← Chapters

အမှန်တရား ထွက်ပေါ်လာပါစေ

Vol. 37 Ch. 542

အမှန်တရား ထွက်ပေါ်လာပါစေ

Vol. 37 Ch. 542

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

အင်တာနက်မှာ ဗီဒိီယို တစ်ခု ပေါ်လာခဲ့တယ်..။

အစကတော့...ဒါက ဝက်ဆိုဒ် အနည်းငယ် မှာသာ တင်ထားပေမယ့် အမည်မသိ လူတစ်ယောက် ဝိုက်ဘို ပေါ်မှာ ပြန်တင်လိုက်တဲ့ အချိန် ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်..။

"ရှန်ဟိုင်း၏ တိမ်ဖြူလမ်းတွင် မိန်းကလေး နှစ်ယောက်ကို ယောက်ျား တစ်ယောက်က ရိုက်နှက်ခဲ့သည်.."

ဒီသတင်းခေါင်းစဥ္ဟာ..လူအများအပြားကို ဆွဲဆောင်သွားပြီး မရေမတွက်နိုင်တဲ့ လူတွေရဲ့ ဖတ်ရူခြင်းကို ခံနေရပါတယ်..။ဒီသတင်းက အမှန်ဟုတ်လား မဟုတ်လား မသိကြပေမယ့် ဒီမှာတော့..မိန်းကလေးတွေရဲ့ ဓာတ်ပုံတွေ ပါဝင်နေခဲ့တာပါ..။

သူတို့က ပန်းပွင့်ထက်တောင် ပိုပြီးလှပကြပါတယ်..။

သူတို့က ယောက်ျားထုကြီးရဲ့ မျက်လုံးတွေကို ဖမ်းစားသွားခဲ့ကြတယ်..။

ဲဒီသတင်းကြောင့် ယောက်ျားလေးတွေ အများကြီးဟာ ဒေါသထွက်နေကြပါပြီ..။

"ချီးပဲ..ဒီကောင်က လူရော ဟုတ်သေးရဲ့လား.။ဒီလိူ မိန်းမလှလေးတွေ ကို ရိုက်နှက်ရအောင်..။ငါသာ ဒီကောင့်ကို တွေ့ရင် သေအောင် ရိုက်နှက်ပြမယ်.."

"ဘေးက လူတွေကို ကြည့်ပါဦး..ရပ်ကြည့်နေဖို့ပဲ သိတဲ့လူတွေ..။သူတို့က အကူညီပေးရကောင်းမှန်းတောင် မသိကြဘူး.."

"ချီးပဲ..ငါ သာအဲ့မှာ ရှိရင် ကျိန်းသေ ကူညီမိမှာ..။ဒီလို မိန်းမလှလေး နှစ်ယောက်က အနိုင်ကျင့်ခံနေရတာလေ..."

"သူက ခွေးတစ်ကောင်ပဲ..။မိန်းကလေးတွေကို တောင် ရိုက်နှက်သေးတယ်..။လူမဆန်တဲ့ ကောင်ပဲ ဖြစ်လိမ့်မယ်.."

"အဲ့ ငနဲက ဘယ်သူလဲ..။တစ်ယောက်လောက် ဖော်ထုတ်လိုက်စမ်းပါ..။ငါတို့ အဲ့ကောင်ကို သင်ခန်းစာပေးရမယ်.."

မိန်းကလေး တွေဟာလည်း ဒိီကိစ္စကို ဒေါသထွက်နေကြပါတယ်..။

"ဒီ ဗီဒီယိုက ဆယ်မိနစ် ထဲပါပေမယ့် ငါကြည့်တောင် မကြည့်နိုင်ဘူး..။ဘေးနားမှာ ယောက်ျားလေးတွေ အများကြီး ရှိနေတာကို တစ်ယောက်မှ လာမကူကြဘူးလေ.."

"ဘယ်လို ကိစ္စပဲ ဖြစ်ဖြစ် ..သူ မိန်းကလေး တစ်ယောက်ကို မရိုက်နှက်သင့်ဘူး.."

"သူက ယောက်ျား တစ်ယောက်ရော ဟုတ်သေးရဲ့လား.."

