တစ်ယောက်နာမည် တစ်ယောက်လက်မှတ်ထိုး
Vol. 37 Ch. 543
#ဘာသာပြန် = စနိုးဝှိုက်
လူလိမ် ထျန် ရယ်မောနေခဲ့တယ်..။
"ကြည့်ပါဦး..ငါ ရယ်ရလွန်းလို့ သေတော့မယ်..။ဒီကလေးမလေး နှစ်ယောက် ကိုယ့်ဆေးနဲ့ကို ပြန်မိ နေပြီ.."
ကျောက်ကျန်းယန် လည်း ရယ်မောနေခဲ့ပါတယ်..။
"သူတို့က အစ်ကိုလင်းကို သိက္ခာချချင်တာ အခု အမှန်တရားက ထွက်လာပြီ ဆိုတော့ သူတို့ပဲ အပြစ်တင်ခံနေကြရတယ်လေ..။သူတို့ရဲ့ အဆုံးသတ်က တကယ် သနားစရာပဲ.."
လင်းဖန် ကတော့ အခြေအနေတွေကို တည်ငြိမ်စွာပဲ စောင့်ကြည့်နေခဲ့ပါတယ်..။သို့ပေမယ့် ဒီအနေအထားက သူ့အတွက် အလောင်းအစား တစ်ခုလိုပါပဲ..။အမှန်တရား မပေါ်လာရင် တစ်ခုခု လွှဲမှားသွားနိုင်တဲ့ အခွင့်အရေးက တကယ်များပြားတာပါ..။
အင်တာနက်ပေါ်က ဆွေးနွေးမူတွေဟာ ဘက်ပြောင်းသွားပြီး..သန့်ရှင်းရေး ဝန်ထမ်းတွေဘက်ကို ရောက်သွားခဲ့ပါတယ်..။ဒါကြောင့် နိုင်ငံရဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး ဌာနက ဒီကိစ္စကို..ကြေညာချက် ထုတ်ပြန်ခဲ့ပြီး..စုံးစမ်းစစ်ဆေးမူ တွေ ပြန်လည်ပြုလုပ်ဖို့ စတင်ခဲ့ပါတယ်..။
အလှည့်အပြောင်းက တကယ်ကို လှပတာပါ..။
အစကတော့..သူတို့ဘာမှ ထပ်မလုပ်ရင် ..ဒီကိစ္စကဘာမှ ထပ်ဖြစ်မှာ မဟုတ်ပေမယ့်..မိ်န်းကလေးနှစ်ယောက်က ကိုယ့်သေတွင်းကို တူးမိခဲ့ကြတာပါ..။ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပေ..။
ဒါက တကယ်ကို ခံစားလို့ ကောင်းတာပါ..။
လင်းဖန် ဝိုက်ဘိုပေါ်မှာ ပိုစ့်တင်လိုက်တယ်..။
"နိုင်ငံရဲ့ သန့်ရှင်းရေးဝန်ထမ်း တွေကို လူတွေ သိပ်ပြီးသတိမထားမိကြပေမယ့် သူတို့က..ကျုပ်တို့ရဲ့ မြို့ကို အကူညီပေးနေတဲ့ လူတွေလေ..။ဒါက ဘယ်သူမှ မလုပ်ကိုင်နိုင်တဲ့ အရာပဲ..။အခုလို သန့်ရှင်းသာယာတဲ့ မြို့မှာ နေခွင့်ရတဲ့ အတွက် သူတို့ကို ကျေးဇူးတင်ရမယ်..။ဟို အရူးနှစ်ယောက်အတွက်ကတော့..ဘာလုပ်သင့်လဲ ခင်ဗျားတို့ပဲ ဆုံးဖြတ်ကြ.."
“666…”
"မာစတာ လင်း ဒီလိုမျိုး လုပ်တာကို ငါပထမဆုံးမြင်ဖူးတာပဲ..။ဒါပေမဲ့ နောက်ဆုံးစကားလုံးလေးတွေက အသက်နော်.."
