုးဘူး..။အနာဂတ်မှာ မင်းက တိမ်ဖြူလမ်းရဲ့ ငြိမ်းချမ်းရေးအတွက် လုံခြုံရေး တာဝန်ကို ယူရလိမ့်မယ်..။ငါ့ကို သိက္ခာမကျစေနဲ့.."

ဖက်တီလေး ဟာ အန်ကယ်လင်းကို ကြည့်လိုကိတယ်..။သူ့ရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ ပြည့်နေပြီး အော်ပြောလိုက်ပါတယ်..။

"စိတ်မပူပါနဲ့ အန်ကယ်လင်း..။သားရှိနေသ၍ တိမ်ဖြူလမ်းက ငြိမ်းချမ်းမှာပါ..။ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ် လို့ ကတိပေးပါတယ်.."

"သွားတော့ ဒါဆိုလည်း..။အနာဂတ်မှာ တစ်ခုခုဖြစ်ရင် အန့်ကယ်ကို လာရှာ.."

လင်းဖန် ပြောလိုက်တာပါ..။

ဟုတ်.."

ဖက်တီးလေး ချန်းဟာ ပျော်ရွှင်သွားခဲ့တယ်..။နောက်ဆုံးတော့ သူ အန်ကယ်လင်းရဲ့ အသိအမှတ်ပြုမူကို ရလိုက်ပါပြီ..။

ဟားဟား..

တိမ်ဖြူလမ်းရဲ့ အပြင်ဘက်တွင်..။

မိန်းကလေးနှစ်ယောက်ဟာ ထွက်မသွားသေးပါဘူး..။သူတို့ဟာ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောလိုက်တယ်..။

"ခွေးသား..သူတကယ် ငါတို့ကိုရိုက်နှက်ရဲတယ်ပေါ့..။ငါ့ကောင်လေးကို ငါပြောပြရမယ်.."

"ငါ့တစ်ဘဝလုံး ဘယ်တုန်းကမှ အရိုက်မခံရဖူးဘူး..။သူက ဘာတွေများ တော်နေလို့လဲ..။ငါ့အဖေကို ပြန်တိုင်ရမယ်.."

အရပ်ရှညိရှည် မိနး်ကလေးဟာ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ် အန်ကယ်ကို ပြောလိုက်.."

လင်းဖန် ဒီကိစ္စ လွယ်လွယ်ကူကူပြီးမှာ မဟုတ်ဘူး ဆိုတာကို သိထားပြီးသားပါ..။သို့ပေမယ့် ဒါက ကိစ္စ

သေးသေးလေး ဖြစ်တာကြောင့် သူ ဂရုစိုက်မနေတော့ပါဘူး..။

လူလိမ် ထျန်လက်မထောင်ပြလိုက်ပြီး..

"မိုက်တယ်..ငါက မင်းမိန်းကလေး တွေအပေါ် နူးညံ့တဲ့ စိတ်ထားရှိမယ်လို့ ထင်ထားတာ..။ဒီလိုမျိုး သူမကို ရိုက်နှက်လိမ်မယ်လို့ မထင်ထားခဲ့ဘူး.."

လငိးဖန် ပုခုံးတွန့်လိုက်တယ်..။

"ဒါက ကျုပ် နူးညံ့တဲ့ စိတ်ထား မရှိလို့ မဟုတ်ဘူး..။သူတို့ကိုက အရိုက်ခံရဖို့ ထိုက်တန်ကြတယ်..။တကယ်လို့ သူတို့သာ ယောက်ျားလေးတွေ ဆိုရင် ဒီကနေ လူနာတင်ယာဥ္ နဲ့ သယ်ထုတ်သွားရလိမ့်မယ်.."

ဝူတန်ဟီ ပြောလိုက်တယ်..။

"နောက်တစ်ခါ ရှောင်လွဲလို့ရတယ် ဆိုရင် သူတို့ကို မရိုက်နှက်သင့်ဘူး..။ဒိီလို အခြေအနေမျိုးက ရဲကို ခေါ်လိုက်ရင် ဖြေရှင်းလို့ရတယ်လေ.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ရဲကို ခေါ်တာက အလုပ်ဖြစ်မှာမဟုတ်ဘူး..။ကြည့်ရသလောက် တော့ သူတို့ရဲ့ နောက်ခံက သိပ်ရိုးရှင်းပုံ မဟုတ်ဘူးလေ..။ဒိီလို အခြေအနေကို ဖြေရှင်းဖို့ ဆိုရင် လက်သီးကသာ အကောင်းဆုံး နည်းလမ်းပဲ..။တကယ်လို့ ပြသနာ ကြုံရမယ် ဆိုလည်း ရင်ဆိုင်လိုက်မယ်..။ဘာမှ ကြောက်နေစရာ မရှိဘူး.."

ဝူယူလန် စိတ်ပူစွာ ​ေပြာလိုက်တယ်..။

"အစ်ကိုလင်း..ထပ်ပြီး အကျဥ္းချခံရလို့ မဖြစ်ဘူးနော်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"အင်း..."

တစ်ချို့အကြောင်းပြချက်တွေကြောင့် ဝူယူလန် ရုတ်တရက် ထပြောခဲ့တယ်..။

"ပြီးတော့..သူတို့ပြောတဲ့ စကားတွေကို ဂရုစိုက်မနေနဲ့တော့..။အစ်ကိုလင်းကို ဘယ်သူမှ သစ္စာဖောက်မှာ မဟုတ်ဘူး.."

"အာ..."

လင်းဖန် အနည်းငယ် ဆွံ့အသွားပြီး..

"မင်းအဲတာက ဘာကို ဆိုလိုတာလဲ..."

"ဘာမှမဟုတ်ဘူး..။အိုး..ဟုတ်သားပဲ..ညီမလတ်တလော သူငယ်ချင်းကောင်းတစ်ယောက် တွေ့ထားတယ်.."

ဝူယူလန် ပြောလိုက်တာပါ..။

လင်းဖန် သိပ်ပြီး ဂရုမစိုက်ပဲ ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်ပါတယ်..။

"ဒါက ကောင်းတဲ့အရာပဲ..။မင်း အားတဲ့ အချိန်တွေဆို..သူငယ်ချင်းတွေနဲ့..စျေးဝယ်ထွက်ပေါ့..။သူ့နာမည်က ဘယ်လိူခေါ်လဲ.."

ဝူယူလန် ပြုံးလိုက်ပြီး..။

"လီရူ.."

"ဟင်...လီရူလား.."

လင်းဖန် ​အံ့ဩသင့်သွားခဲ့ပါတယ်..။

ချီးပဲ...ဒါက အစ်ကိုချွင်ချွင် မဟုတ်ဘူးလား....

All Chapters