…

ဒီသတင်းက အင်တာနက်ပေါ်မှာ လတ်တလော အကြီးမားဆုံးပါပဲ..။မြို့သားတွေ အများကြီးဟာ ဒီဗီဒိီယိုကို ကြည့်နေခဲ့ကြပါတယ်..။ဗီဒီီယိုက ဆယ်စက္ကန့်သာ ပါဝင်ပြီး လူတစ်ျယာက်က မိန်းကလေး နှစ်ယောက်ကို ရိုက်နှက်နေတာကို ရိုက်ပြထားတာပါ..။ဒိီဗီဒိီီယို ထဲမှာ ရှင်းလင်းပြတ်သားတဲ့ ရိုက်ချက် တစ်ခုပါဝင်ပြီး အသံကိုလည်း အတိုင်းသား ကြားနေရပါတယ်..။

မရေမတွက်နိုင်တဲ့ ယောက်ျားလေးတွေဟာ.ဒီဗီဒီီယိုကို ကြည့်ပြီး သူတို့ရဲ့ နှလုံးသား အောင့်သွားသလို ခံစားလိုက်ရတယ်..။

ဒီကောင်က ယောက်ျားရော ဟုတ်ရဲ့လား...

တကယ်လို့ မိန်းကလေးတွေကသာ သာမန် ဆိုရင် သူတို့ မေ့လိုက်လို့ရပါသေးတယ်..။သို့ပေမယ့် ဒါက အရမ်းလှပတဲ့ မိန်းကလေးတွေပါ..။

ဒီကောင် ဘယ်လိုစိတ်နဲ့များ ရိုက်နှက် နိုင်ရတာလဲ...

တိမ်ဖြူလမ်း..။

လင်းဖန် လှဲလျောင်းပြီး ဟိုမိန်းကလေး နှစ်ယောက် ဘာလို့ တပ်ကူ တွေခေါ်ပြီး သူနဲ့ စာရင်းရှင်းဖို့ မလာသေးတာလဲ ဆိုတာကို တွေးနေခဲ့ပါတယ်..။သူဘဝကြီးက လတ်တလော ပျင်းစရာ ကောင်းနေတာကြောင့် အခုလိုမျိုး ပျော်စရာလေးတွေ လိုအပ်နေတာပါ..။

ကျောက်ကျန်းယန် အံ့ဩစွာ အော်ဟစ်လိုက်ပြီး

"မကောင်းတော့ဘူး..အစ်ကိုလင်း...။တစ်ခုခုဖြစ်နေပြီ.."

လင်းဖန် အော်သံကြောင့် ထိပ်လန့်သွားကာ ပြောလိုက်တယ်..။

"ဖြည်းဖြည်းလုပ်ပါဟ..ဘာဖြစ်လို့တုန်း..."

"ကြည့်ပါဦး..ဖြတ်ညှပ်ကပ် ထားတဲ့ ဗီဒိီယို တသ်ခု အင်တာနက်ပေါ်မှာ တက်နေတယ်..။အခု အတော်ပျံ့နှံ့နေပြီ..။မရေမတွက်နိုင်တဲ့လူတွေက အစ်ကိုလင်းကို အပြစ်တင်ပြီး သင်ခန်းစာပေးချင်နေကြတယ်.."

လူလိမ် ထျန် နဲ့ ဝူယူလန် လည်း လာကြည့်လိုက်ကြတယ်..။သူတိူ့လည်း ဗီဒီယိုကို မြင်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့ကြပါတယ်..။

ဝူယူလန် ဒေါသထွက်စွာ ပြောလိုက်တယ်..။

"ဒီလူတွေ ဘယ်လိုဖြစ်ပြီး ဒီလို လုပ်နိုင်ရတာလဲ..။ဒီဗီဒိီယိုက ဖြတ်ညှပ်ကပ် လုပ်ထားတာ အသိသာကြီးလေ..။ဒါက ဒီလိုမျိုးမှ မဟုတ်တာ.."

လူလိ်မ် ထျန် ခနလောက် စဥ်းစားပြီး ပြောလိုက်တယ်..။

"ကြည့်ရတာ တစ်ယောက်ယောက်က ရည်ရွယ်ချက် ရှိရှိ လုပ်တာ ထင်တယ်.."