"မာစတာ လင်းရေ..ငါ မင်းကို အမြဲတမ်း အားပေးနေမယ်နော်.."
"ဒီကိစ္စက လှလှပပ ဖြေရှင်းလိုက်တာပဲ.."
…
လင်းဖန် ဒီကိ္စ္စကို ထပ်ပြီး ဂရုမစိုက်တော့ပါဘူး..။ဒီကိစ္စက တကယ်ကို အသေးအဖွဲလေး ဖြစ်တာကြောင့်..သိပ်ပြီး အာရုံစိုက်ဖို့ မလိုအပ်ပေ..။ဒီမိန်းကလေး သူ့ကို ပြသနာ ဆက်ရှာတာ မရှာတာက အရေးမကြီးတော့ပါဘူး..။သို့ပေမယ့် အခြေအနေကို ကြည့်ရသလောက်တော့..သိပ်ပြီး သဘောကျစရာ မရှိပေ..။
အဲ့အချိန်မှာပဲ ကျိုးမင်ချင်း ဆီက ဖုန်းဝင်လာခဲ့ပါတယ်..။
"မင်ချင်း..ဘာဖြစ်လို့လဲ.."
လင်းဖန် ဖုန်းကို ကိုင်ပြီး မေးလိုက်တာပါ..။
သူ့ တပည့်နဲ့ စကားမပြောရတာတောင် အတော်ကြာနေခဲ့ပါပြီ..။ဒါက သူထောင်ကျနေတာ အပြင်..ကျိုးမင်ချင်းကလည်း ကျယ်ပြန့်တဲ့ တရုတ်ဆေးပညာကို လေ့လာနေလို့ပါ..။
ဖုန်းထဲမှာတော့..ကျိုးမင်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်..။
"ဆရာ..သင်ရိုးအသစ်ကို အောင်အောင်မြင်မြင် စစ်ဆေးပြီးသွားပြီ..။တက္ကသိုလ်အသီးသီးက တရုတ်ဆေးပညာ ကျွမ်းကျင်ပညာရှင် တွေက..ဒီသင်ရိုးကို အများကြီး မျှော်လင့်ထားကြတယ်..."
လင်းဖန် သိပ်ပြီး မတုန့်ပြန်ခဲ့ပေ..။
"အိုး..အဲဒီလိုလား..။ကောင်းပြီလေ..တစ်ခုခု ရှိသေးလား.."
ကျိုးမင်ချင်း အံ့ဩသွားပြီး..
"ဆရာ စိတ်မလှုပ်ရှားဘူးလား.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဘာတွေများ စိတ်လှုပ်ရှားစရာ ရှိလို့လဲ..။ဒါက ပုံမှန် အရာလေးတွေပဲလေ..။ကောင်းပြီ..ခင်ဗျား တရုတ် ဆေးပညာကို လေ့လာနေတာ အခြေအနေဘယ်လိုလဲ..။တစ်ခုခု ခက်ခဲတာတွေ ကြုံရသေးလား.."
"ဟုတ်..အစောပိုင်းတုန်းက အကြီးအကဲ ကျိုးက..အရေးကြီးတဲ့ လူနာတစ်ယောက်ကို ကုသတာ..မအောင်မြင်လို့ ကျွန်တော်ကို ကုသခိုင်းခဲ့သေးတယ်..။အစက ကျွန်တော်လည်း ဘယ်လို ကုသရမလဲ မသိခဲ့ဘူးလေ..။ဒါပေမဲ့ သေချာ ရှာဖွေ ကြည့်လိုက်တော့ အတော်တိုးတက်လာပြီး သူ့ကို ကုသမယ့် နည်းလမ်းပါ ရှာတွေ့ထားပြီ.."
ကျိုးမင်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်တာပါ..။သူ့အတွက်ကတော့ဒီလို ကိစ္စမျိုးကို စိတ်လှုပ်ရှားဖို့ လုံလောက်နေခဲ့ပါပြီ..။
လင်းဖန် ရယ်မောလိုက်တယ်..။
"အဲလိုလား..ဘာရောဂါလဲ ကျုပ်ကို ပြောပါဦး.."