လင်းဖန်ကတော့ ဂရုစိုက်တဲ့ပုံ မရှိပါဘူး..။

"သူတို့ ကျိန်ဆဲ ချင်ကြရင်လည်း ကျိန်ဆဲကြပါစေ.."

ကျောက်ကျန်းယန် စိတ်ပူစွာ ပြောလိုက်တယ်..။

"အစ်ကိုလင်း..တကယ်စိတ်မပူဘူးလား..။ဒီကိစ္စက အစ်ကိုလင်းရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်လေ..။တကယ်လို့ အစ်ကိုလင်း မရှင်းပြပဲ..လူထုက ရှာတွေ့သွားရင်..ရှင်းပြဖို့ နောက်ကျသွားလိမ့်မယ်.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ဒါက ပြသနာကြီးမဟုတ်ဘူး..။ငါက သူများတွေရဲ့ အထင်မြင်တွေနဲ့ အသက်ရှင်နေတာ မဟုတ်ဘူးလေ..။သူတို့တွေ ငါ့ကို နာကျင်ထိခိုက်အောင် မလုပ်သ၍ ဘာပြသနာ မှ မရှိဘူး.."

ဝူယူလန် လည်း မပျော်မရွင်ဝင်ပြောလိုက်တယ်..။

"ဘယ်သူကများ ဒီလိုတင်လိုက်သလဲ မသိဘူး.."

နေရာတစ်ခုတွင်..။

လင်းဖန် မနေ့က သင်ခန်းစာ ပေးလိုက်တဲ့ မိန်းကလေး နှစ်ယောက်ဟာ အင်တာနက်က သတင်းတွေကို ကြည့်နေခဲ့တယ်..။အေးစက်တဲ့ အပြုံးတွေဟာ သူတို့ မျက်မှာပေါ်မှာ ရှိနေလို့ပါ..။ဒီငနဲက သူတို့ကို ရိုက်ရဲမှတော့ ပြန်ပေးဆပ်ရမှာ အသေအချာပါပဲ..။

သူတို့ရဲ့ သူငယ်ချင်းက အင်တာနက် ကျွမ်းကျင်သူ တစ်ယောက်ပါ..။အဲ့အချိန်မှာပဲ..သူသိချင်စွာ မေးလိုက်တယိ..။

"နင်တို့ ဘာလို့ လူတွေခေါ်ပြီး သူနဲ့ သွားမရှင်းတာလဲ.."

အရပ်ရှည်ရှည် မိန်းကလေးက အေးစက်စွာ ပြောလိုက်တယ်..။

"သူနဲ့ သွားရှင်းတာက လွယ်ကူတဲ့ အရာပဲ..။ငါက ဒီငနဲကိုအရှက်ကွဲ စေချင်တာ.."

အရပ်ပုပု မိ်န်းကလေးဟာ ထပ်ပြောလိုက်တယ်..။

"ဒါအမှန်ပဲ..ဒီလိုကောင်က သိက္ခာတွေ မကျန်အောင် အရှက်ကွဲသင့်တယိ.."

"သူ့ရဲ့ ဓာတ်ပုံအမှန်တွေ ပေါ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တယ်..။တကယ်လို့ ဒိီဓာတ်ပုံတွေသာ ထွက်ပေါ်လာရင် သူ့ဘဝတော့ သွားပြီပဲ.."

…

ဝိုက်ဘို..။

ပို့စ်တစ်ခုတက်လာခဲ့တယ်..။

"မိန်းကလေးတွေကို ရိုက်နှက်တဲ့ လူရဲ့ ဓာတ်ပုံက ထွက်ပေါ်လာခဲ့ပြီ..။အားလုံးပဲ..မိန်းကလေးတွေကို ရိုက်နှက်တာ ဘယ်လောက်မှားလဲ ဒီလူကို သိအောင် လုပ်ပေးလိုက်ရအောင်..."

ဒိပိုစ့်တက်လာတာနဲ့..များပြားလှတဲ့လူတွေဟာ ပြန်တင်လိုက်ကြပါတယ်..။

"ဒီကောင်က ရှန်ဟိုင်းကပဲ..ငါလည်း ရှန်ဟိုင်းကဆိုတော့ ဒီကောင် မိန်းကလေးကို ရိုက်ရဲရအောင် ဘယ်လိုသတ္တိတွေရှိနေတာလဲ သွားကြည့်ရမယ်.."

"မအိမ်လုံး..ငါ ဒီကောင့်ကို သတ်မယ်.."

"ခွေး..သူက ခွေးနဲ့ပဲ တူတယ်..."

ရုတ်တရက် အခြေအနေက အနည်းငယ် ပြောင်းလဲသွားခဲ့ပါတယ်..။

"အားလုံးပဲ..ခနနေကြဦးဟ..။ဘာလို့ ဓာတ်ပုံထဲက လူက တစ်ယောက်ယောက်နဲ့ အရမ်း တူနေရတာလဲ.."

"ဟေး ဒါအမှန်ပဲ..။ချီးပဲ..ဒါက မာစတာ လင်းဟ.."

"ဘာ..ရိုက်နှက်လိုက်တဲ့လူက မာစတာ လင်းလား..."

"ကျိန်ဆဲနေတာတွေ ရပ်လိုက်တော့ အကုန်လုံး..။ငါတို့ဒီလူကို ကျိန်ဆဲလို့ မရဘူး.ဒါက မာစတာ လင်းပဲ..။ငါတို့ သူကို သွားကျိန်ဆဲ လို့ မရဘူး.."

"ချီးပဲ..ငါ အစောက ဘယ်နှစ်ခါတောင် ကျိန်ဆဲထားတာလဲ မသိဘူး ဘယ်လို လုပ်ရမလဲ..။မာစတာ လင်းကငါ့ အိုင်ဒေါပဲ..။ငါက ကိုယ့်အိုင်ဒေါကို ပြန်ကျိန်ဆဲမိတဲ့ စောက်ရူး ဖြစ်နေပြီ.."

"အားလုံးပဲ..ဒီကိစ္စကို ဆက်မပြောနဲ့ဦး..။မာစတာ လင်းက သူတို့ကို ရိုက်တယ် ဆိုပေမယ့် ငါတို့ အပြည့်အစုံကို မသိရသေးဘူးလေ..။ငါတို့ သိသလောက်တော့ မာစတာ လင်းက တရားမျှတတဲ့လူပဲ..။ဘယ်လိုလုပ်ပြီး သူက အကြောင်းပြချက် မရှိရိုက်မှာလဲ.."

"ငါထင်တာတော့ ဒီမိန်းကလေး နှစ်ယောက် အရိုက်ခံရသင့်လို့ပဲ ဖြစ်မယ်..။ဒါကြောင့်..မာစတာ လင်း က သူတို့ကို သင်ခန်းစာ ပေးတာဖြစ်မယ်.."

"ဒါအဓိပ္ပါယ်ရှိတယ်..."

…

မိန်းကလေး နှစ်ယောက်ဟာ ပြောင်းလဲ သွားတဲ့ အခြေအနေကို မြင်ပြီး အံ့ဩသင့်သွားခဲ့ကြပါတယ်..။သူတို့ ယုံတောင် မယုံကြည်ရဲတော့ပါဘူး..။အစောက ကျိန်ဆဲနေကြတဲ့ မြို့သားတွေ အကုန်လုံးရပ်တန့်သွားခဲ့တာပါ..။

အရပ်ပုပု မိန်းကလေးက ပဟေဠိဖြစ်စွာ မေးလိုကိတယ်..။

"မာစတာ လင်းက ဘယ်သူလဲ.."

"ငါလည်း မသိဘူးလေ.."

သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဟာ မာစတာ လင်း တိုတဲ့ အသံကြားတဲ့ အချိန်မှာ ထိပ်လနိ့သွားခဲ့တယ်..။

"ချီးပဲ..နင်တို့ကို ရိုက်နှက်ခဲ့တဲ့ လူက မာစတာ လင်းလား..။အဲတာတောင် နင်တို့က အင်တာနက်ရဲ့ အကူအညီ ယူချင်နေသေးတယ်ပေါ့..။နင်တို့ ကိုယ့်သေတွင်းကို တူးနေတာပဲ ဖြစ်မယ်..။မာစတာ လင်းရဲ့ ပရိတ်သတ်တွေ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ သိရဲ့လား..။ထပ်ပြောရရင် မာစတာ လင်းရဲ့ သိက္ခာအရ နင်တို့ အလွယ်တကူ အရှက်ခွဲလို့ရတဲ့လူ မဟုတ်ဘူး.."