ကျိုးမင်ချင်း ရောဂါလက္ခဏာ ရောဂါအကြောင်းနဲ့ ကုသနေတဲ့ နည်းလမ်းတွေ ကို အကုန်ရှင်းပြလိုက်ပါတယ်..။
လင်းဖန် ဒါကိုကြားတဲ့ အချိန်မှာ ခေါင်းညိမ့်လိုက်တယ်..။ဒါက တကယ်မဆိုးပါဘူး..။ဒီလူ အတော်တိုးတက်နေပြီလို့ ပြောလို့ရပါတယ်..။
လင်းဖန် နဲ့အတူ ပရဟိတ ဆေးကုစဥ္ကတည်းက ကျိုးမင်ချင်း အတွက် အကျိုးကျေးဇူးတွေ ရရှိခဲ့တာပါ..။သို့ပေမယ့် သူ့ဆရာ ကို မပြောရသေးတဲ့ အရေးကြီးတဲ့ အရာရှိပါသေးတယ်..။
"ဆရာ..ပညာရေးဌာနက သင်ရိုးအသစ်နဲ့ ပတ်သက်ပြီး အစည်းအဝေးပွဲကျင်းပ ချင်နေတာ..။အဲတာ သူတို့က ဆရာ့ကိုပါ တက်စေချင်နေကြတယ်.."
"အစည်းအဝေးလား..။အာ...လာမတက်လို့ မရဘူးလား.."
လင်းဖန် ဒီလို အစည်းအဝေးတွေကို တကယ် မကြုက်ပါဘူး..။အကုန်လုံးကို စစ်ဆေးပြီးသွားပြီ ဆိုတော့ အစည်းအဝေးက ဘာအတွက် လုပ်ဦးမှာလဲ..။သူတို့သင်ရိုး အသစ်ကို သင်ခိုင်းပြီး..စွယ်စုံအမှတ်တွေ သူ့အတွက် ရှာပေးကြရင် ဒါအဆင်ပြေပါပြီ..။
ကျိုးမင်ချင်း ရှက်ရွံ့စွာ ပြောလိုက်တယ်..။
"ဆရာ..ဒါက ဆရာမတက်လို့ အကောင်းဘူးလေ..။ဘာလို့ မတက်ချင်တာလဲ.."
"ဟင်း.."
လင်းဖန် သက်ပြင်းချလိုက်တယ်..။
"ကောင်းပြီလေ..ကျုပ်သွားလိုက်မယ်..။ဘယ်အချိန်လဲ.."
"မနက်ဖြန် မနက်ကိုးနာရီ..."
"သိပြီ.."
ဖုန်းချပြီးနောက်..လင်းဖန် အချိန်ကို ကြည့်လိုက်တဲ့ အချိန်မှာ အတော် စောနေပါသေးတယ်..။ယင်းနောက် သူ နန်ရှမ်း.ဂေဟာ ကို သွားလိုက်တယ်..။ရန်ပုံငွေ ကိစ္စက အဆင်ပြေသွားပြီ ဆိုပေမယ့်..သူတို့ဆီကို ရောက်လာဖို့ တစ်ချို့ လုပ်ငန်းစဥ္ တွေ လိူအပ်ပါသေးတယ်..။
ပညာရေး ကိစ္စတွေကိုတော့ လင်းဖန် ဒါရိုက်တာ ဟောင်ကိုသာ လွှဲထားလိုက်ပါတယ်..။ဒါရိုက်တာ ဟောင်က..နန်ရှမ်းကလေး ဂေဟာမှာ အတော်ကြာမြင့်နေပြီ ဖြစ်တာကြောင့်..ဒီကိစ္စတွေမှာ ကျွမ်းကျင်ပါတယ်..။
ပညာရေးဌာန၏ အစည်းအဝေးခန်း တစ်ခုတွင်..။
တရုဆေးပညာလောကရဲ့ ပညာရှင်တစ်ချို့..ဟာ ဆွေးနွေးနေခဲ့ကြတယ်..။
စီနီယာ ပညာရှင်တစ်ယောက်ဟာ သင်ရိုးကို ဖတ်ကာ ခေါင်းညိမ့်လိုက်ပြီး..
"ဒါကတကယ်ကောင်းမွန်တာပဲ..။ဒိီ သင်ရိုးအသစ်က အရင်အဟောင်းထက် အများကြီး ပိုကောင်းတယ်..။တကယ်လို့ အထဲမှာ ဘာအမှားမှ မရှိဘူးဆိုရင် ကျုပ်တို့ အနှစ် ၆၀ လောက်တော့ အေးအေးဆေးဆေး သုံးလို့ရပြီ.."
"ပရော်ဖက်ဆာ..ယန်..ခင်ဗျားက သင်ရိုးညွှန်းတန်းတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ စီနီယာ တစ်ယောက်လေ..။ဒီသင်ရိုးက နှစ် ၆၀ လောက် အသုံးပြုလို့ရတယ်ဆိုတာက နည်းနည်း ချဲ့ကားရာ ရောက်မနေဘူးလား.."
ပရော်ဖက်ဆာ ယန် လက်ဝေ့ယမ်းလိုက်ပြီး..
"လုံးဝ မချဲ့ကားဘူး..။ဒါက တရုတ်ဆေးပညာရဲ့ အခြေခံ အကျဆုံးသင်ရိုးလေ..။အထဲမှာ ရှ်ိတဲ့ သီအိုရီ တွေက အရမ်းတိကျပြီး..အသုံးဝင်တယ်..။ကျုပ်အနှစ် ၆၀ လို့ပြောတာကတောင် နည်းလွန်းနေသေးတယ်.."
တစ်ချို့ ပရော်ဖက်ဆာ တွေဟာ ထူးဆန်းတဲ့ အကြည့်တွေ ကြည့်လိုက်ကြတယ်..။သူတို့မှာ တူညီတဲ့ အကြံတစ်ခု ရှိနေခဲ့ကြတာပါ..။
"ပရော်ဖက်ဆာ ယန် ..ဒီမှာ ကျုပ်တို့ နာမည်တွေကို မထည့်သင့်ဘူးလား.."
"ဟုတ်တယ်..ကျုပ်တို့ နာမည်တွေကိုလည်း ထပ်ထည့်သင့်တယ်လေ..။ဘာပဲဖြစ်ဖြစ်..ဒီစာအုပ်ကို စစ်ဆေးတာက ကျုပ်တို့ပဲ မလား.."
ပရော်ဖက်ဆာ ယန် မှာလည်း ဒီလိူ အတွေး ရှိနေပြီးသားပါ..။သိူ့ပေမယ့် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားနဲ့..သူတော်ကောင်းတရားကို လက်ကိုင်ထားတဲ့ လူတစ်ယောက် အနေနဲ့ သူတိုက်ရိုက် ပြောမှာ မဟုတ်ပါဘူး..။
"စည်းမျဥ္းတွေ အရတော့..ကျုပ်တို့က ဒီသင်ရိုးကို ဘာမှ မပြင်ဆင်ခဲ့တဲ့ အတွက် ကျုပ်တို့ နာမည်တွေကို ဒီသင်ရိုးရဲ့ ဖန်တီးသူတွေအဖြစ် သွားထည့်လို့မရဘူးလေ..။ဒါပေမဲ့..ဒီသင်ရိုးမှာ လိူအပ်နေတဲ့ စားလုံးအနည်းငယ် ကို ထည့်ဖြည့်လိုက်ရင်တော့ ကျုပ်တို့ နာမည်တွေကို ထည့်ခွင့်ရှ်ိမှာပါ.."