"ဒါပေမဲ့ သူ ငါတို့ကို တကယ်ရိုက်ခဲ့တာလေ.."

"အခြေအနေ အမှန်ကဘာလဲ..။ဘာလို့ မာစတာ လင်းက နင်တို့ကို ရိုက်တာလဲ.."

"ငါ..ငါတို့..."

သူတို့ ဘာပြန်ပြောရမလဲ မသိတော့ပါဘူး..။သူတို့ ပြောဆိုခဲ့တာတွေက..အနည်းငယ် ရိုင်းစိုင်းနေခဲ့တာပါ..။

အင်တာနက် ကျွမ်းကျင်တဲ့ သူငယ်ချင်းဟာ စခရင်ကို ကြည့်လိုက်တယ်..။ရုတ်တရက် သူ ဗီဒီယို တစ်ခုကို မြင်လိုက်ပြီး..

"ကြည့်..အဲတာ နင်တို့လား.."

မိန်းကလေး နှစ်ယောက်ဟာ လှမ်းကြည့်လိုက်ကြပြီး ှီဗီဒီယိုကို မြင်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့ကြပါတယ်..။

"ဘယ်လို..."

အင်တာနက်က ထူးဆန်းတဲ့ နေရာတစ်ခုပါ..။ရုတ်တရက် အမှန်တရားက ပေါ်လာခဲ့တယ်..။

ဝိုက်ဘို ပေါ်မှာ ဗီဒီယို တစ်ခုပေါ်လာပြီး ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်..။

ခေါင်းစဥ္က :' တိမ်ဖြူလမ်းရဲ့ အမှန်တရား '

များပြားလှတဲ့ လူထုဟာ ဗီဒီယိုကို သိချင်စွာ ဖွင့်ကြည့်လိုက်ကြတယ်..။သို့ပေမယ့် သူတို့ အခြေအနေ တစ်ခုလုံးကို နားလည်သွားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့ကြပါတယ်..။

"ချီးပဲ ငါတို့ အလိမ်ခံလိုက်ရပြီ.."

"ဒီ မိန်းကလေး နှစ်ယောက်က စောက်ကြောတင်းတယ်နော်..။သူတို့ ဒီလို စကားလုံးတွေ တကယ် ပြောထွက်တယ်.."

"ခွေးမ..သန့်ရှင်း ဝန်ထမ်းက ဘာအပြစ်ရှိလိုလဲ..။ဒီလိုမျိုး အရှက်ခွဲလို့ ရမလား..."

"မာစတာ လင်း သူတို့ကို ရိုက်တာ နည်းသေးတယ်..။ငါသာ ဆိုရင် သူတို့ကို ဆေးရုံရောက်အောင် ရိုက်မှာ..။သူတို့က အရိုက်ခံရဖို့ တကယ်ထိုက်တန်တယ်.."

"ဒီမိန်းကလေးတွေက ဘယ်သူလဲ ဆိုတာ ရှာကြစမ်းပါ..။သူတို့က အတော်ဆိုးဆိုးပဲ.."

ဒါက ရုပ်ရှင်ဇာတ်ကား တစ်ကားလို အလှည့်အပြောင်း ဖြစ်သွားခဲ့တာပါ..။

လင်းဖန် ဖုန်းနဲ့ စာရိုက်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ ဗီဒီယိုကို မြင်ပြီး ရပ်တန့်လိုက်တယ်..။ယင်းနောက် သူနားလည် သွားခဲ့ပါတယ်..။ဒီလို အခြေအနေ မျိုးက သူဝင်ပါဖို့ တကယ် မလိုအပ်ပါဘူး..။

အမှန်တရား ထွက်ပေါ်တာက နောက်ကျတယ်လို့ လူတိုင်းက ပြောကြပေမယ့်..အရမ်းကြီးလည်း မနောက်ကျခဲ့ပေ..။

All Chapters