"အမှန်ပဲ..အမှန်ပဲ..ပရော်ဖက်ဆာ ယန် ပြောတာ မှန်တယ်..။ကျုပ်တို့ တစ်ဘဝလုံး သင်ရိုးတွေနဲ့ ထိတွေ့လာတာဆိုတော့..လိုအပ်ချက်အနည်းကို ထပ်ဖြည့်တာက လွယ်ကူမှာပါ..။ဒါပေမဲ့ ..မာစတာ လင်းက သဘောတူပါ့မလား..."
"ဘာများ သဘောမတူစရာ ရှိလို့လဲ..။ကျုပ်တို့က ကျွမ်းကျင်တဲ့ စီနီယာ ကြီးတွေပဲ..။ကျုပ်တို့ လိုအပ်တာတွေ ဖြည့်ပေးပြီး နာမည်တွေ ရေးထိုးဖို့ ကို လူတွေ အများကြီးက တောင်းပန်ကြရတာလေ..။ဒါက သူက ဘာတွေ ငြင်းပယ်စရာ ရှိမှာလဲ.."
"ဟားဟား..ကျုပ်တို့ အချင်းချင်းတွေ ချည်းပဲ ဆိုတော့ ပြောရဦးမယ်..။ဒီမာစတာ လင်းရဲ့ ဆေးပညာက တကယ်ကောင်းတယ် ဆိုပေမယ့်လည်း ကလေးတစ်ယောက်သာသာ ပဲလေ..။ကျုပ်တို့နဲ့တော့ ဘယ်ယှဥ္နိုင်ပါ့မလဲ..။ဒီလို သင်ရိုးလက်ဆင့်ကမ်းတဲ့ အခါကြရင် မျိုးဆက်တွေ မှတ်မိနေဖို့အတွက် ကျုပ်တို့ နာမည်တွေကို ရေးထိုးထားသင့်တယ်..."
"ဒါမျိုးကို သူ့ရှေ့မှာတော့..သွားပြောလိူ့ မရဘူးနော်..။တကယ်လို့ သူသိသွားရင် ..စားပွဲကို ရိုက်ပြီး ကျုပ်တို့ကို ကျိန်ဆဲလိမ့်မယ်.."
"ဒါအမှန်ပဲ..ဟားဟား"
သင်ရိုးကို စစ်ဆေးတဲ့ ..ပညာရှင်တွေ အကုန်လုံး..ဆူညံ နေခဲ့ကြတယ်..။သူတိုကို သင်ရိုးညွှန်းတမ်းရဲ့ မာတိကာ တွေကို စစ်ဆေးဖို့အတွက် ပညာရေး ဌာနက ဖိတ်ခေါ်ထားခဲ့တာပါ..။
သူတို့ တစ်ဘဝလုံး ဆေးပညာအကြောင်းရေးသားလာကြတဲ့ လူတွေ ဖြစ်တာကြောင့် ကောင်းသလား ဆိုးသလား ဆိုတာကို ကောင်းကောင်းခွဲခြားနိုင်ကြပါတယ်..။သူတိူ့ရှေ့မှာ ဒီလိုကောင်းမွန်တဲ့ သင်ရိုးညွှန်းတမ်း ရှိနေမှတော့..သူတို့ရဲ့ နာမည်တွေကိုသာ မရေးထိုးလိုက်ရရင်..ဒါက မဟာအခွင့်အရေးကြီးကို လက်လွှတ်လိုက်ရသလိုပါပဲ..။
ဘာပဲဖြစ်ဖြစ် ဒီလို အရာမျိုးကို လုပ်ပိုင်ခွင့်ထဲက ဖြေရှင်းဖို့ သူတို့မှာ နည်းလမ်း တစ်ခုထက်မနည်း ရှိပါတယ်..။
ငါ့နာမည်ရေးထိုးမယ်..မင်းရဲ့နာမည်ရေးထိုးမယ်..အကုန်လုံးရဲ့နာမည်ကို ရေးထိုးမယ်..။ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကူညီပေးကြမယ်..။